← Chapters

အခန်း ၂၁၈၆

Vol. 136 Ch. 2186

အခန်း ၂၁၈၆

Vol. 136 Ch. 2186

အခန်း (၂၁၈၆) အသစ်စက်စက် ထုံလော့မဟာအလင်းစက်ကွင်း

ပေါက်ကွဲမှုမှာ အလွန်ပင် ရုတ်တရက် ဆန်လွန်းလှသည်။ ထို့အပြင် ထိုပေါက်ကွဲမှုအတွင်း၌ အာရုံခံစားမှုများကို ရှုပ်ထွေးသွားစေနိုင်သော စစ်အစီအရင်အချို့ကိုပါ ထည့်သွင်းထားသေးရာ သတိပြုမိချိန်တွင်မူ ပေါက်ကွဲမှုမှာ ဖြစ်ပေါ်ပြီးသွားခဲ့ပြီဖြစ်သဖြင့် ဝမ်ချောင်ပင်လျှင် အချိန်မီ တားဆီးနိုင်ခဲ့ခြင်း မရှိပါချေ။

သို့သော် ပေါက်ကွဲမှုအတွင်း၌ ဝမ်ချောင်သည် ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

ထိုအရာမှာ စွမ်းအင်ဗဟိုချက်၏အငွေ့အသက်ပင် ဖြစ်တော့သည်။

ကက်စပီယံ ပင်လယ် ခရီးစဉ်အတွင်း ဝမ်ချောင်က ထိုက်ချီနှင့် ဆုံတွေ့ခဲ့စဉ်က၊ အမည်းရောင်ဝတ်စုံဝတ်သည် ဤကဲ့သို့သော ထူးခြားသည့် သလင်းကျောက်အသွင်ပြောင်း စွမ်းအင်များကို နေရာကူးပြောင်းခြင်းဂိတ်ကို စွမ်းအင်ထောက်ပံ့ရန်အတွက် အသုံးပြုခဲ့ကြသည်။ ဤသလင်းကျောက်များအတွင်း၌ လုံးဝစိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားပြင်းထန်လှသော စွမ်းအင်များ ပါဝင်နေသည်။ တစ်ခုတည်းသော ပြဿနာမှာ ဤစွမ်းအင်များက အလွန်ပင် မတည်ငြိမ်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဤမတည်ငြိမ်မှုကပင် ယခုအခိုက်အတန့်၌ ဝမ်ချောင်၏ သံမဏိခံတပ်ကို ဖြိုခွင်းရန် အန်းလုရှန်းအတွက် အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်လာခဲ့တော့သည်။

ဝမ်ချောင်၏ သံမဏိခံတပ်ကြီးတွင် ကာကွယ်ရေး မန္တန်များနှင့် စစ်အစီအရင်များကို အထပ်ထပ်အခါခါ ထည့်သွင်းထားသည်ဆိုသော်ငြား ဤကဲ့သို့သော ထိပ်တန်းအဆင့် စွမ်းအင်ဗဟိုချက်ကြီးကိုမူ မည်သို့မျှ ခုခံတားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။

ဝမ်ချောင်အနေဖြင့် အန်းလုရှန်းသည် ကြာမြင့်စွာ ကြံစည်ထားခဲ့သဖြင့် သေချာပေါက် မြို့ရိုးကို ဖောက်ထွင်းရန် နည်းလမ်း တစ်ခုခုကို ပြင်ဆင်ထားမည်ဟု အစောကတည်းက တွက်ဆထားခဲ့ပြီးသား ဖြစ်သည်။ သို့သော် ဝမ်ချောင်ပင်လျှင် မထင်မှတ်ထားခဲ့သည်မှာ အန်းလုရှန်း၏ မြို့ရိုးဖောက်ထွင်းမည့် နည်းလမ်းမှာ စွမ်းအင်ဗဟိုချက်များ ဖြစ်နေခြင်းပင်။

"သတ်စမ်း!"

ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင်မူ လေပြင်းများ တိုက်ခတ်နေခဲ့ပြီး သတ်ဖြတ်လိုသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေကာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှ စစ်သည် နှစ်သန်းခန့်မှာ ပင်လယ်လှိုင်းသံများအလား သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။

ဝမ်ချောင်၏ဘေးနားရှိ မရေမတွက်နိုင်သော စစ်သည်များ၏ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြသည်။ သံသယဖြစ်ဖွယ် မရှိပါဘဲ မြို့ရိုး သုံးနေရာ ပြိုကျသွားခြင်းက လူတိုင်း၏ပြင်ဆင်မှုများကို အလုံးစုံ ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြီး မြို့စောင့်တပ်ဖွဲ့များမှာလည်း ယခုအခါတွင် လုံးဝအသုံးမဝင်သလို ဖြစ်သွားခဲ့ရပြီဖြစ်ရာ၊ လူတိုင်းအတွက်မူ ဤအခြေအနေမှာ အလွန်ပင် အကျိုးမပေးလှပါချေ။

သို့သော် နောက်တစ်ခဏတွင် ဘေးနားမှ အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိသော ဝမ်ချောင်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားကြတော့သည်။

ပေ ၅၀၀၀

ပေ ၃၀၀၀

အကွာအဝေးမှာ ပိုမိုနီးကပ်လာခဲ့ပြီး သံမဏိခံတပ် အတွင်း၌ပင် ထိုစစ်တပ်ကြီး၏ တဟုန်ထိုး ပြေးဝင်လာမှုကြောင့် ဖြစ်ပေါ်လာသော မြေပြင်တုန်ခါမှုများကို ခံစားနေရပြီ ဖြစ်သည်။ နောက်ထပ် ခဏတာ အချိန်တိုလေးအတွင်းမှာပင် ထိုနိုင်ငံအသီးသီးမှ စစ်တပ်ကြီးမှာ သံမဏိခံတပ် အတွင်းသို့ လျင်မြန်စွာ တဟုန်ထိုး ဝင်ရောက်လာတော့မည် ဖြစ်သည်။

ဤမျှလောက် နီးကပ်နေသော အကွာအဝေးတွင်မူ စစ်ရထားလေးများပင်လျှင် အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ပါချေ။

ယခင်က ကြိုတင် စီစဉ်ထားခဲ့သော မြို့စောင့်ဗျူဟာများမှာလည်း လုံးဝ အသုံးမဝင်တော့ပါချေ။

"နောက်ဆုံးတော့ စတင်ပြီပေါ့"

ဝမ်ချောင်က လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားလိုက်ရင်း ရုတ်တရက် အေးဆေးစွာ စကားဆိုလိုက်သည်။

သူ၏မျက်လုံးများက ရှေ့တည့်တည့်ကို ကြည့်နေပါသော်လည်း နှုတ်ခမ်းထောင့်တွင်မူ အပြုံးတစ်ခု ပေါ်ထွက်နေတော့သည်။

မြို့ရိုးပျက်စီးသွားခဲ့ပြီ ဖြစ်ပါသော်လည်း ဝမ်ချောင်၏ အမူအရာမှာမူ လုံးဝပေါ့ပါးနေပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် တည်ငြိမ်နေတော့သည်။

သူ၏ လက်ချောင်းများမှာ တစ်ချက် လှုပ်ခါသွားခဲ့ပြီး လက်ချောင်းထိပ်တွင် ကိုင်ထားသော လက်မအနည်းငယ်ခန့် အရွယ်အစားရှိသည့် တြိဂံပုံစံ အမိန့်ပေး အလံလေးတစ်ခုမှာ လေထုကို ဖောက်ထွက်သွားခဲ့ပြီး မလှမ်းမကမ်းရှိ စစ်မြေပြင်ပြ သဲမြေပုံတစ်ခုပေါ်သို့ ချက်ချင်း စိုက်ဝင်သွားတော့သည်။

"အာပုစစ်ကို အမိန့်ပေးလိုက်စမ်း၊ ထွက်တိုက်ဖို့ ပြင်ဆင်လို့ ရပြီ"

"ဟုတ်ကဲ့"

ဝမ်ချောင်၏လွှမ်းမိုးမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ စစ်တပ်ကြီး အားလုံးမှာ လျင်မြန်စွာ တည်ငြိမ်သွားကြပြီး၊ ထိုအထဲမှ သတင်းပို့စစ်သည် တစ်ဦးကလည်း လျင်မြန်စွာ လှည့်ထွက်သွားခဲ့ကာ အဝေးဆီသို့ ပြေးထွက်သွားတော့သည်။

နောက်တစ်ခဏတွင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ အထဲသို့ ဝင်ရောက်လာလုနီးပါး ဖြစ်နေချိန်၌ အဝေးဆီသို့ လှမ်းကြည့်လိုက်ပါက၊ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ ခံတပ်အတွင်းရှိ မဟာထန်စစ်တပ်မှာ ရုတ်တရက် စစ်ကြောင်းများကို ပြောင်းလဲလိုက်ကြသည်။ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးက တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် အလင်းတန်းများ ဖြာထွက်လာခဲ့ကာ မဟာထန်သံချပ်ကာမြင်းတပ်အဖွဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့မှာ သောင်းနှင့်ချီ၍ စိပ်လှစွာဖြင့် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် မြို့ရိုးအက်ကြောင်းကြီး သုံးခုနေရာမှ ရုတ်တရက် ပေါ်ထွက်လာကြတော့သည်။

စစ်တပ်ကြီးအားလုံး၏ စစ်ကြောင်းများမှာ အလွန်ပင် စည်းကမ်းတကျ ရှိလှပြီး တောင်ကြီးတစ်လုံးအလား အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိကြပါချေ။ သူတို့သည် ထိုနေရာ၌ အစောကြီးကတည်းက ကြိုတင် စောင့်ဆိုင်းနေခဲ့ကြသည့် အလား၊ မျက်စိရှေ့ရှိ ဤမြင်ကွင်းမှာ သူ၏ တက်ချက်မှုများအတွင်း၌ အစောကတည်းက ပါဝင်နေပြီးသား ဖြစ်သည့်အလား ပင်။

ဟီးးးးး မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်မြင်းများ ထိတ်လန့်စွာ မြည်ဟည်းသွားကြပြီး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မရေမတွက်နိုင်သော မဟာမိတ်တပ်ဖွဲ့ စစ်သည်များ၏ ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားကြရသည်။

ဤမဟာထန်စစ်သည်များမှာ အလွန်ပင် တည်ငြိမ်လွန်းလှသည်။ သူတို့၏ တည်ငြိမ်မှုမှာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ပုံသွင်းခြင်း ခံထားရပြီး မရေမတွက်နိုင်သော မုန်တိုင်းများကို ဖြတ်သန်းလာခဲ့သော ခိုင်မာသည့် ကျောက်ဆောင်ကြီးများအလားပင်။

ထို့ပြင် သတ်ဖြတ်လိုသော အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည့် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များနှင့် မတူညီသည်မှာ ဤမဟာထန်စစ်တပ်ကြီးမှာ သံချပ်ကာအပြည့် ဆင်မြန်းထားကြပြီး တစ်ဦးချင်းစီမှာ စစ်မြင်းများပေါ်တွင် နေရာယူထားကြလျက် တောင်ကြီးတစ်လုံးအလား တည်ငြိမ်စွာဖြင့် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိသလို အသံလေး တစ်ချက်မျှပင် မထွက်ပေါ်ကြပါချေ။

ဤကဲ့သို့သော တည်ငြိမ်မှုမှာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပြီး ပို၍ပင်အစွမ်းထက်လှသော ထိတ်လန့်ခြောက်ခြားဖွယ်ရာ ခံစားချက်ကို ဖြစ်ပေါ်စေတော့သည်။

အက်ကြောင်းကြီး သုံးခု၊ မဟာထန်သံချပ်ကာမြင်းတပ် သုံးဖွဲ့၊ ဤအခိုက်အတန့်၌ မဟာထန်၏ မြို့ရိုးအနောက်တွင် သံမဏိ ခံစစ်မျဉ်း သုံးခု ရုတ်တရက် ပိုများလာသကဲ့သို့ ဖြစ်သွားတော့သည်။

ဤမျှသာမက ထိုသံချပ်ကာမြင်းတပ် သုံးဖွဲ့၏ အနောက်ဘက်တွင်မူ ထုံလော့သံချပ်ကာမြင်းတပ် နှစ်သောင်းခန့်မှာ ဒီရေများအလား တစ်တန်းတည်း နေရာယူထားကြပြီး၊ အနောက်ဘက် စစ်တပ်ကြီး၏ အလယ်ဗဟိုတွင်မူ အာပုစစ်သည် တောင်ကြီးတစ်လုံးအလား အရှိန်အဝါများ ပြည့်နှက်နေလျက် မတ်မတ်ရပ်နေတော့သည်။

"မျိုးနွယ်ခြားဘုရင်... ဒီနေရာကို လောလောဆယ် ငါ့ကိုပဲ လွှဲထားလိုက်ပါ၊ သူတို့ကို ခံတပ်ထဲ ခြေတစ်လှမ်းတောင် အဝင်မခံဘူးဆိုတာ သေချာတယ်!"

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး အာပုစစ်သည် မြင်းပေါ်တွင် ခါးကို မတ်မတ်ရပ်နေလျက် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပါချေ။ သူ၏ကိုယ်တွင်းမှမူ ပြင်းထန်လှသော အရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဤအခိုက်အတန့်၌ အာပုစစ်၏မျက်ဝန်းများမှာ စူးရှသွားသလို အရှိန်အဝါများမှာလည်း အေးစိမ့်နေပြီး သူ့တစ်ကိုယ်လုံးမှာ ငရဲပြည်မှ ထွက်ပေါ်လာသော ရက်စက်ကြမ်းတမ်းသည့် အဇူရာ စစ်နတ်ဘုရား (Shura War God / 修罗战神) တစ်ပါးအလားပင်။

ထုံလော့လူမျိုးများမှာ စစ်ပွဲဖြင့် အသက်မွေးကြသူများ ဖြစ်ရာ အခြေအနေက ပို၍အန္တရာယ်များလာလေလေ ထုံလော့မျိုးနွယ်စုများ၏ ရင်ထဲရှိ အနက်ရှိုင်းဆုံးသော တိုက်ခိုက်လိုစိတ်များကို ပို နှိုးဆွပေးနိုင်လေလေ ဖြစ်သည်။ အာပုစစ်မှာ ထုံလော့မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သဖြင့် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပါချေ။

"ကောင်းပြီ"

အနောက်ဘက်တွင် ဝမ်ချောင်က ပြုံးလိုက်ရင်း တစ်ခွန်းသာ ပြန်ဆိုလိုက်သည်။

ယခုတစ်ကြိမ် စစ်ပွဲကြီးတွင် ဝမ်ချောင်သည် အာပုစစ်၏ ထုံလော့သံချပ်ကာမြင်းတပ် နှစ်သောင်းအပြင် မြင်းတပ်များထဲမှ အတွေ့အကြုံ အများဆုံးသော စစ်သည်ဟောင်း ရှစ်သောင်းကိုပါ အာပုစစ်၏လက်ထဲသို့ အပ်နှင်းထားခဲ့ခြင်း ဖြစ်သည်။

ထုံလော့လူမျိုးများမှာ အဆင့်မြင့်လွှာများ ဖြစ်ကြပြီး တိုက်ရည်ခိုက်ရည်မှာ ဝမ်ချောင်၏ ဝူရှန်း သံချပ်ကာမြင်းတပ်၏ နောက်တွင်သာ ရှိပါသော်လည်း အရေအတွက်မှာ အလွန်နည်းပါးလွန်းလှသည်။ ထို့ပြင် သူတို့တွင် ကောင်းကင်ကျောက်ပျံ (Extraterrestrial Meteoric Iron / 天外陨铁) ကဲ့သို့သော သံချပ်ကာ အကာအကွယ်မျိုးလည်း မရှိကြသဖြင့် စစ်မြေပြင်တွင် အထိအခိုက် တစ်ခုခု ရှိလာပါက ပြန်လည် ကုစားရန် အလွန် ခဲယဉ်းလှပေသည်။

ဤစစ်သည်ဟောင်း ရှစ်သောင်းကို သူ၏လက်ထဲသို့ အပ်နှင်းလိုက်ခြင်းဖြင့် အာပုစစ်အနေဖြင့် သူတို့၏စွမ်းအားများကို အမြင့်ဆုံးသို့ ရောက်ရှိအောင် အသုံးချနိုင်မည်ဟု ဝမ်ချောင်ယုံကြည်ထားသည်။ ထို့ပြင် ဤနည်းအားဖြင့် ထုံလော့သံချပ်ကာမြင်းတပ်၏ အရေအတွက် နည်းပါးလွန်းသည့် အားနည်းချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်၏။

ရှေ့တန်းတွင်မူ မြေပြင်ကြီးမှာ ပြင်းထန်စွာ မြည်ဟည်းနေခဲ့ပြီး အနည်းငယ် မှင်တက်သွားကြသော်ငြားလည်း နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ အနည်းငယ်မျှ ခြေလှမ်း ရပ်တန့်မသွားကြပါချေ။

"အကုန် သတ်ပစ်ကြစမ်း!"

"မျိုးနွယ်ခြားဘုရင်ကို ဖမ်းမိပြီဆိုရင် မဟာထန်တစ်ခုလုံးမှာ ငါတို့ကို ဆန့်ကျင်မယ့်သူ မရှိတော့ဘူး!"

"သခင်ကြီး အမိန့်ပေးထားတယ်၊ မျိုးနွယ်ခြားဘုရင်ကို သတ်နိုင်တဲ့သူကို နယ်မြေပေးပြီး နယ်စားအဖြစ် ခန့်အပ်မယ်တဲ့!"

သတ်ဖြတ်လိုသော အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော စစ်တပ်ကြီးမှာ စိပ်လှစွာဖြင့် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် မြို့ရိုးအက်ကြောင်းကြီး သုံးခုဆီသို့ တဟုန်ထိုး တိုးဝင်တိုက်ခိုက်လာကြတော့သည်။

အကွာအဝေးမှာ ပိုမို နီးကပ်လာခဲ့သည်။

ပေ ၃၀၀၀

ထိုအချိန်မှာပင် ခံတပ်အတွင်း၌ ထုံလော့ဗိုလ်ချုပ် အာပုစစ်၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ခါး၌ ချိတ်ဆွဲထားသော ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်တော့သည်။

" အာလုံး အမိန့်ကို နာခံကြ၊ တိုက်ခိုက်ကြစမ်း"

ဓားရှည်ကြီးကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည့် အခိုက်အတန့်မှာပင် အာပုစစ်က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ တိုက်ခိုက်ရေး အမိန့်ကို ချမှတ်လိုက်တော့သည်။

မြေပြင်ကြီး ပြိုကျသွားသကဲ့သို့ပင် မြို့ရိုး အက်ကြောင်းကြီး သုံးခု နေရာရှိ သောင်းနှင့်ချီသော မဟာထန်သံချပ်ကာမြင်းတပ်များမှာ ချက်ချင်းပင် ခါး၌ ချိတ်ဆွဲထားသော ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြသည်။ ထို့နောက် လေးကြိုးမှ ထွက်သွားသော မြားတံများအလား တစ်ခါထွက်သွားလျှင် နောက်ပြန်မလှည့်တော့မည့် အရှိန်အဝါများဖြင့် အက်ကြောင်း အပြင်ဘက်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များဆီသို့ အရှိန်အဟုန် အပြည့်ဖြင့် တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

ချွင်…

သူတို့ ပြေးထွက်သွားသည့် တစ်ချိန်တည်းမှာပင် လူတိုင်း၏နားထဲသို့ သံမဏိများ ထိခတ်မိသကဲ့သို့သော စူးရှလှသည့် အသံတစ်ခု ရောက်ရှိလာခဲ့ပြီး၊ ကြည်လင်တောက်ပြောင်လှသော ရွှေရောင် အလင်းစက်ကွင်း ကြီးတစ်ခုမှာ အလွန်ပင် ကြီးမားလှစွာဖြင့် ထုံလော့ဗိုလ်ချုပ် အာပုစစ်ကို ဗဟိုပြုကာ တစ်စစ်တပ်လုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ထုံလော့မဟာအလင်းစက်ကွင်း။

တစ်လောကလုံးသို့ လှမ်းကြည့်လိုက်မည်ဆိုပါက ဤသည်မှာ ကုန်းမြေလောက တစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော မြင်းတပ်အလင်းစက်ကွင်းများထဲမှ တစ်ခုပင် ဖြစ်သည်။ ဤအလင်းစက်ကွင်း၏ ပံ့ပိုးမှုကို ရရှိလိုက်သည့်အခါတွင် မဟာထန်သံချပ်ကာမြင်းတပ် အားလုံး၏ အရှိန်အဝါ၊ ခွန်အား၊ လျင်မြန်မှုများမှာ တဟုန်ထိုး မြင့်တက်သွားကြတော့သည်။

ချူးလော့ဟိုနှင့် မတူညီသည်မှာ အာပုစစ်သည် အလင်းစက်ကွင်း အကြီးနှင့်အသေး နှစ်ခုကို တစ်သားတည်း ပေါင်းစပ်နိုင်သောအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ၊ အလင်းစက်ကွင်း၏ အကျိုးသက်ရောက်မှုမှာလည်း ချူးလော့ဟိုထက် များစွာ ပိမိုအစွမ်းထက်လှပေသည်။

ဝုန်းခနဲ မြည်သံများနှင့်အတူ ပေ ၁၀၀ ခန့် ရောက်ရှိသည့်အခါ သံချပ်ကာမြင်းတပ် အားလုံး၏အရှိန်မှာ မူလထက် ငါးဆခန့် မြင့်တက်သွားခဲ့သည်။

ပေ ၃၀၀ သို့ ရောက်ရှိသည့်အခါ သံချပ်ကာမြင်းတပ် အားလုံး တဟုန်ထိုး ပြေးထွက်လာကြရာ သူတို့၏ အရှိန်မှာ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး စစ်တပ်၏ ခြောက်ဆယ် ရာခိုင်နှုန်းခန့်သို့ ရောက်ရှိသွားခဲ့သည်။

ပေ ၅၀၀ သို့ ရောက်ရှိသည့်အခါ သံချပ်ကာမြင်းတပ်အားလုံး၏ အရှိန်မှာ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး သံချပ်ကာမြင်းတပ်များ၏ အရှိန်နှင့် တူညီသွားခဲ့ပြီ ဖြစ်သည်။

ပေ ၁၀၀၀ သို့ ရောက်ရှိသည့်အခါ ရှေ့တန်းရှိ သံချပ်ကာမြင်းတပ် အားလုံးမှာ မြို့တွင်းမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာကြပြီဖြစ်ကာ၊ သူတို့၏ အရှိန်မှာ မျက်နှာချင်းဆိုင်ရှိ မြင်းတပ်များ၏ အမြင့်ဆုံး အရှိန်ထက် နှစ်ဆခန့်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ သံချပ်ကာမြင်းတပ် အားလုံးမှာ လုံးဝဖရိုဖရဲ ဖြစ်သွားကြတော့သည်။

"ဒါ မဖြစ်နိုင်ဘူး!"

မရေမတွက်နိုင်သော စစ်သည်များမှာ မျက်လုံးအစုံကို ပြူးလျက် မျက်ဝန်းထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

မြင်းတပ် အားလုံးတွင် အမြင့်ဆုံးအရှိန် ဟူသော ကန့်သတ်ချက် တစ်ခုစီ ရှိကြသည်။ ထိုအရှိန်သို့ ရောက်ရှိသွားပါက မြင်းတပ်များ၏အရှိန်မှာ ထပ်မံ မြင့်တက်လာနိုင်တော့မည် မဟုတ်ဘဲ၊ မည်သည့် လမ်းကြောင်း အပြောင်းအလဲမဆို ပြင်းထန်လှသော ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။ စစ်မြင်းများသာမက မြင်းတပ်သားများပင်လျှင် အရှိန်အဟုန်ကြောင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိနိုင်ပေသည်။

မြင်းတပ် အသီးသီး၏ အမြင့်ဆုံး အရှိန်မှာ ကွာခြားမှု အနည်းငယ် ရှိနိုင်ပါသော်လည်း များသောအားဖြင့် များစွာ ကွာခြားလှခြင်း မရှိပါချေ။ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ကြားတွင်သာ ရှိတတ်ပေသည်။

သို့သော် မျက်နှာချင်းဆိုင်ရှိ မဟာထန်သံချပ်ကာမြင်းတပ်များ၏အရှိန်မှာ သူတို့ထက် နှစ်ဆခန့်ပင် မြန်ဆန်နေသည်မှာ ယုံကြည်နိုင်စရာ လုံးဝမရှိပါချေ။

ဤအခိုက်အတန့်၌ အတော်ဆုံးဆိုသော အထက်တန်းလွှာ သံချပ်ကာမြင်းတပ်များပင်လျှင် သရဲတစ္ဆေ တွေ့လိုက်ရသည့်အလား ခံစားနေကြရသည်။

အနောက်ဘက် စစ်တပ်ကြီး၏အလယ်ဗဟို၌ မတ်မတ်ရပ်နေသော အာပုစစ်၏ အမူအရာမှာမူ ပုံမှန်အတိုင်းပင် ဖြစ်ကာ အနည်းငယ်မျှ အံ့ဩခြင်း မရှိပါချေ။

ဤသည်မှာ အမြင့်ဆုံးအဆင့် ထုံလော့မဟာအလင်းစက်ကွင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ မြင်းတပ်များ၏ ခွန်အား၊ အရှိန်နှင့် လျင်မြန်မှုများကို ရိုးရှင်းစွာ မြှင့်တင်ပေးရုံ သာမကဘဲ၊ ပို၍အရေးကြီးသည်မှာ မြင်းတပ်များ၏ အမြင့်ဆုံး အရှိန် ကန့်သတ်ချက်ကိုပါ မြှင့်တင်ပေးနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။

ဤသည်မှာလည်း ယခင်နှစ်များစွာက ထုံလော့သံချပ်ကာမြင်းတပ် များအနေဖြင့် ထိုက်ကျုံး ဧကရာဇ်၏ ဘေးနားတွင် နေရာတစ်နေရာ ရရှိခဲ့ပြီး တစ်လောကလုံး၌ ကျော်ကြားခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။

"မျိုးနွယ်ခြားဘုရင်... ကျေးဇူးတင်ပါတယ်"

အာပုစစ်၏မျက်ဝန်းထဲ၌ လှိုင်းဂယက်လေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူ၏ ဦးနှောက်ထဲတွင်မူ မကြာသေးမီက ဝမ်ချောင်နှင့် ပြောဆိုခဲ့သော စကားများကို ပြန်လည် အမှတ်ရလာတော့သည်။

ထိုအချိန်က ဝမ်ချောင်သည် ရှေ့တန်း စစ်စခန်းကြီးသို့ ရောက်ရှိလာခဲ့သည်မှာ သိပ်မကြာသေးဘဲ သံမဏိခံတပ် ကိုပင် မတည်ဆောက်ရသေးချိန် ဖြစ်သည်။

"ဗိုလ်ချုပ်... ငါ့ဆီမှာ ပစ္စည်းတစ်ခု ရှိတယ်။ မထွက်ခွာခင်မှာ ဧကရာဇ်မင်းမြတ်က ခင်ဗျားဆီကို ပေးလိုက်ဖို့ အပ်နှင်းလိုက်တာ။ ထုံလော့မဟာအလင်းစက်ကွင်းနဲ့ ပတ်သက်နေတယ်၊ ဗိုလ်ချုပ်အတွက် အသုံးဝင်ချင် ဝင်မှာပါ"

စစ်ဆေးရေး လှည့်လည်နေစဉ်အတွင်း အခြားသူများကို ရှောင်ဖယ်ကာ ဝမ်ချောင်က မြင်းကို စီးနင်းလျက် အာပုစစ်၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး၊ စာသားများ အပြည့်ရေးသားထားသော သေးငယ်သည့် စာရွက်လေး တစ်ရွက်ကို အာပုစစ်၏ လက်ထဲသို့ ထည့်ပေးလိုက်ခြင်းပင်။

"ထုံလော့မဟာအလင်းစက်ကွင်း"

အစပိုင်းတွင် အာပုစစ်၏မျက်နှာပေါ်၌ သံသယဖြစ်ဖွယ် အမူအရာများ ပြည့်နှက်နေခဲ့သည်။ ထုံလော့မဟာအလင်းစက်ကွင်း၏ လျှို့ဝှက်ချက်များကို သူတို့ ထုံလော့မျိုးနွယ်စုများက မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး အလွန်ပင် ပြည့်စုံစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ အရာရာတိုင်းကိုလည်း သူ ကောင်းကောင်း နားလည်ထားပြီးသားဖြစ်ရာ၊ ဧကရာဇ်သစ်က ထုံလော့မဟာအလင်းစက်ကွင်းနှင့် ပတ်သက်သော မည်သည့်အရာကို သူ့အား ပေးအပ်စရာ ရှိနေပါမည်နည်း။

သို့သော် ဧကရာဇ်၏အမိန့်ကို ဖီဆန်၍ မရနိုင်သဖြင့် ထိုအချိန်က အာပုစစ်သည် အများကြီး မတွေးတောတော့ဘဲ အသာအယာ လှမ်းယူလိုက်ကာ စိတ်ထဲလည်း သိပ်မထားခဲ့ပါချေ။

စစ်စခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် အားလပ်ချိန် ရောက်မှသာ အာပုစစ်က ထိုစာရွက်လေးကို ဖွင့်ကြည့်လိုက်သည့် အခါတွင်မူ ချက်ချင်းပင် မမှန်ကန်ကြောင်းကို ခံစားလိုက်ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုစာရွက်လေးပေါ်ရှိ စာသားများမှာ ရှေးဟောင်း ကျွမ် (Zhuan) အက္ခရာများ မဟုတ်ဘဲ လူတစ်ဦးက ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်နေသောကြောင့်ပင်။ ထို့ပြင် ထိုရေးသားသူမှာ

ဝမ်ချောင်ပင် ဖြစ်နေတော့သည်။

အာပုစစ်သည် သူ၏ အငယ်ဆုံးသား အာပုထုံကြောင့် ဝမ်ချောင်နှင့် ရန်သူ ဖြစ်ခဲ့ဖူးသည်။ အထူးသဖြင့် မင်းသားသုံးပါး ပုန်ကန်မှုတွင် ထုံလော့မျိုးနွယ်စုများက ပထမမင်းသားဘက်သို့ ခိုလှုံခဲ့ကြသဖြင့် တိတိကျကျ ဆိုရမည်ဆိုလျှင် သူနှင့် ဝမ်ချောင်မှာ ရန်သူများပင် ဖြစ်ကြသည်။

ထို့ကြောင့် အခြားသူများနည်းတူ အာပုစစ်သည်လည်း ဝမ်ချောင်နှင့်ပတ်သက်သော အချက်အလက် များစွာကို စုဆောင်းထားခဲ့သည်။

ထို့ပြင် အခြားသူများနှင့် မတူညီသည်မှာ သူသည် နန်းတွင်း၏လူယုံတော် ဖြစ်သဖြင့် အခြားသူများ စုဆောင်းရန် ခဲယဉ်းသော အချက်အလက်များကိုပါ စုဆောင်းနိုင်ခဲ့ပြီး၊ ထိုအထဲတွင် ဝမ်ချောင်၏စာအချို့လည်း ပါဝင်ပေသည်။

ထို့ကြောင့် အာပုစစ်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် စာရွက်ပေါ်ရှိ စာသားများမှာ ဝမ်ချောင်၏ လက်ရေး ဖြစ်ကြောင်း ချက်ချင်း သိရှိသွားတော့သည်။

******

All Chapters