← Chapters

အခန်း ၂၁၉၇

Vol. 136 Ch. 2197

အခန်း ၂၁၉၇

Vol. 136 Ch. 2197

အခန်း (၂၁၉၇) ကောင်းကင်ယံ မိစ္ဆာတစ္ဆေ မဟာမန္တန် စစ်အစီအရင်

မြေကမ္ဘာဂိုဏ်းမှ သိုင်းပညာရှင်များ၊ ယွန်းဂျယ်စိုးမွန်း... ဤလူများ အားလုံးတွင် အမည်းရောင်ဝတ်စုံဝတ်၏ မှော်လက်နက် များရှိနေကြရာ၊ ထိုသို့ဆိုလျှင် မထင်မှတ်စရာ မရှိပါဘဲ ဝူဆူမစ်ရှ် ခါဂန်းဘက်တွင်လည်း သေချာပေါက် ရှိနေမည်မှာ အသေအချာပင်။

ဤအတွေးများမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီး နောက်တစ်ခဏတွင် ဝမ်ချောင်က အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရာ၊ အမှန်တကယ်ပင် ဝူဆူမစ်ရှ် ခါဂန်း၏ ခေါင်းထက်တွင် ရှေးဟောင်း ပုံစံ ရှိသော လေးထောင့်ဗူးပုံစံ မှော်လက်နက် တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် မန္တန် စာသားများကို လှပစွာ ရေးထွင်းထားပြီး၊ ထိုအထဲမှနေ၍ တလိမ့်လိမ့် ထွက်ပေါ်နေသော ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ အဆက်မပြတ် ထွက်နေတော့သည်။

လူသုံးဦး၊ မှော်လက်နက် သုံးခု

ဤစစ်ပွဲကြီးတွင် အန်းလုရှန်းနှင့် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းတို့၏ ပြင်ဆင်မှုများမှာ သာမန်ကာလျှံကာ လုံးဝ မဟုတ်ကြောင်း သိသာလှပေသည်။

တွေးတောနေစဉ်အတွင်းမှာပင်

ရုတ်တရက် မြေပြင်မှနေ၍ နောက်ထပ် ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာပြန်သည်။ ဤမြည်ဟည်းသံကြီးမှာ အလွန်ပင် ကျယ်လောင်လှပေရာ လူအချို့၏တိုက်ခိုက်သံများကိုပင် လွှမ်းမိုးသွားတော့သည်။ ဝမ်ချောင်သည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ လူတိုင်း တိုက်ခိုက်နေကြသည့် အချိန်အတွင်းမှာပင် မြေပြင်ပေါ်ရှိ စစ်မြေပြင်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။

ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ အဆက်မပြတ် ဆုတ်ခွာနေရသော ယိုကျိုး စစ်တပ်ကြီး၏ အနောက်ဘက်တွင် သရဲတစ္ဆေများအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုမှာ တောင်ပြိုသံ၊ ပင်လယ်လှိုင်းသံများအလား ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့ပြီး နောက်ထပ် ဧရာမ စစ်အစီအရင်ကြီးတစ်ခု ဤအခိုက်အတန့်၌ ပေါ်ထွက်လာတော့သည်။

ချွေချန်းယုံကို ဗဟိုပြုကာ၊ တစ္ဆေ ငရဲ စစ်တပ်ကြီးကို စစ်အစီအရင် အဖြစ် အသုံးပြုလျက်၊ ယိုကျိုးတစ်ခုလုံးမှ အဆင့်မြင့်စစ်သည် သိန်းနှင့်ချီမှာ ဤအခိုက်အတန့်၌ ဧရာမ ခန့်ညားထည်ဝါလှသော စစ်အစီအရင် ကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြတော့သည်။

"ဝူးးး!"

သရဲတစ္ဆေ သောင်းနှင့်ချီ ငိုကြွေးသံများ ထွက်ပေါ်လာခဲ့ပြီး တလိမ့်လိမ့် ထွက်ပေါ်နေသော အနက်ရောင် မီးခိုးငွေ့များ အကြား၌၊ ဝေဝါးနေသော ပုံရိပ်များစွာဖြင့် များပြားလှသော တစ္ဆေ၊ မိစ္ဆာများက မည်မျှ ဟောက်နေကြသည်။ အော်ဟစ်နေကြသည်၊ ရုန်းကန်နေကြသည်ကို မသိရှိရပါချေ၊ ယိုကျိုးစစ်သည် သိန်းနှင့်ချီ၏ အရှိန်အဝါများမှာ ဤအခိုက်အတန့်၌ ချက်ချင်းပင် အဆများစွာ မြင့်တက်သွားခဲ့သည်၊ ဤမျှသာမက…

စစ်အစီအရင် ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် ယိုကျိုး စစ်သည်သိန်းချီ၏ ကောင်းကင်ယံတွင် တိမ်မည်းများ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးများ လက်ကာ မိုးချုန်းသံများ ထွက်ပေါ်လာတော့သည်။ နောက်ထပ် ဒဏ္ဍာရီလာ ကမ္ဘာတစ်ခု ပေါ်ထွက်လာတော့သည်။

အရိပ်များ ဖုံးလွှမ်းနေသော ကမ္ဘာကြီး အတွင်း၌ ဧရာမ ကိုယ်လုံးကိုယ်ပေါက် ရှိပြီး ရက်စက်ကြမ်းတမ်းသော မိစ္ဆာ၊တစ္ဆေများ၊နတ်ဆိုးများ၊ မိစ္ဆာများ မရေမတွက်နိုင်အောင် မတ်မတ်ရပ်နေကြသည်။ သူတို့၏ ခြေအောက်တွင်မူ သန်းပေါင်းများစွာသော ခက်ခဲစွာ ရုန်းကန်နေရသည့် သတ္တဝါများ နှင့် ငတ်မွတ်နေသော သရဲတစ္ဆေများမှာ ပြည့်နှက်နေကြပြီး၊ အရိုးများ၊ သွေးသားများနှင့် သွေးများ ပေါင်းစပ်ကာ အဇူရာ၏ အပြစ်များ ပြည့်နှက်နေသော မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။

မရေမတွက်နိုင်သော သတ္တဝါများမှာ ငိုကြွေးနေကြသည်။ ထိတ်လန့်ကြောက်ရွံ့နေကြသည်၊ တောင်းပန်နေကြသည်၊ နာကျည်းနေကြသည်။

မြေပြင်ကြီးမှာ ကွဲအက်သွားခဲ့ပြီး ဆာဖာ အနံ့များ ပါဝင်သော မီးတောက်များ အမြောက်အမြားမှာ မြေအက်ကြောင်းများထဲမှနေ၍ ပန်းထွက်လာကာ ဤပုရွက်ဆိတ်များအလား သေးငယ်လှသော ဝိညာဉ်များကို လောင်ကျွမ်းစေတော့သည်။

လေအေးများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး တောင်ကြီးတစ်လုံးအလား ဧရာမ မိစ္ဆာ လက်သည်းကြီးတစ်ခုမှာ လေထဲမှနေ၍ ဆင်းသက်လာကာ၊ ရွှံ့နွံထဲတွင် ရုန်းကန်နေရသကဲ့သို့ ဖြစ်နေသော သတ္တဝါ အမြောက်အမြားကို ဆုပ်ကိုင်လိုက်ပြီး ရက်စက်ကြမ်းတမ်းလှသော အစွယ်များ ပါရှိသည့် သွေးဆာနေသော ပါးစပ်ကြီးထဲသို့ တိုက်ရိုက်ပင် ပစ်ထည့်လိုက်တော့သည်။ အခြားတစ်နေရာတွင်မူ မြည်သံများနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားသော ဧရာမ ကြိတ်စက်ကြီးများမှာ မြေပြင်ပေါ်တွင် အဆက်မပြတ် အသွားအပြန် လည်ပတ်နေကြပြီး၊ ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မရေမတွက်နိုင်သော သတ္တဝါများကို အမှုန့်ဖြစ်သွားအောင် ကြိတ်ချေပစ်လိုက်တော့သည်။

ပို၍အထက်ပိုင်းသို့ လှမ်းကြည့်လိုက်မည် ဆိုပါက... ဝုန်းခနဲ မြည်သံကြီးများနှင့်အတူ လျှပ်စစ်မီးပွင့်များ လင်းလက်လာခဲ့ပြီး ရွှေရောင် မိုးကြိုးများမှာ ကမ္ဘာကြီးကို လင်းလက်သွားစေတော့သည်။ ဤကမ္ဘာကြီး၏အမြင့်ဆုံး နေရာတွင် ဧရာမ နတ်ဘုရား တစ်ပါး၏ ပုံရိပ်မှာ ဝေဝါးစွာ ပေါ်ထွက်နေပြီး၊ ရွှေရောင် မျက်လုံးများဖြင့် ဤကမ္ဘာကြီး တစ်ခုလုံးကို အေးစက်စက် အောက်စီးမှ ငုံ့ကြည့်နေကာ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပါချေ။

ဝမ်ချောင်က တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် ချက်ချင်းပင် အရာရာတိုင်းကို နားလည်သွားတော့သည်!

စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်။

ဝမ်ချောင်၏ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်"နှင့် အလွန်ပင် ဆင်တူသော နောက်ထပ် ရှေးဟောင်း စစ်အစီအရင် တစ်ခုပင်။

ဤကဲ့သို့ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေသော စစ်အစီအရင်၏ ပြင်ပ ပုံရိပ်ယောင်များနှင့် ပတ်သက်၍ ဝမ်ချောင်အနေဖြင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သူကိုယ်တိုင် တစ်ဆင့်ပြီးတစ်ဆင့် နားလည် သဘောပေါက်လာခဲ့သော အရာများ ဖြစ်သောကြောင့်ပင်။

သို့သော် အန်းလုရှန်းတွင် ဤကဲ့သို့သော အတွေ့အကြုံမျိုး သေချာပေါက် ရှိမည် မဟုတ်ပါချေ!

ဤသည်မှာလည်း "ထျန်း" သို့မဟုတ် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းက အန်းလုရှန်းကို ကူညီရန်အတွက် ထုတ်ပေးလိုက်သော ရှေးဟောင်း စစ်မြေပြင်၏ အစွမ်းထက်သော ပညာရပ် တစ်ခု ဖြစ်ကြောင်း သိသာလှပေသည်။

"ဝုန်းခနဲ!"

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ စစ်အစီအရင် ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံအထိ ပျံ့လွင့်နေသော သတ်ဖြတ်လိုသည့် အော်ဟစ်သံများနှင့်အတူ၊ ယိုကျိုး စစ်သည် သိန်းနှင့်ချီ ပါဝင်ဖွဲ့စည်းထားပြီး သရဲတစ္ဆေ အရှိန်အဝါများ ပြည့်နှက်နေကာ အလွန်ပင် ရက်စက်ကြမ်းတမ်းပုံ ရသော ဤ ရှေးဟောင်း စစ်အစီအရင် ကြီးမှာ၊ မဟာထန်၏ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်" နှင့် ချက်ချင်းပင် ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်သွားခဲ့ရပြီး မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိတော့ပါချေ၊ ထိုအခိုက်အတန့်၌ ဝင်တိုက်မိသည့် အခြေအနေကို မည်သူကမျှ စကားလုံးဖြင့် ပုံဖော်နိုင်စွမ်း မရှိကြပါချေ!

တစ်ခုမှာ ကမ္ဘာပျက်ကပ် ခေတ်၏ နံပါတ်တစ် စစ်အစီအရင် ကြီး ဖြစ်သည်။

အခြားတစ်ခုမှာ နတ်ဘုရား အဖွဲ့အစည်းက လူ့လောကကို ထိန်းချုပ်ရန်နှင့် လောကရှိ မင်းဆက်များကို သိမ်းပိုက်ရန်အတွက် အသုံးပြုသော ရှေးဟောင်း စစ်ပွဲ မဟာစစ်အစီအရင်ကြီး ဖြစ်သည်။

မဟာစစ်အစီအရင် ကြီးနှစ်ခု၏ လုံးဝ မတူညီသော ခွန်အားများမှာ ဧရာမ သားရဲကြီး နှစ်ကောင်အလား အချင်းချင်း ပြင်းထန်စွာ ဝင်တိုက်မိကြရာ၊ ထိုအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးပင်လျှင် ဆုတ်ဖြဲခံလိုက်ရသည့်အလား ဖြစ်နေတော့သည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး မြေကြီးများ တုန်ကာ ကောင်းကင်ယံပင် လှုပ်ခါသွားတော့သည်။ ဝမ်ချောင်၏ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့်မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင် မှာ နတ်ဘုရား လာတားလျှင် နတ်ဘုရားကို သတ်မည်၊ ဗုဒ္ဓ လာတားလျှင် ဗုဒ္ဓ ကို သတ်မည်။ မည်သူမျှ တားဆီးနိုင်စွမ်း မရှိပါချေ၊ တာ့ခ် အင်ပါယာ နှင့် ဂိုဂူလျော အင်ပါယာတို့မှ ဤစစ်အစီအရင် အတွင်း၌ သေဆုံးသွားသော စစ်သည် အရေအတွက်မှာ တစ်သိန်းကျော်ခန့် ရှိနေပြီ ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်၌ နောက်ဆုံးတွင် ပြိုင်ဘက်ကောင်း တစ်ဦးနှင့် ဆုံတွေ့လိုက်ရပြီ ဖြစ်သည်။

မဟာစစ်အစီအရင် ကြီး နှစ်ခု ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်၏ရှေ့သို့ တိုးဝင်လာသော အရှိန်မှာ ချက်ချင်းပင် အများအပြား နှေးကွေးသွားတော့သည်။

"အန်းလုရှန်း၊ ဝူဆူမစ်ရှ်၊ ယွန်းဂျယ်စိုးမွန်း... ဒါက မင်းတို့ရဲ့ အားကိုးရာ ဖြစ်နေတာကိုး။ ဒါပေမဲ့ ဒီလောက်လေးနဲ့များ မဟာထန်ကို ပုန်ကန်ပြီး အလယ်ပိုင်းဒေသနဲ့ ရန်သူ လုပ်ချင်သေးတာလား? တကယ်ပဲ ကလေးဆန်လွန်းတယ်!"

ဝမ်ချောင်က အဆက်မပြတ် အေးစက်စက် ရယ်မောလိုက်သည်။

မှော်လက်နက် သုံးခု၊ အစွမ်းထက် သိုင်းပညာရှင် သုံးဦး၊ ထို့အပြင် မသိရှိသေးသော လျှို့ဝှက်ဆန်းကြယ်သည့် မဟာစစ်အစီအရင်ကြီးတစ်ခု၊ ယခုအချိန်အထိ ထွက်မလာသေးသော ရွဲ့လော့ဟယ် တပ်ဖွဲ့လည်း ရှိသေးသည်။ ယိုကျိုးဘက်မှ ပုန်ကန်ရန် ပြင်ဆင်မှုများမှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုပြည့်စုံလွန်းနေသည်။ ဤ ခွန်အားများဖြင့်သာ ဆိုပါက ပုံမှန်အခြေအနေတွင် ကုန်းမြေလောက တစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်ရန် လုံလောက်နေပြီ ဖြစ်ပြီး၊ သူတို့ အစီအစဉ်ဆွဲထားသည့်အတိုင်း အလယ်ပိုင်းဒေသ ကိုပင် သိမ်းပိုက်နိုင်စွမ်း ရှိပေသည်။

ကံမကောင်းစွာဖြင့် အန်းလုရှန်း ရင်ဆိုင်ရသူမှာ မိမိပင် ဖြစ်တော့သည်။

ကမ္ဘာပျက်ကပ်ခေတ်တွင် လူတိုင်း၏ ဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှုများကို စုစည်းထားသော ထိုကိုးကောင်းကင် ဆယ်ကမ္ဘာနတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ စစ်အစီအရင် ခွန်အား၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း ပိုင်ဆိုင်ထားသော ခွန်အားများ ပင်လျှင် ၎င်းကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း အစောကတည်းက သတ်မှတ်ပြီးသား ဖြစ်၏။

"အခု မင်းတို့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်မယ်"

ဝမ်ချောင်၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့ပြီး မျက်ဝန်းထဲ၌ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အလင်းတန်း တစ်ချက် လက်သွားတော့သည်။ နောက်တစ်ခဏတွင် ဝမ်ချောင်၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ဟာလာဟင်းလင်းပြင်ကြီး အတွင်း၌ ပျောက်ကွယ်သွားကာ ယွန်းဂျယ်စိုးမွန်း နှင့် ဝူဆူမစ်ရှ် ခါဂန်းတို့ရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။

နိုင်ငံပေါင်းစုံ ပွဲတော် တွင် အန်းလုရှန်း ၏ ကိုယ်ပေါ်ရှိ မှော်လက်နက် သုံးခုကို သူ ဖျက်ဆီးပစ်နိုင်ခဲ့သလို၊ ယနေ့တွင်လည်း ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း တို့၏ ကိုယ်ပေါ်ရှိ အသက်ကယ် မှော်လက်နက် များကို သေချာပေါက် ဖျက်ဆီးပစ်နိုင်ပေသည်။

"သတိထား"

ဝမ်ချောင်ပိုမို နီးကပ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ တင်းမာသွားကြပြီး၊ လူအများအပြားမှာ လျင်မြန်စွာ နီးကပ်သွားကြကာ တစ်ချိန်တည်းမှာပင် ဂန်ချီစွမ်းအင်များကို မိမိတို့၏ရှေ့ရှိ မှော်လက်နက်များအတွင်းသို့ စီးဝင်စေလိုက်ပြီး၊ အတူတကွ ပူးပေါင်းကာ ဝမ်ချောင်ဆီသို့ တိုက်ခိုက်လိုက်ကြတော့သည်။

သူတို့၏အနောက်ဘက်တွင်မူ အသက်ရှင် ကျန်ရစ်နေသော မြေကမ္ဘာဂိုဏ်း အစွမ်းထက် သိုင်းပညာရှင်များနှင့် ဂိုဂူလျော အင်ပါယာ နှစ်ခု၏ ဗိုလ်ချုပ်အများအပြားမှာလည်း တဟုန်ထိုး ထွက်ပေါ်လာကြပြီး၊ ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီး ဆယ်ခုကျော်ခန့်မှာ စပါးကြီးမြွေများ၊ နဂါးများအလား ဝမ်ချောင်ဆီသို့ အသီးသီး ပြေးဝင် တိုက်ခိုက်လာကြတော့သည်။

"မျိုးနွယ်ခြားဘုရင်၊ ငါကိုယ်တော်နဲ့လည်း တစ်ပွဲလောက် ယှဉ်ကြည့်ရအောင်"

ထိုအချိန်မှာပင် အလွန်လျင်မြန်သော ခွာသံများ ထွက်ပေါ်လာခဲ့ပြီး၊ စကားသံ မဆုံးမီမှာပင် ခန္ဓာကိုယ်တောင့်တင်းခိုင်မာလှသော ပုံရိပ်ကြီးတစ်ခုမှာ လေပြင်းမုန်တိုင်းကြီး တစ်ခုအလား လေထဲသို့ ခုန်တက်လာခဲ့ပြီး တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာတော့သည်။

ခီတန်ဘုရင်က တာ့ခ် မျိုးနွယ်စုများမှ ထိပ်တန်း အစွမ်းထက် သိုင်းပညာရှင် အများအပြားကို ဦးဆောင်ကာ ဤအချိန်တွင် ရောက်ရှိလာခဲ့ပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြခြင်းပင် ဖြစ်သည်။

ဂန်ချီ စွမ်းအင်များ တုန်ခါသွားခဲ့ပြီး လေလှိုင်းများ အထပ်ထပ် ထွက်ပေါ်လာတော့သည်။ နှစ်ဖက်စလုံး၏ ပြင်းထန်လှသော ခွန်အားများမှာ ပြင်းထန်စွာ ဝင်တိုက်မိကြရာ၊ ပြိုင်ဘက်ကင်းပြီး ဖျက်ဆီးနိုင်စွမ်းရှိသော လေလှိုင်းများမှာ မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီး၊ အနီးအနားရှိ နိုင်ငံအသီးသီးမှ စစ်သည်များမှာ ပေါက်ကွဲမှု လေလှိုင်းများကြောင့် အတွင်းကလီစာများ ကြေမွသွားကာ ပွဲချင်းပြီး သေဆုံးသွားကြရတော့သည်။

သို့သော်လည်း မှော်လက်နက် သုံးခုနှင့် လူတိုင်း၏ ပူးပေါင်းခွန်အားဖြင့်မူ ဝမ်ချောင်၏ တောင်တန်းကြီးတစ်ခု ဖိချလိုက်သည့်အလား ပြင်းထန်လှသော ဤတိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြသည်။

"နှမြောစရာပဲ"

အဝေးဆီရှိ ဧရာမ နိုင်ငံအသီးသီး စစ်အလံကြီး ခြောက်ခုအောက်တွင် ကောင်းရှန်းက ရှေ့တည့်တည့်ကို ကြည့်ရင်း၊ ဝတ်ရုံများ လွင့်ပျံနေလျက် ရုတ်တရက် ရှည်လျားလှသော သက်ပြင်းကြီး တစ်ခုကို ချလိုက်တော့သည်။

"အင်း…တကယ် နှမြောစရာပဲ!"

ဘေးနားရှိ အန်းလုရှန်း မှာလည်း ရှေ့တည့်တည့်ကို ကြည့်ရင်း အလားတူ သက်ပြင်းချလိုက်တော့သည်။

အစီအစဉ်များက အပြောင်းအလဲများကို မမီနိုင်ပါချေ၊ "ကောင်းကင်ယံ မိစ္ဆာ၊တစ္ဆေ မဟာမန္တန် စစ်အစီအရင်" မှာ သူတို့ နှစ်ဦးအနေဖြင့် မဟာထန်ကို ရင်ဆိုင်ရန် အသုံးပြုမည့် အစွမ်းအထက်ဆုံးသော စစ်အစီအရင် ကြီးပင် ဖြစ်သည်။

သူတို့ နှစ်ဦးအနေဖြင့် ဝမ်ချောင်၏ သတင်းအချက်အလက် အမြောက်အမြားကို ကြိုတင် စုဆောင်းထားခဲ့ပြီး ဝမ်ချောင်သည် တာ့လာစ် စစ်ပွဲတွင် စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်ကို အသုံးပြုခဲ့ဖူးကြောင်း သိရှိထားကြသည်။ သို့သော် ထိုအဆင့်ရှိ စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်မျှဖြင့် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ "ကောင်းကင်ယံ မိစ္ဆာ၊တစ္ဆေ မဟာမန္တန် စစ်အစီအရင်"ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်းကိုမူ သေချာလှပေသည်။

ဤမဟာစစ်အစီအရင် ကြီးကို မူလက ဝမ်ချောင်ကို ဖျက်ဆီးရန်အတွက် နိုင်ငံအသီးသီး ဘက်မှ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိ အခြေအနေများမှာ လုံးဝပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု မည်သူက တွေးတောထားခဲ့မိမည်နည်း။

ဝမ်ချောင်၏ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ ယိုကျိုး၏ ကောင်းကင်ယံ မိစ္ဆာသရဲတစ္ဆေ မဟာမန္တန် စစ်အစီအရင်ကို လုံးဝဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်!

"ဝူဆူမစ်ရှ် ခါဂန်းတို့အနေနဲ့ သူ့ကို ခဏလောက်တော့ တားထားနိုင်လောက်ပါရဲ့၊ ဒါပေမဲ့ နောက်ထပ် နည်းလမ်း မရှာနိုင်ဘူးဆိုရင် မကြာခင်မှာပဲ မြို့ရိုး အက်ကြောင်း သုံးခုလုံးကို လုံးဝ ပြင်ဆင်ပြီးသွားလိမ့်မယ်"

ကောင်းရှန်း က ရှေ့တည့်တည့်ကို ကြည့်ရင်း ဆိုလိုက်သည်။

ဟာလာဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်လျက်၊ စစ်မြေပြင် တစ်ခုလုံးကို ဖြတ်သန်းကာ စစ်မြေပြင်၏ အပြင်ဘက်ရှိ မီးခိုးငွေ့များနှင့် မီးတောက်များ အများဆုံး နေရာတွင် မရေမတွက်နိုင်သော မဟာထန်လက်မှုပညာရှင်များမှာ အလုပ်ရှုပ်နေကြပြီး၊ သံမဏိ အစိတ်အပိုင်းများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အထပ်ထပ် စုပုံလာကာ မြင့်မားလှသော တံတိုင်းကြီးများ အဖြစ်သို့ ပြောင်းလဲနေကြပြီ ဖြစ်သည်၊ ထို့ပြင် ထိုတံတိုင်းကြီးများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အဆက်မပြတ် မြင့်တက်လာနေဆဲပင် ဖြစ်သည်။

ဤအရှိန်အတိုင်းသာ ဆက်သွားမည် ဆိုပါက နာရီဝက်ခန့်ပင် ကြာမည် မဟုတ်ဘဲ၊ လူတိုင်း အားသွန်ခွန်စိုက် ကြိုးစား ဖွင့်လှစ်ထားခဲ့သော အက်ကြောင်းသုံးခုမှာ အသစ်ပြန်လည် ပြီးပြည့်စုံသွားပေလိမ့်မည်။

ယခုအခါ အချိန်များမှာ မဟာထန်ဘက်တွင် ရှိနေပြီ ဖြစ်၏။

နောက်တစ်ခဏတွင် အန်းလုရှန်းဖြစ်စေ၊ ကောင်းရှန်း ဖြစ်စေ အားလုံးမှာ စကားမပြောကြတော့ဘဲ ခေါင်းလှည့်ကာ ဘေးနားရှိ ရှန့်ကုန်းအကြီးအကဲကို လှမ်းကြည့်လိုက်ကြတော့သည်။

သူတို့ နှစ်ဦးက စကားမပြောဘဲ သူ့ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေကြသဖြင့် မျက်တောင်တစ်ခတ်အတွင်း ရှန့်ကုန်းအကြီးအကဲ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"သိပါပြီ.. ငါ သွားပြီး တောင်းဆိုပေးရင် ရပြီမလား"

ရှန့်ကုန်းအကြီးအကဲ က ခြေဆောင့်ကာ ဒေါသတကြီး ဆိုလိုက်တော့သည်။

သူတို့ နှစ်ဦး၏ အကြည့်များမှာ အလွန်ပင် စူးရှလှပြီး သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုနေကြရာ အဓိကဆိုလိုရင်းမှာ သူတို့ကို ကူညီတိုက်ခိုက်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်းကို သူ မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။

"ရှန့်ကုန်းအကြီးအကဲ၊ သခင်ကြီး ထိုက်ရှီ မရောက်လာသေးဘူးလား"

အန်းလုရှန်းက ရုတ်တရက် မေးလိုက်သည်။

ဤစစ်ပွဲကြီးမှာ အမှန်တကယ်တော့ ဤမျှလောက် ရှုပ်ထွေးနေရန် မလိုအပ်ပါချေ၊ ထိုက်ရှီ ဝင်ရောက် တိုက်ခိုက်ပြီး လူတိုင်း၏ ရှေ့မှောက်တွင် ဝမ်ချောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ရုံဖြင့် ဤစစ်ပွဲကြီးမှာ လျင်မြန်စွာပင် ပြီးဆုံးသွားပေလိမ့်မည်။

အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းက ပေးအပ်ထားသော ကောင်းကင်ယံ မိစ္ဆာ၊တစ္ဆေ မဟာမန္တန် စစ်အစီအရင် ထက်စာလျှင် ယခုအချိန်အထိ ထွက်ပေါ်မလာသေးသော ထိုက်ရှီမှာ ယိုကျိုး ဘက်မှ အကြီးမားဆုံးသော အားကိုးရာ ပင် ဖြစ်တော့သည်။

ထိုက်ရှီဘက်မှအနေဖြင့် အန်းလုရှန်းနှင့် နိုင်ငံအသီးသီး၏ စစ်တပ်များကို အသုံးချလိုသည် ဆိုလျှင်၊ အန်းလုရှန်းအနေဖြင့်လည်း ထိုက်ရှီ ဟူသော အစွမ်းထက်သည့် လူသတ်သမားနှင့် အကူအညီ ကို အဘယ်ကြောင့် အသုံးမချလိုဘဲ နေပါမည်နည်း။

"သခင်ကြီး ထိုက်ရှီက အမြင့်ဆုံး နေရာမှာ ရှိနေတာ၊ မင်းတို့ ငါတို့ ခန့်မှန်းလို့ ရမယ့်သူ မဟုတ်ဘူး။ သူက အချိန်မရွေး ပေါ်လာနိုင်တယ်လို့ ပြောထားပြီးသားဆိုတော့ သေချာပေါက် ပေါ်လာမှာပါပဲ၊ မင်းတို့တွေ တိတ်တဆိတ် စောင့်နေဖို့ပဲ လိုတယ်"

ရှန့်ကုန်းအကြီးအကဲမှာ ယခုအချိန်တွင် ဆန့်ကျင်ဘက်အားဖြင့် တည်ငြိမ်လာတော့သည်။

ဤစစ်ပွဲကြီးတွင် နိုင်ငံအသီးသီး ဘက်မှ အားလုံးနီးပါး ထွက်ပေါ်လာကြပြီ ဖြစ်သော်လည်း အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း ဘက်မှမူ သာမန် လက်အောက်ငယ်သား အချို့ကိုသာ စေလွှတ်ထားသေးရာ၊ အန်းလုရှန်းအနေဖြင့် ယခုကဲ့သို့ တွေးတောနေခြင်းမှာလည်း သဘာဝကျလှပေသည်။ သို့သော် ထိုက်ရှီ၏ရာထူးမှာ သာမန် လုံးဝမဟုတ်ပါချေ၊ အန်းလုရှန်းတို့အနေဖြင့် မိမိမှတစ်ဆင့် ထိုက်ရှီကို အမြန် လာရောက်ရန် တောင်းဆိုလိုခြင်းမှာ အချည်းနှီး စိတ်ကူးယဉ်နေခြင်းသာ ဖြစ်၏။

"ဆရာကြီး... အထင်မလွဲပါနဲ့။ ကျွန်တော်တို့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ဆရာကြီး အနေနဲ့ ကျွန်တော်တို့အတွက် နတ်ဘုရား သခင်အချို့ကို ဆက်သွယ်ပေးပြီး၊ ဘယ်ဘက်ခြမ်းက ကျန်းရှို့ကွေးနဲ့ ညာဘက်ခြမ်းက ထုံလော့ဗိုလ်ချုပ်တို့ကို ကိုင်တွယ်ဖို့ ကူညီပေးရင် ရပါပြီ"

ကောင်းရှန်းက အနည်းငယ် ပြုံးလိုက်ပြီး ဆိုလိုက်သည်။

"ရတယ်။ ဒါပေမဲ့ ငါ နတ်ဘုရား သခင် နှစ်ဦး ကိုပဲ တောင်းဆိုပေးနိုင်မယ်၊ ဒါက ငါ့ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ပဲ!"

"အရင် တိုက်ပွဲတွေတုန်းက အဖွဲ့အစည်း ထဲက နတ်ဘုရား သခင် အများအပြား အဲဒီ ဖျက်ဆီးခြင်း သားတော် လက်ချက်နဲ့ သေဆုံးသွားခဲ့ရပြီ ဖြစ်လို့ မင်းတို့ကို အများကြီး စေလွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူး"

ရှန့်ကုန်းအကြီးအကဲက အံကို တင်းတင်းကြိတ်လိုက်ပြီး မျက်နှာပေါ်ရှိ အမူအရာများမှာ အဆက်မပြတ် ပြောင်းလဲနေတော့သည်။

"နှစ်ဦး ဆိုရင် လုံလောက်ပါပြီ!"

အန်းလုရှန်းနှင့် ကောင်းရှန်းတို့က အနည်းငယ် ပြုံးလိုက်ပြီး တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။

ရှန့်ကုန်းအကြီးအကဲ က အများကြီး ဆက်မပြောတော့ပါချေ၊ လက်ရှိ အခြေအနေများမှာ အမှန်တကယ်ပင် အလွန် အကျိုးမပေးလှပါချေ၊ လူဝူတစ်ဝက်၊ အဇူရာတစ်ဝက် အသွင်ပြောင်းထားသော အစွမ်းထက် သိုင်းပညာရှင် နှစ်ရာကျော်ခန့် သံမဏိခံတပ် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သော်လည်း အနည်းငယ်မျှပင် ဂယက်ရိုက်ခတ်မှု မရှိခဲ့ပါချေ။ သံမဏိခံတပ်၏ တံခါးကြီးကိုပင် ဖွင့်နိုင်ခဲ့ခြင်း မရှိသည်မှာ အမှန်တကယ်ပင် ပုံမှန် မဟုတ်ပါချေ။

ဤအင်ပါယာ စစ်ပွဲကြီးတွင် နတ်ဘုရား အဖွဲ့အစည်းအနေဖြင့် အန်းလုရှန်းကို အသုံးချလိုသည်မှာ မှန်သော်ငြားလည်း၊ ယခုအချိန်တွင် နတ်ဘုရား အဖွဲ့အစည်းအနေဖြင့် ဘေးမှနေ၍သာ ကြည့်ရှုနေရန် မဖြစ်နိုင်တော့ပါချေ။

******

All Chapters