အခန်း ၂၁၉၉
Vol. 136 Ch. 2199
အခန်း (၂၁၉၉) ခြုံခိုတပ်များ၊ ဝမ်ချောင်၏ လျှို့ဝှက် လက်နက်
"သတိထား!"
"ခံစစ် ပြန်ဖွဲ့ကြစမ်း!"
ကောင်းရှန်း၏မျက်နှာမှာ ဖြူရော်သွားခဲ့ပြီး အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
သို့သော် အရာရာတိုင်းမှာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်သည်။
အစီအစဉ်များ သေချာဆွဲပြီးမှ လှုပ်ရှားခြင်း၊ ဤစစ်ပွဲကြီးတွင် အန်းလုရှန်းဖြစ်စေ ကောင်းရှန်းဖြစ်စေ အစစအရာရာ ပြီးပြည့်စုံအောင် ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် ဝမ်ချောင်နှင့် နှိုင်းယှဉ်ပါက အဆင့်များစွာ ကွာဟနေဆဲပင်ဖြစ်ပြီး၊ နှစ်ဖက်စလုံး၏ စစ်ဗျူဟာ တွက်ချက်မှုများမှာ လုံးဝမတူညီသော အဆင့်တစ်ခုတွင် ရှိနေကြခြင်း ဖြစ်သည်။
ဝမ်ချောင်က ချန်းကျိုးတွင် သံမဏိခံတပ် တစ်ခုကို တည်ဆောက်ထားခြင်းမှာ အခိုင်အမာ ခုခံကာကွယ်ရန် ပြင်ဆင်နေသည့်ပုံ ပေါက်နေသော်လည်း၊ ဤသည်မှာ ဝမ်ချောင်အနေဖြင့် အန်းလုရှန်းကို အထင်မှားစေရန် တမင်တကာ ဖန်တီးထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့၏ စစ်အင်အား အားလုံးကို ဤနေရာသို့ ဆွဲဆောင်ကာ သံမဏိခံတပ်၏ရှေ့တွင် အခိုင်အမာ ချည်နှောင်ထားရန်အတွက်ပင် ဖြစ်သည်။
တစ်လောကလုံးက အသိအမှတ်ပြုထားသော စစ်နတ်ဘုရားတစ်ဦးအနေဖြင့် အစပိုင်းကတည်းက ခံစစ် တစ်ခုတည်းကိုသာ တွေးတောထားခဲ့ခြင်း လုံးဝ မရှိပါချေ။
တက်ကြွစွာ စတင်တိုက်ခိုက်ပြီး စစ်ဗျူဟာများ၊ စစ်ကြောင်းများကို အသုံးပြုကာ အန်းလုရှန်း နှင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို လုံးဝ အမြစ်ပြတ် ချေမှုန်းရန်မှာ သူ အစပိုင်းကတည်းက ချမှတ်ထားခဲ့သော တိုက်ခိုက်ရေး ဗျူဟာပင် ဖြစ်တော့သည်။
ရွှယ်ချန်ကျွင်းက စစ်သည် သိန်းနှင့်ချီကို ဦးဆောင်ကာ ရေလမ်းမှ တစ်ဆင့် ပတ်လာခဲ့ကာ၊ အရှေ့ပင်လယ်မှနေ၍ ကုန်းပေါ်သို့ တက်လာကာ ရှေ့သို့ ဆက်လက် ချီတက်လာပြီး ထိုမီးရှူးမီးပန်းကို လွှတ်တင်လိုက်သည့် အချိန်ကတည်းက အရာရာတိုင်းမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ကောင်းရှန်းအနေဖြင့် တစ်ခုခု ထပ်မံ လုပ်ဆောင်ချင်သေးသည်ဆိုလျှင်တောင်မှ အရာရာတိုင်းမှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အသက်ရှူကြိမ် တစ်ကြိမ်တည်းပဲ။
အသက်ရှူကြိမ် တစ်ကြိမ်မျှ အချိန်လေး အတွင်းမှာပင် ပြင်းထန်လှသော တုန်ခါမှုကြီး တစ်ခုမှာ အရှေ့မြောက်ဘက် ဒေသရှိ မြေပြင်မှနေ၍ ထွက်ပေါ်လာခဲ့သည်၊ မျက်တောင်တစ်ခတ်အတွင်း နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ အနောက်ဘက် မိုးကုပ်စက်ဝိုင်းနေရာတွင် သေးငယ်သော အနက်ရောင် မျဉ်းကြောင်းလေး တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကြီးမားကျယ်ပြန့်ကာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ ရှိရာ စစ်မြေပြင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
"သတ်စမ်း!"
နီးလာပြီ။
ပိုနီးကပ်လာပြီ။
ကျယ်လောင်စွာ သတ်ဖြတ်လိုသော အော်ဟစ်သံကြီးများနှင့်အတူ အရှေ့မြောက်ဘက် အရပ်မှ သောင်းနှင့်ချီသော စစ်မြင်းများမှာ စိပ်လှစွာ ပြည့်နှက်နေလျက် လူတိုင်း၏ အမြင်အာရုံ အတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာကြတော့သည်။ ထို့ပြင် စစ်တပ်ကြီး၏ အလယ်ဗဟို၌ အဝါရောင် မဟာထန်စစ်အလံကြီး တစ်ခုမှာ လေထဲ၌ လွင့်ပျံနေပြီး အလွန်ပင် ထင်ရှားနေတော့သည်။
စစ်အလံကြီး ၏ အောက်တွင်မူ အနက်ရောင်နှင့် အနီရောင် ရောစပ်နေသော သံချပ်ကာကို ဆင်မြန်းထားသည့် မဟာထန်ဗိုလ်ချုပ် တစ်ဦးမှာ လေပြင်းမုန်တိုင်းကြီး တစ်ခုအလား ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အလွန်ပင် တောက်ပ လင်းလက်နေတော့သည်။
"စစ်တပ် အားလုံး အမိန့်ကို နာခံကြ၊ အရှိန်အပြည့်နဲ့ တိုက်ခိုက်ကြစမ်း!"
ထိုအခိုက်အတန့်၌ ရွှယ်ချန်ကျွင်း၏ ဓားရှည်မှာ အိမ်မှ ကျွတ်ထွက်လာခဲ့ပြီး ရှေ့တည့်တည့်သို့ ညွှန်ပြထားလိုက်ရာ၊ နှင်းခဲများအလား အေးစက်ပြီး လျှပ်စစ်မီးပွင့်များအလား စူးရှလှသော မျက်လုံးများဖြင့် အလွန်ပင် ရက်စက်ကြမ်းတမ်းနေတော့သည်။
မြည်ဟည်းသံကြီးများနှင့်အတူ ရွှယ်ချန်ကျွင်း၏ အမိန့်အရ စစ်တပ်ကြီးမှာ ပြင်းထန်စွာ အော်ဟစ်လိုက်ကြပြီး၊ မရေမတွက်နိုင်သော စစ်ပွဲ အလင်းစက်ကွင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို တောက်ပ လင်းလက်လာခဲ့ကာ၊ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် မျက်တောင်တစ်ခတ်အတွင်း စစ်သည်သိန်းချီ၏ ခြေအောက်တွင် ပေါ်ထွက်လာတော့သည်။ မရေမတွက်နိုင်သော စစ်မြင်းများမှာလည်း အရှိန်အဟုန်များ တဟုန်ထိုး မြင့်တက်သွားကြပြီး နိုင်ငံအသီးသီး စစ်တပ်ကြီး၏ အနောက်ဘက်ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။
"စစ်တပ် အားလုံး အမိန့်ကို နာခံကြ၊ တိုက်ခိုက်ကြစမ်း!"
ရွှယ်ချန်ကျွင်းနှင့် မနီးမဝေးနေရာတွင် လင်းယုန်မျက်လုံးနှင့် နှာတံစင်းစင်းရှိကာ အလွန်ပင် ခန့်ညားထည်ဝါပြီး တိုင်းတစ်ပါး အသွင်အပြင်များ ရှိနေသော အခြား ဗိုလ်ချုပ်တစ်ဦးကလည်း ဓားရှည်ကို ဆွဲထုတ်လိုက်တော့သည်။
သူ၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ရွှယ်ချန်ကျွင်း ထက်ပင် အဆများစွာ ပိုမိုပြင်းထန်နေသေးသည်။ သူ၏အမိန့်နှင့်အတူ သောင်းနှင့်ချီသော ခိုရာစန်း သံချပ်ကာမြင်းတပ်များမှာ အရှိန်အဟုန်များ အလွန်အမင်း မြင့်တက်သွားကြပြီး စစ်တပ်ကြီး အတွင်းမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာကာ စစ်မြေပြင်ဆီသို့ ပထမဆုံး ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။
သောင်းဂဏန်း နီးပါးရှိသော သံချပ်ကာမြင်းတပ်များ၏ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါများမှာ ကျယ်လောင်စွာ ဖြစ်နေခဲ့ပြီး ဟာလာဟင်းလင်းပြင်ကြီးကိုပင် လိမ်ယှက်သွားစေကာ စစ်တပ်ကြီး သိန်းနှင့်ချီထက်ပင် များစွာ သာလွန်နေသေးသည်။
ဆမ်ဆာနစ် ဗိုလ်ချုပ် ပါဟရာမ်။
ဤခိုရာစန်း သံချပ်ကာမြင်းတပ်များကို ဦးဆောင်နိုင်သူမှာ ပါဟရာမ် တစ်ဦးတည်းသာ ရှိပေသည်!
အန်းလုရှန်းနှင့် နိုင်ငံအသီးသီးက မဟာထန်ကို စစ်ကြေညာခြင်း မပြုမီ ကတည်းက ဝမ်ချောင်သည် ရွှယ်ချန်ကျွင်းနှင့် စစ်သည် သိန်းနှင့်ချီကို ကြိုတင်စေလွှတ်ထားခဲ့ပြီး ဖြစ်သည်။
ဝမ်ချောင်၏လက်အောက်တွင် ရွှယ်ချန်ကျွင်းနှင့် သူ၏စစ်တပ်များသာ ရေလမ်းနှင့် ရေကြောင်း တိုက်ပွဲများကို အလွန်ပင် ကျွမ်းကျင်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ရွှယ်ချန်ကျွင်း၏ခွန်အားမှာ အားနည်းချက် တစ်ခု ဖြစ်နေခဲ့သည်။ သူ၏ ခွန်အား တစ်ခုတည်းဖြင့် စစ်တပ်ကြီး တစ်ခုကို ဦးဆောင်ရန် လုံးဝ မလုံလောက်ပါချေ။
ထို့ကြောင့် ဝမ်ချောင်သည် ပါဟရာမ်နှင့် သူ၏ သံချပ်ကာမြင်းတပ်များကို ရွှယ်ချန်ကျွင်း ထိန်းချုပ်သော မဟာထန်စစ်သင်္ဘောများပေါ်တွင် တိုက်ရိုက် နေရာချပေးလိုက်ပြီး၊ သူတို့နှင့် ရွှယ်ချန်ကျွင်း ကို အဖွဲ့တစ်ဖွဲ့ အဖြစ် ဖွဲ့စည်းကာ ခြုံခိုတပ်တစ်ခုအနေဖြင့် ရေလမ်းမှ တစ်ဆင့် အရှေ့ပင်လယ်ကို ဖြတ်ကျော်ကာ နိုင်ငံအသီးသီး၏ အနောက်ဘက်သို့ ရောက်ရှိသွားစေခဲ့ခြင်းပင် ဖြစ်သည်။
နှင်းမုန်တိုင်းကြီးများ ကျရောက်လာခြင်း။
နိုင်ငံအသီးသီး၏ အာရုံစိုက်မှုများ အားလုံးမှာ ဝမ်ချောင်နှင့် သူ၏သံချပ်ကာခံတပ် ပေါ်တွင်သာ ရှိနေခဲ့ကြရာ၊ ဤမျှလောက် အလွန်အမင်း အေးခဲလှသော ရာသီဥတုတွင် ဝမ်ချောင်အနေဖြင့် စစ်သည်အမြောက်အမြားကို ပင်လယ်ပြင်မှ တစ်ဆင့် စေလွှတ်လိမ့်မည်ဟု မည်သူမျှ မတွေးတောထားခဲ့မိပါချေ။
ဤကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသော စစ်တပ်ကြီးမှာ နိုင်ငံအသီးသီးကို လုံးဝအလစ်အငိုက် မိသွားစေတော့သည်။
"မဟာထန်! ဒါ မဟာထန်ရဲ့ စစ်တပ်တွေပဲ!"
"အားလုံး အမြန် ခံစစ် ပြန်ဖွဲ့ကြစမ်း!"
......
စစ်သည် သိန်းနှင့်ချီမှာ စနစ်တကျ ဖွဲ့စည်းထားပြီး တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး အော်ဟစ်လိုက်ကြတော့သည်။ အထူးသဖြင့် စစ်တပ်ကြီး၏ အနောက်ဘက်တွင် ရှိနေသော စစ်သည်များမှာ ပို၍ပင် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။
တစ်ဖက်လူ၏ စစ်ကြောင်းကို ကြည့်မည်ဆိုပါက လူ နှစ်သိန်းထက် မပိုနိုင်ပါချေ။
အကယ်၍ ယခင်ကသာဆိုပါက နိုင်ငံအသီးသီး၏ ခွန်အားများဖြင့် ဤမျှလောက် စစ်အင်အားလေးကို မျက်လုံးထဲတွင်ပင် ထည့်ထားမည် မဟုတ်ဘဲ သေတွင်းထဲသို့ လာရောက် ပို့ပေးသည်ဟုသာ ထင်မှတ်ကြမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သံမဏိခံတပ် အတွင်းရှိ စစ်သည် သိန်းနှင့်ချီမှာ နိုင်ငံအသီးသီး၏ စစ်အင်အား တစ်ဝက်ကျော်ကို အပြည့်အဝ ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ ယိုကျိုး၏ အစွမ်းအထက်ဆုံးသော "ကောင်းကင်ယံ မိစ္ဆာ၊တစ္ဆေ မဟာမန္တန် စစ်အစီအရင်"ကိုပင် တားဆီးထားနိုင်ခဲ့ပြီ ဖြစ်ရာ၊ စစ်သည် နှစ်သန်းခန့်မှာ ရှေ့သို့ အရှိန်အပြည့်ဖြင့် ပြေးဝင်နေကြပြီး သူတို့၏ကျောပြင်များကို ရွှယ်ချန်ကျွင်း နှင့် ပါဟရာမ်တို့ ပါဝင်သော စစ်သည် နှစ်သိန်းခန့် ရှိသည့် ရေကြောင်း စစ်တပ်ကြီးဆီသို့ လုံးဝ ဖွင့်ပေးထားသလို ဖြစ်နေတော့သည်။
ခြုံခိုတပ်များ ရုတ်တရက် ထွက်ပေါ်လာခြင်း။
ဤကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံအသီးသီး၏ စစ်တပ်များမှာ အရှေ့အနောက် ညှပ်ပိတ် တိုက်ခိုက်ခြင်းကို ခံရမည့် အလွန်အကျိုးမပေးဆုံးသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်!
နွားနှစ်ကောင် အချင်းချင်း ဦးချိုများဖြင့် အပြင်းအထန် တိုက်ခိုက်နေကြစဉ် ရုတ်တရက် တတိယမြောက် လူတစ်ဦးက အနောက်ဘက်မှ ပေါ်ထွက်လာပြီး ဓားတစ်ချက်တည်းဖြင့် တစ်ဖက်လူ၏ ကျောပြင်ကို အလွယ်တကူ ထိုးစိုက်လိုက်သကဲ့သို့ပင် အရာရာတိုင်းမှာ အလွန်ပင် လွယ်ကူသွားတော့သည်။
လက်ရှိ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှာ ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းပင်!
ထို့ပြင် နိုင်ငံအသီးသီး အတွက် အသေအပျောက် အများဆုံး ဖြစ်စေမည့် အရာမှာ ဤမျှနှင့် ပြီးဆုံးသွားခြင်း မဟုတ်သေးပါချေ။
"သတင်းပို့ပါတယ်!"
"အခြေအနေ မကောင်းတော့ပါဘူး။ အနောက်မြောက်ဘက် အရပ်မှာ မဟာထန်စစ်တပ် သိန်းကျော်လောက် ပေါ်လာပါတယ်၊ သူတို့က ကျွန်တော်တို့ရဲ့ အနောက်ဘက် ထောင့်စွန်းကနေ ပတ်ပြီး အရှိန်အပြည့်နဲ့ ပြေးလာနေကြပါတယ်။ ရှေ့ဆုံးက ဦးဆောင်လာတာက မင်းဆရာ ဝမ်ကျုံးစစ်ပါ!"
ခွာသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းလိုလိုပင် ယိုကျိုး သံချပ်ကာမြင်းတပ်သားတစ်ဦးမှာ အလွန်အမင်း ထိတ်လန့်နေသော အမူအရာဖြင့် တဟုန်ထိုး ပြေးဝင်လာခဲ့ပြီးနောက် မြင်းပေါ်မှ ခုန်ဆင်းကာ အန်းလုရှန်း နှင့် ကောင်းရှန်းတို့၏ ရှေ့တွင် ဒူးထောက် ကျလာတော့သည်။
"ဝုန်း!"
မိုးကြိုးပစ်ချလိုက်သည့်အလား အန်းလုရှန်းနှင့်ကောင်းရှန်းတို့ နှစ်ဦးစလုံး၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး မျက်နှာတွင် သွေးဆုတ်သွားကာ မတ်တပ်ပင် မရပ်နိုင်တော့မလောက် ဖြစ်သွားကြတော့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အန်းလုရှန်းက မျက်လုံးများကို ပြူးထားလျက် အနောက်မြောက်ဘက် အရပ်သို့ လှမ်းကြည့်လိုက်ရာ ရင်ထဲ၌ ဧရာမ လှိုင်းလုံးကြီးများ ဆက်တိုက် ပေါ်ထွက်လာတော့သည်။
"သခင်ကြီး... မဟာထန်ရဲ့ အဲဒီစစ်တပ်က မြက်ခင်းပြင်ပေါ်က အရှေ့ တာ့ခ်ရဲ့ ကင်းထောက်တွေကို ရှောင်ကွင်းသွားတာပါ၊ တမင်တကာ ပတ်ပြီး လာကြတာပါ၊ အကယ်၍ မြက်ခင်းပြင်ပေါ်မှာ စောင့်ကြည့်နေတဲ့ လင်းယုန်ငှက်တွေသာ မရှိဘူးဆိုရင် အခုအချိန်အထိ ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ပါဘူး"
ထိုယိုကျိုး သံချပ်ကာမြင်းတပ်သားက မြေပြင်ပေါ်တွင် ဒူးထောက် မှောက်လျက် ဖြည့်စွက် ပြောဆိုလိုက်သည်။
ဘေးနားရှိ ကောင်းရှန်းမှာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပါချေ။
ဤအခိုက်အတန့်၌ ဘယ်နေရာမှာ မှားယွင်းနေခဲ့သလဲ ဆိုတာကို သူ နောက်ဆုံးတွင် နားလည်သွားတော့သည်။
ကုန်းမြေလောက တစ်ခုလုံးက အသိအမှတ်ပြုထားသော "နံပါတ်တစ် စစ်နတ်ဘုရား"တစ်ဦးအနေဖြင့် အမှန်တကယ်ပင် ဤမျှလောက်လေးသာ တတ်နိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော် ကောင်းရှန်းအနေဖြင့် မည်သို့မျှ မထင်မှတ်ထားခဲ့သည်မှာ ပြဿနာမှာ အမှန်တကယ်ပင် မင်းဆရာ ဝမ်ကျုံးစစ်၏ အပေါ်တွင် ဖြစ်နေလိမ့်မည် ဟုပင်။
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဝမ်ကျုံးစစ် ထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူ့ရဲ့ စစ်တပ်က ဒီနေရာကို ဒီလောက် မြန်မြန် ဘယ်လိုလုပ် ပတ်လာနိုင်မှာလဲ?"
အန်းလုရှန်းက မျက်လုံးများကို ပြူးထားလျက် မယုံကြည်နိုင်စွာဖြင့် ဆိုလိုက်သည်။
အနောက်မြောက်ဘက် အရပ်တွင် စစ်တပ် အနည်းငယ်လေးသာ ရှိနေခြင်း လုံးဝမဟုတ်ပါချေ၊ ဤမျှလောက် တိုတောင်းသော အချိန်လေး အတွင်းမှာ ဝမ်ကျုံးစစ်မှာ မကြာမီကမှ မြို့ရိုးပေါ်တွင် ရှိနေခဲ့သေးသည် မဟုတ်ပါလော။ ခဏတာ အတွင်းမှာပင် နိုင်ငံအသီးသီး စစ်တပ်ကြီး၏ အနောက်ဘက် ထောင့်စွန်းဖြစ်သော အနောက်မြောက်ဘက် အရပ်သို့ ရောက်ရှိလာခဲ့သည်။ ဒီလောက် များပြားလှတဲ့ စစ်တပ်ကြီးကို သူတို့ ဘယ်လိုများ လုပ်ဆောင်ခဲ့ကြတာလဲ။
သိထားသင့်သည်မှာ ဤမျှလောက် များပြားလှသော စစ်တပ်ကြီး လှုပ်ရှားမှုကို သူတို့ အနေဖြင့် မသိရှိဘဲ နေရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ!
"ဟူးး၊ မထင်မှတ်စရာ မရှိပါဘူး၊ အဲဒီစစ်တပ်က အစောကြီးကတည်းက အနောက်မြောက်ဘက်ကို ပတ်သွားပြီး နေရာယူထားခဲ့တာ ဖြစ်ရမယ်။ ငါတို့ရဲ့ အနောက်ဘက်ကို ရွှေ့ပြောင်းထားခဲ့ပြီးသား ဖြစ်ရမယ်၊ တကယ်တမ်း အနောက်ကနေ လိုက်သွားတာက မင်းဆရာ တစ်ယောက်တည်းသာ ဖြစ်လိမ့်မယ်"
"ဒီနေ့ တိုက်ပွဲမှာ စစ်နတ်ဘုရားဆိုတဲ့ နာမည်က တကယ်ပဲ အလဟဿ မဟုတ်ဘူးဆိုတာကို ပြသသွားတာပဲ"
ကောင်းရှန်းမှာ ဤအချိန်တွင် သက်ပြင်းကြီး တစ်ခုကို ချလိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်တော့သည်။
စစ်တပ်ကြီး သိန်းနှင့်ချီကို သူတို့၏မျက်စိအောက်တွင် ဤကဲ့သို့သော စစ်အင်အား ဖြန့်ကျက်မှုနှင့် လှုပ်ရှားမှုများကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ၊ အားလုံးက မျက်ကန်းများ ဖြစ်မနေပါက ဤအရာ အားလုံးကို အစောကြီးကတည်းက လှုပ်ရှား နေရာချထားပြီး ဖြစ်ရပေမည်။
မင်းဆရာ ဝမ်ကျုံးစစ်အနေဖြင့် စစ်ပွဲ စတင်သည့် အချိန်တွင် မြို့ရိုးပေါ်မှနေ၍ ထွက်ခွာသွားကာ နိုင်ငံအသီးသီး ကို လှည့်စားပြီး၊ ကြိုတင် စီစဉ်ထားသော ထို စစ်တပ်ကြီးနှင့် သွားရောက် ပူးပေါင်းလိုက်ရုံ သက်သက်သာ ဖြစ်ပေသည်။
ကောင်းရှန်း၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်မှုန့်များ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး မြင်းဟီသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ၊ အခြားသော ဧရာမမဟာထန်စစ်အလံကြီး တစ်ခုမှာ လေထဲ၌ လွင့်ပျံလာခဲ့သည်။ မင်းဆရာ ဝမ်ကျုံးစစ်မှာ လူထက်ပင် မြင့်မားသော မြင်းကြီးကို စီးနင်းလျက် ကျယ်လောင်စွာ မြင်းဟီသံများ အကြား၌ ရှေ့ဆုံးမှနေ၍ သောင်းနှင့်ချီသော စစ်တပ်ကြီးကို ဦးဆောင်ကာ အနောက်မြောက်ဘက် အရပ်မှနေ၍ တစ်ချိန်တည်းမှာပင် တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လာတော့သည်။
"သတ်…."
ရိုးရှင်းလှသော စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း မင်းဆရာ၏နှုတ်မှ ထွက်ပေါ်လာသည့်အခါတွင်မူ တောင်တန်းကြီး တစ်ခုအလား လေးလံလှပြီး သာမန် မဟုတ်သော ခွန်အားများ ပါဝင်နေတော့သည်။
ဤအခိုက်အတန့်၌ ဝမ်ကျုံးစစ်မှာလည်း ယခင်က မဟာထန်၏ ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ဦး၏ ထက်မြက်မှုများကို အပြည့်အဝ ပြသနေတော့သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ကြီးမားကျယ်ပြန့်လှသော ယန်ချီ စွမ်းအင်များမှာ သူ၏ ခေါင်းထက်မှနေ၍ ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွက်သွားတော့သည်။ အနောက်ဘက်တွင်မူ အဆုံးအစမရှိသော မဟာထန်စစ်တပ်ကြီးမှာ စိတ်ဓာတ်များ အလွန်အမင်း မြင့်တက်နေကြပြီး နဂါးများအလား အရှိန်အဝါများဖြင့် မြစ်ကို ဖြတ်ကူးနေသော ငါးအုပ်ကြီးအလား နိုင်ငံအသီးသီး စစ်တပ်ကြီး၏ အနောက်ဘက်သို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လာကြတော့သည်။
"မဟာထန်အတွက်"
"သတ်စမ်း"
စစ်တပ် နှစ်ခု၊ မင်းဆရာ ဝမ်ကျုံးစစ်နှင့်ဆမ်ဆာနစ် ဗိုလ်ချုပ် ပါဟရာမ် ဟူသော ဗိုလ်ချုပ် နှစ်ဦး ဦးဆောင်သော စစ်တပ်ကြီးများမှာ ရေလွှမ်းမိုးမှုကြီး တစ်ခုအလား အရပ်မျက်နှာ နှစ်ခုမှနေ၍ အသီးသီး ပြေးဝင် တိုက်ခိုက်လာကြတော့သည်။
ထိုအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်သွားခဲ့ရပြီး မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိတော့ပါချေ။
စစ်မြေပြင် တစ်ခုလုံးမှာ ငြိမ်သက်သွားခဲ့ပြီး အချိန်များပင်လျှင် အဆများစွာ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင်…
ကျယ်လောင်စွာ ပြင်းထန်လှသော မြည်ဟည်းသံကြီး ၏တစ်ခုနှင့်အတူ မဟာထန်၏ ခြုံခိုတပ် ၏နှစ်ဖွဲ့မှာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ ၏နှင့် ချက်ချင်းပင် ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။
"သတ်ကြ…."
ထိုအခိုက်အတန့်၌ အပြင်းအထန် သတ်ဖြတ်လိုသော အော်ဟစ်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် အရောင် ပြောင်းလဲသွားစေတော့သည်။
နိုင်ငံအသီးသီးဘက်မှ စစ်တပ် တစ်ဝက်ကျော်မှာ အန္တရာယ်ကို ခံစားလိုက်ရပြီး လျင်မြန်စွာ လမ်းကြောင်း ပြောင်းကာ ခံစစ်မျဉ်းများကို ဖွဲ့စည်းလိုက်ကြပြီး မဟာထန်၏ ခြုံခိုတပ် နှစ်ဖွဲ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကြိုးစားလိုက်ကြတော့သည်။
သို့သော် ဤကဲ့သို့သော ယာယီ ခံစစ်မျဉ်းမှာ အလွန်ပင် ပျော့ညံ့လွန်းလှရာ အရှိန်အပြည့်ဖြင့် ပြေးဝင်လာသော မဟာထန်၏ ခြုံခိုတပ် နှစ်ဖွဲ့၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရန် လုံးဝ မလုံလောက်ပါချေ။
"အားးး!"
နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည်တစ်ဦးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း လှံရှည် တစ်လက်ဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရကာ ဧရာမ ခွန်အားကြီးတစ်ခုက သူ့ကို မြေပြင်မှနေ၍ မြှောက်တင်လိုက်တော့သည်။
သူ၏အနောက်ဘက်တွင်မူ ပိုမိုများပြားလှသော စစ်သည်များမှာ ဤမဟာထန်ခြုံခိုတပ် နှစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး၊ မျက်နှာချင်းဆိုင် ဆုံတွေ့သည့် အခိုက်အတန့်မှာပင် ချက်ချင်း ထိုးဖောက်ခံလိုက်ရကာ တစ်ဦးပြီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြရတော့သည်။
"သူတို့ကို တားကြစမ်း"
"ဘယ်သူမှ နောက်မဆုတ်နဲ့!"
စစ်တပ်ကြီး အတွင်း၌ တာ့ခ် ဗိုလ်ချုပ်တစ်ဦးမှာ အသံကုန် အော်ဟစ်လိုက်တော့သည်။
သို့သော် နောက်တစ်ခဏတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး လူရိပ်တစ်ခုမှာ မြင်းနှင့်အတူတူ နတ်ဘုရား တစ်ပါးအလား တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်ဖြင့် လေထဲသို့ ခုန်တက်သွားခဲ့သည်။ နဂါး တစ်ကောင်အလား လေဟာနယ်ကို ဖြတ်ကျော်လျက် ထိုအမိန့်ပေးနေသော တာ့ခ် ဗိုလ်ချုပ်ကို မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
"ငါ့ကို တားတဲ့သူ အကုန် သေရမယ်!"
မင်းဆရာ ဝမ်ကျုံးစစ်၏ မျက်ဝန်းများမှာ အေးစက်နေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း သူ၏တစ်ကိုယ်လုံးမှ ဂန်ချီ စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။
"ဝုန်း!"
ထို တာ့ခ် ဗိုလ်ချုပ်မှာ ဘေးပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော တာ့ခ် အထက်တန်းလွှာ သံချပ်ကာမြင်းတပ်များနှင့်အတူ အသံတစ်ချက်မျှပင် မထွက်နိုင်လိုက်ဘဲ၊ ထို ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်လှသည့် ဂန်ချီ စွမ်းအင် များကြောင့် အမှုန့်ဖြစ်သွားအောင် ကြိတ်ချေခံလိုက်ရသည်။ ပေ တစ်ရာကျော် ပတ်လည်အတွင်း၌ မြင်းကြီးကို စီးနင်းထားသော ဝမ်ကျုံးစစ်မှလွဲ၍ အခြား အသက်ရှင်နေသူ တစ်ဦး တစ်ယောက်မျှ မရှိတော့ပါချေ။
"သတ်စမ်း"
တစ်ခုမှာ အသင့်ပြင်ထားသော စစ်တပ်ဖြစ်ပြီး၊ အခြားတစ်ခုမှာ လေးသံကြားရုံဖြင့် လန့်နေသော ငှက်များအလားဖြစ်နေကြရာ ဤနှစ်ဖွဲ့ ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ရလဒ်မှာ အစောကတည်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်၏။
နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ အနောက်ဘက်တွင် ချက်ချင်းပင် လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး စစ်တပ်ကြီး အားလုံးမှာ လုံးဝ ပြိုကွဲသွားကြတော့သည်။
"စစ်တပ်ကြီး အားလုံး အမိန့်ကို နာခံကြ၊ အကုန်လုံး သတ်ပစ်ကြ၊ တစ်ယောက်မှ အရှင် မထားနဲ့!"
"အခုက ငါတို့ စစ်နတ်ဘုရား ကို ကျေးဇူးဆပ်ရမယ့် အချိန်ပဲ!"
အခြားတစ်ဖက်တွင်မူ ပါဟရာမ်၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေခဲ့ပြီး သူ၏ အမိန့်နှင့်အတူ၊ အရေအတွက် တစ်သောင်း နီးပါး ရှိပြီး အလွန်ပင် အစွမ်းထက်လှသော ခိုရာစန်း သံချပ်ကာမြင်းတပ များမှာ သူ၏ အရှိန်အဝါများနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်၊ ယခင်က တစ်လောကလုံး၌ ကျော်ကြားခဲ့ပြီး မရေမတွက်နိုင်သော အောင်မြင်မှုများကို ဖန်တီးခဲ့ဖူးသော ဆမ်ဆာနစ် မင်းဆက်၏ ရှေးအကျဆုံးသော သံချပ်ကာမြင်းတပ်ကြီးမှာ ထက်မြက်လှသော ဓားရှည်ကြီး တစ်စင်းအလား နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ အတွင်းသို့ အလွန်ပင် နက်ရှိုင်းစွာ ထိုးစိုက်ဝင်ရောက်သွားတော့သည်။
******