စည်းစိမ်ချမ်းသာ
Vol. 005 Ch. 238
အံ့ဖွယ် ရတနာများက အချိန်တိုင်း တောက်ပ လင်းလက်နေသည်။ တိမ်ကောင်းကင် ကလန်က မည်သည့် နည်းလမ်းကိုမဆို အသုံးပြု နိုင်သည်ဟု ပြောခဲ့ပေသည်။ ဝမ်လင်း အသုံးပြုလိုက်သော အတားအဆီးကိုတော့ မည်သူကမျှ မြင်လိုက်ခြင်း မရှိပေ။
အတားအဆီး အစီအရင်က မြူနက်တိုင်ကို ထိခိုက်မိ လိုက်သည့်အခါ ဝမ်လင်းက ကျောက်စိမ်းပြားသည် ရွှေရောင် တောက်ပလာပြီး နှေးကွေးစွာ ပျံသန်းတက် လာခဲ့တော့၏။
အတားအဆီးက ကျောက်စိမ်းပြားပေါ်သို့ ရောက်သွားတော့သည်။ ရုတ်တရက် ကျောက်စိမ်းပြား၏ အမြန်နှုန်းက နှေးကွေး သွားလေ၏။ တစ်ချိန်တည်းမှာလည်း သူက နောက်ထပ် အတားအဆီး တစ်ခုကို ထပ်စေလွှတ် လိုက်၏။ သည်တစ်ခု ကတော့ မြူနက် အတွင်းရှိ ဆေးလုံးပေါ်သို့ ကျရောက် သွားလေသည်။ သည်ဆေးလုံးက ရွှေရောင်အလင်း တစ်ခုကို တောက်ပလာပြီး မြူနက်ထဲမှ ထွက်လာ ခဲ့တော့သည်။ ၎င်းက လူငယ် တစ်ယောက်၏ လက်ထဲသို့ ကျရောက် သွားတော့သည်။
သည်လူငယ်က မှင်တက် ကြောင်ငေးပြီးနောက် ထအောက်လိုက်၏။
“ဒါက ... ငါ ... ငါ အောင်မြင်ပြီပေါ့ ...”
ထိုစဉ် သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူက လျင်မြန်စွာ လူငယ်ရှေ့သို့ သွားလိုက်သည်။ စကားတစ်လုံးမှ မပြောဘဲ သူက လက်ဝှေ့ယမ်း လိုက်ရာ ဆေးလုံးက သူ့လက်ထဲသို့ ရောက်လာလေ၏။ သူက ဆေးလုံးကို သေချာ ဆန်းစစ်ကြည့်၍ လူငယ်ကို ပီတီဖြစ်စွာ ကြည့်လိုက်သည်။ အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ပြောလိုက်၏။
“မင်းအတွက် ဂုဏ်ယူပါတယ် ... မင်းက ဘာမှ ထပ်ပြီး စမ်းသပ်စရာ မလိုဘဲ တစ်ခါတည်း တိမ်ကောင်းကင် ကလန်ရဲ့ အတွင်းတပည့် တန်းဖြစ်သွားပြီ ...။ မင်းကတောင်ပေါ်ကို သွားပြီး ကလန် ခေါင်းဆောက်ကို သွားတွေ့လိုက်ပါ ...။ ဒီဆေးလုံးကို သေချာ ဂရုစိုက်ဦး ...။ မင်းက မင်းဆရာနဲ့ တွေ့ခဲ့မယ် ဆိုရင် ဒီဆေးလုံးကို လက်ဆောင် ပေးလိုက်ပါ ... ။ ဝမ်းနည်းစရာ ကောင်းတာက ဒါက မီးအခြေခံဆေးလုံး ဖြစ်နေတာပဲ ...။ တစ်ခုခု မှားတာမရှိဘူး ဆိုရင် ငါက မင်းဆရာ ဖြစ်လာလိမ့်မယ် ...”
သည်လူငယ်၏ မျက်လုံးများက ပီတီများဖြင့် ပြည့်နှက်လို့ သွား၏။ သူက စိတ်လှုပ်ရှားစွာ ခေါင်းညိတ် လိုက်မိသည်။
ဝမ်လင်း၏ အသွင်က တည်ငြိမ် နေသေးသော်လည်း စိတ်ထဲမှာတော့ လှုပ်ရှားလို့နေပြီ ဖြစ်သည်။ မြူနက်များ အတွင်း၌ သူက ဆေးလုံး၊ ကျောက်စိမ်းပြားနှင့် တုန်ကင် တို့ကို တွေ့မြင်ခဲ့သည်။
သည်ပစ္စည်း သုံးမျိုးက မတူညီသော အဓိပ္ပာယ်သုံးမျိုး ရှိသည်မှာ ရှင်းလင်းပါသည်။ ဆေးလုံးရသည့် သူက တပည့်တစ်ယောက် ဖြစ်လာပြီး ကျောက်စိမ်းပြား ရသည့်သူက အတွင်းတပည့် တန်းဖြစ်သွား၏။ တုန်ကင်ရသော သူက မည်သို့ ဖြစ်မည်နည်း။
ဝမ်လင်းက အနည်းငယ် တွေးလိုက်၏။ သို့သော် သူက ထပ်မလှုပ်ရှား သေးပေ။ သူက တစ်ချိန်က မတော်တဆ တစ်ခု ဖြစ်ခဲ့ကတည်းက အလွန် သတိထားတက်နေပြီ ဖြစ်သည်။ သူသာ အတားအဆီးများ တစ်ခုပြီးတစ်ခု ထပ်လုပ်မည် ဆိုပါက ထင်ရှားသိသာ သွားပေလိမ့်မည်။ သူလုပ်နေသော အတားအဆီးများကို ရှာတွေ့ သွားကြမည် ဆိုပါက သူ့အတွက် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက သက်လတ်ပိုင်း လူကြီး၏ အသွင်အပြင်ကို သေချာ ကြည့်လိုက်သော အခါ သူက အရာတစ်ခုကို သေချာ သိလိုက်သည်။ သူ့ပုံစံအရ နှစ်ပေါင်း(၃၀) ကြာတိုင်းတစ်ခါ ပြုလုပ်သော သည်လူသစ် ရွေးပွဲတွေ၌ မည်သူကမျှ ဆေးလုံး ရဖူးသည့်ပုံ မရှိပေ။ လူအများစုက ကျောက်စိမ်းပြားသာ ရခဲ့ကြသည့်ပုံ ဖြစ်နေ၏။
သက်လတ်ပိုင်း လူကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။
“အချိန်ပြည့်ဖို့ တစ်နာရီတောင် မလိုတော့ဘူး ...။ အခုငါက မင်းတို့ကို ဒီမြူနက်ထဲမှာ ရှိတဲ့ ပစ္စည်း လေးမျိုးကို ပြောပြမယ် ... ဒါတွေက ကျောက်စိမ်းပြား၊ ဆေးလုံး၊ တုန်ကင်နဲ့ ဆေးမီးဖိုပဲ ...”
သည်လေးခုထဲမှာ ကျောက်စိမ်းပြား ရရင် စမ်းသပ်ချက် အောင်မယ် ...။ ဆေးလုံး ရတဲ့လူက အတွင်းတပည့် ဖြစ်မယ် ...။ တုန်ကင် ရတဲ့လူက အဆင့် သုံးဆေးလုံးနဲ့ လဲလှယ်နိုင်မယ့် အပြင် အတွင်းစည်း တပည့်ဖြစ်မယ် ...”
တစ်ယောက်ယောက်က ဆေးမီးဖိုကို ရရင် ကလန် ခေါင်းဆောင်ရဲ့ တပည့် ဖြစ်လာမယ် ...။ ဒါပေမဲ့ တိမ်ကောင်းကင် ကလန် စတည်ထောင်တဲ့နှစ် (၈၀၀၀) ကတည်းက တပည့်(၆)ယောက်ပဲ ဆေးမီးဖို ရဖူးတယ် ...။ မင်းတို့ထဲက တစ်ယောက်က (၇)ယောက်မြောက် ဖြစ်လာဖို့ မျှော်လင့်မိတယ် ...”
မင်းတို့က ကလန်ခေါင်းဆောင်ရဲ့ တပည့်တစ်ယောက် ဖြစ်လာမယ် ဆိုရင် ဆေးလုံးတွေကို သုံးချင်သလောက် သုံးလို့ရတယ် ...။ ဆေးပညာရဲ့ အရေးကြီးတဲ့ နေရာတွေကိုလည်း ပိုထိတွေ့ လာနိုင်လိမ့်မယ် ...”
သက်လတ်ပိုင်း လူကြီးထံမှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူငယ်အားလုံးမှာ အသက်ဝဝ ရှူလိုက်ကာ မြူနက်တိုင်ကို လှမ်းကြည့် လိုက်ကြ၏။ သူတို့ မျက်လုံးထဲ၌ မြူနက်တိုင်က ဘဝ၏ချမ်းသာမှုကို ကိုယ်စားပြု နေသည်။
ဝမ်လင်းက သည်စကားလုံးများကို ကြားပြီးနောက် သူက မှင်တက်သွားသည်။ သူက အတားအဆီးထဲသို့ စစ်ဆေးကြည့် လိုက်သောအခါ ပစ္စည်းသုံးမျိုးသာ တွေ့ခဲ့ရသည်။ သူက ဆေးပြင်း မီးဖိုကို မတွေ့ခဲ့ချေ။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဆက်မကြည့်တော့ပဲ အတားအဆီး တစ်ခုကို ဆေးလုံးပေါ်သို့ ထပ်မံ ပစ်လွှတ်လိုက်၏။
ရွှေရောင် အလင်းတစ်ခု တောက်ပလာမှုနှင့် အတူ အပြာရောင် ဆေးလုံးတစ်ခု ချက်ချင်း ပျံထွက်လာပြီး ဝမ်လင်းက ဖမ်းဆုပ်လိုက်၏။ သည်အရာမှာ ဝမ်လင်းက တုန်ကင်ကို မလိုချင်သော ကြောင့်ပင်။ သူက တုန်ကင်ကို ယူလိုက်လျှင် ထင်ရှား သိသာသွားသလို ဖြစ်လိမ့်မည်။ သူက ကျောက်စိမ်းပြားကို မရွေးချယ် ဆိုလျှင်လည်း အတွင်းတပည့် တန်းမဖြစ်ဘဲ နေတော့မည် ဖြစ်၏။
ဆေးလုံး၏ အရောင်ကို သတိပြု လိုက်ပြီးနောက် သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက ရုတ်တရက် မြင့်တက်သွားသည်။ သူက ဝမ်လင်းလက်ထဲက ဆေးလုံးကို ဆွဲယူလိုက်၏။ သူက ဝမ်လင်းကို အချိန် အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“မင်းငါ့ကို ဆရာတင်ဖို့ ဆန္ဒရှိလား ...”
ဝမ်လင်း၏ မျက်နှာက ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။ သို့သော် သည်ကြောက်ရွံ့မှုက ဟန်ဆောင်မှု တစ်ခုပင် ဖြစ်၏။ သူက မြန်ဆန်စွာ ခေါင်းညိတ်လိုက်သည်။
သက်လတ်ပိုင်း လူကြီးက ပြုံး၍ ပြောလိုက်ပြန်သည်။
“လူရွေးပွဲပြီးရင် ငါ့ဘေးနားလာခဲ့ ...။ ငါမင်းကို ကလန်ခေါင်းဆောင်ကို တွေ့ဖို့ တောင်ပေါ်ကို ခေါ်သွားမယ် ...”
ဝမ်လင်းက မြန်ဆန်စွာပင် စင်ထောင့်သို့ သက်လတ်ပိုင်း လူကြီး၏နောက်သို့ ကပ်လိုက် သွားလိုက်သည်။ သူ့မျက်နှာပုံစံက ကြောက်ရွံ့မှုနှင့် ပီတီဖြစ်ဟန်တို့ ရောထွေးလို့ နေသည်။ သို့သော် စိတ်ထဲမှာတော့ နှာခေါင်းရှုံ့ လိုက်၏။ ဝမ်လင်းက သက်လတ်ပိုင်း လူကြီးမှာ ပထမ တစ်ယောက်က မီးဆေးလုံးကို ရရှိသောအခါ စိတ်ရှုပ် သွားသည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူက ရေဆေးလုံးကို လိုချင်သည့်ဟန် ရှိသည်။
သို့ကြောင့် ဝမ်လင်းက ရေဆေးလုံးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သက်လတ်ပိုင်း လူကြီးက ဆေးလုံးနှစ်လုံး ပေါ်လာသောကြောင့် ပျော်ရွှင်လို့ နေပေသည်။
သည်ကျန်ရှိသော တစ်နာရီ အတွင်း၌ သုံးယောက်ထပ် ပိုသောလူများ ရွေးချယ်ခံခဲ့ ရပြန်သည်။ သည်သုံးယောက်ထဲက တစ်ယောက်ကတော့ ဝမ်လင်းနှင့် လမ်းအတူ လျှောက်ခဲ့သော မိန်းကလေး ဖြစ်၏။
အချိန်က အဆုံးသတ်ရန် နီးလာပြီး ဖြစ်သည်။ သက်လတ်ပိုင်း လူကြီးက ကောင်းကင်ကို ကြည့်၍ ကြေညာရန် ပြင်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မြူနက်တိုင်လုံး တစ်ခုလုံးက စတင် ပြင်းထန်စွာ လှည့်ပတ်လာ၏။ အနက်ရောင် တိမ်တိုက်များကလည်း ကောင်းကင်ထက်၌ ပေါ်လာခဲ့ပြီး အလင်းတန်းများက ကောင်းကင်ပေါ်၌ တောက်ပ သွားလေသည်။
တစ်ချိန်တည်းမှာ မြူများ အတွင်းမှ မိုးခြိမ်းသံများက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ မြူများ၏ထောင့် တစ်နေရာ၌မူ ကြီးမားသော ဆေးမီးဖို တစ်ခုက ထွက်ပေါ်လို့ လာခဲ့ပြန်သည်။
ဆေးမီးဖိုထိပ်က ခရမ်းရောင် ဖြစ်နေပြီး အနက်ရောင် နဂါးတစ်ကောင် ရစ်ခွေထားသည့် ဟန်လည်း ရှိသည်။ နဂါး၏မျက်လုံးများက မလိုလားဟန် ရသည့် သန်မာသော စိတ်အာရုံများဖြင့် ပြည့်နေခဲ့သည်။ ၎င်းက ကောင်းကင်ကို ကြည့်၍ အနည်းငယ် ဟိန်းဟောက် လိုက်တော့သည်။
သည်ခဏ၌ မမြင်ရသော အားတစ်ခုက မြူများထဲမှ ထွက်လာပြီး သက်လတ်ပိုင်း လူကြီး၊ ဝမ်လင်းနှင့် သူ့နောက်ရှိ အားနည်းဟန် ရသောလူငယ် တို့ကလွဲ၍ စင်မြင့်ပေါ်ရှိ လူတိုင်းကို နောက်သို့ ဆုတ်သွားစေသည်။ ဝမ်လင်းက ဆေးမီးဖိုကို စူးစိုက်ကြည့် လိုက်သည်။
ထိုအခါ ဆေးမီးဖိုက အနက်ရောင် အလင်းလွှာ တစ်ခုဖြင့် ဖုံးလွှမ်း ထားသည်ကို တွေ့လိုက်ရသည်။ ဆေးမီးဖိုက အနည်းငယ် ရွေ့သွားသည့် အခါတိုင်း အလင်းလွှာကလည်း လျော့ကျ သွားလေသည်။
“သုံးချောင်းထောက် ဆေးမီးဖို ... ဒါက သုံးချောက်ထောင် နဂါးဆေးမီးဖို ...” ဝမ်လင်း၏ ဘေးနားမှာ ရပ်နေသော သက်လတ်ပိုင်း လူကြီး၏ အသွင်က လေးနက်သွား၏။
သို့သော် သည်ဆေးမီးဖိုက ရုတ်တရက် တုန်ခါသွားပြီး ပျံထွက်လာခြင်း မရှိဘဲ မြူများထဲသို့ ပြန်မြုပ် သွားလေသည်။ တစ်ချိန်တည်းမှာ ရွှေရောင်တုန်ကင် တစ်ခုက မြူများကြားမှ ထွက်လာခဲ့ပြီး အားနည်းဟန် ရသော လူငယ်၏ လက်ထဲသို့ ကျရောက် လာတော့သည်။
ထိုအချိန်၌ သက်လတ်ပိုင်း လူကြီးက ပြောလိုက်၏။ အကုန်လုံးကို တိမ်ကောင်းကင် ကလန်ကို ခေါ်သွား ... လူတိုင်းက တစ်ခုခု ရလိမ့်မယ် ...။ ငါ့နောက် လိုက်ခဲ့ကြ ...” သူက ထိုသို့ ပြောပြီးနောက် ဝမ်လင်းနှင့် တုန်ကင်ရခဲ့သော လူငယ်ကိုသယ်၍ တောင်ပေါ်သို့ ခေါ်သွားတော့သည်။
သူ့နောက်၌မူ တိမ်ကောင်းကင် ကလန်၏ တပည့်သုံးယောက်က လိုက်ပါလာသည်။ သူတို့ကလည်း စမ်းသပ်မှု အောင်မြင်သော သူများကို တောင်ပေါ်သို့ ခေါ်လာခဲ့ ကြလေသည်။
ဝမ်လင်းက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သက်လတ်ပိုင်း လူကြီးက ပို၍ မြန်ဆန်စွာ သွားလိုက်ပြီး တောင်ထိပ်နှင့် နီးကပ် လာခဲ့တော့သည်။ ထို့နောက် သူတို့က အလင်းအဆီး အလင်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် ဝမ်လင်းရှေ့ရှိ မြင်ကွင်းက လုံးဝ ပြောင်းလဲ သွားတော့သည်။
စိမ်းလန်းသော သစ်တောနှင့် တောင်များက ပျောက်ကွယ်သွားပြီး ဝမ်လင်း၏ရှေ့၌ ကျောက်စိမ်းဖြင့် ထွင်းထုထား အလှဆင်ထားသော ခန်းနားသည့် အဆောက်အဦကြီးကို မြင်လိုက်ရသည်။ ဝမ်လင်းကဲ့သို့ အတွေ့အကြုံ ရှိနေသောသူပင် အံ့ဩမိ သွားသည်။ တိမ်ကောင်းကင် ကလန်က အမှန်ပင် ကြွယ်ဝလွန်းနေ၏။
တစ်ချိန်တည်းမှာ ကျောက်စိမ်းများစွာ ရှိနေသောကြောင့် သည်နေရာသည် စိတ်ဝိညာဉ် စွမ်းအင်များ ထူထဲစွာ ရှိနေသည်။ ဝမ်လင်းက အသက်တစ်ချက် ရှူလိုက်ရာ သက်သောင့်သက်သာ ခံစားလိုက်ရ၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ကောက်ချက် ချလိုက်သည်။ သည်နေရာတွင် တစ်ရက် လေ့ကျင့်ခြင်းက အပြင်၌ သုံးရက် ကျင့်ကြံခြင်းနှင့် တူညီပေသည်။
ဝမ်လင်းက စမ်းသပ်မှုကို အောင်မြင်၍ အရွေးခံထားရသော သူများကို ကြည့်လိုက်သည်။ သူတို့ အားလုံးမှာလည်း မှင်တက် ကြောင်ငေးမိ နေကြပေသည်။
သူတို့က အတားအဆီး အလင်းကို ဖြတ်ကျော် လာပြီးနောက် သက်လတ်ပိုင်း လူကြီးက သူတို့ကို သယ်ဆောင် ထားရာမှ လွှတ်ချလိုက်သည်။ အကြောင်းမှာ လူတိုင်းက တိမ်ကောင်းကင် ကလန်ကို လာရောက် ကတည်းက ကိုယ်ပိုင်ရတနာများ ပါလာကြပေသည်။ သူတို့က အခု သူတို့ကိုယ်ပိုင် ရတနာများကို သုံး၍ ပျံသန်း နေလိုက်ကြသည်။
သူတို့အုပ်စုက မြန်ဆန်စွာ ပျံသန်းခြင်း မရှိကြပေ။ ဝမ်လင်းက သူတို့ရှေ့ရှိ အကွာအဝေး တစ်ခုမှ ပျံသန်းလာသော ကြိုးကြာအုပ်ကို မြင်လိုက်၍ မှင်တက်မိ သွားလေသည်။ ကြိုးကြာများ အပေါ်၌ လှပသော အမျိုးသမီးများက ထိုင်၍ လိုက်ပါ လာကြသည်။ သည်အမျိုးသမီးများက သက်တံရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့က လိပ်ပြာလေးများ ကနေသည့်နှယ် ထင်ရ၏။ လူတိုင်းက သည်မြင်ကွင်းကို အလိုအလျှောက် ကြည့်မိသွားပေသည်။
ကြိုးကြာအုပ်က ပို၍ နီးလာသည်နှင့် အမျိုးသမီးများထဲက တစ်ယောက်က ကြည်လင်သော အသံလေးဖြင့် ပြောလိုက်လေသည်။
“အကြီးအကဲကျောက် ... ဒီလူတွေက တပည့် အသစ်တွေလား ...”
သည်အမျိုးသမီးက ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူမနှုတ်ခမ်း ထောင့်စွန်းလေး၌ ရှိသော အစက်ကလေးကလည်း သူမအား အလွန် ညှို့ယူနိုင်စွမ်း ရှိနေစေသည်။
သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်ကာ ရယ်မော၍ ပြန်ပြောလိုက်သည်။
“ဟုတ်တယ် ... ဒီတစ်ခေါက် လူသစ်ရွေးပွဲမှာ ခြောက်ယောက် အောင်မြင်ခဲ့တယ် ...”
အမျိုးသမီးက သည်အုပ်စုကို သိမ်းကျုံး ကြည့်လိုက်၏။ သူမအကြည့်က ဝမ်လင်းနှင့် လမ်းအတူ လျှောက်ခဲ့သော မိန်းကလေးထံ၌ အဆုံးသတ် သွားသည်။ ထို့နောက် သူမက ပြုံး၍ ပြောလိုက်သည်။
“အရမ်းလှတာပဲ ... ဆရာသာ မြင်မယ်ဆိုရင် တပည့်အဖြစ် ကျိန်းသေ လက်ခံလိမ့်မယ် ...”
အမျိုးသမီးက ထိုသို့ ပြောလိုက်သောအခါ သူမနှင့်ပါလာသော အမျိုးသမီးများကလည်း သည်မိန်းကလေးကို စူးစိုက်ကြည့် လိုက်ကြသည်။ သည့်နောက် ကြိုးကြာပေါ်ရှိ အမျိုးသမီးများ အားလုံးက ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက် ကြတော့သည်။
***