အခန်း ၂၁၁
Vol. 15 Ch. 211
အပိုင်း ( 211 )
ဟန်ဆောင်တာ များလွန်းတယ်
ညအမှောင်သည် ရှေ့တက်လာသည့် ပုံရိပ်များကို အဖော်ပြုကာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။
ယခင်ကကဲ့သို့ပင် သူတို့၏ အရှိန်အဝါများအတွင်းတွင် မည်သည့်စွမ်းအင်လှိုင်းအတက်အကျမှ ရှိမနေခဲ့ပေ သူတို့၏ တိုက်ခိုက်မှုများက မြန်ဆန် အားကောင်းနေလျက်ရှိ၏ သို့သော် သူတို့၏ စွမ်းအားများက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီး မည်သူကမှ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈အောက်တွင် ရှိမနေခဲ့ပေ။
ထို့အပြင် တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းအားအရ သူတို့သည် အဆင့်တူ/နယ်ပယ်အတွင်းတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်သည်။
ဘမ်း
တိုက်ကွက်တစ်ခုတည်းဖြင့် ရုပ်သေးတစ်ခု လွင့်ထွက်သွား၏။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ ဇဝေဇဝါဖြစ်သွားခဲ့၏ “ သူတို့က ဘာလုပ်ချင်နေကြတာလဲ။ ငါ့ကို အုပ်စုဖွဲ့ရိုက်မလို့လား “
သရဲတစ္ဆေကဲ့သို့သော အဆိုပါ ပစ္စည်းများနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူ၏ စိတ်စွမ်းအားက ဘက်ပေါင်းစုံသို့ အဆက်မပြတ် ပျံ့နှံ့ရောက်ရှိသွားသော်လည်း သူသည် မည်သူ့ကိုမှ ရှာမတွေ့သေးပေ သို့သော် သူသည် တစ်စုံတစ်ဦးက အရိပ်အတွင်းမှ စောင့်ကြည့်နေသည်ကို သေချာနေခဲ့သည်။
ထိုကဲ့သို့မဟုတ်ဘူးဆိုပါက သူတို့က အဆိုပါ ရုပ်သေးများကို ထိန်းချုပ်နေနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် သူတို့၏ ရည်ရွယ်ချက်နှင့် သူတို့က ဤပစ္စည်းများကို အသုံးပြုကာ သူ့ကို သတ်ရန် ကြံရွယ်ထား မထားထားဆိုသည်ကို မသိခဲ့ပေ။
သူက တစ်ဖက်လူ၏ တည်နေရာကို မရှာနိုင်သောကြောင့်ပင် သတိတကြီး ဖြစ်နေခဲ့၏။
တိုက်ခိုက်သည့် အချိန်တွင် သူ၏မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆မှာပင် ထိန်းချုပ်ထားကာ ပတ်ဝန်းကျင်ကို မည်သည့်ဖိအားမှမရှိဘဲ လှုပ်ရမ်းသွားစေခဲ့၏ ပုံရိပ်များက တစ်ခုပြီးတစ်ခု ရှုံးနိမ့်သွားကာ သူ၏ပတ်ပတ်လည်တွင် ဓားချီ အမြောက်အများ မြင့်တက်နေလျက်ရှိ၏။
ထိုအခိုက်အတန့်တွင် ဓားနှလုံးသား သန့်စင်မှု ပေါ်ထွက်လာခဲ့၏။
ထိုအချိန်တွင် ဓားချီက ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကဲ့သို့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည် ချဥ်းကပ်လာသည့် ရုပ်သေးများသည် ဆက်တိုက်ချေမှုန်းခံလိုက်ရပြီး သစ်သားအပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။
မည်သည့်ဓားရှည်ကိုမှ မဖွင့်ထုတ်လိုက်သော်လည်း တချွမ်ချွမ်အော်မြည်သံများ အဖော်ပြုလိုက်ပါနေခဲ့ပြီး ပတ်ပတ်လည်သို့ သူ့အကြည့်များ ဆက်တိုက်ရောက်ရှိနေကာ ရှာဖွေရန် ကြိုးပမ်းနေခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်တွင် အမှောင်အတွင်းမှ စောင့်ကြည့်နေသူများသည် အမူအရာအမျိုးမျိုး ဖြစ်သွားကြသည်။
“ အဆင့်သုံးဆင့်တောင် အဆင့်ကျော်တိုက်နေတယ် ဒီကလေးက တကယ်ကိုထူးခြားတယ် “
လူတစ်ဦးက တအံ့တဩဖြင့် မှတ်ချက်ပေးနေခဲ့၏။
တစ်ခြားလူများကပါ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တုံ့ပြန်လာကြသည် “ ဓားတာအိုက လေ့ကျင့်ရခက်တယ် ဒါပင်မဲ့ တတ်မြောက်သွားတာနဲ့ အဲ့တာက တကယ်ကို ကြောက်ဖို့ကောင်းတယ်။ ဒီလိုငယ်ငယ်ရွယ်ရွယ် ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားတယ် သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီ “
“ တကယ်လို့ အဆင့်တူက လူတစ်ယောက်ယောက်က မိုးကြိုးတာအို(ဒါမှမဟုတ်) သတ်ဖြတ်ခြင်းတာအိုကို မပိုင်ဆိုင်ထားဘူးဆိုရင် သူ့ကို အဆင့်တူနေတဲ့ အချိန်မှာပဲ တိုက်ခိုက်နိုင်ကြလိမ့်မယ် “
“ ဒီမျိုးဆက်မှာ ဒီလိုလူမျိုး ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ ကောလဟာလတွေက မမှားဘူးပဲ သူပေါ်လာတာက ငါတို့ကို ပြဿနာတော်တော်များများ သက်သာသွားစေခဲ့တယ် “
“ ဒီအတိုင်းပဲထားလိုက်ကြတာပေါ့ “
ထောက်ခံအားပေးသည့် အရိပ်အငွေ့များ သယ်ဆောင်ထားသော အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့၏။
ရုပ်သေးများကို လွှတ်ပေးလိုက်သည့် လူမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့ကာ သူ၏လက်ကို ဝေ့ရမ်းလိုက်သည် အဆိုပါ ရုပ်သေးများသည် ဆင့်ခေါ်ခြင်းကို အာရုံခံမိသွားပုံရကာ ဦးတည်ချက်တစ်ဖက်သို့ ပြန်ဆုတ်သွားတော့၏။
လုချန်ရှန်းသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် တည်နေရာကို သိရှိသွားခဲ့သည်။
“ ဘယ်သွားမယ်လို့ ထင်နေတာလဲ “
ထို့နောက်တွင် အဆုံးမဲ့ ဓားချီများသည် တောင်တန်းများနှင့် ပင်လယ်များကို ပိုင်းဖြတ်လိုက်သည့်အလား ရှည်လျားသော မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းသွားကာ ရုပ်သေးတိုင်းကို ချက်ချင်းဝါးမြိုသွားခဲ့သည်။
ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့၏ သို့သော် ချက်ချင်းဆိုသလိုပင် ရုပ်သေးအားလုံး ချေမှုန်းခံလိုက်ရသည်။
ရုပ်သေးများ ပျက်စီးသွားသည်ကို စောင့်ကြည့်နေရင်းဖြင့် လူပေါင်းများစွာ၏ အမူအရာများ အေးခဲတောင့်တင်းသွားခဲ့သည်။
ရုပ်သေးများကို လွှတ်ပေးလိုက်သည့် လူမှာလည်း မျက်နှာရှုံ့မဲ့သွားခဲ့ကာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
၎င်းတို့အားလုံးက သူ၏ ရတနာများ ဖြစ်ပြီး တစ်ခုချင်းစီတိုင်းကို အချိန်ယူကာ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည် သို့သော် ယခုတွင်ကား မျက်စိတစ်မှိတ်အတွင်းမှာပင် ဒါဇင်နှင့်ချီ၍ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
၎င်းသာလျှင် မဟုတ်ပေ လုချန်ရှန်းသည် မည်သို့မျှ မရပ်တန့်သွားဘဲ ရုပ်သေးများ ထွက်သွားသည့်ဘက်သို့ ဦးတည်သွား၏။ သူသည် မည်သူက သူ့ကို ချုံခိုတိုက်ခိုက်လဲဆိုသည်ကို သိချင်နေလျက်ရှိလျက်ရှိ၏ သူဘာကြောင့် အတိုက်ခံရလဲဆိုသည်ကို မသိရမချင်း စားဝင်အိပ်ပျော်မည် မဟုတ်ပေ။
သူသည် ကန်းယွင်ကားချပ်ကိုပင် တိတ်တဆိတ် ပြင်ဆင်ထားခဲ့ပြီဖြစ်သည် အခြေအနေများ ဆိုးရွားလာမည်ဆိုပါက သူသည် ဟင်းလင်ပြင်ကို ဆုတ်ဖြဲကာ ချက်ချင်းထွက်ပြေးမည် ဖြစ်သည်။ အကယ်၍ မွေးရာပါ ဝိညာဥ်နယ်ပယ်မှ လူများသာဆိုပါက သူသည် ထိုလူအားလုံးကို သတ်ဖြတ်မည် ဖြစ်သည်။
သူယခင်က မလှုပ်ရှားခဲ့ရသည်မှာ ထိုလူများက မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကို မသိသောကြောင့် ဖြစ်သည် သို့သော် ယခုတွင်ကား သူသိနေခဲ့ပြီဖြစ်သောကြောင့် ဤကိစ္စကို အလွယ်တကူ လွှတ်ပေးလိုက်မည် မဟုတ်ချေ။
“ ဒီကလေးက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ “
“ သွားကြစို့ ငါတို့ကို မတွေ့သွားစေနဲ့ “
“ အင်း “
လူတော်တော်များများသည် ခေါင်းငြိမ့်ပြလိုက်ကြပြီး သူတို့၏ လက်များကို မြှောက်၍ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။
လုချန်ရှန်းသည် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။
“ ဟက် ဘယ်သူကမှ ငါ့ကို ပေါ်တင်မရင်ဆိုင်ရဲဘူး။ ဒီလိုငကြောက်မျိုးတွေကို တစ်ခါမှမတွေ့ဖူးပါဘူးကွာ “ သူသည် ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားသွားခဲ့ရ၏။
အဆုံးတွင် သူသည် ခေါင်းတခါခါဖြင့် သက်ပြင်းချကာ လှည့်ထွက်သွားတော့သည်။
သို့သော် ထိုလူများကမူ သူ့စကားကို ကြားကာ မျက်နှာများ ရှုံ့မဲ့သွားကြသည် သူတို့က အမှန်တကယ် အလှောင်ပြောင်ခံခဲ့ရကြ၏။
သို့ရာတွင် သူတို့သည် ကိုယ့်ကိုကိုယ် ထုတ်မပြလိုက်ကြပေ။
လုချန်ရှန်းမှာလည်း ထျန်းယွမ်မြို့သို့ ပြန်သွားခဲ့သည်။ ဘေးကင်းစေရန်အလို့ငှာ သူသည် ရင်နန်ဟိုင်ကို ရှာဖွေကာ ထျန်းယွမ်မြို့သခင်ထံမှ လက်စွပ်တစ်ကွင်း ငှားရမ်းခဲ့ပြီး တည်နေရာပြောင်းလဲသွားကြောင်း ပထမဦးဆုံးပြိုင်ဘက်ကို အသိပေးလိုက်သည်။
ကြီးမားသော တိုက်ပွဲကြီးသည် စီစဥ်ထားခဲ့သည့်အတိုင်းပင် ရောက်ရှိလာခဲ့၏။
ထျန်းယွမ်မြို့သို့ လူတော်တော်များများ ရောက်ရှိလာခဲ့ပြီး တစ်ခဏအတွင်းမှာပင် လူများ ပြည့်ကြပ်ညပ်နေခဲ့ပြီဖြစ်သည် ကြီးမားသော ကွင်းပြင်(စင်မြင့်)တစ်ခုသည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားခဲ့ရသည်။
သူတို့က ဤတိုက်ပွဲကို အတော်ပင် မျှော်လင့်ထားကြသေး၏။
ထိုလူများက ဂိုဏ်းကြီး(သို့) အင်အားစုကြီးများ၏ အမွေဆက်ခံသူများ ဖြစ်ကြပြီး သူတို့၏ဂိုဏ်းများအရ သူတို့အားလုံးက ထူးချွန်ထက်မြက်ကြသော်လည်း အသိအမှတ်မပြုခံရသေးပေ။
ယခု လုချန်ရှန်းနှင့် စီးချင်းထိုးရမည့် တိုက်ပွဲက သူတို့က ကိုယ့်ကိုကိုယ် သက်သေပြနိုင်မည့် မဟာအခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။
လုချန်ရှန်းသည် ကွင်းပြင်အတွင်းတွင် လက်နောက်ပစ်၍ ရပ်နေကာ အေးဆေးတည်ငြိမ်သော ဟန်အမူအရာဖြင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေလျက်ရှိ၏။
ဤနေရာက ထျန်းယွမ်မြို့သခင်၏ ကာကွယ်မှုအောက်တွင် ရှိသောကြောင့် မည်သူက ပြဿနာ မရှာဝံ့ကြပေ ထျန်းယွမ်မြို့သခင်ဆိုသည်မှာ အားကောင်းသည်ဟု ကူချန်ကျွင်းကပင် အသိအမှတ်ပြုထားခဲ့သည့် လူတစ်ဦးဖြစ်သည်။
မကြာခင် အချိန်မှာပင် ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏ ဧရာမ သားရဲကြီးတစ်ကောင်သည် မိုးကုပ်စက်ဝိုင်းကို ကျော်ဖြတ်လာခဲ့ကာ ရထားလုံးတစ်လုံးကို ဆွဲလာခဲ့ပြီး လူတိုင်းက ကောင်းကင်ထက်သို့ မော့ကြည့်နေကြတော့၏။
စစ်ရထားလုံးပေါ်တွင် အသက်နှစ်ဆယ့်နှစ်(သို့) နှစ်ဆယ့်သုံးအရွယ် လူငယ်တစ်ဦး ထိုင်နေလျက်ရှိပြီး သူသည် အထင်တသေးဖြစ်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေသော အကြည့်မျိုးဖြင့် အောက်သို့ ငုံ့ကြည့်လာခဲ့သည်။
သူ၏အရှိန်အဝါတစ်ခုလုံးက တိုင်းတာ၍ မရသော နတ်တောင်တန်း(သို့) ကြီးမားသော ရွှံ့နွံတစ်ခုကဲ့သို့ အလွန်တရာ နက်ရှိုင်းနေကာ တစ်ချက်မျှ ငေးကြည့်ရုံဖြင့် သူ့အား ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခုအလား ဖြစ်သွားစေခဲ့၏။
“ ရထားလုံးကို ဆွဲနေတဲ့အကောင်က တောက်ပသောကြယ် ရှေးဟောင်းသားရဲမလား။ အဲ့တာက မြောက်ပိုင်း ကြယ်နန်းတော်ရဲ့ အမွေခံပဲ “
“ သူက ကြွေကျလာတဲ့ ကြယ်အလင်းတန်းနဲ့အတူ မွေးလာခဲ့တာလို့ ပြောကြတယ်။ သူ့ရဲ့ ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈အထိ ရောက်နေပြီ။ တစ်ခါမပေါ်လာခဲ့ဖူးပင်မဲ့ သူက ဂုဏ်ယူဝင့်ကြွားတတ်တဲ့ စိတ်နေစိတ်ထားမျိုးကို ပိုင်ဆိုင်ထားတယ် “
“ သူ့ရဲ့ ရုပ်ခန္ဓာက တော်တော်လေး ထူးခြားတယ်လို့ ကြားခဲ့ရတယ် သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်ကို လွှမ်းမိုးထားနိုင်တယ်တဲ့ “
“ … “
ကွင်းအောက်ဘက်တွင် လူတိုင်း၏ ဆွေးနွေးပြောဆိုမှုများနှင့်အတူ ဆူညံသံများ ပေါ်ထွက်လာခဲ့၏။
သို့ရာတွင် လူတစ်ချို့က နားမလည်ကြသေးကာ မေးမြန်းလာခဲ့သည် “ သူက တော်တော်လေး အစွမ်းထက်ပြီးတော့ အဲ့လို ဂုဏ်သတင်းမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူ့ကိုယ်သူ သက်သေပြဖို့အတွက် လုချန်ရှန်းကို စိန်ခေါ်ဖို့ လိုအပ်သေးလို့လားဟ “
“ ငါမသိဘူး လွန်ခဲ့တဲ့နှစ်ရက်ကမှ ကြားခဲ့ရတာ “
“ ဒီနှစ်ရက်အတွင်းမှာလား “
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည် ကြယ်နန်းတော်က လုချန်ရှန်းကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင် ရရှိလာနိုင်သည့် အကောင်းဆုံးသော အကျိုးသက်ရောက်မှုကို ကြံရွယ်ကာ အရှိန်အဟုန်မြှင့် ပြင်ဆင်နေခြင်းဆိုသည်မှာ သိသာလွန်းလှသည်။
ဝင်ရောက်လာသည့် ပုံစံကိုပင် အရှိန်အဝါအပြည့် ဖြစ်အောင် ပြင်ဆင်ပေးထားခဲ့၏။
“ လုချန်ရှန်း မင်းနဲ့တိုက်ဖို့ ငါရောက်လာပြီ။ မင်းအဆင်သင့်ဖြစ်ပြီလား “
ယန်ရီ၏ အသံသည် အထက်မှ ပျံ့လွင့်လာခဲ့သည်။
လုချန်ရှန်းသည် အေးအေးလူလူ ငေးကြည့်ကာ စကားပြောနေတော့သည် “ ဒီလိုအရှိန်အဝါမျိုးနဲ့ဆိုရင် ငါရှုံးသွားတော့မယ်လို့ ခံစားနေရတယ် “
သို့ရာတွင် ၎င်းကို သူဂရုမစိုက်ပေ။ သူသည် စစ်ရထားပေါ်မှ ဆင်းသက်လာသည့် ပြိုင်ဘက်ဖြစ်သူကို စောင့်ကြည့်နေခဲ့၏။ တစ်ဖက်လူသည် ကျက်သရေရှိကာ မျက်လုံးများ တလက်လက် တောက်ပနေလျက်ရှိပြီး ၎င်းတို့ကို အဆုံးမဲ့ ယုံကြည်မှုတို့က အဖော်ပြုပေးနေခဲ့၏။
“ စိန်ခေါ်တာကို လက်ခံလိုက် “
ယန်ရီသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့ပြီး သူအရှိန်အဝါမှာ မည်သို့မျှ မလျော့ကျသွားခဲ့ပေ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဝိညာဥ်ကျောက်တုံးတွေ ယူလာခဲ့လား “
“ ဟက် “
ယန်ရီသည် အသာအယာ နှာခေါင်းရှုံ့ကာ အိတ်တစ်လုံးပစ်ပေးလိုက်သည်။
လုချန်ရှန်းသည် ၎င်းကို ဖမ်းယူကာ ရေတွက်နေတော့၏ အမှန်ပင် သုံးသိန်းဖြစ်နေခဲ့သည်။
“ မင်းက စစ်ပွဲဘုရင်ရဲ့ တပည့်တစ်ယောက်လို့ ငါကြားခဲ့ရတယ်။ စစ်ပွဲဘုရင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒေသလေးခုစလုံးက ဦးညွတ်ရလောက်တဲ့အထိ ပြိုင်ဘက်ကင်းတယ်။ ဒီနေ့မှာ မင်းကရော သူ့လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားလားဆိုတာကို ငါကြည့်မယ် “
“ မင်းဟန်ဆောင်တာ များနေပြီ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။ ထိုလူမည်မျှပင် သရုပ်ဆောင်ပါစေ သူသည်းခံနိုင်သေးသည် သို့သော် ထိုကဲ့သို့ သရုပ်ဆောင်ခြင်းကိုမူ မည်သို့မျှ သည်းမခံနိုင်တော့ပေ။
ကျော်ကြားမှုအတွက် ဆိုလျှင်တောင်မှ စည်းဘောင်များ ကျန်ရှိနေသင့်ပေသည် သို့သော ဤလူကမူ ၎င်းတို့အားလုံးကို ရိုက်ချိုးလိုက်ပုံရ၏။
“ ဟက် “ ယန်ရီမှ ထပ်မံ၍ သရော်လာခဲ့သည်။
အကြည့်အားလုံး ထပ်မံ၍ စုစည်းလာခဲ့ပြန်၏။
သူတို့သည် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသေးသည့် ယန်ရီကို မြင်တွေ့နေကြရ၏ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တွင် မှော်စွမ်းအားများက သူ့ကို ဖုံးအုပ်လာခဲ့၏။ အစမှအဆုံးအထိ သူ၏ အရှိန်အဝါက အထွတ်အထိပ်တွင် ရှိနေခဲ့ကာ သူကိုယ်တိုင်မှာလည်း အကြွင်းမဲ့ ယုံကြည်မှု၏ စိုးမိုးခြင်းကို ခံထားခဲ့ရသည်။
စိတ်အားထက်သန်နေသည့် အကြည့်များ အောက်မှာပင် လုချန်းရှန်း လှုပ်ရှားလာခဲ့ပြီး လူတိုင်းကို နေရာမှာတင် အေးခဲတောင့်တင်းသွားစေခဲ့၏။
အစတွင် ယန်ရီသည် လေထုအတွင်းသို့ ခုန်တက်ကာ သေစေနိုင်သည့် တိုက်ကွက်များကို ထုတ်လွှတ်လိုက်၏ သို့သော် သူချဥ်းကပ်သွားသည့် အချိန်မှာပင် လုချန်ရှန်းက သူ၏ လက်ဝါးကို ဖွင့်ဟကာ အဆိုပါ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းဖြိုခွင်းလိုက်ပြီး သူ့ကို ကွင်းပြင်အတွင်းမှ လွင့်ထွက်သွားစေခဲ့၏။
ယန်ရီ၏ ခန္ဓာကိုယ်သည် မြို့နံရံကို ဝင်ဆောင့်မိသည့် အချိန်မှသာလျှင် ရပ်တန့်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ မျှော်လင့်တကြီးဖြစ်နေသည့် အကြည့်များလည်း ပြောင်းလဲသွားခဲ့သည်။ သူတို့သည် စင်မြင့်အောက်သို့ ငေးကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
အမှန်အကန် ဟိတ်ဟန်ထုတ်ကာ အလွန်တရာ မောက်မာနေခဲ့သည့် လူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တစ်ကွက်လေးပင် မခုခံနိုင်ခဲ့ချေ။
သို့ရာတွင် နောက်ဆုံးရလဒ်ကမူ သူမှန်းဆထားသည့်အတိုင်းသာ ဖြစ်နေခဲ့၏ ယနေ့မှစ၍ သူကျော်ကြားလာတော့ပေမည်။
--
..........................................................................................................................................