← Chapters

အခန်း ၂၁၂

Vol. 15 Ch. 212

အခန်း ၂၁၂

Vol. 15 Ch. 212

အပိုင်း ( 212 )

ထင်ထားတဲ့အတိုင်းပဲ

ယန်ရီက တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ တစ်မြို့လုံး ပွက်လောရိုက်သွားတော့သည်။

ထိုမြင်ကွင်းက အံ့ဖွယ်ကောင်းလွန်းနေခဲ့၏။

ယန်ရီသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈တွင် ရှိနေခဲ့သည် သို့သော် ပြိုင်ဘက်၏ တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်ခဲ့​ချေ ယခင်က သူတည်ဆောက်ထားခဲ့သည့် အရှိန်အဟုန်အားလုံး ပြိုကွဲသွားကာ သူသည် လူထုဆွေးနွေးပြောဆိုရာ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့၏။

တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ စကားစပြောလာခဲ့၏ “ သူတော်တော်ကြမ်းလို့ ငါထင်နေခဲ့တာ စောနက အရှိန်အဟုန်တွေကတော့ အလဟာသဖြစ်ကုန်ပြီ “

“ ဘာအရှိန်အဟုန်တွေ အလဟာသဖြစ်သွားတာလဲ။ ဝိညာဥ်ကျောက် သုံးသိန်း မြောင်းထဲရောက်သွားတာကွ “

“ သူလာရဲသေးတာလား။ ငါဆိုရင်တောင် သုံးကွက်လောက်တော့ တောင့်ခံနိုင်မှာပါကွာ “

“ … “

လူတိုင်း အပူတပြင်း ဆွေးနွေးပြောဆိုနေလျက်ရှိပြီး ကြယ်နန်းတော်၏ လူများမှာလည်း အတော်ပင် မျက်နှာပျက်သွားကြ၏။ သူတို့က အတော်ပင် ကြိုးစားအားထုတ်ခဲ့ရသော်လည်း တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ထိုအချိန်တွင် ယန်ရီက မြို့ရိုးပေါ်မှ ပြုတ်ကျလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေလျက်ရှိ၏။ သူသည် တုန်တုန်ရင်ရင်ဖြင့် စကားပြောလာခဲ့ပြီး အံတကြိတ်ကြိတ်ဖြစ်နေခြင်းက သူက ဤရလဒ်ကို မလိုလားဘူးဆိုသည်ကို သက်သေပြနေခဲ့၏။

“ လုချန်ရှန်း မင်း မင်း ……… “

“ ဘာလဲ။ ထပ်ပြီးတော့ ကြိုးစားချင်နေတာလား။ ကောင်းပြီလေ သုံးသိန်းထပ်ပေးလိုက် “

လုချန်ရှန်းကမူ အေးအေးလူလူ တုံ့ပြန်လိုက်ကာ သူ့ကို အပြည့်အဝ လျစ်လျူရှုထားခဲ့သည်။

ကြယ်နန်းတော်၏ လူများသည် ပြင်းပြင်းထန်ထန် အံကြိတ်နေကြသော်လည်း ဘာမှဝင်မပြောလာကြပေ။ ရလဒ်ကို သိနေပြီးသားဖြစ်သောကြောင့် သူတို့သည် နောက်ထပ်သုံးသိန်းကို ထပ်မံ၍ ဖြုန်းတီးကြမည် မဟုတ်ပေ။ သူတို့သည် သူ့ကို သနားဖွယ်ကောင်းသော အခြေအနေမျိုးဖြင့် ဆွဲထုတ်သွားကြသည် သူတို့သည် ဤနေရာတွင် ဆက်နေကာ ကိုယ့်ကိုကိုယ် အရှက်ထပ်ခွဲကြမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက ကူချန်ကျွင်း၏ တပည့်ဖြစ်သောကြောင့် အကယ်၍ သူတို့က ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ သူတို့လုပ်နိုင်သည့်အရာ မရှိပေ။ သူတို့သည် အိမ်ပြန်၍ အိပ်လိုက်ရုံသာ တတ်နိုင်ကြ၏။

ထျန်းယွမ်မြို့အပြင်ဘက်တွင် ပုံရိပ်အများအပြားက အဝေးတွင် မတ်တပ်ရပ်နေကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေလျက်ရှိသည်။ သူတို့သည် လွန်ခဲ့သော ရက်ပိုင်းခန့်က ရုပ်သေးများ လွှတ်၍ လုချန်ရှန်းကို တိုက်ခိုက်ခဲ့ကြသည့် လူများဖြစ်သည်။

သူတို့က လုချန်ရှန်း၏ စွမ်းအားကို ယခင်က မြင်တွေ့ခဲ့ဖူးသော်လည်း ယခုလက်ရှိအချိန်တွင် မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားသေး၏။

“ လုချန်ရှန်း အဲ့ကလေးက တကယ်ကိုပြိုင်ဘက်ကင်းတာပဲ “

“ ကိစ္စက ဒီလိုဖြစ်နေပြီဆိုမှတော့ ငါတို့ရဲ့ အခက်အခဲတွေ ဘယ်လောက်တောင် လျော့သွားမလဲဆိုတာကို သိချင်နေပြီ “

“ ကောင်လေး “ အကြီးအကဲတစ်ဦးက စကားဝင်ပြောလာခဲ့သည်။

အသက်ဆယ့်သုံးနှစ်(သို့) ဆယ့်လေးနှစ်အရွယ် လူငယ်တစ်ဦးက ရှေ့တက်ကာ ပြန်ပြောလာခဲ့သည် “ အကြီးအကဲ “

“ မင်းက လုချန်ရှန်းကို အဆက်မပြတ် စောင့်ကြည့်ထား တိုက်ပွဲတစ်ခုချင်းစီတိုင်းရဲ့ အခြေအနေကို သေချာမှတ်တမ်းတင်ထား။ သူက ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီအတွက် လူရွေးပေးမှာကို ခွင့်ပြုပေးထားလိုက် “

“ ဟုတ်ကဲ့ “ ဟု လူငယ်က တုံ့ပြန်လာခဲ့၏။

အကြီးအကဲသည် သူ့အနောက်အတွင် ရှိနေသည့် လူများကို ကြည့်ကာ စကားလှမ်းပြောလိုက်သည် “ လူကြီးမင်းတို့ တစ်ခုခု ထပ်ဖြည့်ချင်တာ ရှိသေးလား “

“ မရှိတော့ဘူး “

ထိုလူများသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ ထျန်းယွမ်မြို့သို့ ပြန်သွားကြသည်။

သူတို့က လုချန်ရှန်း၏ တိုက်ခိုက်ရေးစွမ်းအားကို သိရှိထားခဲ့ပြီးပြီ ဖြစ်သည်။ သူ၏တိုက်ပွဲ ဖြစ်စဥ်များနှင့် ရလဒ်တို့ကို အခြေခံလိုက်မည်ဆိုပါက မည်သူက ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီလဲဆိုသည်ကို ခွဲခြားနိုင်မည်ဖြစ်ပြီး ၎င်းက သူတို့၏ အခက်အခဲ တော်တော်များများကို လျော့နည်းသွားစေမည် ဖြစ်သည်။

ထိုစဥ် လုချန်ရှန်းမှာ ၎င်းတို့အားလုံးကို မည်သို့မျှ သတိမပြုမိဘဲ စင်မြင့်ထက်တွင် မတ်တပ်ရပ်ကာ ငြင်သာစွာ စကားပြောဆိုနေလျက်ရှိ၏ “ နောက်တစ်ယောက် “

သူ၏အသံ ဟိန်းထွက်လာခဲ့ပြီး ၎င်းက အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့၏ သို့သော် ၎င်းက လူတော်တော်များများကို ရင်တုန်ပန်းတုန် ဖြစ်သွားစေခဲ့၏။

အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ ကျင့်ကြံသူတစ်ဦးက တိုက်ကွက်တစ်ခုတည်းဖြင့် အသေရိုက်သတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ၎င်းက လူတိုင်းကို စိုးရိမ်တကြီး ဖြစ်သွားစေကာ ယခင်က ပေါ်ထွက်ခဲ့သည့် ကောလဟာလများကိုလည်း သွယ်ဝိုက်၍ အတည်ပြုပေးလိုက်၏။

တစ်ခဏခန့် စောင့်ဆိုင်းခဲ့ရပြီးသည့်နောက်တွင် စင်မြင့်ထက်သို့ လူတစ်ဦး တက်လှမ်းလာခဲ့သည်။

အသစ်ရောက်ရှိလာသူမှာ အနောက်ပိုင်းဒေသမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျောက်ယုပင် ဖြစ်သည်။

“ ညီအစ်ကိုလု “

ကျောက်ယုသည် ငြင်သာစွာ နှုတ်ဆက်ကာ အပြုံးဖြင့် ရှေ့တက်လာခဲ့၏။ သူသည် ယခင်က ယန်ရီလိုမဟုတ်ဘဲ အလွန်တရာ ဖော်ရွေပုံရ၏။

“ အင်း “

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

ကျောက်ယုမှာလည်း ဝိညာဥ်ကျောက်တုံး ငါးသိန်းပါဝင်သည့် အိတ်တစ်လုံးကို လက်လွှဲပြောင်းလာခဲ့၏။

ထိုအချိန်၌ လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ကျေးဇူးပြုပြီးတော့ “ ( တရုတ်ကားတွေမှာ အတွေ့များပါတယ် ကြွပါ ဘာညာဆိုပြီး မတိုက်ခိုက်ခင် နှုတ်ဆက်ကြတာမျိုးပါ )

ထို့နောက်တွင် ကျောက်ယုမှ ခြေတစ်လှမ်းလှမ်းလာခဲ့ရာ သူ၏မှော်စွမ်းအားများ အလုံးစုံ ပေါက်ထွက်လာခဲ့သည်။ ယန်ရီကဲ့သို့ပင် သူ၏ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈သို့ ရောက်ရှိနေခဲ့သည်။

သို့ရာ၌ သူချဥ်းကပ်လာသည့် အချိန်တွင် သတ်ဖြတ်လိုစိတ်များ သိပ်သည်းလာကာ အရှေ့သို့ ထိုးနှက်လာခဲ့၏။

လုချန်ရှန်းသည် အပေါ်သို့ မော့ကြည့်လိုက်ကာ သတ်ဖြတ်လိုစိတ်ကို ချက်ချင်းပြိုကွဲသွားစေလိုက်ပြီး အရှေ့သို့ တိုက်ခိုက်လိုက်သည်။

စွမ်းအားနှစ်ခု ထိတွေ့သွားသည့် အချိန် ကောင်းကင်ပြင်တွင် မှော်စွမ်းအားများ လိမ်ယှက်သွားကာ ဘက်ပေါင်းစုံသို့ စွမ်းအင်လှိုင်းများ ပျံ့လွင့်သွား၏။

ကျောက်ယုသည် စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ သူက အဆင့်နှစ်ဆင့် ပိုမြင့်သော်လည်း မည်သို့မျှ အသာစီးမရခဲ့ပေ။

ဘုမ်းးးး

မှော်စွမ်းအားများ ထပ်မံ၍ တိုက်မိသွားသည့် အချိန်တွင် ကောင်းကင်ယံတွင် အလင်းတန်းပေါင်းများစွာ လင်းလက်လာခဲ့ပြီး သူတို့၏ ခြေထောက်များအောက်တွင် ရှိနေသည့် စင်မြင့်က ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်။

“ ညီအစ်ကိုလုက တကယ်ကို စွမ်းရည်ရှိတာပဲ “

ကျောက်ယုမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် သူက မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ ရှုံးနိမ့်သွားတော့မည်ဟု ခံစားနေခဲ့ရ၏။

လုချန်ရှန်းသည် တဟားဟား ရယ်မောနေသော်လည်း မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ အစတွင် သူသည် ကျောက်ယုမရှုံးနိမ့်သွားခင် အချိန်အထိ တိုက်ကွက်ငါးဆယ်မျှ ဖလှယ်ပေးရန် ကြံရွယ်ထားခဲ့သည် သို့သော် တစ်ဖက်လူက နောက်ထပ်တိုက်ကွက် နှစ်ဆယ်ကျော်အထိ တောင့်ခံနိုင်ခဲ့၏။

“ ညီအစ်ကိုလုက ပြိုင်ဘက်ကင်းတာပဲ ကျွန်တော် တကယ်‌လေးစားမိပါတယ် “

“ ညီအစ်ကိုကျောက်က ကြင်နာလွန်းနေပါပြီဗျာ။ ကျုပ်က ဓားတာအိုကြောင့် နည်းနည်းလေး အသာစီးရသွားရုံပါပဲ။ ဓားတာအိုသာ မရှိဘူးဆိုရင် ရလဒ်က ခွဲခြားဖို့ ခက်ပါတယ်ကွာ “

တစ်ဖက်က ယဥ်ကျေးနေသောကြောင့် သူကလည်း ဖော်ဖော်ရွေရွေ ပြန်ပြောပေးနေခဲ့၏။

သူက မာန်မာနကြီးကာ မောက်မာတတ်သည့် လူစားမျိုး မဟုတ်ပေ။ တစ်ဖက်လူက အကျိုးအကြောင်းသိနေသောကြောင့် သူ့ကို ရန်လိုနေရန်(သို့) မျက်နှာပျက်သွားရအောင် ပြုလုပ်ရန် မလိုအပ်ပေ။

အရေးအကြီးဆုံး အရာမှာ တစ်ဖက်လူက ငွေပိုပေးထားခြင်းပင် ဖြစ်သည်။

“ ကျွတ် ကျွတ် ကျွတ် ကျောက်ယုက အတော်လေး ထူးခြားတာပဲ “

“ နှစ်ယောက်လုံးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈မှာ ရှိနေကြတာလေ ဒါပင်မဲ့ ယန်ရီကတော့ တစ်ကွက်တည်းနဲ့ ရှုံးသွားခဲ့ပြီး ‌ကျောက်ယုကတော့ ခေါင်းမာမာနဲ့ အကွက်ခုနစ်ဆယ်ကျော်အထိ တောင့်ခံနိုင်ခဲ့တယ်။ ကွာခြားချက်က ရှင်းလင်းနေပြီ “

“ … “

ပွဲကြည့်ပရိတ်သတ်များကမူ ၎င်းကို ကိစ္စကြီးတစ်ခုဟု မမှတ်ယူထားဘဲ တစ်ဦးပြီးတစ်ဦး မှတ်ချက်ပေးနေကြတော့သည်။

ကျောက်ယုသည် နာကျင်မှုတစ်ချို့ကို ခံစားလိုက်ရသော်လည်း ၎င်းက သူတောင့်ခံနိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိနေသေးပြီး လုချန်ရှန်းကို လေးစားသွားခဲ့သည်။

တတိယမြောက် ပုံရိပ်တစ်ခု ရောက်ရှိလာကာ ဝိညာဥ်ကျောက်တုံး သုံးသိန်း ပေးလာခဲ့သည်။

ယခင်က ယန်ရီ၏ သင်ခန်းစာအရ ထိုလူများသည် သူတို့၏ ဒေါသကို ချုပ်တည်းကာ မည်သည့်မောက်မာမှုကိုမှ မပြသခဲ့ကြပေ။

သို့ရာ၌ သူတို့သည် တိုက်ကွက် သုံးဆယ်(သို့) ငါးဆယ်မျှ ခုခံခဲ့ပြီးသည့်နောက်တွင် ရှုံးနိမ့်သွားခဲ့ကြ၏။

လူတစ်ချို့ကမူ နောက်ကျမှ ရောက်ရှိလာခဲ့ပြီး အစောပိုင်း အချိန်များအတွင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို မသိကြဘဲ မောက်မောက်မာမာဖြင့် ပြုမူလုပ်ရှားခဲ့ကြသည် သူတို့သည် တိုက်ကွက်အနည်းငယ်ဖြင့် ရှုံးနိမ့်သွားကာ ထျန်းယွမ်မြို့ရိုးနှင့် ထပ်မံ၍ မိတ်ဆက်လိုက်ကြပြန်သည်။

နေ့တစ်ဝက်ကုန်ဆုံးသွားပြီး လုချန်ရှန်းသည် လူဆယ်ဦးထံမှ စိန်ခေါ်မှုများကို လက်ခံခဲ့ကာ ငွေလေးသန်းအထိ ရိတ်သိမ်းနိုင်ခဲ့၏။

“ ငါဒီနေ့ ပင်ပန်းသွားပြီ။ မနက်ဖြန်မှ ထပ်တိုက်ကြမယ် “

လုချန်ရှန်းသည် ထိုကဲ့သို့ ပြောကာ စင်မြင့်ထက်မှ ဆင်းသွားတော့သည်။

တစ်ခြားလူများက မည်သို့မျှ မကန့်ကွက်ခဲ့ကြပေ။ လူဆယ်ဦးကို ဆက်တိုက်တိုက်ခိုက်ရခြင်းက ကျင့်ကြံသူတစ်ဦးကိုပင် သေချာပေါက် ပင်ပန်းသွားစေလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းမှာလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့လေသည်။

သို့ရာတွင် လူတော်တော်များများမှာ တစ်စုံတစ်ခုကို အကြမ်းဖျင်းနားလည်သွားကြသည်။

“ ငါသိပြီ သူ့ရဲ့ သဘောထားက တော်တော်ကြီးကို အရေးကြီးတယ် “

“ ဘာကိုဆိုလိုတာလဲ “

“ အဲ့လုချန်ရှန်းက တကယ်ကို ထူးခြားတယ်။ ဓားနှလုံးသား သန့်စင်မှုကို ကျင့်ကြံထားတာကြောင့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေးကို အားကောင်းတယ်လေ။ တကယ်လို့ မင်းတို့ရဲ့ သဘောထားကသာ ဆိုးရွားမနေဘူးဆိုရင် သူက မင်းတို့ကို တစ်ကွက်တည်းနဲ့ အပြတ်တိုက်မှာ မဟုတ်ဘူး “

“ အမှန်ပဲ “

ဟီယု၏ အင်အားစုက တိတ်တဆိတ် ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

သို့သော် တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အဲ့တာထပ်ပိုနေမှာကို ငါကြောက်မိတယ် “

“ ဘာလို့လဲ “

“ ငါကျောက်ယုကို တိတ်တိတ်လေး မေးခဲ့တယ် သူက ဝိညာဥ်ကျောက် ငါးသိန်းပေးလိုက်တာတဲ့ “

လူနည်းစုက ချက်ချင်းနားလည်သွားခဲ့သည်။

ငွေငါးသိန်းနှင့် ကျောက်ယု၏ ကောင်းမွန်သော စိတ်သဘောထားတို့ကို ပေါင်းစပ်လိုက်ခြင်းကြောင့် သူသည် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့ကာ တိုက်ကွက်ခုနစ်ဆယ်ကျော်အထိ ခုခံနိုင်ခဲ့၏။

ချက်ချင်းဆိုသလိုပင် သူတို့က တစ်စုံတစ်ခုကို နားလည်သွားပုံရ၏ သို့သော် သူတို့သည် ဟီယုအား အဆိုပါ ရှာဖွေတွေ့ရှိမှု၏ အမှန်တရားကို အပြည့်အဝ မပြောပြလိုက်ဘဲ သဘောထားကို ပြင်ဆင်ရန်နှင့် ဝိညာဥ်ကျောက်တုံး ပိုပေးရန်သာ ပြောခဲ့လိုက်ကြ၏။

နောက်တစ်နေ့တွင် လုချန်ရှန်းသည် စင်မြင့်ထက်သို့ ဆင်းလာခဲ့ပြီး ဟီယုကို အရင်ဦးဆုံး ရင်ဆိုင်နေရတော့သည်။

ဟီယုသည် အပြုံးပန်းများ ပွင့်လန်းနေသော အမူအရာမျိုးဖြင့် စင်မြင့်ထက်သို့ တက်လာခဲ့ပြီး ၎င်းက ယခင်က ယွမ်နယ်မြေအတွင်းတွင် မြင်တွေ့ခဲ့ရစဥ် အချိန်ကနှင့် လုံးဝကွဲပြားနေခဲ့သည်။

ယခင်က ဟီယု၏ သဘောထားက အလွန်တရာ ဆိုးဝါးမနေခဲ့သော်လည်း သူသည် အမြဲလိုလို မာနကြီးနေခဲ့ကာ လုချန်ရှန်းကိုလည်း မည်သို့မျှ အထင်မကြီးခဲ့ပေ။ သို့သော် ယခုတွင်ကား အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

“ ညီအစ်ကိုလု သဘောတူထားတဲ့ ဝိညာဥ်ကျောက်တွေက ဒီမှာပါ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက အိတ်ကိုယူ၍ သူ၏စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ကာ အံ့အားသင့်သွားခဲ့၏ အိတ်အတွင်းတွင် ဝိညာဥ်ကျောက်တုံး တစ်သန်းတိတိ ပါဝင်နေခဲ့သည်။

ယနေ့လာကြည့်သည့် ပွဲကြည့်ပရိတ်သတ်များက ယမန်နေ့ကကဲ့သို့ များပြားမနေခဲ့ပေ။ ယမန်နေ့က ဖြစ်ရပ်များ ပြီးဆုံးသွားခဲ့သည့်နောက်တွင် မည်သူကမှ ကောင်းကောင်းမတိုက်ခိုက်နိုင်ဘူးဆိုသည်ကို မြင်တွေ့ခဲ့ရသောကြောင့် လူတိုင်း၏ စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားခဲ့၏။

သို့ရာတွင် ဟီယုက လှုပ်ရှားလာခဲ့ပြီး လုချန်ရှန်းက တန်ပြန်တိုက်ခိုက်နေတော့၏ တိုက်ပွဲ အစပျိုးလာခဲ့ပြီး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။

နှစ်ဖက်စလုံးက တိုက်ကွက်များ သူတစ်ပြန်ကိုယ်တစ်ပြန် ဖလှယ်နေခဲ့ကာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ကြသည်။ အလင်းတန်းပေါင်းများစွာသည် မှော်စွမ်းအား ပျောက်ကွယ်သွားခြင်းကို အဖော်ပြုပေးနေလျက်ရှိပြီး လေပြင်းများကလည်း ထျန်းယွမ်မြို့ကို သွားရောက်ထိခတ်နေခဲ့ကာ တိုက်ပွဲမှာ တစ်စထပ်တစ်စ ပိုမိုပြင်းထန်လာခဲ့၏။

ချက်ချင်းဆိုသလိုပင် တိုက်ကွက်ပေါင်း အခုတစ်ရာတိတိ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသေးသည်။

“ ဘုရားရေ တိုက်ကွက်တစ်ရာကျော်။ ဟီယုက တိုက်ကွက်တစ်ရာကျော်အထိ တောင့်ခံနိုင်ခဲ့တဲ့ ပထမဦးဆုံးတစ်ယောက်ပဲ “

အာမေဋိတ်သံတစ်ခု ပေါ်ထွက်လာခဲ့ကာ အောက်ဘက်ရှိ လူအုပ်ကြီး၏ စိတ်ဝင်စားမှုများ ပြန်လည်နိုးထလာခဲ့၏။ တိုက်ပွဲတစ်ခုအား စောင့်ကြည့်ရခြင်းကို မနှစ်သက်သည့်လူ ရှိပါသလော။ အထူးသဖြင့် လက်ရည်ညီနေသည့် တိုက်ပွဲများဖြစ်ပြီး ၎င်းတို့က ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလှသည် မဟုတ်လော။

သို့ရာတွင် ဟီယုအနောက်ရှိ အကြီးအကဲတစ်ဦးကမူ သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ငေးမောကြည့်ရှုကာ စကားပြောလာခဲ့သည်။

“ တကယ်ကို မှန်နေတာပဲ “

သူသည် အံ့ဖွယ်ကောင်းသည့် လျှို့ဝှက်ချက်တစ်ခုခုကို သိရှိသွားသည့်အလား တပြုံးပြုံးဖြစ်သွားခဲ့၏။

--

…………………………………………………………………………………………………………………………………

All Chapters