အခန်း ၂၁၃
Vol. 15 Ch. 213
အပိုင်း ( 213 )
ဓားလမ်းစဥ်က ငွေပိုလိုအပ်တယ်
တိုက်ကွက်အခုတစ်ရာ ကျော်လွန်သွားခဲ့သည့်နောက်တွင် ဟီယုက အချိန်တိုင်း ပိုမိုအားကောင်းလာပုံရကာ သတ်ဖြတ်ခြင်း နည်းစနစ်မျိုးစုံ ထုတ်သုံးခဲ့ကာ သူ၏ခွန်အားကို အထွတ်အထိပ်အထိ အပြည့်အဝ ပြသခဲ့လေသည်။
သူသည် ဤမျှစိတ်လှုပ်ရှားဖွယ်ကောင်းသည့် တိုက်ပွဲတစ်ခုကို တစ်ကြိမ်တစ်ခါမှ မဆင်နွှဲခဲ့ရဖူးချေ။
လုချန်ရှန်းမှာလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေလျက်ရှိ၏။ သူ၏ မှော်စွမ်းအားများ အဆက်မပြတ် ပေါက်ထွက်နေခဲ့သော်လည်း အများစုသည် လေထုအတွင်းသို့ ပျံ့လွင့်သွားကာ ဟီယုကို အနည်းငယ်မျှသာ ထိခတ်ခဲ့လေသည်။
ထိုနည်းဖြင့် တိုက်ပွဲက ခမ်းနားကြီးကျယ်နေခဲ့ကာ ဟီယုမှာလည်း ၎င်းကို တောင့်ခံနေနိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးက တိုက်ကွက်နှစ်ရာကျော်တိတိ ဖလှယ်လာခဲ့ပြီးပြီ ဖြစ်သည်။
စင်အောက်ရှိ လူများကလည်း စောင့်ကြည့်နေရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားနေကြတော့၏ သူတို့သည် ဟီယုက ထိုမျှလောက်အထိ ထူးခြားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
လုချန်ရှန်း၏ ကျော်ကြားမှုနှင့် တိုက်ခိုက်ရေးစွမ်းအား နှစ်ခုစလုံးက အံ့ဖွယ်ကောင်းနေခဲ့ပြီး တိုက်ပွဲက ဤအခြေအနေအထိ ရောက်ရှိလာခြင်းမှာ ကိစ္စတစ်ခုကို သက်သေပြနေလျက်ရှိ၏။
ဟီယုက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဓားတာအိုကိုပါ ချပြခဲ့လေသည်။ သို့သော် အထွတ်အထိပ်သို့ မရောက်ခဲ့ပေ။
“ ဒီကလေးက အတော်လေး အူမြူးနေတာပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် ဤအခြေအနေအထိ ကစားပေးခဲ့ပြီးပြီဖြစ်သောကြောင့် နိဂုံးချုပ်ရန် အချိန်ကျလာခဲ့ပြီဖြစ်သည်။ ယခုတွင် ဟီယုက အကောင်းဆုံး စံချိန်ကို ရရှိသွားခဲ့ပြီဖြစ်ပြီး ငွေသုံးခဲ့ရသည်မှာ အမှန်ပင် ထိုက်တန်နေခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ စွမ်းအားများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဟီယု၏ အမူအရာမှာလည်း တဖြည်းဖြည်း လေးနက်လာခဲ့ကာ ဖိအားကို စတင်၍ ခံစားလာခဲ့ရပြီ ဖြစ်သည်။
သူ့ထံသို့ တိုးဝင်လာသည့် ဓားချီများကို မြင်လိုက်ရသောအခါတွင် သူသည် ၎င်းတို့ကို အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့၏။
အောက်ဘက်မှ စောင့်ကြည့်နေသည့် အဘိုးအိုမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည် သူသည် လုချန်ရှန်းက အမှန်တကယ် လှုပ်ရှားတော့မည်ဆိုသည်ကို သိရှိသွား၏။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်းအသံပို့လွှတ်လိုက်သည် “ တာအိုရောင်းရင်း နည်းနည်းလောက် ထပ်တိုက်ပေးလို့ရမလား “
“ အို့ “
တိုက်ပွဲတွင် ရှိနေသည့် လုချန်ရှန်းသည် စင်မြင့်အောက်တွင် ရှိနေသည့် အဘိုးအိုကို ငေးကြည့်ကာ တုံ့ပြန်လိုက်၏။
“ တိုက်ကွက်နှစ်ရာကျော်လေ အဲ့တာက လုံလောက်ပါတယ် “
နှစ်ဖက်စလုံးက စတင်၍ ညှိနှိုင်းနေကြတော့၏။
တစ်ဖက်က ကောင်းကင်ဘုံ အကယ်ဒမီ၏ အာရုံကို ဆွဲဆောင်နိုင်မည့် အောင်မြင်ကျော်ကြားမှုအတွက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်တစ်ဖက်ကမူ ဝိညာဥ်ကျောက်တုံးများအတွက် ပြုလုပ်နေခြင်းဖြစ်သည် နှစ်ဖက်စလုံးက အလိုရှိသည့် အရာများကို ကိုယ်စီကိုယ်စီရရှိခဲ့ပြီးပြီ ဖြစ်သည်။
“ တာအိုရောင်းရင်း ကျေးဇူးပြုပြီးတော့ ထပ်ထိန်းထားပေးပါဦး “
“ တာအိုရောင်းရင်း မင်းတို့က ပေးခဲ့ရတာနဲ့ တန်တဲ့ဟာကို ရပြီးသွားပြီလေ။ အခုကြည့်လိုက် အားလုံးက သူ့ကိုပဲ ကြည့်နေကြပြီလေ ” ဟု လုချန်ရှန်းက ကူရာကယ်ရာမဲ့စွာဖြင့် တုံ့ပြန်လိုက်၏။ ဆက်လက်၍ တိုက်ခိုက်နေခြင်းက အချိန်ဖြုန်းခြင်းသာလျှင် ဖြစ်နေပေလိမ့်မည်။
တန်းစီကာ စောင့်ဆိုင်းနေသည့် လူများ ကျန်ရှိနေသေးသည်။
အဘိုးအိုသည် သူ၏ဆိုလိုရင်းကို နားလည်နေကာ ချက်ချင်း ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်း တကယ်လို့ မင်းက နောက်ထပ်တိုက်ကွက်တစ်ရာလောက် ထပ်တိုက်ပေးမယ်ဆိုရင် ငါက မင်းကို ငါးသိန်းထပ်ပေးပါ့မယ် “
သူကလည်း လူကဲခတ်တတ်သည့် လူတစ်ဦးဖြစ်ပြီး တစ်ဖက်လူက ကြွယ်ဝချမ်းသာမှုကို ရူးသွပ်နေသည်ကို သိနေခဲ့သောကြောင့် ဈေးနှုန်းကို ပြတ်ပြတ်သားသား မြှင့်တင်လိုက်၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ခင်ဗျားတို့ အားလုံးက တော်တော်ကြီးကို ရိုးသားနေမှတော့ ကျုပ်ကလည်း အဲ့လောက်ကြီး တင်းကြပ်မနေတော့ပါဘူးလေ။ ခင်ဗျားတို့ကို တိုက်ကွက်ဆယ်ကွက် ပိုပေးလိုက်မယ် “
“ ဒါဆိုရင် တာအိုရောင်းရင်း မင်းရဲ့ ဓားတာအိုကိုရော ပြပေးလို့ရလား “
“ အခုတော့ ခင်ဗျားက လောဘကြီးလာပြီပဲ။ ဓားတာအိုကို ချပြတာက ငွေပိုကုန်လိမ့်မယ် “
အသံထုတ်လွှတ်နေသည့် အချိန်မှာပင် လုချန်ရှန်းက စိတ်အေးလက်အေးဖြစ်နေခဲ့၏။
အဆုံးတွင် နောက်ထပ်ငါးသိန်းထပ်ရခဲ့သောကြောင့် သူသည် ထိုကိစ္စကိုပါ သဘောတူလက်ခံလိုက်သည်။
၎င်းကို အတည်ပြုခဲ့ပြီးသည့် အချိန်တွင် လုချန်ရှန်းက ကောင်းကင်ထက်သို့ ခုန်တက်သွားတော့သည် သူ၏ခန္ဓာကိုယ်ကို ဓားချီများက လိမ်ယှက်ဝိုင်းရံလာခဲ့၏။ ဓားချီများသည် ကြာပန်းများကဲ့သို့ ပွင့်လန်းလာကာ ရေစီးကြောင်းသဖွယ် စီးဆင်း၍ ကောင်းကင်ဘုံကို လှုပ်ရမ်းသွားစေနိုင်သည့် အရှိန်အဝါမျိုးကို ဖန်တီးလာခဲ့သည်။
“ အဲ့တာက ….. “
ဟီယု မျက်မှောင်ကြုတ်သွားတော့၏။ ရွေးချယ်စရာ မရှိတော့သောကြောင့် သူ၏ဦးခေါင်းအထက်တွင် ဘူးသီးခြောက်တစ်လုံး ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးကာ အဆိုပါ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်၍ ပိတ်ဆို့တားဆီးလိုက်သည်။
အဆိုပါ မြင်ကွင်းက မည်မျှခမ်းနားလိုက်သနည်း။ ဟီယုသည် ဓားရေစီးကြောင်းအတွင်းမှ ပေါ်ထွက်လာပြီး အံ့ဩတုန်လှုပ်မှုများ စွန်းထင်းသော မျက်လုံးများဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့၏။
သူသည် ဓားနှလုံးသား သန့်စင်မှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိနေခဲ့သည်။ ၎င်းက အလွန်အမင်း ဖိအားဝင်စေပေသည်။
လုချန်ရှန်းကလည်း လေးနက်စွာ စကားလှမ်းပြောလိုက်၏ “ အစကတော့ ဒီနယ်ပယ်မှာ ပြိုင်ဘက်မရှိတော့ဘူးလို့ ထင်နေခဲ့တာ ဒါပင်မဲ့ မင်းက ငါ့ကို ဒီလောက်အထိ တိုက်ခိုက်နိုင်ခဲ့ပြီးတော့ တော်တော်လေးကို ထူးခြားနေတာပဲ “
“ ညီအစ်ကိုလုကလည်း တကယ်ကို ထူးခြားပါတယ် ကျုပ်လေးစားမိပါတယ် “
ချီးမွမ်းပြောဆိုသော စကားများ အပြန်အလှန် ဖလှယ်ခဲ့ပြီးသည့်နောက်တွင် လူနှစ်ဦးက သူတို့၏ ပွဲသိမ်းတိုက်ကွက်များကို ထပ်မံ၍ ပြသနေကြတော့၏။
ဤတစ်ကြိမ်တွင် ဓားချီက ကောင်းကင်ယံတွင် လည်ပတ်နေမှုနှင့်အတူ အရှိန်အဟုန်က ပိုမိုအားကောင်းလာခဲ့ပြီး မဟာတာအို၏ မဂ်လာတိမ်တိုက်များကို ပိုင်းဖြတ်လိုက်သည့်အလား ကောင်းကင်ထက်သို့ ထောင်တက်သွားကာ မိုးကောင်းကင်ကို ဖြိုခွင်းလိုက်သည်။
“ အဲ့တာ ….. အဲ့တာက …….. “
“ ဟီယုက ဒီလောက်အထိ ကြောက်စရာကောင်းနေပြီးတော့ လုချန်ရှန်းကို ဒီလိုမျိုးတိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ကောင်းကင်ယံတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေကာ တိုက်ကွက်ပေါင်း သုံးရာကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် သူပြောခဲ့သည့် စကားအတိုင်းပင် သုံးရာ့တစ်ဆယ်မြောက် တိုက်ကွက်ကွင် ဟီယုကို ကျဥ်းမြောင်းသော ရလဒ်ဖြင့် အနိုင်ယူလိုက်၏။
ဟီယု ဆင်းသက်လာခဲ့ပြီး မတင်မကျဖြစ်နေသော စိတ်ခံစားချက်နှင့်အတူ အရှေ့သို့ ငေးမောကြည့်ရှုကာ သူက အစွမ်းထက် ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်ဆိုသည်ကို သိနေခဲ့သည်။
ဤတိုက်ပွဲပြီးဆုံးသွားခဲ့သည့်နောက်တွင် ဟီယု၏ အမည်က နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။
သူ့အနောက်တွင် ရှိနေသည့် အင်အားစုမှာလည်း အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။ သူက ဤတစ်ကြိမ်တွင် ကျော်ကြားမှုကိုသာလျှင်မဟုတ်ဘဲ ကောင်းကင်ဘုံ အကယ်ဒမီ၏ အာရုံကိုပါ ဆွဲဆောင်နိုင်ဖို့များပြီး တစ်ချိန်တည်းမှာပင် သူ၏ယုံကြည်မှုကိုပါ မြင့်တက်သွားစေခဲ့၏။
သူတို့က လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ပြီးပြီဖြစ်ပြီး သူက ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်နိုင် မဝင်နိုင်ဆိုသည်မှာ သူ၏ကိုယ်ပိုင်ကံတရားအပေါ်တွင်သာ မူတည်သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းမှာလည်း ပြန်လည်သက်သာကောင်းမွန်ရန်အတွက် နှစ်နာရီတိတိ အနားယူဟန်ဆောင်ခဲ့ပြီး ထို့နောက်တွင်မှ စင်မြင့်ထက်သို့ ပြန်လည်တက်လှမ်းလာခဲ့၏။
လူတော်တော်များများက တအံ့တဩ ဖြစ်သွားခဲ့ကြသည် အထူးသဖြင့် ရင်းနှီးသော အင်အားစုများဖြစ်ပြီး သူတို့သည် ဟီယုက ထိုမျှလောက်အထိ စွမ်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
လူတစ်ချို့ကသော သဲလွန်စအနည်းငယ်ကို သတိပြုမိသွားပြီး ဟီယု၏ အကြီးအကဲများထံမှ သီးသန့် အကြံဉာဏ်တောင်းခံခဲ့ပြီး ထိုလူများကလည်း တစ်ချို့သော အရာများကို ထုတ်ပြောခဲ့လေသည်။
ပထမဦးဆုံးအနေဖြင့် စိတ်သဘောထားကောင်းမွန်ရမည် ဖြစ်သည် မည်သို့မျှ မမောက်မာသင့်ပေ။ ဒုတိယအနေဖြင့် စိန်ခေါ်မှုအတွက် ဝိညာဥ်ကျောက်တုံး အနည်းငယ်မျှ ပိုပေးရမည် ဖြစ်သည်။ လုချန်ရှန်းနှင့် ပြုလုပ်ခဲ့သည့် နောက်ဆုံးသော ဆွေးနွေးမှုကိုမူ မည်သို့မျှ ထုတ်မပြောခဲ့ကြပေ။
သူတို့က ၎င်းကို ဖမ်းဆုပ်နိုင်မည်လားဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်ပေသည်။
သို့ရာတွင် သူတို့သည် ထိုကိစ္စကို အပြင်ကမ္ဘာသို့ ထုတ်မပြောဘူးဟု သဘောတူညီမှုပြုလုပ်ကာ ကျိန်ဆိုမှုပင် လုပ်ခဲ့ကြသေးသည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများက ၎င်းကို သိသွားမည်ဆိုပါက သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးသာ ဖြစ်သွားရပေလိမ့်မည်။
သူတို့၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်မည့် လူတစ်ဦးကို ရှာဖွေခြင်းမှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ ထို့ကြောင့် သူတို့က အသေအချာ ဂရုစိုက်ကြရမည် ဖြစ်သည်။
ထို့နောက်တွင် လုချန်ရှန်းရရှိသည့် ငွေပမာဏက ပိုမိုများပြားလာခဲ့ပြီး လူတိုင်းက ငါးသိန်းမှစ၍ ပေးလာခဲ့ကြသည်။
လုချန်ရှန်းသည် ရက်အတော်ကြာသည်အထိ ဆက်တိုက်တိုက်ခိုက်ပေးခဲ့သည်။
မြို့အပြင်တွင် ရှိနေသည့် ကောင်လေးက ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့ကာ တစ်ဦးချင်းစီတိုင်း၏ စံချိန်များကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့၏။
လုချန်ရှန်းသည် နေ့စဥ်နေ့တိုင်း စိန်ခေါ်သူ မရှိတော့သည်အထိ တိုက်ပွဲဝင်နေခဲ့ပြီး ထို့နောက်တွင် သူ၏ အောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ကာ ထွက်သွားခဲ့သည်၏။
သို့သော် ထိုကိစ္စက အရပ်မျက်နှာ ရှစ်ခုစလုံးကို ပွက်လောရိုက်သွားစေခဲ့၏ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးချေ။
သို့သော် အံ့အားအသင့်ရဆုံး လူများမှာ ကောင်းကင်ဘုံ အကယ်ဒမီမှ လူများပင် ဖြစ်သည်။
ကောင်လေးက မှတ်တမ်းတို့ဖြင့် ပြန်ရောက်လာခဲ့ကာ သူမြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်ပြောပြခဲ့သည့် အချိန်တွင် လူတိုင်း အံ့အားသင့်သွားကြ၏။
သူတို့က လုချန်ရှန်း၏ တိုက်ခိုက်ရေး စွမ်းအားကို အကြမ်းဖျင်း သိရှိထားခဲ့သည် သူနှင့် တိုက်ကွက်ပေါင်း ငါးရာအထိ တိုက်ခိုက်နိုင်ခြင်းမှာ သူတို့၏ ဝင်ရောက်ခွင့်စံနှုန်းများနှင့် ကိုက်ညီနေလျက်ရှိ၏ သို့သော် တိုက်ကွက်ပေါင်းသုံးရာ(သို့) လေးရာအထိ ယှဥ်တိုက်နိုင်ခဲ့သည့် ထူးခြားသော ပါရမီရှင် အများအပြားလည်း ရှိနေခဲ့သည်။
စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်လူ အများအပြား ရှိနေခဲ့ကာ စုစုပေါင်းအနေဖြင့် ဒါဇင်နှင့်ချီနေခဲ့၏။
" ဒီမျိုးဆက်မှာ ပါရမီရှင်တွေ အများကြီး ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး "
" ပုံမှန်ပါပဲ အရင်ကမှတ်တမ်းတွေမှာလည်း တိတ်တဆိတ် ကျင့်ကြံခဲ့ပြီးတော့ အချိန်ကျမှ ပေါ်ထွက်လာခဲ့တဲ့ မြင်းနက်တစ်ချို့ကို ပြသခဲ့တယ် အခုတစ်ခေါက်ကတော့ ပိုပြီးတော့တောင် များနေသေးတယ် "
" အဲ့ဒီ လုချန်ရှန်းက ငါတို့ကို ကြီးကြီးမားမား ကူညီပေးခဲ့တာပဲ သူက ငါတို့အတွက် ထိပ်တန်း ပါရမီရှင် အများကြီး ရွေးပေးခဲ့တယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေအရ ကောင်လေးကို တစ်ယောက်ချင်းစီ ဖိတ်ခေါ်ခိုင်းလိုက် "
" အင်း သူတို့တွေထဲက အများစုက ထိပ်တန်းပါရမီရှင်တွေချည်းပဲ ကြည့်ရတာ ဒီတစ်ခါတော့ ရွှေခွင့်ပြုချက်တွေ အများကြီး လုပ်ပေးရတော့မဲ့ပုံပဲ "
" ... "
လူတစ်စုသည် ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ပြီး သက်ဆိုင်ရာ ကိစ္စအသီးသီးကို ကိုင်တွယ်ရန် ထွက်သွားကြတော့သည်။
လုချန်ရှန်းကမူ ထျန်းယွမ်မြို့မှ ယာယီထွက်ခွာသွားခဲ့သည် ဤတစ်ကြိမ်တွင် သူသည် အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့ပြီး စုစုပေါင်းအနေဖြင့် ဝိညာဥ်ကျောက်တုံး နှစ်ဆယ့်တစ်သန်းအထိ ရရှိခဲ့၏ ၎င်းတို့အားလုံးကို ရက်ပိုင်းအတွင်းမှာပင် ရရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ကန့်သတ်ချက်များလည်း ရှိနေခဲ့သည်။ လူတော်တော်များများက သူ့ကို စိန်ခေါ်ချင်နေကြသော်လည်း ငွေတတ်နိုင်သည့် လူမှာ များများစားစား ရှိမနေခဲ့ပေ။
တစ်ခါတစ်ရံတွင် ကံကြမ္မာက မည်သို့မျှ မမျှတခဲ့ပေ လူတိုင်းက ထိုများကဲ့သို့ နုံအပြီး ချမ်းသာမနေခဲ့ပေ။
လုချန်ရှန်းကမူ ထန်းယွမ်မြို့မှ ထွက်သွားခဲ့ပြီးသည့်နောက်တွင် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရှာဖွေကာ စတင်၍ ကျင့်ကြံခဲ့၏။ သူ့ထံတွင် မွေးရာပါ ဝိညာဥ် အဆင့်၇သို့ တက်လှမ်းနိုင်မည့် ဝိညာဥ်ကျောက်တုံး အလုံအလောက်ရှိနေသော်လည်း သူသည် ချက်ချင်းအဆင့်မတက်ဘဲ တစ်ခဏခန့် စောင့်ဆိုင်းနေခဲ့၏။
သို့ရာ၌ ဝိညာဥ်ကျောက်တုံး သန်းငါးဆယ်ကို သန့်စင်ခဲ့ပြီးသည့်နောက်တွင်မူ ကောင်းကင်နှင့် မြေပြင်တို့သည် ယခင်က သူ၏မိုးကြိုးကပ်ဘေးကဲ့သို့ ပုံမှန်မဟုတ်သော သဘာဝဖြစ်စဥ်တစ်ခုကို ထပ်မံ၍ ထုတ်လုပ်လာခဲ့သည်။
တိမ်တိုက်များအထက်တွင် ပုံရိပ်အများအပြား ပေါ်ထွက်လာခဲ့ပြီး သူတို့၏ မျက်နှာများပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ သူတို့သည် ဟောင်းလောင်းပေါက်ဖြစ်နေသော သူတို့၏ မျက်လုံးများဖြင့် လုချန်ရှန်းကို ကြည့်လာကြသည်။
ထို့နောက်တွင် ပုံရိပ်တစ်ခုက မိုးကြိုးလျှပ်စီး သောင်းနှင့်ချီ၍ သယ်ဆောင်ကာ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အောက်ဘက်တွင် ရှိနေသည့် လုချန်ရှန်းကို တိုက်ခိုက်လာခဲ့၏။
၎င်းက အံ့ဖွယ်အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည့် အရှိန်အဝါမှာ မွေးရာပါ ဝိညာဥ် အဆင့်၇တွင်သာ ရှိနေခဲ့သည် သို့သော် ၎င်းက အဆင့်၉မှ လူတစ်ဦးထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့၏။ သူမ၏ ဆင်းသက်လာမှုနှင့်အတူ သူမ၏ ဟောင်းလောင်းပေါက် မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး ကောင်းကင်ဘုံကို လှုပ်ခါသွားစေနိုင်သည့် တိုက်ပွဲဆန္ဒတစ်ခုပါ အဖော်ပြု လိုက်ပါလာခဲ့၏
--
........................................................................................................................................................................