← Chapters

အခန်း ၂၁၄

Vol. 15 Ch. 214

အခန်း ၂၁၄

Vol. 15 Ch. 214

အပိုင်း ( 214 )

သူက ထျန်းယွမ်မြို့မှာ ရှိနေတုန်းပဲ

ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်လာခဲ့ပြီး မိုင်တစ်ထောင်အတွင်းတွင် မည်သည့်အလင်းတန်းမှ မရှိဘဲ တောက်ပသည့် မိုးကြိုးများသာ ပေါက်ကွဲနေလျက်ရှိ၏။

အမျိုးသမီး ဆင်းသက်လာခဲ့ပြီး သူမ၏ လက်လေးများက သွယ်လျသော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပါဝင်နေကာ တိုက်ခိုက်မှုတစ်ခုလေးကပင် မွေးရာပါ ဝိညာဥ်အဆင့်၉ကို ဖိနှိပ်နေနိုင်ခဲ့သည်။

နှစ်ဖက်စလုံးက တိုက်ခိုက်နေခဲ့ပြီး ဆက်တိုက်ထိတွေ့မှုနှင့်အတူ မိုးကြိုးများ ပွင့်လန်းလာခဲ့၏။

လုချန်ရှန်းမှာ သတိတကြီး ဖြစ်နေလျက်ရှိ၏ ထိုအမျိုးသမီးက လှပသော်လည်း သူမက မိုးကြိုးပြန်လည်ဝင်စားခြင်းကဲ့သို့ ဖြစ်နေခဲ့ကာ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စွမ်းအားကို ဖန်တီးနေခဲ့​၏ သူသည် တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကို အလေးအနက်ထား၍ တုံ့ပြန်နေခဲ့ရသည်။

သူမသည် ယခင်က သူမြင်တွေ့ခဲ့ဖူးသည့် မွေးရာပါ ဝိညာဥ် ပညာရှင်အားလုံးနှင့် မတူညီဘဲ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အချိန်တိုအတွင်းမှာပင် လုချန်ရှန်း၏ ပါးစပ်မှ သွေးများ စီးထွက်လာခဲ့ပြီဖြစ်သည်။

နှစ်ဦးစလုံးသည် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲကာ ကမ္ဘာမြေကို လှုပ်ခါသွားစေပြီး ဘက်ပေါင်းစုံတွင် ရှိနေသည့် တောင်တန်းများကို ညီညာသွားစေခဲ့၏။

ကမ္ဘာလောကက ကြီးမားကျယ်ဝန်းလှပြီး အရပ်လေးမျက်နှာစလုံးက ဟင်းလင်းပြင်သာ ဖြစ်နေခဲ့၏။ တဖြည်းဖြည်းဖြင့် လုချန်ရှန်းသည် ပျက်စီးသွားသော တောင်တန်းတစ်ခုအပေါ်သို့ မှီချလိုက်သည် သူ၏ခန္ဓာကိုယ်က အပေါက်တို့ဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးထွက်နေကာ သူ၏ နံရိုးပေါင်းများစွာ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

သူ၏ရုပ်ခန္ဓာက အကြိမ်ကြိမ်အခါခါ ပြုပြင်ပြင်ထားကာ အလွန်တရာ သန်မာအားကောင်းလှပြီး မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်ကပင် သူ့ကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ သို့သော် ဤတိုက်ပွဲတွင်မူ သူသည် ညိုမဲစွဲသည်အထိ ရိုက်နှက်ခံခဲ့ရပြီး မိုးကြိုးအပစ်ခံရခြင်းကြောင့် တစ်ကိုယ်လုံး ပျော့ခွေနေခဲ့ပြီ ဖြစ်သည်။

“ ဒါက မိုးကြိုးကပ်ဘေးလား။ ငါ့ကို နိဗ္ဗာန်ကို အတင်းတွန်းပို့နေတာကြီးလေ “

လုချန်ရှန်းသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ ဆေးတစ်လုံး ထုတ်ယူလိုက်ပြီး ၎င်းကို မျိုချကာ သူ၏ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသနေတော့သည်။

သုံးရက်တာ အနားယူခဲ့ပြီးသည့်နောက်တွင် သူသည် အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်လာခဲ့ပြီဖြစ်သည်။

ကုန်ကျစားရိတ်က ကြီးမားသော်လည်း ရရှိခဲ့သည့် အကျိုးအမြတ်များကလည်း သေးငယ်မနေခဲ့ချေ အကြိမ်ပေါင်းများစွာ မိုးကြိုးအပစ်ခံခဲ့ရပြီးသည့်နောက်တွင် သူ၏ မိုးကြိုးတာအိုနားလည်မှုက ပိုမိုနက်ရှိုင်းလာခဲ့ပြီး သူ၏မိုးကြိုးတာအို ထိန်းချုပ်နိုင်စွမ်းက အံ့ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။

အဆင့်တူမှ လူများအနက် သူသည် မိုးကြိုးငှက်များထပ်ပင် မည်သို့မျှ နိမ့်ကျမနေတော့ပေ။

သူ၏ရုပ်ခန္ဓာ နတ်ဝိညာဥ်နှင့် မွေးရာပါ ဝိညာဥ်များကလည်း တဖြည်းဖြည်း အားကောင်းလာခဲ့သည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် အဆင့်တစ်ဆင့်ချင်းစီတိုင်းက အသစ်စက်စက် အတွေ့အကြုံတစ်ခုဖြစ်ပြီး အကယ်၍ သူက ဟွာရှုနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက ပြီးပြည့်စုံသော အသွင်ပြောင်းမှုတစ်ခု ဖြစ်လာခဲ့ပေမည်။

အဆုံးတွင် သူသည် မတ်တပ်ထရပ်ကာ ထျန်းယွမ်မြို့သို့ ပြန်ရောက်သွားခဲ့သည် သူ့ထံတွင် ဤနေရာမှ လွဲ၍ တစ်ခြားသော နေရာမရှိပေ သူသည် ချိန်းတွေ့ခြင်းအတွက် ဂိုဏ်းသို့ ပြန်သွားမည် မဟုတ်ပေ။

ဤနေရာ၌ သူသည် ရံဖန်ရံခါတွင် စီးပွားရေး ကိစ္စများ ပြုလုပ်ကာ ဝိညာဥ်ကျောက်တုံးများကို စုဆောင်းနေခဲ့ပြီး ထိုစဥ် သူ၏ မိုးကြိုးတာအို နားလည်မှုကလည်း တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။

အရာအားလုံး တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယွမ်နယ်မြေအတွင်း၌၊

ရှောင်ဟေးသည် တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး ကျင်းယုပါ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဒုတိယအစ်ကို ကျွန်တော့်ကို ဘာခိုင်းမလို့လဲ “ ကျင်းယုက မေးမြန်းလာခဲ့၏ သူ၏ လေသံမှာ ထူးထူးခြားခြား နွေးထွေးနေခဲ့သည်။

သူ့အမြင်တွင် ရှောင်ဟေးနှင့် လုချန်ရှန်းတို့ အကြားတွင် ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိနေခဲ့သည် ထို့ကြောင့် သူ့ကို ဒုတိယအစ်ကိုဟု ခေါ်ခြင်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။

ရှောင်ဟေးကမူ သူ့ကို ခေါ်ချင်သလို ခေါ်ရန်ခွင့်ပြုပေးထားခဲ့၏ သို့သော် သူ၏ အမူအရာတွင်မူ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ ကျင်းယု ငါ့ရဲ့အချိန်က အကန့်အသတ် ရှိတယ်။ လုချန်ရှန်းကို သွားရှာပြီးတော့ ငါ့ကို ကောင်းကင်ဝါးမျိုငှက်မျိုးနွယ်စုမှာ လာရှာဖို့ ပြန်ပြောလိုက် “

“ တကယ်လို့ သူမလာဘူးဆိုရင်ရော “

“ တကယ်လို့ မင်းသူ့ကို ပြောလိုက်မယ်ဆိုရင် သူသေချာပေါက် လာလိမ့်မယ် “ ရှောင်ဟေးက အေးအေးလူလူ ပြန်ပြောလိုက်သည် သူ့ထံတွင် ယုံကြည်မှုတစ်ချို့ ရှိနေသေးသည်။

သို့ရာတွင် ကျင်းယုက ထပ်မံ၍ မေးခွန်းထုတ်လာခဲ့သည် “ အဲ့ပြဿနာက အေးဆေးပါ ဒါပင်မဲ့ ကျွန်တော်က သူ့ကို ဘယ်မှာသွားရှာရမှာလဲ။ တိုက်ပွဲပြီးတဲ့အချိန်တုန်းက သူက ထျန်းယွမ်မြို့က ထွက်သွားပြီးတော့ ပျောက်သွားတယ်လေ “

“ သူက ထျန်းယွမ်မြို့မှာ ရှိတယ် “

ရှောင်ဟေးသည် တွေးပင်မတွေးဘဲ တိုက်ရိုက်ပြောလိုက်သည်။

“ မင်းဘယ်လိုသိတာလဲ “

လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။ ရှောင်ဟေးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် သူ၏ အမူအရာသည် အနည်းငယ် မသာမယာဖြစ်သွားခဲ့ပြီး ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့၏ “ ဘာလို့လဲဆိုတော့ ထျန်းယွမ်မြို့မှာရှိတဲ့ လူတွေကို ကပ်ဘေးကျော်ဖြတ်နိုင်အောင် ကူညီပေးနေတဲ့ အဲ့ဆိုင်က ဖွင့်နေတုန်းပဲလေ “

“ ဘာကိုဆိုလိုတာလဲ။ သူက အဲ့ဆိုင်ကို ဖွင့်ထားတာလား “ ကျင်းယု မှင်သက်သွား၏ သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် သို့သော် ၎င်းက ကြောင်းကျိုးသင့်သည်ဟု ခံစားနေခဲ့ရ၏။

“ သူကလွဲပြီးတော့ အဲ့လိုအန္တရာယ်များတဲ့ အလုပ်မျိုးကို ဘယ်သူက လုပ်ရဲမှာမို့လို့လဲ “

ရှောင်ဟေးမှာလည်း မည်ကဲ့သို့ မှတ်ချက်ပေးရမှန်းမသိ ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့သော ဆိုင်မျိုး ပေါ်ထွက်လာသည်ဟု သူကြားခဲ့ရသည့် အချိန်တွင် သူသည် အချိန်ယူ၍ စဥ်းစားမနေခဲ့ဘဲ ၎င်းက လုချန်ရှန်းဖြစ်သည်ဟုသာ တန်းသိသွားခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာ ထိုကဲ့သို့သော ကိစ္စများကို ပြုလုပ်နိုင်ပေသည်။

ကျင်းယုသည် များများစားစား ထပ်ပြောမနေတော့ပေ ယွမ်နယ်မြေမှ ထွက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် ထျန်းယွမ်မြို့သို့ မနားမနေ ပြေးလွှားနေတော့၏။

ရှောင်ဟေးပြောထားခဲ့သည့် အတိုင်းပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ဆိုင်အတွင်းတွင် လှဲလျောင်းကာ အေးအေးလူလူ နေပူစာလှုံနေလျက်ရှိ၏ ၎င်းက အမှန်ပင် လုချန်ရှန်းဖြစ်နေခဲ့သည်။

“ အစ်ကိုကြီး တကယ်ကို မင်းဖြစ်နေတာပဲ “ ဟု ကျင်းယုက ပြောလိုက်သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါဒီမှာရှိတယ်ဆိုတာကို မင်းက ဘယ်လိုလုပ် သိသွားရတာလဲ “

“ ဒုတိယအစ်ကို မီထျန်းက ပြောပြခဲ့တာလေ “

“ အံ့ဩစရာတော့ မဟုတ်ဘူးပဲ “ လုချန်ရှန်းသည် ၎င်းက ထူးဆန်းသည်ဟု မထင်တော့ပေ “ ငါ့ကို ဘာလုပ်ဖို့ လာရှာတာလဲ “

“ ဒုတိယအစ်ကိုက ကျွန်တော့်ကို လွှတ်လိုက်တာ သူက မင်းကို ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုမှာ သူ့ကို လာရှာစေချင်နေတယ် ဒါပင်မဲ့ ဘာကြောင့်လဲဆိုတာကိုတော့ မပြောပြခဲ့ဘူး “

“ တကယ်လား “

လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည် သူက ဤနေ့ရက်ကို စောင့်မျှော်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည် အဆုံးတွင် သတင်းရလာခဲ့ပြီဖြစ်သည်။

“ သွားကြစို့ “

တစ်ခဏအတွင်းမှာပင် သူသည် မတ်တပ်ထရပ်ကာ ထွက်ခွာသွားတော့သည် ကျင်းယုသည် နေရာမှာတင် မှင်သက်သွားကာ သူ့နောက်သို့ လိုက်သွားချင်နေခဲ့သည် သို့သော် သူပျောက်ကွယ်သွားပြီဆိုသည်ကိုသာ မြင်တွေ့လိုက်ရ၏။

“ ဒီလောက်တောင် လောနေတာလားဟ “

ကျင်းယုသည် အတွေးနက်သွားသော်လည်း များများစားစား ထပ်ပြောမနေတော့ပေ မည်သို့ပင်ဆိုစေကာမူ သူက သတင်းစကား လာပို့ခြင်းသာလျှင် ဖြစ်ပြီး ထိုနေရာသို့ သူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ပေ။ သူသည် ဆိုင်ကို ကြည့်ကာ သုံးရက်မျှ နေထိုင်ခဲ့ပြီးမှ ပြန်ထွက်သွားခဲ့သည်။

လုချန်ရှန်းသည် ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုသို့ ပြေးလွှားရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရ၏ ဤတစ်ကြိမ်တွင်မူ သူသည် ဦးစားပေးကိစ္စတစ်ခုရှိနေသောကြောင့် ခရီးစားရိတ်နှင့်ပတ်သက်၍ မည်သို့မျှ တွ့န်တိုမနေခဲ့ပေ။

ရှောင်ဟေး သူ့ကို ကမ်းလှမ်းထားသည့် အရာက အဆင့်တစ်ခုစာအတွက် အရင်းအမြစ်များ ဖြစ်သည်။

သူသည် လဝက်ကြာမည့် ခရီးစဥ်ကို ခုနစ်ရက်အတွင်းမှာပင် အပြီးသတ်နိုင်ခဲ့၏။

မြောက်ဘက် မိုင်တစ်ထောင်အကွာရှိ နန်ဟွမ်မြို့ကို ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်၌ သူ၏မျက်လုံးများအရှေ့တွင် တောင်တန်းဒေသတစ်ခု ပေါ်ထွက်လာခဲ့၏။ အနားသို့ မရောက်သေးခင် အချိန်မှာပင် ရှေးဟောင်းအငွေ့အသက်များ ပျံ့လွင့်နေသည်ကို သူခံစားနေနိုင်ခဲ့သည်။

ဤနေရာ တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီဖြစ်ပြီး ဤမျိုးနွယ်စုက ဤရတနာနယ်မြေတွင်သာ အမြဲလိုလို နေထိုင်ခဲ့ကြသည်။ ဟင်းလင်းပြင်အတွင်းမှ နတ်အလင်းတန်းတစ်ခု စီးဆင်းလာခဲ့ပြီး ကောင်းကင်ဘုံ အလင်းတန်း ကျဆင်းလာခဲ့ကာ စကားလုံးတို့ဖြင့် ရှင်းပြမရသော တာအိုစည်းချက်နှင့်အတူ မြူခိုးများကို ထိုးဖောက်သွား၏။

“ နေရာကောင်းလေးပဲ “

လုချန်ရှန်းမှ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် ၎င်းနေရာကို ကောင်းချီးနယ်မြေဟု ခေါ်ဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူကသာ ဤကဲ့သို့သော‌ နေရာမျိုးတွင် လွန်ခဲ့သော ဆယ်နှစ်ကတည်းက ကျင့်ကြံခဲ့မည်ဆိုပါက သူ၏ကျင့်ကြံရေးက ယခုထပ်ပိုမို မြင့်မားနေလိမ့်မည် မဟုတ်လော။

သူသည် နတ်ကောင်းကင်ဂိုဏ်းက အတော်လေးကောင်းသည်ဟု ထင်ခဲ့ဖူးသည် သို့သော် ဤနေရာနှင့် ယှဥ်လိုက်မည်ဆိုပါက ဆင်းရဲခြင်းဆိုသည့် စကားလုံးက အရာအားလုံးကို ချုံငုံဖော်ပြနေလျက်ရှိ၏။

“ လုချန်ရှန်း “

ထိုစဥ် တောင်တန်းများထံမှ ရင်းနှီးနေသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် အနီးကပ်ကြည့်ရှုလိုက်ရာ လူငယ်တစ်ဦးက သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည် ၎င်းက ရှောင်ဟေးပင် ဖြစ်သည်။

“ ရှောင်ဟေး မတွေ့ရတာကြာပြီ။ မင်းက ငါ့ကို အလောတကြီး ခေါ်လိုက်တယ်ဆိုတော့ ပြဿနာ တစ်ခုခု ရှိလို့လား “ လုချန်ရှန်းသည် လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေး၏ အမူအရာ ရှုံ့မဲ့သွားကာ တစ်ခဏကြာသည်အထိ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

ဘာတွေလာမေးနေတာလဲ။ မင်းသိနေပြီးသား မဟုတ်ဘူးလား။

မင်းဆိုတဲ့ကောင်က အကျိုးအမြတ် မရှိဘူးဆိုရင် ဒီကိုရောက်လာမှာမို့လို့လား။

“ ငါပဲ ရှိတာ ဟန်ဆောင်နေတာတွေ တော်လိုက်တော့ “

ရှောင်ဟေးသည် သူနှင့် ငြင်းခုန်ရန်အတွက်ပင် အလွန်တရာ ပျင်းရိနေခဲ့သည်။

လုချန်ရှန်းက အပြုံးဖြင့် တုံ့ပြန်လိုက်၏ “ ရှောင်ဟေး ငါမင်းကို သတိပေးချင်တာ တစ်ခုရှိတယ် ငါကနောက်တစ်ဆင့်တက်ဖို့အတွက် ငွေတော်တော် လိုနေပြီ။ ငါမင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး မင်းက တစ်ဝက်ပဲ ပေးလိုက် “

သူသည် သူ၏စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည် သူသည် နောက်တစ်ဆင့်အတွက် သန်းတစ်ရာကျော် လိုအပ်နေခဲ့သည် သူသည် ရှောင်ဟေးက ၎င်းကို ထောက်ပံ့ရန် မတတ်နိုင်မည်ကို စိုးထိတ်နေခဲ့၏။

သို့ရာတွင် ရှောင်ဟေးက ယုံကြည်မှုရှိရှိ တုံ့ပြန်လာခဲ့သည် “ ပေါက်ကရတွေ ပြောနေတာတော်လိုက်တော့ ငါ့ကို ပြဿနာလေးတစ်ခု ကူရှင်းပေး အဲ့ဒီသဘာဝသွေးကြောက မင်းအဆင့်တက်ဖို့အတွက် လုံလောက်မှာပါ “

“ ဘာပြဿနာလဲ “

“ ငါ့နောက်လိုက်ခဲ့ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး “

လုချန်ရှန်းသည် မှင်သက်သွားကာ ပြန်ပြောလိုက်သည် “ ပန်အမျိုးသမီးက လာရှာလို့များလား “

“ ပန်အမျိုးသမီးလား။ သူမနဲ့ ဘာဆိုင်လို့လဲ “

“ အဲ့တာဆိုရင် အဆင်ပြေပါတယ် “

လုချန်ရှန်းသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည် အဆိုပါ တောင်တန်းဒေသမှ ဖြတ်သွားသည့် အချိန်တွင် သူသည် လှိုက်တက်နေသည့် နဂါးချီများကို အာရုံခံမိခဲ့ပြီး ‌အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက နဂါးအရိပ်တစ်ခုက ရစ်ပတ်နေသည်ဟု မြင်တွေ့လိုက်ရမည် ဖြစ်သည်။

နဂါးသွေးကြော၏ အရှည်အလျားနှင့် အရှိန်အဝါနှင့်အတူ ၎င်း၏ တည်ရှိမှုကို ခံစားလိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ အဲ့နဂါးသွေးကြောက တော်တော်လေး ကောင်းတာပဲ ဒါပင်မဲ့ အဲ့တာကို ဖိနှိပ်ထားတဲ့နေရာမှာ ပြဿနာတစ်ခုရှိနေတယ်။ မင်းက အဲ့ဒီနဂါးသွေးကြောကို သုံးပြီးတော့ ငါ့ကို ငွေပေးဖို့ ကြံနေတာတော့ မဟုတ်ဘူးလား။ အင်း အဲ့တာကလည်း အလုပ်ဖြစ်ပါတယ်လေ “

“ ဆုတောင်းလိုက်လေ “

ရှောင်ဟေးက မျက်စောင်းထိုးလာခဲ့၏ ၎င်းက ခြောက်သွေ့ညှိုးနွမ်းလုနီးပါး ဖြစ်နေသည့် နတ်ကောင်းကင်ဂိုဏ်း၏ နဂါးသွေးကြောနှင့် မည်သို့မျှ မတူညီပေ။ ၎င်းက ဘိုးဘွားနယ်မြေ၏ ကံတရားနှင့် သက်ဆိုင်သောကြောင့် ၎င်းကို မည်ကဲ့သို့ ပေးကမ်းနိုင်မည်နည်း။

ရှောင်ဟေးသည် တစ်ဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလာခဲ့၏ “ နဂါးနစ်မြုပ်ခြင်းနယ်မြေမှာတုန်းက ဘိုးဘေးနဂါးရဲ့ ကံတရားကို ရခဲ့တယ်မဟုတ်ဘူးလား။ အဲ့တာတွေက မလုံလောက်ဘူးလား “

“ မင်းက အဲ့တာကိုလည်း သိတာပဲလားဟ “

“ မင်းက ရသမျှ ယူတတ်တဲ့ကောင်လေ အကျိုးအမြတ် မရှိဘဲနဲ့ ဘိုးဘေးနဂါးကို မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ခွင့်ပေးမှာမှ မဟုတ်တာ “

“ ဟူး မင်းပြောပေါက်ကြီးကလည်း မသိရင် ငါကပဲ အများကြီးရသွားသလိုလိုနဲ့ တကယ်က နည်းနည်းလေးပဲ ရခဲ့တာဟ “

လုချန်ရှန်းသည် စိတ်အခြေအနေ ကောင်းမွန်နေကာ ပြုံးပြလိုက်သည်။

ရှောင်ဟေးမှာလည်း တပြုံးပြုံးဖြင့် သူ၏ပေါက်ကရများကို ယုံလုမတတ် ဖြစ်သွားခဲ့၏။

--

………………………………………………………………………………………………………………………………………

All Chapters