အခန်း ၂၁၇
Vol. 15 Ch. 217
အပိုင်း ( 217 )
သူ့ကို ကြည့်ဦး ဘယ်လောက်တောင် မောက်မာလိုက်လဲ
အချိန်အတိုင်းအတာတစ်ခုအထိ တိတ်ဆိတ်မှုကသာလျှင် ကြီးစိုးနေလျက်ရှိ၏။
လုချန်ရှန်းကမူ ၎င်းက သူနှင့် မည်သို့မျှမသက်ဆိုင်သည့်အလား ပြုမူကာ စိတ်ဝိညာဥ်သစ်သီးကိုသာ အေးအေးလူလူ ကိုက်စားနေခဲ့၏။
သူသည် မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ဘဲ ပြပွဲကိုသာ စောင့်ကြည့်နေမည် ဖြစ်သည်။
ရှောင်ဟေးသည် ဝေခွဲမရဖြစ်ကာ ပန်အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည် သူမ၏ မျက်နှာပေါ်တွင် ရှိနေသည့် ရှက်ရွံ့နေသည့် အရိပ်အငွေ့တစ်ခု ရှိနေခဲ့ပြီး သူမက သူ၏အကြည့်ကို ရှောင်ရှားနေလျက်ရှိ၏။
ထိုမြင်ကွင်းက လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။
ပန်အမျိုးသမီးက ရှောင်ဟေးကို ကူညီရန် ရောက်လာခြင်းကပင် လူတိုင်း၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့ပြီဖြစ်ပြီး ပါဝင်ပတ်သက်နေသည့် အင်အားစုများကိုကပင် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မသိဘဲ အငိုက်မိသွားခဲ့ကြသည်။
အထူးသဖြင့် ယဲ့မော်ဖြစ်ပြီး အစတွင် သူက ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်ရန် ကြံရွယ်ထားခဲ့သည် သို့သော် သူမက ရှက်ရွံ့နေသည့် အမူအရာဖြင့် မီထျန်းကို ငေးကြည့်နေခဲ့၏။
၎င်းက သူ့ကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
ကမ္ဘာမကြေရန်သူတွေ မပြီးဆုံးတဲ့ တိုက်ပွဲတွေက ဘယ်ရောက်သွားတာလဲ။ သတင်းတွေက ဘယ်လိုတောင် ကွဲလွဲနေရတာလဲဟ။
“ ကျေးဇူးပြုပြီးတော့ ထိုင်ကြပါဦး “
ရှောင်ဟေးသည် သူမတို့ကို ဖိတ်ခေါ်လိုက်ကာ နေရာထိုင်ခင်းအတွက် အလျင်အမြန် စီစဥ်ပေးနေတော့၏။
ပန်အမျိုးသမီးသည် ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှထပ်မပြောဘဲ လုချန်ရှန်း၏ ဘေးနားတွင် ထိုင်ချလိုက်သည်။
ထို့နောက်တွင် ပန်အမျိုးသမီးက စကားစပြောလာခဲ့၏ “ အစ်ကိုလု ကျွန်မတို့က ထပ်တွေ့ကြပြန်ပြီ “
“ ဟားဟားဟား ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ “
လုချန်ရှန်းက ပြုံးပြလိုက်၏ လူနှစ်ဦးသည် စတင်၍ စကားပြောဆိုနေကာ တစ်ခြားလူများ၏ အကြည့်များကို လုံးဝလျစ်လျူရှုထားကြသည်။
ပန်ဘုရင်လေးမှာလည်း လုချန်ရှန်း၏ ဘေးနားတွင် ထိုင်လိုက်ကာ စကားပြောလာခဲ့သည် “ လုချန်ရှန်း မင်းက ထျန်းယွမ်မြို့မှာ ဘက်ပေါင်းစုံက ရောက်လာတဲ့ လူတွေနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ လုံးဝမရှုံးခဲ့ဘူးလို့ ငါကြားခဲ့ရတယ် “
“ ကံကောင်းလို့ပါ ကံကောင်းသွားရုံပါပဲ “
“ အဲ့လိုဆိုမှတော့ ငါတို့က ဘယ်အချိန်ကျမှ ထပ်တိုက်ကြမှာလဲ။ ငါ ဝိညာဥ်ကျောက်တုံးတွေ ယူလာခဲ့တယ် “
ပန်ဘုရင်လေးက စကားပြောလာခဲ့ပြီး သူ၏ တိုက်ခိုက်လိုစိတ်များ အင်မတန် မြင့်မားနေလျက်ရှိကာ ထိုတိုက်ပွဲကို မျှော်လင့်စောင့်စားနေခဲ့၏။
လုချန်ရှန်းကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် ဒီကောင်က ဘာကိစ္စ ဒီလောက်တောင် ထူးဆန်းနေရတာလဲ အမြဲလိုလို တိုက်ပဲတိုက်ချင်နေတယ်။
“ နောက်တစ်ခေါက်ဆိုရင်တော့ ဖြစ်နိုင်ပါပြီ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။
ရှောင်ဟေးသည် စောင့်ကြည့်နေရင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည် ဒီကောင်က ဝိညာဥ်ကျောက်တုံးတွေ မလိုချင်တော့ဘူးလားဟ။
မကြာခင် အချိန်မှာပင် ခန်းမအတွင်းတွင် အဘိုးအိုတစ်ဦး ပေါ်လာခဲ့သည် ၎င်းက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ အကြီးအကဲ ယဲ့ကန်ပင် ဖြစ်သည်။
အဘိုးအိုပေါ်လာသည့် အချိန်တွင် ပြင်းထန်သော စွမ်းအား အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့၏ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်ပြီး တစ်ခြားသော ဟွာရှုနယ်ပယ် ပညာရှင်များထပ် များစွာပိုမို သန်မာအားကောင်းနေလျက်ရှိ၏။
“ ကျုပ်တို့ရဲ့ မျိုးနွယ်စုကို ရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် “ ယဲ့ကန်မှ စကားပြောလာခဲ့သည် သူ၏လေသံက အေးဆေးတည်ငြိမ်နေသော်လည်း ဩဇာအရှိန်အဝါများ မသိမသာ ပါဝင်နေခဲ့၏။
“ အကြီးအကဲ ခင်ဗျားက ကြင်နာလွန်းနေပါပြီဗျာ “
လူတိုင်းက ဦးညွတ်ကာ ရိုသေလေးစားမှုကို ပြသလာကြသည်။
လုချန်ရှန်းတစ်ဦးတည်းကသာလျှင် ၎င်းကို အလေးအနက်မထားခဲ့ပေ သူသည် တစ်ချက်မျှငေးကြည့်ရုံသာ ကြည့်လိုက်သည် ရှောင်ဟေးက မည်သို့မျှ မတုံ့ပြန်သောကြောင့် သူသည် လှုပ်ရှားရန်အတွက်ပင် အလွန်တရာ ပျင်းရိနေခဲ့သည်။
ယခုလက်ရှိအချိန်တွင် သူ့ကို ပေါ်တင်တိုက်ခိုက်ဝံ့သူမှာ အနည်းငယ်မျှသာ ရှိသည် အကယ်၍ ယနေ့တွင် သူတို့က ပြုလုပ်လာခဲ့မည်ဆိုပါက နောက်တစ်နေ့တွင် ကူချန်ကျွင်းက သူတို့ကို သတ်ဖြတ်မည် ဖြစ်ပေသည် မည်သူကမှ ထိုမျှလောက်အထိ မိုက်မဲနေမည် မဟုတ်ချေ။
ထို့နောက်တွင် ယဲ့ကန်က စကားဆက်ပြောလာခဲ့၏ “ ကျုပ်တို့ မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေက အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးအချိန်တိုင်းမှာ မကြာခဏ ပေါ်ထွက်လာလေ့ရှိပါတယ် အဲ့တာကြောင့်ပဲ ခင်ဗျားတို့အားလုံးကို ဖိတ်ခေါ်လိုက်ရတာပါ အဲ့မှာ ကျုပ်တို့က အားလုံးနဲ့မျှဝေချင်နေတဲ့ အခွင့်အလမ်းတွေ ရှိပါတယ် “
ထိုအချိန်တွင် ဘက်ပေါင်းစုံမှ တုံ့ပြန်မှုများ ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးသည် ကျေးဇူးတင်နေသည့် အမူအရာများကို ပြသလာကြ၏။
ထိုအခိုက်အတန့်တွင် ယဲ့မော်ကပါ စကားဝင်ပြောလာခဲ့သည် “ အားလုံးပဲ နောက်ကျရင် ကျုပ်တို့မျိုးနွယ်စုက ခင်ဗျားတို့အားလုံးကို ကြိုဆိုဖို့အတွက် စားသောက်ပွဲတစ်ခု ကျင်းပပေးပါမယ် “
“ ကျေးဇူးတင်ပါတယ် “
လူတိုင်းက တညီတညာ တုံ့ပြန်လာခဲ့ကြသည်။
အစတွင် ထွက်ခွာရန် ပြင်ဆင်နေသည့် ယဲ့မော်သည် တစ်စုံတစ်ခုကို မှိတ်မိသွားကာ မီထျန်းနားသို့ လျှောက်လှမ်းကာ စကားပြောလာခဲ့သည် “ ညီလေး မင်းပြင်ဆင်ပြီးပြီလားဆိုတာကို ငါသိချင်မိတယ် ဘာလို့ ပန်အမျိုးသမီးနဲ့ ညီအစ်ကိုလုကို အားလုံးနဲ့အတူတူ စားသောက်ပွဲဆီ မဖိတ်လိုက်ရတာလဲ “
ပန်အမျိုးသမီးမှာ မလှုပ်မယှက် ဖြစ်နေခဲ့သည်။
ရှောင်ဟေးမှာ မျက်မှောင်ကြုတ်သွားခဲ့သည် သို့သော် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါတို့က စားဖို့ မတတ်နိုင်ဘူးလား(ဒါမှမဟုတ်) ဟင်းတွေမှာ အဆိပ်ခတ်ဖို့ ကြံနေတာလား “
ယဲ့မော် မှင်သက်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ဒီကောင်က တကယ်ကို လူမုန်းဖို့ကောင်းတဲ့ကောင်ပဲ ငါ့ကိုတောင် လုံးဝဂရုမစိုက်ဘူး။
“ ညီအစ်ကိုလု မင်းက ငါတို့ မျိုးနွယ်စုရဲ့ ဧည့်သည်တော်လေ အဲ့တာကြောင့် ငါမင်းကို ယဥ်ယဥ်ကျေးကျေးပဲ ဆက်ဆံမှာပါ ဒါပင်မဲ့ မင်းက နည်းနည်းလေး လွန်နေပြီ “
ယဲ့မော်သည် မချုပ်တည်ထားသော်လည်း အေးအေးလူလူ စကားပြောနေသေးသည်။
သို့ရာ၌ အနီးအနားတွင် ရှိနေသည့် ဘုန်ကြီးတစ်ပါးက မတ်တပ်ထရပ်လာခဲ့ပြီး ဤနေရာကို ငေးကြည့်ကာ စကားပြောလာခဲ့သည် “ အမိတက္ဘ ညီအစ်ကို ယဲ့မော် ဘာလို့ သူနဲ့ အချိန်ဖြုန်းနေရတာလဲ။ သူက ကူချန်ကျွင်းရဲ့ တပည့်လေ အဲ့တာကြောင့် သူ့ဆီမှာ ယဥ်ကျေးမှုမရှိတာက အံ့ဩစရာ မဟုတ်ပါဘူး “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြသည်။
ထိုနေရာတွင် ထိုင်နေခဲ့သည့် လုချန်ရှန်းသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် တစ်ခုခု ဖြစ်ပျက်လာတော့မည်ဆိုသည်ကို သိရှိနေခဲ့သည် သို့သော် သူဘာမှဝင်မပြောခဲ့ပေ။
လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အနားသို့ ကပ်သွားကာ စကားပြောလိုက်သည် “ မင်းဘာပြောလိုက်တာလဲ “
ဘုန်းကြီးမှာ ရယ်မောနေတော့သည် “ ကူချန်ကျွင်းရဲ့ ………. “
ဖပ်
သူ့စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းတွင် အားပါပြင်းထန်သော ပါးရိုက်သံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့၏။
ဘုန်းကြီးသည် အငိုက်မိသွားကာ အရိုက်ခံလိုက်ရသည် “ လုချန်ရှန်း မင်း …….. “
“ ဘာကိုမင်းလဲ။ ငါစကားပြောဖို့ ပြောတော့ မင်းက တကယ်ကြီး ပြောလာခဲ့တယ်ပေါ့ ဒီလောက်တောင် လိမ္မာတာလားဟ “
လုချန်ရှန်းသည် ထိုနေရာတွင် မတ်တပ်ရပ်ကာ ဘုန်းကြီးကို အေးအေးလူလူ ငေးကြည့်နေခဲ့၏။
“ မင်းငါ့ကို စော်ကားဝံ့တယ်ပေါ့လေ “
“ ဘာလဲ။ မင်းကို စော်ကားဖို့အတွက် ရက်ရွေးနေရဦးမှာလား “ လုချန်းရှန်းက အေးအေးလူလူ တုံ့ပြန်နေခဲ့သည်။
အားလုံးသည် တစ်ခဏခန့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည် အစပိုင်းတွင် သူတို့သည် ထိုလူက စကားစစ်ထိုးလာမည်ဟုသာ ထင်နေခဲ့ကြသည် သို့သော် သူက ပါးရိုက်ချက်တစ်ချက်ဖြင့် စတင်လာခဲ့လေသည်။
လုချန်ရှန်းသည် တစ်ခြားလူများက စကားပြောလာမည်ဆိုသည်ကို စောင့်ဆိုင်းမနေဘဲ စကားထပ်ပြောလိုက်သည် “ ကတုံး မင်းပါးစပ်ကို ဆင်ခြင်လိုက်တာက ပိုကောင်းလိမ့်မယ်။ မယုံမရှိနဲ့ မနက်ဖြန်ကျရင် ငါ့ဆရာက မင်းတို့ အနောက်တိုင်း လမ်းစဥ်ကို ပြောင်းပြန်လှန်ပစ်လိမ့်မယ် “
ဘုန်းကြီးက စောင့်ကြည့်နေခဲ့သည် အစတွင် အေးဆေးတည်ငြိမ်နေခဲ့သည့် သူသည် ယခုလက်ရှိအချိန်တွင် ကတုန်ကရင် ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် လက်ငါးချောင်းရာရှိနေသည်ကို သိသိသာသာ မြင်တွေ့နေခဲ့ရသည်။
သူ၏မျက်ဝန်းများ အတွင်းတွင် ဒေါသများ ကိန်းဝပ်နေလျက်ရှိသော်လည်း သူ့ထံတွင် လှုပ်ရှားလိုသည့် အရိပ်အငွေ့များ ရှိမနေခဲ့ပေ။
မြင့်မြတ်နယ်မြေတစ်ခုကပင် မလှုပ်ရှားဝံ့သောကြောင့် လုချန်ရှန်းက အလွန်တရာ ယုံကြည်မှု ရှိနေခဲ့သည်။
ထို့အပြင် သူအရှေ့တွင် ရှိနေသည့် လူက မွေးရာပါ ဝိညာဥ် အဆင့်၂(သို့) အဆင့်၃တွင်သာ ရှိနေခဲ့၏ အကယ်၍ သူကသာ အလေးအနက်ထား၍ လှုပ်ရှားလိုက်မည်ဆိုပါက တစ်ဖက်လူက သူ၏ရိုက်ချက်ကြောင့် သေဆုံးသွားနိုင်ပေသည်။
လုချန်ရှန်းသည် ထိုလူနှင့် သူ့ဆရာကားတွင် မည်ကဲ့သို့သော အငြိုးအတေးများ ရှိနေလဲဆိုသည်ကို မသိသော်လည်း အကယ်၍ ထိုလူက သူ့ဆရာအကြောင်းကို ထိုကဲ့သို့ ပြောဆိုနေမည်ဆိုပါက သူမျက်နှာပျက်သွားရမည် မဟုတ်လော။
သူက ထိုလူများ၏ လှောင်ပြောင်းခြင်းကို ခံလိုက်ရမည် မဟုတ်လေ။ ထိုကဲ့သို့ ဖြစ်လာမည်ဆိုပါက သူ၏ ခံ့ညားတောက်ပြောင်သည့် ပုံရိပ်က အဖက်ဆယ်၍ မရလောက်သည်အထိ ပျက်စီးသွားရမည် မဟုတ်လော။
ထို့ကြောင့် မည်သူပင် ဖြစ်နေပါစေ အရင်ဦးဆုံး ပါးရိုက်ပေးလိုက်ရမည် ဖြစ်သည်။
ယဲ့မော်၏ အမူအရာမှာလည်း မည်သို့မျှ ကောင်းမွန်မနေခဲ့ပေ။
ဘုန်းကြီးက စကားထပ်ပြောလာခဲ့၏ “ လုချန်ရှန်း မင်းက ကူချန်ကျွင်းရဲ့ အရှန်အဝါကို သုံးပြီးတော့ ဒီမှာ ဗိုလ်လာကျနေတဲ့ကောင်လေးတစ်ယောက်သာသာပဲ မင်းက တကယ်ကြီး …….. “
“ ကတုံးကောင် ငါက ဘယ်လိုလူလဲဆိုတာကို ဂရုစိုက်မနေနဲ့။ အခုလေးတင် ငါမင်းကို ရိုက်လိုက်တယ် တကယ်လို့ မင်းမယုံဘူးဆိုရင် လှုပ်ရှားလာခဲ့လိုက်။ ငါဒီမှာပဲ ရပ်နေမယ် ငါ့ကို အကြာကြီးစောင့်နေရအောင် မလုပ်နဲ့ “
သူ၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့က မောက်မာသော လူများကို တွေ့ခဲ့ဖူးသည် သို့သော် ဆရာဖြစ်သူကို မှီခိုကာ အရှက်တရား လုံးဝကင်းမဲ့နေသည့် ထိုမျှလောက်အထိ မောက်မာသော လူကိုမူ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ရှောင်ဟေးကပင် သူက အတော်လေး မောက်မာလွန်းနေသည်ဟု ခံစားသွားခဲ့ရ၏။
လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ပေ အမှန်တကယ် တိုက်ခိုက်ကြမယ်ဆိုပါက အနိုင်ရနိုင်ခြေမှာ ၅၀-၅၀သာ ဖြစ်နေပေလိမ့်မည်။
သူက တစ်ဖက်လူကို အနိုင်ရမည့် အခွင့်အလမ်းက ၅၀%ဖြစ်ပြီး တစ်ဖက်လူက ပါးရိုက်အသတ်ခံလိုက်ရမည်မှာ ၅၀% ဖြစ်သည်။
၎င်းက ထိုလူ့ထံတွင် ကာကွယ်ရေး မှော်ပစ္စည်းမည်မျှရှိနေလဲဆိုသည့်အပေါ်တွင် မူတည်နေလျက်ရှိသည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်တွင် ဘုန်းကြီးက မလှုပ်ရှားလာသေးပေ သူက လှုပ်ရှားမိလုနီးပါး ဖြစ်ခဲ့သော်လည်း ယဲ့မော်၏ တားဆီးခြင်းကို ခံခဲ့ရသည် ကူချန်ကျွင်းကို မည်သို့မျှ ရန်စ၍ မဖြစ်ချေ လူအများအပြားရှေ့တွင် လှုပ်ရှားခြင်းက သူတို့အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သွားသည်ဖြစ်စေ သူတို့အားလုံးက ဆိုးဝါးသော အဆုံးသတ်ကို ခံစားသွားရကာ သူတို့အနောက်တွင် ရှိနေသည့် အင်အားစုများကိုပါ ဆွဲချမိသွားလိမ့်မည် ဖြစ်သည်။
တစ်ဖက်လူက မည်သို့မျှ မလှုပ်ရှားလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက အသာအယာ သရော်ကာ စကားထပ်ပြောလိုက်၏ “ ဒီဟာကို သည်းခံထားတယ်ပေါ့ တကယ့်ငကြောက်ကောင်ပဲ “
ထို့နောက်တွင် သူသည် ခန်းမအတွင်းမှ လှည့်ထွက်သွားတော့သည်။
တံခါးဝသို့ ရောက်သည့် အချိန်တွင် လုချန်ရှန်းသည် နောက်သို့လှည့်ကြည့်ကာ အေးအေးလူလူ စကားထပ်ပြောလိုက်သည် “ ဒီတစ်ခါတော့ မင်းကံကောင်းသွားတယ်။ တကယ်လို့ မသေချင်သေးဘူးဆိုရင် နောက်တစ်ခေါက် ငါ့ကို တွေ့တဲ့အချိန်ကျရင် ဦးညွတ်ဖို့ မမေ့နဲ့ “
ထို့နောက်တွင် သူသည် ထိုလူများနှင့် လေကုန်ခံနေရန် ပျင်းရိလွန်းနေသဖြင့် ရှောင်ဟေး၏ ဝိညာဥ်တောင်ဆီသို့သာ တိုက်ရိုက်ဦးတည်သွားတော့သည်။
သူသည် မောက်မာမှုကို အပြည့်အဝ ပြသခဲ့သည်။ မောက်မာတတ်သည်က မထူးခြားလှသော်လည်း ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း မောက်မာသူကမူ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။
ခန်းမအတွင်းရှိ လူအုပ်ကြီးသည် အကြည့်များ ဖလှယ်လိုက်ကြပြီး ထပ်မံ၍ အတွေးနက်သွားခဲ့ပြန်သည် အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်ခဲ့ပြီး မြန်လွန်းသဖြင့် လူတိုင်းကို အငိုက်မိသွားစေခဲ့၏။
ရှောင်ဟေးကမူ ပြုံးပြလိုက်ပြီး အဓိပ္ပါယ်ပြည့်သော အကြည့်တစ်ခုဖြင့် ယဲ့မော်ကို ငေးကြည့်နေတော့၏။
“ မင်းတို့ကောင်တွေက တကယ်ကြီး ကံကောင်းကြတာပဲ “
“ ဘာကိုဆိုလိုတာလဲ “ ဟု ယဲ့မော်က မေးမြန်းလာခဲ့၏။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ဒီနေရာမှာ အရှင်လတ်လတ် မတ်တပ်ရပ်နေနိုင်သေးတာက လုံလုံလောက်လောက် ကံကောင်းနေပြီ မဟုတ်ဘူးလား “
--
………………………………………………………………………………………………………………………………………..