အခန်း ၂၁၈
Vol. 15 Ch. 218
အပိုင်း ( 218 )
ကောင်းကင်ဝါးမျိုငှက် ဘိုးဘွားနယ်မြေ
လုချန်ရှန်း ထွက်သွားသည့်နောက်တွင် ရှောင်ဟေးပါ ထွက်ခွာသွားခဲ့သည်။
ပန်အမျိုးသမီးကပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည် သူမသည် သူ့ဘေးနားတွင် လမ်းလျှောက်ကာ မနေနိုင်တော့ဘဲ ရှောင်ဟေးကို ငေးကြည့်နေမိတော့သည်။
“ သူက အမြဲလိုလို အဲ့လိုမျိုးဖြစ်နေတာလား “
ရှောင်ဟေးသည် တစ်ခဏခန့် လေးလေးနက်နက် တွေးတောစဥ်းစားကာ ပြန်ပြောလိုက်သည် “ ဘယ်လောက်ပဲ အန္တရာယ်များနေပါစေ သူဖြစ်နေသရွေ့တော့ ဘာမှမထူးဆန်းပါဘူး “
“ အဲ့လိုလား “
ပန်အမျိုးသမီးမှာ အတွေးနက်သွားခဲ့သည် သူမ၏လေသံက ပုံမှန်ထပ် ပိုမိုနူးညံ့နေခဲ့သည်။
ရှောင်ဟေးသည် ယခင်ကလောက် ဒေါသမကြီးတော့သည့် ပန်အမျိုးသမီးကို ကြည့်ကာ ဝေခွဲမရဖြစ်သွားခဲ့သည်။
လူအုပ်ကြီးထွက်သွားသည့်နောက်တွင် ဘုန်းကြီး၏ မျက်ဝန်းများအတွင်းတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်များက ပိုမိုမည်းမှောင်လာခဲ့ပြီး ဘုန်းကြီးတစ်ပါး၏ အေးဆေးတည်ငြိမ်သော အရှိန်အဝါမျိုး လုံးဝကင်းမဲ့သွားခဲ့သည်။
အနီးအနားတွင် ရှိနေသည့် တစ်စုံတစ်ဦးသည် မနေနိုင်တော့ဘဲ တရားမျှတမှုအတွက် ပြောဆိုလာခဲ့သည်။
“ လုချန်ရှန်းက ဘယ်လိုတောင် အဲ့လိုမျိုးလုပ်ရဲနေရတာလဲ။ အဲ့တာများ ……. “
“ မပြောနဲ့ “ တစ်စုံတစ်ဦးက သတိပေးလာခဲ့၏။
“ ဘာလို့လဲ “
ထိုလူက စကားထပ်ပြောလာခဲ့သည် “ မင်းတော့ မသိလောက်ဘူး ဒါပင်မဲ့ အဲ့လူက အငြိုးအတေးကြီးတယ်။ တကယ်လို့ မင်းက သူ့မကောင်းကြောင်း ပြောလိုက်မယ်ဆိုရင် သူက သေချာပေါက် လက်စားချေလာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း သဘောပေါက်သွားကာ ငြိမ်ကျသွားတော့၏။
သို့ရာတွင် ဘုန်းကြီးကမူ မည်သို့မျှ တည်ငြိမ်မနေနိုင်ခဲ့ပေ။
ယဲ့မော်က စကားဝင်ပြောလာခဲ့သည် “ ခဏလောက် သည်းခံထားလိုက်ပါ “
ဘုန်းကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ဖြည်းဖြည်းချင်း တုံ့ပြန်လာခဲ့သည် “ ကောင်းပြီလေ သူ့ကို ခဏလောက် သည်းခံပေးလိုက်မယ်။ ကျောက်စိမ်းခြသေ့်ကို သွားခေါ်ပြီးတော့ သတင်းပြန်ပို့ခိုင်းလိုက်မယ် “
“ ကောင်းပြီလေ “
ယဲ့မော်သည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ ဘုန်းကြီးက လမ်းလျှောက်ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည် သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူပြန်ရောက်လာခဲ့ကာ အံ့အားသင့်နေသော အကြည့်မျိုးဖြင့် စကားပြောလာခဲ့သည်။
“ ငါ့ခြသေ့် ဘယ်မှာလဲ “
လူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟေး၏ စိတ်ဝိညာဥ်တောင်ပေါ်တွင် အထက်သို့ မီးခိုးငွေ့များ လှိုက်တက်လာခဲ့၏ မီးအလင်းရောင်သည် ပတ်ဝန်းကျင်ရှိ တောင်နံရံများကို လင်းထိန်သွားစေခဲ့သည်။ မီးအထက်တွင် ကြီးမားသော အသားပိုင်းတစ်ပိုင်း အကင်ခံနေရကာ ကျက်သွားခဲ့ပြီဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးနှင့် ပန်အမျိုးသမီးတို့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ မင်းဘာလုပ်နေတာလဲ “
“ မင်းက များများစားစား မပြင်ဆင်ထားဘူးဆိုတာ ငါမြင်နေရတယ်လေ ဒါပင်မဲ့ ပန်အမျိုးသမီးကလည်း ဒီကို ရောက်နေတယ်လေ အဲ့တာကြောင့် သူမကို ကောင်းကောင်းလေး ပြုစုပေးရမှာပေါ့ ငါ့လက်ရာကို မြည်းခွင့်ပေးလိုက်မယ် “
ပန်အမျိုးသမီးမှာ တအံ့တဩ ဖြစ်သွားခဲ့သည် သူမသည် လုချန်ရှန်းထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် ရှောင်ဟေးက မေးခွန်းထုတ်နေတော့သည် “ မင်းက အသားကို ဘယ်ကရတာလဲ “
“ အဲ့တောင်ကပဲလေ။ ငါပြန်လာတော့ အဲ့မှာ ခြသေ့်တစ်ကောင်ကို ချည်ထားတာကို တွေ့ခဲ့ရတယ်။ အဲ့တာက ငါ့ကို တစ်နေကုန် ဟိန်းဟောက်နေတယ်လေ။ သူကတော့ အပိတ်လှောင်ခံထားရပြီးတော့ အသက်ဆက်မရှင်ချင်တော့တဲ့ပုံပဲ “
“ အဲ့တာနဲ့ပဲ ကင်လိုက်တယ်ပေါ့ “ ဟု ရှောင်ဟေးက တုံ့ပြန်လိုက်၏။
“ အဲ့တာက လွတ်မြောက်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား “
ရှောင်ဟေးသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ပန်ဘုရင်လေးက စကားဝင်ပြောလာခဲ့၏ “ ဘာမှားနေလို့လဲ “
ရှောင်ဟေးက ရှင်းပြပေးနေတော့သည် “ သူက အဲ့ဘုန်းကြီးရဲ့ အစီးအနင်းသားရဲ အကြောက်အလန့်ကင်း ခြသေ့်(ဝူးဝေ့ရှုန်ရှီး)ရဲ့ မျိုးဆက် ကျောက်စိမ်းခြသေ့်ကို ကင်လိုက်တာလေ “
ပန်အမျိုးသမီး မှင်သက်သွားခဲ့သည်။
ပန်ဘုရင်လေးမှာလည်း တည်ငြိမ်မှု ကင်းမဲ့သွားခဲ့သည်။
သူသည် ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ မင်းအဲ့လိုပြောမှတော့ အသားက တော်တော်လေးကို အရသာရှိနေမှာ သေချာတယ် “
ရှောင်ဟေး ဆွံ့အသွားတော့၏ အဲ့တာက ဘာစကားကြီးလဲ။
လုချန်ရှန်းသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အေးအေးလူလူ ပြောဆိုနေခဲ့သည် “ အဲ့တာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ အဲ့ကတုံးက အကြောင်းအရင်းမရှိဘဲ ငါ့ကိုရန်စခဲ့တာလေ ငါက ဘာမှတောင် ပြောခဲ့တာ မဟုတ်ဘူး။ သူ့ခြသေ့်ကို စားလိုက်တာက ဘာမှားနေလို့လဲ “
ပန်ဘုရင်လေးသည် ၎င်းကို နားထောင်နေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် အတွေးနက်သည့် အရိပ်အငွေ့များ ကိန်းအောင်းလာခဲ့၏။ အဆုံးတွင် သူသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
“ မှန်နေတဲ့ပုံပဲ “
သို့ရာတွင် ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ တကယ်တော့ အကြောင်းပြချက် မရှိတာမျိုးလည်း မဟုတ်ပါဘူးလေ။ မင်းရဲ့ဆရာက သူနဲ့ သွေးကြွေးရန်ငြိုးရှိတယ် “
“ အို့ မင်သိတာလား “
“ ငါနည်းနည်း ကြားခဲ့ဖူးတယ် “ ရှောင်ဟေးက ရှင်းပြလာခဲ့သည် “ အဲ့ဘုန်းကြီးရဲ့ နာမည်က ဝူရို့ သူက အနောက်ပိုင်းဒေသ ဗုဒ္ဓဝါဒီတွေရဲ့ နာမည်ခံ သူတော်စင်တစ်ပါးပဲ။ သူ့ဆရာဘိုးဘိုးက စစ်ပွဲဘုရင်ရဲ့ လက်ထဲမှာ သေသွားခဲ့တာလေ အဲ့တာကြောင့်ပဲ သူ့ဆရာရဲ့ ကျင့်ကြံရေးက သူ့ကို ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ အကြွင်းမဲ့ သန့်စင်ပေးနိုင်လောက်တဲ့အထိ မစွမ်းခဲ့ဘူး အဲ့တာကြောင့်ပဲ သူ့ရဲ့ မွေးရာပါ အရိုးတည်ဆောက်ပုံက တစ်ခြားသူတော်စင်တွေထပ် အားနည်းနေခဲ့တာ။ အဲ့တာကြောင့် မင်းကို ရန်ငြှိုးဖွဲ့နေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး “
“ အဲ့လိုကိစ္စမျိုးတောင် ရှိခဲ့တယ်ပေါ့ “ ဟု ပန်ဘုရင်လေးက စကားထပ်ပြောလာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် " ငါ့ဆရာက ဘယ်လောက်တောင် ကောင်းပြီးတော့ ငြိမ်းချမ်းလိုက်လဲ။ အဲ့လူကို သတ်လိုက်တယ်ဆိုမှတော့ အဲ့လူက လုံးဝမကောင်းတာပဲဖြစ်ရမယ် သူက လူလိမ်(ဒါမှမဟုတ်) တစ်ခြားတစ်ခုခု ဖြစ်နေလောက်တယ် "
" မှန်လောက်တယ် " ပန်ဘုရင်လေးမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
သို့ရာတွင် ပန်အမျိုးသမီးကမူ အံ့အားသင့်နေသည့် အကြည့်မျိုးဖြင့် သူမ၏ မောင်ဖြစ်သူကို ကြည့်နေခဲ့ပြီး ထို့နောက်တွင် လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည် " ကျွန်မရဲ့ ပွင့်လင်းမှုကို ခွင့်လွှတ်ပေးပါ စစ်ပွဲဘုရင်က ငြိမ်းချမ်းတယ်လို့ ရှင်တကယ်ထင်နေတာလား "
" ငါထင်တာတော့ သူက တော်တော်လေးကို ငြိမ်းချမ်းပါတယ် "
အမ် .......
ရှောင်ဟေးနှင့် ပန်အမျိုးသမီး နှစ်ဦးစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သို့ရာတွင် ပန်ဘုရင်လေးက မေးခွန်းထုတ်လာခဲ့၏ " သူက ငြိမ်းချမ်းတဲ့သူ မဟုတ်ဘူးလား "
သူတို့ စကားပြောနေကြသည့် အချိန်မှာပင် ခြသေ့်ကင်ခြင်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုလက်အချိန်အထိ တစ်ဖက်လူက မည်သို့မျှ မတုံ့ပြန်လာခဲ့သောကြောင့် လုချန်ရှန်းက ငြိမ်မနေနိုင်တော့ဘဲ စကားထပ်ပြောနေတော့သည် " ထူးဆန်းတယ် "
" ဘာထူးဆန်းတာလဲ " ဟု ပန်ဘုရင်လေးက မေးမြန်းလိုက်၏။
" သူတို့က အခုလေးတင် ဖြစ်ခဲ့တဲ့ ကိစ္စမျိုးကိုတောင် သည်းခံနိုင်ကြတယ် ကြည့်ရတာတော့ မကောင်းတာ တစ်ခုခုကို ထပ်လုပ်ကြတော့မဲ့ပုံပဲ "
မူမမှန်သော အရာတစ်ခုက ဆိုးရွားသော ကိစ္စတစ်ခုကို ညွှန်ပြနေခြင်းသာလျှင် ဖြစ်ရပေမည်။ လုချန်ရှန်းသည် မနေနိုင်တော့ဘဲ အတွေးနက်သွားခဲ့ရသည်။
သို့ရာ၌ ထိုစဥ် မဟာတောရိုင်း ခန်းမ၏ ရှင်းယွင်ရောက်ရှိလာခဲ့ပြီး သူသည် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုအတွင်းသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဤတောင်ဆီသို့သာ တိုက်ရိုက် ဦးတည်လာခဲ့၏။
" ညီအစ်ကိုလု ပန်အမျိုးသမီး ညီအစ်ကိုယဲ့ "
ရှင်းယွင်က ယခင်ကအတိုင်းပင် မည်သည့်မောက်မာမှုမှ မရှိဘဲ စကားပြောဆိုလာခဲ့သည်။
သို့သော် သူ့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ စိတ်ထဲတွင် အပြစ်ရှိစိတ် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။ သူသည် ယခုလက်ရှိ အချိန်အထိပင် စိတ်မသက်မသာ ဖြစ်နေသေးသည်။
သို့ရာတွင် ပန်ဘုရင်လေးက မေးမြန်းလိုက်သည် " သူတောင်စင် ရှင်းယွင် မင်းက ဒီကို ဘာလို့ရောက်လာရတာလဲ "
ရှင်းယွင်သည် ပြုံးနေခဲ့သော်လည်း မည်သည့်စကားမှ မပြောလာခဲ့ပေ။
လုချန်ရှန်းမှာလည်း အတော်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည် သူသည် ၎င်းနှင့်ပတ်သက်သည့် ကိစ္စတစ်ခုခုကို ယခင်က လုံးဝမကြားဖူးခဲ့ပေ။
သို့ရာတွင် ရှောင်ဟေးက အသံပို့လွှတ်လာခဲ့၏ " တောင်ပိုင်းဒေသက ဖရိုဖရဲဖြစ်တော့မယ်လေ။ အစကတော့ ငါတို့မျိုးနွယ်စုက မဟာတောရိုင်း ခန်းမနဲ့ မဟာမိတ်ဖွဲ့ထားခဲ့တာ ဒါပင်မဲ့ ယဲ့မော်ပြန်ရောက်လာတော့ မျိုးနွယ်စုက သူ့ကိုပဲ အာရုံစိုက်နေကြပြီးတော့ အနောက်ပိုင်း ဗုဒ္ဓလမ်းစဥ်နဲ့ ပူးပေါင်းမလို့ ကြံနေကြတာလေ "
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက သဘောပေါက်သွားခဲ့သည်။ မဟာတောရိုင်း ခန်းမနဲ့ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုတို့က မဟာမိတ်ဖွဲ့ခဲ့ပြီးပြီဖြစ်သော်လည်း ယဲ့မော်မှာ အနောက်ပိုင်း ဗုဒ္ဓလမ်းစဥ်ဘက်သို့ တိမ်းချင်နေပုံရသည်။ ညီအစ်ကိုနှစ်ဦးကြားရှိ တိုက်ပွဲက သူတို့က မည်သည့်အင်အားစုနှင့် ပူးပေါင်းမလဲဆိုသည်နှင့် သက်ဆိုင်နေပုံရ၏။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ပျောက်ဆုံးသွားခဲ့သည်မှာ အတော်ပင် ကြာနေခဲ့ပြီဖြစ်သည်။ သူတို့က လူငယ် မျိုးနွယ်စု ခေါင်းဆောင် ရာထူးအတွက် ပြိုင်ဆိုင်နေကြခြင်းဖြစ်ပြီး ထိုရာထူးကို အရယူနိုင်သည့် လူက အာဏာအစစ်အမှန်ကို သိမ်းယူနိုင်လိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ အတော်ပင် ဇဝေဇဝါဖြစ်သွားတော့၏။
" တကယ် ထူးဆန်းတယ် "
" ဘာထူးဆန်းတာလဲ "
" ငါ့ကို သိမ်းသွင်းဖို့က တော်တော်လေး လွယ်တယ်လေ ဘာလို့ ဘယ်သူကမှ ငါ့ကို လာမဆွဲဆောင်ကြရတာလဲ "
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ပြဿနာရှာတဲ့ ငမွေထိုးကို ဘယ်သူက ခေါ်ချင်မှာလဲဟ။ တကယ်လို့ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကူချန်ကျွင်းက သူတို့ရဲ့ ဂိုဏ်းတွေကို အမှုန့်ကြိတ်ပစ်မှာလေ။
" မင်းပြောတာက အဓိပ္ပါယ် ရှိသားပဲ "
ရှောင်ဟေးသည် လုချန်ရှန်းနှင့် မှန်လား မှားလား ငြင်းခုန်မနေဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။ ၎င်းက အမှန်တရား ဖြစ်သော်လည်း မည်သူကမှ ဘာမှထပ်မပြောလာခဲ့ပေ။
အားလုံးသည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကာ စားသောက်နေတော့သည်။ စားသောက်ခဲ့ပြီးသည့်နောက်တွင် သူတို့သည် တာအိုအကြောင်း ဆွေးနွေးပြောဆိုနေကြတော့သည်။ လုချန်ရှန်းကမူ စကားဝိုင်းတွင် ဝင်မပါခဲ့ဘဲ တိတ်ဆိတ်နေခဲ့ပြီး တစ်ခြားလူများမှာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေခဲ့ကြသည်။
လုချန်ရှန်းမှတစ်ပါး တစ်ခြားလူများသည် မွေးရာပါ ဝိညာဥ်၏ တာအိုအကြောင်းကို စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြ၏။ သူတို့အမြင်တွင် လုချန်ရှန်းက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး သူနားမလည်ခြင်းက ပုံမှန်သာဖြစ်ပြီး ထို့ကြောင့်သာ သူတိတ်ဆိတ်နေရသည်ဟု မှတ်ယူထားကြ၏။
နောက်ရက်ပိုင်းမျှအကြာ ဤမျိုးနွယ်စု၏ အတွင်းပိုင်းတွင် တောက်ပသော အလင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ လူအမြောက်အများ၏ အာရုံများကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
" ဘိုးဘွား နယ်မြေ ပွင့်လာပြီ " ဟု ရှောင်ဟေးက စကားပြောလာခဲ့ကာ အမူအရာ လေးနက်သွားခဲ့သည် " မင်းတို့က ငါ့ကို အများကြီး ကူညီပေးနိုင်မှာ မဟုတ်ဘူး။ အထဲကို ရောက်သွားတဲ့နောက်မှာ ငါက ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မှာ။ တကယ်လို့ ငါရှုံးသွားမယ်ဆိုရင်တောင်မှ သူတို့က မင်းတို့ကို ထိရဲကြမှာ မဟုတ်ဘူး။ မင်းတို့က လုံလုံခြုံခြုံ ထွက်သွားလို့ရသေးတယ် "
ပန်အမျိုးသမီးနှင့် ရှင်းယွင်တို့က ဘာမှပြန်မပြောလိုက်ကြပေ။ သူတို့က အခြေအနေကို ကောင်းစွာနားလည်နေကြသည်။
ရှောင်ဟေးသည် လုချန်ရှန်းကို ငေးကြည့်ကာ တစ်ခုခု ပြောချင်နေခဲ့သော်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ၏ ဆိုလိုရင်းကို နားလည်နေခဲ့ကာ သူ့ပခုံးကို ပုတ်၍ စကားပြောလိုက်သည် " ငါ့ကို စိတ်ပူနေဖို့ မလိုပါဘူး။ ငါ့ကိုယ်ငါ ကောင်းကောင်းလေး ဂရုစိုက်လိုက်မယ် "
" ငါပြောချင်တာ အဲ့တာ မဟုတ်ဘူး " ရှောင်ဟေးက ခေါင်းခါပြလိုက်သည်။ တစ်ခြားလူများကို စိတ်ပူကောင်းပူနိုင်သော်လည်း လုချန်ရှန်းကိုမူ မည်သို့မျှ မစိုးရိမ်ခဲ့ပေ။ သူက ဆုံးရှုံးမှု(သို့) ရှုံးနိမ့်မှုကို ခံစားခဲ့ရဖူးပါသလော။
မည်သို့မျှ မခံစားခဲ့ရခဲ့ပေ။
အချိန်အတော်ကြာ တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးက ထမ်မံ၍ အသံပို့လွှတ်လာခဲ့ပြန်သည် " ငါပြောခဲ့တဲ့ သတ္ထုသွေးကြောက ဘိုးဘွားနယ်မြေထဲမှာ ရှိတယ်။ အဲ့တာက တော်တော်လေး ရှာရခက်တယ် ပြီးတော့ ဟင်းလင်ပြင် စွမ်းအင်လှိုင်းတွေ တွေ့တယ်ဆိုရင် အဲ့ထဲကို မဝင်သွားနဲ့။ အဲ့နေရာရဲ့ ဟင်းလင်းပြင်က ဖရိုဖရဲဖြစ်နေတာ ဟွာရှုနယ်ပယ် ပညာရှင်ကတောင် အဲ့တာကို မရင်ဆိုင်ရဲဘူး "
ထို့နောက်တွင် ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည် သူက သူ၏နောက်ဆုံးသော ညွှန်ကြားချက်ကို ထုတ်ပြောနေသည့်အလား ဖြစ်နေခဲ့၏။
--
........................................................................................................................................................