အခန်း ၂၁၉
Vol. 15 Ch. 219
အပိုင်း ( 219 )
အားလုံးသိမ်းမယ်
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ အတွင်းအကျဆုံး အပိုင်းတွင် နယ်မြေတစ်ခု ပေါ်လာခဲ့သည်။
ပုံရိပ်များသည် ထိုမြေပေါ်သို့ တက်လှမ်းကာ အဆုံးမဲ့ ကုန်းမြေကို မြင်တွေ့ရရန်အတွက် အရှေ့သို့ ငေးကြည့်နေကြတော့သည်။
“ ရှောင်ဟေး မင်းတို့ရဲ့ ဘိုးဘွားနယ်မြေက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ လူတွေကိုတောင် ဝါးမြိုနိုင်သလိုပဲ “
လုချန်ရှန်းသည် ထိုနေရာအနားသို့ ချဥ်းကပ်သွားသည့် အချိန်တွင် ၎င်းက လူတိုင်းကို တစ်လုပ်တည်း ဝါးမျိုနိုင်သည်ဟု ထူးထူးဆန်းဆန်း ခံစားနေခဲ့ရ၏။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အဲ့တာက ဝါးမြိုခြင်း နိယာမလေ။ ငါတို့ရဲ့ ဘိုးဘွားနယ်မြေမှာ ဝါးမြိုခြင်း စွမ်းအားရဲ့ အရိပ်အငွေ့တစ်ခု ရှိနေတယ်။ အဲ့တာက ငါတို့မျိုးနွယ်စုရဲ့ မွေးရာပါ နိယာမပဲ မိုးကြိုးငှက် မျိုးနွယ်စုရဲ့ မွေးရာပါ မိုးကြိုးနိယာမလိုပဲပေါ့ “
အဆိုပါ မျိုးနွယ်စုများက နားလည်ဆင်ခြင်ရန် မလိုအပ်ဘဲ နိယာမစွမ်းအားနှင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ ၎င်းက သူတို့၏ သွေးမျိုးဆက်အတွင်းတွင် ရေးထိုးထားသည့် စွမ်းရည်တစ်ခု ဖြစ်သည်။
သို့ရာတွင် ၎င်း၏ အစစ်အမှန် ဆိုလိုရင်းကို အပြည့်အဝ ဖမ်းဆုပ်နိုင်ရန်အတွက် လူတစ်ဦးက အဆက်မပြတ် ကျင့်ကြံကာ နားလည်ဆင်ခြင်ရမည် ဖြစ်သည် သို့သော် သူတို့က တစ်ခြားသော သက်ရှိသတ္တဝါများထပ် သာလွန်စွာ မွေးဖွားလာခဲ့ကြသည်။
၎င်းမှာ အဆိုပါ မျိုးနွယ်စုများက နှစ်အတော်ကြာ တာရှည်ခံတည်တံ့ကာ သက်ရှိသတ္တဝါများ အကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည့် အကြောင်းအရင်းများအနက်မှ တစ်ခုဖြစ်သည်။
သို့ရာ၌ ယခုလက်ရှိ အချိန်တွင် လူတိုင်းက ဘိုးဘွားနယ်မြေ၏ အရှေ့တွင် စောင့်ဆိုင်းနေလျက်ရှိ၏။
ယဲ့မော်က လူတစ်အုပ်ကို ဦးဆောင်လာကာ ဤနေရာတွင် ရှိနေသည့် လူအနည်းငယ်ကို ငေးကြည့်လာခဲ့၏။ လူအနည်းငယ်မျှသာ ရှိသော်လည်း တစ်ဦးချင်းစီတိုင်းက ထူးခြားကာ သူတို့၏ အနောက်တွင် အစွမ်းထက် အင်အားစု အသီးသီး ရှိနေခဲ့သည်။
“ ယဲ့မီထျန်းက အဲ့ဒီ အင်အားစု သုံးခုကို တကယ်ကြီး ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ ယဲ့မော်ဘက်တွင် ရှိနေသည့် ကောင်းကင်ဝါးမျိုးငှက်တစ်ကောင်က စကားစပြောလာခဲ့၏။
“ အဲ့တော့ ဘာဖြစ်လဲ။ တကယ်လို့ အဲ့ဒီသူတော်စင်တွေ ရောက်လာမယ်ဆိုရင်တောင်မှ ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။ ယဲ့မီထျန်းက သေချာပေါက် ယဇ်ပူဇော်ခံရလိမ့်မယ် “
လူတိုင်းက တိုးတိုးတိုးတိုးဖြင့် စကားပြောဆိုနေကြ၏။
လုချန်ရှန်းက ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရသည်။
ရှောင်ဟေးက ဘာမှဝင်မပြောလိုက်ပေ သို့သော် လုချန်ရှန်းကမူ ၎င်းက ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည်။ ရှင်းယွင်က အဆိုပါ အမည်ခံ သူတော်စင်များ မယှဥ်နိုင်သည့် မြင့်မားသော အနေအထားတစ်ခုကို ပိုင်ဆိုင်ထားသည့် မဟာတောရိုင်း ခန်းမ၏ သူတော်စင်တစ်ဦးဖြစ်သည်။ သို့သော် သူသည် သူသည် တစ်ခြားလူများက ထိုလူ့ကို အလေးအနက်မထားဘူးဟု ခံစားနေခဲ့ရ၏။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ရှင်းယွင် မင်းက မြင့်မြတ်နယ်မြေတစ်ခုရဲ့ သူတော်စင်လေ ဒါပင်မဲ့ အဲ့လူတွေက မင်းကို အရေးမစိုက်ဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူအနည်းစုက ခြောက်ကပ်ကပ် ပြုံးနေကြတော့သည်။
ရှင်းယွင်က ကူရာကယ်ရာမဲ့စွာဖြင့် တုံ့ပြန်လာခဲ့၏ “ ငါက မွေးရာပါ ချို့ယွင်းချက် ရှိတဲ့ လူတစ်ယောက်လေ မြင့်မြတ်နယ်မြေတွေက အဲ့ဒီသူတော်စင်တွေကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “
“ ဘာကိုဆိုလိုတာလဲ “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ပန်အမျိုးသမီးက စကားဝင်ပြောလာခဲ့၏ “ အစ်ကိုလုက မသိလောက်ဘူး ဒါပင်မဲ့ သူတောင်စင် ရှင်းယွင်က အဆုံးမဲ့ ကြယ်အလင်းတန်းတွေနဲ့အတူ မွေးလာခဲ့ပြီးတော့ ကောင်းကင်ကိုးခုကို လင်းထိန်သွားစေခဲ့တာလေ။ အဲ့နေ့တုန်းက ကြယ်အလင်းတန်းက တောင်ပိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ပြီးတော့ နေကိုတောင် သုံးရက်တိတိ မတွေ့ခဲ့ရဘူး။ တော်တော်လေးကို ထူးခြားခဲ့တာ “
“ ပြီးတော့ရော “ လုချန်ရှန်းသည် ၎င်းက အထင်ကြီးဖွယ်ကောင်းသည်ဟု ထင်သွားခဲ့သည်။
“ ဒါပင်မဲ့ အဲ့တာက ကပ်ဘေးတစ်ခုကို ဆွဲဆောင်ခဲ့ပြီးတော့ ငါချောင်းတိုက်ခံခဲ့ရတယ်။ ငါအသက်ရှင်ခဲ့ပင်မဲ့ ငါ့ရဲ့ မူလအရင်းအမြစ် တစ်စိတ်တစ်ပိုင်းက ဖြတ်တောက်ခံလိုက်ရတယ် အဲ့တာကြောင့် ငါက မွေးရာပါ ချို့ယွင်းချက်ကို ပိုင်ဆိုင်ခဲ့ပြီးတော့ အဲ့လူတွေကို မယှဥ်နိုင်ဘူး “
ရှင်းယွင်သည် ဝမ်းနည်းမှုအပြည့်ဖြင့် စကားထပ်ပြောလာခဲ့သည်။
ရှောင်ဟေးနှင့် ပန်အမျိုးသမီးတို့မှာလည်း သနားဖွယ်ကောင်းသည်ဟု ခံစားသွားခဲ့ရသည်။ အကယ်၍ ချောင်းမြောင်းအတိုက်မခံခဲ့ရဘူးဆိုပါက ရှင်းယွင်၏ အောင်မြင်မှုများက ထိုလူများထပ် ပိုမိုသာလွန်နေကာ ဟိုးယခင်ကတည်းက ပြိုင်ဘက်ကင်းနေခဲ့လိမ့်မည် ဖြစ်သည်။
“ ငါသိပြီ “ လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏ ထို့နောက်တွင် ရှင်းယွင်ကို ဖက်ကာ ပြန်ပြောလိုက်သည် “ အဆင်ပြေပါတယ်။ တကယ်လို့ နောင်အနာဂတ်မှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လာခဲ့မယ်ဆိုရင် ငါ့ကိုသာလာပြောလိုက်။ သူတို့အားလုံးကို အသေရိုက်သတ်ပေးမယ် “
ရှင်းယွင်သည် မှင်သက်သွားသော်လည်း ကြင်နာမှုကို မငြင်းပယ်ဘဲ ပြန်၍ပြုံးပြလိုက်သည်။ လုချန်ရှန်းက အံ့ဖွယ်ကောင်းသော်လည်း သူ၏ အကြီးမားဆုံးသော အားသာချက်က ဆရာကောင်းတစ်ဦး ပိုင်ဆိုင်ထားခြင်းဆိုသည်ကို သူသိနေခဲ့သည်။
သို့ရာတွင် ရှောင်ဟေးကမူ ကြွက်နံ့ရသကဲ့သို့ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်။
“ မင်းက သူ့ကို ဘာကိစ္စ အဲ့လောက်တောင် ကောင်းပေးနေရတာလဲ။ အဲ့တာက မင်းရဲ့ စတိုင်မဟုတ်ပါဘူး “ ရှောင်ဟေးက အသံပို့လွှတ်လိုက်၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါတို့က ရေစက်ပါလို့လေ “
ရှောင်ဟေးသည် ထိုကဲ့သို့သော အဖြေမျိုးကို မည်သို့မျှ မယုံကြည်ခဲ့ပေ။ သူသည် တစ်ခဏခန့် လေးလေးနက်နက် စဥ်းစားခဲ့ပြီးသည့်နောက်တွင် စကားထပ်ပြောလာခဲ့သည် “ မင်းက သူ့အပေါ်မှာ မလုပ်သင့်တဲ့ ကိစ္စတစ်ခုခု လုပ်ခဲ့မိလို့လား “
လုချန်ရှန်းသည် သူ့ကို အေးအေးလူလူ ငေးကြည့်နေတော့သည် သူ၏မျက်နှာပေါ်တွင် မည်သည့်ပြောင်းလဲမှုမှ ရှိမနေခဲ့ပေ။
“ သွားကြစို့ “
မည်သည့်တုံ့ပြန်မှုမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် သူတို့ကို ဘိုးဘွားနယ်မြေဆီသို့ ဦးဆောင်သွားတော့သည်။
ဘိုးဘေးနယ်မြေသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ အခုလက်ရှိ အချိန်မှာ မင်းက သူ့ကို မယှဥ်နိုင်သေးဘူး။ ငါအရင်လျှောက်ကြည့်လိုက်မယ် ပြီးကျရင် မင်းဆီကို ပြန်လာခဲ့မယ် “
ရှင်းယွင်သည် စိုးရိမ်တကြီး ဖြစ်သွားကာ သူ့ကို တားဆီးချင်နေခဲ့၏။ သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆တွင်သာ ရှိနေသေးကာ တစ်ကိုယ်တော် လျှောက်သွားခြင်က အလွန်တရာ အန္တရာယ်များလှသည်။
သို့ရာတွင် ရှောင်ဟေးကမူ မည်သို့မျှ စိုးရိမ်ပူပန်မနေဘဲ ခေါင်းငြိမ့်ပြကာ သွားခွင့်ပေးလိုက်သည်။
ကြိုတင်ပြင်ဆင်ထားသင့်သည့် အရာများကို ရှင်းပြခဲ့ပြီးပြီဖြစ်ပြီး တစ်ခြားသော အရာများက အသေးအမွှားကိစ္စလေးမျှသာ ဖြစ်ပေသည်။
“ ညီအစ်ကိုယဲ့ မင်းက သူ့ကို ဒီအတိုင်းသွားခွင့်ပေးလိုက်တော့မှာလား “ ရှင်းယွင်သည် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
ယဲ့မီထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ အကယ်၍ ထိုလူများက ထိုဂြိုဟ်ဆိုးကို အကောက်ကြံချင်နေကြသည်ဆိုပါက ထိုလူများက ကံမကောင်းဘူးဟုသာ ပြောရမည် ဖြစ်သည်။
ကြီးမားကျယ်ပြန့်သော ဘိုးဘွားနယ်မြေအတွင်းတွင် တောင်တန်းကြီးများနှင့် ဧရာမ ရေကန်ကြီးများ နေရာအနှံ့တည်ရှိနေခဲ့၏။ အလင်းတန်းများ တောက်ပနေကာ သူတို့၏ အကြည့်များအောက်မှာပင် လုချန်ရှန်းသည် အရပ်မျက်နှာ တစ်ဖက်သို့ လျှောက်လှမ်းသွားကာ သူ၏ စိတ်စွမ်းအားက နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် သူ၏ မျက်လုံးများ အတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ကိန်းအောင်းလာခဲ့၏။
သူသည် အဝေးရှိ တောင်တန်းဒေသမှ ပေါ်ထွက်နေသည့် အလွန်တရာ ကြွယ်ဝသော ဝိညာဥ်ချီကို ခံစားနေခဲ့ရသည်။ သူချဥ်းကပ်သွားသည့်အချိန်တွင် သူသည် ကောင်းချီမဂ်လာ လက္ခဏာရပ်တို့ဖြင့် အတူယှဥ်တွဲနေလျက်ရှိသော လှိုင်းလုံးကြီးများသဖွယ် ဖြစ်နေသည့် အလင်းတန်းများကို မြင်တွေ့လိုက်ရသည်။
လုချန်ရှန်း ရောက်ရှိလာခဲ့ပြီး သူအရှေ့တွင် ရှိနေသည့် အရာမှာ ဆေးစိုက်ခင်းတစ်ခုပင် ဖြစ်နေခဲ့သည်။ အတွင်းတွင် ဧရာမ နတ်ဆေးပင်ကြီးများ ရှင်သန်ကြီးထွားနေလျက်ရှိပြီး အားလုံးက အလွန်တရာ ထူးခြားကာ ကြွယ်ဝသော ဆေးဘက်ဝင် အာနိသင်တို့ဖြင့် ပြည့်ဝနေလျက်ရှိ၏။
သူသည် ဤမျှကြီးမားသော ဆေးစိုက်ခင်းကို မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ဒီစိုက်ခင်းက ရှောင်ဟေး စိုက်ထားခဲ့တဲ့ဟာတော့ မဟုတ်ဘူးမလား။ အရင်တုန်းက ဒီဟာတွေ စုဆောင်းဖို့အတွက် ငါ့ကိုတောင် အကူအညီတောင်းခဲ့သေးတယ် မြန်မြန်ဆန်ဆန်ကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် ထိုနေရာသို့ ချဥ်းကပ်သွား၏။ ၎င်းကို ကာကွယ်နေသည့် အစီအရင်တစ်ခု ရှိသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုက အတော်ပင် အားနည်းနေခဲ့သည်။ အစီအရင်က အထင်ကြီးဖွယ်ကောင်းသော်လည်း အိုဟောင်းကာ ပျက်စီးနေခဲ့ပြီဖြစ်သောကြောင့် သူ့ကို မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် ဆေးစိုက်ခင်းတစ်ခုလုံး အမြစ်လှန်ခံလိုက်ရသည်။ သူ့ကို အအံ့ဩဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ အစွန်းဘက်တွင် ရှိနေသည့် ရွှေရောင်သမ်းနေသော ဆေးပင်တစ်ပင် ဖြစ်သည်။
“ အဲ့တာ ……. အဲ့တာက ……. ခြေလှမ်းတစ်လှမ်းတစ်ဝက် နတ်ဆေးပင်မလား “
နတ်အရင်းအမြစ် အနည်းငယ်ဖြင့် ရောစပ်နေသည့် ဆေးပင်တစ်ခု ၎င်းက ဟွာရှုနယ်ပယ် ပညာရှင်များကပင် လိုလားတောင့်တနေသည့် ပစ္စည်းတစ်ခု ဖြစ်သည်။
ထိုအဆင့်မျိုးတွင် ဟွာရှုနယ်ပယ် ပညာရှင်မျိုးက သေလုမျောပါး အခြေအနေမျိုးအထိ ရိုက်နှက်ခံလိုက်ရမည် ဆိုလျှင်တောင်မှ ခြေလှမ်းတစ်ဝက် နတ်ဆေးပင်က သူ့ကို အသက်ပြန်သွင်းပေးနိုင်ပေသည်။ နတ်ဆေးပင်၏ အထက်တွင် နတ်ဘုရား ဆေးပင်များ ရှိနေခဲ့ပြီး ၎င်းက သာမန်လူများ မထိတွေ့နိုင်သည့် အရာတစ်ခု ဖြစ်သည်။
သူသည် ဆေးစိုက်ခင်းတစ်ခုလုံးကို အပြတ်ရှင်းခဲ့ပြီးသည့်နောက်တွင် တောင်တန်းများအကြားတွင် လှည့်လည်သွားလာနေလျက်ရှိပြီး ပြိုင်ဘက်ကင်း ဝိညာဥ်ချီများကို ထုတ်လွှတ်ကာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အသီးတို့ဖြင့် ပြည့်နှက်နေသည့် သစ်သီးပင်တစ်ပင်နှင့် ထပ်မံ၍ ကြုံတွေ့ခဲ့ရပြန်သည်။
“ အနီရောင် ဝိညာဥ်သစ်ပင် ပြီးတော့ အသီးတွေ အများကြီးပဲ “
အသီးတစ်လုံးချင်းစီတိုင်းထံတွင် အလွန်တရာ ပေါများကြွယ်ဝသော ဝိညာဥ်ချီတို့ဖြင့် ပြည့်နှက်နေလျက်ရှိကာ ၎င်းက ကျင့်ကြံရေးအတွက် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အကျိုးအမြတ်များကို ပေးစွမ်းနိုင်ပေသည်။
လုချန်ရှန်းသည် စိတ်ကျေနပ်နေသော အကြည့်များဖြင့် လမ်းလျှောက်နေလျက်ရှိ၏။ သူ၏လမ်းကြောင်းက အတော်ပင် ရှုပ်ထွေးနေလျက်ရှိကာ နေရာအနှံ့သို့ လှည့်လည်သွားကာ အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့၏။ ဒီနေရာမှာ ပစ္စည်းကောင်းလေးတွေ အများကြီး ရှိတာပဲဟ
အတွင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် ရှောင်ဟေးပြောပြခဲ့ဖူးသည့် ဝိညာဥ်ကျောက်တုံး မိုင်းတွင်းကို ရှာမတွေ့သေးချေ။ သို့ရာတွင် သူသည် ဖျော့တော့သော အနက်ရောင် အလင်းတန်းတို့၏ ဝိုင်းရံမှုကို ခံထားရပြီး ကမ္ဘာပေါ်တွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံးကို ဝါးမြိုနိုင်သည့်အလား ဖြစ်နေပုံရသည့် ရှေးဟောင်း တောင်ထိပ်တစ်ခုကို မျက်စိကျသွားခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ငေးကြည့်လိုက်ရုံဖြင့် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏။ ကောင်းကင်ထက်မှ ကျဆင်းနေသည့် ကောင်းကင်ဘုံ အလင်းတန်းများကပင် အဆိုပါ တောင်ထိပ်၏ စုပ်ယူခြင်းကို ခံလိုက်ရကာ မည်သို့မျှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။
“ နိယာမ စွမ်းအား “
လုချန်ရှန်းသည် အဆိုပါ စွမ်းအင်လှိုင်းကို ခံစားကြည့်နေရင်းဖြင့် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။ ၎င်းက ရှောင်ဟေးပြောပြခဲ့သည့် သူတို့မျိုးနွယ်စုနှင့်အတူ မွေးဖွားလာခဲ့သည့် ဝါးမြိုခြင်း နိယာမဖြစ်နေပုံရသည်။
သူ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ သူသည် ကောင်းကင်ဝါးမျိုငှက်တစ်ကောင်၏ လှုပ်ရှားမှုကို ယခင်က မြင်တွေ့ခဲ့ဖူးသည် အကြိမ်တိုင်းတွင် ထိုအရာက အရာအားလုံးကို ဝါးမျိုနိုင်သည်ဟု သူခံစားခဲ့ရ၏။
တစ်ခါက မိုင်သန်းနှင့်ချီသော ဝိညာဥ်များကို ဝါးမျိုနိုင်သည့် ကောင်းကင်ဝါးမျိုငှက်တစ်ကောင် ပေါ်ထွက်လာခဲ့ဖူးသည်ဟု ဒဏ္ဍာရီများက ဆိုထားသည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ၎င်းက ကောင်းကင်ဘုံကို ဝါးမျိုကာ နေကြတ်သွားစေခဲ့ပြီး ကောင်းကင်ကိုးခု၏ အလင်းတန်းများကိုပင် ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနိုင်ပေသည်။
“ တကယ်လို့ ငါကသာ အဲ့ဒီနိယာမကို ကျွမ်းကျင်သွားမယ်ဆိုရင် ဝိညာဥ်ချီ ပြတ်လပ်နေတဲ့ ပြဿနာကို ရှင်းထုတ်နိုင်တော့မှာ မဟုတ်ဘူးလား “ ဟု လုချန်ရှန်းက ရေရွတ်ပြောဆိုနေခဲ့သည်။
ထို့နောက်တွင် သူသည် ထိုကဲ့သို့သော နေရာမျိုးအား ဝါးမြိုခြင်း နိယာမကို နားလည်သွားစေရန်အတွက် အသုံးပြုနိုင်သော်လည်း ၎င်းက မည်သူမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ဘူးဟု ရှောင်ဟေးက ပြောပြခဲ့သည်ကို မှတ်မိသွားခဲ့သည်။
သူသည် အဆွဲဆောင်ခံလိုက်ရပြီး အလိုအလျောက်အနားကပ်သွားကာ တောင်ထိပ်ပေါ်သို့ ပြေးတက်သွား၏။ အနားသို့ ရောက်ရှိသွားသည့် အချိန်တွင် စုပ်ယူမှု အားတစ်ခု ပေါ်ထွက်လာခဲ့ကာ သူသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ပေါင်သောင်းနှင့်ချီသော အလေးတုံးတစ်တုံး ကျဆင်းလာခဲ့သည်ဟု ခံစားလိုက်ရ၏။
ဘမ်းးးး
သူဆင်းလိုက်သည့် အချိန်တွင် သူ၏ခြေထောက်များအောက်မှ တိုးညင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် ထိတွေ့ကိုင်တွယ်၍ မရသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ၎င်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုတော့မည့်အလား ချက်ချင်းရစ်ပတ်လာခဲ့၏။
--
………………………………………………………………………………………………………………………………………….