အခန်း ၂၂၀
Vol. 15 Ch. 220
အပိုင်း ( 220 )
ထူးဆန်းသော ခံစားချက်တစ်ခု
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ကျဆင်းလာခဲ့ပြီး သူ၏နတ်ဝိညာဥ်ကိုပင် လှုပ်ရမ်းသွားစေကာ သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားရန် ခြိမ်းခြောက်လာခဲ့သည်။
လုချန်ရှန်းသည် နိယာမ စွမ်းအားကို ခံစားလိုသဖြင့် အဆိုပါ စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းရန် ကြိုးပမ်းနေတော့သည် သို့သော် အစကတည်းက ကျရှုံးသွားခဲ့သည်။
ဖူးးးး
သူသည် ထိုနေရာတွင် ထိုင်နေရင်းဖြင့် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရ၏။ ဤနေရာတွင် ရှိနေသည့် စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူမျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ် အနှံ့အပြားတွင် ဓားဆန္ဒပေါ်ထွက်လာကာ ကိုယ့်ကိုကိုယ် ဖိနှိပ်နေတော့၏။
ချက်ချင်းဆိုသလိုပင် ဤနေရာ၏ ဓားတာအို ပေါ်ထွက်လာခဲ့ပြီး စွမ်းအားနှစ်ခုက ကြောက်မက်ဖွယ်ကောင်းသော အသံများနှင့်အတူ ရင်ဆိုင်ယှဥ်ပြိုင်နေကြတော့၏။
ဤနေရာတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်းမနေသော်လည်း ကြာရှည်စွာ တည်တံ့နေသည့် နိယာမ စွမ်းအားများ ကိန်းဝပ်နေလျက်ရှိ၏။ နိယာမဆိုသည်မှာ ပုံသဏ္ဍာန်ကင်းမဲ့ကာ နိယာမစွမ်းအားဖြင့် တန်ပြန်ရန် လိုအပ်ပေသည်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းက သူ့ပါးစပ်ထောင့်တွင် ရှိနေသည့် သွေးများကို သုတ်ကာ အံကြိတ်နေတော့၏ “ လူယုတ်မာ ငှက်စုတ် ရှောင်ဟေး ဘာကိစ္စ သေချာမရှင်းပြခဲ့ရတာလဲ။ သူ့ကြောင့် ငါသေလုနီးပါးပဲ “
ယခင်က ရှောင်ဟေးက ထိုကဲ့သို့သော နေရာများအကြောင်းကို ပြောပြခဲ့ဖူးသည် သူသည် ၎င်းက ဝမ်ထျန်တောင်တန်းကဲ့သို့ နိယာမကို ခံစားနိုင်မည့် အခွင့်အလမ်းတစ်ခု ထောက်ပံ့ပေးနိုင်လိမ့်မည်ဟုသာ ထင်နေခဲ့၏။ သို့သော် ရလဒ်အနေဖြင့် သူသေလုမျောပါး ဖြစ်သွားခဲ့လေသည်။
သို့ရာတွင် နိယာမနှစ်ခု ထိတွေ့တိုက်ခိုက်နေသည်နှင့်အမျှ လုချန်ရှန်းမှာလည်း ကိုယ့်ကိုကိုယ် ကာကွယ်နေတော့သည်။ ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်သည် ဓားတာအိုနယ်ပယ်တွင် အတော်လေး မြင့်မားနေခဲ့ပြီ ဖြစ်သည်။
ယခင်က ကူချန်ကျွင်း၏ စာအုပ်စုဆောင်းမှုအတွင်းမှ လက်ရေးမူဟောင်းတစ်ခုအတွင်းတွင် နိယာမတစ်ခုကို နက်နက်ရှိုင်းရှိုင်း နားလည်လိုပါက အဆိုပါ နိယာမနှင့်ပေါင်းစပ်ရမည်ဟု ပြောထားကြောင်းကို သူအမှတ်ရသွားခဲ့သည်။
သို့မဟုတ် နိယာမတစ်ခုအား တစ်ခြားသော နိယာမတစ်ခုကို အသုံးပြု၍ တိုက်ခိုက်ခြင်းက လူတစ်ဦး၏ နားလည်နိုင်စွမ်းကို အဆက်မပြတ် နက်ရှိုင်းသွားစေပေသည်။
ထိုကိစ္စများက အလွန်တရာ ကြောင်းကျိုးသင့်နေခဲ့သည် သို့သော် ၎င်းတို့က မီးနှင့်ကစားခြင်းသာလျှင် ဖြစ်နေခဲ့၏။ နိယာမက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။ ခြေလှမ်းတစ်လှမ်း မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက် အသက်ပင် ပေးလိုက်ရပေမည်။
သူသည် ဓားတာအိုနှင့် တန်ပြန်တိုက်ခိုက်ခဲ့သော်လည်း ဆက်လက်၍ တိုးတက်အောင် ပြုလုပ်ရန် မကြံရွယ်ထားခဲ့ပေ။ သူက အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ မွေးရာပါ ဝိညာဥ်က ကန်းယွင်ကားချပ်ကို ဖက်တွယ်ထားခဲ့သည် ထို့နောက်တွင် ၎င်းသည် မိုးကြိုးတာအို နိယာမဖြင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းနေတော့၏။ အကယ်၍ ၎င်းက အလုပ်မဖြစ်ဘူးဆိုပါက သူ၏ အသက်ကို ကာကွယ်ပေးနိုင်သေးသည်။
ဂျိန်းးးးး
ချက်ချင်းဆိုသလိုပင် နိယာမနှစ်ခု တိုက်မိသွားခဲ့သည် မိုးကြိုးတာအို စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ ကောင်းကင်ထက်တွင် အနက်ရောင် ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်၏။ ဝါးမြိုခြင်း စွမ်းအားများသည် မိုးကြိုးတို့ဖြင့် လိမ်ယှက်နေကာ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။
စွမ်းအားနှစ်ခုသည် တစ်ခုကိုတစ်ခု ဆုတ်ဖြဲနေလျက်ရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ပေါက်ထွက်လာကာ ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေခဲ့၏။
အုမ်းးးးးး
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် ကျယ်လောင်သော ဆူညံသံတစ်သံ ပေါက်ထွက်လာခဲ့ကာ တောင်တန်းများကို လှုပ်ခါသွားစေခဲ့သည်။ အနက်ရောင် ဝဲဂယက် ပြိုကွဲသွားကာ ငွေရောင်မိုးကြိုးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာမှ ပုံရိပ်တစ်ခု လွင့်ထွက်လာခဲ့ပြီး မြေပြင်ကို မျက်နှာမူကာ တောင်တန်းများကို ဖောက်ထွက်သွားပြီး အနောက်ဘက်တွင် ဖြောင့်တန်းသော မျဥ်းကြောင်းတစ်ခုကို ချန်ရစ်ထားခဲ့သည်။
၎င်းက လုချန်ရှန်းပင် ဖြစ်သည်။
ဖူးး အွပ်
လုချန်ရှန်းသည် မတ်တပ်ထရပ်ကာ ဖုန်မှုန့်များကို နှစ်ကြိမ်တိတိ ထွေးထုတ်နေတော့၏။ မတ်တပ်ထရပ်လိုက်သည့် အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားခဲ့သည်။
နိယာမနှစ်ခု၏ ဆုတ်ဖြဲမှုကြောင့် သူလွင့်ထွက်သွားခဲ့သည်။
“ လေ့ကျင့်မှုက ပြီးပြည့်စုံစေတယ်ဆိုတာက တကယ်ကို မှန်နေတာပဲဟ။ ရှေးလူကြီးတွေက ငါ့ကို မလှည့်စားခဲ့ဘူးပဲ “
ထိုအချိန်အတွင်းတွင် သူသည် တိုက်ခိုက်ရန်အတွက် မိုးကြိုးနည်းစနစ်ကို အဆက်မပြတ် တွန်းအားပေးနေခဲ့ကာ ၎င်းကို သူ၏ခွန်အားအပြည့်ဖြင့် ထိန်းသိမ်းထားခဲ့ပြီး ၎င်းက သူ့ထံတွင် ရှိနေသည့် အလားအလာများကို အနည်းငယ် လှုံ့ဆော်ပေးနိုင်ခဲ့ကာ သူ၏ မိုးကြိုးနည်းစနစ် နားလည်မှုကို နက်ရှိုင်းသွားစေခဲ့၏။
အာနိသင်က အတော်ပင် သိသာလွန်းနေခဲ့၏ ၎င်းက သူ့ကို အနည်းငယ် နာကျင်စေကာ နည်းစနစ်ကို ဖွင့်ဟသည့်(အသုံးပြုသည့်)နည်းလမ်းမှာလည်း မှန်ကန်မနေခဲ့ပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ရလဒ်ကမူ အနည်းငယ် နာကျင်ခံစားရရုံမှတစ်ပါး လက်ခံနိုင်ဖွယ်ရာ ဖြစ်နေခဲ့၏။
“ ငါက စိတ်တည်ငြိမ်အောင်လုပ်ဖို့ လိုနေသေးတာပဲ “
လုချန်ရှန်းသည် သက်မကြီးချကာ ဆေးတစ်လုံးသောက်သုံး၍ သူ၏ဒဏ်ရာများကို ကုသနေတော့၏။
အကယ်၍ အတိတ်တစ်ချိန်ကသာဆိုပါက သူတွေဝေတုံ့ဆိုင်းနေလိမ့်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာတစ်ခုလုံးမှာ အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်သွားခဲ့သည်။
သူအနားယူနေစဥ် အချိန်မှာပင် အဝေးတစ်နေရာတွင် လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့၏။
သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့် အချိန်တွင် ဤနေရာသို့ လူတစ်စု ချဥ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရ၏။ ယခင်က လှုပ်ခတ်မှုက အတော်ပင် ကြီးမားနေခဲ့ပြီး သူကိုယ်တိုင်ကပါ သူ၏အရှိန်အဝါကို မဖုံးကွယ်ထားခဲ့သောကြောင့် တစ်စုံတစ်ဦးက သူ့ကို လာရှာနေပြီ ဖြစ်သည်။
သူ၏မျက်လုံးများကို ဖွင့်ဟလိုက်သည့် အချိန်တွင် သူ၏အမြင်အာရုံအတွင်းသို့ အသက်နှစ်ဆယ်အရွယ်ခန့် လူငယ်တစ်ဦး ဝင်ရောက်လာခဲ့၏။ သူ၏ အနောက်ဘက်မှ လူတစ်စု လိုက်ပါလာခဲ့ပြီး ဤနေရာသို့ ချဥ်းကပ်လာခဲ့ကာ သူ့ကို ဝိုင်းရံနေခဲ့သည်။
လုချန်ရှန်းက ထိုလူများကို စူးစမ်းလေ့လာကြည့်လိုက်သည်။ လူတိုင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်(သို့) ၎င်း၏အထက်မှ ပညာရှင်များသာ ဖြစ်နေခဲ့သည်။ သူသည် ထိုလူများကို ယခင်က မြင်တွေ့ခဲ့ဖူး၏ သူတို့က ယဲ့မော်ဘက်မှ လူများပင်ဖြစ်သည်။
တစ်နည်းဆိုရသော် သူ့အရှေ့တွင် ရှိနေသည့် လူများက သူ၏မဟာမိတ်များ မဟုတ်ပေ။
လုချန်ရှန်း စကားမပြောရသေးခင် အချိန်မှာပင် ခေါင်းဆောင်ဖြစ်ပုံရသည့် လူငယ်က စကားပြောလာခဲ့သည် “ တွေ့လား။ သူ့ရဲ့ အငွေ့အသက်က အနီးအနားမှာ ရှိပါတယ်လို့ ကျုပ်ပြောခဲ့သားပဲ ကျုပ်တို့က သူ့ကို ရှာတွေ့ပြီ “
“ ဟားဟားဟား ညီအစ်ကို ဝူယွမ်ကတော့ တကယ်ကို ထူးခြားပါပေတယ် “
နောက်တစ်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ တာအိုရောင်းရင်း ဝူယွမ်ကျီက အဲ့လောက်ကြီးလည်း အသက်မကြီးသေးပါဘူး ဒါပင်မဲ့ သူ့ရဲ့ စွမ်းရည်တွေကတော့ တော်တော်လေးကို အံ့ဖွယ်ကောင်းနေခဲ့ပြီ “
“ ခင်ဗျားတို့က ကြင်နာလွန်းနေပါပြီ ကြင်နာလွန်းနေပါပြီဗျာ “
ဝူယွမ်ကျီဟု အမည်ရသည့် လူငယ်သည် အပြုံးတစ်ခုကို ဆင်မြန်းထားပြီး မာန်မာနတို့ဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် လုချန်ရှန်းကို ငေးကြည့်လာခဲ့သည်။
“ လုချန်ရှန်းကို ရှာတွေ့ပြီလို့ ဗုဒ္ဓသားတော် ဝူရို့ကို အသိပေးလိုက်ပါ “
တစ်စုံတစ်ဦးက တုံ့ပြန်လာခဲ့ကာ အရပ်မျက်နှာတစ်ဖက်သို့ လှည့်ထွက်သွား၏။
လုချန်ရှန်းကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြောလိုက်သည် “ ဆိုတော့ မင်းတို့က ငါ့ကို ဝိုင်းထားကြတာလား “
“ အဲ့တာက မသိသာဘူးလား “ ဝူယွမ်ကျီက တဟားဟား အော်ရယ်နေတော့၏။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “ ငါ့ကို ထိဖို့ ကြံနေတယ်ပေါ့ “
“ မေးဖို့တောင် လိုသေးလို့လားဟ။ လုံလုံလောက်လောက် မသိသာသေးဘူးလား “
“ မင်းတို့က အတော်လေး သတ္တိကောင်းကြတာပဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။
သို့ရာတွင် ဝူယွမ်ကျီက ပြန်ပြောလာခဲ့သည် “ ကောင်လေး မင်းရဲ့ သဘောထားကို ပြင်လိုက်။ အခြေအနေက ဘယ်သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေလဲဆိုတာကို မမြင်ဘူးလား “
“ အမှန်ပဲ “
“ အို့ “
လုချန်ရှန်းသည် မတ်တပ်ထရပ်ကာ စကားထပ်ပြောရန် ပြင်လိုက်သည်။ ထိုစဥ် ဝူယွမ်ကျီက စကားထပ်ပြောလာခဲ့၏ “ မင်းက ကူချန်ကျွင်းကို အားကိုးနေတာလေ အဲ့တာလေးပါပဲ။ ဒါပင်မဲ့ မမေ့လိုက်နဲ့ ဒီဟာက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေ။ တကယ်လို့ မင်းသေသွားမယ်ဆိုရင်တောင်မှ ဘယ်သူကမှ သိမှာမဟုတ်ဘူး “
“ တကယ်လို့ သူက စုံစမ်းစစ်ဆေးလာခဲ့မယ်ဆိုရင်တောင်မှ အပြစ်တွေအားလုံးကို ယဲ့မီထျန်းအပေါ်ကို ပုံချလိုက်ရုံပဲ သူဘာလုပ်နိုင်မှာမို့လို့လဲ။ အကြောင်းပြချက်မရှိဘဲ လူတိုင်းကို သတ်မှာလား “
ဝူယွမ်ကျီက စကားဆက်ပြောနေခဲ့၏။
လူတိုင်းက ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
ဝူယွမ်ကျီသည် လုချန်ရှန်း၏ တုံ့ပြန်မှုကိုပင် စောင့်ဆိုင်းမနေဘဲ စကားထပ်ပြောလာခဲ့၏ “ မင်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆မှာပဲ ရှိနေသေးတာပါကွာ။ နှလုံးသား သန့်စင်မှုနဲ့ဆိုရင်တောင်မှ မင်းက ဘာလှိုင်းလုံးကိုမှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အသက်ရှင်ချင်တယ်ဆိုရင်တော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် “
“ ဘာအခွင့်အရေးလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ဝူယွမ်ကျီက စကားထပ်ပြောလာခဲ့၏ “ ဒီဘိုးဘွားနယ်မြေမှာ အခွင့်အလမ်းတွေ အများကြီး ရှိတယ် ဒါပင်မဲ့ မင်းက အဲ့တာတွေကို မရှာနိုင်ဘူး။ ငါတို့ပဲသိတယ်။ အဲ့နေရာမှာ နိယာမစွမ်းအားရှိတယ်။ မင်းက ဓားနှလုံးသား သန့်စင်မှုကို ကျင့်ကြံထားတယ် အဲ့တာက မင်းက ဓားတာအိုရဲ့ နိယာမကို ကနဦးနားလည်နေပြီလို့ ဆိုလိုနေတာပဲ ဆိုတော့ မင်းက နည်းနည်းလေး အသုံးဝင်နေသေးတယ်။ အခွင့်အလမ်းတွေ ရှာဖို့အတွက် ငါတို့နောက်ကို လိုက်ခဲ့လိုက် “
“ ဒါပင်မဲ့ မင်းက အသိတရား ရှိပြီးတော့ ဘာလှည့်ကွက်ကိုမှ မသုံးဖို့ ငါအကြံပေးလိုက်မယ် အဲ့လိုမှ မဟုတ်ဘူးဆိုရင် အခွင့်အလမ်းတွေရဖို့အတွက် မင်းကို ဒီနယ်မြေရဲ့ ယဇ်ပုလ္လင်မှာ ယဇ်ကောင်အဖြစ် သုံးပေးပြီးတော့ သွေးစတေးပေးလိုက်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ဝူယွမ်ကျီက သူ့ကို ခြိမ်းခြောက်ရန်အတွက် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေခြင်းဖြစ်သော်လည်း သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရ၏။
“ သွေးစတေးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ “
တစ်ခြားလူများသည် ပြန်ဖြေရမည်ကို တွန့်ဆုတ်သွားကာ နှာခေါင်းရှုံ့လာကြသည်။
ဝူယွမ်ကျီမှာ ပိုပို၍ မာန်တက်လာခဲ့ပြီး အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ကောင်းကင်ဝါးမျိုငှက်ရဲ့ ဘိုးဘေးနယ်မြေမှာ အဲ့ဒီကောင်းကင်ဝါးမျိုငှက် နှစ်ကောင်တိုက်ခိုက်ခဲ့ကြတဲ့ ယဇ်ပုလ္လင်အပြင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် သွေးချီပမာဏ အများကြီးကို စတေးဖို့လိုအပ်တဲ့ နောက်ထပ်ယဇ်ပုလ္လင်တစ်လုံး ရှိတယ်။ ဒါပင်မဲ့ မင်းလိုပါရမီရှင်တစ်ယောက်ရဲ့ သွေးချီက ပိုပြီးတော့တောင် ကောင်းသေးတယ် အဲ့တာကြောင့် ရိုးရိုးသားသားနေ အနီးကပ်လိုက်လာခဲ့ လျှောက်မပြေးနဲ့ “
ဟမ်
လုချန်ရှန်းသည် ဝူယွမ်ကျီကို ငေးကြည့်နေလျက်ရှိပြီး သူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ရှောင်ဟေးက ယဇ်ပုလ္လင်အကြောင်းကို ပြောပြခဲ့ဖူးသော်လည်း သူက ၎င်းကို မည်ကဲ့သို့ အသုံးပြုရမလဲဆိုသည်ကို မသိပေ။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက သူ့ကို မပြောပြခဲ့ပေ သို့သော် ယဲ့မော်ကို ပြောပြလိုက်ပုံရသည်။
ဤလူများကို ယဲ့မော်က ပြန်လည်ပြောပြခဲ့ပုံရသည် အဲ့တာက လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေသင့်တယ်မဟုတ်ဘူးလား။ အခွင့်အလမ်းတွေ အကြောင်းမဟုတ်ဘဲ သွေးစတေးခြင်း လုပ်ငန်းစဥ်ကိုကိုပါ ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ် ပြောပြခဲ့တယ်ပေါ့။
အဲ့တာက တကယ်အဆင်ပြေပါ့မလား။
တကယ်လို့ သူတို့က ငါ့ကို အထင်သေးနေမယ်ဆိုရင်တောင်မှ ဒီလောက်အထိ အသေးစိတ်ပြောပြနေဖို့ မလိုအပ်ဘူးလေ။
အစတွင် သူက ထိုလူအားလုံးကို ရှင်းလင်းရန် ကြံရွယ်ထားခဲ့သည် သို့သော် သူက ပိုပို၍ စိတ်ထင့်လာခဲ့၏။
အထူးသဖြင့် အဆိုပါ ဝူယွမ်ကျီဖြစ်ပြီး သူမည်မျှပင် မောက်မာကြီးစိုးကာ သူ၏ အမြှီးကို ကောင်းကင်ထက်တွင် ဝေ့ရမ်းနေခဲ့ပါစေ ထိုလူက ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့၏။
သူ၏ အပြုအမူများက ထူးဆန်းနေရုံသာလျှင် မဟုတ်ဘဲ လူကိုယ်တိုင်ကပါ ထူးဆန်းနေသည်ဟု သူ့ကို ခံစားသွားရစေခဲ့သည်။ သူသည် တစ်ခုခု မှားယွင်းနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရသည်။
--
……………………………………………………………………………………………………………………………….