← Chapters

အခန်း ၂၂၁

Vol. 15 Ch. 221

အခန်း ၂၂၁

Vol. 15 Ch. 221

အပိုင်း ( 221 )

တကယ် အန္တရာယ်များတာပဲ

လူတစ်စုက လုချန်ရှန်းကို ဝိုင်းရံကာ လှောင်ပြောင်နေလျက်ရှိသည်။

သို့သော် သူတို့သည် မည်သို့မျှ မလှုပ်ရှားကြဘဲ ဝူရို့ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

လုချန်ရှန်းမှာလည်း မည်သို့မျှ မလှုပ်ရှားလာခဲ့ဘဲ ထိုလူများကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့၏ အထူးသဖြင့် ဝူယွမ်ကျီဖြစ်ပြီး ထိုအကောင်က တစ်ခုခု လွဲနေသည်ဟု သူအမြဲခံစားနေခဲ့ရသည်။

ဝူယွမ်ကျီက စကားထပ်ပြောလာခဲ့သည် “ မင်းဘာကြည့်နေတာလဲ။ တစ်ခါတော့ ကူချန်ကျွင်းကလည်း မင်းကို လာမကယ်နိုင်တော့ဘူး “

“ ဘာလို့လဲ “

“ ဟမ့် မင်းက အခြေအနေကို အခုထိ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလား။ ငါတို့အားလုံးက တစ်ကိုယ်တော် ကျင့်ကြံသူတွေချည်းပဲ ငါတို့နောက်မှာ ဘာအင်အားစုမှ မရှိဘူး။ တကယ်လို့ မင်းကို သတ်လိုက်မယ်ဆိုရင်တောင်မှ ကူချန်ကျွင်းက ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး။ ဆိုတော့ အရင်ကအတိုင်းပဲ ကိုယ့်အခြေအနေကို သိပြီးတော့ ငါတို့နောက်ကို ငြိမ်ငြိမ်လေးလိုက်ခဲ့တာက အကောင်းဆုံးပဲ “

လုချန်ရှန်းသည် အတွေးနက်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

ပတ်ပတ်လည်ရှိ လူများကလည်း မျက်မှောင်ကြုတ်ကာ စကားဝင်ပြောလာကြသည် “ ဝူယွမ်ကျီ မင်းက စကားအများကြီး ပြောနေမိပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူယွမ်ကျီက ချက်ချင်း တုံ့ပြန်လိုက်သည် “ အဆင်ပြေပါတယ် သူက စည်ပိုင်းထဲက ငါးတစ်ယောက်သာသာပါပဲ ကိစ္စမရှိပါဘူး “

ထိုစဥ် ဝူရို့ကို သွားရှာသည့်လူ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ ဗုဒ္ဓသားတော် ဘယ်မှာလဲ “ မည်သူမှ ပါမလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် တစ်စုံတစ်ဦးက မေးမြန်းလာခဲ့သည်။

ပြန်ရောက်လာသူက တုံ့ပြန်လာခဲ့၏ “ ဗုဒ္ဓသားတော်က သိပ်မကြာခင် အချိန်မှာ ရောက်လာပါလိမ့်မယ်။ ရှေ့ဆက်သွားပြီးတော့ အခွင့်အလမ်းရှာဖို့အတွက် အဲ့ဒီယဇ်ပုလ္လင်ဆီသို့ဖို့ ငါတို့ကို ပြောလိုက်တယ် “

“ အင်း “

လူအုပ်ကြီးသည် လုချန်ရှန်းကို အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကြသည်။

လမ်းတစ်လျှောက်တွင် သူတို့သည် လုချန်ရှန်းကို ရံဖန်ရံခါ အကဲခတ်နေခဲ့ကြသည်။

“ သူ့ဒဏ်ရာတွေက ဘယ်လိုလုပ် ရလာခဲ့တာလို့ မင်းတို့ထင်လဲ “

“ ဘာရှိသေးလို့လဲ။ သူက ဝါးမြိုခြင်း နိယာမကို တပ်မက်ပြီးတော့ အဲ့တောင်တန်းဆီကို ရောက်သွားပြီး တန်ပြန်သက်ရောက်မှုကို ခံလိုက်ရတာလေ အဲ့တာပါပဲ “

“ အမှန်ပဲ သူက တကယ်ကို နည်းနည်းတော့ အံ့ဩစရာကောင်းပါတယ် ဒါပင်မဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ် “

“ သူကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာက ဒီတစ်နေရာတည်းမှာပဲ မဟုတ်ပါဘူးကွာ ဟက် “

“ … “

အေးစက်စက် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး သူတို့သည် သူတို့၏ လှောင်ပြောင်မှုများကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

သို့ရာတွင် သူတို့၏ စောင့်ကြည့်မှုက အတော်ပင် တင်းကြပ်နေစဲဖြစ်ပြီး လူလေးဦး(သို့) ငါးဦးက သူ့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။

ဝူယွမ်ကျီကပင် ဘေးတစ်ဖက်မှ အတူလိုက်ပါ၍ လှောင်ပြောင်နေခဲ့၏ “ လုချန်ရှန်း မင်းက ဝါးမြိုခြင်း နိယာမကိုတောင် တပ်မက်နေတယ်ပေါ့ အဲ့တာက တကယ်ကို ရယ်စရာကောင်းလွန်းတယ် “

“ ဘာလို့တုန်း “

“ ဟက် ဝါးမြိုခြင်း နိယာမကို အလွယ်တကူ ရနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား။ ပြင်ပအားတွေကို ချေဖျက်ဖို့အတွက် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ လူငယ်ခေါင်းဆောင် တံဆိပ်ပြားကို လိုအပ်တယ် အဲ့အချိန်ကျမှ အဲ့တာကို နားလည်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာမှာ “

ဝူယွမ်ကျီ၏ စကားတို့တွင် မထီမဲ့မြင်ပြုများ ကိန်းအောင်းနေခဲ့၏ သို့သော် လုချန်ရှန်းကမူ ထူးဆန်းသည်ဟု ပိုပို၍ ခံစားလာခဲ့ရသည်။ ဒီလောက်ကြီးအထိ အသေးစိတ်လှောင်ပြောင်နေဖို့ လိုလို့လားဟ။

ဒီကောင်က ရှောင်ဟေးမပြောပြခဲ့တဲ့ ကိစ္စတွေကိုတောင် ငါ့ကို ပြောပြနေတာပဲဟ။

ထိုစဥ် သူတို့အားလုံးမှာ ချိုင့်ဝှမ်းတစ်ခု၏ အရှေ့တွင် ရပ်တန့်သွားခဲ့ကြသည်။ နိယာမစွမ်းအား တစ်စွန်းတစ်စ ပါဝင်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ထိုနေရာတွင် လှည့်ပတ်သွားလာနေလျက်ရှိ၏။

ချိုင့်ဝှမ်းအတွင်းတွင် စမ်းရေကန်တစ်ကန် ရှိနေခဲ့ပြီး ၎င်း၏ ကြွယ်ဝလွန်းလှသော ဝိညာဥ်ချီများကို အဝေးမှပင် မြင်တွေ့နေခဲ့ရ၏။

“ ထိပ်တန်းအဆင့် ဝိညာဥ်စမ်းရေ “

လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။

လူတိုင်း မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ အဆိုပါ ထိပ်တန်းအဆင့် ဝိညာဥ်စမ်းရေ တစ်ငုံကပင် ကြွယ်ဝသော ဝိညာဥ်ချီ ပမာဏ အများအပြားကို သယ်ဆောင်ထားပြီး ၎င်းက ကျင့်ကြံရေးကို ကြီးမားသော အကျိုးအမြတ်များ ရရှိအောင် ထောက်ပံ့ပေးနိုင်ပေသည်။

ဟွာရှုနယ်ပယ် ပညာရှင်များအတွက် ၎င်းက အသုံးမဝင်လှသော်လည်း မွေးရာပါ ဝိညာဥ် ပညာရှင်များအတွက်မူ ၎င်းက ရှားပါး ရတနာတစ်ပါးဖြစ်နေခဲ့သည်။

သို့ရာ၌ ဝိညာဥ်ရေကန်၏ ဘေးဘက်တွင် ဧရာမက အနက်ရောင် ငှက်ကြီးတစ်ကောင် ဝပ်နေလျက်ရှိပြီး ၎င်း၏ အကြည့်များ စူးရှနေကာ ၎င်းကို စောင့်ကြပ်နေခဲ့၏။ ၎င်း၏ ခွန်အားက မွေးရာပါ ဝိညာဥ် ကျင့်ကြံသူတစ်ဦးထပ် သာလွန်နေခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက်ရှိ၏။

ချိုင့်ဝှမ်းအပြင်ဘက်တွင် နိယာမ စွမ်းအားက လေထုအတွင်းသို့ စိမ့်ဝင်နေလျက်ရှိ၏။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းထံသို့ အကြည့်ပေါင်းများစွာ ရောက်ရှိလာခဲ့သည်။

“ လုချန်ရှန်း တကယ်လို့ မင်းအသက်ရှင်ချင်သေးတယ်ဆိုရင် အဲ့တာက မင်းနဲ့ဆိုင်သွားပြီ “

“ ဝိညာဥ်စမ်းရေကို သိမ်းခိုင်းနေတာလား “ လုချန်ရှန်းက မေးမြန်းလိုက်၏။

လူတိုင်းက သရော်လာကြသည် “ မင်းက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်လေ။ အဲ့အနက်ရောင်ငှက်ကို ဘာနဲ့သွားယှဥ်မလို့လဲ “

“ ချိုင့်ဝှမ်းအပြင်ဘက်မှာ လည်ပတ်နေတဲ့ နိယာမ စွမ်းအား ရှိတယ်။ ငါတို့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေး ငါတို့က အဲ့တာကို သွားသိမ်းလိုက်မယ် “

ထိုစကားလုံးများကို ကြားလိုက်ရသောအချိန်၌ လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်ထွက်လာခဲ့၏။

နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ မင်းဆီမှာ လှည့်ကွက်တွေ အများကြီး ရှိနေတာကို ငါတို့အားလုံးသိတယ်။ မင်းကို စောင့်ကြည့်နေမဲ့ ငါတို့လူတွေရှိတယ် ငါတို့ကို အထဲမှာ ပိတ်လှောင်လိုက်ဖို့ကို စဥ်းတောင်မစဥ်းစားလိုက်နဲ့ “

သူတို့က နိယာမစွမ်းအားကို ကြောက်လန့်ကြပြီး ထိုစွမ်းအားက သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်လာမည်ကို စိုးရွံ့ကြသည်။ သူတို့က မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေကြသော်လည်း နိယာမကို မည်သူကမှ နားမလည်ကြသေးသကဲ့သို့ ၎င်းကို မည်သူကမှ မတိုက်ခိုက်ရဲကြပေ။

နိယာမတစ်ခုခုကို နားလည်ထားသူတစ်ဦးကသာလျှင် ၎င်းနှင့် ယှဥ်ပြိုင်နိုင်မည် ဖြစ်ပေသည်။

အဆုံးတွင် သူတို့၏ အတင်းအကြပ် စေခိုင်းမှုအောက်တွင် လုချန်ရှန်းက ချိုင့်ဝှမ်းအရှေ့သို့ ရောက်ရှိသွားပြီး သူ၏ ဓားတာအိုစွမ်းအားကို အသုံးပြုကာ လမ်းကြောင်းတစ်ခု ဖောက်လုပ်နေတော့၏။ ထိုနေရာမှ နိယာမ စွမ်းအားများ မြင့်တက်လာကာ သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။

ထိုလူများက စိတ်မသက်မသာဖြစ်နေခဲ့ပြီး သူ့ထံတွင် ဗုဒ္ဓသားတော်ကိုယ်တိုင် သန့်စင်ခဲ့သည့် တားမြစ်ချက်တစ်ခု ထားရှိခဲ့၏။

ဝူယွမ်ကျီနှင့် လူအနည်းငယ်စုက အပြင်ဘက်တွင် ရှိနေစဲဖြစ်ပြီး လုချန်ရှန်းကို အနီးကပ် စောင့်ကြပ်နေလျက်ရှိ၏။

လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ တားမြစ်ချက်ဟုခေါ်ဆိုသည့် အရာက သူ့အတွက် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။ အကယ်၍ ယခုလက်ရှိ အချိန်တွင် သူနောက်ဆုတ်သွားခဲ့မည်ဆိုလျှင်တောင်မှ ထိုလူများက တန်ကြေးတစ်ခု ပေးဆပ်လိုက်ရမည် ဖြစ်ပြီး သူသည် သူ့အနားတွင် ရှိနေသည့် လူတစ်ချို့ကို လက်မြှောက်လိုက်ရုံဖြင့် သတ်ဖြတ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် ဝူယွမ်ကျီက အေးစက်စွာ လှောင်ပြောင်လာခဲ့၏ “ လုချန်ရှန်း ဘာလှည့်ကွက်မှ မသုံးတာက အကောင်းဆုံးပဲနော်။ ဒီနေရာမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတယ် တကယ်လို့ မင်းအတွက် ဘာကကောင်းလဲဆိုတာကို သိတယ်ဆိုရင် လိမ်လိမ်မာမာနဲ့ လိုက်လာခဲ့လိုက် အဆုံးမှာ ငါတို့က မင်းအသက်ကိုတောင် သက်ညှာပေးလိုက်နိုင်တယ် “

ဝူယွမ်ကျီက ထပ်မံ၍ စကားပြောလာခဲ့ကာ သူ၏ အတွေးများကို လွင့်ပျယ်သွားစေခဲ့၏။

ထိုအခိုက်အတန့်တွင် လူတစ်စုက ချိုင့်ဝှမ်းအတွင်းသို့ တိုးဝင်သွားကြသည်။ အနက်ရောင် ငှက်က တောင်ပံများကို ခတ်ကာ လေပြင်းများ တိုက်ခတ်လာစေခဲ့၏ ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းက သားရဲရိုင်းတစ်ကောင်ဖြစ်နေခဲ့ပြီး ချိုင့်ဝှမ်းအတွင်းတွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ပေါက်ထွက်လာခဲ့၏။

သူတို့က တိုက်ပွဲကို အနိုင်ရခဲ့သော်လည်း ပေးဆပ်ခဲ့ရသည့် တန်ဖိုးက သေးငယ်မနေခဲ့ပေ။

သူတို့သည် အဆိုပါ ဝိညာဥ်များကို သိမ်းဆည်းရန်အတွက် ဘူးသီးခြောက်တစ်လုံးကို အသုံးပြုခဲ့ကြသည်။

ထိုလူများက ချိုင့်ဝှမ်းအတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက နိယာမ စွမ်းအားကို တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။

သူက မည်မျှပူးပေါင်းဆောင်ရွက်နေလဲဆိုသည်ကို မြင်လိုက်ရသောအခါတွင် မထီမဲ့မြင်ပြုနေသည့် ရယ်မောသံများ ပေါ်ထွက်လာခဲ့၏။

“ ကြည့်ရတာတော့ ကောလဟာလတွေက အဲ့လောက်ကြီးလည်း မဟုတ်တဲ့ပုံပဲ။ ကူချန်ကျွင်း မရှိဘူးဆိုရင် သူက ဘာမှမဟုတ်ဘူးပဲ “

“ အဲ့လိုလည်း ပြောလို့မရဘူးလေ။ မွေးရာပါ ဝိညာဥ်နယ်ပယ်အောက်မှာ သူက တကယ်ကို ပြိုင်ဘက်ကင်းတယ် ဒါပင်မဲ့ သူက အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိနေသေးတယ်လေ သူဘာမှ သိပ်မလုပ်နိုင်ပါဘူး “

“ … “

လူတစ်စုသည် စကားပြောနေရင်းဖြင့် လမ်းလျှောက်နေလျက်ရှိကာ လုချန်ရှန်းကို လုံးဝလျစ်လျူရှုထားကြသည်။ သို့သော် သူတို့၏ စောင့်ကြည့်မှုကို မည်သို့မျှ မလျှော့ချခဲ့ကြပေ။

ဝူယွမ်ကျီမှာလည်း သူ၏ သီးသန့် ကိုယ်ရံတော်အလား ဖြစ်လာခဲ့၏။

“ လုချန်ရှန်း အရင်က ပြောခဲ့တဲ့အတိုင်းပဲ နောက်ကျရင် အခွင့်အလမ်းတွေ ထပ်ရှိလာဦးမှာ မင်းက အသုံးဝင်နေသေးတယ် ဘာလှည့်ကွက်မှ သုံးဖို့ မစဥ်းစားနဲ့ “

ဝူယွမ်ကျီ၏ ကြိုးစားအားထုတ်မှုကို မြင်လိုက်ရသောအခါတွင် လူတိုင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်ပြလာခဲ့ကြသည်။

သို့ရာတွင် လုချန်ရှန်းကမူ အဓိပ္ပါယ်တစ်မျိုး ပါဝင်နေသော အကြည့်မျိုးဖြင့် ဝူယွမ်ကျီကို ကြည့်နေခဲ့သည်။

“ မင်းဘာကြည့်နေတာလဲ။ ကန်းနေတာလား “ ဝူယွမ်ကျီက အော်ငေါက်လာခဲ့၏။

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူဘာမှမပြောရသေးခင် အချိန်မှာပင် သူတို့အားလုံးက နောက်ထပ်တောင်တန်းဒေသတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လူတိုင်း ငေးကြည့်ခဲ့ရသည့် အခွင့်အလမ်း အမျိုးမျိုး ရှိနေခဲ့၏။

သူသည်လည်း မူမမှန်သော အရာတစ်ခုကို ရှာတွေ့သွားခဲ့သည် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေအတွင်းတွင် ဝါးမြိုခြင်း နိယာမအပြင် တစ်ခြားသော နိယာမ အများအပြားပါ ပါဝင်နေခဲ့သည် သို့သော် ၎င်းတို့က အတော်ပင် အားနည်းနေခဲ့သည်။

နိယာမတစ်ခုကို ကြုံတွေ့ခဲ့ရသည့် အချိန်တိုင်းတွင် လုချန်ရှန်းက အန္တရာယ်များကို တိုက်ခိုက်ခဲ့ရကာ သူတို့က အခွင့်အလမ်းများကို သွားရှာနေခဲ့ကြသည်။

“ ဟက် လုချန်ရှန်းက အတော်လေး အသုံးဝင်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

“ သူဒီမှာရှိနေရင် ငါတို့က ပြဿနာတွေကို ဘယ်လောက်တောင် လျှော့ချနိုင်မလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ဒီလိုကံတရားမျိုးနဲ့ ပါရမီရှင်တစ်ယောက်ကို ရထားတာက တော်တော်လေး ကောင်းတယ် “

စကားပြောနေရင်းဖြင့် သူတို့က ရေကန်တစ်ခု အရှေ့သို့ ရောက်ရှိလာခဲ့ကြသည် ထိုစဥ် သူတို့အနောက်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဗုဒ္ဓသားတော် ဝူရို့ “

လူတိုင်းက သူ့ကို ကြည့်ကာ စကားပြောလိုက်ကြသည်။

လုချန်ရှန်းကပါ လှည့်ကြည့်လိုက်သည် အမှန်ပင် ယခင်က တွေ့ခဲ့ရသည့် ကတုံးဘုန်းကြီး ဖြစ်နေခဲ့၏။

ဝူရို့မှာလည်း ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လုချန်ရှန်းကို ကြည့်နေခဲ့ပြီး ယခင်က ရှိခဲ့သည့် တည်ငြိမ်မှုအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ စူးစူးရဲရဲ အကြည့်က သူ၏ အထောက်အထားနှင့် လုံးဝကွဲလွဲနေခဲ့၏။

သို့သော် သူသည် လုချန်ရှန်းကို ဘာမှမပြောလာခဲ့ဘဲ သူ့ဘေးနားတွင် ရှိနေသည့် လူတစ်ဦးကို ကြည့်ကာ စကားပြောလိုက်သည် “ အခြေအနေ ဘယ်လိုရှိလဲ “

“ အခွင့်အလမ်း အားလုံး ရခဲ့ပါတယ်။ ဒီတစ်ခါတော့ လုချန်ရှန်းကို ကျေးဇူးတင်ရမှာပါ “ ဟု လူတစ်ဦးက သရော်နေသည့် လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည်။

ဝူရို့သည် ခေါင်းငြိမ့်လာခဲ့ပြီး အရှေ့တွင် ရှိနေသည့် တောက်ပနေသော ရေကန်ကို ကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သူ့ကို ယဇ်ပုလ္လင်ဆီကို ခေါ်သွားလိုက် “

“ ဟုတ်ကဲ့ “

ထို့နောက်တွင် ဝူရို့က ရေကန်အတွင်းသို့ အရင်ဦးဆုံး လျှောက်လှမ်းသွားကာ တစ်ခြားလူများက သူ့အနောက်မှ လိုက်သွားကြသည်။

လုချန်ရှန်းကမူ အရှေ့သို့ ငေးကြည့်နေတော့၏။ လောကီရေးရာ အတွေ့အကြုံမရှိသည့် လူငယ်တစ်ဦးအတွက် ထိုကဲ့သို့ အလိမ်ခံလိုက်ရခြင်းမှာ အမှန်ပင် အန္တရာယ်များလှ၏။

--

……………………………………………………………………………………………………………………………………

All Chapters