အခန်း ၂၂၃
Vol. 15 Ch. 223
အပိုင်း ( 223 )
မင်းက လူမဟုတ်ဘူးပဲ
ယဇ်ပုလ္လင်ထံမှ ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့ကာ အဆုံးမဲ့ စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့၏။
မှင်ကဲ့သို့သော ဝိညာဥ် အလင်းတန်းများသည် အောက်ခြေနားရှိ ပုံစံကွက်များထံမှ ပေါက်ထွက်လာခဲ့ပြီး အထက်သို့ မြင့်တက်လာကာ အဆက်မပြတ် လိမ်ယှက်နေခဲ့ပြီး ဟင်းလင်းပြင်ကို ဆုတ်ပြဲသွားစေခဲ့သည် ဝူရို့၏ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးမှာ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက စတင်၍ ရယ်မောလာခဲ့သောကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
" မင်းက ဘာရယ်နေတာလဲ " ဟု တစ်စုံတစ်ဦးက မေးမြန်းလာခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ " အဲ့တာက တရားမဝင်လို့လား "
" မင်းက သေရတော့မဲ့ အချိန်မှာတောင် စကားလုံးဂိမ်းတွေ လာကစားနေတာပဲ "
ဝူရို့ကပါ စကားဝင်ပြောလာခဲ့၏ " ကူချန်ကျွင်းက ဒီနေရာဆီကို မဝင်လာနိုင်ဘူး ယဲ့မီထျန်းက သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဘူး။ ပန်အမျိုးသမီးနဲ့ ရှင်းယွင်ကလည်း မင်းကို မကယ်နိုင်ဘူး "
" အဲ့တာတွေက အရေးမကြီးပါဘူးကွာ "
လုချန်ရှန်းက ခေါင်းခါပြလိုက်သည် သူ၏ အမြင်တွင်မူ ၎င်းတို့က အသေးမွှားကိစ္စလေးများသာ ဖြစ်ပြီး မည်သို့မျှ အရေးမကြီးလှပေ။
" အဲ့တာဆိုရင် ဘာက အရေးကြီးတာလဲ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ဝူရို့ကို ငေးကြည့်နေတော့သည် " ငါမင်းကို မေးချင်တာ တစ်ခုရှိတယ် သွေးစတေးမှုကို အသက်သွင်းလိုက်တာနဲ့ ရပ်လို့မရတော့ဘူးဆိုတာက သေချာလား "
" ဟုတ်တယ် "
" မင်းက အဲ့လိုပြောနေမှတော့ ငါစိတ်သက်သာရာ ရသွားပါပြီ " လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
" သူက ဘာပြောချင်နေတာလဲဟ "
သူတို့စိတ်ရှုပ်ထွေးသွားကြသည့် အချိန်မှာပင် လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ရာ မီးဖိုအတွင်းမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။
ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းက လေပြင်းများကြောင့် ချက်ချင်းပြိုကွဲသွားပြီး သွေးမြူထုအဖြစ် အသွင်ပြောင်းကာ ယဇ်ပုလ္လင်နှင့် ရောစပ်သွားခဲ့သည်။
" ဘာကြီးလဲဟ "
ချက်ချင်းဆိုသလိုပင် အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည် ထိုလူ အစောပိုင်း အချိန်များအတွင်းက ရေကန်အတွင်းသို့ ဆွဲချခံလိုက်ရကာ ပျောက်သွားခဲ့သည့်လူပင် ဖြစ်သည်။
လေပြင်းကြောင့် ထိုလူက တစ်စစီ ဆုတ်ဖြဲခံလိုက်ရကာ သွေးမှုန်များအဖြစ် ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေရင်းဖြင့် အားလုံး၏ အမူအရာများ လုံးဝပြောင်းလဲသွားခဲ့သည်။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ဒုတိယမြောက် လူတစ်ဦး ပေါ်ထွက်လာခဲ့ပြီး လေပြင်းများအတွင်းသို့ ကျဆင်းသွားကာ သွေးမှုန်များအဖြစ် အမှုန့်ကြိတ်ခံလိုက်ရပြီး ယဇ်ပုလ္လင်ဆီသို့ ခုန်ဆင်းသွား၏။
ယဇ်ပုလ္လင်မှာလည်း သွေးရောင်ခြည်နှင့်အတူ ကြာရှည်စွာ တောက်ပနေလျက်ရှိ၏။
" ခုနက လှုပ်ရှားခဲ့တဲ့လူက တကယ်ကြီးကို သူဖြစ်နေတာပဲ "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် အစတွင် ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုခုက လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်ဟုသာ သူတို့က ထင်နေခဲ့ကြသည် သို့သော် လုချန်ရှန်းက လှည့်ကွက်များ သုံးနေခြင်းသာလျှင် ဖြစ်နေခဲ့၏။
လုချန်ရှန်းကမူ ထိုလူများကို လျစ်လျူရှုထားကာ ပုံရိပ်များကို အဆက်မပြတ် ဆွဲထုတ်နေခဲ့၏ ၎င်းတို့အားလုံးက လေပြင်းများအတွင်းသို့ ကျဆင်းသွားကာ ချီအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ရမ်းသွားခဲ့သည် ချီကို ဆက်တိုက်ထောက်ပံ့ပေးနိုင်သရွေ့ ထိုအကောင်က မည်သို့မျှ ထိခိုက်လိမ့်မည် မဟုတ်ချေ။
သူတို့၏ အကြည့်များက ရောင်ခြည်များ ပျံ့လွင့်ရာ အောက်ဘက်ရှိ အရာအားလုံးထံသို့ ရောက်ရှိသွားခဲ့သည်။
လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် ထိုစဥ် ဝူရို့ကမူ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် မျက်နှာ ဖြူဖျော့သွားခဲ့သည် မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင် လေးဦးမှာလည်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေလျက်ရှိ၏ အစပိုင်းတွင် သူတို့သည် အစွမ်းထက် ပညာရှင်များက လိုက်လာသည်ဟုသာ ထင်နေခဲ့ကြသည် သို့သော် မည်သည့်မူမမှန်မှုမှ ရှာမတွေ့သေးပေ။
အားလုံး၏ အကြည့်များက ယဇ်ပုလ္လင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် အချိန်တွင် လုချန်ရှန်း၏ လက်ထဲတွင် မည်သည့်အရာမှ ကျန်ရှိမနေတော့ပေ။
ဝူရို့က စကားလှမ်းပြောလာခဲ့သည် “ မင်းက ငါ့ရဲ့ မျှော်မှန်းချက်တွေထပ် ကျော်လွန်နေခဲ့တာပဲ မင်းကို သဘောမကျတဲ့ လူတွေက ကံတရားကို ပိုင်ဆိုင်ထားတယ်ဆိုပင်မဲ့ သွေးစတေးတာကို ပြီးသွားစေဖို့အတွက် တော်တော်ကြီးကို အလှမ်းဝေးနေတုန်းပဲ အဆုံးမှာ မင်းသေရဦးမှာပဲ “
“ မင်းမှန်တယ် “ လုချန်ရှန်းသည် သူ့ဆီသို့ တိုးဝင်လာနေသည့် စွမ်းအားများကို ငေးကြည့်ကာ အလေးအနက် ခေါင်းငြိမ့်ပြလိုက်ပြီး ထို့နောက်တွင် ဝူရို့ကို ငေးကြည့်နေတော့၏။
သို့ရာတွင် သူက ဝူရို့ကို ကြည့်လိုက်သည့် အချိန်၌ ဝူရို့၏ စိတ်နှလုံးသားအတွင်းတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရုတ်တရက် လှိုက်တက်လာခဲ့၏။
ထိုစဥ် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ဒါဆိုရင်လည်း သွေးစတေးတာကို အောင်မြင်သွားစေဖို့အတွက် မင်းတို့ကိုပဲ သုံးရတော့မှာပေါ့ ဘာပဲဖြစ်ဖြစ် မင်းက ဗုဒ္ဓသားတော်ပဲလေ ဟိုလူတွေလောက်တော့ ဆိုးမနေသင့်ပါဘူး “
“ မင်းဘာပြောလိုက်တာလဲ “ ဝူရို့ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ယဇ်ပုလ္လင်ကို အုပ်မိုးလာခဲ့ပြီး ဧရာမလက်ကြီးတစ်ဖက်အဖြစ် လိမ်ယှက်သွားကာ ဝူရို့ကို ဖမ်းဆုပ်နေတော့သည်။
“ ငါ့ကို ထိနိုင်မယ်လို့ ထင်နေတာလား “
ဝူရို့က အေးစက်စွာ လှောင်ပြောင်လာခဲ့သည် သူ၏ မျက်ဝန်းများအတွင်းတွင် ဒေါသများ ကိန်းအောင်းနေခဲ့၏ ထိုကဲ့သို့သော လုပ်ရပ်မျိုးက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့၏ သူသည် လက်အုပ်ချီကာ ကြောက်မက်ဖွယ်ကောင်းသည့် မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်သည် လေထုအတွင်းတွင် ကျမ်းစာရွတ်ဖတ်သံများဖြင့် ပဲ့တင်ထပ်နေသည့်အလား ဖြစ်နေခဲ့၏။
သူ၏ဘေးဘက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည် ၎င်းမှာ ဗုဒ္ဓဂိုဏ်းက ဓမ္မပုံရိပ်ဟု ခေါ်ဆိုသည့် အရာဖြစ်ပြီး ၎င်းကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက ကောင်းကင်ဘုံကို ပင့်မထားကာ အောက်ဘုံရှိ ငရဲကြီးကိုးထပ်ကိုပင် နင်းချထားနိုင်ပေသည်။
သူက လုချန်ရှန်းကို မထီမဲ့မြင်ပြုနေခဲ့သော်လည်း မည်သို့မျှ လျှော့မတွက်ထားခဲ့ပေ ထိုလူက ကူချန်ကျွင်း၏ တပည့်ဖြစ်ပြီး လူအများအပြားကို ရေကန်အတွင်းသို့ ဆွဲခေါ်သွားခဲ့သောကြောင့် ထိုလူ့ထံတွင် မှီခိုအားထားရာ အရာတစ်ခု သေချာပေါက် ရှိနေပေလိမ့်မည်။
သူ၏မျက်ခုံးများအကြားတွင် ပုံစံကွက်များ ပေါ်ထွက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် သူက တည်ကြည်လေးနက်ကာ ခံ့ညားနေလျက်ရှိပြီး ရွှေရောင် ဓမ္မပုံရိပ်မှာလည်း ဧရာမလက်ကြီးကို ထိပ်တိုက်ရင်ဆိုင်နေခဲ့၏ အားလုံး၏ မျက်လုံးများ ရှေ့မှောက်တွင် အံ့ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
စွမ်းအားနှစ်ခု ထိတွေ့သွားသည့် အချိန်တွင် ၎င်းက ဓမ္မပုံရိပ်ကို ချက်ချင်းချေဖျက်သွားခဲ့သည် ဝူရို့၏ မျက်နှာပေါ်တွင် အကြောက်တရားနှင့် မယုံကြည်နိုင်ဖြစ်နေမှုများ ပေါ်ထွက်လာခဲ့သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ဧရာမက လက်ကြီးက ဝူရို့ထံသို့ ပြေးဝင်လာခဲ့ပြီး သူ့ကို ဝိုင်းရံထားသည့် ဗုဒ္ဓအလင်းရောင်မှာလည်း ချက်ချင်းလွင့်ပျယ်သွားခဲ့သည် သူ့မျက်ခုံးများအကြားတွင် ရှိနေသည့် ပုံစံကွက်များက ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေခဲ့သော်လည်း လုချန်ရှန်းက မည်သို့မျှ အခွင့်အရေး မပေးခဲ့ချေ။
ဓားဆန္ဒ ဖွဲ့တည်လာကာ သူ၏မျက်ခုံးများအကြားသို့ တိုက်ရိုက်ထွင်းဖောက်လာခဲ့၏ ဝူရို့မှာ ဝမ်းခေါင်းသံကြီဖြင့် အော်ဟစ်နေတော့သည် သူ၏မျက်ခုံးများအကြားမှ သွေးများ စီးထွက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့၏။
ဖူးးး
သူသွေးအန်လိုက်ရသည် သို့သော် ထိုစွမ်းအားနှင့်အတူ ကျဆင်းလာသည့် သွေးများက ယဇ်ပုလ္လင်၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။
“ မင်းက ဘာကိစ္စသွေးအန်နေရတာလဲ။ ဖြုန်းတီးနေတာကွာ “
ထို့နောက်တွင် ဧရာမ လက်ကြီးက ဝူရို့ကို ယဇ်ပုလ္လင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။
“ အတင့်ရဲချက် “
မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်လေးဦးက ဒေါသတကြီး ဟိန်းဟောက်လာကြ၏ မှော်စွမ်းအား တဟုန်ထိုး ပေါက်ထွက်လာခဲ့ကာ အရပ်မျက်နှာ ရှစ်ခုစလုံးကို ရိုက်ခတ်သွားခဲ့သည်။
သို့ရာတွင် ဧရာမလက်ကြီးက ထပ်မံ၍ လှုပ်ရှားလာခဲ့ပြီး ၎င်းထံမှ ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတစ်ခု ပေါက်ထွက်လာခဲ့၏ ဟင်းလင်းပြင်အတွင်းမှ ငွေရောင်ငှက်တစ်ကောင် ပျံထွက်လာခဲ့ပြီး ၎င်း၏တောင်ပံများကို ခတ်၍ တိုက်ခိုက်မှုများကို ဖြိုခွင်းကာ ထိုလူလေးဦးဆီသို့ ပြေးဝင်သွားခဲ့သည်။
“ ဓားဆန္ဒ ဖြစ်တည်ခြင်း “
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် ငွေရောင်ငှက်ကို ငေးကြည့်နေကြတော့၏။
အောက်ဘက်ရှိ လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားကြသည်။
“ မဟုတ်ဘူး “
ဝူရို့၏ အသံမှာ အကြောက်တရားများနှင့် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏ သို့သော် သူသည် ယဇ်ပုလ္လင်ဆီသို့ ဆွဲခေါ်ခံလိုက်ရပြီး လေပြင်းတို့၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ဗုဒ္ဓအလင်းတန်းဟု ခေါ်ဆိုသည့် အရာမှာလည်း လုံးဝဆုတ်ပြဲသွားကာ သူ၏ ခန္ဓာကိုယ် ကြေမွသွားပြီး သွေးများပျံ့လွင့်လာကာ ယဇ်ပုလ္လင်နှင့် ပေါင်းစည်းသွားခဲ့သည်။
မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်လေးဦး၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည် သို့သော် လုချန်ရှန်းက မရပ်တန့်သွားခဲ့ပေ။ လက်ဟန်များ ပြုလုပ်လိုက်ခြင်းနှင့်အတူ ကောင်းကင်ထက်သို့ ဓားချီ အများအပြား ထောင်တက်သွားပြီး ကောင်းကင်နှင့် မြေပြင်အကြားတွင် လှည့်ပတ်လိမ်ယှက်နေကာ ဤနေရာကို ဝိုင်းရံထားသည့် ဓားပင်လယ်တစ်ခုကို ဖွဲ့စည်းလာခဲ့၏။
သူတို့၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ကိန်းအောင်းနေခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေသော အကြည့်များဖြင့် ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်နေသည့် လူငယ်တစ်ဦးကို ငေးကြည့်နေကြတော့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးက မွေးရာပါ ဝိညာဥ်ကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်ပြီး ဓားဆန္ဒ ဖြစ်တည်ခြင်းကဲ့သို့သော နည်းလမ်းမျိုးကို မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကပင် ခုခံနိုင်မည် မဟုတ်ပေ။
ကျန်ရှိနေသည့် လူများကမူ အခြေအနေမကောင်းဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် တစ်ခြားသော အရာများကို လျစ်လျူရှုကာ လှည့်ပြေးသွားကြသည်။
အသက်ရှင်နေခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေသည်။
အနောက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ လမ်းများကို ပိတ်ဆို့နေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားကြသည် ၎င်းက သူ၏လက်ကို မြှောက်ကာ လူနှစ်ဦးကို သတိလစ်အောင် ရိုက်ချလိုက်ပြီး ယဇ်ပုလ္လင်ဆီသို့ ပစ်ပေါက်လိုက်၏။
“ ဒီကို ရောက်လာခဲ့ပြီဆိုမှ ထွက်သွားဖို့ကို မလောကြပါနဲ့ “
လူတိုင်း မျက်မှောင်ကြုတ်သွားကာ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ ဝူယွမ်ကျီ မင်းဘာလုပ်နေတာလဲ “
“ သွေးစတေးတာကို အပြီးသတ်မလို့လေ မမြင်ကြဘူးလား “
ဝူယွမ်ကျီ စကားပြောနေစဥ် အချိန်မှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ တိုက်ရိုက်ခုန်တက်သွားခဲ့သည် အဆင့်တူ လူတစ်စုနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူက ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းနေသည့်အလား ဖြစ်နေခဲ့ကာ ထိုလူများကို တစ်ဦးပြီးတစ်ဦး ကောက်ယူကာ ယဇ်ပုလ္လင်ဆီသို့ ပစ်ချနေတော့၏။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းကမူ မည်သို့မျှ မအံ့ဩသွားဘဲ အေးအေးလူလူ စောင့်ကြည့်နေခဲ့၏။
သို့ရာတွင် သူသည် မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်လေးဦးကို ငေးကြည့်ကာ ရယ်ရယ်မောမောဖြင့် စကားပြောလိုက်သည် “ မင်းတို့တွေကလည်း စတေးခံလိုက်ကြပေါ့ကွာ “
ထို့နောက်တွင် ဓားပင်လယ်များ မြင့်တက်လာကာ ထိုလူလေးဦးကို ဖုံးလွှမ်းသွားခဲ့သည် အဆုံးမဲ့ ဓားချီများသည် မည်သို့မျှမထိခိုက်သွားဘဲ ယဇ်ပုလ္လင်အတွင်းသို့ ကျဆင်းသွားကာ သွေးမြူထုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့အားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာလည်း ယဇ်ပုလ္လင်ထက်သို့ ဆင်းသက်လာခဲ့ပြီး လေထုအတွင်းတွင် မျောလွင့်နေလျက်ရှိကာ အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။
အကယ်၍ ၎င်းကသာ မလုံလောက်သေးဘူးဆိုပါက သူ့ထံတွင် မည်သည့်နည်းလမ်းမှ ကျန်မနေတော့ပေ ဤနေရာတွင် မည်သူမှ မရှိတော့ဘဲ ဝူယွမ်ကျီ တစ်ဦးတည်းသာလျှင် မတ်တပ်ရပ်နေလျက်ရှိ၏။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ဖြည်းဖြည်းချင်း စကားလှမ်းပြောလိုက်သည် “ မင်းရော စတေးခံချင်လား “
ဝူယွမ်ကျီသည် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ မနေနိုင်တော့ဘဲ အော်ဟစ်ကျိန်ဆဲလာခဲ့သည် “ လုချန်ရှန်း မင်းက လူရော ဟုတ်ရဲ့လား။ ငါမင်းကို ဒီအထိ ကူညီပေးခဲ့တာလေ ငါမရှိဘဲနဲ့ မင်းက ဒီနေရာက ယဇ်ပုလ္လင်ကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး။ ဒီလောက်အထိတောင်သွားခဲ့ပြီးမှ ငါ့ကိုပါ ယဇ်ကောင်အဖြစ် သုံးချင်နေသေးတယ်ပေါ့ “
“ ဟဲဟဲ “ လုချန်ရှန်းက တဟားဟား ရယ်မောကာ ပြန်ပြောလိုက်သည် “ ငါက ဒီတိုင်းမေးလိုက်တာ မင်းက ဆန္ဒရှိရင်ရှိနေနိုင်တာပဲလေ ဟုတ်တယ်မလား “
“ မင်းဘိုးအေကြီးကို ဆန္ဒရှိလိုက် “
--
…………………………………………………………………………………………………………………………………….