အခန်း ၂၂၄
Vol. 15 Ch. 224
အပိုင်း ( 224 )
အခွင့်အရေးတစ်ခုဆိုတာက အဲ့တာလား
ကြီးမားသော ယဇ်ပုလ္လင်ထံမှ ကြမ်းတမ်းသော လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး သွေးရောင် အလင်းတန်းတစ်ခုက ဘက်ပေါင်းစုံကို လင်းထိန်သွားစေကာ ရေကန်တစ်ခုလုံးကို နီရဲသွားစေခဲ့၏။
လုချန်ရှန်းမှာ ထိုနေရာတွင် မတ်တပ်ရပ်နေကာ အခွင့်အလမ်း ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလျက်ရှိပြီး သူ၏အားလပ်ချိန်တွင် ဝူယွမ်ကျီကို ကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောနေတော့သည် “ မင်းက ဘာလို့ထွက်လိုက်ရတာလဲ။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေထဲကိုတောင် လာရဲနေတယ်ပေါ့။ သေမှာကို မကြောက်ဘူးလား “
ဝူယွမ်ကျီက တဟားဟား ရယ်မောကာ တုံ့ပြန်လာခဲ့၏ “ ရှေးစကားတွေလိုပဲ ကြွယ်ဝချမ်းသာမှုကို အန္တရာယ်တွေကြားမှာ ရှာတွေ့တယ်တဲ့ မင်းတစ်ယောက်တည်းသွားတာကို ငါစိတ်မချဘူးလေ ငါသာမရှိရင် မင်းသူတို့တွေကို သတ်ခဲ့တာက တော်တော်လေးကို ကြာနေလောက်ပြီ အဲ့လိုဆိုရင် ဒီရတနာတွေ ကြွယ်ဝချမ်းသာမှုတွေက မြောင်းထဲရောက်သွားမှာပေါ့ “
သူက ယဇ်ပုလ္လင်ကို ငေးကြည့်ကာ ပြုံးနေတော့သည်။
ထိုအခိုက်အတန့်တွင် ဝူယွမ်ကျီထံမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး သူ၏ အသွင်အပြင်မှာလည်း ပြောင်းလဲသွားခဲ့သည် ၎င်းက လောင်လျူမှတစ်ပါး တစ်ခြားလူမဟုတ်ပေချေ။
“ အရင်တုန်းက မင်းအဆင့်၆ရခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ လုချန်ရှန်းက စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။
လောင်လျူက တုံ့ပြန်လာခဲ့၏ “ အဲ့တာက ဘာစကားကြီးလဲ။ မင်းနဲ့ အကျိုးအမြတ်တစ်ဝက် ခွဲဝေဖို့ သူတို့ကို ဒီနေရာအထိ ဦးဆောင်လာဖို့အတွက် ငါတော်တော်ကြီးကို ကြိုးစားလာခဲ့ရတာကွ။ အဲ့တာကိုတောင် မင်းက မကျေနပ်သေးဘူးလား “
“ ငါက မင်းကို ကျေးဇူးတင်ရမှာလား။ တကယ်လို့ သူတို့ကို ငါမနိုင်ဘူးဆိုရင် ငါလျှောသွားမှာလား “ လုချန်ရှန်းက မျက်စောင်းထိုးလာခဲ့လေသည်။
အစမှအဆုံးအထိ လောင်လျူက ယဲ့မော်အဖွဲ့နှင့် ပူးပေါင်းခဲ့ကာ ကိစ္စတော်တော်များများကို သင်ယူခဲ့၏ ဝင်ခဲ့ပြီးသည့်နောက်တွင် သူသည် ထိုလူစုကို လုချန်ရှန်းဆီသို့ ဦးဆောင်လာခဲ့၏။
လမ်းတစ်လျှောက်တွင် သူသည် အလျင်စလို မလှုပ်ရှားရန်အတွက် ထိုအကောင့်ကို အဆက်မပြတ် အချက်ပြနေခဲ့ပြီး ထိုအကောင်က မထိန်းထားနိုင်ဘဲ ထိုလူများကို အချိန်မတိုင်ခင် သတ်ဖြတ်လိုက်မည်ကို စိုးရွံ့နေခဲ့၏။
လုချန်ရှန်းမှာလည်း သဲလွန်စများကို ယခင်က ကြားထားခဲ့ရပြီး လောင်လျူ၏ ဆိုလိုရင်းကို နားလည်နေခဲ့သည် သို့သော် သူက ချီကို ဖွင့်ထုတ်ကာ မလှုပ်ရှားလာခင် အချိန်အထိ ဝူယွမ်ကျီက လောင်လျူဖြစ်နေလိမ့်မည်ဟူ မမျှော်လင့်ထားခဲ့ပေ။
“ အဲ့အကြောင်းပြောမှပဲ မင်းက ငါ့ကို အချက်ပြနေမဲ့အစား မင်းရဲ့အသံကို တိုက်ရိုက်ပို့လိုက်လို့ မရဘူးလား။ တကယ်လို့ ငါသာ နားမလည်ခဲ့ဘူးဆိုရင် ဒီခရီးစဥ်က အလဟာသ ဖြစ်သွားရမှာ မဟုတ်ဘူးလား “
လောင်လျူက ပြန်ပြောလာခဲ့သည် “ ငါမလုပ်ချင်ဘူးလို့ မင်းထင်နေတာလား။ အရင်က ဦးဆောင်လာခဲ့လူဆီမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိတယ် သိမ်မွေ့တဲ့ စွမ်းအင်လှိုင်းတွေကိုတောင် အာရုံခံနိုင်တယ်။ တကယ်လို့ သူကသာ ငါ့ကို ရှာတွေ့သွားမယ်ဆိုရင် ငါတို့က ဒီနေရာအထိ ရောက်လာနိုင်မှာမို့လို့လား “
“ အဲ့လိုကိုး “ လုချန်ရှန်းက ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် မင်းက ဘယ်လိုလုပ် ဝင်လာခဲ့တာလဲ “
“ ယဲ့မော်က နောက်ခံမရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကို ရှာနေတယ်လို့ ငါသတင်းရခဲ့တယ်လေ အဲ့တာကြောင့် သူတို့ရှေ့ကို တမင်သပ်သပ် ရောက်သွားပြီးတော့ ငါ့ကို ခေါ်အောင် လုပ်ခဲ့တာ။ ဒါပင်မဲ့ ယဲ့မော်နဲ့ ဝူရို့က လူကောင်းတွေ မဟုတ်ဘူး “
“ အို့။ ဘာလို့လဲ “
“ သူတို့က ဆုကြေးတွေ ပေးမယ်လို့ ကတိပေးခဲ့ပြီးတော့ အဲ့ဒီ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို စုဆောင်းခဲ့တာ။ တကယ်လို့ အခွင့်အလမ်းတစ်ခု ရှာတွေ့တယ်ဆိုရင် သူတို့တွေက မင်းကို သတ်ဖို့အတွက် အဲ့လူတွေကို အသုံးချကြမှာ။ တကယ်လို့ အခွင့်အလမ်း ရှာမတွေ့ဘူးဆိုရင်တော့ ဝူရို့အတွက် အခွင့်အလမ်းတွေ ရဖို့ အဲ့လူကို စတေးဖို့ လုပ်ထားကြတာ “
လောင်လျူက သူသိထားသည့် အရာများကို ပြောပြလာခဲ့သည်။
လုချန်ရှန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်ကြသည် “ ယဲ့မော်က လေ့ကျင့်ဖို့ အပြင်ထွက်သွားပြီးတော့ အချိန်အတော်ကြာ ပျောက်သွားခဲ့တယ်တဲ့ ပြီးတော့ သူ့ရဲ့ ဝိညာဥ်မီးအိမ်လည်း ငြိမ်းသွားတယ်တဲ့။ သူပြန်ရောက်လာတဲ့ အချိန်ကျတော့ အနောက်ပိုင်းဒေသ ဗုဒ္ဓဝါဒီနဲ့ ချိတ်ဆက်မိခဲ့တယ် ဘာတွေ ဖြစ်သွားတာလဲ “
“ အဲ့တာတွေ အကုန်လုံးက အရောင်းအဝယ်တစ်ခုပဲ “ လောင်လျူက အသာအယာ သက်ပြင်းချနေတော့သည်။
“ အသေးစိတ် ရှင်းပြဦး “
လောင်လျူက တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ ယဲ့မော်က အနောက်ပိုင်းဒေသကို လေ့ကျင့်ရေးအတွက် သွားခဲ့ပြီးတော့ ဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုနှင့် တွေ့ခဲ့တယ်လေ။ သူတို့က သဘောတူညီမှုတစ်ခု ရရှိခဲ့တယ် ဗုဒ္ဓဂိုဏ်းက သူအာဏာရအောင် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုကို ထိန်းချုပ်နိုင်အောင် ကူညီပေးလိမ့်မယ်။ အလဲအလှယ်အနေနဲ့ သူက ဗုဒ္ဓဂိုဏ်းက မဟာတောရိုင်း ခန်းမရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ကူညီပြီးတော့ တောင်ပိုင်းဒေသရဲ့ ပိုင်နက်တစ်ဝက်ကို ပေးရလိမ့်မယ် “
“ အဲ့လိုဆိုရင်တော့ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ လုချန်ရှန်းက ရုတ်တရက် နားလည်သွားခဲ့သည်။
လောင်လျူက စကားဆက်ပြောလာခဲ့၏ “ အရင်တုန်းက ယဲ့မီထျန်းက ဗုဒ္ဓဂိုဏ်းက လူတွေ လိုက်ဖမ်းတာကို ခံခဲ့ရတာ အဲ့တာကြောင့်ပဲ သူက ကန်းယွင်ဂိုဏ်းနားအထိ ပြေးလာခဲ့ပြီးတော့ မင်းနဲ့တွေ့ခဲ့တာ “
အဆိုပါ ရှင်းပြချက်ကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက အကြောင်းနှင့်အကျိုးကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။
ရှောင်ဟေးသာ သေဆုံးသွားသရွေ့ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုထံတွင် ယဲ့မော်သာ ကျန်ရှိနေတော့မည် ဖြစ်သည်။ ယဲ့လန်က ယဲ့မော်၏ ပြိုင်ဘက်မဟုတ်သောကြောင့် သေချာပေါက် စတေးခံလိုက်ရမည် ဖြစ်သည်။ ထို့နောက်တွင် ယဲ့မော်က ကောင်းကင်ဝါးမျိုငှက်ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့ရာတွင် ရှောင်ဟေးက မသေဆုံးသွားခဲ့ဘဲ မျိုးနွယ်စုသို့ ပြန်ရောက်လာခဲ့ပြီး ယဲ့လန်မှာလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး လေလံအိမ်တွင် ထူးဆန်းစွာ ပြန်ပေါ်လာခဲ့ကာ အမည်မသိ လူတစ်ဦး၏ ဝယ်ယူခြင်းကို ခံခဲ့ရလေ၏။
အဆုံး၌ ယဲ့မော်ထံတွင် ရွေးချယ်စရာ မရှိတော့ဘဲ ဂိုဏ်းသို့ ပြန်လာကာ ရှောင်ဟေးနှင့် ထိပ်တိုက်ရင်ဆိုင်ရုံသာ ပြုလုပ်လိုက်ရသည်။
လုချန်ရှန်းက ၎င်းတို့အားလုံးကို စနစ်တကျ သုံးသပ်ခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးအပေါ် ထားရှိသည့် ယဲ့မော်၏ စိုးရိမ်ပူပန်မှုကို မြင်တွေ့ခဲ့ရ၏။
သို့ရာတွင် သူက အလွန်တရာ ယုံကြည်မှု ရှိနေသည်ကို မြင်တွေ့ခဲ့ရပြီး အံ့ဖွယ်ကောင်းသည့် နည်းလမ်းတစ်ချို့ကို ပိုင်ဆိုင်ထားဖို့များကာ ရှောင်ဟေးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိနေပုံရ၏။
“ ဟူးး မင်းတို့ ဂိုဏ်းကြီး မျိုးနွယ်စုကြီးတွေက တော်တော်ကြီးကို ရှုပ်ထွေးကြတာပဲ တစ်ယောက်ကိုတစ်ယောက် ပတ်လိမ်နေကြတယ်။ ငါ့လောက်လည်း မရိုးရှင်းကြဘူး “ လုချန်ရှန်းက ညီးတွားပြောဆိုနေတော့၏။
လောင်လျူက အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ပထမဦးဆုံးအနေနဲ့ ငါက သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ ပြီးတော့ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းက မင်းရဲ့ ကျင့်ကြံရေးကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာလေ မင်းက လူဘယ်နှယောက်လောက်ကို လှည့်စားခဲ့ပြီးပြီလဲဆိုတာကို ဘယ်သူက သိမှာလဲ “
“ မင်းက အဲ့တာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်။ ဒီတစ်ခါတော့ မင်းစီစဥ်လိုက် ငါမင်းနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ် “
လောင်လျူက ပြုံးပြလာခဲ့သော်လည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည် ဒီကောင်က တကယ့်လူလိမ်ကောင်ပဲ။
သို့ရာတွင် လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏ “ အဲ့တာဆိုရင် မင်းက အဲ့တာတွေ အကုန်လုံးကို ဘယ်လိုလုပ် သိနေရတာလဲ “
“ မိုချင်နဲ့ လမ်းပေါ်မှာ တွေ့ခဲ့တယ်လေ သူငါ့ကို ပြောပြခဲ့တာ “
“ လမ်းမှာတွေ့ခဲ့တာလား။ အဲ့လောက်တောင် တိုက်ဆိုင်တာလား “
လုချန်းရှန်းမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ တောင်ပိုင်းဒေသမှာ အတော်ပင် ကျယ်ဝန်းလှပြီး ထိုလူက လောင်လျူနဲ့ ဆုံတွေ့ရခြင်းမှာ အလွန်တရာ တိုက်ဆိုင်လွန်းလှပေသည်။
သို့သော် ထျန်းကျီစံအိမ်၏ အဆိုပါ နတ်သားတော်က အရာအားလုံးကို တစ်ချိန်လုံး တွက်ချက်နေသကဲ့သို့ အလွန်တရာ နက်ရှိုင်းသော စိတ်နှလုံးသားဖြင့် အမှန်ပင် ခန့်မှန်းရခက်လှသည်။
ထျန်းကျီစံအိမ်ကိုယ်တိုင်ကပင် သူ့တွက်ချက်မှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်။
ထိုလူ့ထံတွင် တစ်ခြားသော ရည်ရွယ်ချက်များ မရှိဘူးဟု ပြောမည်ဆိုပါက လုချန်ရှန်းသည် လောင်လျူသေသွားရမည်ဆိုလျှင်တောင်မှ ၎င်းကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
လောင်လျူမှာလည်း ၎င်းက တိုက်ဆိုင်မှု ဟုတ် မဟုတ်ဆိုသည်ကို မသိကြပေ သို့သော် အဖြစ်မှန်မှာ ထို့အတိုင်းသာ ဖြစ်နေခဲ့သည်။
သူတို့ စကားပြောနေကြစဥ် အချိန်မှာပင် ယဇ်ပုလ္လင်ထံမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ပေါက်ထွက်လာခဲ့ပြီး ကောင်းကင်ထက်မှ အလင်းတန်း တိုင်လုံးတစ်လုံး ဆင်းသက်လာခဲ့ကာ ယဇ်ပုလ္လင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သို့ရာတွင် အဆိုပါ အလင်းတန်းတိုင်လုံးက သွေးရောင်တောက်နေခဲ့ပြီး ဆိုးယုတ်ကာ ဆွဲဆောင်အားကောင်းသော အရှိန်တစ်ခုကို ထုတ်လွှတ်နေခဲ့၏။
၎င်းကို ခံစားလိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ လောင်လျူ ဒီနေရာမှာ အခွင့်အလမ်းတစ်ချို့ ရှိတယ်ဆိုတာ သေချာလို့လား “
“ ကြည့်ရတာတော့ နည်းနည်းလေးဆိုးတယ်ဆိုပင်မဲ့ အခွင့်အလမ်းသာ ရှိနေသရွေ့တော့ အဆင်ပြေပါတယ် “
“ ကြည့်ရတာတော့ ဗုဒ္ဓသားတော်လို့ ခေါ်တဲ့လူကလည်း လူကောင်း မဟုတ်တဲ့ပုံပဲ “
လုချန်ရှန်းသည် စုတ်တသပ်သပ် ဖြစ်သွားကာ တစ်ခုခု မှားယွင်းနေသည်ဟု ပိုပို၍ ခံစားလာခဲ့ရ၏။
မကြာခင် အချိန်မှာပင် အလင်းတိုင်လုံးအတွင်းပိုင်းတွင် အနီရောင်သမ်းနေသည့် ရွှေရောင်အလင်းလုံးတစ်လုံး ကောင်းကင်ထက်မှ နိမ့်ဆင်းလာခဲ့ကာ သူတို့၏ အရှေ့တွင် မျောလွင့်နေတော့၏။
“ အဲ့တာ ရောက်လာပြီ “
လောင်လျူ ပျော်ရွှင်သွားခဲ့သည်။
လုချန်ရှန်းကမူ သူ၏လက်ကို မြှောက်ကာ အဆိုပါ အလင်းလုံးကို ဆင့်ခေါ်လိုက်သည် ဖြစ်စဥ်တစ်ခုလုံးတွင် မည်သည့်ခုခံမှုမှ မကြုံတွေခဲ့ရပေ။
၎င်းက သူလက်အတွင်းသို့ ကျဆင်းလာသည့် အချိန်တွင် အမြင်အာရုံအတွင်းသို့ သွေးနီရောင် စာအုပ်တစ်အုပ် ရောက်ရှိလာခဲ့၏။ ထိုစဥ် လုချန်ရှန်းသည် မိစ္ဆာဆန်သော အရှိန်အဝါများ လှိုက်တက်လာသည်ကို ခံစားလိုက်ရသည်။
၎င်းကို ဖွင့်ကြည့်လိုက်သည့် အချိန်တွင် များပြားလွန်းလှသော စာလုံးများ ပေါ်ထွက်လာခဲ့၏။ ၎င်းက အဆင့်မသိရသော ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်နေခဲ့သည် သို့သော် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
“ ငါကြည့်ကြည့်မယ် “
လောင်လျူသည် ရှေ့တက်ကာ ၎င်းကို ယူလိုက်၏ ထို့နောက်တွင် စာရွက်များ လှန်ကြည့်နေရင်းဖြင့် သူ၏အမူအရာတစ်ခုလုံး အေးခဲတောင့်တင်းသွားခဲ့သည်။
လုချန်ရှန်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ အဆိုပါ ကျင့်ကြံရေး နည်းစနစ်က တစ်ခြားလူများ၏ မူလသွေးမျိုးဆက်ကို မိမိ၏ကိုယ်ပိုင် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားခဲ့သည်။ ထို့အပြင် ၎င်းကို မည်သူမဆို လေ့ကျင့်နိုင်ပြီး ၎င်း၏ စွမ်းအားမှာလည်း အတော်ပင် ကြီးမားနေခဲ့သည်။
လောင်လျူက ၎င်းကို စိတ်ဝင်တစား ဖတ်ရှုနေခဲ့၏ ထိုစဥ် လုချန်ရှန်းကမူ ၎င်း၏ ဆိုးယုတ်မှုကိုသာ ခံစားနေခဲ့ရပြီး မအောင့်ထားနိုင်တော့ဘဲ စကားထပ်ပြောလာခဲ့သည် “ တစ်ခြားဟာ မရှိတော့ဘူးလား။ ဒီမိစ္ဆာနည်းစနစ် တစ်ခုတည်းလား “
“ အင်း အဲ့လိုပဲ ဖြစ်လောက်တယ် “
“ ဆိုတော့ ငါက ဘာမှမဟုတ်တဲ့ဟာအတွက် အချိန်ဖြုန်းနေခဲ့ရတာလား “
“ အဲ့လိုကြီးလည်း မဟုတ်ပါဘူး “
လောင်လျူသည် သူ၏လက်ကို ဝေ့ရမ်းကာ ယခင်က အခွင့်အလမ်းများထံမှ သူသိမ်းဆည်းရရှိခဲ့သည့် အရာအားလုံးကို ထုတ်ယူလိုက်သည်။
သူသည် အကျိုးအမြတ်များကို စိတ်အားထက်သန်စွာဖြင့် မျှဝေလာခဲ့၏ သူသည် လုချန်ရှန်းက ၎င်းတို့အား မျက်စိကျလာမည်ကို မလိုလားပေ။
ဗုဒ္ဓသားတော် ဝူရို့နှင့် တစ်ခြားသော မွေးရာပါ ဝိညာဥ် ကျင့်ကြံသူများထံမှ ရရှိခဲ့သည့် ပစ္စည်းများကို ပေါင်းထည့်လိုက်ပြီး ၎င်းတို့ကို ပေါ့ပေါ့ပါးပါး ရောင်းချလိုက်ရုံနှင့်တင် ဝိညာဥ်ကျောက်တုံး သန်းဂဏန်းအထိ ရရှိပေလိမ့်မည်။ စောစောစီးစီး လှုပ်ရှားခဲ့မိ၍ ဝူရို့က သူ၏ပစ္စည်းများကို မထုတ်ယူခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။
သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင် လောင်လျူက စကားထပ်ပြောလာခဲ့သည် “ လုချန်ရှန်း မင်းက အဲ့နည်းစနစ်ကို ကျင့်ကြံမလို့ ကြံနေတာတော့ မဟုတ်ဘူးလား “
“ ငါက ဖြောင့်မတ်တဲ့ လမ်းစဥ်ရဲ့ ကိုယ်စားလှယ်လေ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဖြောင့်မတ်တဲ့ ချီတွေနဲ့ ပြည့်နေတာ။ အဲ့လို မိစ္ဆာနည်းစနစ်မျိုးကို ငါက ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။ မင်းက ငါ့ကို ဘယ်လိုလူမျိုးမှတ်နေတာလဲ “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
လောင်လျူသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ မင်းမကျင့်ကြံဘူးဆိုမှတော့ အဲ့တာကို ငါသိမ်းထားလိုက်မယ် “
“ ဘာကိုဆိုလိုတာလဲ ငါမကျင့်ကြံတာနဲ့ မင်းက သိမ်းထားလိုက်မယ်ပေါ့ “
“ ဘာနည်းလမ်းရှိသေးလို့လဲ “ ဟု လောင်လျူက တုံ့ပြန်လိုက်၏။
“ မင်းက ငါနဲ့ လာရှုပ်နေတာလား။ မကျင့်ကြံဘူးလို့ပဲ ပြောတာလေ မလိုချင်ဘူးလို့မှ မပြောတာ “
“ အဲ့တာဆို မင်း ………. “
“ ပေါက်ကရတွေ တော်လိုက်တော့ မိတ္တူတစ်ခုပေး “
လောင်လျူသည် သူ့ကိုကြည့်ကာ အတွေးနက်သွားခဲ့သည် “ မင်းက လက်ဗလာနဲ့ ဘယ်တော့မှ မပြန်ဘူးပဲ “
--
……………………………………………………………………………………………………………………………………..