← Chapters

အခန်း ၁၈၃၅

Vol. 123 Ch. 1835

အခန်း ၁၈၃၅

Vol. 123 Ch. 1835

အခန်း( ၁၈၃၅ )

ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ

လှိုင်းလုံးတမျှ များပြားလှသော ကောင်းကင်နတ်ဆိုးများကို မြင်လျှင် မြင်ချင်း နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေများလည်း တိုက်ခိုက်မှုကို ချက်ချင်း စတင်လိုက်ကြ၏။

ထိုခဏ၌ စုံလင်လှသော နည်းဗျူဟာပုံစံများ ပွင့်လင်းလာပြီး စစ်နတ်လှေများထံမှ အလင်းတန်းများ ပလူပျံအောင် ထွက်ပေါ်လာ၏။

သို့သော်လည်း ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်မှာ လွန်စွာမှ များပြားလှရုံသာမက ထိုနတ်ဆိုးများသည် သေခြင်းတရားကိုလည်း လုံးဝကြောက်ရွံ့ပုံမပေါ်ပေ။

ကောင်းကင်နတ်ဆိုးများကို ရှင်းလင်းပြီးစ နေရာအချို့တွင် အခြားအရပ်မျက်နှာအသီးသီးမှ နတ်ဆိုးအုပ်ကြီးများ ချက်ချင်းဆိုသလို ထပ်မံတိုးဝှေ့ဝင်ရောက်လာပြန်၏။

ရေတွက်၍ မရနိုင်အောင် များပြားလှသော ကောင်းကင်နတ်ဆိုးများကို မြင်လျှင် ဤစစ်ပွဲတွင် ဆက်တိုက်အောင်ပွဲဆင်ထားသည့် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များပင်လျှင် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ဖြစ်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် နဂါးပျံနတ်သခင် က အခြားနတ်သခင်များကို

“အားလုံး အတူတူတိုက်ခိုက်ပြီး ဒီအကာအကွယ်အတားအဆီးကို ဖောက်ထွက်ကြစို့။”

နဂါးပျံနတ်သခင်၏ စကားသံအဆုံး၌ သူ၏ နိယာမပုံရိပ်ကို ချက်ချင်း ထုတ်ဖော်လိုက်၏။ သူ၏ နိယာမပုံရိပ်မှာ ပေတစ်ထောင်ခန့် မြင့်မားသော ရွှေရောင်နဂါးကြီးတစ်ကောင်အသွင် ဖြစ်၏။

သို့သော်ငြားလည်း ဒီ‌ရေလှိုင်းလှုံးများပမာ စုပြုံနေသော ကောင်းကင်နတ်ဆိုးများ၏ ရှေ့မှောက်တွင်တော့ ကြီးမားလှသော နိယာမပုံရိပ်ကြီးပင် ခြိမ်းခြောက်နိုင်မှု ကင်းမဲ့နေသလို ထင်မှတ်ရသည်။

နဂါးပျံနတ်သခင် က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“နဂါးပြာ နတ်စွမ်းအားလက်ဝါး”

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းလှသော လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် နဂါးလက်သည်းပုံသဏ္ဌာန်သို့ ပြောင်းလဲသွား၏။

နောက်ခဏ၌ မိုးကောင်းကင်ထက်ရှိ အမည်းရောင် အကာအကွယ်အတားအဆီးကို ရွှေရောင်နဂါးလက်သည်းကြီး တိုက်ရိုက်ဆောင့်မိသွားတော့၏။

သို့သော် ဤရိုက်ချက်သည် ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ အကာအကွယ်အတားအဆီးအပေါ် မည်သို့မှ သက်ရောက်မှု မရှိခဲ့ပေ။

ထိုမြင်ကွင်းကို မြင်လျှင် နဂါးပျံနတ်သခင် ၏ မျက်နှာ တောင့်တင်းသွား၏။

ဤရိုက်ချက်သည် စမ်းသပ်တိုက်ခိုက်မှု တစ်ခုသာ ဖြစ်သော်လည်း သူ၏စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့ခြင်းဖြစ်၏။ သို့သော်လည်း အက်ကြောင်းတစ်ကြောင်းပင် ထင်ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ဤအကာအကွယ်အတားအဆီးသည် သူထင်ထားသည်ထက် ပိုခိုင်မာနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် သူတစ်ယောက်တည်း ရှိနေသည်မဟုတ်ပေ။

ထို့ပြင် အခြားနတ်သခင်များလည်း ဤအကာအကွယ်အတားအဆီး၏ အပြင်ဘက်တွင် ရှိနေကြပြီး အားလုံးတစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဆိုပါက ဤအတားအဆီးကို ဖျက်ဆီးရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။

ထို့နောက် သူ၏ စွမ်းအားအားလုံးကို စုစည်းကာ နဂါးပျံနတ်သခင်က

“မိုးကောင်းကင် နဂါးဟိန်းသံကျင့်စဉ်”

ထိုအသံအဆုံး၌ နဂါးပျံနတ်သခင်၏ အနောက်ရှိ နဂါးခန္ဓာကိုယ် နိယာမကိုယ်ထည်ကြီးသည် လှိုင်းတံပိုးပမာ နဂါးဟိန်းသံများကို ဆက်တိုက်ထုတ်လွှတ်လေတော့၏။

ထိုဟိန်းသံလှိုင်းများတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေပြီး သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် စွမ်းအားများအဖြစ် ပြောင်းလဲကာ မိုးကောင်းကင်ထက်ရှိ အကာအကွယ်အတားအဆီးကို အဆက်မပြတ် ရိုက်ခတ်သွားတော့၏။

နဂါးပျံနတ်သခင် လှုပ်ရှားလာသည်ကို မြင်လျှင် အကာအကွယ်အတားအဆီးအတွင်းရှိ အခြားနတ်သခင်များလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြ၏။

မိုးကောင်းကင်ထက်ရှိ အမည်းရောင် အကာအကွယ်အတားအဆီးကို အမျိုးမျိုးသော ကျင့်စဉ်များနှင့် နတ်အငွေ့အသက်များက ပြင်းထန်စွာ ဝင်ရောက်ရိုက်ခတ်တော့၏။

သို့သော်လည်း နတ်သခင်များ မည်သို့ပင် တိုက်ခိုက်စေကာမူ အကာအကွယ်အတားအဆီးအပေါ် အက်ကြောင်းတစ်ကြောင်းမှပင် မထင်ပဲ ကြံ့ကြံ့ခံနေဆဲ ဖြစ်၏။

ထိုအခါ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များကြားတွင် မျှော်လင့်ချက်မဲ့သည့် ခံစားချက်များ တစ်ခဏချင်း ပျံ့နှံ့သွား၏။

ဤမျှများပြားလှသော နတ်သခင်များပင် ဤအကာအကွယ်အတားအဆီးကို မဖောက်ဖျက်နိုင်မှတော့ သူတို့ လွတ်မြောက်နိုင်ပါဦးမလား။

ထိုခဏတွင် နတ်သခင်တစ်ပါး က ရုတ်တရက်

“မြန်မြန်ကြည့်ကြဦး။ ဒီအကာအကွယ်အတားအဆီးက ပိုပြီးတော့တောင် ခိုင်မာလာသလိုပဲ။”

ထိုအရာကို ကြားလျှင် နတ်သခင်များ အားလုံး အကာအကွယ်အတားအဆီးအပေါ်သို့ ချက်ချင်း အာရုံစိုက်လိုက်ကြရာ ထိုနတ်သခင် ပြောသကဲ့သို့ပင် အတားအဆီးသည် တကယ် ပိုခိုင်ခံ့လာသည်။

ထိုစဉ် နဂါးပျံနတ်သခင် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရ၏။ ဤအကာအကွယ်အတားအဆီးသည် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များ၏ စိုးရိမ်ပူပန်သော စိတ်ခံစားချက်များကို စုပ်ယူကာ သူ့ကိုယ်သူ ပိုခိုင်မာအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်နိုင်၏။

တစ်နည်းအားဖြင့် ဆိုရသော် နတ်များ ပိုထိတ်လန့်ကြောက်ရွံ့လေလေ အကာအကွယ်အတားအဆီး ပိုတောင့်တင်းခိုင်မာလေလေ ဖြစ်၏။

ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်ပေ။

နတ်ဘုရားနယ်မြေ မဟာမိတ်တပ်အတွင်းရှိ နတ်များ၏ စိတ်ခံစားချက်ကို သူ မဖြစ်မနေ တည်ငြိမ်အောင် လုပ်ရမည်ဖြစ်သည်။ မဟုတ်ပါက ဤအကာအကွယ်အတားအဆီးကို သူတို့ တကယ် ဖောက်ဖျက်နိုင်တော့မည် မဟုတ်ပေ။

ထိုသို့တွေးတောရင်း နဂါးပျံနတ်သခင်သည် အခြားနတ်သခင်များထံသို့ အသံလွှင့်ကာ ဤအကာအကွယ်အတားအဆီးသည် မကောင်းသော စိတ်ခံစားချက်များဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း ရှင်းပြပြီး သူတို့အုပ်စုအတွင်းရှိ နတ်များကို ချက်ချင်း စိတ်တည်ငြိမ်အောင် ပြုလုပ်ရန် တိုက်တွန်းလိုက်၏။

နဂါးပျံနတ်သခင်၏ အသံလွှင့်ချက်ကို ကြားရလျှင် အခြားနတ်သခင်များလည်း အခြေအနေကို သဘောပေါက်သွားကြတော့၏။

ထို့နောက် နတ်သခင်အချို့သည် အကာအကွယ်အတားအဆီးကို ဆက်လက်တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ပြီး သူတို့၏ တပ်များမှ နတ်များကို ကူညီရန်နှင့် လှိုင်းလုံးပမာ တိုးဝှေ့လာသော ကောင်းကင်နတ်ဆိုးများကို ခုခံကာကွယ်ရန် သွားရောက်ကြ၏။

နတ်သခင်များ အစွမ်းကုန်ဖြင့် အကာအကွယ်အတားအဆီးကို မဖောက်နိုင်ခဲ့သော်ငြားလည်း နတ်သခင်ဟူသည် နတ်သခင်ပင် ဖြစ်၏။

သူတို့ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်ဆိုး အုပ်ကြီးများ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ခဏချင်းအတွင်း အကာအကွယ်အတားအဆီးအတွင်းရှိ ကောင်းကင်နတ်ဆိုးအားလုံး ရှင်းလင်းသွားသည်။

နတ်သခင်များက ကောင်းကင်နတ်ဆိုးများကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းလိုက်သည်ကို မြင်လျှင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များ၏ ယုံကြည်မှုများ တစ်ဟုန်ထိုး မြင့်တက်လာ၏။

ဤမျှများပြားလှသော နတ်သခင်များ ရှိနေပါက ကောင်းကင်နတ်ဆိုးများ မည်မျှပင် များပြားပါစေ သူတို့ကို ယှဉ်နိုင်မည်မဟုတ်ဟူသော အတွေးက သူတို့၏ စိတ်ကို နွေးထွေးသွားစေ၏။

ထိုစဉ် အထက်ရှိ အကာအကွယ်အတားအဆီး ထပ်မံခိုင်မာလာခြင်း မရှိတော့သည်ကို မြင်လျှင် နဂါးပျံနတ်သခင်က ထိုနတ်သခင်များထံသို့ ချက်ချင်း အသံလွှင့်လိုက်၏။

“ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို လွှဲပြောင်းပေးကြ”

နဂါးပျံနတ်သခင်၏ အသံလွှင့်ချက်ကို ကြားလျှင် ရှိနေကြသော နတ်သခင်များ အားလုံးလည်း ဝေခွဲမနေပဲ သူတို့၏ နတ်စွမ်းအားများကို နဂါးပျံနတ်သခင် ထံသို့ တညီတညွတ်တည်း လွှဲပြောင်းပေးလိုက်ကြ၏။

ခဏချင်းအတွင်း နဂါးပျံနတ်သခင်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ ပေါက်ကွဲထွက်လုမတတ် လျှံတက်လာသည်။

သူ၏ နောက်ကွယ်ရှိ နဂါးခန္ဓာကိုယ် နိယာမကိုယ်ထည်ကြီးသည်လည်း မီတာရာဂဏန်းခန့် ပို၍ကြီးမားလာ၏။

ထိုအခိုက်အတန့်တွင် နဂါးပျံနတ်သခင် သည် သူ့ထံသို့ စီးဝင်လာသော စွမ်းအားအားလုံးကို စုစည်းလိုက်၏။

“နဂါးဝိညာဉ် ကောင်းကင်နတ်သခင် ကျိန်စာ...”

“ပျက်စီးစေ”

နဂါးပျံနတ်သခင်၏ ပါးစပ်မှ ရွှေရောင် “ပျက်စီးစေ” ဟူသော စာလုံးတစ်လုံး ထွက်ပေါ်လာပြီး ထိုစာလုံးသည် ဆယ်ဆမက ကြီးမားလာကာ မိုးကောင်းကင်ထက်ရှိ အမည်းရောင် အကာအကွယ်အတားအဆီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့၏။

ထို “ပျက်စီးစေ” စာလုံးနှင့် အမည်းရောင် အကာအကွယ်အတားအဆီး ထိတွေ့မိလျှင် အမည်းရောင်အတားအဆီးလည်း နောက်ဆုံးတွင် တုန်ခါသွားပြီး ပေရာဂဏန်းခန့်ရှိသော အက်ကြောင်းကြီးတစ်ခု ပွင့်သွားသည်။

သို့သော် ထိုမျှလောက်နှင့်တော့ လုံးဝမလုံလောက်သေးပေ။

နဂါးပျံနတ်သခင်သည် နတ်စွမ်းအားများကို ဆက်လက်စုစည်းရင်း

“နဂါးပြာ နတ်စွမ်းအားလက်ဝါး”

ဟုရေရွတ်လိုက်ပြန်၏။

ပွင့်ထွက်လာသော အက်ကြောင်းဆီသို့ ဦးတည်လာသည့် နောက်ထပ် နဂါးလက်သည်း လက်ဝါးရိုက်ချက်တစ်ခု ထပ်မံထွက်ပေါ်လာပြီး အကာအကွယ်အတားအဆီးကို ရိုက်ခွဲတော့မည့်ဆဲဆဲ ဖြစ်သွား၏။

သို့သော်လည်း ထိုခဏ၌ မြေအောက်မှ အရေအတွက် မရေတွက်နိုင်သော ကောင်းကင်နတ်ဆိုးများ ရုတ်တရက် ထပ်မံတိုးဝှေ့ထွက်ပေါ်လာပြန်၏။

ထိုကောင်းကင်နတ်ဆိုးများသည် နတ်သခင်များနှင့် နတ်ဘုရင်များကို တိုက်ခိုက်ခြင်းမပြုပဲ ကျင့်စဉ်အဆင့်နိမ့်သော နတ်များကိုသာ သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ကြသည်။

ထို့ပြင် ယခုတစ်ကြိမ် ထွက်ပေါ်လာသော ကောင်းကင်နတ်ဆိုးများသည် အရင်က နတ်ဆိုးများထက် ပိုစွမ်းအားကြီးကြပြီး အနည်းဆုံး စစ်မှန်သောနတ် အဆင့် ရှိသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြ၏။

နတ်များ၏ နတ်အငွေ့အသက်ကို ဖိနှိပ်နိုင်စွမ်းရှိသော ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် ပေါင်းစပ်လိုက်‌သောအခါ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရွှေနတ် အဆင့်သို့ပင် ရောက်ရှိသွားတော့၏။

ထိုမြင်ကွင်းကို မြင်လျှင် နတ်သခင်များ၏ မျက်နှာ အမူအရာများ လွန်စွာလေးနက်တည်ကြည်သွား၏။

ဤအတိုင်းသာ ဆက်သွားပါက မဟာမိတ်တပ်မှ နတ်များကြားတွင် မျှော်လင့်ချက်မဲ့မှုများ ပျံ့နှံ့သွားပြီး အကာအကွယ်အတားအဆီးမှာ ပိုခိုင်မာလာနိုင်၏။ ထိုအခါ သူတို့ခက်ခက်ခဲခဲ ဖွင့်လှစ်ထားရသော အက်ကြောင်းကြီးလည်း အလျင်အမြန် ပြန်ပိတ်သွားလိမ့်မည်။

အက်ကြောင်းများ ပြန်ပိတ်သွားမည်ကို နတ်သခင်များ စိုးရိမ်နေစဉ်မှာပင် မျှော်လင့်ထားသည့်အတိုင်း မိုးကောင်းကင်ထက်ရှိ အမည်းရောင် အကာအကွယ်အတားအဆီးမှ အက်ကြောင်း တဖြည်းဖြည်း ပြန်လည်ကျဉ်းမြောင်းလာသည်။

အသစ်ထွက်ပေါ်လာသော ကောင်းကင်နတ်ဆိုးများကို ရှင်းလင်းရန် ကူညီကြဖို့ ထိုနတ်သခင်များထံသို့ နဂါးပျံနတ်သခင်က ချက်ချင်း အသံလွှင့် အမိန့်ပေးလိုက်၏။

ထို့နောက် နဂါးပြာခန်းမမှ နတ်သခင်များမှလွဲ၍ အခြားနတ်သခင်များ အားလုံးက မြေပြင်ပေါ်ရှိ ကောင်းကင်နတ်ဆိုးများကို ထပ်မံရှင်းလင်းကြပြန်၏။

ယခုတစ်ကြိမ် ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်နှင့် စွမ်းအားမှာ ပိုကြီးလာသော်လည်း နတ်သခင်များသည် နတ်သခင်ပီပီ ပြတ်သားစွာ လှုပ်ရှားလိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်ရှိ ကောင်းကင်နတ်ဆိုးများကို သူတို့ ထပ်မံရှင်းလင်းလိုက်ပြန်၏။

အမှန်စင်စစ် ဤနတ်သခင်များ၏ ဝင်ရောက်စွက်ဖက်မှု မပါဝင်လျှင်ပင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ စွမ်းအားဖြင့် ထိုကောင်းကင်နတ်ဆိုးများကို ရှင်းလင်းရန် လုံလောက်၏။

သို့သော်လည်း ထိုသို့ပြုလုပ်လျှင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ အသက်ပေါင်းများစွာ စတေးရမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ တပ်အတွင်းရှိ နတ်များအကြား ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။

အစပိုင်းတွင် လူအင်အားများပြားခြင်းက နတ်ဘုရားနယ်မြေ မဟာမိတ်တပ်အတွက် အားသာချက်တစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင်တော့ ထိုအရာက အားနည်းချက်တစ်ခု ပြန်ဖြစ်နေသည်။

ထိုအခါမှသာ သူတို့ အဘယ်ကြောင့် ဆက်တိုက် လွယ်လွယ်ကူကူ အောင်ပွဲခံနိုင်ခဲ့သည်ကို နတ်သခင်များ သဘောပေါက်သွားကြတော့၏။

နတ်ဆိုးဧကရာဇ်သည် သူတို့အားလုံး စုစည်းမိမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

…..

ထိုအချိန်။

ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ၏ အပြင်ဘက်တွင်။

အမည်းရောင် အကာအကွယ်အတားအဆီး၏ အထက်တွင် ကောင်းကင်နတ်ဆိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အမည်းရောင် စစ်နတ်လှေတစ်စင်း ငြိမ်သက်စွာ ပျံသန်းနေ၏။

ရွှမ်ချင်းယွမ်သည် ထိုစစ်နတ်လှေပေါ်၌ ရပ်လျက် အဝေးရှိ အမည်းရောင်အတားအဆီးအောက်သို့ ရောက်ရှိမနေသော နတ်ဘုရားနယ်မြေ မဟာမိတ် တပ်ဖွဲ့များကို အေးစက်စွာ ကြည့်ရှုနေသည်။

ထိုအခိုက်အတန့်တွင် အကာအကွယ်အတားအဆီး၏ ပြင်ပရှိ နတ်များသည် ရွှမ်ချင်းယွမ် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားများကို ခံစားမိရကား မည်သူမှ လှုပ်ရှားရဲခြင်း မရှိကြတော့ပေ။

--

…………..

All Chapters