အခန်း ၁၈၄၂
Vol. 123 Ch. 1842
အခန်း (၁၈၄၂)
ရန်သူတော်ကြီး
သွေးဘိုးဘေး၏ ရုပ်အလောင်းကို သွေးမိစ္တာ နတ်ဘုရင်နှင့် သူ၏နောက်လိုက်များ သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်ဆီသို့ ပြန်လည်သယ်ဆောင်လာခဲ့ကြစဉ် ၎င်းအား အလောင်းတစ်ကောင်ဟုသာဟု ထင်မှတ်ခဲ့ကြ၏။
ထိုအရာသည် အလောင်းတစ်ကောင် ဖြစ်သော်လည်း အလွန် မာကျောလှသည်။ အစပိုင်းတွင် ထိုအလောင်းကို စစ်ရုပ်သေးအဖြစ် ပြုလုပ်ရန် ထိုသူတို့ ကြံရွယ်ခဲ့ကြ၏။
သူတို့၏ နတ်ဘုရင်အဆင့် စွမ်းအားဖြင့်ပင် ဤရုပ်အလောင်းကို မဖျက်ဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြရာ စစ်ရုပ်သေးအဖြစ် ကျင့်ကြံပြီးပါက အခြားနတ်ဘုရင်များကို ရင်ဆိုင်ရန်အတွက် ဧကန်မုချ အားကိုးရမည့် ဝှက်ဖဲတစ်ချပ် ဖြစ်လာလိမ့်မည်ဟု တွေးမိခဲ့ကြ၏။
သို့သော် မမျှော်လင့်ပဲ သွေးဘိုးဘေး၏ ရုပ်အလောင်းကို သယ်ဆောင်လာပြီး မကြာမီ တစ်နေ့တွင် သွေးဘိုးဘေး၏ မျက်လုံးများကို ရုတ်တရက် ပွင်လာခဲ့၏။ သူ၏ မျက်လုံး များမှ သွေးမျက်ရည်များ ဒလဟောစီးဆင်းလာပြီး ယခုကမ္ဘာငယ်၏ သွေးပင်လယ်အဖြစ်သို့ ဖြစ်တည်သွားခဲ့သည်။
သွေးပင်လယ်မှ ထွက်ပေါ်လာသော သွေးအငွေ့အသက်များက သူတို့၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေ၏။
အစက သွေးလင်းယုန်ခန်းမသည် မိစ္ဆာနတ်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ခဲ့ပေ။ သို့သော် ထိုသွေးအငွေ့အသက်များ၏ လွှမ်းမိုးမှုကြောင့် ကျင့်စဉ်များ လျင်မြန်စွာ တိုးတက်မှုကို ကြုံတွေ့ရပြီးနောက် သွေးလင်းယုန်ခန်းမမှ နတ်များလည်း နောက်ကြောင်းသို့ ဘယ်သောအခါမှ ပြန်လှည့်၍ မရတော့ပေ။
ထို့ကြောင့် ခန်းမသခင်၊ အကြီးအကဲများနှင့် တပည့်များပါမကျန် အားလုံး မိစ္ဆာနတ်များ ဖြစ်လာခဲ့ကြတော့၏။
အချိန်အတန်ကြာပြီးနောက် သွေးဘိုးဘေးက သူတို့အား မိစ္ဆာကျင့်စဉ်အချို့ကိုလည်း ပေးအပိခဲ့သဖြင့် သွေးလင်းယုန်ခန်းမလည်း မိစ္ဆာနတ် လမ်းစဉ်အား တရားဝင် လျှောက်လှမ်းခဲ့တော့သည်။
သို့သော် မကြာမီမှာပင် သွေးဘိုးဘေးသည် တစ်ဖန်ပြန်၍ နှစ်ခြိုက်စွာ အိပ်မော်ကျသွားခဲ့ပြီး သွေးလင်းယုန်ခန်းမ၏ ကိစ္စရပ်များကို မည်သည့်အခါမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သွေးလင်းယုန်ခန်းမက သွေးဘိုးဘေးအား သူတို့၏ အခြေခံအုတ်မြစ်အဖြစ်သာ သတ်မှတ်ထားပြီး တိုက်ခိုက်ရေးစွမ်းအားအဖြစ် မယူဆကြ တော့ပေ။
ထိုအခိုက်အတန့်တွင် သွေးမိစ္တာ နတ်ဘုရင်သည် စိုးရိမ်စိတ်အချို့ဖြင့် သွေးဘိုးဘေး၏ ဦးခေါင်းကြီးကို ကြည့်လိုက်မိ၏။ နေလုံး ကဲ့သို့ ကြီးမားလှသော ထိုမျက်ဝန်းကြီးများက သူ့ကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။
သွေးမိစ္တာ နတ်ဘုရင်က
“သွေးဘိုးဘေးနဲ့ လုချန်းနဲ့ ဘယ်လို ပတ်သက်မှုရှိပါသလဲ။”
နောက်တစ်ခဏ၌ သွေးဘိုးဘေး၏ အသံ သွေးမိစ္တာ နတ်ဘုရင်၏ စိတ်အာရုံထဲ ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့၏။
သွေးဘိုးဘေးက
“ရန်သူတော်ကြီး...”
ထိုစကားများနှင့်အတူ သွေးဘိုးဘေး၏ မျက်လုံးများ တစ်ဖန်ပြန်၍ ပိတ်သွားခဲ့ပြန်၏။ ထိုအရာကို ကြားလျှင် သွေးမိစ္တာ နတ်ဘုရင် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့သည်။
အကယ်၍ လုချန်းသာ သွေးဘိုးဘေး၏ မျိုးဆက်တစ်ခုခု ဖြစ်နေပါက သူ၏ ကလဲ့စားချေမှု အထမြောက်နိုင်တော့မည် မဟုတ်ပေ။
လုချန်းက သွေးဘိုးဘေး၏ ရန်သူ ဖြစ်နေသည့်အတွက် ကိစ္စရပ်များက ပို၍ လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။ သူ လုချန်းကို သတ်လိုက်လျှင်ပင် သွေးဘိုးဘေးက ဘာမှ ပြောလိမ့်မည် မဟုတ်ပေ။
နေပါဦး...
သွေးမိစ္တာ နတ်ဘုရင်၏ စိတ်များ ရပ်တန့်သွားခဲ့၏။
ယခုကျမှသာ သူ ရုတ်တရက် သတိပြုမိလိုက်ခြင်း ဖြစ်သည်။
လုချန်းက သွေးဘိုးဘေး၏ ရန်သူကြီးလား။
သူသိထားသည့် လုချန်းနှင့် သွေးဘိုးဘေး ပြောနေသည့် လုချန်းက လူတစ်ယောက်တည်း ဖြစ်နိုင်ပါ့မလား...
သွေးဘိုးဘေးသည် ရှေးဟောင်းခေတ်မှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ လုချန်း၏ ရန်သူကြီး မည်သို့ ဖြစ်နိုင်ပါအံ့နည်း။
အကယ်၍ သူသိသော လုချန်းက သွေးဘိုးဘေး ပြောသည့် လုချန်း တကယ် ဖြစ်နေပါက လုချန်းသည်လည်း ရှေးဟောင်းခေတ်မှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်မနေပေဘူးလား။
ထိုသို့ တွေးမိသည်နှင့် သွေးမိစ္တာ နတ်ဘုရင်၏ ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ တုန်ရင်သွားခဲ့သည်။
ဒါဆို လုချန်းက ရှေးဟောင်းခေတ်မှ မဟာစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးဦး ဝင်စားတာလား....
သွေးမိစ္တာ နတ်ဘုရင် တစ်စုံတစ်ခုကို နားလည်သွားပုံ ရသည်။
လုချန်း သူတို့၏ မိစ္ဆာစွမ်းအားများကို နှိမ်နင်းနိုင်ခဲ့ခြင်းက အံ့ဩစရာ မရှိတော့ပေ။ ယင်းက လုချန်းနှင့် သွေးဘိုးဘေးတို့သည် ရန်သူများ ဖြစ်နေကြသောကြောင့်ဖြစ်၏။
မိစ္ဆာနတ်ကျင့်စဉ်များကို သွေးဘိုးဘေးက သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး လုချန်းကတော့ သွေးဘိုးဘေး၏ ရန်သူ ဖြစ်သည့်အတွက် ရှေးဟောင်းခေတ်ကာလများတွင် သူတို့အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးလောက်၏။
ထိုသို့ဖြင့် မိစ္ဆာစွမ်းအားကို တန်ပြန်နိုင်မည့်နည်းကို လုချန်း ရှာတွေ့ထားခဲ့ခြင်း ဖြစ်လိမ့်မည်။
ထိုစဉ် ဒေါသအဟုန်ကြောင့် သွေးမိစ္တာ နတ်ဘုရင်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအငွေ့အသက်များ သောင်းကျန်းလာခဲ့၏။
လုချန်းသည် ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်၏ လူဝင်စား ဖြစ်နေလျှင်လည်း သူဂရုစိုက်စရာ မလိုပေ။ သူသည် ယခုထက်ထိ စွမ်းအား အပြည့်အဝ ပြန်ရခြင်း မရှိသေးပေ။
ထို့ပြင် လုချန်းသည် သွေးဘိုးဘေး၏ ရန်သူ ကြီး ဖြစ်နေသဖြင့် လုန်းကို ရှာဖွေတွေ့ရှိလျှင် သွေးဘိုးဘေးကိုယ်တိုင် လုချန်းကို ရှင်းလင်းပေးမည် ဖြစ်၏။ ထိုအခါ သူ၏ ကလဲ့စားချေမှုလည်း အလိုလို ပြီးမြောက်နိုင်မည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ သွေးမိစ္တာ နတ်ဘုရင်က သွေးလင်းယုန်ခန်းမ၏ အကြီးအကဲများအားလုံးကို ချက်ချင်း စုဝေးစေခဲ့၏။
သွေးလင်းယုန်ခန်းမသည် နှစ်ပေါင်းများစွာ တံခါးပိတ်ပုန်းအောင်းနေခဲ့ပြီး ဖြစ်၏။ ယခုအချိန်သည် လောကအလယ်သို့ တစ်ဖန်ပြန်၍ ခြေချရမည့်အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုတော့ သွေးဘိုးဘေး၏ စကားများကြောင့် သွေးမိစ္တာ နတ်ဘုရင် ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။ သွေးဘိုးဘေးအတွက် လုချန်းကို ရှာဖွေပေးနိုင်ခဲ့ပါက သွေးဘိုးဘေးက သူတို့အား ပိုမိုမြင့်မားသော အဆင့်မြင့် မိစ္ဆာကျင့်စဉ်များကို ဆုလာဘ်အဖြစ် ပေးနိုင်၏။
နောင်တစ်ချိန်တွင် နတ်ဧကရာဇ် နယ်ပယ်သို့ပင် သူရောက်ကောင်း ရောက်သွားနိုင်သည်ဟု သွေးမိစ္တာ နတ်ဘုရင်၏ စိတ်ထဲတွေးတောနေခဲ့သည်။
ဤအရာများကို တွေးတောရင်း သွေးမိစ္တာ နတ်ဘုရင်၏ စိတ်နှလုံးတစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
မကြာမီမှာပင် သွေးမိစ္တာ နတ်ဘုရင်က သွေးလင်းယုန်ခန်းမ၏ အကြီးအကဲများအားလုံးကို စုဝေးစေကာ လုချန်း၏ ခြေရာကို ရှာဖွေရေး လုပ်ငန်းစတင်ရန် အမိန့်ပေးလိုက် တော့၏။
…….
လျှို့ဝှက်လဝန်းနန်းတော်။
ယွမ်ယုတိ၏ အိပ်ဆောင်။
လုချန်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူ၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် တည်တံ့လေးနက်နေခဲ့သည်။
မည်သည့်အကြောင်းကြောင့်မှန်းမသိ မကြာသေးမီကစ၍ တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားချက်တစ်ခု သူ စဉ်ဆက်မပြတ် ရရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူအပေါ်၌ ကျင့်စဉ်ကျင့်ကြံနေသော ယွမ်ယုတိကို လုချန်း တစ်ချက် ကြည့်လိုက်၏။
ယွမ်ယုတိသည် မျက်ဝန်းများကို မှိတ်ထား၏။ သူမ၏ အေးစက်ကာ အပြစ်ပြောစရာမရှိသည့် ပါးပြင်သည် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုနှင့် တူလှပေသည်။
သူမထံမှ ဖြာထွက်နေသော အေးမြသည့် အငွေ့အသက်များက တွေ့မြင်သူအား သူမအပေါ် မဖွယ်မရာ ပြုမူလိုစိတ်များ ပေါက်ဖွားလာစေနိုင်၏။
သို့သော် အစပိုင်းကကဲ့သို့ တက်ကြွမှုမျိုး လုချန်း၌ မရှိတော့ချေ။ ယခု သူသည် အေးအေးဆေးဆေး နေထိုင်တတ်လာခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယွမ်ယုတိသည် ယခုထက်တိုင် ထိုအရာအပေါ် စိတ်ပါဝင်စားခြင်း မရှိသေးပေ။ ယင်းက ကျင့်စဉ်အဆင့်ချင်း အလွန် ကွာဟနေသောကြောင့် ဖြစ်လိမ့်မည်ဟု လုချန်း တွေးတောမိသဖြင့် ယခုတော့ အရင်ကလို အလျင်စလို မလုပ်တော့ပေ။
ဤခန္ဓာကိုယ်ကိုတော့ ယွမ်ယုတိ စိတ်ကြိုက်အသုံးချရန်အတွက်သာ သူ ဤနေရာ၌ စွန့်ပစ်ထားလိုက်တော့မည် ဖြစ်သည်။
အမှန်စင်စစ် မကြာသေးမီက သူ ယွမ်ယုတိကို တက်တက်ကြွကြွ နှောင့်ယှက်ခြင်း မပြုခဲ့သော်လည်း သူတို့နှစ်ဦးကြားရှိ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကတော့ ရှိမြဲအတိုင်း ရှိနေဆဲ ဖြစ်သည်။ ထိုတစ်ချိန်လုံးတွင်လည်း ယွမ်ယုတိသည် ကျင့်စဉ်အပေါ်၌သာ အာရုံစိုက်မြဲ စိုက်နေခဲ့သည်။
ယွမ်ယုတိ၏ စိတ်ထဲတွင် စုံတွဲကျင့်စဉ်သည် ပုံမှန်ပြုလုပ်ရမည့် အလေ့အထတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုအရာက မည်သည့်ဆိုးကျိုးမှ မရှိပေ။
ထို့ပြင် လုချန်းကို သူမ အပျော်ထားသည့် အချစ်တော် ယောက်ျားလေးတစ်ဦးကဲ့သို့ စိတ်ထဲတွင် သတ်မှတ်ထား၏။
ထိုအခိုက်အတန့်တွင် ကျင့်စဉ်ကျင့်ကြံနေသော ယွမ်ယုတိလည်း သူမအား လုချန်း စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်၏။ ယခု လုချန်း၏ သိစိတ်အာရုံစိုက် သူမအပေါ်သို့ ရောက်ရှိနေကြောင်း သိလိုက်သည်။
သူမက သူမ၏ လှပသော မျက်ဝန်းများကို ဖွင့်လိုက်ပြီး လုချန်းကို ငုံ့ကြည့်ကာ
“ဘာဖြစ်လို့လဲ”
လုချန်းတွင် ခန္ဓာကိုယ်အမြောက်အမြား ရှိပြီး အလွန် အလုပ်ရှုပ်နေတတ်သည်ကို သူမ သိထားရာ သူက သူမအပေါ် အာရုံစိုက်နေပြီဆိုလျှင် ဆွေးနွေးစရာ တစ်စုံတစ်ခု ရှိနေ၍ ဖြစ်ရပေမည်။
လုချန်းက ပြုံးလိုက်ရင်း ယွမ်ယုတိကိ
“ဘာမှမဟုတ်ပါဘူး... ခင်ဗျားက သိပ်လှလွန်းလို့ ကျုပ်က...”
လုချန်းက ပေါ့ပေါ့ဆတ လေသံဖြင့် ပြောနေသဖြင့် ယွမ်ယုတိ၏ အေးစက်သော မျက်နှာပြင်ထက်တွင် မည်သည့်အမူအရာမှ ထွက်ပေါ်မလာခဲ့ပေ။
သူမက လုချန်းကို ခပ်အေးအေးသာ တစ်ချက် စောင်းကြည့်လိုက်၏။
သူ၏ ဤကဲ့သို့ တဏှာရူးဆန်သော အပြုအမူများကို သူမ ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ အပျော်အပျက် စကားများ လုချန်း မကြာမကြာ ပြောတတ်ကြောင်းကိုလည်း သူမ ကောင်းစွာ သိထားသည်။
သူသာ အလေးအနက ပြုလုပ်လိုပါက ဤနေရာတွင် စကားလုံးများ ဖြုန်းတီးမနေပဲ လှုပ်ရှားမှုတစ်ခုခုကို လုပ်ဆောင်ပြီးနေလောက်ပြီ ဖြစ်သည်။
သူမအပေါ် ထားရှိသော လုချန်း၏ နဂို စွဲလမ်းမှုများ မှေးမှိန်သွားခဲ့ပြီဟု ယွမ်ယုတိ၏ မြင်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး အတူတကွ ရှိနေခဲ့ကြသည်မှာ ယခုဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုသူက သူမအား ကိုယ်ဝန်ရအောင် ပြုလုပ်ပြီး သူ၏ရင်သွေးလွယ်ခိုင်းစေမည့် ကိစ္စကိုသာ တစ်ချိန်လုံး တွေးတောနေပုံ ရသည်။
ယောက်ျားနှင့် မိန်းမကြား အကြောင်းအရာများကို ဆက်လက် မပြောဆိုချင်တော့သဖြင့် ယွမ်ယုတိက တိုက်ရိုက်ပင် အကြောင်းအရာကို ပြောင်းလဲလိုက်၏။
“မြောက်ပိုင်းနယ်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။”
လွန်ခဲ့သော အချိန်အတန်ကြာက မြောက်ပိုင်းနယ်ရှိ ကိစ္စရပ်များနှင့် ပတ်သက်၍ လုချန်း သူမအား ပြောပြခဲ့ဖူးသည်။ လုချန်းတွင် အခြားနေရာများ၌လည်း ကိုယ်ပွားများ ရှိနေသဖြင့် သတင်းအချက်အလက် စုဆောင်းရာတွင် ခိုင်မာသော အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့သည်။
သူမသည် လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌သာ နေထိုင်ပြီး လုချန်းနှင့် ဤကဲ့သို့ ကိစ္စရပ်များကို အမြဲတစေ ပြုလုပ်နေခဲ့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ ဖြစ်ရပ်ကြီးများကိုတော့ သူ၏အကူအညီဖြင့် သိနေနိုင်ဆဲ ဖြစ်သည်။
လုချန်းက
“နဂါးအထွတ်အထိပ် နတ်သခင်နဲ့ နတ်ဆိုးဧကရာဇ်တို့ရဲ့ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ နဂါးအထွတ်အထိပ် နတ်သခင်ကတော့ သိပ်ပြီး ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ လျှို့ဝှက်လဝန်း ကျောင်းတော်က အခုဆို မဟာမိတ်တပ်ထဲကို ပူးပေါင်းသွားပြီ။ နတ်ဆိုးဧကရာဇ်ကို ခုခံဖို့အတွက် ခင်ဗျားရဲ့ဆရာ နတ်သခင် ကောင်းကင်ကို မြောက်ပိုင်းနယ်ဆီ စေလွှတ်လိုက်ပြီ။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ လှပသော မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွားခဲ့၏။ သူမသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်သော်လည်း သူမ၏ စိတ်နှလုံးထဲတွင်တော့ နတ်သခင် ကောင်းကင်သည် သူမ၏ ဆရာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
ယခု သူမ၏ ဆရာက မြောက်ပိုင်းနယ်ကဲ့သို့ အန္တရာယ်ကြီးမားလှသော နေရာသို့ သွားရောက်နေရသည်ကို ကြားသိရသဖြင့် ယွမ်ယုတိ၏ စိတ်နှလုံး မတုန်လှုပ်ပဲ နေနိုင်ရန် မည်သို့မှ မဖြစ်နိုင်တော့ပေ။
ယွမ်ယုတိက
“သူက ရှင်ရဲ့ ဆရာလည်း ဖြစ်နေတာပဲ။ ရှင် သူ့ကို နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ သင်ပေးမှာလား။”
--
………..