← Chapters

အခန်း ၁၈၄၃

Vol. 123 Ch. 1843

အခန်း ၁၈၄၃

Vol. 123 Ch. 1843

အခန်း (၁၈၄၃)

ဘဝဆိုသည်မှာ အိပ်မက်တစ်ခု၏ လျှို့ဝှက်ချက်

လုချန်းသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြင့် နတ်သခင် ကောင်းကင်ထံတွင် တပည့်ခံခဲ့ခြင်းဟု ယွမ်ယုတိ အမြဲတစေ ယုံကြည်ထား၏။ ထိုလူ၌ နတ်သခင် ကောင်းကင်အပေါ် ရည်ရွယ်ချက် ရှိနေသဖြင့် သူမ မြောက်ပိုင်းနယ်၌ အန္တရာယ်ဖြစ် မည်ကို လုချန်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ထို့ကြောင့် ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်စွမ်းရှိသော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာဟူသည့် နတ်ကျင့်စဉ်ကို နတ်သခင် ကောင်းကင်အား လုချန်း သင်ကြားပေးရန် အလားအလာ ရှိနေပြန်၏။

သို့သော် ထိုနတ်ကျင့်စဉ်ကို နတ်သခင် ကောင်းကင် တတ်မြောက်သွားပါက လျှို့ဝှက်လဝန်း ကျောင်းတော်တစ်ခုလုံးလည်း တတ်မြောက်သွားမည်ဟူသော အဓိပ္ပာယ် ဖြစ်၏။ ဤနတ်ကျင့်စဉ် ပျံ့နှံ့သွားသည်နှင့် ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သူ ပိုများပြားလာကာ နတ်ဆိုးဧကရာဇ်၏ နေ့ရက်များကို ခက်ခဲစေပေလိမ့်မည်။

နတ်ဆိုးဧကရာဇ်မှာလည်း လုချန်း၏ အသိမိတ်ဆွေဟောင်းတစ်ဦး ဖြစ်နေသဖြင့် ဤအခြေအနေက လုချန်းကို အကျပ်ရိုက်စေ၏။

ယွမ်ယုတိ၏ မေးခွန်းကို ကြားလျှင် လုချန်းက

“ကျုပ် မြောက်ပိုင်းနယ်ကို သွားတာနဲ့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သူ့ကို သင်ပေးမှာပါ။”

နတ်သခင် ကောင်းကင်အား နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ သင်ကြားပေးရန် လုချန်း သဘောတူသည်ကို ကြားလျှင် ယွမ်ယုတိက

“ရှင် သူ့ကို သင်ပေးရင် နတ်ဆိုးဧကရာဇ်ကို သူ အန္တရာယ်ပြုမှာ မစိုးရိမ်ဘူးလား။”

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်စွမ်းရှိပြီး နတ်သခင် ကောင်းကင်ကိုယ်တိုင်ကလည်း နတ်သခင်အဆင့် ဖြစ်နေသဖြင့် ထိပ်တိုက်တွေ့ဆုံကြပါက နတ်ဆိုးဧကရာဇ်အတွက် အခက်အခဲတချို့ကို သူမ ဖန်တီးနိုင်ခြေ ရှိ၏။

ထိုအခါ ယခုတိုက်ပွဲကြီးသည် နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့ကြား ထိပ်တိုက်ရင်ဆိုင်မှုသက်သက်သာ မဟုတ်တော့ဟု ယွမ်ယုတိ ကြိုတင်တွက်ဆထား၏။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား နယ်မြေအတွင်းရှိ အခြားသော မဟာအင်အားကြီးအုပ်စုများသည် ပွဲကြည့်ပရိသတ်အဖြစ် အချိန်အတော်ကြာ နေခဲ့ပြီး ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ရန် ၎င်းတို့၏ နတ်သခင်များ ပူးပေါင်းလာကြမည်မှာ ဧကန်မုချပင် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် နတ်ဆိုးဧကရာဇ်၏ စွမ်းအားကို ဖိနှိပ်နိုင်သည့် နတ်သခင်တစ်ဦး ပေါ်ထွက်လာခြင်းက နီးကပ်လာသော အနာဂတ်၌ သူမ၏ အခြေအနေကို ပိုဆိုးရွားသွားစေနိုင်ပုံရ၏။

လုချန်းက ခပ်အေးအေးပင်

“နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားနဲ့ဆိုရင် ရှုံးနိမ့်ခဲ့ရင်တောင် ဆုတ်ခွာစရာ လမ်းရှိသေးတယ်။ကစဉ့်ကလျား ပင်လယ်ကို သူ အချိန်မရွေး ပြန်သွားနိုင်တယ်။”

နတ်ဆိုးဧကရာဇ်အပေါ် လုချန်း စိုးရိမ်ပူပန်မှု လုံးဝမရှိသည်ကို မြင်လျှင် ယွမ်ယုတိလည်း သူမ၏ ကနဦး ယူဆချက်များကို သံသယဝင်လာ၏။ လုချန်းနှင့် နတ်ဆိုးဧကရာဇ်တို့၏ ဆက်ဆံရေးသည် သူမနှင့်လောက် နီးစပ်မှုမရှိဟု တွေးမိထသော်လည်း ယခုလုချန်းက နတ်ဆိုးဧကရာဇ်၏ ဘေးကင်းလုံခြုံမှုအပေါ် လုံးဝ ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။

ဤ လူယုတ်မာ ယောက်ျား၌ မိန်းမများလွန်းလှသဖြင့် တစ်ဦးနှစ်ဦး ဆုံးရှုံးရရုံနှင့် ထိခိုက်မှုမရှိသောကြောင့်လည်း နတ်ဆိုးဧကရာဇ်၏ ဘေးကင်းရေးကို သူ စိုးရိမ်ပူပန်မှု မရှိခြင်းလည်း ဖြစ်နိုင်သည်။

ထိုဖြစ်နိုင်ခြေကို တွေးမိရင်း ယွမ်ယုတိ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။ တစ်နည်းအားဖြင့်ဆိုရလျှင် သူမ အသက်အန္တရာယ်နှင့် ကြုံတွေ့ နေရပါကလည်း လုချန်းက ဤနည်းတူပင် လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။

ဤလူယုတ်မာ လုချန်းအပေါ် မေတ္တာစိတ် မရှိဟု သူမကိုယ်သူမ ယုံကြည်ထားသော်လည်း ကိစ္စပြီးလျှင် မျက်နှာပြောင်းတတ်သော ဤလူယုတ်မာက သူမ၏ သေရေးရှင်ရေးကိစ္စအပေါ် လုံးဝ အေးစက်နေလိမ့်မည်ဟူသော အတွေးကယွမ်ယုတိ ရင်ထဲ မရေမရာ မကျေနပ်မှုတစ်ခု ခိုအောင်းလာစေ၏။

နတ်ဆိုးဧကရာဇ်၏ အကျပ်အတည်းနှင့် ပတ်သက်၍ လုချန်းကိုယ်တိုင်ပင် အေးစက်နေသဖြင့် ယွမ်ယုတိလည်း သူမ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေကာ ထိုကိစ္စကို ဆက်လက် မမေးမြန်းတော့ပေ။ သူမ ထပ်မံ စူးစမ်းနေပါကလည်း အဓိပ္ပာယ် များများစားစား ရှိလာမည် မဟုတ်ပေ။

လက်ရှိတွင်တော့ သူမ၏ ကိုယ်ပိုင်စွမ်းအားတိုးတက်‌ ရေးသည်သာ သူမ အတွက် အရေးပါဆုံးဖြစ်သည်။

ယွမ်ယုတိက မေးခွန်းများကို ရပ်တန့်လိုက်သည်ကို မြင်လျှင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ

“ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို ကျုပ်ကို သင်ပေးနိုင်မလား”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ ခဏခန့် မှင်တက်သွား၏။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မသာ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ကျင့်ကြံနိုင်၏။

ထိုကိစ္စကို သိလျက်နှင့် လုချန်းက ၎င်းဖြင့် အဘယ်အရာ ပြုလုပ်ရန် ကြံရွယ်နေသနည်း။

သူ့ကို သင်ကြားပေးခဲ့လျှင်ပင် သူ ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ယွမ်ယုတိက

“ရှင်က ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ဘာလုပ်မလို့လဲ။ ကျွန်မ ရှင့်ကို သင်ပေးရင်တောင် ရှင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။”

လုချန်းက

“ကျုပ်ရဲ့ ယူဆချက်တစ်ခုကို အတည်ပြုဖို့ပါ”

စူးစမ်းလိုစိတ်ဖြင့် ယွမ်ယုတိက

“ယူဆချက် ဟုတ်လား... ဘာယူဆချက်လဲ”

လုချန်းက

“ကျုပ် အတည်ပြုပြီးမှ ခင်ဗျားကို ပြောပြမယ်”

ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို လုချန်း ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်နိုင်သည်ဟု ယွမ်ယုတိ သံသယဝင်မိ၏။

ယွမ်ယုတိလည်း တွေဝေမနေပဲ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာ၏ အကြောင်းအရာများကို မှတ်ဉာဏ်ပုလဲတစ်ခုအတွင်းသို့ ပေါင်းစုလိုက်ပြီး လုချန်း၏ နဖူးဆီသို့ စေလွှတ်လိုက်ရာ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာ လွှဲပြောင်းမှုကို လုချန်း လက်ခံရရှိသွား၏။

ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာ၏ အကြောင်းအရာကို ဖတ်ရှုပြီးနောက် လုချန်း ကျင့်ကြံရန် ကြိုးပမ်းကြည့်သော်လည်း ထိုကျမ်းစာကို သူ တကယ် မလည်ပတ်နိုင်ကြောင်း လျင်မြန်စွာ သဘောပေါက်သွား၏။

သို့သော်လည်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာအပေါ် သူ၏ ထိုးထွင်းသိမြင်မှုက ထင်ရှားလာပြီး ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ကျင့်ကြံခြင်းမှ ရရှိသော ထူးခြားသည့် စွမ်းအားဖြစ်သည့် ဖျော့တော့သော ရောင်စုံအငွေ့အသက်များ ယွမ်ယုတိကို ဝန်းရံနေသည်ကို လုချန်း သတိပြုမိလိုက်၏။

နတ်သခင် ယွမ်မုန့်နှင့် ဆုံတွေ့ခဲ့စဉ်က သူမ၏ ရောင်စုံအငွေ့အသက်များ ထူးထူးခြားခြား ပိုထင်ရှားနေသည်ကို လုချန်း ပြန်လည်သတိရသွား၏။ သူမသည်လည်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ကျင့်ကြံထားပုံ ရသည်။

နတ်သခင် ယွမ်မုန့်၏ ရှေ့မှောက်သို့ ရောက်ရှိသည့် အကြိမ်တိုင်းတွင် သူ၏ ရှေ့မှောက်၌ ရှိနေသူမှာ နတ်သခင် ယွမ်မုန့် အစစ်မဟုတ်သကဲ့သို့ ခံစားချက်တစ်ခုကိုလည်း လုချန်း ခံစားရ၏။

နတ်သခင် ယွမ်မုန့်သည်လည်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ကျင့်ကြံခဲ့မည်ဆိုပါက သူမကို နတ်ဧကရာဇ် ယူလန်က ဝင်စားမည့် ရုပ်ခန္ဓာအဖြစ် ပြင်ဆင်ထားခြင်း ဖြစ်နိုင်လား။

ထိုဖြစ်နိုင်ခြေကို သုံးသပ်ရင်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာ၌ လူသားများကို ထင်ယောင်ထင်မှား နယ်ပယ်ထဲသို့ ဆွဲသွင်းခြင်းအပြင် အခြားသော စွမ်းဆောင်ရည်များ ရှိနေဦးမလားဟုစဉ်းစားကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွား၏။

ယူလန် ပြင်ဆင်ထားသော ဝင်စားမည့် ရုပ်ခန္ဓာများသည် ဤနတ်ကျင့်စဉ်ကို အဘယ်ကြောင့် မဖြစ်မနေ ကျင့်ကြံရပါသနည်း။

ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာလွှဲပြောင်းမှုကို လက်ခံရရှိပြီးနောက် လုချန်း ခဏခန့် စကားမဆိုပဲ နေသည်ကို မြင်လျှင် ယွမ်ယုတိက

“ရှင် ဘာကို ရှာတွေ့ခဲ့လို့လဲ”

ယွမ်ယုတိ၏ အသံကို ကြားလျှင် လုချန်း သတိပြန်ဝင်လာပြီး သူမ၏ ဖြူဝင်းသော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက် လိုက်ကာ

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကျောင်းတော်သခင်ကလည်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို ကျင့်ကြံထားပုံရတာကို ကျုပ် သတိထားမိတယ်။ ဆိုလိုတာက သူကလည်း နတ်ဧကရာဇ် ယူလန် ဝင်စားမည့် ရုပ်ခန္ဓာတစ်ခု ဖြစ်နိုင်တယ်။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ အနည်းငယ် ဆွံ့အသွားရ၏။ သူ အံ့အားသင့်ဖွယ် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း အဆုံးသတ်တွင်တော့ ထိုအကြောင်းမျှ ဖြစ်နေသည်။

အဆုံးစွန်၌တော့ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာသည် နတ်သခင် ယွမ်မုန့်ထံမှ ဆင်းသက်လာခြင်း ဖြစ်ရာ သူမကိုယ်တိုင် မကျင့်ကြံနိုင်ပါက အခြားသူများကို မည်သို့ သင်ကြားပေးနိုင်ပါမည်နည်း။

လုချန်းက ဆက်လက်၍

“ယူလန် ဝင်စားမယ့် ရုပ်ခန္ဓာတွေက ဘာဖြစ်လို့ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို မဖြစ်မနေ ကျင့်ကြံရတာလဲဆိုတာကိုပဲ ကျုပ် ရိုးရိုးရှင်းရှင်း သိချင်တာပါ။ ခင်ဗျားတို့တွေ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို မဖြစ်မနေ ကျင့်ကြံရတယ်ဆိုကတည်းက ဒီနတ်ကျင့်စဉ်မှာ ထူးခြားမှု တစ်စုံတစ်ရာ ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။”

လုချန်း၏ စကားကို ကြားပြီးနောက် ယွမ်ယုတိ ခဏခန့် စဉ်းစားခန်း ဖွင့်လိုက်ပြီး ဤပြဿနာကို ထပ်မံ အာရုံမစိုက်တော့ပေ။

နတ်ဧကရာဇ်တစ်ပါးသည် သူတို့ နားမလည်နိုင်သော အရာများကို မုချ သိထားပေလိမ့်မည်။

ယူလန်၏ ရည်ရွယ်ချက်များကို တကယ် နားလည်နိုင်ရန်အတွက် သူမကို တိုက်ရိုက်မေးမြန်းခြင်းကသာ အမြန်ဆုံး လမ်းကြောင်း ဖြစ်နိုင်၏။

၎င်းကို ကျင့်ကြံပြီးသား ဖြစ်နေသဖြင့် ဘေးထွက်ဆိုးကျိုးများ ရှိနေခဲ့လျှင်ပင် ဘာမှတတ်နိုင်မည် မဟုတ်သောကြောင့် ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာ၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို ဆက်လက် တွေးခေါ်ကြည့်ခြင်းအား ယွမ်ယုတိ ရပ်တန့်လိုက်၏။

ထိုစဉ် လုချန်း၏ အတွေးများလည်း ရပ်တန့်သွား၏။

စနစ်ကို သူ ဘာ့ကြောင့် မေ့လျော့နေရပါသနည်း...

ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လည်ရောက်ရှိကတည်းက သူ၏ စနစ်သည် ယခင်ကဲ့သို့ ဆုလာဘ်များ ထုတ်ပြန်ပေးရုံတင်မဟုတ်တော့ပေ။ စနစ်၏ ဉာဏ်ရည်က ယခုများစွာ ပိုမိုထက်မြက်လာခဲ့ပြီဖြစ်သည်။

သူ၏ စိတ်ထဲ၌ စနစ်ကို တိုက်ရိုက် မေးမြန်းလိုက်၏။

“စနစ်... ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာမှာ ဘာဆိုးကျိုးတွေ ရှိလဲ။ နတ်ဧကရာဇ် ယူလန်က သူ ဝင်စားမည့် ရုပ်ခန္ဓာတွေကို ဘာဖြစ်လို့ ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ကျမ်းစာကို မဖြစ်မနေ ကျင့်ကြံခိုင်းရတာလဲ။”

စနစ်က ချက်ချင်းပင် ပြန်လည်ဖြေကြားလာ၏။

“အချိန်တန်ရင် သခင်က အလိုလို သိလာပါလိမ့်မယ်။”

စနစ်၏ အဖြေကို ကြားလျှင် လုချန်း စိတ်ထဲ၌ တစ်ချက် ရယ်မောလိုက်မိ၏။

အချိန်တန်လျှင် ဟုတ်လား။

ထိုအရာက မည်မှအထိ ကြာမြင့်ဦးမည်နည်း။

ဤမျှအထိ လျှို့ဝှက်ထားရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင် ဖြစ်နေ၏။

နတ်ဧကရာဇ် ယူလန်သည်လည်း စနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေလို့လား။

ဤအရာများကို လုချန်း ဆက်လက် မတွေးတောတော့ပေ။ စနစ်က ပြန်လည်ဖြေကြားရန် ဆန္ဒမရှိသဖြင့် သူ တွေးတောနေရုံမျှနှင့် လက်ရှိ စိုးရိမ်ပူပန်မှုများက ပြေလည်သွားမည် မဟုတ်ပေ။

သူ့အတွက် လက်ငင်း အရေးကြီးဆုံးကတော့ သူ၏ မိန်းမများကို မည်သို့ ကိုယ်ဝန်ရရှိအောင် ပြုလုပ်ရမလဲဆိုတာကို ကြံဆရန်သာ ဖြစ်သည်။

နောက်ဆက်တွဲ နေ့ရက်များတွင် ယဲ့ချူယောင်၊ ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့အပေါ်သို့ သူ၏ အားအင်များကို လုချန်း စိုက်ထုတ်လိုက်၏။

သူတို့၏ ကျင့်စဉ်အဆင့်သည် သူနှင့် ဆင်တူနေသည့်အပြင် ကောက်ရှီယွမ်မှာလည်း ယခင်က ကိုယ်ဝန်ဆောင်ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူးသဖြင့် သူ၏ ရင်သွေးကို လွယ်ထားနိုင်ခြေ ပိုမြင့်မားမည်ဟု လုချန်း ယုံကြည်ထား၏။

--

…………..

All Chapters