← Chapters

အခန်း ၁၈၄၅

Vol. 123 Ch. 1845

အခန်း ၁၈၄၅

Vol. 123 Ch. 1845

အခန်း (၁၈၄၅)

ဝူယာနတ်သခင် ရောက်လာခြင်း

ရှုကျင့်ရှူး၏ အကြောင်းကိစ္စများကို ကောင်းကင်လင်းယုန်နတ်သခင် ထူးထူးခြားခြား မသိလှပေ။ သို့သော် ရှုကျင့်ရှူးနှင့် ချန်းလုတို့ ချစ်သူများ ဖြစ်ကြကြောင်း နတ်ဘုရင်ခံ ရွှေတောင်ပံက ပြောဖူးသဖြင့် ကောင်းကင်လင်းယုန်နတ်သခင်၏ စိတ်ထဲ ထိုအကြောင်းကို ခပ်ရေးရေး မှတ်မိနေ၏။

ကောင်းကင်လင်းယုန်နတ်သခင် စကားဆုံးသည်နှင့် နတ်ဘုရင်ခံ ရွှေတောင်ပံက

“သူပါပဲ”

ခဏခန့် တွေးတောပြီးနောက် ကောင်းကင်လင်းယုန်နတ်သခင်က

“ဒါက သူ့ကို ဖယ်ရှားပစ်ဖို့ အခွင့်ကောင်းပဲ”

ရှုကျင့်ရှူးသည်လည်း ကောင်းကင်တောင်ထိပ်မှပင် ဖြစ်သော်လည်း သူတော်စင်မ၏ ကျင့်စဉ်အရင်းအမြစ်များကို ကောင်းကင်လင်းယုန်နတ်သခင် လုံးဝ လက်မလွှတ်နိုင်ပေ။ နတ်ဘုရင်ခံ ရွှေတောင်ပံကလည်း ရှုကျင့်ရှူးကို ပိုးပန်းလိုသည့် စိတ်ဆန္ဒကို ထုတ်ဖော်ခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။

ရှုကျင့်ရှူးတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်သော်လည်း သူမ ဝမ်းဗိုက်ထဲ၌ လွယ်ထားရသည့် ကလေးမှာ သူတော်စင်မ ဖြစ်နေသဖြင့် ထိုကလေးကို သူတို့ ပို တန်ဖိုးထားကြခြင်း ဖြစ်သည်။

သာမန်အခြေအနေမျိုးတွင် သူချစ်ရသော အမျိုးသမီးက အခြားယောက်ျားတစ်ဦး၏ ရင်သွေးကို လွယ်ထားသည်ကို မည်သည့်ယောက်ျားမှ သည်းခံနိုင်မည် မဟုတ်ပေ။ သို့သော် ရှုကျင့်ရှူး ဝမ်းဗိုက်ထဲမှ မွေးဖွားမည့် ကလေးကတော့ သူတော်စင်မ ဖြစ်လာမည့် အရည်အချင်းများနှင့် ပြည့်စုံနေသည်။

အကယ်၍ ရှုကျင့်ရှူးနှင့် ဖူးစာဆုံနိုင်ခဲ့လျှင် အနာဂတ်တွင် ရရှိမည့် သူတော်စင်မ၏ ကျင့်စဉ်အရင်းအမြစ်များအား သူတို့၏ ကောင်းကင်လင်းယုန်တောင်ထိပ်မှ ပိုင်ဆိုင်နိုင်လိမ့်မည်။

သူတော်စင်မဟူသည် လျှို့ဝှက်လဝန်း ကျောင်းတော်၌ အတော် တန်ခိုးကြီးသော ဖြစ်တည်မှုဖြစ်၏။ သူမ၏ လက်သည်းကြားမှ ထွက်လာသည့် ကျင့်စဉ်အရင်းအမြစ် အစအနလေးမျှနှင့်ပင် တောင်ထိပ်တစ်ခုလုံးကို နှစ်သန်းထောင်ပေါင်းများစွာကြာ စည်ပင်ဝပြောအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည်။

ထိုသို့ ဖြစ်ရခြင်းမှာ လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် သူတော်စင်မတစ်ယောက်က အလွန်တရာ အရေးပါလွန်းလှသောကြောင့် ဖြစ်၏။ သူတော်စင်မ ရရှိမည့် ကျင့်စဉ်အရင်းအမြစ်များသည် ကျောင်းတော်သခင် ပြီးလျှင် ဒုတိယ အများဆုံး ဖြစ်ပြီး ကျောင်းတော်သခင်ကိုယ်တိုင်ပင် အသုံးပြုရန် အရည်အချင်းမပြည့်မီသည့် ကောင်းကင်နှင့် မြေရတနာများကိုပင် သူမ သုံးစွဲခွင့် ရရှိနိုင်သည်။

သူတော်စင်မ၏ အရင်းအမြစ်များကို ရရှိနိုင်ရန်ဖြစ်သဖြင့် သူတို့နှစ်ဦးစလုံး စွန့်စားရန် ဝန်မလေးကြပေ။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“ဒါပေမဲ့ ချန်းလုကလည်း နတ်သခင် ကောင်းကင်နောက်ကို လိုက်ပြီး မြောက်ပိုင်းနယ်ကို သွားလိမ့်မယ်လို့ ကြားထားပါတယ်။”

ကောင်းကင်လင်းယုန်နတ်သခင်က စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခပ်အေးအေးပင်

“ဒါက ကိစ္စမရှိပါဘူး။ သူ လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားတာက တို့ကို လှုပ်ရှားဖို့ ပိုပြီး လွယ်ကူသွားစေတယ်။”

“နတ်သခင် ကောင်းကင်မှာလည်း သူ့ကိစ္စသူ လုပ်စရာတွေ ရှိနေမှာပဲ။ သူက ချန်းလုကို အမြဲတမ်း စောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူး။ အချိန်တန်လို့ စစ်မြေပြင်ရောက်ရင် ချန်းလုကို ရှင်းပစ်ဖို့ လူနည်းနည်း လွှတ်လိုက်တာက ဘယ်သူ့ အာရုံကိုမှ ဆွဲဆောင်မိမှာ မဟုတ်ဘူး။”

အဆုံးတွင်တော့ နတ်သခင် ကောင်းကင်သည် လျှို့ဝှက်လဝန်း ကျောင်းတော် ကိုယ်စားပြုအဖြစ် မြောက်ပိုင်းနယ်သို့ သွားရောက်ခြင်း ဖြစ်သည်။ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်နှင့် ပူးပေါင်းမိသည်နှင့် နတ်ဆိုးဧကရာဇ်၏ နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေသော နတ်များကို ကယ်တင်ရန် မဟာမိတ်တပ်က အလုံးအရင်းနှင့် တိုက်ခိုက်မည်မှာ ဧကန်မုချ ဖြစ်၏။

ထိုအခါကျလျှင် နတ်သခင်အားလုံး ပါဝင်လှုပ်ရှားကြရမည် ဖြစ်၏။ နတ်သခင် ကောင်းကင်လည်း မလွဲမရှောင်သာ ပါဝင်ရမည်သာ ဖြစ်သည်။

နတ်ဆိုးဧကရာဇ်နှင့် နတ်သခင် ကောင်းကင် ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင်တော့ လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထိုနတ်များအတွက် သူမ၌ အချိန်ပို ရှိတော့မည် မဟုတ်ပေ။

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ စိတ်သက်သာရာ ရသွားသည်။ မြောက်ပိုင်းနယ်သို့ ရောက်ရှိပြီးနောက် ချန်းလုက နတ်သခင် ကောင်းကင်၏ အနားတွင် ကပ်နေသဖြင့် သူ့ကို သတ်ပစ်ရန် အခွင့်အရေး မရရှိမှာကိုသာ သူ အစိုးရိမ်ဆုံး ဖြစ်ခဲ့ရ၏။

ထိုစဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကောင်းကင်လင်းယုန်နတ်သခင်က

“ချန်းလုကို ဖယ်ရှင်းဖို့က လွယ်လွယ်လေးပါ။ အရေးအကြီးဆုံးက ရှုကျင့်ရှူး ခင်ဗျားကို ပြန်ချစ်လာအောင် လုပ်မယ့် နည်းလမ်း ခင်ဗျားမှာ ရှိရဲ့လားဆိုတာပဲ။”

“အကယ်၍ ချန်းလု သေသွားပြီးတဲ့နောက် ရှုကျင့်ရှူးက တခြားတောင်ထိပ်က လူတစ်ယောက်ကို ချစ်မိသွားရင် တို့တွေ သူများအတွက် လမ်းခင်းပေးသလို ဖြစ်သွားမှာပေါ့။”

ကောင်းကင်လင်းယုန်နတ်သခင် အစိုးရိမ်ဆုံးမှာလည်း ဤအချက်ပင် ဖြစ်၏။ နတ်ဘုရင်ခံ ရွှေတောင်ပံသည် ငြင်း၍မရအောင် ချောမောခန့်ညားသူ ဖြစ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အမျိုးသမီးတပည့် အမြောက်အမြားက သူ့ကို သဘောကျကြသော်လည်း ခြွင်းချက်ဟူသည်က အမြဲတမ်း ရှိစမြဲ ဖြစ်၏။ ရှုကျင့်ရှူးက သူ့လိုလူမျိုးကို သဘောကျမလား ဆိုတာကို မည်သူ သိနိုင်မည်နည်း။

နတ်ဘုရင်ခံ ရွှေတောင်ပံက ယုံကြည်မှုအပြည့်နှင့်

“တောင်ထိပ်သခင် စိတ်ချပါ။ ချန်းလု သေသွားတာနဲ့ ရှုကျင့်ရှူးရဲ့ စိတ်ကို ရအောင် ညှို့ယူဖို့ ကျုပ်မှာ နည်းလမ်းရှိပါတယ်။”

ကောင်းကင်လင်းယုန်နတ်သခင်က

“ရှုကျင့်ရှူးရဲ့ ဝမ်းဗိုက်ထဲမှာ သူတော်စင်မ ရှိနေတယ်။ ခင်ဗျား ဘယ်လိုနည်းလမ်းပဲ သုံးသုံး ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ အဓိက စည်းမျဉ်းကတော့ သူ့ဗိုက်ထဲက သူတော်စင်မကို လုံးဝ ထိခိုက်မှု မရှိစေရဘူး။”

သူတို့ အလိုရှိသည်မှာ သူတော်စင်မနှင့်အတူ ပါလာမည့် အကျိုးအမြတ်များဖြစ်သည့် ကျင့်စဉ်အရင်းအမြစ်များသာ ဖြစ်၏။ အကယ်၍ ရှုကျင့်ရှူး၏ စိတ်နှလုံးကို ရရှိရန် ကြိုးပမ်းရင်း မရိုးသားသော နည်းလမ်းများကို အသုံးပြုမိ၍ သူတော်စင်မကို ထိခိုက်စေခဲ့လျှင်တော့ လုံးဝ အဆင်‌ပြေလိမ့်မည် မဟုတ်ပေ။

ထို့ပြင် ကျောင်းတော်သခင်က ဤသူတော်စင်မကို အလွန်တရာ တန်ဖိုးထားသည့်အပြင် တားမြစ်နယ်မြေအတွင်းရှိ ပုဂ္ဂိုလ်ကြီးကလည်း ထိုနည်းတူပင် တန်ဖိုးထားပေလိမ့်မည်။ အကယ်၍ သူမအား တစ်စုံတစ်ခု ထိခိုက်ခဲ့လျှင်တော့ ကောင်းကင်လင်းယုန်တောင်ထိပ်အတွက် ကောင်းကျိုးတစ်ခုမှ ရှိလာမည် မဟုတ်ပေ။

ကောင်းကင်လင်းယုန်နတ်သခင်၏ ဆိုလိုရင်းကို နတ်ဘုရင်ခံ ရွှေတောင်ပံ ကောင်းစွာ နားလည်သည်။ သူသည် လူမိုက်မဟုတ်ပေ။ သူတော်စင်မ၏ အရေးပါပုံကိုသူလည်း ကောင်းစွာ သိထားသဖြင့် ချက်ချင်းပင်

“ကျုပ် သတိထားပါ့မယ်”

ကောင်းကင်လင်းယုန်နတ်သခင်က ဆက်လက်၍

“ဒါဆိုရင် ကိစ္စက ပြီးပြီပဲ။ ချန်းလုကို ရှင်းပစ်ဖို့ မြောက်ပိုင်းနယ်ကို သွားမယ့် သင့်တော်တဲ့ လူအချို့ကို ကျုက်ကိုယ်တိုင်ပဲ စီစဉ်ပေးလိုက်မယ်။”

“ကောင်းပါပြီ... ဒါဆိုရင် သခင့်ကို ဒုက္ခပေးရတော့မှာပဲ။”

နတ်ဘုရင်ခံ ရွှေတောင်ပံသည် စကားတစ်ခွန်းမှ ထပ်မဆိုတော့ပဲ ကောင်းကင်လင်းယုန်ခန်းမမှ တိုက်ရိုက် ထွက်ခွာသွားတော့၏။

……

မကြာမီပင် မြောက်ပိုင်းနယ်သို့ နတ်သခင် ကောင်းကင် ထွက်ခွာရမည့် နေ့ရက်သို့ ဆိုက်ရောက်လာခဲ့၏။

ယခုအကြိမ်တွင် တပည့်ပေါင်း သောင်းချီနှင့် စစ်နတ်လှေ ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ မြောက်ပိုင်းနယ်သို့ နတ်သခင် ကောင်းကင် ချီတက်ခဲ့သည်။

မြင့်မားသော ကောင်းကင်ယံထက်၌ မိုးတိမ်တိုက်များ လွင့်စင်သွားပြီး အလျားပေတစ်သောင်းကျော် ရှည်လျားသည့် စစ်နတ်လှေ ဒါဇင်ပေါင်းများစွာသည် တိမ်တိုက်များကို ဖြတ်ကျော်ကာ မြောက်ပိုင်းနယ်ဆီသို့ ဖြည်းညင်းစွာ ခရီးနှင်လာကြ၏။

ဦးဆောင်လာသည့် ရွှေရောင်စစ်နတ်လှေ ပေါ်တွင် နန်းတော်တစ်ခု တည်ရှိနေပြီး လှေဦးပိုင်း၌ ခရမ်းရောင် လျှပ်စီးများကို မှုတ်ထုတ်နေသည့် ရွှေနဂါးတစ်ကောင်ကို ထုဆစ်ထားသည်။ စစ်နတ်လှေ၏ ဝဲယာ နှစ်ဘက်တွင် ကြီးမားလှသော အလံကြီး နှစ်ခုကို ချိတ်ဆွဲထား၏။

တစ်ခုမှာ လျှို့ဝှက်လဝန်း ကျောင်းတော်၏ လဝန်းတံဆိပ် အမှတ်အသား ဖြစ်ပြီး အခြားတစ်ခုပေါ်တွင်တော့ “လျှို့ဝှက်လဝန်း ကျောင်းတော်” ဟူသော စာလုံးများကို ထင်ရှားစွာ ရေးထိုးထားသည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ထက်၌ နတ်သခင် ကောင်းကင်၏ ကြည်လင်အေးစက်သော အသံက ပဲ့တင်ထပ်သွား၏။

“ချီတက်ကြစို့”

သူမ၏ အသံ ဆုံးသည်နှင့် သူမ၏ ခြေဖဝါးအောက်ရှိ ရွှေရောင်စစ်နတ်လှေကြီးသည် လင်းလက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်တွင်တော့ အနောက်မှ စစ်နတ်လှေများအားလုံးလည်း အလင်းတန်းများအဖြစ်သို့ အသွင်ပြောင်းကာ မြောက်ပိုင်းနယ်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းသွားကြတော့သည်။

ကောင်းကင်လင်းယုန်နတ်သခင်သည် ထွက်ခွာသွားသော စစ်နတ်လှေများကို ချောက်ကမ်းပါးထိပ်တွင် ရပ်တန့်လျက် စိုက်ကြည့်နေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင်တော့ သရော်ပြုံးတစ်ခု ယှက်သန်းနေသည်။

ယခုအကြိမ်တွင် ချန်းလု ဧကန်မုချ သေဆုံးရမည် ဖြစ်၏။ ထို့ပြင် နတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် နတ်သခင် ကောင်းကင်ကိုယ်တိုင်ပင် မြောက်ပိုင်းနယ်၌ အသက်ပျောက်သွားနိုင်ခြေ ရှိသည်။

အကယ်၍ နတ်သခင် ကောင်းကင်သာ သေဆုံးသွားခဲ့လျှင်တော့ ရှုကျင့်ရှူးနှင့် သူမအကြားရှိ ဆရာတပည့် သံယောဇဉ်လည်း အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။ ထိုအခါ နတ်ဘုရင်ခံ ရွှေတောင်ပံက ရှုကျင့်ရှူး၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပါက သူမဝမ်းဗိုက်ထဲရှိ သူတော်စင်မ အနာဂတ်တွင် ရရှိမည့် ကျင့်စဉ်အရင်းအမြစ်များကို ကောင်းကင်လင်းယုန်တောင်ထိပ်ကလည်း ခွဲဝေခံစားခွင့် ရရှိလိမ့်မည်။

……

နေဝင်တောင်တန်း။

ဝူယာနတ်သခင်သည် ကောင်းကင်ယံ၌ ဝဲပျံနေရင်း အဝေးမှ လျှိုမြောင်တစ်ခုဆီသို့ လှမ်းမြော်ကြည့်လိုက်၏။

ထိုလျှိုမြောင်အတွင်း၌ နီရဲမည်းမှောင်သော လျှပ်စီးများ တဖျတ်ဖျတ် လက်နေပြီး လေပြင်းနှင့်အတူ လူတို့၏ အော်ဟစ်ငိုကြွေးသံကဲ့သို့သော ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်နေလျက်ရှိသည်။ လျှိုမြောင်ထဲမှ ခရမ်းပုပ်ရောင် အရည်များ စိမ့်ထွက်နေကာ ပျို့အန်ချင်စဖွယ် အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် အထက်ကောင်းကင်ယံ၌ ရှိနေသော ဝူယာနတ်သခင်ပင် ထိုပုပ်စပ်စပ် အနံ့အသက်ကို ရရှိနေ၏။

ဝူယာနတ်သခင်သည် နတ်သခင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ထိုလျှိုမြောင်ကို ဖြတ်ကျော်ပျံသန်းရန် အစီအစဉ် လုံးဝမရှိ။ နေဝင်တောင်တန်းအတွင်း၌ မဆင်မခြင် သွားလာမိပါက နတ်သခင်တစ်ဦးပင် ပိတ်မိသွားနိုင်သည့် သေတွင်း အမြောက်အမြား ရှိနေသည်။

ထို့ကြောင့်ပင် အရိုင်းနယ်မြေနှင့် အခြားနယ်မြေများအကြား နီးကပ်သော ဆက်ဆံရေး မရှိခြင်း ဖြစ်၏။

အရိုင်းနယ်မြေမှ လူများက အပြင်သို့ ထွက်ခွာရန် စိတ်မပါကြသကဲ့သို့ အခြားနယ်မြေများမှ လူများသည်လည်း အရိုင်းနယ်မြေသို့ ရောက်ရှိရန် နေဝင်တောင်တန်းကို ဖြတ်ကျော်လိုစိတ် မရှိကြ။

လုချန်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ရှာဖွေဖို့ မဟုတ်ခဲ့လျှင် ဝူယာနတ်သခင်သည်လည်း အရိုင်းနယ်မြေသို့ လာရောက်ရန် မည်သည့်အခါမှ စွန့်စားလိမ့်မည် မဟုတ်ပေ။

သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ

ပတ်လမ်းအတိုင်း ကွေ့ပတ်သွားရန် ဝူယာနတ်သခင် ရွေးချယ်လိုက်ပြီး အနောက်ဘက်သို့ ဆက်လက် ဦးတည်သွားတော့၏။

ဝူယာနတ်သခင်၏ အရှိန်သည် လျင်မြန်လွန်းလှသဖြင့် မကြာမီပင် နဂါးနယ်မြေသို့ ဆိုက်ရောက်လာခဲ့ပြီး ထိုနေရာ၌ နတ်သခင် နှစ်ဦး၏ တည်ရှိမှုကို ချက်ချင်းပင် အာရုံခံမိသွား၏။

ထိုသူများမှာ အရိုင်းနယ်မြေအတွင်းရှိ မဟာအင်အားကြီးအဖွဲ့များမှ နတ်သခင်များ ဖြစ်ကြလိမ့်မည်ဟု ဝူယာနတ်သခင် ယူဆ၏။ ထို့‌ကြောင့် သူတို့၏ အကူအညီဖြင့် လုချန်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ပိုမြန်မြန်ရှာဖွေတွေ့ရှိနိုင်ရန်အတွက် သူတို့အား သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်၏။

သို့သော် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ရွှေနတ်အချို့ သူ့အနားမှ ဖြတ်ပျံသွားကြရင်း

“မြန်မြန်လုပ်... မြန်မြန်လုပ်... လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အတွင်းစည်း စစ်ဆေးမှုက စတော့မှာ။ ဒီတစ်ခေါက် လွဲသွားရင် နောက်ထပ် ဘယ်နှစ်နှစ် စောင့်ရဦးမလဲ မသိဘူး။”

ထိုအရာကို ကြားလျှင် ဝူယာနတ်သခင်၏ မျက်ခုံးအစုံ ခဏခန့် တွန့်သွားသော်လည်း မကြာမီပင် သူ၏ မျက်နှာထက်၌ ကောက်ကျစ်သော အပြုံးတစ်ခု ကျယ်ပြန့်စွာ ထွက်ပေါ်လာ၏။

ဝူယာနတ်သခင်လည်း

“စိတ်ဝင်စားစရာပဲ... သူတို့ တကယ်ကြီး ဒီကို ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး”

ဟု ရေရွတ်လိုက်တော့သည်။

--

All Chapters