← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၁၁

ချန်ဝေကောသည် မြို့သို့သွားမည့် နွားလှည်းပေါ်သို့ တက်ခဲ့ပြီးနောက် လှည်းပေါ်မှဆင်းသည့် အချိန်ကြမှ မိမိတွင် ငွေတစ်ပြားမှ မကျန်တော့ကြောင်း သတိပြုမိတော့သည်။

ချန်ဝေကော အရှက်ရသွားသော်လည်း လှည်းမောင်းသည့် အဘိုးအိုက လက်ယမ်းပြကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... ဒီတစ်ခါတော့ အလကားစီးခွင့် ပေးလိုက်မယ်။ နောက်တစ်ခါကြမှပဲ ပေးတော့ပေါ့။"

နွားလှည်းကိုမူ အလကား စီးနိုင်ခဲ့သော်လည်း ဘတ်စကားပေါ်တွင်မူ ထိုသို့လုပ်၍မရပေ။

နောက်ဆုံးတွင် ချန်ဝေကောသည် ဘတ်စ်ကား လက်မှတ်ရောင်းသူကို အကောင်းပြောကာ ဖျောင်းဖျခဲ့ရပြီး လက်မှတ်ရောင်းသူကလည်း သူ၏ ဝတ်စုံကောင်းမွန်သည်ကို မြင်သဖြင့် ကားပေါ်သို့ ပေးတက်ခဲ့သည်။ "ကျေးဇူးတင်ပါတယ် ရဲဘော်။ နောက်တစ်ခါ ကားစီးတဲ့အခါကြရင် ကားခ ပြန်ပေးပါ့မယ်။"

ဤကဲ့သို့ စိတ်ပျက်စရာကောင်းလှသော ဘတ်စ်ကားစီးခြင်း အတွေ့အကြုံနှင့်အတူ ချန်ဝေကောတစ်ယောက် အရှက်တကွဲ ဖြစ်ခဲ့ရသည်။

သူ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ အလွန် နောက်ကျနေပြီ ဖြစ်သည်။ သူ တစ်နေ့ကုန် ပျောက်ချက်သားကောင်းနေသည်ကို မြင်သောအခါ ဝမ်လိဟုန်က အလွန်မကျေမနပ် ဖြစ်နေခဲ့သည်။ "ရှင် ဘယ်တွေ သွားနေတာလဲ၊ ကျွန်မနဲ့ ပေါင်ကျူးတို့ ရှင့်ကို ရှာနေတာ ကြာလှပြီ။"

ချန်ဝေကောက မတင်မကျဖြင့် ပြန်ပြောလိုက်သည်။ "သူငယ်ချင်းဟောင်းတစ်ယောက်ဆီ သွားလည်တာပါ။"

ဝမ်လိဟုန် နှာခေါင်းရှုံ့လိုက်သည်။ "ဒီလို ဖုန်တထောင်းထောင်း ထနေတဲ့နေရာမျိုးမှာ ရှင်က ဘယ်သူ့ကို သိနေလို့လဲ။"

ချန်ဝေကော မျက်မှောင်ကြုတ်လိုက်မိပြီး အစကတည်းက မကောင်းလှသော စိတ်အခြေအနေမှာ ပိုဆိုးရွားသွားရသည်။ "မင်းမသိတဲ့သူပါ၊ မင်းကိစ္စ မဟုတ်တာကို ဝင်မစွက်ဖက်နဲ့။"

သူ၏ စကားကြောင့် ဝမ်လိဟုန် ဒေါသပေါက်ကွဲသွားရသည်။ "ချန်ဝေကော... ရှင် ကျွန်မကို ဘယ်လို စကားပြောလိုက်တာလဲ။ ကျွန်မက ပေါင်ကျူးကို ခေါ်ပြီး ဒီလို ဝေးလံခေါင်သီတဲ့နေရာအထိ လာပြီး ဒုက္ခခံနေရတာ ဘယ်သူ့အတွက်လဲ။ ဒါတွေအားလုံးက ရှင့်အတွက်ပဲဟာကို။"

ချန်ဝ့ကောက လှောင်ပြုံးပြုံးလိုက်သည်။ "ငါ့အတွက် ဟုတ်လား။ မင်းကိုယ်မင်း ရိုးရိုးသားသား ပြန်မေးကြည့်ဦး... ဒါက တကယ်ပဲ ငါ့အတွက်လား။"

တကယ်တော့ ကလဲ့စားချေချင်လို့ ဖြစ်လိမ့်မည်။ သူမက ဤကဲ့သို့ ရယ်စရာကောင်းလှသော အစီအစဉ်ကို ကြံစည်ရဲသည်အထိ တကယ့်ကို ပါးနပ်လွန်းလှသည်။

ဝမ်လိဟုန်သည် ဤစကားကို ကြားသောအခါ ဒေါသလည်းထွက်၊ ထိတ်လန့်လည်း ထိတ်လန့်သွားရသည်။ "ချန်ဝေကော... ရှင် ဘာကို ဆိုလိုတာလဲ။ ကျွန်မ ရှင့်ကို လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ၊ အိမ်တွင်းမှုကိစ္စ အကြီးအသေးမကျန် အားလုံးကို စီမံပေးခဲ့တာ။ ရှင့်အတွက်သာ မဟုတ်ရင်... ကျွန်မက ဒီလိုမျိုး ဒုက္ခခံပါ့မလား။"

ချန်ဝေကောက ဤဒုက္ခများမှာ သူမကိုယ်တိုင် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောချင်သော်လည်း စိတ်ကို ထိန်းလိုက်ရသည်။

မိဘနှစ်ပါး ရန်ဖြစ်နေသည်ကို မြင်သောအခါ ချန်ပေါင်ကျူးက အမြန်ဝင်၍ ဖျန်ဖြေပေးခဲ့သည်။ "အဖေ... အမေ... ရန်မဖြစ်ကြပါနဲ့တော့။ အခုက နှစ်သစ်ကူးကာလကြီးပဲဟာကို ပျော်ပျော်ရွှင်ရွှင် နေကြရအောင်လေ။ အာ... သမီး ဗိုက်အရမ်းဆာနေပြီ။ သွားကြစို့၊ အစိုးရပိုင် စားသောက်ဆိုင်မှာ သွားစားကြရအောင်။"

ချန်ပေါင်ကျူး၏ ဖျောင်းဖျမှုကြောင့် တင်းမာနေသော အခြေအနေမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ သူတို့ သုံးဦးစလုံး ညစာစားရန် အစိုးရပိုင် စားသောက်ဆိုင်သို့ ထွက်ခွာခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦး စကားမပြောဘဲ မျက်နှာချင်းလွှဲထားကြသော်လည်း အခြေအနေတစ်ခုကိုတော့ အလိုက်သင့် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

ချန်ပေါင်ကျူးက ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမ ရှိနေသရွေ့ ဤမိသားစုကြီး ပျက်ပြားသွားမည်မဟုတ်ဟု သူမ တွေးမိပုံရသည်။

တစ်ဖက်တွင်မူ ချန်ဝေကော ထွက်ခွာသွားပြီးနောက် ထျဲလန်ယန်သည် ပညာတတ်လူငယ်များဝင်းအတွင်းမှ အမြန်ထွက်လာခဲ့သည်။

သူမသည် လူသူရှင်းသော နေရာတစ်ခုသို့ သွားရောက်ကာ နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်သည်။

ထျဲလန်ယန် ကျောက်စိမ်းဆွဲပြားကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းသည် လေထုထဲတွင် ရုတ်တရက် လွင့်မျောသွားပြီး ဖြူဖွေးသော အလင်းတန်းများကို ထုတ်လွှတ်တော့သည်။

ခဏလေးအတွင်း နေရာလွတ်တစ်ခုလုံး ဖြူစင်သော အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားရာ ထျဲလန်ယန်မှာ မျက်စိပင် ကောင်းစွာမဖွင့်နိုင်တော့ပေ။

၃ မိနစ်ခန့် ကြာပြီးနောက်တွင်မူ ထိုအလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။

ကျောက်စိမ်းဆွဲပြားမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ နေရာတွင် ရှေးဟောင်း ရေတွင်းတစ်တွင်း ပေါ်ပေါက်လာကာ ရေများ တသွင်သွင် စီးထွက်နေခဲ့သည်။

ထျဲလန်ယန်၏ မျက်ဝန်းများ တောက်ပသွားပြီး သူမသည် လက်နှစ်ဖက်ဖြင့် ရေကို ခပ်ယူကာ တစ်ငုံ သောက်လိုက်မိသည်။

ထိုခဏလေးအတွင်းမှာပင် သူမသည် နတ်ဘုံနတ်နန်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ခါမျှ မကြုံဖူးသော ခံစားချက်တစ်ခုက သူမ၏ ရင်ထဲတွင် ပြည့်နှက်သွားခဲ့သည်။

သူမတစ်ကိုယ်လုံးတွင် နွေးထွေးသော စွမ်းအင်များ ပြည့်နှက်သွားပြီး စိတ်ကြည်လင် လန်းဆန်းလာကာ အလွန်အမင်း အံ့ဩစရာကောင်းလှသည်။

ထျဲလန်ယန်သည် လောကကြီးမှာ အလွန်လှပသည်ဟု ခံစားလိုက်ရတော့သည်။

သူမ ဤအခြေအနေမှ ပြန်လည်နိုးထလာချိန်တွင် မိနစ်အနည်းငယ်မျှ ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ထျဲလန်ယန် မျက်စိဖွင့်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မျက်စိရှေ့မှောက်ရှိ အရာရာတိုင်းမှာ အလွန်အမင်း ကြည်လင်ပြတ်သားနေခဲ့သည်။

သူမ၏ မျက်စိအမြင်အာရုံမှာ အစကတည်းက ကောင်းမွန်သော်လည်း မီတာ ၅၀ ပတ်ဝန်းကျင်ကိုသာ သဲသဲကွဲကွဲ မြင်ရခြင်းဖြစ်သည်။ ယခုအခါတွင်မူ မီတာ ၁၀၀ ကျော်အထိ အလွယ်တကူ မြင်တွေ့နိုင်ပြီ ဖြစ်သည်။

သူမ၏ အာရုံခံစားမှုများလည်း ပိုထက်မြက်လာပြီး ဝေးလံသော တောင်တန်းများပေါ်မှ ငှက်ကလေးများ၏ တေးဆိုသံကိုပင် ကြားနေရတော့သည်။

ထျဲလန်ယန်သည် သူမ၏ ခန္ဓာကိုယ် လှုပ်ရှားမှုကို စမ်းသပ်ကြည့်ရာ တစ်ကိုယ်လုံး အလွန်အမင်း ပေါ့ပါးသွက်လက်နေပြီး အသာအယာ ခုန်လိုက်ရုံမျှဖြင့် အလွန်မြင့်မားစွာ ခုန်တက်နိုင်ကြောင်း တွေ့ရှိရသည်။

ဒါဆိုရင်... ဒါက ဒဏ္ဍာရီလာ ဝိညာဉ်စမ်းရေပေါ့လေ။

ရေတစ်ငုံသောက်ရုံတင် ဤမျှအထိ ထူးခြားသော အာနိသင် ရှိနေမှတော့... အကယ်၍ ရေတစ်ပုံးလုံး သောက်လိုက်ရင် ဘယ်လိုဖြစ်မလဲ။

ထျဲလန်ယန် စိတ်လှုပ်ရှားသွားပြီး သူမသည် စိတ်အာရုံကို သုံးကာ ဝါကျင်ကျင် ရေပုံးကြီးတစ်ပုံးကို ဖန်တီး၍ စမ်းရေများ ဖြည့်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ဖြင့် မကာ အဝသောက်တော့သည်။

စမ်းရေတစ်ပုံးလုံး ကုန်အောင် သောက်ပြီးနောက် ထျဲလန်ယန်သည် သူမ၏ ဗိုက်ကြီး ပေါက်ထွက်လုနီးပါး ဖြစ်သွားသလို ခံစားရသည်။ မကြာမီတွင်ပင် နေရထိုင်ရ ခက်ခဲလာပြီး ဝမ်းဗိုက်အတွင်းမှ ပြင်းထန်သော ဝေဒနာနှင့်အတူ ဆက်အောင့်ထားနိုင်စွမ်း မရှိတော့ပေ။

ထျဲလန်ယန် သန့်စင်ခန်းသို့ အပြေးအလွှား သွားခဲ့ရသည်။ ကိစ္စဝိစ္စများ ရှင်းလင်းပြီးနောက်တွင်မူ သူမသည် နောက်ထပ် ပြဿနာတစ်ခုကို တွေ့ရှိခဲ့ပြန်သည်။ သူမ၏ တစ်ကိုယ်လုံးတွင် ရွှံ့နွံကဲ့သို့ မည်းညစ်သော အညစ်အကြေးများ ပေါ်ထွက်နေပြီး ညှီစော် နံနေခြင်းပင် ဖြစ်သည်။

ထျဲလန်ယန်သည် အဝတ်အစားများကို အမြန်ချွတ်ကာ နေရာလွတ်ထဲရှိ မြစ်ငယ်လေးထဲသို့ ခုန်ဆင်း၍ ရေချိုးသန့်စင်ကာ တစ်နာရီခန့် ကြာအောင် ရေကူးနေခဲ့သည်။

သူမ မြစ်ထဲမှ ပြန်တက်လာသောအခါ တစ်ကိုယ်လုံး ဖြူစင်ဝင်းပနေပြီး မျက်နှာလေးမှာလည်း မူလကထက် ပိုနုနယ်ကာ လှပချောမောနေခဲ့သည်၊ ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန်အမင်း ဆွဲဆောင်မှု ရှိနေပြီ ဖြစ်သည်။

ထျဲလန်ယန် မှန်ရှေ့တွင်ရပ်ကာ သူမ၏ ကျေနပ်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။

တကယ်တော့ ချန်ဝေကောကို ကျေးဇူးတင်ရမည်ဖြစ်သည်။ သူက ဤကဲ့သို့သော ဝိညာဉ်စမ်းရေတွင်းကို ရရှိစေမည့် လက်ဆောင်မွန်ကို လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ရာ တကယ့်ကို ဝမ်းသာအံ့ဩစရာပင်။

ဟားဟားဟား။

ထျဲလန်ယန် စမ်းရေ၏ အာနိသင်ကို ထပ်မံစမ်းသပ်ကြည့်သည်။ သူမသည် ယုန်ငယ်တစ်ကောင်ကို ရှာဖွေကာ ဓားဖြင့် ၎င်း၏ခြေထောက်ကို အနာတရဖြစ်အောင် အနည်းငယ် ခြစ်လိုက်သည်။ ပြီးနောက် ၎င်းကို စမ်းရေတိုက်လိုက်ရာ ဒဏ်ရာမှ သွေးထွက်ခြင်း ချက်ချင်းရပ်တန့်သွားပြီး အသားနုပင် အနည်းငယ် တက်လာခဲ့သည်။

ထို့နောက် ထျဲလန်ယန်သည် တောကြက်တစ်ကောင်ကို ဖမ်းယူလာပြီး အဆိပ်ရှိသော မြက်ပင်အချို့ကို ကျွေးလိုက်သည်။ ကြက်ကလေးမှာ ချက်ချင်းပင် အားအင်ချည်းနဲ့ကာ နာမကျန်းဖြစ်သွားရသည်။

သို့သော် စမ်းရေကို တိုက်လိုက်ပြီးနောက်တွင်မူ ၎င်းသည် ချက်ချင်း အသက်ပြန်ရှင်လာကာ ယခင်ကနှင့်မတူဘဲ ပျော်ရွှင်စွာဖြင့် ပတ်ပြေးနေတော့သည်။

ဤစမ်းရေသည် ခန္ဓာကိုယ်ကို သန်မာစေရုံ၊ အသားအရေကို လှပစေရုံသာမက ဒဏ်ရာများကို ပျောက်ကင်းစေပြီး အဆိပ်အတောက်များကိုပါ ပြယ်စေနိုင်သည့် အာနိသင် ရှိပုံရသည်။

အံ့ဩစရာပဲ။ သူမအတွက် အသက်ကယ်ကိရိယာ အသစ်တစ်ခု ထပ်မံရရှိသွားပြီ။

ထျဲလန်ယန် စိတ်အခြေအနေ ကောင်းမွန်နေပြီး သူမသည် ဟင်းချက်ရသည်ကို ဝါသနာပါသူဖြစ်သည်။ ယခုအကြိမ်တွင်မူ သူမသည် တောကြက်ကင် လုပ်စားရန် ပြင်လိုက်ပြီး စောစောက တောကြက်ကိုပင် သုံးရန် ဆုံးဖြတ်လိုက်သည်။

ထျဲလန်ယန် ကြက်ကို ဖမ်းရန် ပြင်လိုက်စဉ် တောကြက်သည် အပေါ်သို့ ခုန်တက်ကာ အဝေးသို့ အမြန်ထွက်ပြေးသွားတော့သည်။ ဘေးနားရှိ တောယုန်ကလည်း ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် လစ်ပြေးသွားပြီး တောအုပ်ထဲသို့ မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထျဲလန်ယန် - .....

နေပါဦး... ဒီယုန်နဲ့ ကြက်က နတ်ဆိုးတွေ၊ ဝိညာဉ်တွေ ဖြစ်သွားကြတာလား။

ဟင်း... ငါက ဒီနေရာလွတ်ရဲ့ သခင်ပဲဟာ၊ ဒီကောင်သေးသေးလေးတွေကို ဖမ်းရမှာ မကြောက်ပါဘူး။

ထျဲလန်ယန် စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ထိုသတ္တဝါငယ်နှစ်ကောင်စလုံးမှာ သူမ၏ လက်ထဲသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာကြသည်။

"ကျိကျိ... ကျိကျိ။"

"ကွက်ကွက်... ကွက်ကွက်။"

တောယုန်နှင့် တောကြက်တို့သည် အော်ဟစ်ကာ သူမကို သနားစဖွယ် အကြည့်များဖြင့် ကြည့်နေကြသည်။

ထျဲလန်ယန် အံ့အားသင့်သွားရသည်၊ ဤစမ်းရေက တကယ့်ကို ထူးဆန်းလွန်းလှသည်၊ တိရစ္ဆာန်တွေရဲ့ ဉာဏ်ရည်ကိုပါ ပွင့်လင်းစေနိုင်တာပဲ။

အကယ်၍သာ ထိုသို့ဆိုလျှင် သူမအနေဖြင့် သဘာဝတရားရဲ့ စွမ်းအားတွေကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိလာတာမျိုးလား။

ထျဲလန်ယန်သည် အခြားသော တိရစ္ဆာန်များကို အမြန်ရှာဖွေကာ တစ်ကောင်ချင်းစီ စမ်းသပ်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ၎င်းတို့က "သခင်ကြီး... ထပ်ပြီး မစမ်းပါနဲ့တော့၊ ကျွန်တော်တို့နှစ်ကောင်တည်းကပဲ ထူးခြားတာပါ။ နောက်နောင်ကြရင် ကျွန်တော်တို့တွေကိုပဲ ခိုင်းစေပါတော့" ဟု ပြောနေသကဲ့သို့ပင်။

ထျဲလန်ယန်သည် ထိုအကောင်ငယ်လေးနှစ်ကောင်၏ ချစ်စဖွယ် အမူအရာများကြောင့် ရယ်မောမိသွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ သားသတ်ဓားမကြီး တစ်လက် ရုတ်တရက် ပေါ်ထွက်လာပြီး လေထဲတွင် ဝူးခနဲ ပျံသန်းသွားခဲ့သည်။ ခေါင်းနှစ်လုံးမှာ တစ်ပြိုင်နက်တည်း လွင့်ထွက်သွားပြီး တောယုန်နှင့် တောကြက်နှစ်ကောင်စလုံး ချက်ချင်း သေဆုံးသွားကြတော့သည်။

၎င်းတို့နှစ်ကောင်မှာ ထူးခြားဆန်းပြားလွန်းလှသဖြင့် ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်ရှင်းလင်းပစ်ရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဆက်ထားလည်း အပိုပဲဟာကို။

ထျဲလန်ယန်သည် တောယုန်နှင့် တောကြက်တို့ကို စိတ်လှုပ်ရှားစွာဖြင့် ကောက်ကိုင်လိုက်သည်။

ကဲ... အသားကင် လုပ်စားဖို့ အချိန်တန်ပြီ။

All Chapters