← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၁၄

ဝမ်လိဟုန် ခေါင်းခါယမ်းလိုက်သည်။ "အခုချိန်မှာ ငါ ဘယ်သူ့ကိုမှ မယုံဘူး၊ ငါ အမှန်တရားကိုပဲ သိချင်တယ်။"

ထျဲလန်ယန် ရယ်မောလိုက်သည်။"ရှင်သိချင်တဲ့ အမှန်တရားက အရမ်းလွယ်ပါတယ်။ ရှင့်သမီး ချန်ပေါင်ကျူးကိုပဲ ကြည့်လိုက်လေ... သူမက ရှင်နဲ့ တူလို့လား။"

ဝမ်လိဟုန်သည် သူမ၏ သမီးဖြစ်သူကို စိုက်ကြည့်လိုက်ရာ ကြည့်ရင်းကြည့်ရင်းဖြင့် ပို၍ပင် ထိတ်လန့်လာရသည်။ သမီးဖြစ်သူ၏ မျက်လုံးနှင့် နှာခေါင်းမှာ သူမခင်ပွန်းနှင့် တူသော်လည်း အခြားမည်သည့်နေရာမှ သူမနှင့် ဆင်တူခြင်း မရှိပေ။

ယခင်က သူမသည် "သမီးဖြစ်သူအပေါ် အကောင်းမြင်လွန်းသည့် စိတ်ခံစားချက်" ပြင်းထန်လွန်းသဖြင့် သမီးဖြစ်သူမှာ ချစ်စရာကောင်းပြီး အလွန်အမင်း ထက်မြက်သည်ဟုသာ ထင်မြင်ခဲ့ကာ အခြားအရာများကို တစ်ခါမျှ ထည့်မစဉ်းစားခဲ့ဖူးပေ။ သို့သော် ယခုအခါ ထျဲလန်ယန်က ထောက်ပြလိုက်မှသာ တစ်ခုခု မှားယွင်းနေကြောင်း သူမ သတိပြုမိတော့သည်။

ဝမ်လိဟုန်၏ အမူအရာကို မြင်သောအခါ ထျဲလန်ယန် ပြုံးလိုက်မိသည်။

သံသယမျိုးစေ့ကို တစ်ကြိမ်မျှ စိုက်ပျိုးပြီးပါက ယုံကြည်မှုဟူသည် ဘယ်သောအခါမှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။ ချန်ဝေကောအနေဖြင့် ယခုလောလောဆယ်တွင် အခြေအနေကို ဖုံးဖိထားနိုင်ပါစေဦးတော့၊ ပေကျင်းသို့ ပြန်ရောက်သည့်အခါတွင်မူ ကိစ္စရပ်များ ပိုကြီးထွားလာမည်သာ ဖြစ်သည်။

"အမေ... သူမရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို မယုံနဲ့ဦး။ အဖေကလည်း ဘာမှထပ်မပြောတော့ဘူးလို့ ပြောပြီးပြီပဲဟာ။ ဒါတွေအကုန်လုံးက ထျဲလန်ယန်က တမင်တကာ ရန်တိုက်ပေးနေတာ။"

ချန်ပေါင်ကျူးတစ်ယောက် စိတ်ထဲတွင် အလွန်ပျာယာခတ်သွားရပြီး သူမ၏ မျက်နှာတွင်လည်း အလွန်အမင်း စိုးရိမ်သောကရောက်မှုများ ပေါ်လွင်နေသည်။ သူမ၏ မိခင်ဖြစ်သူသည် သူမအား ဤကဲ့သို့သော အကြည့်မျိုးဖြင့် တစ်ခါမျှ မကြည့်ဖူးသဖြင့် သူမ တကယ့်ကို ထိတ်လန့်ကြောက်ရွံ့နေမိပြီ ဖြစ်သည်။

ချန်ဝေကောကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ "ဟုတ်တယ် လိဟုန်... ဒီကလေးမရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို နားမယောင်နဲ့။"

ထျဲလန်ယန်က ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။ "ဒါဆိုရင် ရှင်က ကျွန်မကို ဘာလို့ ယွမ်နှစ်ရာ ပေးခဲ့တာလဲ။ ဒီလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားဖို့အတွက် မဟုတ်ဘူးလား။"

ချန်ဝေကောက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မင်းက ငါ့ကို တမင်တကာ ခြိမ်းခြောက်ခဲ့တာလေ၊ တကယ်လို့ ငါက မင်းကို ပိုက်ဆံမပေးရင် ငါ့ဇနီးနဲ့ပတ်သက်ပြီး ကောလာဟလတွေ ဖြန့်မယ်ဆိုပြီးတော့ပေါ့။"

သူသည် အစီအစဉ်တစ်ခုကို ကြိုတင်စဉ်းစားထားပြီး ဖြစ်သဖြင့် ထျဲလန်ယန်ကို လုံးဝ မကြောက်ရွံ့တော့ပေ။

မနေ့ကမူ သူ စိုးရိမ်တကြီး ဖြစ်သွားခဲ့၍သာ ငွေကို ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ယနေ့သာဆိုပါက သူ ဘယ်သောအခါမှ ပေးမည်မဟုတ်ပေ။

ချန်ဝေကော၏ စကားကို ကြားရသောအခါ ဝမ်လိဟုန်၏ မျက်ဝန်းထဲမှ သံသယများ အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားသည်။ "ဝေကော... ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။"

ချန်ဝေ့ကော - "ငါ မင်းကို ဘာလို့ လိမ်ရမှာလဲ။ ငါတို့တွေ လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီပဲ၊ ငါတို့ကြားမှာ သံယောဇဉ်တွေ ရှိပါသေးတယ်။"

ဝမ်လိဟုန်၏ စိတ်နှလုံးမှာ နူးညံ့သွားရသည်။ ချန်ဝေကောအနေဖြင့် သူမအပေါ် သံယောဇဉ်ရှိကြောင်း ပထမဆုံးအကြိမ် ဝန်ခံခြင်းဖြစ်သဖြင့် သူမ၏ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

"အမေ... သမီးကို မချစ်တော့ဘူးလားဟင်။"

ချန်ပေါင်ကျူးက နှုတ်ခမ်းကို ကိုက်ထားပြီး ငိုတော့မည့်မျက်နှာဖြင့် မေးလိုက်သည်။ သူမ၏ ပုံစံကို မြင်သောအခါ ဝမ်လိဟုန် ပို၍ပင် စိတ်မကောင်းဖြစ်သွားရသည်။

"အရူးမလေးရယ်... အမေက သမီးကို ဘယ်လိုလုပ် စွန့်ပစ်မှာလဲ။ သမီးက အမေရဲ့ သမီးလိမ္မာလေးပဲ၊ အမေက သမီးကို အချစ်ဆုံးပါ။"

ချန်ပေါင်ကျူး - "ဒါပေမယ့်... တကယ်လို့ သမီးက အမေရဲ့ သမီးအရင်း မဟုတ်ခဲ့ရင်ရော..."

ဝမ်လိဟုန်၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရပြီး သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရသွားပြီဟု ထင်မှတ်ကာ အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်။ "တကယ်လို့ မဟုတ်ခဲ့ရင်တောင်မှ... အမေက သမီးကို သမီးအရင်းလိုပဲ ဆက်ပြီး ဆက်ဆံမှာပါ။ သမီးကို အမေကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာပဲ၊ သမီးအရင်းနဲ့ ဘာမှမထူးပါဘူး။"

"ဪ... ဟုတ်လို့လား။"

ထျဲလန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူမ၏ လက်ဆွဲအိတ်ထဲမှ အသံဖမ်းစက်တစ်လုံးကို ထုတ်ယူလိုက်သည်။ "ကျွန်မမှာ လူတွေနဲ့ စကားပြောရင် အသံဖမ်းထားတတ်တဲ့ အကျင့်ရှိတယ်။ မနေ့က ချန်ဝေကောနဲ့ ပြောခဲ့တဲ့ စကားတွေကိုလည်း ဖမ်းထားတယ်။ အားလုံးပဲ နားထောင်ကြည့်လိုက်ကြပါဦး။"

ချန်ဝေကော၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားရသည်။ သူက မဟုတ်ဘူးဟု ငြင်းဆန်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် အသံဖမ်းစက်ကို ဖွင့်လိုက်ပြီး ဖြစ်သည်။ ပထမဆုံး ထွက်ပေါ်လာသော စကားသံမှာ သူ၏ အသံပင် ဖြစ်သည်။ "လန်ယန်... မင်းကို မြင်ရတာ မင်းအမေကို မြင်ရသလိုပဲ။ မင်းတို့နှစ်ယောက်က တကယ့်ကို စရိုက်ပုံစံချင်း ဆင်တူတာပဲ။"

ခဏလေးအတွင်းမှာပင် ဝမ်လိဟုန်၏ မျက်နှာမှာ သွေးဆုတ်သွားသလို ဖြူလျော်သွားတော့သည်။

သူမသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ဒေါသတကြီးဖြင့် ချန်ဝေကောကို စိုက်ကြည့်လိုက်သည်။ "ချန်ဝေကော... ရှင်က အခုထိ အဲဒီမြေခွေးမကို လွမ်းနေတုန်းပဲပေါ့လေ။"

ချန်ဝေကော ခေါင်းခါယမ်းလိုက်သည်။ "မဟုတ်ဘူး... အဲဒီလို မဟုတ်ပါဘူး..."

ဝမ်လိဟုန် - "ရှင် လိမ်နေတာ၊ ရှင် ကျွန်မကို လှည့်စားခဲ့တယ်။"

"အသံပိတ်လိုက်စမ်း၊ ပိတ်စမ်း။"

ချန်ဝေကောသည် ထျဲလန်ယန်ကို တားဆီးရန်အတွက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

ထျဲလန်ယန်က သူ့ကို ကန်ထုတ်လိုက်ပြီး အသံဖမ်းစက်ကို ဗီရိုအပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ကုလားထိုင်တစ်လုံးကို ဆွဲကာ ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး ပြောလိုက်သည်။"ကဲ... အခုတော့ ပြဇာတ်ကောင်းကောင်းလေး တစ်ပုဒ်ကို ထိုင်ကြည့်ကြတာပေါ့။"

…

နာရီဝက်ခန့် ကြာအောင် တစ်ခန်းလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ အသံဖမ်းစက်မှ အသံများ ရပ်တန့်သွားသည့်တိုင်အောင် အချိန်အတော်ကြာသည်အထိ မည်သည့်အသံမှ ထွက်မလာခဲ့ပေ။

ချန်ဝေကောသည် ထျဲလန်ယန်၏ အကန်ခံရသဖြင့် အတော်လေး နာကျင်သွားပြီး ယခုမှသာ ပြန်လည်သက်သာလာသည်။ သူသည် ဗိုက်ကိုနှိပ်ကာ ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ပြီး တံခါးကိုဖွင့်၍ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

ဝမ်လိဟုန်က နောက်မှ လိုက်လာပြီး သူ၏ လက်မောင်းကို ဆွဲထားလိုက်သည်။ "မသွားနဲ့။"

ချန်ဝေကောက သူမ၏လက်ကို ရုန်းဖယ်လိုက်သော်လည်း ဝမ်လိဟုန်က ထပ်မံ ဖမ်းဆွဲပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူမ၏ လက်သည် သူ၏ မျက်နှာဆီသို့ ဦးတည်သွားတော့သည်။ သူမ၏ လက်သည် ပြတ်သားပြီး မြန်ဆန်လွန်းသဖြင့် ချန်ဝေကော၏ မျက်နှာပေါ်တွင် သွေးစို့နေသော ကုတ်ခြစ်ရာများ ထင်ကျန်ရစ်ခဲ့သည်။

"ကောင်စုတ်၊ ချန်ဝေကော... ရှင် တကယ့်ကို အသည်းနှလုံးမရှိတဲ့ လူယုတ်မာပဲ။ ကျွန်မအပေါ်ကို ဘယ်လိုတောင် ဒီလိုလုပ်ရက်ရတာလဲ။ ရှင့်ကို ကျွန်မ သတ်ပစ်မယ်။"

ဝမ်လိဟုန်သည် ချန်ဝေကော၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပြီး သူမ၏ အမူအရာမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

"လွှတ်စမ်း။" ချန်ဝေကောက ခေါင်းကို ပြင်းထန်စွာ ခါယမ်းသော်လည်း မည်သို့မျှ ရုန်းမထွက်နိုင်ပေ။

သူသည် အလွန်အမင်း ဒေါသထွက်လာသဖြင့် ဝမ်လိဟုန်ကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်တော့သည်။

ဝမ်လိဟုန် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း ချက်ချင်းပင် ပြန်ထကာ ချန်ဝေကောထံသို့ ထပ်မံ ပြန်လှည့်သွားပြန်သည်။

"အဖေ... အမေ... မချကြပါနဲ့တော့၊ ရန်မဖြစ်ကြပါနဲ့တော့နော်။"

ချန်ပေါင်ကျူးမှာ အလွန်အမင်း ထိတ်လန့်ကာ ငိုကြွေးပြီး သူတို့အား ကြားမှဝင်၍ ဆွဲရန် ကြိုးစားတော့သည်။

ဝမ်လိဟုန်က ခေါင်းလှည့်ကာ သူမကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ "ဒီကနေ ထွက်သွားစမ်း၊ မျိုးမစစ်မလေး။ ညည်းအလှည့်ကို နောက်မှ ငါ ရှင်းမယ်။"

ချန်ပေါင်ကျူး၏ မျက်နှာမှာ တစ်ခဏလေးအတွင်းမှာတင် ဖြူလျော်သွားရသည်။

မိခင်ဖြစ်သူက သူမအား မျိုးမစစ် ဟု ခေါ်လိုက်တာပါလား။ သူမ အချစ်ဆုံးဖြစ်သော မိခင်က... သူမအား မျိုးမစစ်ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

ချန်ပေါင်ကျူးသည် မိမိမျက်စိရှေ့မှ လက်တွေ့ဘဝကို လုံးဝ လက်မခံနိုင်ဖြစ်ရသည်။ သူမသည် ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

ရုတ်တရက် သူမ၏ စိတ်ထဲတွင် နောင်တတရားများ အတိုင်းအတာမရှိ ပေါ်ပေါက်လာသည်။

အကယ်၍ သူမသာ မိခင်နှင့်အတူ ဤခရိုင်မြို့ငယ်လေးသို့ ထျဲလန်ယန်ကို လာမရှာခဲ့ပါက၊ မနာလိုစိတ်ဖြင့် ပြဿနာများ မရှာခဲ့ပါက... ဤကိစ္စရပ်များအားလုံး ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပါ။

…

ထျဲလန်ယန်က ဗီရိုပေါ်မှ အသံဖမ်းစက်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ပြဇာတ်ကို ခေတ္တမျှ ထိုင်ကြည့်ပြီးနောက် ထွက်ခွာလာခဲ့သည်။

ထူးဆန်းသော စမ်းရေတွင်းကိုလည်း ရရှိခဲ့ပြီ၊ ယွမ်ငါးရာလည်း လက်ဝယ်ရှိပြီဖြစ်သလို ကလဲ့စားလည်း ချေနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နောက်ဆက်တွဲကိစ္စရပ်များမှာ သူမနှင့် ဘာမှမဆိုင်တော့ပေ။

တည်းခိုခန်းမှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် အမာရွတ်လျို၏ နေရာသို့ သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် မည်သည့်ရုပ်ဖျက်ခြင်းမျှ မပြုလုပ်ဘဲ သူမ၏ ပကတိရုပ်သွင်အတိုင်း လူအများရှေ့သို့ တိုက်ရိုက် ပြသခဲ့သည်။

သူမကို မြင်လိုက်ရသောအခါ အမာရွတ်လျို၊ မျောက်ပျင်းနှင့် ငတုံးဥ ဟူသော ညီအစ်ကို သုံးဦးစလုံး ဆွံ့အသွားကြရသည်။ ဤ... ဤလူမှာ ယခင်က ၎င်းတို့အား အကြိမ်ကြိမ် ဓားပြတိုက်ခဲ့ဖူးသော ပညာတတ်လူငယ် အမျိုးသမီးနှင့် တူလှသည်။ သို့သော် ယခုမြင်ရသည်မှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုလှပနေခြင်း ဖြစ်သည်။

အမာရွတ်လျိုက နှစ်ချက်ခန့် ချောင်းဟန့်လိုက်သည်။ "အစ်မကြီး... မင်း... ဟုတ်ရဲ့လား။"

ထျဲလန်ယန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ "ကျွန်မပဲလေ။"

သွားပြီ။ ထိုအသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ငတုံးဥမှာ ချက်ချင်းပင် ခြေဖျားထောက်ကာ ထွက်ပြေးရန် ပြင်တော့သည်။

ထျဲလန်ယန်က လှမ်းခေါ်လိုက်သည်။ "ငတုံး... နင် ဘာလို့ ပြေးတာလဲ။"

ငတုံးက နှုတ်ခမ်းစူကာ ပြောခဲ့သည်။ "ကျွန်တော်... ခေါင်းအုံးအောက်မှာ သကြားလုံး ဝှက်ထားတာ... အစ်မကြီး ကျွန်တော့်ဆီက လုယူသွားမှာ ကြောက်လို့..."

ထျဲလန်ယန် - "ငါ မလုပါဘူး၊ ငါ့မှာ သကြားလုံးတွေ အများကြီး ရှိတယ်။"

ငတုံး၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ "တကယ်လား၊ မလုဘူးပေါ့နော်။ ဒါဆိုရင် ကျွန်တော် စိတ်ချလက်ချ စားလို့ရပြီ။"

ထိုသို့ပြောရင်း သူ၏ အိတ်ကပ်ထဲမှ အရည်ပျော်နေသော သကြားလုံးတစ်ဝက်ကို ထုတ်လိုက်သည်။

သူသည် ထျဲလန်ယန်အား မျက်နှာချိုသွေးသော အမူအရာဖြင့် ပေးလိုက်သည်။ "ဒီသကြားလုံးကို အစ်မကြီး စားလိုက်ပါ။ ကျွန်တော် သိမ်းထားတာ သုံးရက်ရှိပြီ၊ နည်းနည်းတော့ စေးကပ်ကပ် ဖြစ်နေတယ်..."

ထျဲလန်ယန် - ......

"ငတုံး... မီးဖိုချောင်ထဲမှာ ပေါက်စီတွေ ပေါင်းထားတယ်၊ သွားစားတော့။"

မျောက်ပျင်းသည် ထျဲလန်ယန် ဒေါသထွက်ပြီး သူတို့အား ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် ငတုံးဥကို အမြန် ခေါ်ထုတ်သွားခဲ့သည်။

လူစုခွဲလိုက်ပြီးနောက် သူသည် ထျဲလန်ယန်အား အားနာပါးနာ အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "အစ်မကြီး... မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ ကျွန်တော်တို့ကို ဘာခိုင်းမလို့လဲဟင်။ ကျွန်တော်တို့တွေ အခု ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်နေပါပြီ၊ ဘာအမှားမှ မလုပ်ထားပါဘူး။"

အဘယ်ကြောင့်ဆိုသော် ထျဲလန်ယန်သည် ယခင်က အစ်ကိုနန် အဖြစ် အမြဲတမ်း ရုပ်ဖျက်ခဲ့သဖြင့် သူတို့နှစ်ဦးမှာ တစ်ဦးတည်း ဖြစ်ကြောင်း ညီအစ်ကို သုံးဦးစလုံး မသိကြပေ။

All Chapters