← Chapters

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အပိုင်း ( ၉၃၁ ) အလင်းရဲ့ ပြိုင်ဘက်

စစ်မှန်တဲ့ အမှောင်ထု ဆိုတာ အလင်းနဲ့ အရိပ်တွေကြားက ဆက်နွယ်မှု နဲ့ မတူဘဲ ကွဲပြားခြားနားပါတယ်..။

အရိပ်တွေဆိုတာက အလင်းကို ကာဆီးထားတဲ့ နေရာမျိုး ဒါမှမဟုတ် အလင်းမရောက်နိုင်တဲ့ နေရာမျိုးမှာ တည်ရှိနေတတ်တာပါ..။တကယ်လို့ အရိပ်ကသာ ကြီးမားပြီး နက်ရှိုင်းနေမယ်ဆိုရင် လူတွေက အမှောင်ထုလို့ မှားယွင်းတွေးတောတတ်ကြပေမယ့် တကယ်တမ်းကျတော့ အလင်းမရှိတဲ့ သဘောတရားသက်သက်ပါပဲ..။

သို့ပေမယ့် စစ်မှန်တဲ့ အမှောင်ထုကတော့ အဲ့ဒါထက် ပိုပါတယ်..။ အဲဒါက သူ့ဖန်တီးမှုနဲ့သူ ရှိနေတဲ့ အခြေခံစွမ်းအားတစ်ခု ဖြစ်ပြီး အလင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်သလို သီးခြားလည်း တည်ရှိနေတာပါ..။သန့်စင်တဲ့ အမှောင်ထုက အလင်းမရှိရုံသက်သက်တင် မဟုတ်ဘဲ အလင်းရဲ့ ပြိုင်ဘက် ဖြစ်နေခဲ့တယ်..။

ပြီးတော့ အလင်းနဲ့ အရိပ်က အမြဲတမ်း ဒွန်တွဲနေတတ်တာကြောင့် ထူးဆန်းတယ်လို့ ထင်ရပေမယ့် အမှောင်ထုက အရိပ်တွေရဲ့ ရန်သူလည်း ဖြစ်နေပြန်ပါတယ်..။

ဒါကြောင့်မလို့ ဆန်နီက အမှောင်ထုရဲ့ တည်ရှိမှုကို သိလိုက်ရတဲ့အချိန်မှာ မသက်မသာဖြစ်တဲ့ အကြောက်တရားကို ရုတ်တရက် ခံစားလိုက်ရတာပါ..။

စစ်မှန်တဲ့ အမှောင်ထုက အရမ်းကို ရှားပါးပြီး ဆန်းကြယ်လွန်းလှပါတယ်..။ သူ ဒါမျိုးကို အရင်က တစ်ကြိမ်ပဲ ကြုံဖူးတာပါ..။ အဲ့ဒါကတော့ ပျက်စီးနေတဲ့ အမှောင်မြို့တော် ရဲ့ ဘုရားကျောင်းပျက်ထဲမှာ ဖြစ်ပြီး ဘုရားကျောင်းရဲ့ အစောင့်အရှောက် ဖြစ်တဲ့… စွန့်ပစ်ခံသူရဲကောင်း က အမှောင်ထုကို မွေးဖွားသန့်စင်ပြီး ထိန်းချုပ်ထားခဲ့တာပါပဲ..။အဲ့ငနဲ သူ့ကို ဝက်တစ်ကောင်လိုမျိုး ဗိုက်ခွဲနိုင်ခဲ့တဲ့ သားရဲ ဆိုရင်လည်း မမှားပါဘူး..။

တကယ်တော့ အဲ့တုန်းက ကံဆိုးမိုးမှောင်ကျခဲ့ရတာက .. ကျရှုံးမှုအဆင့် နတ်ဆိုး အသုံးပြုခဲ့တဲ့ အမှောင်ထုကြောင့် ဖြစ်ပါတယ်..။ အဲဒီ အမှောင်ထုရဲ့ ဖုံးကွယ်မှုသာ မရှိရင် ဆန်နီအနေနဲ့ အနက်ရောင်သူရဲကောင်းကို သူ့အနားအထိ ကပ်လာအောင် ခွင့်ပြုမိမှာ မဟုတ်ပါဘူး..။

ဘာဖြစ်လို့လဲဆိုတော့ အရိပ်မှန်သမျှကို ထိုးဖောက်မြင်နိုင်တဲ့ သူ့ရဲ့ မျက်လုံးတွေက စစ်မှန်တဲ့ အမှောင်ထုထဲမှာတော့ သာမန်လူသားတစ်ယောက်လိုပဲ လုံးဝ မမြင်ရတော့လို့ပါ..။ ဆန်နီက အမှောင်ထုထဲမှာ ချဉ်းကပ်လာတဲ့ စွန့်ပစ်ခံသူရဲကောင်းကို မမြင်ခဲ့ရသလို အခုလည်း ဥမင်လိုဏ်ခေါင်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို မမြင်နိုင်တော့ပါဘူး..။

ပိုပြီး ဆိုးတာက…

ဘုရားကျောင်းပျက်ထဲက ကျရှုံးမှုအဆင့် နတ်ဆိုး ထိန်းချုပ်ခဲ့တာက စစ်မှန်တဲ့ အမှောင်ထု အနည်းငယ်ပဲ ရှိတာပါ..။ သို့ပေမယ့် အခု ဒီ ဥမင်လိုဏ်ခေါင်းထဲမှာတော့… အမှောင်ထုတွေက သမုဒ္ဒရာကြီးတစ်ခုလို ပြည့်နှက်နေခဲ့ပါတယ်..။

ဆန်နီ မျက်နှာ ပျက်သွားခဲ့တယ်..။

‘ကောင်းပြီလေ… ဒီထဲမှာ ဘာသားရဲမှ မရှိပါစေနဲ့ဆိုတဲ့ မျှော်လင့်ချက်ကတော့ ပြီးသွားပြီ…’

သူက ကင်းသမားတွေအနားမှာ မိနစ်အနည်းငယ်လောက် ဆက်ရပ်နေပြီးမှ လှည့်ပြန်လာခဲ့ပြီး ပင်ပန်းနွမ်းနယ်စွာနဲ့ပဲ ရိုင်နို ဆီကို လျှောက်လှမ်းခဲ့လိုက်တယ်..။

“ငါတို့ ဒီနေရာမှာ နာရီအနည်းငယ်လောက် နားကြမယ်…”

ဘာပဲဖြစ်ဖြစ် ယာဉ်တန်းကြီးက ရှေ့ဆက်သွားဖို့ အခြေအနေ မရှိသေးပါဘူး..။ ကားတွေကို ပြုပြင်ဖို့ လိုအပ်သလို ဒဏ်ရာရထားတဲ့လူတွေကိုလည်း ကုသပေးရပါဦးမယ်..။ လူတွေက အသည်းအသန် အနားယူဖို့ လိုအပ်နေတာပါ..။

ပြီးတော့ ဝါးမြိုခြင်း တိမ်တိုက်ကြီး မထွက်ခွာသွားခင် ဥမင်လိုဏ်ခေါင်းထဲကနေ ထွက်လိုက်တော့ရော ဘာကောင်းမှာမလို့လဲ..။ သားရဲအုပ်ကြီး ဖြတ်ကျော်သွားတဲ့အထိ သူတို့ စောင့်ဆိုင်းရပါလိမ့်မယ်..။

ဆန်နီ ကိုယ်တိုင်လည်း အားအင်ကုန်ခမ်းနေခဲ့ပါပြီ..။

သူက ရိုင်နို ထဲကို ဝင်လိုက်ပြီး အနားယူတဲ့နေရာက ထိုင်ခုံတစ်ခုပေါ်မှာ လှဲချကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။

‘ငါတို့က ဆီပူအိုးထဲကနေ ရုန်းထွက်ပြီး မီးပုံထဲကို တန်းတန်းမတ်မတ် ခုန်ဆင်းမိသလိုမျိုး ဘာလို့ ခံစားနေရတာလဲ…’

သူ မြေအောက်ကို ဆင်းတဲ့ အခါတိုင်းတိုင်း ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာခဲ့ပါဘူး…။ ဆန်နီ မြေအောက်လမ်းတွေနဲ့ ဥမင်တွေထဲကို ရောက်တိုင်းမှာ တစ်ခုခုက အမြဲတမ်း စောင့်ကြိုနေတတ်တာပါ..။ သူ့ရဲ့ မြေအောက်လမ်းတွေနဲ့ ဥမင်တွေအပေါ် မယုံကြည်မှုက ပင်လယ်ပြင်ကို မုန်းတီးတာနဲ့ အပြိုင်အဆိုင်ပါပဲ..။

အနည်းဆုံးတော့ ဥမင်လိုဏ်ခေါင်းက ခြောက်သွေ့နေပုံရပါတယ်..။

ဆန်နီက မကျေမနပ်ဖြစ်နေတဲ့ စိတ်ကို လွှတ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ အဆီအနှစ် အနည်းငယ်ကို လှည့်ပတ်စီးဆင်းစေဖို့ အာရုံစိုက်လိုက်တယ်..။

နောက်ထပ် ဘာတွေပဲဖြစ်လာပါစေ သူ အဆင်သင့် ဖြစ်နေရပါမယ်..။

ဆမ်မာရာ က သူမရဲ့ အဆီအနှစ်တွေ လုံးဝကုန်ခမ်းသွားတာကြောင့် ပြန်လည်သက်သာအောင် လုပ်နေရပြီး ချီတင် ကတော့ ဒဏ်ရာရနေတဲ့ စစ်သားတွေကို ကုသပေးဖို့ အလုပ်ရှုပ်နေခဲ့တယ်..။ ကင်မ် နဲ့ လူစတာ တို့ကတော့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်..။ အိပ်စက်သူ ကတော့ ဝါးမြိုခြင်း တိမ်တိုက်ဆီကနေ ထွက်ပြေးစဉ်အတွင်း အသုံးပြုခဲ့တဲ့ ကျည်ဆန်တွေနေရာမှာ အစားထိုးဖို့ အဆိပ်လူးကျည်ဆန် အသစ်တွေကို ပြုလုပ်နေခဲ့တယ်…။ ဆာဂျင် ဂီရီ ရဲ့ ခဲယမ်းမီးကျောက် လက်ကျန်က ကျည်တစ်တောင့်ချင်းစီကို တန်ဖိုးထားသုံးရမယ့် အခြေအနေကို ရောက်လာခဲ့ပါပြီ..။

ဘယ်လီ နဲ့ ဒွန်း တို့နှစ်ယောက်ပဲ ဘာမှလုပ်စရာ မရှိဖြစ်နေခဲ့တာကြောင့် ဆန်နီက ကင်းထောက်တာဝန်အတွက် သူတို့နှစ်ယောက်ကို လိုက်ပါဖို့ ရွေးချယ်လိုက်ပါတယ်..။ သူက ဥမင်လိုဏ်ခေါင်းရဲ့ ထွက်ပေါက်က ဘယ်လောက်အထိ ဝေးလဲဆိုတာကို သိချင်နေတာဖြစ်ပြီး တကယ်လို့ အတိအကျ မသိရရင်တောင် ယာဉ်တန်းကြီးကို ရှေ့ဆက်မမောင်းခင် ကြိုတင်စူးစမ်းချင် နေခဲ့တာပါ..။

ဥမင်လိုဏ်ခေါင်းက ဘယ်လောက်အထိ ရှည်လဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး..။ အန္တာတိက အလယ်ပိုင်းမှာတော့ တောင်တန်းတွေကို ဖြတ်ပြီး ဖောက်ထားတဲ့ ဥမင်တွေ အများကြီး ရှိနေခဲ့တယ်..။ ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က လမ်းတည့်တည့် ဖောက်ဖို့ အလွန် ခက်ခဲလွန်းတာကြောင့်ပါ..။ လမ်းတစ်ခုက လှည့်ပတ်သွားဖို့ အရမ်းကျယ်ပြန့်တဲ့ တောင် တစ်ခုနဲ့ တွေ့တဲ့အခါတိုင်း လူတွေက တောင်ကိုဖြတ်ပြီး လမ်းဖြတ်ဖောက်ဖို့ ကိုပဲ စဥ်းစားလေ့ ရှိကြပါတယ်..။

ရလဒ်အနေနဲ့ ဥမင်တွေရဲ့ အရှည်က မီတာအနည်းငယ်ကနေ ဆယ်ကီလိုမီတာ ဒါမှမဟုတ် အဲ့ထက်မက အလွန် ရှည်လျားတတ်ကြတယ်..။ ဥမင်အများစုကို အမှောင်ကာလ တွေ အတွင်းမှာ ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်..။ နောက်ပိုင်းမှာ စဉ်ဆက်မပြတ် စစ်ပွဲတွေ၊ သဘာဝပတ်ဝန်းကျင် ကပ်ဘေးတွေနဲ့ အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ သက်ရောက်မှုတွေကြောင့် လူဦးရေ လျော့နည်းသွားခဲ့ပြီး အင်အားနည်းတဲ့ လူတွေက ကာကွယ်ရလွယ်ကူတဲ့ မြို့ကြီးအနည်းငယ်ထဲမှာပဲ စုစည်းနေထိုင်ခဲ့ကြတာကြောင့် တောင်ပေါ်လမ်းအများစုက အသုံးမပြုတော့ဘဲ စွန့်ပစ်ခြင်း ခံခဲ့ရပါတယ်..။

ဒါကြောင့်မလို့ ဒီဥမင်လိုဏ်ခေါင်းအကြောင်း ဘာအချက်အလက်မှ မရှိကြတာပါ..။ အရှည်က မီတာအနည်းငယ်ပဲ ရှိနိုင်သလို ကီလိုမီတာ အနည်းငယ်အထိလည်း ရှည်လျားနိုင်တာပါပဲ..။ ဒေသတွင်း မြေမျက်နှာသွင်ပြင်ကို ထည့်တွက်ကြည့်ရင်တော့ နောက်ဆုံးအချက်က အမှန်တရားနဲ့ ပိုနီးစပ်လိမ့်မယ်လို့ ဆန်နီ သံသယဝင်မိတယ်..။

သူက ရက်စက်သော မြင်ကွင်း ကို ဆင့်ခေါ်လိုက်ပြီး ဘယ်လီနဲ့ ဒွန်းကို လှမ်းကြည့်လိုက်တယ်..။

“မင်းတို့ အဆင်သင့် ဖြစ်ပြီလား…”

သူတို့ ခေါင်းညိတ်ပြခဲ့ကြတယ်..။

“ဟုတ်ကဲ့ပါ… ဆရာ…”

သူတို့က ရိုင်နို ရဲ့ အရှေ့ဘက်မှာ ရပ်နေခဲ့ကြတာပါ..။ လူအနည်းငယ်က အထူးတပ်ဖွဲ့ဝင် သုံးယောက်ကို လှမ်းကြည့်နေကြပေမယ့် ပရော်ဖက်ဆာ အိုဘယ် တစ်ယောက်ပဲ သူတို့ကို လိုက်ပို့ဖို့ အနား ရောက်လာခဲ့ပါတယ်..။

“သတိထားကြပါ… လူငယ်တို့..။ ဒီလိုနေရာမျိုးက တော်တော်လေး အန္တရာယ်များနိုင်တယ်..။ ပြီးတော့ မီးနဲ့ပတ်သက်တဲ့ မှတ်သားမူ တွေ ဒါမှမဟုတ် စွမ်းရည်တွေကို မသုံးကြပါနဲ့ဦး… အခု ငါတို့က မြေအောက်ထဲ ရောက်နေတာဆိုတော့ ဒါက အောက်ဆီဂျင်တွေ အကုန်လောင်ကျွမ်းသွားဖို့က အရမ်းလွယ်ကူလိမ့်မယ်…”

ဆန်နီက အပြင်ပန်းမှာ ယုံကြည်မှုရှိတဲ့ ပုံစံပြနေပေမယ့် စိုးရိမ်စိတ်အချို့ကို ဖုံးကွယ်ထားရင်း

အဘိုးအိုကို ကြည့်လိုက်တယ်..။

“ကျွန်တော်တို့ သိထားရမယ့် တခြားအရာ ရှိသေးလား…”

ပရော်ဖက်ဆာ အိုဘယ်က ခနလောက် စဉ်းစားပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။

“ဒီဥမင်တွေထဲက အများစုက… အချင်းချင်း စစ်ပွဲဖြစ်ပွားခဲ့တဲ့ နောက်ဆုံးအဆင့်တွေမှာ ဗုံးခိုကျင်းအဖြစ် အသုံးပြုဖို့ တည်ဆောက်ထားခဲ့ကြတာ..။ အဲ့တုန်းက နာမည်တွေကိုတော့ မင်းတို့ကို ပြောလည်း သိပ်သိမှာမဟုတ်ဘူး..။ အတိုချုပ်ပြောရရင်တော့ ဥမင်ရဲ့ တည်ဆောက်ပုံက လူတွေ ထင်ထားသလိုမျိုး ရိုးရိုးရှင်းရှင်းကြီး ဖြစ်မနေတာကို တွေ့ရလိမ့်မယ်…”

ဆန်နီ သက်ပြင်းချလိုက်မိတယ်..။

“ကောင်းပါပြီ..။ ဒါဆို ကျွန်တော်တို့ သွားတော့မယ်..။ တကယ်လို့ ကျွန်တော်တို့ နာရီဝက်လောက်အထိ ပြန်မလာခဲ့ရင်တော့… ကောင်းပြီလေ.. မလိမ်ညာတမ်း ပြောရရင် တစ်ခုခုက ကျွန်တော်တို့ကို သတ်နိုင်ခဲ့တယ်ဆိုရင် ပရော်ဖက်ဆာ တို့အားလုံးလည်း မကြာခင် သေကြရမှာပဲ..။ ဒါ့ကြောင့် အဲ့အချိန်ကျရင် လုပ်နိုင်တာ ဘာမှ ရှိမှာမဟုတ်တော့ဘူး…”

သူက အားပေးတဲ့ အပြုံးမျိုးကို အတင်းအကြပ် ပြုံးဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လှည့်ထွက်ခဲ့လိုက်တယ်..။

ဆန်နီ နဲ့ သူ့လူတွေဟာ အလင်းပေးနိုင်တဲ့ မှတ်သားမူ တွေကို ကိုင်ဆောင်ထားရင်း စိုးရိမ်နေကြတဲ့ ကင်းသမားတွေကို ဖြတ်ကျော်ကာ နောက်ပြန်မလှည့်ဘဲ အမှောင်ထုထဲကို တိုးဝင်သွားခဲ့ကြပါတော့တယ်..။

အပိုင်း ( ၉၃၁ ) ပြီး၏။

အပိုင်း ( ၉၃၂ ) ဘာမှမမြင်ရခြင်း

ဆန်နီဟာ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ရှေ့ကနေ ကြိုတင်ကင်းထောက်ဖို့ ၊ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို စူးစမ်းဖို့နဲ့ ပုန်းကွယ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ရှာဖွေဖို့အတွက် သူ့ရဲ့ အရိပ်တွေကို အသုံးပြုရတာ အသားကျနေခဲ့တာပါ..။ သို့ပေမယ့် အခုတစ်ကြိမ်မှာတော့ သူ အဲလိုမလုပ်နိုင်ခဲ့ပါဘူး…။ အကြောင်းရင်းကတော့ စစ်မှန်တဲ့ အမှောင်ထုရဲ့ ရင်ခွင်ထဲမှာ အရိပ်တွေဟာလည်း သူလိုပဲ ဘာမှမမြင်ရတာကြောင့်ပါ..။

ဥမင်လိုဏ်ခေါင်းထဲကို ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းလာတာနဲ့အမျှ...သူက ချက်ချင်းဆိုသလို စိတ်မသက်မသာ ဖြစ်လာပြီး အကာအကွယ်မဲ့နေသလို ခံစားလိုက်ရတယ်..။ အခြေအနေတွေက ဆန်နီ တွေးထားတာထက် ပိုပြီးတော့တောင် ဆိုးဝါးနေခဲ့တာပါ..။ သူ့ရဲ့ အမြင်အာရုံဟာ အလင်းပေးနိုင်တဲ့ မှတ်သားမူ တွေကနေ ထွက်ပေါ်လာတဲ့ ကျဉ်းမြောင်းတဲ့ အလင်းစက်ဝိုင်းရဲ့ အပြင်ဘက်က ဘယ်အရာကိုမှ မမြင်ရတော့ပါဘူး။သူက သာမန်လူသားတစ်ယောက်လို မြင်ကွင်းတစ်ခုတည်းမှာတင် ရုတ်တရက် ကန့်သတ်ခြင်း ခံလိုက်ရတယ်။

အရိပ်တွေရဲ့ ပုံသဏ္ဌာန်နဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကပါ ပျက်စီးသွားခဲ့တာပါ..။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်ထုထဲမှာ ဘာအရိပ်မှ တည်ရှိမနေလို့ပဲ ဖြစ်ပါတယ်..။

သူ့ရဲ့ အရိပ်အာရုံခံမူ စွမ်းရည်က သူ့ခန္ဓာကိုယ်ထဲမှာ ဒုတိယသဘာဝတစ်ခုလို စွဲမြဲနေခဲ့တာကြောင့်..အခုလို ပျောက်ကွယ်သွားတဲ့အချိန်မှာ ဆန်နီဟာ မျက်စိကန်းသွားသလို ခံစားနေခဲ့ရတယ်..။ သူက မျက်စိနဲ့ နားကို ရုတ်တရက် ဆုံးရှုံးလိုက်ရသလိုပါပဲ..။ တစ်ကမ္ဘာလုံးက ထူးဆန်းပြီး မရှင်းမလင်းနဲ့ ရှုပ်ထွေးနေသလို ဖြစ်နေခဲ့တယ်..။

ဒီရုတ်တရက် ပြောင်းလဲမှုက အရမ်းကို ပြင်းထန်လွန်းတာကြောင့် သူ ဟန်ချက်ပျက်လုနီးပါးတောင် ..ဖြစ်သွားခဲ့ပါတယ်..။

‘ချီးပဲ…’

တစ်သက်လုံး ဒီလိုပဲ ရှင်သန်လာခဲ့ကြတဲ့

ဘယ်လီနဲ့ ဒွန်းကတော့ စိတ်အနှောင့်အယှက် ဖြစ်ပုံမရကြပါဘူး..။ဒါပေါ့… သူတို့တွေက

ကင်မ် မကြာခန မျှဝေပေးတတ်တဲ့ အမှောင်ထဲမှာ မြင်နိုင်စွမ်းတဲ့ စွမ်းရည်ကို အနည်းငယ် အမှီပြုလာကြတယ် ဆိုပေမယ့် အဲဒါက သူတို့ရဲ့ ဒုတိယ သဘာဝ ဖြစ်သွားတဲ့အထိတော့ မဟုတ်သေးပေ..။

ဆန်နီကတော့ ဒီလိုမဟုတ်ပေ..

သူက လမ်းပျောက်နေခဲ့ပြီး လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားနေရတာပါ..။

‘တကယ်ကို ဆိုးရွားလွန်းတယ်…’

သူက မျက်မှောင်ကြုတ်ရင်း ရက်စက်သော မြင်ကွင်း ရဲ့ လက်ကိုင်ကို ပိုပြီး ကျစ်ကျစ်ပါအောင် ကိုင်ထားကာ ဆက်ပြီး လျှောက်လှမ်းနေခဲ့တယ်..။ ဒီလှံရှည်ရဲ့ ဓားသွားက အခုထိ လင်းလက် မလာသေးပါဘူး… ။ဒါက နောင်တစ်ချိန်မှာ လိုအပ်လာနိုင်တာကြောင့် အထူးတပ်ဖွဲ့ ဝင်တွေရဲ့ မီးအိမ်တွေကနေ ထွက်လာတဲ့ အလင်းအချို့ကို စုပ်ယူနေခဲ့တာပါ..။

ဥမင်လိုဏ်ခေါင်းက ယာဉ်နှစ်စီး ဘေးချင်းယှဉ်ပြီး အေးအေးဆေးဆေး ဖြတ်မောင်းသွားနိုင်လောက်အောင် ကျယ်ပြန့်ပြီး လုံးဝကို တိတ်ဆိတ် နေခဲ့တယ်..။ထွင်းဖောက်မမြင်ရတဲ့အမှောင်ထုကလွဲလို့ ဘာမှမရှိတဲ့ ဥမင်ကြီးထဲမှာ သူတို့ရဲ့ ခြေသံတွေက.. အေးစက်တဲ့ ကျောက်တံတိုင်းတွေကနေ ပဲ့တင်ထပ် နေခဲ့ပါတယ်..။

ဆန်နီက ဘယ်လီနဲ့ ဒွန်းကို မကျေမနပ်နဲ့ လှမ်းကြည့်လိုက်တယ်..။ သူက အမှောင်မြို့တော် ထဲမှာ သန်မာတဲ့ သားရဲတွေကို လနဲ့ချီပြီး အမဲလိုက်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဘယ်သူမှ သတိမထားမိအောင် အသံမထွက်ဘဲ လမ်းလျှောက်နေတာပါ..။ သို့ပေမယ့် ရှေ့တန်းက တိုက်ခိုက်ရေးသမား နှစ်ယောက်ကတော့ အသံတိတ် သွားလာတဲ့နေရာမှာ ကျွမ်းကျင်မှုမရှိသလို သူတို့ရဲ့ ဝတ်စုံတွေကလည်း အဲ့ဒီအတွက် အဆင်မပြေလှပါဘူး..။

‘ငါတို့ ရှိနေတဲ့နေရာက ဒီမှာပါ ဆိုပြီး လူတိုင်းကို… အရာရာတိုင်းကို အသိပေးနေသလိုဖြစ်နေပြီ…။ဒါက စိတ်ထဲ တစ်မျိုးကြီး ပဲ…’

အိပ်မက်ဆိုး သတ္တဝါ အများစုဟာ အလင်းမရှိတဲ့နေရာမှာ ကမ္ဘာကြီးကို အာရုံခံနိုင်တဲ့ နည်းလမ်းအချို့ ရှိကြပေမယ့် သူကတော့ သားကောင်ကို မမြင်ရအောင် ချောင်းမြောင်း အမဲလိုက်ရတာကိုပဲ ပိုပြီး အသားကျပါတယ်..။ သို့ပေမယ့် အခုဆိုရင် အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ… ။ဆန်နီဟာ

အမှောင်ထုထဲမှာ ပုန်းကွယ်နေတဲ့ ဘယ်သတ္တဝါကို မဆို အသနားခံရတော့မှာပါ။

ပြီးတော့ ဒီထဲမှာ တစ်ခုခု ရှိနေမှာကတော့ သံသယဖြစ်စရာ မလိုပါဘူး..။

ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ အမှောင်ထုဆိုတာ အလကားနေရင်း ပေါ်လာတာ မဟုတ်ပေ..။

‘ဒီတစ်ကြိမ်မှာ ငါ ဘယ်လိုဆိုးရွားတဲ့ ထိတ်လန့်စရာ သားရဲနဲ့ တိုက်ခိုက်ရဦးမှာလဲ…’

သူတို့က ဥမင်လိုဏ်ခေါင်းရဲ့ တံတိုင်းနံရံကို ကပ်ပြီး ဂရုတစိုက်နဲ့ ရှေ့ကို ရွေ့လျားခဲ့ကြတယ်..။ မိနစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက်မှာတော့ ဆယ်မိနစ်လောက် ထပ်ကြာသွားခဲ့ပါပြီ..။ ဆန်နီ အကြောက်ဆုံးအရာကတော့ ဖြစ်မလာခဲ့ပေ… ။သူတို့ကို ဘယ်အရာကမှ တိုက်ခိုက်မလာခဲ့သလို ယာဉ်တန်းကြီးရဲ့ ထွက်ပေါက်ကို ပိတ်ဆို့ထားနိုင်တဲ့.. ဥမင်လိုဏ်ခေါင်း ပြိုကျနေတာမျိုးလည်း မရှိခဲ့ပါဘူး..။

ပြီးတော့ ထွက်ပေါက်ရဲ့ အရိပ်အယောင်လည်း မတွေ့ရသေးပေ..။

ဥမင်လိုဏ်ခေါင်းက ပြီးဆုံးခြင်းမရှိဘဲ လုံးဝ တိတ်ဆိတ်ပြီး ရှေ့ကိုသာ ဖြောင့်တန်းနေခဲ့တာပါ..။ အချိန်အတော်ကြာပြီးနောက်မှာတော့

ဆန်နီက သူ့ရဲ့ မသက်မသာဖြစ်မှုကို ဖယ်ထုတ်နိုင်ခဲ့ပြီး..ပြင်းထန်စွာ ပျက်စီးသွားတဲ့ အာရုံခံစားမှုကို အတတ်နိုင်ဆုံး ပြန်ညှိယူနိုင်ခဲ့တယ်..။

ဒါပေမယ့် ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတုန်းပါပဲ..။

သူတို့တွေက ဘယ်လို ခြိမ်းခြောက်မှုနဲ့မှ မကြုံတွေ့ရဘဲ နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပါတယ်..။

“ငါတို့ ဘယ်လောက်ထိအောင် လျှောက်လာခဲ့ပြီလဲ…”

ဘယ်လီနဲ့ ဒွန်းက ခနလောက် စဉ်းစားလိုက်ကြတယ်..။လူသန်ကြီးက ပုခုံးတွန့်ပြလိုက်ပြီး..

“သုံးကီလိုမီတာလောက်လား… အဲ့ထက်တော့ နည်းနိုင်တယ်…”

ဆန်နီရဲ့ မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ မျက်မှောင်ကျုတ်မှုတစ်ခု ပေါ်လာခဲ့တယ်..။

သုံးကီလိုမီတာဆိုတာက နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး..။ဒါပေါ့… အပြင်မှာ ဒီထက် အများကြီး ပိုရှည်တဲ့ ဥမင်လိုဏ်ခေါင်းတွေ ရှိနေခဲ့တာပါပဲ…။ ဥမင် ရဲ့ ကြမ်းပြင်ကလည်း ညီညာနေပုံရပြီး အပေါ်ကို တက်တာ ဒါမှမဟုတ် အောက်ကို ဆင်းတာမျိုး ရှိမနေခဲ့ပေ..။

ဒါတောင်မှ သူတို့ အခုထိ တိုက်ခိုက်မခံရသေးတာက ထူးဆန်းနေခဲ့ပါတယ်..။

“…မျက်လုံးကို သေချာ ဖွင့်ထားကြ…”

သေးငယ်တဲ့ ကင်းထောက်အဖွဲ့လေးက ရှေ့ကို ဆက်သွားခဲ့ကြတယ်..။ အချိန်အတော်ကြာပြီးနောက်မှာတော့ သူတို့တွေက တောင်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေဆီကို ဦးတည်နေတဲ့ ဥမင်လိုဏ်ခေါင်း နံရံက အပေါက်ငယ်တစ်ခုကိုတွေ့လိုက်ရပါတယ်..။ ကျဉ်းမြောင်းတဲ့ လမ်းခွဲတစ်ခုက စစ်မှန်တဲ့ အမှောင်ထုထဲမှာပဲ နစ်မြုပ်နေခဲ့တာပါ..။

ဆန်နီက ဒီအနားမှာ ရပ်နေရင်း အဝေးကနေ မြည်ဟည်းသံလိုမျိုး ကြားနေရတယ်လို့ ထင်လိုက်မိတယ်..။ သို့ပေမယ့် ခနအကြာမှာတော့ ဒီအသံက ပျောက်ကွယ်သွားခဲ့ပြီး ဒွန်းရဲ့ အသံက ဝင်ရောက်လာခဲ့ပါတယ်..။

“ဒါက ပရော်ဖက်ဆာ အိုဘယ် ပြောခဲ့တဲ့ အပို ဥမင်လိုဏ်ခေါင်း လမ်းခွဲတွေထဲက တစ်ခု ဖြစ်ရမယ်..။ အဏုမြူစစ်ပွဲ ဖြစ်လာခဲ့ရင် လူတွေကို ခိုလှုံခွင့်ပေးဖို့အတွက် ဖောက်ထားတဲ့ လမ်းကွန်ရက်တွေက တောင်ထဲမှာ ရှိနေနိုင်တယ်လေ…”

ဘယ်လီက သူ့ခေါင်းနောက်ကို ကုတ်လိုက်တယ်..။

“လူတွေကို သတ်ဖို့ ဘယ်သူက အဏုမြူဗုံး သုံးမှာလဲ…။ဇီဝလက်နက်တွေက ပိုပြီးတော့တောင် ထိရောက်သေးတယ် မဟုတ်ဘူးလား…”

ဆန်နီက သူ့ကို နက်မှောင်စွာ ကြည့်လိုက်တယ်..။

“ငါ အဲဒါကို ဥရောပကို သွားပြောပေးမယ်…”

အဲ့အချိန်မှာပဲ ဒွန်းက ချောင်းဟန့်လိုက်တယ်..။

“တကယ်တော့ ကပ္ပတိန်… သူတို့တွေရဲ့ ဥရောပမှာ အဏုမြူရော ဇီဝလက်နက်ပါ နှစ်ခုလုံးကို သုံးခဲ့ကြတာလေ…”

‘အော်…’

ကောင်းပြီလေ… ဆန်နီက ကောင်းမွန်တဲ့ ပညာရေးကို ရရှိခဲ့တာ မဟုတ်ပါဘူး..။ မာစတာ ဂျက် နဲ့ ကံကြမ္မာ အကြောင်း စကားမပြောဖြစ်ခင်တုန်းက မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း ကလွဲလို့ တခြားနေရာတွေ ရှိနေသေးတယ်ဆိုတာကို သူ မသိသလောက်ဖြစ်နေခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် သူက ဥမင်လိုဏ်ခေါင်းရဲ့ ဘေးလမ်းခွဲကို စူးစမ်းရမလား ဒါမှမဟုတ် ပင်မလမ်းအတိုင်း ရှေ့ကို ဆက်သွားရမလားဆိုတာ ဆုံးဖြတ်ရပါမယ်..။ နောက်ဆုံးမှာတော့ သူက လက်ရှိလမ်းကြောင်းအတိုင်းပဲ သွားဖို့ ရွေးချယ်လိုက်ပါတယ်..။

စွန့်ပစ်ထားတဲ့ လမ်းဟောင်းတွေရဲ့ ကွန်ရက်ထဲမှာ ဘာတွေပဲ ရှိနေရှိနေ သူ တကယ်ကို ဂရုမစိုက်ပါဘူး..။ ယာဉ်တန်းကြီးက ဘေးကင်းကင်းနဲ့ ဖြတ်မောင်းသွားနိုင်ပြီး ထွက်ပေါက်ကို ရောက်ရှိနိုင်သရွေ့တော့ ဆန်နီအနေနဲ့ သိနေဖို့ မလိုအပ်ပေ..။

သူတို့ လမ်းလျှောက်ခဲ့ကြတယ်.. လျှောက်ခဲ့ကြတယ်.. ပြီးတော့ ဆက်လျှောက်ခဲ့ကြတယ်..။

…ဒါပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး..။

တစ်နေရာ အရောက်မှာတော့ အမှောင်ထုထဲကနေ သူတို့ကို ရုတ်တရက် ခုန်အုပ်တိုက်ခိုက်လာမယ့် အိပ်မက်ဆိုး သတ္တဝါ တွေ မရှိတာက ဆန်နီကို ပိုပြီး စိုးရိမ်ပူပန်လာစေခဲ့တယ်..။

‘ဒါက အရမ်းကို ခြောက်ခြားဖို့ ကောင်းလွန်းတာပဲ…’

နောက်ဆုံးမှာတော့ သူတို့က ဘာခြိမ်းခြောက်မှုကိုမှ မတွေ့ရဘဲ တစ်နာရီဆိုတဲ့ အချိန်ကို ကျော်လွန်သွားခဲ့ပါပြီ… ။သူတို့ဟာ စစ်မှန်တဲ့ အမှောင်ထုရဲ့ မြစ်ဖျားခံရာကိုလည်း မတွေ့ရသလို၊ ဥမင်လိုဏ်ခေါင်းထဲမှာ အသိုက်လုပ်နေနိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကိုလည်း မတွေ့ရပါဘူး…။ထွက်ပေါက်ကိုလည်း အခုထိ မတွေ့ရသေးပေ..။ အဲတာက အရိပ်အယောင်တောင် မရှိသလိုပါပဲ..။

“ရပ်လိုက်ဦး…”

ဆန်နီက ရှေ့ကို ကြည့်ရင်း မျက်မှောင်ကျုတ်လိုက်တယ်..။

သူ့ရှေ့မှာတော့ အမှောင်ထုကလွဲလို့ ဘာမှမရှိပါဘူး..။

နောက်ဆုံးမှာတော့ သူ သက်ပြင်းချပြီး လှည့်ပြန်ခဲ့လိုက်တယ်..။ ဒီကင်းထောက်တာဝန်က ထူးခြားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်သလို ထူးခြားတဲ့ ရှုံးနိမ့်မူ တစ်ခုလည်း ဖြစ်နေခဲ့တာပါ..။ သူတို့တွေက ယာဉ်တန်းအတွက် ဘယ်လို တိုက်ရိုက် ခြိမ်းခြောက်မှုကိုမှ မတွေ့ရှိခဲ့ရပေမယ့် ဒီထဲမှာ ဘာမှမရှိဘူးဆိုတာကိုလည်း အသေအချာ သက်သေမပြနိုင်ခဲ့ ပြန်ပါဘူး..။

ဘာပဲဖြစ်ဖြစ် သူ ကင်းထောက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ..။

“ပြန်ကြစို့…”

အခုအချိန်မှာ သူ့ရဲ့ အကောင်းဆုံး ရွေးချယ်မှုကတော့ ယာဉ်တန်းကို ရှေ့ကို ဦးဆောင်မောင်းနှင်ပြီး အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ရုံပါပဲ..။

ဥမင်လိုဏ်ခေါင်းထဲမှာ အိပ်မက်ဆိုး သတ္တဝါ တွေ ဘာမှမရှိတာတောင်မှ ဆန်နီကတော့ စိတ်ထဲမှာ လုံးဝ မသက်မသာ ဖြစ်နေခဲ့ပါတယ်..။

အပိုင်း ( ၉၃၂ ) ပြီး၏။

အပိုင်း ( ၉၃၃ ) ဥမင်လိုဏ်ခေါင်း အဆုံးက အမှောင်ထု

သူတို့ဟာ တိတ်ဆိတ်တဲ့ အမှောင်ထုကို အံတုရင်း လာလမ်းအတိုင်း ပြန်လျှောက်လာခဲ့ကြတယ်။တစ်နာရီကြာအောင် စိုးရိမ်စွာ လမ်းလျောက်လာပြီးနောက်မှာတော့ ပြိုကျနေတဲ့ ဥမင် ဝင်ပေါက်ဆီကို ပြန်ရောက်လာခဲ့ကြပါတယ်..။ သူတို့ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ဘာအန္တရာယ်မှ မတွေ့ခဲ့ကြပါဘူး… ။ ပြီးတော့ သူတို့မရှိတဲ့ အချိန်မှာလည်း ယာဉ်တန်းကြီးက ဘေးကင်းကင်းနဲ့ အဆင်ပြေပြေ ရှိနေခဲ့ပုံရပါတယ်..။

အရာအားလုံးက ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေး ဖြစ်နေတာကပဲ.. စိတ်ထဲမှာ ပိုပြီးတော့တောင် ခြောက်ခြားဖို့ ကောင်းနေခဲ့ပါ..။

ဆန်နီဟာ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖုံးကွယ်ထားရင်း.. သူ့ကို ဝန်းရံထားတဲ့ အမှောင်ထုတံတိုင်းတွေကို လှမ်းကြည့်လိုက်တယ်..။ ပျက်စီးနေတဲ့ ယာဉ်တွေကတော့ အေးစက်တဲ့

ကတ္တရာ ကြမ်းပြင်ပေါ်မှာ..ဘီးတွေကို အနားပေးရင်း ငြိမ်သက်စွာ ရပ်တန့်နေခဲ့ကြတယ်..။ လူတွေက ဟိုဟိုဒီဒီ အနားယူနေကြတာ ဒါမှမဟုတ် တာဝန်အသီးသီးကို အမြန်ပြီးအောင် လုပ်နေကြတာကို မြင်တွေ့ရပါတယ်..။

‘…ငါ ဒါကို သဘောမကျဘူး…’

သူက မျက်မှောင်ကျုတ်လိုက်ပြီး ရိုင်နို ရဲ့ ဝင်ပေါက်ဆီကို ဦးတည်လိုက်တယ်..။ သူ စကားပြောဖို့ လိုအပ်တဲ့ လူတွေက အခြေအနေတွေကို အစီရင်ခံဖို့အတွက် အဲ့နေရာမှာ စုဝေးရောက်ရှိနေကြပါပြီ..။

ဆန်နီက ကင်းသမားတွေကို ဖြတ်ကျော်သွားတဲ့အချိန်မှာပဲ… သူတို့ထဲက တစ်ယောက်က သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်တယ်..။

“ကပ္ပတိန် ဆန်းလပ်စ် …”

သူက ခြေလှမ်းကို အရှိန်သတ်လိုက်ပြီး စစ်သားကို လှမ်းကြည့်လိုက်တယ်..။

“အင်း…”

ဒီလူက ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။ သူ့ရဲ့ မျက်နှာက တည်ငြိမ်နေပေမယ့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေထဲမှာတော့ တစ်စုံတစ်ခုကို ခံစားနေရပုံ ရပါတယ်..။

“အပြင်မှာတုန်းက ကျွန်တော်က နောက်ဆုံးယာဉ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ…။ အဲ့ဒီအချိန်တုန်းက..ဆရာ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေက… တကယ်ပဲ ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်ခဲ့တယ်…။ ကျေးဇူးတင်ပါတယ် ကပ္ပတိန်…”

ဆန်နီက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ တစ်ဖက်ကိုလှည့်လိုက်တယ်..။

“ငါက ဒီယာဉ်တန်းကို တာဝန်ယူထားတာလေ…။ ဒါတွေက ငါ့ရဲ့ ယာဉ်တွေ ဖြစ်ပြီး မင်းတို့က ငါ့ရဲ့ လူတွေပဲ…။ ဘယ်သူမှ ငါ့အပိုင်ကို လာထိလို့မရဘူး… အထူးသဖြင့် တန်ဖိုးမပေးဘဲနဲ့ပေါ့…။ အဲလိုယာဉ်တစ်စီးက ဘယ်လောက်တန်လဲဆိုတာ မင်း သိလို့လား…”

ဒီလိုပြောပြီးတာနဲ့ သူက ခေါင်းခါယမ်းကာ ထွက်ခွာလာခဲ့လိုက်ပါတယ်..။

‘တကယ် ထူးဆန်းတဲ့ကောင်ပဲ…’

အထူးတပ်ဖွဲ့ ဝင်တွေ အပြင် ဆာဂျင် ဂီရီ၊ ပရော်ဖက်ဆာ အိုဘယ်နဲ့ ဘတ် တို့က ရိုင်နို ရဲ့ ကွပ်ကဲမှု အခန်းထဲမှာ စောင့်ဆိုင်းနေကြတာပါ..။ ဆန်နီက အစီရင်ခံစာ အချို့ကို လက်ခံရရှိခဲ့ပြီး ဒါက သူ့ရဲ့ စိတ်ခံစားချက်ကို အနည်းငယ် ကောင်းမွန်သွားစေခဲ့တယ်..။

ဝါးမျိုခြင်း တိမ်တိုက် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရလဒ်ကြောင့် ယာဉ်တန်းမှာ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီးနဲ့ စစ်ဘက်ဆိုင်ရာယာဉ် တစ်စီး ဆုံးရှုံးခဲ့ရပါတယ်..။ ကံကောင်းထောက်မစွာပဲ… ဒါက သူတို့ရဲ့ ထောက်ပံ့ရေးအပေါ်ကို ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိခဲ့ပါဘူး..။ နေရာရွှေ့ပြောင်းရတဲ့ ဒုက္ခသည်တွေကို နေရာချပေးဖို့အတွက် ရွေ့လျားဆေးပေးခန်းကို စွန့်လွှတ်ခဲ့ရပြီးနောက် သူတို့တကယ် ဆုံးရှုံးခဲ့ရတာက တိုက်ခိုက်နိုင်စွမ်း အနည်းငယ်သာ ဖြစ်ပါတယ်..။

ကျန်ရှိနေတဲ့ ယာဉ်တွေကိုတော့ အားလုံး ပြုပြင်ပြီးသွားပြီဖြစ်လို့ လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။

ဆာဂျင် ဂီရီ က သက်ပြင်းချလိုက်တယ်..။

“ကျွန်တော်တို့မှာ လက်နက်ခဲယမ်း တွေ သိပ်မကျန်တော့ဘူး ကပ္ပတိန်…။ပြီးတော့ ကျွန်တော်တို့ရဲ့ သောက်သုံးရေ အရန်သိမ်းဆည်းမှုကလည်း အတော်လေး လျော့နည်းသွားခဲ့ပြီ…။ သားရဲအုပ်စုကြီး မရောက်လာခင်မှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ဝန်ကို လျှော့ချဖို့အတွက် ရေအများကြီးကို သွန်ပစ်ခဲ့ရလို့ပါ…။ နောက်လာမယ့် ရက်အနည်းငယ်အတွင်းမှာတော့ ပြဿနာမရှိနိုင်ပေမယ့် အဲ့နောက်ပိုင်း ဆိုရင်တော့…”

ဆန်နီ သူ့လက်ကို ဝေ့ယမ်းကာ ပယ်ချလိုက်တယ်..။

“ရေအတွက် မစိုးရိမ်နဲ့…။ ကျုပ်မှာ တကယ်ကို အဆုံးမရှိတဲ့ ရေအရင်းအမြစ် ရှိတယ်…”

သူက ရွေးချယ်စရာတွေကို စဉ်းစားရင်း ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူတို့တွေက ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားနိုင်သလို… ဒါမှမဟုတ်လည်း လက်ရှိနေရာမှာတင် နေပြီး အချိန်အတန်ငယ် ကုန်လွန်သွားတဲ့အခါ အပြင်ကို ထွက်ဖို့ လမ်းပြန်ဖွင့်တာမျိုး လုပ်နိုင်ပါတယ်..။

ရွေးချယ်စရာ နှစ်ခုလုံးကတော့ အကောင်းဆုံး မဟုတ်ပါဘူး..။

‘ကြည့်ရတာတော့ ငါ ဒီဥမင်လိုဏ်ခေါင်းထဲမှာ ဘယ်လောက်ကြာအောင် နေချင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတာထင်တယ်…’

ပထမ ရွေးချယ်မှုကတော့ ယာဉ်တန်းကို မြေအောက်ကနေ မြန်မြန်ဆန်ဆန် လွတ်မြောက်ခွင့် ပေးနိုင်ပါတယ်…။တကယ်လို့ ဆန့်ကျင်ဘက် ထွက်ပေါက်ဆီ မောင်းနှင်နေစဉ်အတွင်းမှာ အရာအားလုံး အဆင်ပြေနေခဲ့မယ်ဆိုရင်ပေါ့…။ ဒုတိယ ရွေးချယ်မှုကတော့ သူတို့ကို အထဲမှာ အကြာကြီး နေဖို့ တွန်းအားပေးထားမှာ ဖြစ်ပေမယ့် အေးစက်တဲ့ အမှောင်ထုထဲကို တိုးဝင်သွားဖို့တော့ မလိုတော့ပါဘူး..။ ဘယ်အရာကမှ အန္တရာယ်ကင်းတာတော့ မဟုတ်ပေ..။

‘ ချီးတဲ့မှပဲ…’

နောက်ဆုံးမှာတော့ ဆန်နီဟာ ဒီခြောက်ခြားဖွယ် ဥမင်လိုဏ်ခေါင်းထဲမှာ လိုအပ်တာထက် တစ်မိနစ်တောင် ပိုမနေချင်တော့ပါဘူး။

သူ သက်ပြင်းချလိုက်တယ်..။

“စက်နှိုးကြတော့…။ ကျုပ်တို့ ထွက်ခွာကြမယ်…”

မိနစ်အနည်းငယ် အကြာမှာတော့ ရိုင်နို ဟာ အသက်ဝင်လာခဲ့ပြီး ဖြည်းဖြည်းချင်း ရှေ့ကို တက်ကာ အရှိန်ယူလိုက်တယ်..။ သူ့ရဲ့ အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ စွမ်းအားမြင့် မီးမောင်းကြီးတွေရဲ့ အလင်းတန်းတွေက အမှောင်ထုကို ထွင်းဖောက်သွားပြီး..အမှောင်ထုကို ဥမင်လိုဏ်ခေါင်းရဲ့ တံတိုင်းတွေဆီကို ကပ်ငြိသွားစေခဲ့ပါတယ်..။

အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာယာဉ်တွေကလည်း အကာအကွယ်ပေးထားတဲ့ သံချပ်ကာယာဉ်ကြီးရဲ့ နောက်ကနေ ကပ်ပြီး လိုက်ပါလာခဲ့ကြတယ်..။

သူတို့နောက်ဘက်မှာတော့ အမှောင်ထုက ပြန်လည် စီးဆင်းလာခဲ့ပြီး အရာအားလုံးကို ထပ်မံ ဝါးမျိုသွားခဲ့ပြန်တယ်။…ယာဉ်တန်းကြီးဟာ အတော် သေးငယ်နေပြီး ကျိုးပျက်လွယ်တဲ့ အလင်းကျွန်းငယ်လေးတစ်ခုထဲမှာ ခရီးသွားနေရသလိုမျိုး ဖြစ်နေခဲ့ပါတယ်..။

ဆန်နီက ရိုင်နို ရဲ့ အမိုးပေါ်ကို တက်လာခဲ့ပြီး သူတော်စင် နဲ့အတူ ရှိနေခဲ့တယ်။.. သူက ခက်ထန်တဲ့ မျက်နှာ အမူအရာနဲ့ အမှောင်ထုထဲကို စိုက်ကြည့်နေခဲ့ပါတယ်..။ သူက အလင်းရောင် ရောက်နိုင်တဲ့နေရာရဲ့ အပြင်ဘက်မှာ ဖြစ်ပျက်နေတာတွေကို ဘာမှမမြင်ရတာကြောင့် အတော်လေး စိုးရိမ်ထိတ်လန့်နေခဲ့တယ်..။

‘ဘယ်မှာလဲ… ဒီအမှောင်ထုအားလုံးရဲ့ မြစ်ဖျားခံရာက ဘယ်မှာလဲ…။ ဒါက ဘယ်အချိန်မှာ တိုက်ခိုက်လာမှာလဲ…’

မိနစ်တွေ ကုန်လွန်သွားခဲ့ပေမယ့်… ကင်းထောက်သွားခဲ့တုန်းကလိုပဲ ဘာမှ ဖြစ်မလာခဲ့ပါဘူး..။

ယာဉ်တန်းက ပုံမှန်အရှိန်နဲ့အတူ ရှေ့ကို ချီတက်နေခဲ့တယ်..။ ဟောင်းနွမ်းနေတဲ့ ကတ္တရာလမ်းရဲ့ တစ်မီတာချင်းစီက ရိုင်နို ရဲ့ ဘီးတွေအောက်မှာ ပျောက်ကွယ်သွားခဲ့ပြီး ကျောက်တံတိုင်းတွေကလည်း သူတို့ ဖြတ်ကျော် သွားတာနဲ့ အမှောင်ထုထဲကို ပြန်လည် နစ်မြုပ်သွားပုံရပါတယ်..။ ဥမင်လိုဏ်ခေါင်းက တိတ်ဆိတ်နေခဲ့ပြီး လူသားတွေရဲ့ ယာဉ်တွေ ဖြတ်သန်းသွားတဲ့ အသံကလွဲလို့ ဘာသံမှ ရှိမနေခဲ့ပါဘူး..။

တစ်ခါတစ်ရံမှာတော့ ယာဉ်တန်းရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာ ဘေးလမ်းခွဲတွေ ရှိနေတတ်တာကြောင့် ဒါက ဆန်နီကို စိုးရိမ်ပူပန်စေခဲ့တယ်..။ ဒီလမ်းကြောင်းတွေအားလုံးက အောက်ကို စောင်းနေပြီး မြေအောက်ဘက် ပိုမိုနက်ရှိုင်းတဲ့နေရာဆီကို ဦးတည်နေခဲ့တာပါ..။ သူက အမှောင်ထုထဲကနေ တစ်ခုခုက ..ခုန်အုပ်တိုက်ခိုက်လာမှာကို ပြင်ဆင်ထားခဲ့ပေမယ့်… ဘာမှ ဖြစ်မလာခဲ့ပါဘူး..။

‘အဲဒါတွေကို လျစ်လျူရှုလိုက်… ငါတို့ ဒီလမ်းခွဲတွေထဲကို ခြေချဖို့ မလိုဘူး…။ ငါတို့က ထွက်ပေါက်ကို ရောက်အောင်သွားပြီး ဒီခြောက်ခြားစရာကောင်းတဲ့ နေရာကနေ လွတ်မြောက်ဖို့ပဲ လိုတာ…’

ဒီလိုနဲ့ပဲ တစ်နာရီ ကုန်လွန်သွားခဲ့ပြီးနောက်… နောက်ထပ်တစ်နာရီ… ပြီးတော့ နောက်ထပ်တစ်နာရီ ထပ်ပြီး ကုန်လွန်သွားခဲ့ပါတယ်..။ ဥမင်လိုဏ်ခေါင်းက ပြီးဆုံးသွားခြင်းမရှိပဲ ရှေ့ကိုသာ ဆက်ပြီး ဆန့်တန်းနေခဲ့တယ်..။ အချိန်တွေ ပိုပြီး ကုန်လွန်လာလေလေ ဆန်နီရဲ့ မျက်မှောင်ကျုတ်မှုက ပိုပြီး နက်ရှိုင်းလာလေလေပါပဲ..။

….အချိန်အတန်ကြာပြီးနောက်မှာတော့ သူက ရိုင်နို ရဲ့ အမိုးပေါ်ကနေ နောက်ဆုံးမှာ ဆင်းလာခဲ့ပြီး.. သုန်မုန်တဲ့ အမူအရာနဲ့အတူ အတွင်းထဲကို ပြန်ဝင်လာခဲ့ပါတယ်..။ဆန်နီဟာ လူစတာ ဆီကို လျှောက်သွားရင်း အံကြိတ်ကာ ပြောလိုက်တယ်..။

“တော်လောက်ပြီ…။ ယာဉ်တန်းကို ရပ်လိုက်တော့…”

လူစတာက သူ့ကို မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ပြီးနောက်.. ပုခုံးတွန့်ပြလိုက်တယ်..။

သံချပ်ကာယာဉ်ကြီးက အရှိန်လျော့သွားခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပါတယ်..။ အခြားယာဉ်တွေကလည်း ဒီလို လိုက်လုပ်ခဲ့ကြတာကြောင့်

မကြာခင်မှာပဲ ယာဉ်တန်းတစ်ခုလုံး ရပ်တန့်သွားခဲ့ပါပြီ..။

ဆန်နီက ရိုင်နို ထဲကနေ ထွက်လာခဲ့ပြီး ပျက်စီးနေတဲ့ ကတ္တရာလမ်းကို စိုက်ကြည့်ရင်း ခနလောက် ငြိမ်သက်စွာ ရပ်နေခဲ့တယ်..။ ဆာဂျင် ဂီယာ နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက မကြာခင်မှာပဲ အခြားယာဉ်တွေရှိရာ ဘက်ကနေ ချဉ်းကပ်လာခဲ့ကြသလို… လူစတာ၊ ပရော်ဖက်ဆာ အိုဘယ်နဲ့ ဘတ် တို့ကလည်း အပေါက်ကနေတစ်ဆင့် ရိုင်နို အပြင်ကို ထွက်လာခဲ့ကြပါတယ်..။ သူတော်စင် ကတော့ အမိုးရဲ့ အစွန်းဆီကို လျှောက်သွားပြီး အပေါ်ကနေ သူတို့ကို ဂရုမစိုက်စွာ လှမ်းကြည့်နေခဲ့တယ်..။

စုဝေးရောက်ရှိနေကြတဲ့ လူအများစုရဲ့ မျက်နှာပေါ်မှာတော့ လေးနက်တဲ့ အမူအရာတွေ ရှိနေခဲ့ကြတာပါ..။

လူစတာက ဆန်နီရဲ့ သုန်မုန်နေတဲ့ စိတ်ခံစားချက်ကို သတိပြုမိသွားတာကြောင့် မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပြီး ဆန်နီဘက်ကို လှည့်လာခဲ့တယ်..။

“ဟို… ကပ္ပတိန်… ကျွန်တော်တို့ ဘာလို့ ရပ်လိုက်တာလဲ…။ ပြဿနာတစ်ခုခု ရှိလို့လား…”

ဆန်နီ သူ့ကို တိတ်တဆိတ် စိုက်ကြည့်လိုက်ပါတယ်..။

“…ဟုတ်တယ်… ပြဿနာ ရှိနေတယ် အရူးရဲ့…။ မင်း ဒါတောင် မသိဘူးလား…”

လူစတာက သူ့ခေါင်းနောက်ဖက်ကို ကုတ်လိုက်တယ်..။

“ဘာလို့လဲ… ရှေ့မှာ အိပ်မက်ဆိုး သားရဲတွေ ရှိနေလို့လား…”

ဆန်နီက သက်ပြင်းချလိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တယ်..။

“မဟုတ်ဘူး… ရှေ့မှာ ဘာမှမရှိဘူး…။ အဲဒါကပဲ ပြဿနာပဲ…။ ငါတို့ မောင်းလာတာ ခုနစ်နာရီလောက် ရှိပြီ ဟုတ်တယ်မလား…။ ငါတို့ရဲ့ ပျမ်းမျှအရှိန်က ဘယ်လောက်လဲ…"

လူငယ်က ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်..။

“တစ်နာရီကို ကီလိုမီတာ သုံးဆယ်ပါ ကပ္ပတိန်…”

ရှေ့ကနေ အန္တရာယ် ပေါ်လာခဲ့ရင် တုံ့ပြန်နိုင်ဖို့အတွက် သူတို့က အလောတကြီး မသွားဘဲ ပုံမှန်အရှိန်ကိုသာ ထိန်းထားခဲ့ကြတာပါ..။

ဆန်နီက ခေါင်းငြိမ့်လိုက်တယ်..။

“ဒါဆိုရင် အဖြောင့်အတိုင်း ရှေ့ကို သွားနေတာ ကီလိုမီတာ နှစ်ရာကျော်နေပြီ…။ ဒါတောင်မှ ထွက်ပေါက် မရှိသေးဘူး…။ မင်း အခု ပြဿနာကို မြင်ပြီလား…”

လူစတာရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်..။

“အိုး..ကောင်းပြီလေ…အဲလိုတွေးကြည့်လိုက်တော့… ဒါက တကယ် ထူးဆန်းနေတာပဲ…”

ဆန်နီ အံကိုကြိတ်ထားလိုက်တယ်..။

“ဒါက ထူးဆန်းရုံတင် မဟုတ်ဘူး…။ တကယ်လို့အန္တာတိကမှာ ဒီလောက်ရှည်တဲ့ ဥမင်လိုဏ်ခေါင်း ရှိနေရင်..အဲဒါက ကမ္ဘာပေါ်မှာ အရှည်ဆုံး ဖြစ်နေမှာ အသေအချာပဲ…။ လူတိုင်းကလည်း ဒါကို သိနေကြလိမ့်မယ်…”

လူစတာရဲ့ မျက်နှာက အနည်းငယ် ဖြူလျော်သွားခဲ့ပြီး.. အားလုံးရဲ့ မျက်နှာတွေကို အကဲခတ်လိုက်တယ်..။

“ဒါဆိုရင် ဘာလို့ ဘယ်သူမှ မသိခဲ့ကြတာလဲ ကပ္ပတိန်…”

ဆန်နီ အောက်ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“ဖြစ်နိုင်တဲ့ အဖြေက တစ်ခုပဲ ရှိတယ်…။ ဒီဥမင်လိုဏ်ခေါင်းမှာ… တစ်ခုခုတော့ အရမ်း အရမ်းကို မှားယွင်းနေပြီ…”

အပိုင်း ( ၉၃၃ ) ပြီး၏။

All Chapters