← Chapters

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

အပိုင်း ( ၉၃၇ ) မက်ဆေ့ခ်ျများ ဖလှယ်ခြင်း

ဆန်နီ ဖန်တီးခဲ့တဲ့ မှတ်သားမူ ကတော့ နစ်ဖီ ဆီကို ပို့တဲ့ စာတစ်စောင်ပဲ ဖြစ်ပါတယ်..။ သူတို့ကို ချိတ်ဆက်ပေးထားတဲ့ [အရိပ် ချည်နှောင်မူ ] က သူ့ရဲ့ စွမ်းရည်ကနေ ဆင်းသက်လာတဲ့ မွေးရာပါ စွမ်းရည်တစ်ခု ဖြစ်တာကြောင့် အခိုက်အတန့် ရဲ့ ပြင်ပမှာ တည်ရှိနေခဲ့ပါတယ်..။ ယာဉ်တန်းက အိပ်မက်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတာက ပြဿနာမရှိပါဘူး…။သူတို့ရဲ့ သေးငယ်တဲ့ ချိတ်ဆက်မှုကတော့ ဆက်ပြီး အလုပ်လုပ်နေတုန်းပါပဲ..။ ဆန်နီက နစ်ဖီ ရဲ့ ရူးစ်စာလုံးတွေကို မြင်နိုင်သေးတာကြောင့် ဒါကို သိနေခဲ့တာ ဖြစ်ပြီး သူမကလည်း သူ့ရဲ့ ရူးစ်စာလုံးတွေကို မြင်နိုင်ပါလိမ့်မယ်..။

‘ကဲ… ဒါကတော့ ပြီးသွားပြီ…’

အခုချိန်မှာ တစ်ခုတည်းသော မေးခွန်းကတော့ နစ်ဖီ က ဒီမက်ဆေ့ခ်ျကို ဘယ်လောက်အမြန် မြင်မလဲဆိုတာနဲ့ သူမ ပြန်စာတစ်စောင် ပေးဖို့ ဘယ်လောက် ကြာမလဲဆိုတာပါပဲ..။ ဆန်နီကတော့ သူ ခနလောက် စောင့်ရလိမ့်မယ်လို့ သံသယဝင်မိပါတယ်..။

မော်ဂန်ရဲ့ စစ်ပွဲလေး ကို ကြည့်ခြင်းအားဖြင့်

ဗာလာ ကလန်ရဲ့ ပန်းပဲဆရာတွေဟာ သူတို့ ဖန်တီးတဲ့ မှတ်သားမူ တွေကို နာမည်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ သက်သေပြနေခဲ့ပါတယ်..။ သို့ပေမယ့် အခုအချိန်မှာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဆင့်အတန်းက ကြီးမြတ်တဲ့ ကလန်ထဲမှာ ဘယ်လောက်ထိ မြင့်မားနေလဲဆိုတာ သူ မသိပါဘူး..။ ပြီးတော့ သူမအတွက် သီးသန့် မှတ်သားမူ တစ်ခုကို အမြန် ရက်လုပ်ပေးဖို့ ကလန်ကို အမိန့်ပေးနိုင်မလားဆိုတာလည်း သူ သေချာ

မသိပေ..။

ဘာပဲဖြစ်ဖြစ် သူမက တစ်ခုခုတော့ ကြံစည်လိမ့်မယ်ဆိုတာ သူ သေချာနေခဲ့ပါတယ်..။ နစ်ဖီ ဟာ လိုအပ်လာရင် အံ့ဩစရာကောင်းလောက်အောင် အကြံအဖန် ကောင်းတဲ့လူမျိုး မဟုတ်ဘူးလား..။

…ဆန်နီ ကိုယ်တိုင်လိုမျိုးပေါ့..။

‘ဒါပေမယ့် အမြန်တော့ ဖြစ်လာမှာ မဟုတ်လောက်ဘူး…’

သူ သက်ပြင်းတစ်ချက်ချရင်း ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် ကို လှည့်ကြည့်လိုက်တယ်..။

“စာကတော့ ပို့လိုက်ပြီ…။ အခု ကျွန်တော်တိုဘ ပြန်စာကိုပဲ စောင့်ရုံပဲ ကျန်တော့တယ်…”

ယာဉ်တန်းကတော့ အဓိပ္ပာယ်မဲ့တဲ့ ခရီးကို ဆက်နှင်နေခဲ့ပါတယ်..။ တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးသွားခဲ့ပြီး အမှောင်ထုထဲမှာ ဖြတ်မောင်းနေခဲ့တာကြောင့် သူတို့ရဲ့ အချိန်နဲ့ အရပ်မျက်နှာ သိစိတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့ပါပြီ..။ မှောင်မိုက်တဲ့ ဥမင်လိုဏ်ခေါင်းက အတော် ကြောက်စရာကောင်းပြီး ဘာမှ ပြောင်းလဲခြင်း မရှိပါဘူး..။အရာအားလုံးက ထူးဆန်းပြီး နိမိတ်မကောင်းတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေခဲ့တယ်..။

တစ်ခါတစ်ရံမှာတော့ ယာဉ်တွေထဲက တစ်စီးစီးက ပျက်စီးတတ်တာကြောင့် အမြန် ပြုပြင်ဖို့ ခရီးခန ရပ်နားခဲ့ရပါတယ်..။ ရိုင်နို က အဆင့်မြင့် စပဲလ် နည်းပညာ အင်ဂျင်နဲ့ မောင်းနှင်တာ ဖြစ်တာကြောင့် သူ့ရဲ့ လောင်စာက ဝိဥာဉ် အဆီအနှစ် ဖြစ်ပါတယ်..။ လူစတာ က သံချပ်ကာယာဉ်ကို အဆုံးမရှိ မောင်းနှင်နိုင်စွမ်း ရှိနေခဲ့တာပါ..။ စစ်ဘက်ဆိုင်ရာ ယာဉ်တွေမှာလည်း သူတို့ရဲ့ ဟိုက်ဘရစ် စနစ်တွေအတွက် အရန်စွမ်းအင်အဖြစ် စပဲလ် နည်းပညာ သုံး ဘက်ထရီတွေ ရှိနေတာကြောင့် သူက စစ်သားတွေကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ်..။

သို့ပေမယ့် အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကတော့ လုံးဝ သာမန်အတိုင်းပါပဲ..။ သူတို့ရဲ့ လောင်စာဆဲလ် တွေကို သေသပ်စွာ ဒီဇိုင်းထွင်ထားပြီး ကြီးမားတဲ့ စွမ်းအင် ပမာဏ ရှိနေပေမယ့် အနှေးနဲ့အမြန်တော့ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်..။ ဒါက သိပ်မသိသာပေမယ့် ယာဉ်တန်းက အချိန်နဲ့ လုနေရတယ်ဆိုတာ

ဆန်နီ သိထားခဲ့ပါတယ်..။

သူတို့တွေဟာ ကျန်ရှိတဲ့ နေ့တစ်ဝက်လုံး မောင်းနှင်ခဲ့ကြပြီး စခန်းချခဲ့ကြတယ်..။

နောက်တစ်နေ့ကလည်း ဒီပုံစံအတိုင်းပဲ ကုန်ဆုံးသွားခဲ့ပါတယ်..။ ဆန်နီက ရိုင်နို ရဲ့ အမိုးပေါ်မှာ အချိန်ကုန်ဆုံးခဲ့ပြီး ဥမင်ရဲ့ ကျောက်တံတိုင်းတွေမှာ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ ဘေးဘက်လမ်းကြောင်းတွေရဲ့ ဝင်ပေါက်တွေကိုပဲ စိုက်ကြည့်နေခဲ့မိတယ်..။

အခုချိန်မှာတော့ သူတို့ဟာ ဥမင်ထဲမှာ ကီလိုမီတာ တစ်ထောင်ကျော် ခရီးနှင်ခဲ့ပြီးပါပြီ..။ တကယ်လို့ ဒီနေရာက သဘာဝ အတိုင်း ရှိနေမယ်ဆိုရင် ယာဉ်တန်းက အခုလောက်ဆို သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အီရီဘတ် ကွင်းပြင် အောက်ကိုတောင် ရောက်နေလောက်ပါပြီ..။ တက်ရမယ့် တောင်တွေလည်း မရှိသလို တိုက်ခိုက်ရမယ့် အိပ်မက်ဆိုး သားရဲတွေလည်း မရှိဘဲ ဖြောင့်တန်းတဲ့ လမ်းနဲ့ အရှေ့မှာ ဘာအတားအဆီးမှ မရှိတာကြောင့် ဆန်နီ ရက်သတ္တပတ်ပေါင်းများစွာ ကြာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကွာအဝေးကို ရက်အနည်းငယ်အတွင်း ဖြတ်ကျော်နိုင်ခဲ့တာပါ..။

သို့ပေမယ့်လည်း ဒီနေရာက တကယ့်ကမ္ဘာက အတိုင်း ခရီးပေါက်တာမျိုး ဟုတ်မဟုတ်ကိုတော့ သူ သံသယဝင်မိပါတယ်..။

…သူ မက်ဆေ့ခ်ျပို့ပြီး နှစ်ရက်အကြာမှာတော့ နစ်ဖီ က နောက်ဆုံးမှာ ပြန်လည် တုံ့ပြန်ခဲ့တယ်..။

အမှန်တော့ ဆန်နီဟာ ဒီလောက် မြန်မြန် ပြန်စာရလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့် ရောက်လာခဲ့ပါပြီ..။ သူက ထုံးစံအတိုင်း နစ်ဖီ ကို စစ်ဆေးဖို့ ရူးစ်စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး တစ်ချက် နှစ်ချက်လောက် မျက်တောင်ခတ်လိုက်မိတယ်..။ သူမရဲ့ မှတ်သားမူ စာရင်းက အရင်ကထက် အများကြီး ပိုရှည်လျားနေတာကို သတိပြုမိသွားလို့ပါ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဗာလာ ကလန်နဲ့ ပူးပေါင်းကတည်းက သူမရဲ့ ဝိဥာဉ်လက်နက်တိုက်က အများကြီး တိုးတက်လာခဲ့ပါတယ်..။ ကြီးမြတ်တဲ့ ကလန်တစ်ခုရဲ့ မွေးစားသမီး ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေက ရှိနေတာကြောင့် သူမက တစ်ခါတစ်ရံ မှတ်သားမူ တစ်ခု နှစ်ခု ရရှိတတ်ပါတယ်..။ သူမက ဝိဥာဉ်အမြုတေ တွေကိုလည်း အဆက်မပြတ် ရရှိနေတဲ့ပုံပါပဲ..။ အချိန်တစ်ခုမှာတော့ သူမ ရရှိတဲ့ ပမာဏက နှေးကွေးသွားခဲ့ပေမယ့် ဒါက နစ်ဖီ မှာ အမြုတေ အများကြီး ရှိနေတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့ ဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်..။

‘ငါ လုံးဝ မနာလို မဖြစ်ဘူး… ဟုတ်တယ်… ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအတွက်လည်း ငါ နောင်တမရဘူး… ။အနည်းငယ်လေးတောင်မှပဲ..'

ဆန်နီက မှောင်မိုက်တဲ့ ဥမင်ရဲ့ တံတိုင်းတွေကို ကြည့်လိုက်ပြီး..ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ယာဉ်တန်းနဲ့ စုတ်ပြတ်သတ်နေတဲ့ ယာဉ်တွေထဲမှာ ရှာဖွေနိုင်သမျှ နွေးထွေးမှုကို ဖက်တွယ်ထားကြတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေကို ကြည့်ကာ သက်ပြင်းချလိုက်မိတယ်..။

ယင်းနောက် သူက ရူးစ် စာလုံးတွေကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ နစ်ဖီ ဟာ ရက်အနည်းငယ်အတွင်းမှာ မှတ်သားမူ အသစ် တစ်ဆယ့်ငါးခုကို ရရှိထားကြောင်း ပြသနေခဲ့ပါတယ်..။

သူမက ကြီးမြတ်တဲ့ ကလန်တစ်ခုရဲ့ ပံ့ပိုးမှုကို ခံနေရတယ်ဆိုရင်တောင် ဒီပမာဏက အလွန် များပြားလွန်းနေခဲ့ပါပြီ..။

သူက မျက်မှောင်ကုတ်ရင်း မှတ်သားမူ အသစ်တွေရဲ့ နာမည်တွေကို ဖတ်လိုက်တယ်..။

'မှိန်ပြပြ အလင်းတန်း , ဒေါသမီးဖို ,ဝေဝါးသော ပုဝါ , ကြောက်မက်ဖွယ်သတိပေးချက်,တစ္ဆေတေးသံ ,တက်ကြွသော ဖြတ်တောက်သူ, ပိတ်ပင်ခြင်း ယဇ်ပလ္လင် , သံချေးဖျက်ဆီးသူ ,မုန်းတီးမူ သက်သေ '

ပြီးတော့ နောက်ထပ် ခြောက်ခု ရှိပါသေးတယ်..။

သူတို့ထဲက တစ်ခုမှ ဗာလာ ကလန်ရဲ့ လက်နက်ပန်းပဲဆရာတွေ ဖန်တီးထားတဲ့ ပုံစံမျိုး မပေါ်ပါဘူး..။

ဆန်နီ နှာခေါင်းရှုံ့လိုက်တယ်..။

‘…ပါးနပ်သားပဲ…’

သူက အမှောင်ထုထဲမှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မှတ်သားမူ တစ်ခုချင်းစီရဲ့ ပထမဆုံး စာလုံးတွေကို အစဉ်လိုက် ဖတ်လိုက်ပါတယ်..။

သူ နောက်ဆုံး ရရှိလိုက်တာကတော့ တိုတောင်းတဲ့ မက်ဆေ့ခ်ျတစ်စောင်ပါပဲ..။

‘နှလုံးသားကို ရှာ… ဖျက်ဆီး… ပြေး..’

အဓိပ္ပာယ်ကတော့ အတော်လေး ရှင်းလင်းပါတယ်..။ သူက ဥမင်ကို လွှမ်းမိုးထားတဲ့ စစ်မှန်တဲ့ အမှောင်ထုရဲ့ နှလုံးသားကို ရှာဖွေရမယ်… အဲ့ဒါကို ဖျက်ဆီးပြီးတာနဲ့ သူ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရမှာ ဖြစ်ပါတယ်..။ ပထမ အပိုင်းနှစ်ပိုင်းက ကောင်းတဲ့အရာ ဘာမှ ကောင်းတာမရှိပေမယ့် နောက်ဆုံးတစ်ခုက ပိုတောင် နိမိတ်မကောင်းပါသေးတယ်.။

ကတ်စီ ဘာတွေ မြင်ခဲ့လဲ ဒါမှမဟုတ် ဘာတွေ သိခဲ့လဲဆိုတာ ဆန်နီ မသိပေမယ့် ဒီ ဆန်းကြယ်တဲ့ အမှောင်ထု နှလုံးသားကို ဖျက်ဆီးခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ကြောက်ဖို့ ကောင်းမနေဘူးဆိုရင် ..သူမက “ပြေး” ဆိုတဲ့ စာလုံးကို ထည့်သွင်းမှာ မဟုတ်ပါဘူး..။ဒါပေမဲ့ သူက အဲဒါကို ဘယ်လို ရှာရမှာလဲ…။ ပြီးတော့ အဲဒီအရာက အရမ်း ကြောက်စရာကောင်းနေရင် သူက ဘယ်လို ဖျက်ဆီးရမှာလဲ…။

‘တကယ်ပဲ… သူတို့က ဒီထက် ပိုပြီး တိတိကျကျ ပြောလိုက်ရင် သေသွားကြမှာမို့လို့လား…’

သူက ခါးသက်တဲ့ မျက်နှာအမူအရာ နဲ့ ခေါင်းခါလိုက်မိတယ်..။

ကောင်းပြီလေ… မှတ်သားမူ အသစ် တစ်ဆယ့်ငါးခုကို ရှာဖွေဖို့ဆိုတာ မလွယ်ကူသလို ရိုးရှင်းတဲ့ လျှို့ဝှက်ကုဒ်တစ်ခုအဖြစ် စီစဉ်လို့ရမယ့် နာမည်တွေကို ရှာဖို့ဆိုတာ ပိုတောင် မလွယ်ကူပါဘူး..။ ဒါကြောင့် ဆန်နီက ကျေးဇူးတင်သင့်တယ်လို့ပဲ တွေးလိုက်ပါတယ်..။

‘ဟုတ်တယ်… ကြင်နာမူအတွက် ကျေးဇူးပါ…’

သူ ဘယ်လိုပဲ ခံစားရပါစေ… လုပ်ဆောင်ရမယ့် အရာကတော့ ရှင်းလင်းသွားခဲ့ပါပြီ..။

ဆန်နီက ဖြတ်ပြေးသွားတဲ့ ဥမင်ရဲ့ ကျောက်တံတိုင်းတွေကို စိုက်ကြည့်နေစဉ်မှာပဲ ဘေးဘက်လမ်းကြောင်းတစ်ခုရဲ့ မှောင်မိုက်တဲ့ ဝင်ပေါက်က မြင်ကွင်းထဲ ပေါ်လာခဲ့တယ်..။ မြင်တွေ့ရသမျှ အနည်းငယ်အရ ဆိုရင်တော့ ဒါက မတ်စောက်စွာ ဆင်းသွားတဲ့ ချောက်နက်

လမ်းကျဥ်းတစ်ခု ဖြစ်ပါတယ်..။

သူက တိတ်ဆိတ်စွာပဲ မျက်နှာပျက်သွားခဲ့တယ်..။

'နောက်ဆုံးတော့ မြေအောက်ထဲကို တွားသွားရမယ့် အခြေအနေကို ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး။… ဘယ်လောက်တောင် မမျှော်လင့်ထားတဲ့ အရာလဲ…’

အပိုင်း ( ၉၃၇ ) ပြီး၏။

အပိုင်း ( ၉၃၈ ) အစားအစာ ပို့ဆောင်ခြင်း

ယာဉ်တန်းက နောက်တစ်ခေါက် ထပ်ရပ်လိုက်ပြန်တယ်..။ ဒီတစ်ခါတော့ ဆန်နီ စခန်းချဖို့ ရွေးချယ်တဲ့ နေရာမှာ အရင်ကနဲ့ ထူးခြားတဲ့ ကွာခြားချက်တစ်ခု ရှိနေတယ်..။ အဲ့ဒါက အရင်တုန်းက လုံးဝ ရှောင်ရှားခဲ့ကြတဲ့ ဘေးဘက်လမ်းကြောင်းတစ်ခုရဲ့ အနီးအနားမှာ ဖြစ်နေခဲ့တာပါ..။

လက်ရှိမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ ဘေးလမ်းကြောင်းရဲ့ ဝင်ပေါက်နားမှာ စုရုံးနေကြပြီး စိတ်ပျက်လက်ပျက် အမူအရာတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်..။

ဆန်နီ ကတော့ သိပ်ပြီး စိတ်ဝင်စားပုံ မပြပါဘူး..။

ခနအကြာမှာတော့ သူက သက်ပြင်းချလိုက်ပြီး သူ့လက်အောက်ငယ်သားတွေကို လှည့်ကြည့်လိုက်တယ်..။

“မင်းတို့ထဲက တစ်ယောက်ယောက်ရော ဒါကို သတိထားမိကြလား..”

သူတို့တွေ အချင်းချင်း ကြည့်လိုက်ကြပြီး ဘာပြောရမှန်း မသိဖြစ်နေခဲ့ကြတယ်..။ ခနကြာမှ ဒွန်း က လေးနက်တဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။

“ကျွန်တော်တို့က ဘာကို သတိထားမိရမှာလဲ.. ကပ္ပတိန်..”

ဆန်နီ တိတ်ဆိတ်စွာပဲ ခေါင်းခါယမ်း လိုက်တယ်..။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ယာဉ်တန်း ဖြတ်သန်းသွားတဲ့ ဘေးဘက်လမ်းကြောင်းတွေကို သူ သေချာ စောင့်ကြည့်ခဲ့ပါတယ်..။ သူတို့ ပေါ်လာတဲ့ အချိန်နဲ့ နေရာတွေမှာ တစ်ခုခု ရှိမရှိ သူ ရှာဖွေခဲ့တာပါ..။ ဥမင်က အဆုံးမရှိသလိုပဲ..လမ်းခွဲတွေကလည်း အဆုံးမရှိ ပေါ်လာနေတာကြောင့်… ဒါက နည်းနည်းတော့ ထူးဆန်းနေခဲ့တယ်..။

ဒီလို လမ်းခွဲတွေကို စောင့်ကြည့်တဲ့ အချိန်မှာပဲ သူ့နှလုံးသားထဲမှာ သံသယစိတ်တွေ စတင်ဝင်ရောက်လာခဲ့ပြီး..အခုချိန်မှာတော့ ဒီသံသယတွေက အတည်ဖြစ်သွားခဲ့ပါပြီ..။

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“ကောင်းပြီ.. မင်းတို့ကိုတော့ အပြစ်မတင်ပါဘူး..။သတိထားမိဖို့က တော်တော် ခက်ခဲတယ်လေ..”

ယင်းနောက် ဆန်နီ က ဥမင်ရဲ့ ကျောက်နံရံ တစ်နေရာကို လက်ညှိုးထိုးပြလိုက်တယ်..။ အဲ့နေရာကတော့ ဘေးဘက်လမ်းကြောင်း မှာ ရှိနေတဲ့ချောက်နက်ဆီကို ဦးတည်နေတဲ့ နေရာပါ..။

“ဟိုနားမှာ ကျောက်တုံး အစွန်း တစ်ခု ရှိနေတယ်..။ပြီးတော့ ဆန့်ကျင်ဘက် အခြမ်းမှာလည်း ကြမ်းပြင်နားက ကျောက်တုံးတွေက ကွဲအက်နေတယ်.. ဟိုဘက်မှာလည်း အက်ကြောင်းတစ်ခု ရှိသေးတယ်..”

သူတို့က သူပြတဲ့ နေရာတွေကို စိုက်ကြည့်နေကြပေမယ့် အဲ့ဒီ အသေးအမွှား အချက်ကလေး တွေရဲ့ အဓိပ္ပာယ်ကို နားမလည်ကြပါဘူး..။

“အဲဒါတွေက ဘာဖြစ်လို့လဲ..”

ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။

“တကယ်တော့ ဘာမှ မဟုတ်ဘူး..။ဒါပေမယ့် မင်းတို့ သေချာ စောင့်ကြည့်မယ်ဆိုရင်.. အခုရက်ပိုင်းအတွင်း ငါတို့ ဖြတ်သန်းခဲ့တဲ့ ဝင်ပေါက်တိုင်းမှာ ဒီလိုပဲ တူညီတဲ့ အပြစ်အနာအဆာ တွေ အတိအကျ ရှိနေတာကို တွေ့ရလိမ့်မယ်..။ ပထမဆုံး ကင်းထောက်ချိန်က တွေ့ခဲ့တဲ့ လမ်းကြောင်းမှာလည်း ဒီအတိုင်းပဲ.. ဥမင်နံရံတွေက ကြမ်းတမ်းနေတော့ ဘေးဘက်လမ်းကြောင်းတွေမှာ ချောမွေ့နေမှာ မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်လေ..။ ဒါပေမယ့် ရာနဲ့ချီတဲ့ ဝင်ပေါက်တိုင်းမှာ အဲဒီ အက်ကြောင်းတွေက အတိအကျကို တူနေတာ.. ။ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား..”

လူစတာ က နံရံရဲ့ ကွဲအက်နေတဲ့ အစိတ်အပိုင်းကို စိုက်ကြည့်ရင်း သူ့ခေါင်းကို ကုတ်လိုက်တယ်..။

“ကျွန်တော် နားမလည်ဘူး.. တစ်ယောက်ယောက်က ဒီအမှတ်အသားတွေကို ရည်ရွယ်ချက်ရှိရှိ နဲ့ ချန်ထားခဲ့တာလား..”

ဆန်နီ ခေါင်းခါလိုက်တယ်..။

“မဟုတ်ဘူး.. ငါ ပြောချင်တာက ဝင်ပေါက်တွေက ရာနဲ့ချီပြီး မရှိဘူး..။ ဝင်ပေါက်တစ်ခုနဲ့ ဘေးဘက်လမ်းကြောင်းတစ်ခုပဲ ရှိပြီး ဥမင်တစ်လျှောက်လုံးမှာ ထပ်ခါထပ်ခါ ဖြစ်နေတာ..။ ငါတို့ တွေ့ခဲ့တဲ့ ဝင်ပေါက်တွေ အားလုံးက တစ်ခုတည်းဖြစ်ပြီး တူညီတဲ့ နေရာကိုပဲ ဦးတည်နေတာလေ.."

အထူးတပ်ဖွဲ့ဝင်တွေ မျက်နှာပျက်သွားခဲ့ကြတယ်..။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဘယ်လီ က နောက်ဆုံးမှာ ပြောလာခဲ့ပါတယ်..။

“ဒါဆိုရင် ကျွန်မတို့က တစ်နေရာရာကို ဖိတ်ခေါ်ခံနေရတာပေါ့..”

သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ အပြုံးကို မြင်လိုက်ရတာကြောင့် ကင်မ် က တုန်ရီသွားခဲ့တယ်..။

“…ဒါက ဖိတ်ခေါ်တာထက်စာရင် တစ်နေရာရာကို ဆွဲဆောင်ခံထားရတာနဲ့ ပိုတူတယ်လို့ မထင်ဘူးလား..”

ဓားသမား ကတော့ ပခုံးတွန့်လိုက်တယ်..။

“ကောင်းပြီလေ.. ဖိတ်ခေါ်တယ်ဆိုတာ ဆွဲဆောင်မှု ရှိမှ ဖြစ်မှာမလား။.. မဟုတ်ရင် ဘယ်သူမှ လာမှာ မဟုတ်ဘူး..”

ကင်မ် က သူ့ကို အချိန်အတော်ကြာ ငေးကြည့်နေပြီးနောက် ဆန်နီ ဘက်ကို လှည့်လိုက်တယ်..။

“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ.. ကပ္ပတိန်..”

ဆန်နီ က ဘယ်လီရဲ့ အပြုံးကိုပဲ ပြန်လုပ်ပြလိုက်တော့ သူမရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့ပါတယ်..။

“ဘာလုပ်ရဦးမှာလဲ.. ဖိတ်ခေါ်ချက်ကို လက်ခံရမှာပေါ့.. ။ဒါပေါ့ ဒါက ကြောက်စရာကောင်းတဲ့ ထောင်ချောက်တစ်ခုမှန်းတော့ သတိသာနေတယ်လေ..။ အဆုံးမှာတော့ ဒီကျိန်စာသင့် ဥမင်က ငါတို့ကို ဘေးဘက်လမ်းကြောင်းကို စူးစမ်းဖို့ပဲ ရွေးချယ်ခိုင်းနေတာပဲ မဟုတ်ဘူးလား..။ တွေးကြည့်မယ်ဆိုရင် ဒါက တော်တော်ကို ဉာဏ်ကောင်းတဲ့ အစားအသောက် ပို့ဆောင်ရေး စနစ်တစ်ခုပဲ..။အစားအသောက်တွေက သူတို့ဘာသာ လာပို့ပေးနေကြရတာလေ..။ဥပမာ

ငါတို့က အစားအစာတွေဖြစ်ပြီး မြေအောက်မှာ စောင့်နေတဲ့ အရာဆီကို ငါတို့ကိုယ်တိုင် သွားပို့ပေးရမှာပေါ့..”

ဘယ်လီ ရဲ့ မျက်လုံးတွေက အရောင်လက်သွားခဲ့တယ်..။

“ဒါဆိုရင် အဲ့အရာက ကျွန်မတို့ကို မစားခင် ကျွန်မတို့က သူ့ကို အရင် စားရမှာလား..”

ဆန်နီ လည်ချောင်းရှင်းလိုက်တယ်..။

“မှန်တယ်.. အဲဒါက အစီအစဉ်ပဲ.. ။အနည်းဆုံးတော့ နည်းနည်းလောက်ပဲ အစားခံရအောင် ကြိုးစားကြည့်ရမှာပေါ့..”

သူ့အစီအစဉ်က အထူးတပ်ဖွဲ့ဝင်တွေအတွက် သိပ်ပြီး အားတက်စရာ မကောင်းဘူးဆိုတာကို ပြသနေခဲ့ပါတယ်။

သူ ချောင်းဟန့်လိုက်တယ်..။

“ပြီးတော့ ငါတို့ကို ဖမ်းချုပ်ထားတဲ့ အရာကို ရှာတွေ့ပြီး ဖျက်ဆီးလိုက်တာနဲ့ ဥမင်ထဲကနေ ချက်ချင်း ထွက်ပြေးရမယ်ဆိုတာကို ငါ သေချာ သိထားတယ်..။ ဒါကြောင့် ငါတို့ အဖွဲ့ နှစ်ဖွဲ့ ခွဲရမယ်..။ တစ်ဖွဲ့က အောက်ကို ဆင်းမယ်.. နောက်တစ်ဖွဲ့က ယာဉ်တန်းနဲ့ ကျန်ခဲ့ပြီး အားလုံး မြေပြင်ပေါ် ပြန်ရောက်အောင် သေချာ လုပ်ရမယ်..”

အထူးတပ်ဖွဲ့ဝင်တွေဟာ ဘယ်သူက ဘယ်အဖွဲ့မှာ ပါမလဲဆိုတာ ခန့်မှန်းဖို့ ကြိုးစားရင်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြတယ်..။ လူစတာ က သူတို့ရဲ့ အကောင်းဆုံး မောင်းနှင်သူ ဖြစ်တာကြောင့် ရိုင်နို နဲ့ပဲ ကျန်ခဲ့ရမှာပါ။ ဆမ်မာရာ ရဲ့ စွမ်းရည်က ကျဉ်းမြောင်းတဲ့ နေရာတွေမှာ သိပ်ပြီး အသုံးမဝင်တာကြောင့် သူမကို အောက်ကို ခေါ်သွားဖို့ မလိုပါဘူး..။ ကျန်တဲ့ သူတွေကတော့.. ဒါက မေးခွန်းထုတ်စရာ ဖြစ်နေခဲ့တယ်..။

ချီတင် က အမှောင်ထုထဲကို ငြိမ်သက်စွာ ကြည့်နေပြီးမှ မေးလာခဲ့တယ်..။

“ဒါဆိုရင် ဘယ်သူက ဖိတ်ခေါ်ချက်ကို လက်ခံရမှာလဲ.. ကပ္ပတိန်..”

ဆန်နီ သူ့ကို မျက်နှာထား တင်းတင်းနဲ့ ကြည့်လိုက်တယ်..။

“ဒါက လွယ်ပါတယ်.. ငါပဲ မြေအောက်ကို သွားကြည့်လိုက်မယ်.. ။မင်းတို့ အားလုံးကတော့ ယာဉ်တန်းနဲ့ပဲ ကျန်ခဲ့လိုက်ကြ..”

သူ့အဖွဲ့ဝင်တွေက ချက်ချင်းပဲ ကန့်ကွက်ကြတယ်..။

“တစ်ယောက်တည်း သွားဖို့က သိပ် အန္တရာယ်များလွန်းတယ်..”

“ကပ္ပတိန်.. တစ်ယောက်ယောက်ကတော့ နောက်ကျောကို စောင့်ကြည့်ပေးဖို့ လိုတယ်လေ..”

“ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ..”

ဆန်နီ သူတို့ပြောတာကို ခနလောက် နားထောင်နေပြီးမှ လက် ဝေ့ယမ်းလိုက်တယ်..။

“ပါးစမ် ပိတ်ထားကြစမ်း.. ဒီအရူးတွေ.. မင်းတို့မျက်လုံးထဲမှာ ငါ့ကို သူရဲကောင်းတစ်ယောက်လို့ ထင်နေတာလား..။ ငါသာ မင်းတို့ကို ခေါ်သွားလို့ ရရင် ခေါ်သွားမှာပေါ့..။တကယ်ဆို

တစ်တပ်လုံးကိုတောင် ခေါ်သွားချင်တာ။.. ဒါပေမယ့် မင်းတို့ထဲက ဘယ်သူမှ ယာဉ်တန်းဆီ ကို အချိန်မီ ပြန်လာနိုင်စွမ်း မရှိကြဘူး..။ငါကတော့ အဲလိုလုပ်နိုင်တယ်..”

သူ အရင်က ခေါ်ဖို့ စိတ်ကူးထားတဲ့ လူငယ်လေး တစ်ယောက်ကို သတိရရင်း သက်ပြင်းချလိုက်မိတယ်..။လေဟာနယ်ထဲမှာ အက်ကြောင်းတွေ ဖန်တီးနိုင်တဲ့သူ..။ အဲဒီစွမ်းရည်မျိုးသာ ဆိုရင် အခုချိန် အတော် အသုံးဝင်မှာပါ..။ ဒါပေမယ့် အရင်ရွေးချယ်ခဲ့တဲ့ အမှားတွေအတွက် နောင်တရနေဖို့ အချိန် မရှိတော့ပါဘူး..။ သူက သူ့အဖွဲ့ကိုလည်း ကျေနပ်ပါတယ်..။

“ပြီးတော့ ငါ တစ်ယောက်တည်း သွားမှာ မဟုတ်ဘူး.. သူတော်စင် ကို ခေါ်သွားမှာ..။ ဘာလဲ..နင်တို့ ငါ့ အနားမှာ ရှိမနေရင် ငါက ကိုယ်ကိုကို စတေးပစ်မယ်လို့ ထင်နေတာလား..”

အထူးတပ်ဖွဲ့ဝင်တွေက အနည်းငယ် ညည်းတွားခဲ့ကြပေမယ့် နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြတယ်..။ ကပ္ပတိန် ရဲ့ ထပ်တူညီမူ က တကယ်ကို အစွမ်းထက်မှန် သူတို့သိကြပါတယ်..။ မာစတာ တစ်ယောက်နဲ့ အထွတ်အထိပ်အဆင့် နတ်ဆိုး တစ်ကောင်တောင် မဖြေရှင်းနိုင်တဲ့ သဘာဝလွန် အမှောင်ထုရဲ့ အရင်းမြစ်ဆိုရင် အဖွဲ့ဝင်တွေ အနေနဲ့ ဘာမှ ထူးပြီး လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး..။

သူတို့က သာမန် မာစတာ တစ်ယောက်နဲ့ သာမန် ထပ်တူညီမူ လည်း မဟုတ်ကြပေ..။

ဆန်နီ က အမိန့်အနည်းငယ် ထပ်ပေးလိုက်ပြီး သူ မရှိတဲ့အချိန်မှာ ယာဉ်တန်း အဆင်ပြေဖို့ သေချာစေခဲ့တယ်..။ ပြီးတာနဲ့ သူတော်စင် ကို ခေါ်ပြီး ဘေးဘက်လမ်းကြောင်းရဲ့ ဝင်ပေါက်ဆီ လျောက်သွားခဲ့ပါတယ်..။

သူတို့ နှစ်ယောက်လုံးက အမှောင်ထုကို မျက်နှာမူလိုက်ကြပြီး ခနလောက် ငြိမ်သက်နေခဲ့တယ်..။ ယင်းနောက်မှာတော့ အေးစက်တဲ့ ပွေ့ဖက်မှုဆီ တိတ်ဆိတ်စွာပဲ ခုန်ဆင်းသွားခဲ့ကြပါတယ်..။

‘ချီးတဲ့မှပဲ…’

အပိုင်း ( ၉၃၈ ) ပြီး၏။

အပိုင်း ( ၉၃၉ ) သားရဲရဲ့ ဝမ်းဗိုက်ထဲမှာ

ဘေးဘက်လမ်းကြောင်းကလည်း ဘာမှ မမြင်နိုင်လောက်အောင် ထူထပ်တဲ့ အမှောင်ထုတွေနဲ့ ပြည့်နှက်နေခဲ့တာကြောင့်..ဆန်နီ ရဲ့ အမြင်အာရုံရော အကြားအာရုံပါ ပျောက်ဆုံးသွားစေခဲ့ပါတယ်..။ ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားဟာ နူးညံ့တဲ့ အလင်းရောင်တစ်ခုနဲ့ တောက်ပနေခဲ့ပြီး..သူ့ပတ်ပတ်လည်မှာ အလင်းဝိုင်းငယ်လေးတစ်ခုကို ဖန်တီးပေးထားခဲ့တယ်..။ ဒီအလင်းရောင်ဟာ အေးစက်တဲ့ အမှောင်ထုလှိုင်းကို အသည်းအသန် ခုခံနေရတဲ့ပုံ ပေါ်ပြီး..အမှောင်ထုကို ပိုပြီးတော့တောင် အကြွင်းမဲ့ ဖြစ်သွားစေခဲ့ပါတယ်..။

လမ်းကြောင်းရဲ့ ကျောက်နံရံတွေဟာ ပင်မဥမင်ထက်စာရင် တစ်ခုနဲ့တစ်ခု ပိုမို နီးကပ်နေခဲ့တယ်။..အမိုးကလည်း ပိုနိမ့်ပြီး..ထွက်ပေါ်နေတဲ့ အလင်းဝိုင်းကလည်း ကျဉ်းမြောင်းနေခဲ့တယ်..။ ဒါတွေအားလုံးက ဆန်နီ ကို အကျဉ်းအကျပ်ထဲ ရောက်နေသလိုမျိုး ခံစားရစေပါတယ်..။ သူက စိတ်ပျက်နေတဲ့ မျက်နှာအမူအရာ နဲ့ ရှေ့ကို ဆက်လျောက်နေခဲ့ပြီး..သူ့ခြေထောက်အောက်က ကြမ်းပြင်က အောက်ဘက်ကို မတ်စောက်စွာ ဆင်းသွားတာကို ခံစားနေရခဲ့တယ်..။

သူအတွက် စိတ်သက်သာရာရစေတဲ့ အရာတစ်ခု ရှိတယ်ဆိုရင်..အဲတာက သူ့ဘေးနားမှာ ရှိနေတဲ့ သူတော်စင် ရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်..။ စကားနည်းတဲ့ နတ်မိစ္ဆာ ဟာ သူမရဲ့ ထုံးစံအတိုင်း အရာရာကို ဂရုမစိုက်တဲ့ ပုံစံနဲ့ လှုပ်ရှားနေခဲ့ပြီး..လက်ထဲမှာ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ကိုင်ဆောင်ထားခဲ့တယ်..။ သူတို့နှစ်ယောက်ဟာ တောင်တန်းကြီးရဲ့ ဝမ်းဗိုက်ထဲကို ပိုပြီး နက်ရှိုင်းစွာ ဆင်းသက်နေကြတာပါ..။

‘ကျိန်စာသင့်နေသလိုပဲ… ချီးပဲ… ဒါက တကယ်ကို အမှိုက်လိုပဲ…’

ဆန်နီ ကတော့ ထုံးစံအတိုင်း အတော်လေး ကြောက်ရွံ့နေခဲ့တာပါ..။

သူ့မှာ ကြောက်ရွံ့စရာ အကြောင်းရင်းတွေ အများကြီး ရှိနေခဲ့တယ်..။ သူက ဘာမှန်းမသိပေမယ့် အတိုင်းအဆမရှိ အစွမ်းထက်တဲ့ အိပ်မက်ဆိုး သားရဲရဲ့ ထောင်ချောက်ထဲကို ကိုယ့်သဘောနဲ့ကိုယ် လျောက်ဝင်နေရတာ တင်မကပါဘူး..။ သူ့ရဲ့ စွမ်းရည်အများစုကို တိုက်ရိုက် တန်ပြန်နိုင်စွမ်းရှိတဲ့ စစ်မှန်တဲ့

အမှောင်ထုရဲ့ ဝန်းရံခြင်းကိုလည်း ခံထားရပါသေးတယ်..။

ဒါတင် မကသေးပေ..။ဆန်နီက သူ့ကိုယ်သူ ထူးဆန်းတဲ့ အခြေအနေတစ်ခုထဲ ရောက်နေတာကိုလည်း သတိပြုမိနေခဲ့တယ်..။ နိုးထသူ အများစုမှာ အနည်းဆုံးတော့ အလင်းပေးနိုင်တဲ့ မှတ်သားမူ တစ်ခုစီ ရှိတတ်ကြပါတယ်..။

ဒီအရာတွေက များသောအားဖြင့် စျေးသက်သာပြီး ရလွယ်တာကြောင့် လူတိုင်းရဲ့ လက်နက်တိုက်ထဲမှာ မီးအိမ်လို သုံးလို့ရတဲ့ ပစ္စည်းတစ်ခုခု ရှိတတ်ကြတာပါ..။ သို့ပေမယ့်ဆန်နီ ကတော့ အဲလိုအရာမျိုးကို တစ်ခါမှ မလိုအပ်ခဲ့တာကြောင့် သူ့မှာ ရက်စက်သော မြင်ကွင်း ပဲ ရှိပါတယ်..။

ဒီလှံရဲ့ [အလင်း စားသုံးသူ] တိုးမြှင့်မူ က အလင်းကို စုပ်ယူပြီး ပြန်လည် ထုတ်လွှတ်ခွင့် ပေးထားခဲ့တာပါ..။ ဝင်ရိုးစွန်းညရဲ့ အမှောင်ထုထဲမှာ လပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက်မှာ..အတိတ်က ဝါးမြိုခဲ့ဖူးတဲ့ နေရောင်ခြည် အများစုက အချိန်ကြာလှပြီ ဖြစ်တာကြောင့် ကုန်ဆုံးသွားခဲ့ပါပြီ..။ ကျန်ရှိနေတဲ့ သေးငယ်တဲ့ အလင်းကလည်း နာရီအနည်းငယ်ပဲ ကြာရှည်ခံပါတော့မယ်။… တကယ်လို့ သူက အဲ့အချိန်အတွင်းမှာ မစ်ရှင်ကို မပြီးမြောက်နိုင်ရင် ဘာဖြစ်သွားမှာလဲ…။

ဘာပဲဖြစ်ဖြစ် ဆန်နီ က အဆင်သင့်ဖြစ်အောင် ဓာတုမီးတောက် တုတ်ချောင်း အနည်းငယ်ကို ယူဆောင်လာခဲ့ပေမယ့်..ဒါတွေကို သုံးစရာမလိုဖို့ကိုပဲ မျှော်လင့်နေခဲ့မိတာပါ..။

ထပ်ပြောရရင်..သူက အရိပ်တွေထဲက တစ်ခုကို ယာဉ်တန်းနဲ့အတူ ချန်ထားခဲ့ရပါသေးတယ်..။ စစ်မှန်တဲ့ အမှောင်ထုရဲ့ ဝန်းရံခြင်းကို ခံထားရတာကြောင့်..သူက ဥမင်လိုဏ်ခေါင်း ကွန်ရက်ကို အမြန် ဖြတ်သန်းသွားလာနိုင်ဖို့ အရိပ်တစ်ခုအဖြစ် မပြောင်းလဲနိုင်ပါဘူး..။ ဒါပေမယ့် သူက သူ့ရဲ့ အဖိုးတန် အကူအညီပေးသူတွေထဲက တစ်ခုဆီကိုတော့ အရိပ်ခြေလှမ်း နဲ့ ပြန်ပြီး သွားနိုင်ပါသေးတယ်..။ ဒါကြောင့်လည်း ဆန်နီ ဟာ ရှေ့မှာ စောင့်ကြိုနေမယ့် ဘယ်လို ဘေးအန္တရာယ်ကနေမဆို ချက်ချင်း ထွက်ပြေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ တောင်တန်းရဲ့ နက်ရှိုင်းရာဆီကို တစ်ယောက်တည်း စွန့်စားဝင်ရောက်လာခဲ့တာပါ..။

ဒါကြောင့်…အခုချိန်မှာ သူ့ရဲ့ စွမ်းအား လေးပုံတစ်ပုံကလည်း မရှိတော့ပေ..။

လက်ရှိအချိန်မှာတော့..သုန်မုန်နေတဲ့အရိပ်က သူတော်စင် နဲ့အတူ ရှိနေခဲ့ပြီး..ကြောက်စရာအရိပ်က ရက်စက်သော မြင်ကွင်း ကို စွမ်းအားမြှင့်တင်ပေးထားကာ..မောက်မာတဲ့အရိပ်ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရစ်ပတ်ထားခဲ့ပါတယ်..။ သူတို့ ငါးယောက်က ကြောက်မက်ဖွယ်ကောင်းတဲ့ အစုအဖွဲ့ ဖြစ်ပေမယ့်…ဆန်နီ ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမနေခဲ့ပါဘူး..။

အခြေအနေတွေက သူ့အတွက် ဆိုးဝါးလွန်းနေခဲ့ပါတယ်..။

‘ဘာပဲဖြစ်ဖြစ်… ဒါက ဘာများထူးဆန်းလို့လဲ..။ဒါက စစ်မှန်တဲ့ အမှောင်ထုတွေ ပြည့်နှက်နေပြီး လွတ်မြောက်ဖို့ မလွယ်ကူတဲ့ တောင်တန်းကြီးတစ်ခုပဲလေ..။ဒီအရာက ကြောက်ဖို့ကောင်းပေမယ့် နှလုံးသားတစ်ခု ရှိနေတာကတော့ သိသာတယ်..။ ဒါက အသေးအမွှားလေးပါ…’

သူတော်စင် က သူမရဲ့ ခေါင်းကို အနည်းငယ် လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်..။ သူမရဲ့ ပတ္တမြားကျောက်မျက်လို မျက်လုံးတွေကတော့ ကြက်သွေးရောင် အလင်းနဲ့ တောက်ပနေခဲ့ပါတယ်..။ အဲ့အချိန်ကျမှ ဆန်နီ က သူ့ရဲ့ သွားတွေ တဆတ်ဆတ် တုန်ခါနေတာကို သတိထားမိလိုက်တယ်..။

သူက အားနည်းတဲ့ အပြုတစ်ခုကို အတင်း ဖန်တီး လိုက်ပြီး..

“ဘာလဲ… ဒီနေရာက အရမ်းအေးနေတာလေ… ။သိရဲ့သားနဲ့…”

ဒီနေရာက အမှန်တကယ်ပဲ..အေးစက်နေခဲ့တာပါ..။ သူ့ရဲ့ နှုတ်ခမ်းတွေကနေ အငွေ့တွေ ထွက်ပေါ်နေခဲ့ပြီး..သူ့ရဲ့ အသံက ကျောက်နံရံတွေမှာ ရိုက်ခတ်ကာ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းထဲကို အဝေးကြီးအထိ ပဲ့တင်ထပ်သွားခဲ့တယ်..။ ဆန်နီ က အမှောင်ထုထဲမှာ ပုန်းကွယ်နေနိုင်တဲ့ ဘယ်အရာကိုမဆို သူ့ရဲ့ တည်နေရာကို မသိစေချင်တာကြောင့် တိတ်ဆိတ်သွားခဲ့ပါတယ်..။

သူတို့က ဆက်ပြီး ဆင်းသက်ခဲ့ကြရင်း..မကြာခင်မှာပဲ အမှောင်ထုထဲမှာ နစ်မြုပ်နေတဲ့ လမ်းဆုံတစ်ခုဆီကို ရောက်ရှိလာခဲ့ကြတယ်..။ ဒါက လမ်းဆုံတွေ အများကြီးထဲက ပထမဆုံးတစ်ခုပဲ ဖြစ်ပါတယ်… ။ပရော်ဖက်ဆာ အိုဘယ် ပြောခဲ့သလိုပါပဲ..ဒီနေရာဟာ မှောင်မိုက်တဲ့ကာလ တုန်းက ဖောက်လုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲတစ်ခုခု ဖြစ်ပွားရင် ဗုံးခိုကျင်းအဖြစ် သုံးဖို့ ရည်ရွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်ကြီးတစ်ခု ပါပဲ။

ဥမင်လိုဏ်ခေါင်းတွေက တောင်တန်းကြီးထဲကို နက်ရှိုင်းစွာ ဖြတ်သန်းသွားခဲ့ပြီး..ထူးဆန်းတဲ့ ဝင်္ကပါကြီးတစ်ခုကို ဖန်တီးထားခဲ့တယ်..။ ဆန်နီ ကတော့ ဒါတွေကို စီစဉ်ထားတဲ့ပုံစံမှာ အကျိုးအကြောင်း ဆီလျော်မှု တစ်ခုခု ရှိလိမ့်မယ်လို့ သေချာနေခဲ့ပေမယ့်..ဒီနေရာကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာတွေရဲ့ ရည်ရွယ်ချက်ကတော့ သူ့အတွက် ဝေဝါးနေခဲ့ပါတယ်..။ ဘာပဲဖြစ်ဖြစ် ကျောက်တုံးတွေထဲမှာ ဖောက်လုပ်ထားတဲ့ လမ်းကြောင်းတွေနဲ့ အခန်းတွေက စနစ်တကျ မရှိဘဲ ပရမ်းပတာ ဖြစ်နေခဲ့တာပါ..။

သက်ရှိအင်္ဂါတစ်ခုလိုပဲ..။

ပြီးတော့..ဒါပေါ့..လမ်းကြောင်းတစ်ခုစီတိုင်းက လည်း အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံထားရပါသေးတယ်..။ ဒီလောက် နက်ရှိုင်းတဲ့ မြေအောက် အနက်မှာတော့ ဆန်နီ ဟာ အမှောင်ထုက သူ့ပတ်ပတ်လည်မှာ လှုပ်ရှားနေပြီး..သွေးကြောတွေထဲမှာ သွေးတွေ အလုအယက် စီးဆင်းနေသလိုမျိုး ဥမင်တွေထဲမှာ စီးဆင်းနေတယ်လို့ ခံစားလာခဲ့ရတယ်..။

သူ တုန်ရီသွားခဲ့ပါတယ်..။

‘စိတ်အေးအေးထားစမ်း… ချီးပဲ…’

နှလုံးသားကို ရှာ… ပြီးရင် ဖျက်ဆီးပစ်..။

…တကယ်လို့ ဒါက တင်စားပြီး ပြောတဲ့ နှလုံးသား မဟုတ်ဘဲ..တကယ့် စစ်မှန်တဲ့ နှလုံးသားတစ်ခု ဖြစ်နေရင်ကော…။

ဆန်နီ အံကြိတ်ထားရင်း ခရီးကို ဆက်လာခဲ့တယ်..။ ရှုပ်ထွေးလှတဲ့ ဝင်္ကပါကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့..သူက ရိုးရှင်းတဲ့ နိယာမတစ်ခုကိုပဲ လိုက်နာခဲ့ပါတယ်။သူက… လမ်းဆုံတစ်ခုကို ရောက်တိုင်း အောက်ဘက်ကို ပိုပြီး နက်ရှိုင်းစွာ ဦးတည်တဲ့ လမ်းကိုပဲ ရွေးချယ်ခဲ့တာပါ..။ လောလောဆယ်တော့ ဒီနည်းလမ်းက အလုပ်ဖြစ်နေပုံရပါတယ်..။ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်မှာရှိတဲ့ အမှောင်ထုက ပိုမို ထူထပ်လာပြီး..ပိုပြီးတော့တောင် မြန်မြန် စီးဆင်းနေခဲ့လို့ပါပဲ..။

…အချိန်အနည်းငယ် အကြာမှာတော့..သူက ထူးဆန်းတဲ့ တုန်ခါသံတစ်ခုကို စတင် ကြားလိုက်ရတယ်..။ဒါက တိုးညှင်းပြီး ဝေးကွာလှတဲ့ တီးတိုးသံတစ်ခုလိုပဲ..အေးစက်တဲ့ ကျောက်တုံးတွေကို ဖြတ်သန်းပြီး ပဲ့တင်ထပ်နေခဲ့တာပါ။..ဆန်နီ က ဥမင်လိုဏ်ခေါင်းထဲကို ပိုပြီး နက်ရှိုင်းအောင် စွန့်စားဝင်ရောက်လာလေလေ ဒီအသံက ပိုပြီး ထင်ရှားလာလေလေပါပဲ..။

သူက အတိုင်းအဆမရှိတဲ့ ကမ္ဘာဦး ကြောက်ရွံ့မှုခံစားချက်ကိုခုခံရင်း..သူတော်စင် ကို တစ်ချက် ကြည့်လိုက်တယ်။..ယင်းနောက် ခေါင်းမာစွာပဲဆက်လျောက်လာခဲ့ပါတယ်..။

မကြာခင်မှာပဲ..ဆန်နီ ဟာ လမ်းပိတ်နေတဲ့ နေရာတစ်ခုဆီကို ရောက်လာခဲ့တယ်…။ဒါမှမဟုတ်လမ်းပိတ်နေသင့်တဲ့ နေရာတစ်ခုပေါ့..။ သူ ဝင်ရောက်လာခဲ့တဲ့ ဥမင်က ရုတ်တရက် ရပ်တန့်သွားခဲ့ပေမယ့်..သူ့ရှေ့က တံတိုင်းကတော့ ပြိုကျနေခဲ့တာ..သို့မဟုတ် အတိတ်က တစ်ချိန်ချိန်မှာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံထားရ သလိုပါပဲ။ဒါက..သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့

ဂူတစ်ခုရဲ့ ဝင်ပေါက်ကို ဖော်ပြနေခဲ့ပါတယ်.။

သူ ခနလောက် တွန့်ဆုတ်နေခဲ့ပြီးမှ..ကျောက်ပုံတွေပေါ်ကို ကျော်တက်ကာ ဂူထဲကို ဝင်လိုက်တယ်..။ ဒီလမ်းက ရှေ့ကို ဆန့်တန်းနေတယ် ဆိုပေမယ့် ကွေ့ကောက်.. လှည့်ပတ်နေခဲ့ကာ..သူတော်စင် အနေနဲ့ နောက်ကို ဆုတ်ပြီး သူ့နောက်ကနေ လိုက်လာရလောက်အောင်အထိကျဉ်းမြောင်းလာခဲ့ပါတယ်..။

မှောင်မိုက်တဲ့ လမ်းကြောင်းတွေက လူသားတွေရဲ့ ကိရိယာတွေနဲ့ ဖောက်လုပ်ထားတဲ့ ကျောက်တုံးလမ်းတွေကနေ..ကြမ်းတမ်းပြီး မညီမညာတဲ့ ပုံစံတွေအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ..။ ကြမ်းပြင်ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေတာကြောင့် ရှေ့ကို ရွေ့လျားဖို့ ခက်ခဲစေပါတယ်..။ တကယ်လို့ အစောတုန်းက ဝင်္ကပါတစ်ခုထဲ ရောက်နေသလို ခံစားရတယ်ဆိုရင်..အခုတော့ ဆန်နီဟာ အရပ်မျက်နှာ သိစိတ် လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ..။ သူ သိတာဆိုလို့ သူက အောက်ဘက်ကို ဆက်ပြီး ဆင်းနေတုန်း ဖြစ်ပြီး..အမှောင်ထုကလည်း ပိုမို မြန်ဆန်တဲ့ နှုန်းနဲ့ သူ့ကို ဖြတ်သန်းစီးဆင်းနေတယ် ဆိုတာပါပဲ..။

အဏုမြူစွမ်းအင်လို တုန်ခါသံက ပိုပြီးတော့တောင် ကျယ်လောင်လာခဲ့ပါတယ်..။

ဒီအချိန်မှာတော့ ဆန်နီ ဟာ သူက လှိုဏ်ဂူတစ်ခုကို ဖြတ်သန်းနေတာ မဟုတ်ဘဲ..ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ သွေးကြောတွေထဲမှာ တွားသွားနေရတယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ ခံစားချက်မျိုးကို ရလိုက်တယ်။

‘တကယ်လို့… တကယ်လို့ ဒီကောင်က တကယ်ပဲ အသက်ရှင်နေတယ်ဆိုရင်… ဒါက ဘယ်လို သတ္တဝါမျိုးလဲဆိုတာ ငါ တကယ် မသိချင်ဘူး…’

ဆန်နီ ရဲ့ စိတ်ထဲမှာ ဒီလိုတွေးနေတဲ့ အချိန်မှာပဲ…

ရက်စက်သော မြင်ကွင်း ရဲ့ လှံသွား မှာ ထွက်ပေါ်နေတဲ့ အလင်းရောင်က ရုတ်တရက် ဝေဝါးသွားခဲ့ပြီး… ချက်ချင်းပဲ ငြိမ်းသတ်ခြင်း ခံလိုက်ရပါတယ်..။

အခု ကျန်နေခဲ့တာကတော့ အကြွင်းမဲ့ အမှောင်ထုကြီးပဲ ရှိပါတော့တယ်..။

အပိုင်း ( ၉၃၉ ) ပြီး၏။

All Chapters