အခန်း (၉၄၀-၉၄၂)
Vol. 63 Ch. 940-942
အပိုင်း ( ၉၄၀ ) အမှောင်ထုရဲ့ နှလုံးသား
‘ငါ… ချီးပဲ… ဒါမျိုး ဖြစ်လာမယ်ဆိုတာ ငါ သိနေတယ်…’
အမှောင်ထုထဲမှာ တစ်ခုခုကို ကုတ်ခြစ်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး..ယင်းနောက်မှာတော့ ဓာတုမီးတောက်ချောင်း ဆီကနေ တောက်ပတဲ့ ကြက်သွေးရောင် မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။ ဆန်နီ က မီးတောက်ကို သူ့ခေါင်းပေါ် မြှောက်ကိုင်လိုက်ရင်း.. နိမိတ်မကောင်းတဲ့ အလင်းရောင်တွေ လွှမ်းမိုးသွားတဲ့ ကျဉ်းမြောင်းတဲ့ လှိုဏ်ဂူကို ကြည့်လိုက်တယ်..။ အမှောင်ထုကတော့ လောလောဆယ် နောက်ဆုတ်သွားခဲ့ပေမယ့်..သူ့အပေါ်ကို ဘယ်အချိန်မဆို ပြန်ပြီး ခုန်အုပ်ဖို့ အဆင်သင့် ဖြစ်နေပုံ ပေါ်နေခဲ့တာပါ..။
သူ့ရဲ့ နှလုံးခုန်သံက ရူးသွပ်မတတ် မြန်ဆန်နေတာကို ခံစားရတာကြောင့်..သူ့နောက်မှာ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်တဲ့ သူတော်စင် ကို တစ်ချက် ကြည့်လိုက်တယ်..။ ပြီးမှ ဆန်နီမျက်နှာလွှဲလိုက်ပြီး ညည်းတွားလိုက်မိပါတယ်..။
‘ကောင်းပြီလေ… ငါက ဘာကို မျှော်လင့်နေတာလဲ… သူမက မြေအောက်ကမ္ဘာမှာ မွေးဖွားခဲ့တာပဲ မဟုတ်ဘူးလား..။ သေချာတယ်.. သူတော်စင် ကတော့ ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့ အမှောင်ထုထဲမှာ ကိုယ့်အိမ်ကိုယ်ယာလို သက်တောင့်သက်သာ ခံစားနေရမှာပဲ…’
သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ သွေးနီရောင် အလင်းကို ကျင့်သားရအောင် ကြိုးစားရင်း သူက ခနလောက် မလှုပ်မယှက် ရပ်နေခဲ့တယ်..။ ယင်းနောက်မှာတော့ ဆန်နီ က နှုတ်ခမ်းကို ကိုက်ပြီး ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်..။
“သွားကြစမ်းစို့… ငါတို့ နှလုံးသားကို ရှာဖို့ လိုသေးတယ်..”
ရက်စက်သော မြင်ကွင်း က စုပ်ယူထားတဲ့ အလင်းရောင်တွေကို ဒီလောက်အထိ စောစောစီးစီး ကုန်ဆုံးသွားအောင် မလောင်ကျွမ်းစေခဲ့သင့်ပါဘူး..။ အနည်းဆုံး ဆယ့်ငါးမိနစ်လောက် တောက်လောင်ရမယ့် ဓာတုမီးတောက်ချောင်းကလည်း ငါးမိနစ်အတွင်းမှာတင် တုန်ခါသွားခဲ့ပြီး ငြိမ်းသတ်ခြင်း ခံလိုက်ရတာကြောင့်..သူက အသစ်တစ်ခုကို ထပ်ပြီး ထွန်းညှိလိုက်ရပါတယ်..။ ဒါက စစ်မှန်တဲ့ အမှောင်ထုကို မောင်းထုတ်ဖို့ ကြိုးစားရတာက ဘယ်လို အလင်းရောင် အရင်းအမြစ်ကိုမဆို ပိုပြီး မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားစေသလိုမျိုး ပါပဲ…။
တောင်တန်းကြီးရဲ့ နက်ရှိုင်းရာဆီကို ပိုပြီး သွားလေလေ..ဒီလို ကွာခြားချက်က ပိုပြီး ထင်ရှားလာလေလေ ဖြစ်နေခဲ့တယ်..။
‘အကုန်လုံး ကျိန်စာသင့်နေတာပဲ…’
ဆန်နီ ဟာ အမှောင်ထုရဲ့ နှလုံးသားဆီ ရောက်ရှိဖို့ တွေးပြီး ကြောက်ရွံ့နေခဲ့ပေမယ့်..အခုချိန်မှာတော့ သူ့ရဲ့ မီးတောက်ချောင်းတွေက စိုးရိမ်စရာကောင်းတဲ့ နှုန်းနဲ့ကုန်ဆုံးနေတာကြောင့်.နှလုံးသား ကို ရှာတွေ့ဖို့ပဲ အသည်းအသန် လိုလားနေခဲ့မိပါတယ်..။
စိတ်မကောင်းစရာကတော့..ဒါက သူထင်ထားတာထက် ပိုပြီး ခက်ခဲနေခဲ့တာပါပဲ..။
အပေါ်က လူသားတွေ ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေမှာတော့ ထင်ရှားတဲ့ အရပ်မျက်နှာ ရှိပေမယ့်..ပရမ်းပတာ ဖြစ်နေတဲ့
ဒီလှိုဏ်ဂူကြီးကတော့ ဖြတ်သန်းရ ပိုခက်ခဲသလို နေရာအနှံ့ ပျံ့နှံ့နေခဲ့တယ်..။ တစ်ခါတရံမှာ သူက အောက်ဘက်ကို ဦးတည်တဲ့ လမ်းအတိုင်း လိုက်သွားခဲ့ပေမယ့်..နောက်ဆုံးမှာ ခနလောက် အပေါ်ကို ပြန်တက်ရတာနဲ့တင် လမ်းဆုံးသွားခဲ့ပါတယ်..။ တစ်ချို့အချိန်တွေမှာတော့ တောင်တန်းထဲကို ပိုပြီး နက်ရှိုင်းစွာ ဆင်းသက်ခြင်းက အဝေးမှာရှိနေတဲ့ တုန်ခါသံကို ပိုပြီး တိတ်ဆိတ်သွားစေတာကြောင့်..ဒါက သူ့အနေနဲ့ပန်းတိုင်နဲ့ ပိုပြီး ဝေးကွာသွားတာကို ဖော်ပြနေခဲ့တာပါ..။
နောက်ဆုံးမှာတော့ ဆန်နီ က သူ ဘာလုပ်နေလဲဆိုတာကို သိသလိုလို ဟန်ဆောင်နေတာတွေ အကုန်စွန့်လွှတ်လိုက်ပြီး..လမ်းကို ကျပန်းပဲ ရွေးချယ်လိုက်ပါတော့တယ်..။ သူ့ရဲ့ ပင်ကိုယ်သိစိတ်က လမ်းပြပေးဖို့ပဲ မျှော်လင့်လိုက်တာပါ..။
မကြာခင်မှာပဲ..သူက ပုံစံအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်..။
အမှောင်ထုက ပိုပြီး မြန်မြန် စီးဆင်းနေတဲ့ လမ်းကြောင်းတွေကပဲ သူ့အတွက် မှန်ကန်တဲ့ လမ်းတွေ ဖြစ်နေခဲ့တာပါ..။သူက ဒီ အသိပညာကို လက်နက်သဖွယ် သုံးပြီး.. အချိန် သိပ်မကျန်တော့မှန်း သိတာကြောင့် ရှေ့ကို အလျင်အမြန်သွားခဲ့ပါတယ်..။
အချိန် တိုင်းတာမူကတော့ အဓိပ္ပာယ် လုံးဝပျောက်ဆုံးသွားခဲ့ပါပြီ..။ ဆန်နီ ကတော့ သူ့ရဲ့ ကုန်ဆုံးသွားတဲ့ မီးတောက်ချောင်း အရေအတွက်နဲ့ပဲ အချိန်ကို တိုင်းတာနေခဲ့မိတာပါ..။ ဓာတု မီးတုတ်ချောင်းတွေထဲက နှစ်ချောင်းပဲ ကျန်တော့တဲ့ အချိန်မှာတော့…
သူက နောက်ဆုံးမှာတော့ သူ့ရဲ့ ပန်းတိုင်ဆီကို ရောက်လာနိုင်ခဲ့တယ်..။
သူ လျောက်ဝင်လာခဲ့တဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းရဲ့ ကျောက်နံရံတွေက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး..သူ့ကိုယ်သူ ကြီးမားလှတဲ့ စက်လုံးပုံစံ ဂူကြီးတစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရတယ်..။ညို့မှိုင်းတဲ့ ကြက်သွေးရောင် အလင်းတွေအောက်မှာ..သူက အလားတူ တွင်းပေါက် ပေါင်းများစွာကို မြင်တွေ့နိုင်ခဲ့ပါတယ်။။သူတို့..တစ်ခုစီတိုင်းက မတူညီတဲ့ သဘာဝ လှိုဏ်ဂူတွေ ဆီကို ဦးတည်နေခဲ့တာပါ..။
သို့ပေမယ့် ဆန်နီ ကတော့ အဲဒါတွေကို ဂရုမစိုက်နိုင်ခဲ့ပါဘူး..။
သူ ကြည့်နေမိတဲ့ တစ်ခုတည်းသော အရာကတော့ ဂူကြီးရဲ့ အလယ်ဗဟိုမှာ လေလွင့်နေတဲ့ အနက်ရောင် ကျောက်တုံး စက်လုံးကြီးပဲ ဖြစ်ပါတယ်..။ ဒီအရာကြီးက မီးတောက်ချောင်းရဲ့ ကြက်သွေးရောင် အလင်းတွေနဲ့အတူ မှောင်မိုက်စွာ တောက်လောင်နေခဲ့တာပါ..။ အမှောင်ထုက… အမှောင်ထုက ဒီအရာကို ဖြတ်သန်းပြီး စီးဆင်းနေတာ ဖြစ်နိုင်သလို..ဒါမှမဟုတ် ဒီအရာဆီကနေပဲ မွေးဖွားလာတာလည်း ဖြစ်နိုင်ပါတယ်..။ သူ ကြားခဲ့ရတဲ့ တုန်ခါသံတွေကလည်း ဒီ စက်လုံးကြီးဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး..သူ့ရဲ့ အတွင်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ လှိုင်းလုံးတွေရဲ့ လှုပ်ခတ်သံလိုပါပဲ..။ ရုတ်တရက်ဆိုသလိုပဲ သူက ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အအေးဓာတ်တစ်ခု ပျံ့နှံ့သွားတာကို ခံစားလိုက်ရတယ်..။
ဒီ အနက်ရောင် စက်လုံးကြီးက ဘာပဲဖြစ်ဖြစ်… ဒါက လူသားတစ်ယောက်ယောက် မြင်တွေ့ဖို့ ရည်ရွယ်ထားတဲ့ အရာမဟုတ်မှန်း သူ သေချာ သိနေခဲ့ပါတယ်..။
‘တိုက်ခိုက်… ပြီးရင် ပြေး…’
ဆန်နီ တံတွေး မြိုချလိုက်တယ်..။
ဒီအရာကို စောင့်ကြပ်နေတဲ့သူ ဘယ်သူမှ မရှိဘူးဆိုတာကို သူ မယုံကြည်နိုင်ခဲ့ပါဘူး..။ သို့ပေမယ့် သေချာ ပြန်တွေးကြည့်ရင်..သူ့ကိုယ်ပိုင် နှလုံးသားကိုလည်း စောင့်ကြပ်ပေးနေတဲ့အရာမျိုး ဘာမှ မရှိပါဘူး… ။တကယ်လို့ တစ်ခုခုက သူ့ရဲ့ ရင်ဘတ်ထဲကို တွားသွားဝင်ရောက်နိုင်ခဲ့ရင်..သူ့ရဲ့ နံရိုးအိမ်ထဲမှာလည်း ကာကွယ်ပေးမယ့်သူ မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်..။
…ဝီဗာသွေး က ကာကွယ်ပေးထားရင်တော့ တစ်မျိုးပေါ့...။
ဆန်နီ က စတုတ္ထမြောက် အရိပ်နဲ့ သူ့ရဲ့ ဆက်သွယ်မှုက ရှိနေသေးလားဆိုတာကို သေချာအောင် သူ့ရဲ့ အာရုံခံစားမှုတွေကို အပြင်ဘက်ကို ဆန့်တန်းလိုက်တယ်..။ ရအိပ်က ထူးဆန်းစွာ ဝေဝါးနေပေမယ့် အဲ့နေရာမှာ ရှိနေဆဲပါပဲ..။ဘာပဲဖြစ်ဖြစ် သူက အမှောင်ထုရဲ့ နှလုံးသား ကို ဖျက်ဆီးပြီးတာနဲ့ ဒီမှောင်မိုက်တဲ့ ဂူထဲကနေ အရိပ်ခြေလှမ်း ကို သုံးပြီး ထွက်ပြေးနိုင်လိမ့်မယ်ဆိုတာကို သိနေခဲ့ပါတယ်..။
‘ဒါဆို အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး…’
သူ့ရဲ့ နောက်ဆုံး မီးတောက်ချောင်းကလည်း ကုန်ဆုံးတော့မှာပါ..။
ဆန်နီ ရှေ့ကို ခြေတစ်လှမ်းလှမ်းရင်း..သူ့စိတ်ထဲက တွန့်ဆုတ်မှုတွေ အားလုံးကို မောင်းထုတ်လိုက်ကာ ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားကို ရှေ့ကို ထိုးစိုက်လိုက်တယ်..။ လှံသွားက အနက်ရောင် စက်လုံးကြီးရဲ့ ဘေးဘက်ကို ထိမှန်သွားခဲ့ပြီး… အစင်းရာတစ်ခုတောင် မကျန်ရစ်ခဲ့ဘဲ သူ့ရဲ့ မျက်နှာပြင်ပေါ်ကနေ ချော်ထွက်သွားခဲ့ပါတယ်..။ ဆန်နီ ဆွံ့အသွားခဲ့တယ်..။
လှံသွားက ချောမွေ့လှတဲ့ ကျောက်တုံးကို ထိမှန်လိုက်တဲ့ အသံက နားကွဲမတတ် ကျယ်လောင်နေခဲ့တယ်။..ဒီအသံ တိတ်ဆိတ်သွားတဲ့ အခါမှာတော့…
သူကပဲ စိတ်ထင်နေတာလား… ဒါမှမဟုတ် စက်လုံးကြီးဆီက ထွက်ပေါ်နေတဲ့ အသံကပဲ ပိုပြီး ကျယ်လောင် လာတာလား…။
သူက သူတော်စင် ကို တစ်ချက် ကြည့်လိုက်ရင်း..မျက်နှာပေါ်မှာ အေးစက်တဲ့ ချွေးတွေ စီးကျလာတာကို ခံစားလိုက်ရကာ တိုးတိုးလေး ပြောလိုက်မိတယ်..။
“ငါ့ကို အဲတာနဲ့ ကူညီပေးပါဦး… ဟုတ်ပြီလား…”
တိတ်ဆိတ်တဲ့ သူရဲကောင်းဟာ..ထိန်းချုပ်ထားတဲ့ စိတ်ခံစားချက် အရိပ်အယောင်တစ်ခုနဲ့ စက်လုံးကြီးကို မလှုပ်မယှက် စိုက်ကြည့်နေခဲ့တာပါ..။ ယင်းနောက်မှာတော့ သူမရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်လောင်လာခဲ့ပြီး..အတွင်းထဲက မီးတောက်တွေက ပိုပြီး မှောင်မိုက်သွားခဲ့ပါတယ်..။
သူတော်စင် က ထူးဆန်းတဲ့ အရာတစ်ခုကို လုပ်ဆောင်လာခဲ့တယ်..။
သူမက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ့ကို နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ကမ်းပေးလာခဲ့ပါတယ်..။
ဆန်နီ ဇဝေဇဝါ ဖြစ်နေရင်း ကျောက်စိမ်းဓားမြှောင်ရဲ့ ဓားရိုးကို လှမ်းကိုင်လိုက်တယ်။..သူ့ရဲ့ စိတ်ကို တိုက်ခိုက်လာတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ တီးတိုးသံတွေကတော့ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်..။
“သနားစရာကောင်းလိုက်တာ…”
သူက ရုတ်တရက် ပေါ်လာတဲ့ အတွေးကြောင့် မျက်မှောင်ကျုတ်လိုက်မိတယ်..။
…ဒါက အတွေးတစ်ခုလား…။
အဲ့အချိန်မှာတော့..သူတော်စင် က ရှေ့ကို နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြီး သူမရဲ့ ကျိုးပဲ့နေတဲ့ ကျောက်ဓားကို ဆွဲထုတ်လိုက်တယ်..။ သူမရဲ့ ကျိုးပဲ့နေတဲ့ လှံသွားရဲ့
အမှောင်ထုထဲမှာ ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး…..
စက်လုံးကြီးရဲ့ အနက်ရောင် မျက်နှာပြင်ထဲကို ဓားအရိုးအထိ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့ပါတယ်..။
သေးငယ်တဲ့ အက်ကြောင်းတစ်ခုက စက်လုံးကြီးရဲ့ မျက်နှာပြင်ကို ဖြတ်သန်းပြီး အပေါ်အောက် အလုအယက် ပေါ်လာခဲ့တယ်..။ ရုတ်တရက်ဆိုသလိုပဲ နားကွဲမတတ် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်..။
‘ဘာလဲ…’
ယင်းနောက်မှာတော့..ကြီးမားတဲ့ စက်လုံးကြီးက ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပြီး..ဆန်နီ နဲ့ သူတော်စင် တို့အပေါ်ကို စီးဆင်းလာတဲ့ အမှောင်ထု ဒီရေလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ သူ့ကို နောက်ကို လွင့်စင်သွားစေခဲ့တယ်..။
ဆန်နီ က အေးစက်တဲ့ ကျောက်တုံးပေါ်ကို လဲကျသွားခဲ့ပြီး..ထာဝရချိန်း ရဲ့ သံမဏိပေါ်မှာ တစ်ခုခုက လှုပ်ရှားနေတာကို ခံစားလိုက်ရပါတယ်..။ မီးတောက်ချောင်းကလည်း ချက်ချင်းပဲ ငြိမ်းသတ်ခြင်း ခံလိုက်ရတယ်..။
ဓာတုမီးတောက် တောက်လောင်ခဲ့တဲ့ နောက်ဆုံး စက္ကန့်ပိုင်းအတွင်းမှာပဲ..ဆန်နီ ဟာ စက်လုံးကြီးဆီကနေ လွတ်မြောက်လာတဲ့ အမှောင်ထုက ဘာလဲဆိုတာကို မြင်တွေ့လိုက်ရပါတယ်။..သူ ကြားခဲ့ရတဲ့ အသံက ဘာကို ကိုယ်စားပြုလဲဆိုတာကို အခုတော့ နားလည်သွားခဲ့ပါပြီ..။
ဒါက လှိုင်းလုံးတွေရဲ့ လှုပ်ခတ်သံ မဟုတ်ပါဘူး..။
…အဲဒီအစား..ဒါက အတွင်းထဲကနေ အနက်ရောင် စက်လုံးကြီးရဲ့ အခွံကို ကုတ်ခြစ်နေကြတဲ့ ရေတွက်လို့မရနိုင်တဲ့ သေးငယ်တဲ့ ခြေထောက်လေးတွေရဲ့ အသံပဲ ဖြစ်ပါတယ်..။
အက်ကွဲသွားတဲ့ စက်လုံးကြီးဆီကနေ လွတ်မြောက်လာတဲ့ အမှောင်ထု ဒီရေလှိုင်း ဆိုတာက..အမှန်တော့ မြစ်တစ်စင်းလိုမျိုး သူ့အပေါ်ကို အုပ်စုလိုက် စီးဆင်းနေကြတဲ့..သူ့ရဲ့ အထွတ်အထိပ်အဆင့် သံမဏိကိုတောင် ကိုက်ဖြတ်နေကြပြီဖြစ်တဲ့ သေးငယ်တဲ့ ပိုးတောင်မာလို သတ္တဝါလေးတွေ ရာပေါင်းများစွာပဲ ဖြစ်ပါတယ်..။
ပိုပြီး ဆိုးတာကတော့..သူတို့က ကျိုးပဲ့သွားတဲ့ စက်လုံးကြီးဆီကနေ လျှံထွက်နေဆဲ ဖြစ်နေတာပါ။ဒီသတ္တဝါတွေက..ဂူကြီးထဲကနေ ထွက်ခွာနိုင်မယ့် လမ်းကြောင်း ပေါင်းများစွာထဲကို ရေလွှမ်းမိုးသလိုမျိုး အလုအယက် စီးဝင်နေခဲ့ကြတယ်..။ ဒီမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသလို ထူးဆန်းလွန်းနေခဲ့ပါတယ်။… အနက်ရောင် ကျောက်တုံးအခွံက ဘယ်လောက်ပဲ ကြီးမားနေပါစေ..သူ ထုတ်လွှတ်ခဲ့တဲ့… ပြီးတော့ ဆက်ပြီး အန်ထုတ်နေဆဲဖြစ်တဲ့ ပိုးတောင်မာ သတ္တဝါတွေရဲ့ ပမာဏက အတွင်းထဲမှာ ဆန့်ဝင်နိုင်တာထက်စာရင် အဆပေါင်းများစွာ ပိုပြီး ကြီးမားနေခဲ့တာပါ..။
ဒီအတိုင်းဆိုရင်တော့..တောင်တန်းကြီးတစ်ခုလုံးက မိနစ်ပိုင်းအတွင်းမှာတင် သူတို့နဲ့ ပြည့်နှက်သွားတော့မယ့်ပုံပါပဲ..။
‘အာ… ဒါကြောင့် သူမက ငါ့ကို ပြေးခိုင်းတာပဲဖြစ်မယ်…’
သူ့ရဲ့ ဘေးဘက်မှာ ပြင်းထန်တဲ့ နာကျင်မှုတစ်ခုက ရုတ်တရက် ထိုးစိုက်လာတာကို ခံစားလိုက်ရတာကြောင့်..ဆန်နီ ဟာ ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကို နောက်ကျမှပဲ သတိပြုမိလိုက်တယ်..။
သူက အရိပ်ခြေလှမ်း ကို သုံးဖို့အတွက်ဆိုရင် အရင်ဆုံး အရိပ်တစ်ခုထဲကို ဝင်ရောက်ဖို့ လိုအပ်ပါတယ်..။
…ပြီးတော့ အလင်းရောင် အားလုံး ပျောက်ဆုံးသွားခဲ့ပြီး..ရေလွှမ်းမိုး သလိုဖြစ်နေတဲ့ ဂူကြီးရဲ့ စစ်မှန်တဲ့ အမှောင်ထုထဲမှာတော့ ဘာအရိပ်မှ
ရှိမနေတော့ပါဘူး..။
အပိုင်း ( ၉၄၀ ) ပြီး၏။
အပိုင်း ( ၉၄၁ ) ထွက်ပြေးရမယ့် အချိန်
ဆန်နီ ဟာ လှုပ်ရှားနေတဲ့ အနက်ရောင် ပိုးတောင်မာ ကော်ဇောကြီးအောက်မှာ နစ်မြုပ်သွားခဲ့တယ်..။ သူ့ရဲ့ ဝတ်ရုံတော်ဟာ အကိုက်ဖြတ်ခံနေရပြီး..ပိုးကောင် တွေထဲက အချို့ကတော့ တစ်နည်းနည်းနဲ့ အတွင်းထဲအထိ ရောက်ရှိသွားခဲ့ကာ..သူတို့ရဲ့ ဓားသွားလို ထက်ရှတဲ့ နှုတ်သီးတွေက သူ့ရဲ့ အသားစိုင်တွေထဲကို စိုက်ဝင်နေခဲ့ပြီ ဖြစ်ပါတယ်..။
‘ချီး… ချီးပဲ…’
ခနလောက်တော့..သူ့ရဲ့ အတွေးတွေက ပရမ်းပတာ ဖြစ်သွားခဲ့ပေမယ့်..ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ နာကျင်မှုလှိုင်းက သူ့စိတ်ကို ပြန်လည် ကြည်လင်သွားစေခဲ့တယ်..။ ဘာမှမြင်နိုင်စွမ်း မရှိတဲ့ ဆန်နီဟာ တုန်ရီနေခဲ့ပြီး..သူ့ရဲ့ ချပ်ဝတ်ခေါင်းစွပ်က မျက်လုံး အပေါက်တွေကို ကာကွယ်ဖို့အတွက် လက်ကို ရွှေ့ဖို့ ကြိုးစားလိုက်တယ်..။
သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။
ပိုးတောင်မာ တွေထဲက တစ်ကောင်က အတွင်းထဲကို တွားသွားဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်..။ ဆန်နီ ဘာမှ မမြင်ရတာကြောင့်..အေးစက်ပြီး လှုပ်ရှားနေတဲ့ အရာတစ်ခုက သူ့နှာခေါင်းကို လာထိမှန်တဲ့ အချိန်ကျမှသာ ဒါကို သတိထားမိလိုက်တယ်..။ သူက မျက်လုံးကို ချက်ချင်း ပိတ်လိုက်ပေမယ့်..စက္ကန့်ပိုင်း အလိုမှာတင် သူ့ရဲ့ ပါးပြင်တစ်ခုလုံး ပွင့်ထွက်သွားတာကြောင့် ပြင်းထန်တဲ့ နာကျင်မှုတစ်ခုက မျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်..။
ရွံရှာဖွယ်ကောင်းတဲ့ ညည်းတွားသံတစ်ခုက ဆန်နီ ရဲ့ နှုတ်ခမ်းတွေဆီကနေ ပေါက်ကွဲထွက်လာခဲ့ပါတယ်..။
သူက ခေါင်းကို ခါလိုက်တဲ့အချိန်မှာ..ပိုးတောင်မာ လဲကျသွားတာကို ခံစားလိုက်ရပြီး..ယင်းနောက်မှာတော့ ဒီသတ္တဝါကို ပါးစပ်နဲ့ ဖမ်းဆွဲကာ သွားတွေကြားမှာတင် အဲ့ဒီကောင်ကို ကိုက်ခြေပစ်လိုက်တယ်..။ ဒါက သံမဏိကို ဝါးနေရသလိုမျိုး ခံစားရပေမယ့်..မာကျောလှတဲ့ အခွံက ကြောက်စရာကောင်းတဲ့ အသံနဲ့အတူ ကျိုးပဲ့သွားခဲ့ပြီး..သူ့ရဲ့ ပါးစပ်ထဲမှာ အပိုင်းအစတွေနဲ့ ဖော်ပြမတတ်အောင် ခါးသက်တဲ့ အရသာတွေ ပြည့်နှက်သွားခဲ့ပါတယ်..။
‘အား…’
နောက်ဆုံးမှာတော့..သူက ပိုးတောင်မာ အစုအဝေးကြီး အောက်ကနေ လက်ကို လွတ်အောင် ရုန်းထွက်နိုင်ခဲ့ပြီး မျက်လုံးအပေါက်တွေကို ကာကွယ်လိုက်ကာ..မတ်တပ်ရပ်နိုင်ဖို့ အသည်းအသန် ကြိုးစားလိုက်တယ်..။ ဆန်နီ က ဒူးထောက်နိုင်တဲ့ အခြေအနေအထိ ထနိုင်ခဲ့ပေမယ့်..အဲ့အချိန်မှာပဲ ပိုးတောင်မာလှိုင်း အသစ်တစ်ခုက သူ့ရဲ့ ရင်ဘတ်ကို ဝင်ဆောင့်လာခဲ့တာကြောင့်..သူ့ကို အောက်ကို ပြန်ပြီး လဲကျသွားစေခဲ့ပြန်ပါတယ်..။
ဒါက သူ ရေနစ်နေရသလိုမျိုး ခံစားနေခဲ့ရတာပါ။
အဆုံးမရှိတဲ့ သတ္တဝါ ပင်လယ်ကြီးက သူ့ကို အောက်ဘက်ဆီ ဖိထားတာကြောင့်..အသက်ရှူဖို့ တောင် ခက်ခဲလာစေခဲ့တယ်..။ စက္ကန့်တိုင်းမှာပဲ သူတို့ရဲ့ အရေအတွက်က ပိုမို များပြားလာခဲ့ပြီး..အလေးချိန်ကလည်း ပိုပြီး မခံမရပ်နိုင်ဖြစ်အောင် လေးလံလာခဲ့ပါတယ်…။
အမှောင်ဂူကြီးထဲမှာတော့..ရေတွက်လို့မရနိုင်တဲ့ ပိုးမွှားတွေနဲ့ ဖွဲ့စည်းထားတဲ့ အမှောင်ထု ဒီရေလှိုင်းကြီးဟာ..ဥမင်လိုဏ်ခေါင်း အများစုကို ရေလွှမ်းမိုးထားသလို လွှမ်းမိုးထားခဲ့ပြီ ဖြစ်ပါတယ်..။ လှုပ်ရှားနေတဲ့ အနက်ရောင် ပိုးမွှားတွေရဲ့ မျက်နှာပြင်က ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ကြတယ်။..ကျိုးပဲ့သွားတဲ့ စက်လုံးကြီးရဲ့ အပိုင်းအစတွေကလည်း သူတို့ရဲ့အောက်မှာ ကွယ်ပျောက်သွားခဲ့ပါပြီ..။ ကျောက်တုံးတွေကို ကုတ်ခြစ်နေကြတဲ့ သေးငယ်တဲ့ ခြေထောက်လေးတွေရဲ့ တိုးညှင်းတဲ့ အသံတွေက ကျယ်လောင်တဲ့ ဟစ်ကြွေး သံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
…ယင်းနောက်မှာတော့..သံမဏိ လက်အိတ် စွပ်ထားတဲ့ လက်တစ်ဖက်က သတ္တဝါတွေရဲ့မျက်နှာပြင်ကို ဖောက်ထွက်လာခဲ့ပြီး..သူ့လက်ထဲက ဓာတုမီးတောက်ချောင်းဟာ ပြင်းထန်တဲ့ ကြက်သွေးရောင် မီးတောက်နဲ့ တောက်ပလာခဲ့ပါတယ်..။
ဆန်နီ အော်ဟစ်လိုက်ရင်း..မှောင်မိုက်နေတဲ့ ပိုးတောင်မာ အစုအဝေးကြီးကြားထဲကနေ ရုန်းထွက်လိုက်ကာ မတ်တပ်ရပ်နိုင်ခဲ့ပါတယ်..။သူက မတ်တပ်ရပ်နိုင်တယ် ဆိုရင်တောင်..အနက်ရောင် ပိုးကောင်တွေ စီးဆင်းနေတဲ့ မြစ်ကြီးထဲမှာ ခါးအထိ နစ်မြုပ်နေဆဲပါပဲ..။ သတ္တဝါတွေထဲက အချို့က သူ့ရဲ့ အသားစိုင်တွေကို ဆက်ပြီး ကိုက်ခဲနေကြတာကြောင့်..သူက ပတ်ပတ်လည်ကို ခနလောက် ကြည့်လိုက်တယ်..။ သူ့ရဲ့ နောက်ဆုံးလက်ကျန်မီးတောက်ချောင်းကြောင့်.. အမှောင်ထု ဒီရေအောက်မှာ အလျင်အမြန် နစ်မြုပ်နေတဲ့ မြေအောက်ဂူကြီးရဲ့ မြင်ကွင်းကို ကြည့်ဖို့ စက္ကန့်ပိုင်းပဲ အချိန်ယူလိုက်ရပါတယ်..။
သူက သူတော်စင် ကို ပြန်သိမ်းဆည်းလိုက်ပြီး ဖြစ်တာကြောင့်..အခုချိန်မှာ သူ့အတွက် ကျန်ရှိတော့တဲ့ တစ်ခုတည်းသော အရာကတော့… ထွက်ပြေးဖို့ပဲ ဖြစ်ပါတယ်..။
‘သောက်ကျိုးနဲ ပိုးကောင်တွေ… ဘာလို့ ပိုးကောင်တွေ ဖြစ်နေရတာလဲ…’
သူ့လက်ထဲမှာတော့ မီးတောက်ချောင်းက တုန်ခါသွားခဲ့ပြီး..ထုတ်လွှတ်နေတဲ့ မီးတောက်ကလည်း အလျင်အမြန်ပဲ တိုတောင်းလာခဲ့တယ်။
သို့ပေမယ့် မီးတောက် ငြိမ်းမသွားခင်မှာတင်..သူက အရိပ်တွေထဲကို ခုန်ဝင်လိုက်ပြီး အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။
လောင်ကျွမ်းနေတဲ့ မီးတောက်ချောင်းကတော့ အနက်ရောင် ပိုးတောင်မာ အစုအဝေးကြီးထဲကို ပြုတ်ကျသွားခဲ့တယ်… ။မီးတုတ်က ချက်ချင်းပဲ ဝါးမြိုခြင်း ခံလိုက်ရတာကြောင့် နောက်ဆုံး အလင်းရောင် အစအနပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါက…ထာဝရအတွက် ငြိမ်းသေသွားတဲ့ ပုံပါပဲ..။
ပင်မ ဥမင်လိုဏ်ခေါင်းဆီမှာတော့… ယာဉ်တန်းက အခြေအနေတစ်ခုခု ပြောင်းလဲလာမလား
ဆိုတာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြတယ်..။ လူတိုင်းက ယာဉ်တွေပေါ်ကို ရောက်ရှိနေကြပြီ ဖြစ်ပြီး..ကပ္ပတိန် ပြန်လာမှာကို စောင့်နေခဲ့ကြတာပါ..။အချိန်တွေ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့ပေမယ့်..သူ့ဆီက ဘာသတင်းမှ ရှိမနေခဲ့ပါဘူး..။ အမြဲတမ်း တည်ရှိနေတဲ့ အမှောင်ထုကတော့ ပြောင်းလဲမှု မရှိဘဲ ဒီအတိုင်းရှိနေဆဲပါပဲ..။
ရိုင်နို ရဲ့ အတွင်းထဲမှာတော့..လူစတာ က ဒါရိုက်ဘာ ထိုင်ခုံမှာ တိတ်ဆိတ်စွာ ထိုင်နေခဲ့တယ်..။
ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် တို့ကတော့ နားနေခန်း ထဲမှာ ရှိနေကြပြီး တစ်ခုခုကို အချင်းချင်း ဆွေးနွေးနေကြပါတယ်။ အမျိုးသမီးငယ်က သူမရဲ့ အဆက်အသွယ်ကိရိယာကို တစ်ချက် ကြည့်လိုက်ပြီးမှ..သူမရဲ့ အိတ်ထဲကနေ ဆေးဝါးဗူးတစ်ခုကို ထုတ်ယူလိုက်တယ်..။
အဲ့အချိန်မှာပဲ..အမိုးအောက်ကနေ တစ်ခုခု ပြုတ်ကျလာခဲ့ပြီး..ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုက ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာတာကြောင့် သံမဏိတွေရဲ့ တိုက်ခိုက်သံနဲ့အတူ ခိုင်ခံ့လှတဲ့
ခုံတွေထဲက တစ်ခုက ကျိုးပဲ့သွားခဲ့တယ်..။ သူတို့ မြင်လိုက်ရတာကတော့ ညိုမှိုင်းတဲ့ ချပ်ဝတ်အက်ျီ ရဲ့ ပျက်စီးနေတဲ့ မျက်နှာပြင်နဲ့ ရှုပ်ထွေးနေတဲ့ ခြေလက်တွေပါပဲ။
ဆန်နီ ပုခုံးကို လှိမ့်ကာ မတ်တပ်ရပ်လိုက်ရင်း..သူ့ရဲ့ ဟန်ချက်ကို ထိန်းဖို့အတွက် စက္ကန့်ပိုင်းလောက် အချိန်ယူလိုက်ပြီးမှ..လူစတာ ကို ကြည့်ဖို့ ခေါင်းကို ဘေးဘက်ကို လှည့်လိုက်တယ်..။
“…မင်းတို့က ဘယ်လို ငရဲကို စောင့်နေကြတာလဲ..။မောင်းတော့ မြန်နိုင်သလောက် အမြန်ဆုံး မောင်းကြတော့.. အခုချက်ချင်း”
နောက်စက္ကန့်မှာတော့..တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး..ဥမင်ရဲ့ အမိုးပေါ်ကနေ ဖုန်မှုန့်တွေ ပြုတ်ကျလာခဲ့ပါတယ်..။ လူစတာ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး..ဘာမေးခွန်းမှ မမေးဘဲ သံချပ်ကာယာဉ်ကို ရှေ့ကို မောင်းနှင်လိုက်ပါတော့တယ်..။
တကယ်လို့ ကပ္ပတိန် က အော်ဟစ်နေတယ်ဆိုရင်..အဲတာက အခြေအနေတွေ တကယ်ကို တကယ်ကို ဆိုးဝါးနေလို့ပါပဲ..။
ဘတ် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့နှစ်ယောက်လုံးကတော့ ဆန်နီ ရဲ့ ရုတ်တရက် ရောက်ရှိလာမှုကြောင့် လန့်ဖျပ်ပြီး ထရပ်လိုက်ကြတယ်..။
“ဘာဖြစ်…”
သူက သူတို့ရှိတဲ့ အရပ်မျက်နှာဆီကို လက်တစ်ဖက် လှမ်းပြလိုက်တယ်..။
“ရပ်လိုက်ကြ..အနားကို မတိုးလာနဲ့.."
ရိုင်နို က အရှိန်မြှင့်ရင်း အမှောင်ထုထဲကို လိမ့်ဝင်သွားတာနဲ့အမျှ..ကျန်နေတဲ့ မော်တော်ယာဉ်တွေကလည်း ချက်ချင်းပဲ နောက်ကနေ လိုက်ပါလာခဲ့ကြပါတယ်..။ သံချပ်ကာယာဉ်ရဲ့ အတွင်းထဲမှာတော့..ထာဝရချိန်း က အလင်းစက်
ကြားထဲမှာ ပျောက်ကွယ်သွားခဲ့တာကြောင့်
ဆန်နီ ကို ကိုယ်လုံးတီးနီးပါး ဖြစ်သွားစေခဲ့တယ်။
သူ့ရဲ့ ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်ဟာ အရုပ်ဆိုးလှတဲ့ ပြတ်ရှဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့်..သွေးကတော့ မြင်ကွင်းထဲမှာ မရှိသလောက်ပါပဲ..။ သေးငယ်တဲ့ အနက်ရောင် ပိုးမွှားအချို့က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပြီး..သူ့ရဲ့ ရက်စက်တဲ့ ခြေလှမ်းတွေအောက်မှာတင် သေဆုံးသွားအောင် နင်းခြေခြင်း ခံလိုက်ရတယ်..။ သို့ပေမယ့်..ပိုးတောင်မာတွေကို ဖယ်ရှားပြီးနောက်မှာတောင်မှ ဆန်နီ က စိတ်သက်သာရာရသွားတဲ့ ပုံစံမျိုး ရှိမနေခဲ့ပါဘူး..။
အဲဒီအစား..သူက ပိုပြီးတော့တောင် ဖြူဖျော့သွားခဲ့ပြီးမှ..ကိုယ်ကို ကိုင်းညွတ်လိုက်ကာ အနက်ရောင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပါတယ်..။
ဘတ် က စိုးရိမ်ပူပန်တဲ့ မျက်နှာအမူအရာနဲ့ ဆေးသေတ္တာကို ရှာဖွေဖို့ ပတ်ပတ်လည်ကို ကြည့်ရင်း ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တယ်..။
“ဘာတွေ ဖြစ်နေတာလဲ”
ဆန်နီ ပြန်အော်ပြောလိုက်တယ်..။
"နောက်ဆုတ်နေလို့ ပြောထားတယ်လေ.."
ဒီလိုပြောပြီးတာနဲ့..ထူးဆန်းတဲ့ ဓားမြှောင်တစ်ခုက သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်..။ ဓားရဲ့ အသွားက ရှည်လျား ကျဉ်းမြောင်းကာ..တစ္ဆေဖန်သားပြင်နဲ့ ပြုလုပ်ထားသလိုမျိုး ထင်ရပါတယ်..။
ဆန်နီက..စက္ကန့်ပိုင်းလောက်တောင် တွန့်ဆုတ်
မနေဘဲ.. ဓားမြှောင်ကို သူ့ရဲ့ ရင်ဘတ်ထဲကို ထိုးစိုက်လိုက်တာကြောင့် အမျိုးသမီးငယ်ရော အဖိုးအိုကိုပါ ခနလောက် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်..။
“ဟေး..ရှင် ဘာလုပ်နေတာ…”
လန့်ဖျပ်သွားတဲ့ အော်ဟစ်သံတစ်ခုက ဘတ် ရဲ့ ပါးစပ်ကနေ လွတ်မြောက်လာခဲ့ပြီး ဆန်နီ ရဲ့ ကိုယ်ပိုင် ညည်းတွားသံကို ဖုံးလွှမ်းသွားခဲ့တယ်..။
‘အား… ချီးပဲ..'
သူက ဒဏ်ရာထဲမှာ လအမြုတေ ကို လှည့်ပတ်လိုက်တာကြောင့် သူ့ရဲ့ မျက်နှာပေါ်မှာ အရုပ်ဆိုးလှတဲ့ မျက်နှာပျက်မှုတစ်ခု ပေါ်လာခဲ့ပြီး..ယင်းနောက်မှာတော့ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပါတယ်..။
ဓားပေါ်မှာ စိုက်ဝင်နေတာကတော့ ထူးဆန်းတဲ့ ပိုးတောင်မာတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဖြစ်ပြီး..သူ့ရဲ့ အခွံက ကျိုးပဲ့ကာ ခြေမွခံထားရပြီး သွေးတွေနဲ့ ပေကျံနေခဲ့တာပါ..။
သေးငယ်တဲ့ သတ္တဝါက သူ့ရဲ့ နှလုံးသားဆီကို ရောက်လုနီးပါး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်..။ နောက်ထပ် စက္ကန့်အနည်းငယ်သာ ကြံ့ကြာခဲ့ရင်… ဆန်နီ ကတော့ ဒုက္ခရောက် ရတော့မှာပါ..။
သူက သေဆုံးနေတဲ့ ပိုးမွှားကို ခနလောက် စိုက်ကြည့်လိုက်ပြီးမှ တုန်ရီသွားခဲ့တယ်..။ တောင်တန်းကြီးက ထပ်မံ တုန်ခါသွားခဲ့ပြန်တာကြောင့်..သူတို့ရှေ့မှာ ရှိနေတဲ့ ဥမင်ရဲ့ အမိုးပေါ်မှာ အက်ကြောင်းတွေ ပေါ်လာခဲ့ပါတယ်..။
ဆန်နီ ဟာ အရှိန်ပြင်းစွာ မောင်းနှင်နေတဲ့ သံချပ်ကာယာဉ်ရဲ့ ရှေ့မှန်ကနေတစ်ဆင့် ကြည့်လိုက်ရင်း..နာကျင်မှုတွေကို ဂရုမစိုက်ဘဲ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိတယ်..။
‘ထွက်ပြေးရမယ့် အချိန်ပဲ…’
အပိုင်း ( ၉၄၁ ) ပြီး၏။
အပိုင်း ( ၉၄၂ ) အမှောင်ထု ဒီရေလှိုင်း
‘အား… နာလိုက်တာ…’
ဆန်နီ ဟာ အသက်ရှင်လျက် အဝါးမြိုခံရမယ့် အခြေအနေ.. ဒါမှမဟုတ် ပြင်းထန်တဲ့ အဆင့်အထိ မရောက်ခင်မှာတင် အမှောင်ဂူကြီးထဲကနေ အချိန်မီ ထွက်ပြေးနိုင်ခဲ့ပါတယ်..။ သူ နောက်ပြောင်ခဲ့သလိုမျိုးပဲ.. နောက်ဆုံးတော့ နည်းနည်းပဲ အကိုက်ခံလိုက်ရတာပါ..။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အကိုက်ခံရတဲ့ ဒဏ်ရာ အနည်းငယ် ရှိနေပြီး.. ပါးပြင်ပေါ်မှာလည်း တစ်ခု ရှိနေခဲ့တယ်..။ အဆိုးရွားဆုံး ဒဏ်ရာကတော့.. သူ့ရဲ့ အရေပြားအောက်က နောက်ဆုံး ပိုးတောင်မာကို ဖယ်ရှားဖို့အတွက် သူ့ကိုယ်သူ ပြန်ထိုးခဲ့တဲ့ ဒဏ်ရာပဲ ဖြစ်ပါတယ်..။
လအမြုတေ က အတွင်းထဲအထိ နက်ရှိုင်းစွာ ဖြတ်တောက်သွားခဲ့ပေမယ့်.. သူ့ရဲ့ တည်ငြိမ်တဲ့ လမ်းညွှန်မှုကြောင့် နှလုံးနဲ့ တခြား အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုတော့ လွဲချော်သွားခဲ့တယ်..။
သို့ပေမယ့် ဒါက စူးရှစွာ နာကျင်နေဆဲပါပဲ..။ ဆန်နီ အနေနဲ့ ဒါကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ပါဘူး..။
ရိုင်နို ဟာ တုန်ခါနေတဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ ပျံသန်းနေသလိုမျိုး ရှေ့ကို အရှိန်ပြင်းစွာ မောင်းနှင်နေခဲ့ပါတယ်..။ သူ့ရဲ့ ပတ်ပတ်လည်မှာတော့.. အမှောင်ထုက ထိန်းချုပ်မရတော့တဲ့ အလား လှိုင်းထနေပြီး ရွေ့လျားနေခဲ့တယ်..။ သူတို့ အတွင်းထဲ ရောက်နေတဲ့ အရာကြီးက.. အဲဒါက ဘာပဲဖြစ်ဖြစ်.. အတက်အကျ ဖြစ်နေသလိုမျိုး ခံစားနေရတာပါ..။ဒီအရာက သေလုမြောပါး ဖြစ်နေတာမျိုး မဟုတ်ပေမယ့်.. ဝေဒနာ ခံစားနေရတာတော့ ဖြစ်နိုင်ပါတယ်..။ ဆန်နီ အနေနဲ့ အခိုက်အတန့် က သတ်ဖြတ်မှုအတွက် ကြေညာတာကို မကြားရတာကြောင့်.. သူတော်စင် ရဲ့ အနက်ရောင် စက်လုံးအပေါ်တိုက်ခိုက်မှုဟာ အမည်မသိ သတ္တဝါကို သေစေလောက်တဲ့အထိ မပြင်းထန်ခဲ့ဘူး ဆိုတာ သေချာနေခဲ့ပြီ ဖြစ်ပါတယ်..။ စစ်မှန်တဲ့ အမှောင်ထုရဲ့ အရင်းအမြစ်က ပျက်စီးသွားတာ မဟုတ်ဘဲ ဒဏ်ရာရသွားရုံသာ ရှိပါသေးတယ်..။
…ဒါမှမဟုတ် လွတ်မြောက်သွားတာလည်း ဖြစ်နိုင်တာပါပဲ။
“ကပ္ပတိန်.. ဒါက… ဒါက အသစ်ကြီးပဲ.."
လူစတာ ရဲ့ အော်ဟစ်သံကို ကြားလိုက်ရတာကြောင့်.. ဆန်နီ ရှေ့ကို ကြည့်လိုက်တဲ့ အခါမှာတော့ အမှောင်ထုထဲကနေ မရင်းနှီးတဲ့ ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရတယ်..။ အဲဒါကတော့ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ ဟောင်းနွမ်းနေတဲ့ ယာဉ်တစ်စီရဲ့ သံချေးတက်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်..။ဒီအရာက သူ့ရဲ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာစေခဲ့တယ်..။
‘ဒါက ပျက်စီးသွားပြီပဲ…’
သူတို့ကို ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ထူးဆန်းတဲ့ အရာက ရှိမနေတော့တဲ့ ပုံပါပဲ..။ သူတို့ဟာ အဆုံးမရှိတဲ့ အမှောင်ထု ပင်လယ်ကြီးထဲမှာ လည်ပတ်မနေတော့ဘဲ..အမှန်တကယ်ပဲ ရှေ့ကို ရွေ့လျားနေခဲ့ကြပြီ ဖြစ်ပါတယ်..။ အနက်ရောင် စက်လုံးကို ဖျက်ဆီးလိုက်တာက ချည်နှောင်မှုကို တကယ်ပဲ ကျိုးပျက်သွားစေခဲ့တယ်..။
သူက တုန်ရီစွာနဲ့ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်မိပါတယ်..။
တကယ်လို့သာ သူက အပြင်ဘက်ကနေ သတင်းစကား မရရှိခဲ့ရင်… အခြေအနေတွေက တခြားစီ ဖြစ်သွားနိုင်တာပါ..။ ဆန်နီ ဟာ နောက်ဆုံးမှာတော့ ဘေးဘက်လမ်းတွေထဲကို စွန့်စားဝင်ရောက်သွားမှာ ဖြစ်ပေမယ့်.. အရိပ်တွေထဲက တစ်ခုကို ချန်ထားခဲ့မှာတော့ မဟုတ်ပါဘူး..။ သူ ချန်ထားခဲ့ရင်တောင်မှ.. ကျန်တဲ့ အထူးတပ်ဖွဲ့ ဝင်တွေကိုလည်း အတူတူ ခေါ်သွားခဲ့မှာ သေချာပါတယ်..။
အဲတာဆိုရင်တော့.. သူတို့ အားလုံး သေဆုံးသွားကြမှာပါ။
တကယ်တော့.. လူတိုင်း အသက်ရှင်ကျန်ရစ်ခဲ့တယ် ဆိုတာကို သူ ယုံကြည်ဖို့ ခက်ခဲနေဆဲပါပဲ..။
…အခုလောလောဆယ်တော့ပေါ့။
‘ငါတို့ ဥမင်ထဲကနေ မထွက်ရသေးဘူး…’
ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရတာကြောင့်.. သူက လူစတာ ကို ကြည့်ပြီး ပြောလိုက်တယ်..။
"အရှိန်ကို အမြင့်ဆုံး မြှင့်တော့.. ငါတို့ကို ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားစမ်း.."
ရိုင်နို ဟာ သံချေးတက်နေတဲ့ မော်တော်ယာဉ်ကို သူ့ရဲ့ ရှေ့တိုက်တုံးနဲ့ တွန်းဖယ်လိုက်ရင်း ဖြတ်ကျော်မောင်းနှင်သွားခဲ့တယ်..။ ကျန်တဲ့ ယာဉ်တန်းကလည်း နောက်ကနေ လိုက်ပါလာခဲ့ကြပြီး.. မကြာခင်မှာပဲ ဥမင်လိုဏ်ခေါင်းရဲ့ ကြမ်းပြင်က အပေါ်ဘက်ကို စောင်းတက်လာတာကို သူတို့ ခံစားလိုက်ရပါတယ်..။ အရင်က ဒါမျိုး မဖြစ်ဖူးတာကြောင့်.. ဆန်နီ ဟာ ဒါကို
နိမိတ်ကောင်းတစ်ခု အဖြစ် သတ်မှတ်လိုက်တယ်..။
စိတ်မကောင်းစရာကတော့..အဲ့တာပြီးနောက်မှာ ကောင်းတဲ့ အရာတွေ ကုန်ဆုံးသွားခဲ့တာပါပဲ..။
တောင်တန်းကြီးက သူတို့ပတ်ပတ်လည်မှာ အသက်ဝင်လာပုံရနေခဲ့တယ်..။ ဒါက ပိုပြီးတော့ တုန်ခါလာခဲ့ကာ.. ဥမင်ရဲ့ နံရံတွေနဲ့ အမိုးပေါ်မှာ အက်ကြောင်းတွေက ပိုမို များပြားလာခဲ့ပါတယ်..။ အချိန်တစ်ခုမှာတော့.. နောက်ဆုံး မော်တော်ယာဉ် ဖြတ်သန်းသွားတဲ့ အချိန်မှာတင် နံရံတစ်ခုက ပြိုကျသွားခဲ့ပြီး.. မှောင်မိုက်ပြီး စိတ်သက်သာရာရစေတဲ့ အရာတစ်ခုက မြေအောက်လမ်းထဲကို ဒီရေလို စီးဆင်းလာခဲ့တယ်..။ ဆန်နီ တုန်လှုပ်သွားခဲ့ပြီး.. အဲ့ဒါတွေက ပိုးတောင်မာတွေ ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်..။
သူတို့ရဲ့ ဒီရေလှိုင်းက အနက်ရောင် အရည်တွေလိုမျိုး ဥမင်ထဲကို တိုးဝင်လာခဲ့တယ်..။ သို့ပေမယ့် ဒီအရည်တွေက မကောင်းဆိုးဝါး စိတ်ဝိဥာဥ် ရှိနေသလိုမျိုး ပြုမူနေခဲ့တာပါ..။သူတို့က ရေလိုမျိုး အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားရမယ့်အစား.. ယာဉ်တန်းနောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ အမဲလိုက်နေတဲ့ ပုံစံမျိုး ရှိနေခဲ့တယ်..။
ရှေ့ဘက်မှာတော့.. နံရံရဲ့ နောက်ထပ် အပိုင်းတစ်ခုမှာ နက်ရှိုင်းတဲ့ အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး.. သေးငယ်တဲ့ ခန္ဓာကိုယ် အချို့က လမ်းပေါ်ကို ပြုတ်ကျလာခဲ့ကြတယ်..။
‘ချီးပဲ…’
ဆန်နီ လုပ်နိုင်တာကတော့.. ကျောက်နံရံကြီး
မပြိုကျခင်မှာ အလျင်အမြန် ကြီးထွားလာနေတဲ့ အက်ကြောင်းကို သူတို့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းနေဖို့ပဲ ဖြစ်ပါတယ်..။
တစ်နည်းနည်းနဲ့တော့.. သူတို့ ဖြတ်ကျော်နိုင်ခဲ့ကြတယ်..။
အဲ့အချိန်မှာတော့.. ဥမင်လိုဏ်ခေါင်းတစ်ခုလုံး ပြိုကျတော့မယ့် အရိပ်အယောင်တွေ ရှိနေခဲ့ပါပြီ..။ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ.. တုန်ခါနေတဲ့ လမ်းပေါ်ကို တက်လှမ်းရင်း ရိုင်နို ကို အမီလိုက်နိုင်ဖို့ ရုန်းကန်နေခဲ့ရတယ်..။ သူတို့ရဲ့ နောက်ကွယ်မှာတော့.. အနက်ရောင် ပိုးတောင်မာတွေရဲ့ အဆုံးမရှိတဲ့ ရေလှိုင်းကြီးက အရှိန်ရလာခဲ့ပြီး.. စမ်းချောင်းအသစ်တွေ စီးဝင်လာတာနဲ့အမျှ ပိုမို ကြီးထွားလာခဲ့ပါတယ်..။ အပေါ်ဘက်ကနေလည်း ဖုန်မှုန့်တွေနဲ့ ကျောက်ခဲအပိုင်းအစတွေက မိုးရွာသလိုမျိုး ပြုတ်ကျလာနေခဲ့တာပါ။
…သို့ပေမယ့် သူတို့ရဲ့ ရှေ့ဘက် အဝေးတစ်နေရာမှာတော့.. မှေးမှိန်တဲ့ အလင်းရောင် စက်ဝိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
အဲ့ဒါကတော့ ထွက်ပေါက်ပဲ ဖြစ်ပါတယ်..။
အပြင်ဘက်မှာတော့ ညအချိန် ဖြစ်နေဆဲပါပဲ..။ သို့ပေမယ့် အနည်းဆုံးတော့ ကြယ်တွေ.. ဝင်ရိုးစွန်းအလင်းတန်းတွေရဲ့ တစ္ဆေမီးတောက်တွေ နဲ့ လမင်းကြီးတောင် ရှိနေနိုင်ပါတယ်..။ ဒီအရာတွေက သေးငယ်ပေမယ့်လည်း.. မြေအောက်ဥမင်ရဲ့ စစ်မှန်တဲ့ အမှောင်ထုနဲ့ အပြင်ကမ္ဘာရဲ့ ရိုးရှင်းတဲ့ အမှောင်ထုကြားက ကွာခြားချက်ကတော့ အထင်အရှားပါပဲ..။
သူတို့ ရောက်ခါနီးနေ ကြပါပြီ…။
မဟုတ်ဘူး.. သူတို့ ရောက်အောင် သွားနိုင်မှာပါ…။
ဆန်နီ ဟာ ဘေးပတ်လည်က ဥမင်လိုဏ်ခေါင်းကြီး ပျက်စီးနေတဲ့ အချိန်မှာပဲ.. အဝေးက ထွက်ပေါက်ကြီး နီးကပ်လာတာကို ကြည့်ရင်း အံကိုကြိတ်ထားခဲ့တယ်။
‘နည်းနည်းပဲ လိုတော့တယ်… နည်းနည်းလေးပဲ…’
နောက်ဆုံးမှာတော့.. ရိုင်နို ဟာ ဝိုင်းဝန်းနေတဲ့ အပေါက်ကြီးကနေတစ်ဆင့် ရုန်းထွက်လိုက်ပြီး.. ဝင်ရိုးစွန်းညရဲ့ အေးစက်လှတဲ့ အအေးဒဏ်ထဲကို ထွက်ပြေးနိုင်ခဲ့ပါပြီး..။ အပေါ်ဘက်မှာတော့ အနက်ရောင် ကောင်းကင်ကြီးရဲ့ ကျယ်ပြောလှတဲ့ အလှတရားက ထွက်ပေါ်လာခဲ့ပြီး.. ဘယ်အချိန်တုန်းကထက်မဆို ပိုပြီး လှပနေခဲ့တယ်..။ ဆန်နီ ဟာ အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်ပါတယ်..။
ယင်းနောက်မှာတော့.. သူ့ရဲ့ အပြုံးက ချက်ချင်းပျောက်ကွယ်သွားခဲ့ရတယ်..။
နောက်ဆုံးမှာ အမြင်အာရုံ ပြန်ရလာခဲ့ပြီ ဖြစ်တာကြောင့်.. သူက သူ့ရဲ့ အရိပ်တွေကို အပြင်ဘက်ကို ကြည့်ရှုဖို့ စေလွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်တာပါ..။
ဥမင်လိုဏ်ခေါင်းက သူတို့ကို တောင်တန်းတွေရဲ့ အတော်လေး မြင့်မားတဲ့ နေရာဆီ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်..။ သူတို့ရဲ့ နောက်ကွယ်မှာတော့.. ကျောက်တုံးလျှိုမြောင်တွေက အက်ကွဲပြီး ပျက်စီးနေခဲ့ကာ.. ကြီးမားတဲ့ ကျောက်တုံးကြီးတွေက နားမခံနိုင်လောက်တဲ့ အသံကြီးနဲ့အတူ နက်ရှိုင်းတဲ့ ချောက်တွေထဲကို လိမ့်ကျနေခဲ့တယ်..။ တောင်ကြီးထဲကနေ အမှောင်ထု မြစ်ကြီးတွေ စီးဆင်းလာခဲ့ပြီး.. အားလုံးက ထွက်ပြေးနေတဲ့ ယာဉ်တန်းဆီကို ဦးတည်ဖို့ ခရီးနှင်နေခဲ့ကြပါတယ်..။
သောက်ကျိုးနဲ ပိုးတောင်မာ တွေက အခုအချိန်အထိ သူတို့ကို ဆက်ပြီး အမဲလိုက်နေဆဲပါပဲ..။
တကယ်တော့.. အနက်ရောင် ပိုးမွှားတွေရဲ့ စမ်းချောင်းတွေဟာ.. သေးငယ်တဲ့ သတ္တဝါအုပ်စုတွေထက်စာရင် ကြီးမားလှတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ ခြေလက်တွေနဲ့ ပိုပြီး တူညီနေခဲ့တာ ဖြစ်ပါတယ်..။ သူတို့က ဆန့်တန်းပြီး တွားသွားနေကြတာကြောင့် ကြီးမားတဲ့ လက်တံကြီးတွေနဲ့ တူနေခဲ့တယ်..။ ဒါက ဆန်နီ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အရာတွေနဲ့ အတော်တူပေမယ့်.. အဆမတန် ပိုကြီးမားတဲ့ ပုံစံမျိုးပါပဲ..။
သူ့ရဲ့ ဒဏ်ရာရနေတဲ့ ရင်ဘတ်ထဲမှာ ရုတ်တရက် အေးစက်မှုတစ်ခု ပျံ့နှံ့သွားတာကို ခံစားလိုက်ရပြီး.နောက်မှာတော့ သူက ထာဝရချိန်း ကို ပြန်လည် ခေါ်ယူလိုက်မိတယ်..။ သူတို့ရဲ့ တိုက်ပွဲက အခုထိ မပြီးဆုံး သေးတာမျိုးလည်း ဖြစ်နိုင်တာပါပဲ..။
သို့ပေမယ့် သူက ဒီလို အရာမျိုးကို ဘယ်လိုမျိုး တိုက်ခိုက်ရမှာလဲ..။
မဟုတ်ဘူး.. သူတို့ အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးက ထွက်ပြေးဖို့ပါပဲ..။ ကတ်စီ တောင်မှ သူ ထွက်ပြေးရမယ်လို့ ပြောခဲ့တာပါ..။ ဒါကြောင့်.. ဒါက ဆန်နီ လုပ်ဖို့ စီစဉ်ထားတဲ့ အရာပဲ ဖြစ်ပါတယ်..။
ကံကောင်းစွာနဲ့ပဲ.. ယာဉ်တန်းက အမှောင်ထုရဲ့ ရေလွှမ်းမိုးမှုထက် နည်းနည်းပိုပြီး မြန်ဆန်နေပုံ ရပါတယ်..။
“အိုး.. ချီးပဲ.."
လူစတာ ရဲ့ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက်မှာတော့.. ဆန်နီ ဟာ ရိုင်နို ရုတ်တရက် ရပ်တန့်သွားတာကို ခံစားလိုက်ရတယ်..။ဒါက အတော် ပြင်းထန်ပြီး ရုတ်တရက် ဖြစ်လွန်းတာကြောင့် သူက ခြေချော်ပြီး လဲကျသွားခဲ့ရကာ.. ဘတ် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ကတော့ ခိုင်ခံ့တဲ့ ကြိုးတွေနဲ့ ချည်နှောင်ထားခြင်း ခံထားရတာကြောင့် သူတို့ရဲ့ ထိုင်ခုံတွေမှာပဲ မျက်နှာပျက်နေခဲ့ကြပါတယ်..။
‘ဘာလဲ… သူ ဘာလုပ်နေတာလဲ… ။ဒီကောင် အသိစိတ် လွတ်သွားတာလား…’
ဆန်နီ မတ်တပ်မရပ်ခင်မှာပဲ.. သူ့ရဲ့ အရိပ်တွေကို ချဉ်းကပ်လာနေတဲ့ အနက်ရောင် ပိုးတောင်မာ ဒီရေလှိုင်းကြီးဆီကနေ တဆင့်.. လူစတာ ကို ရပ်တန့်သွားစေခဲ့တဲ့ အရာကို ကြည့်ဖို့ အမိန့်ပေးလိုက်ပါတယ်..။
သူတို့ မြင်လိုက်ရတဲ့ အရာကတော့ သူ့ကို ကျိန်ဆဲမိသွားစေခဲ့တာပါပဲ..။
‘အကုန် ချီးတွေဖြစ်ကုန်ပြီ…’
သူတို့ရဲ့ ရှေ့တည့်တည့်မှာတော့.. အောက်ခြေ မရှိဘူးလို့ ထင်ရလောက်အောင် နက်ရှိုင်းလှတဲ့ ကျယ်ပြောတဲ့ ချောက်ကမ်းပါးကြီးတစ်ခု ရှိနေခဲ့ပါတယ်..။ ချောက်ကမ်းပါးရဲ့ ဘေးနှစ်ဖက်ကို ဆက်သွယ်ပေးထားတဲ့ ရှည်လျားပြီး ကျယ်ဝန်းတဲ့ တံတားကြီးတစ်ခုလည်း ရှိနေခဲ့တယ်..။
…စိတ်မကောင်းစရာကတော့.. တံတားက အတိတ်မှာ ကတည်းက ပြိုကျပျက်စီးနေခဲ့ပါပြီ။ဒါက ဆယ်စုနှစ်ပေါင်း များစွာကတည်းက လည်း ဖြစ်နိုင်ပါတယ်..။
အခုချိန်မှာတော့..သူ့ရဲ့ ကျန်ရှိနေသေးတဲ့ အပိုင်းက မှောင်မိုက်တဲ့ ချောက်နက်ကြီးပေါ်မှာ ကျိုးပဲ့နေတဲ့ လမ်းပိုင်းအစ တစ်ခုအဖြစ် ရှိနေခဲ့တယ်။.. ရိုင်နို ကတော့ အစွန်း နဲ့ မီတာအနည်းငယ်အကွာမှာ အန္တရာယ်များစွာနဲ့ ရပ်တန့်နေခဲ့ရပါတယ်။
အပိုင်း ( ၉၄၂ ) ပြီး၏။