← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အပိုင်း ( ၉၄၃ ) ရှေ့ဆက်သွားစရာ လမ်းမရှိခြင်း

‘ကျိန်စာသင့်တာပဲ…’

ဆန်နီ ဟာ ချောက်ကမ်းပါးကြီးရဲ့ မှောက်မိုက်နေတဲ့ ချောက်နက်ကြီးကို အသိစိတ်လွတ်ကာ စိုက်ကြည့်နေမိပါတယ်..။ မှင်တက်မိနေတဲ့ တိတ်ဆိတ်မှုဟာ တစ်စက္ကန့်.. ပြီးတော့ နောက်ထပ်တစ်စက္ကန့် ကုန်ဆုံးသွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူ နောက်ပြန်လှည့်ကြည့်လိုက်ပြီး ရိုင်နို ရဲ့ သံချပ်ကာကိုယ်ထည်ကို ဖောက်ထွင်းမြင်နိုင်သလိုမျိုး ကြည့်လိုက်ပါတယ်..။

တစ်နည်းအားဖြင့် သူ တကယ် မြင်နိုင်တာပါ။

အဲ့တော့ လေးလံတဲ့ သံချပ်ကာယာဉ် ရဲ့ နောက်ကွယ်မှာ တခြားယာဉ်တွေက ဘရိတ်ကို အုပ်လိုက်ကြတာကြောင့် တစ်စီးနဲ့တစ်စီး တိုက်မိလုနီးပါး ဖြစ်သွားခဲ့ရတယ်..။ သူတို့က တောင်ပတ်လမ်းပေါ်မှာ စုပြုံနေခဲ့ကြပြီး ရှေ့မီးတွေရဲ့ ကျဉ်းမြောင်းတဲ့ အလင်းတန်းတွေကြားထဲမှာ ဆီးနှင်းတွေက ဝဲပျံနေခဲ့ကြပါတယ်။

ယာဉ်တန်းရဲ့ နောက်ဘက်မှာတော့ အမှောင်ထု ဒီရေလှိုင်းကြီးက ရှေ့ကို တိုးဝင်လာနေခဲ့ပြီး သူရဲ့ လက်တံတွေကို ယာဥ်တန်း ရှိရာဘက်ဆီ ဆန့်တန်းလာနေခဲ့တယ်..။

အနက်ရောင် ပိုးတောင်မာအုပ်ကြီးက နောက်ဆုံးယာဉ်ဆီ မရောက်ခင်အထိ သူတို့မှာ တစ်မိနစ်လောက်ပဲ အချိန်ရတော့တာပါ..။

…ဒီတစ်ကြိမ်တော့ ဆန်နီ အနေနဲ့ ဒါကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး..။

သူက မကောင်းဆိုးဝါး ပိုးမွှား ရာနဲ့ချီ.. ဒါမှမဟုတ် ထောင်နဲ့ချီပြီး ဖျက်ဆီးပစ်နိုင်ကောင်း ပစ်နိုင်ပေမယ်..ဒါက သမုဒ္ဒရာထဲကို ရေတစ်စက် ချလိုက်သလိုမျိုးပဲ ဖြစ်မှာပါ..။ သူ့ရဲ့ ဘယ်လို တိုက်ခိုက်မှုကမှ ကြီးမားလှတဲ့ အမှောင်ထု လှိုင်းကြီးကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..။ အထူးသဖြင့် ဆန်နီ သံသယဝင်မိသလိုမျိုး အဲဒီပိုးတောင်မာတွေက ပုံမှန်အသက်ရှင်နေတာမျိုး မဟုတ်တာကြောင့်လည်း ပါပါတယ်..။

သူ့ရဲ့ ချပ်ဝတ် အက်ျီထဲကို ဝင်ရောက်လာတဲ့ အနည်းငယ်သော ပိုးမွှားတွေကို သတ်ဖြတ်နေစဉ်မှာ အခိုက်အတန့် က ဒီသတ်ဖြတ်မှုအတွက် မကြေညာ ပေးခဲ့ပါဘူး..။ထပ်ပြောရရင်

ဒီကျိန်စာသင့် သတ္တဝါတွေက အရိပ်ခြေလှမ်းကတစ်ဆင့် သူနဲ့အတူ လိုက်ပါလာနိုင်တဲ့ အချက်ကတင် ဒီအရာတွေက သက်မဲ့ဝတ္ထုတွေနဲ့ ဆင်တူနေတယ်ဆိုတာ သေချာနေခဲ့ပါတယ်..။ ဆန်နီ အနေနဲ့ အရိပ်ခြေလှမ်း အသုံးပြုရင် သက်မဲ့အရာတွေကိုပဲ သူနဲ့အတူ သယ်ဆောင်သွားနိုင်ပါ..။

အစကတည်းက အသက်တောင် မရှိတဲ့ ပိုးမွှားတစ်အုပ်ကို သတ်ပစ်လိုက်တာက ဘာထူးခြားသွားမှာမို့လို့လဲ..။

“ကပ္ပတိန်.. ကျွန်တော်တို့… ကျွန်တော်တို့ ဘာလုပ်ကြမလဲ.."

ဆန်နီ က လူစတာ ကို တစ်ချက်ကြည့်လိုက်ပြီး အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်တယ်..။

"ဘာလုပ်ရဦးမှာလဲ.. ပြေးရမှာပေါ့… ငါတို့ ထွက်ပြေးရမယ်…"

ယင်းနောက်မှာတော့ သူက အရိပ်တွေထဲကို တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ပါတယ်..။ ခန အကြာမှာတော့ ဆန်နီ ဟာ ကျိုးပဲ့နေတဲ့ လမ်းရဲ့ အစွန်းမှာ ရပ်နေခဲ့ပြီး အောက်ခြေမရှိတဲ့ ချောက်နက်ကြီးထဲကို စိုက်ကြည့်နေခဲ့တယ်..။ ဝင်ရိုးစွန်းညရဲ့ စူးရှတဲ့ အအေးဓာတ်က သူ့ရဲ့ အရေပြားကို လာရောက်ထိတွေ့နေခဲ့ပြီး ပြင်းထန်တဲ့ လေပြင်းတွေက သူ့ကို အောက်ဘက်ဆီ တွန်းချဖို့ ချက်ချင်း ကြိုးစားလာခဲ့ကြပါတယ်..။

သူ့ရဲ့ နောက်မှာတော့ အနက်ရောင် ပိုးတောင်မာ ဒီရေလှိုင်းကြီးက အက်ကွဲနေတဲ့ လမ်းမျက်နှာပြင်ကို ဝါးမြိုရင်း ပိုပိုပြီး နီးကပ်လာနေခဲ့ပါပြီ..။ တောင်ကြီးကလည်း ဆက်လက် လှုပ်ခါနေခဲ့ပြီး အမှောင်ထု ရေလှိုင်းကြီးနဲ့အတူ ပေါက်ကွဲထွက်လာခဲ့တယ်..။

ချောက်ကမ်းပါးကြီးက မီတာ တစ်ရာ နဲ့ နှစ်ရာ ကြားလောက် ကျယ်ဝန်းပြီး..အောက်ဘက် အဝေးကြီးအထိ မတ်စောက်နေတဲ့ ဒေါင်လိုက် လျှိုမြောင်ကြီး ဖြစ်နေခဲ့တယ်..။ အခြားတစ်ဖက်ကို ပတ်သွားဖို့.. ဒါမှမဟုတ် အောက်ခြေကို ဆင်းသွားဖို့အတွက် တခြား ဘေးလမ်းလည်း ရှိမနေခဲ့ပါဘူး..။ ကျိုးပဲ့နေတဲ့ တံတားပေါ်က ယာဉ်တန်း နဲ့ တစ်ခြာတစ်ဖက်ရဲ့ ကြားထဲမှာ ကျယ်ပြောလှတဲ့ အက်ကွဲကြောင်းကြီးသာ ရှိနေခဲ့တာပါ..။

ဆန်နီ က အံကို ကြိတ်လိုက်မိတယ်..။

သူက စဉ်းစားဖို့ အချိန်အများကြီး မရှိတာကြောင့် ဒါကို လုပ်နိုင်ပါ့မလားဆိုတာကိုတောင် မစဉ်းစားတော့ဘဲ သူ့စိတ်ထဲ ပထမဆုံး ပေါ်လာတဲ့ အရာကိုသာ လုပ်ဆောင်လိုက်ပါတယ်..။

တကယ်လို့ ဒါက မဖြစ်နိုင်ဘူးဆိုရင်တောင်မှ… သူက မဖြစ်ဖြစ်အောင် ပြောင်းလဲပစ်ရုံပါပဲ..။

သူ့ရဲ့ အဆီအနှစ်တွေဟာ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ရဲ့ သွေးကြောတွေထဲမှာ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွားခဲ့ကာ အပြင်ဘက်ကို လျှံထွက်လာခဲ့တယ်..။ သူ့ရဲ့ မျက်လုံးတွေက အလင်းရောင် ကင်းမဲ့နေတဲ့ အလုံးအဝန်း နှစ်ခုအဖြစ် ပြောင်းလဲသွားတာနဲ့အမျှ သူ့ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ရပါတယ်။

တောင်ကြီးကနေ အန်ထုတ်လိုက်တဲ့ အမှောင်ထုရေလှိုင်းက ရွေ့လျားလာတာနဲ့အမျှ..လျှိုမြောင်တွေကို ဖုံးလွှမ်းထားတဲ့ အရိပ်တွေကလည်း လိုက်လံ ရွေ့လျားလာခဲ့ကြတယ်..။ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးကို ဝါးမြိုထားတဲ့ အမှောင်ထုတွေက ဆူပွက်လာခဲ့ပြီး အပေါ်ဘက်ကို တိုးဝှေ့တက်လာခဲ့ကြပါတယ်..။ အရိပ်ကျောက်တိုင်ကြီး နှစ်ခုက ပျက်စီးနေတဲ့ လမ်းတွေးပေါ်က ဆီးနှင်းတွေကို ရုတ်တရက် ဖြတ်သန်းပြီး ကောင်းကင်ယံပေါ်ကို မြင့်တက်လာခဲ့ကြတယ်..။သူတို့က အချိန်နဲ့အမျှ ပိုမို မြင့်မားလာခဲ့တာပါ..။

တစ်ချိန်တည်းမှာပဲ အောက်ဘက်ကနေ တက်လာနေတဲ့ အရိပ်တွေက. တံတားရဲ့ အစွန်းဆီကို ရောက်ရှိသွားခဲ့ပြီး အောက်ခြေမရှိတဲ့ ချောက်ကမ်းပါးကြီးရဲ့ အပေါ်မှာ ခနတာ အေးခဲသွားခဲ့တယ်..။

သို့ပေမယ့် အရိပ်တွေက ပျောက်ကွယ်သွားမယ့်အစား ရှေ့ကို ဆက်လက် ပျံ့နှံ့သွားခဲ့ပြီး ချောက်နက်ကြီးရဲ့ အပေါ်မှာ မှောင်မိုက်တဲ့ လမ်းတစ်ခုအဖြစ် တည်ဆောက်ကာ ခိုင်မာသွားခဲ့ကြပါတယ်..။

…တကယ်လို့ သူတို့မှာ ဖြတ်ကူးဖို့ တံတား မရှိဘူးဆိုရင် ဆန်နီ က သူ့ဘာသာသူ တံတားတစ်ခု တည်ဆောက်ယူရုံပဲ ရှိပါတော့တယ်..။

‘အား…’

သူက အဆီအနှစ်တွေကို အလွန်အမင်း အသုံးပြုနေခဲ့ရတာကြောင့် သူ့ရဲ့ ဝိဥာဉ်က ပင်ပန်းနွမ်းနယ်မှုကို စတင် ခံစားလာခဲ့ရတယ်..။ သို့ပေမယ့် ဆန်နီ က အရှိန်လျှော့မယ့်အစား သူ့ရဲ့ ကြိုးပမ်းမှုကို နှစ်ဆထပ်တိုးလိုက်ပါတယ်..။

ချောက်ကမ်းပါးရဲ့ တစ်ဖက် အခြမ်းမှာတော့ နောက်ထပ် ကျောက်တိုင်နှစ်ခု ထပ်မံ မြင့်တက်လာခဲ့ပြီး ထပ်မံဖြစ်ပေါ်လာတဲ့ အရိပ်တွေနဲ့အတူ ပျံ့နှံ့ကာ ပထမတစ်ခုနဲ့ ဆုံတွေ့ဖို့ တစ်မီတာပြီးတစ်မီတာ ကြီးထွားလာနေခဲ့ပါပြီ..။ ကျောက်တိုင်တွေရဲ့ ထိပ်ဖျားကနေ အမှောင်ထုလက်တံကြီးတွေ ထွက်ပေါ်လာခဲ့ပြီး မကျိုးပဲ့နိုင်တဲ့ ချိန်းကြိုးကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်..။လက်တွေကနေ သေးငယ်တဲ့ ချိန်းကြိုးငယ် အမြောက်အမြား ကျဆင်းလာခဲ့ပြီး ဖြစ်တည်လာနေတဲ့ တံတားရဲ့ မျက်နှာပြင်ထဲကို ပေါင်းစပ်သွားခဲ့ကြပါတယ်..။

ဆန်နီ က သူ့မှာ အဆီအနှစ် ဘယ်လောက် ကျန်သေးလဲဆိုတာကို ဂရုမစိုက်နိုင်တော့ပါဘူး..။ သို့ပေမယ့် အလျင်စလို တည်ဆောက်ထားတဲ့ အရိပ် တံတားရဲ့ ခိုင်ခံ့မှု နဲ့ ကမ်းပါး နှစ်ဖက်ကိုဘယ်လောက်အထိ မြန်မြန် ဆက်သွယ်ပေးနိုင်မလဲဆိုတာကိုတော့ စိုးရိမ်နေမိပါတယ်..။

အချိန်အများကြီး မကျန်တော့ပါဘူး…။

ဒါပေမယ့် ချိန်းကြိုးတွေကနေတစ်ဆင့် ချိတ်ဆက်မှုတွေ ပြုလုပ်တဲ့ နေရာမှာတော့ ကမ္ဘာပေါ်မှာ သူ့ထက် ပိုသိတဲ့လူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် သူက မျှော်လင့်ချက်ဘုရင့်နိုင်ငံတော် ထဲမှာ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ပြီး..ကောင်းကင်ဘုံ ချိန်းကြိုးတွေကို ဖြတ်သန်းကာ ကျွန်းတစ်ကျွန်းကနေ တစ်ကျွန်းဆီကို ခရီးနှင်ခဲ့ဖူးတဲ့သူပါ..။

ချိန်းကြိုးတွေနဲ့ အတူတူ ချည်နှောင်ထားတယ်။ခွဲခြားလို့မရဘူး… ပြီးတော့ ဒါကြောင့်ပဲ ပိုပြီး ခိုင်ခံ့တယ်…။

ဒီအရာအားလုံးကနေ သင်ယူနိုင်မယ့် အတွေးအခေါ် သင်ခန်းစာတစ်ချို့ ရှိနေနိုင်ပေမယ့် ဆန်နီ ကတော့ ဒါတွေကို ဂရုစိုက်ဖို့ စိတ်မပါနိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့တာပါ..။ သူက ညည်းတွားသံတစ်ခုနဲ့အတူပဲ ရိုင်နို ရဲ့ လေကာမှန်ကနေတစ်ဆင့် သူ့ကို စိုက်ကြည့်နေတဲ့ လူစတာ ကို လက်ဝှေ့ယမ်းပြလိုက်တယ်..။

"မောင်းတော့.."

လူငယ်လေးက သူ့ကို မျက်လုံး အဝိုင်းသားနဲ့ ကြည့်လိုက်ပြီးနောက် ဘာနဲ့မှ မချိတ်ဆက်ထားချိန်းကြိုးအမြောက်အမြားနဲ့သာ ထောက်ကန်ထားတဲ့ ချောက်ကမ်းပါးအထက်က ထူးဆန်းတဲ့ အနက်ရောင်လမ်းကို ကြည့်လိုက်တယ်..။

ယင်းနောက်မှာတော့ တုန်ရီနေတဲ့ လက်တွေနဲ့အတူပဲ သူက သံချပ်ကာယာဉ် ကို ရှေ့ကို မောင်းနှင်လိုက်ပါတယ်..။ယာဥ်ရဲ့ ကြီးမားလှတဲ့ ဘီးကြီးတွေက ကျိုးပဲ့နေတဲ့ လမ်းရဲ့ အက်ကွဲနေတဲ့ ကတ္တရာလမ်းကို စွန့်ခွာလိုက်ကြပြီး အရိပ်တံတားရဲ့ အနက်ရောင် မျက်နှာပြင်ပေါ်ကို ထိတွေ့မိသွားခဲ့တယ်..။

ထွက်ပေါ်လာတဲ့ အရိပ်လမ်းက အနည်းငယ် တုန်ခါသွားခဲ့ပေမယ့်… ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်..။

ဒီအရာက ရိုင်နို ရဲ့ လေးလံတဲ့ အလေးချိန်တစ်ခုလုံးကို တောင့်ခံထားနိုင်ခဲ့ပြီး ..နောက်ကနေ မောင်းနှင်လာတဲ့ နောက်ထပ်ယာဉ်တွေရဲ့ အလေးချိန်ကိုလည်း ဆက်လက် ထိန်းထားပေးခဲ့တာပါ..။ ပြီးတော့ နောက်ထပ်တစ်စီးပေါ့..။

မကြာခင်မှာပဲ ယာဉ်တန်းတစ်ခုလုံးက ခိုင်မာတဲ့ မြေပြင်ကို စွန့်ခွာလိုက်ကြပြီး ဆန်နီ တည်ဆောက်ထားတဲ့ လေထဲက လမ်းပေါ်ကို အသီးသီး ဝင်ရောက်လာခဲ့ကြတယ်..။ သူက ယာဉ်ရဲ့ အပေါက်ဝမှာရှိတဲ့ သတ္တုလက်ကိုင်ကို လှမ်းကိုင်လိုက်ပြီး အပေါ်ဘက် ခေါင်မိုးပေါ်ကို တက်လှမ်းကာ အေးစက်တဲ့ သတ္တုစပ်ပေါ်မှာ လဲကျသွားခဲ့တယ်.။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ဆန်နီ က နောက်ကနေ ကပ်လိုက်လာနေတဲ့ အမှောင်ထု လှိုင်းကြီးကို ပြန်လှည့်ကြည့်လိုက်တယ်..။

ဒါက အတော်လေးကို နီးကပ်နေခဲ့ပါပြီ..။

ရှေ့တစ်နေရာမှာတော့ ရိုင်နို ဟာ အရိပ်လမ်းရဲ့ အဆုံးဆီကို ရောက်ရှိလုနီးပါး ဖြစ်နေခဲ့တယ်..။ သံချပ်ကာယာဉ်ဟာ ဆန်နီ တံတားကို ပုံဖော်နိုင်တဲ့ အရှိန်ထက် ပိုမို မြန်ဆန်စွာ ရွေ့လျားနေခဲ့တာပါ..။ သို့ပေမယ့် ကံကောင်းစွာနဲ့ပဲ လမ်းရဲ့ ဒုတိယပိုင်းကလည်း နီးကပ်နေခဲ့ပါပြီ ။

အနက်ရောင် တံတားရဲ့ ဘေးနှစ်ဖက်အစွန်းက တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားခဲ့ပြီး ပေါင်းစည်းသွားခဲ့ကြတယ်..။ ဒါက ကြီးမားလှတဲ့ ရိုင်နို ကြီး ဆုံချက်ကို အရှိန်မပျက်ပဲ မောင်းနှင်စေနိုင်ဖို့အတွက် စက္ကန့်အလိုလောက်မှာတင် ပြီးစီးသွားခဲ့တာပါ။

ယင်းနောက်မှာတော့ ရိုင်နို ရဲ့ ဘီးတွေက ချောက်ကမ်းပါးရဲ့ တစ်ဖက်အခြမ်းက ခိုင်မာတဲ့ မြေပြင်ပေါ်ကို ထိတွေ့သွားခဲ့တာကြောင့်

လူစတာ ဟာ တုန်လှုပ်စွာနဲ့ အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်မိတယ်..။

ဆန်နီ အနေနဲ့ သတိလစ်တော့မလို ခံစားနေရပေမယ့် သူ့ကိုယ်သူ အာရုံအပြည့်စိုက်ထားဖို့ အတင်းအကျပ် သတိပေးနေခဲ့ရပါတယ်..။ သူ့ရဲ့ နောက်ဘက်မှာတော့ မရေမတွက်နိုင်တဲ့ အနက်ရောင် ပိုးတောင်မာအုပ်ကြီးက အရိပ်တံတားကို ဖြတ်သန်းပြီး တွားသွားနေကြပါပြီ..။သူတို့ရဲ့ လှိုင်းလုံးကြီးက လမ်းတစ်ဝက်လောက်အထိ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ချိန်းကြိုးတွေပေါ်မှာ ဖိအားတွေ အလွန်များပြားနေခဲ့ပြီး အချို့က ပြတ်တောက်လုနီးပါး ဖြစ်နေခဲ့တယ်။

‘ခွေးသားတွေ…’

အဲ့အချိန်မှာပဲ သူ စီးနင်းလာတဲ့ ယာဉ်က မြင့်မားတဲ့ အနက်ရောင် ကျောက်တိုင်ကြီးနှစ်ခုကြားကို ဖြတ်သန်းသွားရင်း တုန်ခါသွားခဲ့ရတယ်..။

ဆန်နီ နောက်ပြန်လှည့်ကြည့်ရင်း ပြုံးလိုက်ပါတယ်..။

‘…ဒါက ဂိတ်ကြေးပေးရတဲ့ တံတားကွ.. ။ပိုက်ဆံပေးရင်ပေး.. မပေးရင် သေလိုက်ကြတော့..’

…သေချာ စဉ်းစားကြည့်တော့လည်း.. ဒီကောင်တွေ သေလိုက်တာက ပိုကောင်းပါတယ်..။

တိုးညင်းတဲ့ ညဥ်းတွားသံနဲ့အတူပဲ သူက သူ့ရဲ့ စိတ်ဆန္ဒအတိုင်း ဖန်တီးထားတဲ့ အရိပ်ထုကြီးကို လွှတ်ပေးလိုက်ပြီး..သူတို့ကို ပကတိ သက်မဲ့ပုံစံအတိုင်း ပြန်လည် ရောက်ရှိသွားခွင့်ပြုလိုက်ပါတယ်..။ နက်ရှိုင်းတဲ့ စိတ်သက်သာရာရမှုကြီးက ရွေ့လျားနေတဲ့ ယာဉ်ရဲ့ ခေါင်မိုးပေါ်ကနေ သူ့ကို လဲကျလုနီးပါး ဖြစ်သွားစေခဲ့တယ်..။

အရိပ်တံတားက ရုတ်တရက် တစ္ဆေတစ်ကောင်လို ပြောင်းလဲသွားခဲ့ပြီး ပုံသဏ္ဍာန်မဲ့စွာ ပြိုကျပျက်စီးသွားခဲ့ကာ ညအမှောင်ထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်..။ မရေမတွက်နိုင်တဲ့ အနက်ရောင် ပိုးတောင်မာတွေကတော့ အောက်ကို ပြုတ်ကျကုန်ခဲ့ကြတယ်။သူတို့က ပျက်စီးနေတဲ့ တောင်စောင်းတွေကနေတဆင့် အမှောင်ထုတွေ ဆက်လက် စီးဆင်းကာ စစ်မှန်တဲ့ အမှောင်ထု ရေတံခွန်ကြီးလိုမျိုး ချောက်ကမ်းပါးကြီးရဲ့ ချောက်နက်ထဲကို ထိုးဆင်းသွားခဲ့ကြပါတယ်..။

သို့ပေမယ့် ယာဉ်တန်းကတော့ ဘေးကင်းသွားခဲ့ပါပြီ..။

ယာဥ်တွေက ရှေ့ကို ဆက်လက် မောင်းနှင်သွားခဲ့ကြပြီး ရှေးဟောင်း ဥမင်လိုဏ်ခေါင်း ထဲမှာ အခြေချနေထိုင်ခဲ့တဲ့ အရာ နဲ့ သူတို့ကြားက အကွာအဝေးကို ပိုမို ဝေးကွာသွားစေခဲ့တယ်..။

ဆန်နီကတော့ သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး စစ်ဘက်ဆိုင်ရာ ယာဉ်ရဲ့ ခေါင်မိုးပေါ်မှာ အားအင်ကုန်ခမ်းစွာနဲ့ လဲလျောင်း နေခဲ့ပါတယ်။ သူက အဝေးမှာရှိတဲ့ အေးစက်တဲ့ ကြယ်တာရာတွေရဲ့ ပန်းချီကားချပ်ကြီးကို ငေးကြည့်နေခဲ့တာပါ..။

‘…ဥမင်လိုဏ်ခေါင်းတွေ မရှိတော့ဘူး..။ထာဝရ မရှိတော့ဘူး.. ။ချီးပဲ.. ငါ… ငါ အဲလို မျှော်လင့်မိတယ်..’

အပိုင်း ( ၉၄၃ ) ပြီး၏။

အပိုင်း ( ၉၄၄ ) လုံခြုံစိတ်ချရသော

ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်စောင်းတွေ နဲ့ အမှောင်ထု ရဲ့ နောက်ကွယ်မှာ နိမိတ်မကောင်းတဲ့ တောင်ကြီး ဟာ ပျောက်ကွယ်သွားခဲ့တယ်။အခုတော့… သူတို့ ကံကောင်းပြီး လွတ်မြောက်လာခဲ့တဲ့ စစ်မှန်တဲ့ အမှောင်ထု မဟုတ်တော့ပဲ ဝင်ရိုးစွန်းညရဲ့ ရိုးရှင်းတဲ့ အမှောင်ထု ကိုသာ မြင်နေကြရတာပါ..။ နောက်ဆုံးမှာတော့ ယာဉ်တန်းက ရပ်တန့်သွားခဲ့ပါပြီ..။

သူတို့ရဲ့ ပတ်ပတ်လည်မှာတော့ အန္တာတိကအလယ်ပိုင်းဒေသ ရဲ့ ရိုးရှင်းတဲ့ ရှုခင်းတွေ ရှိနေခဲ့တယ်..။ တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့ နေရာမှာတော့ သူတို့ဟာ ကမ်းပါးစွန်းတစ်ခုရဲ့ အောက်မှာ လေပြင်းဒဏ်ကနေ ခနလောက် အကာအကွယ် ယူထားခဲ့ကြတယ်။သူတို့က စခန်းချဖို့အတွက် အတော်အတန် ကျယ်ပြန့်တဲ့ နေရာတစ်ခုဆီကို ရောက်ရှိနေခဲ့ကြတာပါ..။

မကြာသေးခင်က ရူးသွပ်စွာ မောင်းနှင်ခဲ့ကြရတာကြောင့် မော်တော်ယာဉ်တွေကို စစ်ဆေးဖို့ လိုအပ်နေခဲ့သလို လူတွေအနေနဲ့လည်း အသိစိတ် ပြန်ဝင်လာဖို့ အချိန်တစ်ခု လိုအပ်နေခဲ့ပါတယ်..။

ပြီးတော့ သူတို့ ဘယ်နေရာကို ရောက်နေလဲဆိုတာကိုလည်း မသိကြပါဘူး..။ ဆန်နီ အနေနဲ့ ပတ်ဝန်းကျင်ကို ကင်းထောက်ရမှာ ဖြစ်သလို မြေပုံပေါ်မှာ သူတို့ရဲ့ တည်နေရာကို သတ်မှတ်ပြီး ရှေ့ဆက်သွားမယ့် လမ်းကြောင်းကို ရှာဖွေရမှာ ဖြစ်ပါတယ်..။ သူက အနီးအနားမှာ အိပ်မက်ဆိုး သားရဲ အုပ်စုတွေ ရှိမနေတာ.. ဒါမှမဟုတ် သူတို့ဆီ ဦးတည်မလာနေတာကို သေချာအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး တခြား လုပ်စရာတွေ အများကြီးလည်း ရှိနေပါသေးတယ်။

‘အား… ငါ ဘာမှ မလုပ်ချင်တော့ဘူး…’

အရိပ်တံတားကို ဖန်တီးလိုက်ရတာက သူ့ရဲ့ အဆီအနှစ်တွေကို အများကြီး ကုန်ဆုံးသွားစေခဲ့သလို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကတော့ ပိုပြီးတော့တောင် ဆိုးရွားခဲ့ပါတယ်..။ ဆန်နီ က ပျင်းရိပြီး ပင်ပန်းနေသလို ခံစားနေရပေမယ့် ချက်ချင်း အလုပ်တွေ ပြန်လုပ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး..။ သူက စစ်ဘက်ဆိုင်ရာ ယာဉ်ရဲ့ ခေါင်မိုးပေါ်ကနေ ဆီးနှင်းတွေပေါ်ကို လှိမ့်ဆင်းလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ပတ်ဝန်းကျင်ကို စူးစမ်းဖို့အတွက် သူ့ရဲ့ အရိပ်တွေကို စေလွှတ်လိုက်တယ်..။

အဲ့အချိန်မှာတော့ သူ့ရဲ့ အဖွဲ့ဝင်တွေ နဲ့ တခြားလူတွေက သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်ကနေ ထွက်လာခဲ့ကြပြီ ဖြစ်ပါတယ်..။ အချို့က စခန်းချဖို့ ပြင်ဆင်နေကြပြီး အချို့ကတော့ ကောင်းမွန်တဲ့ ကင်းစောင့်တဲတွေကို လိုက်ရှာနေခဲ့ကြတယ်။ အချို့ကတော့ ရှုပ်ထွေးနေတဲ့ မျက်နှာတွေနဲ့အတူ သူ့ဆီကို ဦးတည်လာနေခဲ့ကြတာပါ..။

မကြာခင်မှာပဲ သူက အထူးတပ်ဖွဲ့ ဝင်တွေရဲ့ ဝန်းရံခြင်းကို ခံလိုက်ရတယ်..။ သူတို့ထဲက အချို့ကတော့ သူ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်တွေ့ရလို့ စိတ်သက်သာရာရနေတဲ့ ပုံစံရှိနေခဲ့ပြီး အချို့ကတော့ မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့ကြတာပါ..။ တခြားလူတွေထက် ပိုပြီး မြင်တွေ့ခဲ့ရတဲ့ လူစတာ က ပထမဆုံး စကားပြောလာခဲ့တယ်..။

"ကပ္ပတိန်.. အဲဒါက… အဲဒါက တစ်ခြား တစ်ခုခုပဲ.."

ဆန်နီ က ထူးဆန်းစွာပဲ လူငယ်လေးရဲ့ စကားကို သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်ပြလိုက်မိပါတယ်..။

လူစတာ က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှသတိထားကာ မေးလိုက်တယ်..။

"ဒါပေမယ့်..အတိအကျ ပြောရရင် အဲတာက

ဘာကြီးလဲ.."

သူက ဆန်နီ ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် အက်ကွဲနေတဲ့ အသံနဲ့ ထပ်ပြောလိုက်တယ်..။

"ကျွန်တော် ပြောတာက ကပ္ပတိန် ဖန်တီးခဲ့တဲ့ အံ့ဩစရာ တံတားကို ပြောတာ မဟုတ်ပါဘူး..။ ဟိုတစ်ခု… တခြားအရာကို ပြောတာ..။ ကျွန်တော်တို့ကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့တဲ့ အရာကြီးလေ.."

ဆန်နီ ချက်ချင်း ပြန်မဖြေခဲ့ပေ..။ နောက်ဆုံးမှာတော့ သူက ခေါင်းကို ခါယမ်းလိုက်ပြီး နက်မှောင်တဲ့ မျက်နှာနဲ့ တောင်ဘက်ဆီကို လှမ်းကြည့်လိုက်တယ်..။

"ငါလည်း မသိဘူး.."

သို့ပေမယ့် သူ့မှာ စဥ်းစားမိတာ အချို့တော့ ရှိနေခဲ့ပါတယ်..။

ရှေးဟောင်း ဥမင်လိုဏ်ခေါင်း ထဲမှာ အခြေချနေထိုင်ခဲ့တဲ့ သတ္တဝါက ရိုးရှင်းတဲ့ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင် ဖြစ်ဖို့အတွက် အတော်လေး စွမ်းအားကြီးလွန်းနေခဲ့တာပါ..။ ဒါက သူ့ကို မေ့ပျောက်ကုန်းမြေ က ကြက်သွေးရောင် တယ်ရာ ကြီးကို သတိရစေခဲ့တယ်..။ ဒါကြောင့် ဒီကောင်ကလည်း တိုက်တန် တစ်ကောင်အဖြစ် ပြောင်းလဲဖို့အတွက် အိပ်စက်နေတဲ့ တယ်ရာ တစ်ကောင် ဖြစ်နိုင်သလို.. ဒါမှမဟုတ် ပိုမို မြင့်မားတဲ့ အဆင့် ဆီကို ပြောင်းလဲနေတဲ့ တိုက်တန် တစ်ကောင်လည်း ဖြစ်နိုင်တာပါပဲ..။

ဒါမှမဟုတ်ရင်လည်း သူက ဆင့်ကဲပြောင်းလဲမှု အဆင့်ထဲကို ဝင်ရောက်နေတဲ့ သတ္တဝါတစ်ကောင် ဖြစ်နိုင်ပြီး တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ ပျက်စီးခြင်းအဆင့် သားရဲတစ်ကောင်ရဲ့ ဝါးမြိုခြင်းကို ခံထားရတာလည်း ဖြစ်နိုင်ပါတယ်..။

…ဘာပဲဖြစ်ဖြစ် ဆန်နီ နဲ့ သူတော်စင် တို့က ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နည်းနည်းနဲ့ ရှုပ်ထွေးအောင် လုပ်ပစ်ခဲ့ပြီး အသက်ရှင်လျက်နဲ့ ပြန်လည် ပြောပြနိုင်ခဲ့တာကတော့ သေချာနေခဲ့ပြီ ဖြစ်ပါတယ်..။

သူတော်စင် အကြောင်း ပြောရရင်တော့… သူမ အဆင်ပြေရဲ့လားဆိုတာကို သူ သိချင်နေမိတယ်..။ ကျိန်စာသင့် ပိုးတောင်မာတွေက သူ့ကို ပြင်းထန်တဲ့ ဒဏ်ရာ မပေးနိုင်ခဲ့ပေမယ့် သူမကတော့ အဲဒီ ထူးဆန်းတဲ့ အနက်ရောင် စက်လုံးကြီး ပေါက်ကွဲသွားတဲ့ အချိန်မှာ ၎င်းနဲ့ ပိုပြီး နီးကပ်တဲ့ နေရာမှာ ရပ်နေခဲ့တာပါ..။ အဲဒါက နှလုံးသားပဲဖြစ်ဖြစ်.. ထိတ်လန့်စရာ ဥကြီးပဲဖြစ်ဖြစ်.. ဒါမှမဟုတ် ပိုးတုံးလုံး အိမ်ပဲဖြစ်ဖြစ်ပေါ့..။ ဆန်နီ အနေနဲ့ အဲ့အချိန်ကစပြီး သူ့ရဲ့ အရိပ်ကို မမြင်ရတော့တာပါ.။

သူမရဲ့ ကျိုးပဲ့နေတဲ့ ကျောက်ဓားက ရက်စက်သော မြင်ကွင်း .. မဖျက်ဆီးနိုင်ခဲ့တဲ့ စက်လုံးကို ဘယ်လိုမျိုး ထိခိုက်အောင် လုပ်နိုင်ခဲ့လဲဆိုတာကိုလည်း သူ စိတ်ဝင်စားမိပါတယ်..။

ဆန်နီ အနေနဲ့ သူတော်စင် ဖျက်ဆီးခြင်း မခံခဲ့ရဘူးဆိုတာကို သိထားပြီးသားပါ..။ ဘာဖြစ်လို့လဲဆိုတော့ သူမကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက်မှာ သူ့ရဲ့ဝိဥာဉ်ပင်လယ်ထဲကို ပြန်ရောက်လာတာကို ခံစားလိုက်ရလို့ပါပဲ..။ သို့ပေမယ့် သူမက ပြင်းထန်တဲ့ဒဏ်ရာ တွေကိုခံစားလိုက်ရတာ ဖြစ်နိုင်ပါတယ်.။

ဆန်နီ က အထူးတပ်ဖွဲ့ ဝင်တွေကို အမိန့်အချို့ ပေးလိုက်ပြီး ပရော်ဖက်ဆာ အိုဘယ် ကို သွားရောက်စစ်ဆေးကာ အခြေအနေကို သိရှိဖို့အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာဖွေလိုက်တယ်..။အနည်းငယ် စိုးရိမ်စိတ်နဲ့အတူပဲ သူက သူတော်စင် ကို ခေါ်ယူလိုက်ပေမယ့်… ဘာမှ ဖြစ်မလာခဲ့ပါဘူး..။

‘ချီးတဲ့မှပဲ.. ငါ ထင်ထားတဲ့အတိုင်းပဲ… ဟမ်..’

တစ်ခုခုတော့ မဟုတ်သေးပါဘူး..။ တိတ်ဆိတ်တဲ့ နတ်မိစ္ဆာ ရဲ့ ပျောက်ကွယ်နေမှုက ဒဏ်ရာရထားတဲ့ အရိပ်တွေက အနက်ရောင် မီးတောက်တွေထဲမှာ အိပ်စက်ရင်း သူတို့ကိုယ်သူတို့ ပြန်လည် ကုစားနေတဲ့ ပုံစံမျိုးနဲ့ ကွဲပြားနေခဲ့တာပါ..။

သူက သူမကို လုံးဝ မခံစားရသလောက် ဖြစ်နေခဲ့တယ်..။

ဆန်နီဟာ စိုးရိမ်စိတ်နဲ့အတူ ဝိဥာဉ်ပင်လယ် ထဲကို ငုပ်လျှိုးသွားခဲ့ပြီး သူ့ရဲ့ အရိပ်အမြုတေတွေဖြစ်ကြတဲ့ အနက်ရောင် နေမင်းကြီး လေးစင်းကို ခနလောက် စိုက်ကြည့်လိုက်ပြီးမှ ရူးစ် စာလုံးတွေကို ခေါ်ယူလိုက်မိတယ်..။

အရိပ်များ - [မာဗယ်သူတော်စင်] ၊ [ဝိဥာဥ်မြွေ] ၊ [အိပ်မက်ဆိုး]..

မြွေရဲ့ ရူးစ် စာလုံးတွေက သက်မဲ့ပုံစံ ဖြစ်နေခဲ့တာကြောင့် ဒါက သူ့ရဲ့ ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေတယ်ဆိုတာကို ပြသနေခဲ့တာပါ..။ သို့ပေမယ့် သူတော်စင် ရဲ့ စာလုံးတွေကတော့ ပုံမှန်အတိုင်း ပေါ်နေခဲ့တယ်..။ သူက သူမရဲ့ နာမည်ကို အာရုံစိုက်ပြီး ဖတ်ကြည့်လိုက်ပါတယ်..။

အရိပ် - မာဗယ်သူတော်စင်..။

အရိပ်အဆင့် - တက်ရောက်သူ..။

သူက ဝမ်းသာရမလို.. စိတ်မကောင်းဖြစ်ရမလို ခံစားလိုက်ရတယ်..။

အရိပ်အမျိုးအစား - နတ်မိစ္ဆာ..။

အရာအားလုံးက ပုံမှန်အတိုင်းပါပဲ..။ သို့ပေမယ့် တောက်ပနေတဲ့ ရူးစ် စာလုံးတွေရဲ့ အဆုံးသတ် နေရာမှာတော့ စာကြောင်းအသစ်တစ်ခု ရှိနေခဲ့ပါတယ်..။

ဆန်နီ ရဲ့ နှလုံးခုန်သံက ခနလောက် ရပ်တန့်သွားခဲ့တယ်..။

[…မာဗယ်သူတော်စင် ဟာ ဆင့်ကဲပြောင်းလဲနေပါသည် ]

‘…ဘာကြီး..'

သူက ခနလောက် လှုပ်ရှားမှုမရှိဘဲ ရပ်နေမိပြီးနောက် သက်ပြင်းချလိုက်မိပါတယ်..။

‘ဒါက ဒီလိုမျိုးကိုး…’

ဆန်နီ ဝိဥာဉ်ပင်လယ် ထဲကနေ ထွက်ခွာလိုက်ပြီးနောက် အပေါ်ကို မော့ကြည့်ကာ ဝင်ရိုးစွန်းညရဲ့ အေးစက်တဲ့ လေထုကို ရှူရှိုက်ရင်း တောက်ပစွာ ပြုံးလိုက်မိတယ်..။

သူက ဝမ်းသာရမလို.. စိတ်မကောင်းဖြစ်ရမလို ဖြစ်နေခဲ့တာပါ..။

သူတော်စင် က အရင်တစ်ကြိမ်တုန်းက ကျရှုံးမူအဆင့် သူရဲကောင်း ကို သတ်ဖြတ်ပြီးနောက်မှာ ပိုမို မြင့်မားတဲ့ အမျိုးအစား ဆီကို ရောက်ရှိခဲ့ဖူးပါတယ်..။ အဲဒီတုန်းကတော့ သူမက သားရဲ ရဲ့ ရင်ဘတ်ထဲကနေ ထူးဆန်းတဲ့ အနက်ရောင် ကျောက်မျက်ရတနာတစ်ခုကို ဆွဲထုတ်ပြီး စားပစ်ခဲ့တာပါ..။ယင်းနောက်မှာတော့ အဲ့အချိန်တုန်းက နိုးထသူ နတ်မိစ္ဆာ တစ်ကောင် ဖြစ်ခဲ့တဲ့ အရိပ်က ဆင့်ကဲပြောင်းလဲမှု အဆင့်ထဲကို ဝင်ရောက်ဖို့အတွက် သူ့ရဲ့ ဝိဥာဉ်ထဲကနေ ပျောက်ကွယ်သွားခဲ့တယ်..။

အခုလည်း သူတော်စင် က အဲဒီအနက်ရောင် စက်လုံးကြီးဆီကနေ တစ်ခုခု ရရှိခဲ့တာ သေချာပါတယ်..။

သူမက နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲနေပြီဆိုတာကို သိလိုက်ရတာကြောင့် ဆန်နီ က ဝမ်းသာသွားခဲ့ရပြီး သူ့ရဲ့ အရိပ်သူရဲကောင်းက ဘယ်လို ပုံသဏ္ဍာန် ဖြစ်လာမလဲ.. ပြီးတော့ ဘယ်လို စွမ်းအားတွေ ရရှိလာမလဲဆိုတာကို သိချင်နေမိတာပါ..။ သို့ပေမယ့် အရင်တစ်ကြိမ်တုန်းကဆိုရင် သူမရဲ့..ဆင့်ကဲပြောင်းလဲမှုက တစ်လထက်မက ကြာမြင့်ခဲ့တာကြောင့် တောက်ပတဲ့ရဲတိုက် ထဲက နယ်မြေလု စစ်ပွဲထဲမှာ သူမရဲ့ အကူညီ မရခဲ့တာကိုလည်း သူ သတိရလိုက်မိပါတယ်..။

ဒီတစ်ကြိမ်မှာလည်း သူက သူ့ရဲ့ အသန်မာဆုံး လက်ထောက်မရှိတော့ပဲ အချိန်တစ်ခုအထိ ဖြတ်သန်းရတော့မှာပါ..။

သူတော်စင် ကလည်း ဒါကို သိထားခဲ့တာ သေချာပါတယ်..။ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူမက သူမရဲ့ ကိုယ်ပိုင်ဆန္ဒအတိုင်း ဝိဥာဉ်အမြုတေထဲကို ပြန်မသွားပဲ သူ့ကို ကူညီဖို့အတွက် နိုးထခြင်းကမ္ဘာထဲမှာ ဆက်နေခဲ့တာ ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့ ဆန်နီ က..ဘာဖြစ်လာမလဲ

ဆိုတာကို မသိခဲ့ဘဲ သူမကို ကိုယ်တိုင် ရုပ်သိမ်းပစ်လိုက်တာ မဟုတ်ဘူးလား..။

သူက သက်ပြင်းချလိုက်မိတယ်..။

"ကောင်းပြီလေ… ဘာပဲဖြစ်ဖြစ် တခြား ရွေးချယ်စရာ မရှိခဲ့ဘူး..။ ဒါက သူမကို ယာဉ်တန်းဆီ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ မဟုတ်ဘူးလား.."

အခုအချိန်မှာတော့ ယာဉ်တန်းရဲ့ ဘေးကင်းမှုက သူ့ရဲ့ ပုခုံးပေါ်မှာပဲ လုံးဝ တည်ရှိနေခဲ့ပြီ ဖြစ်ပြီး သူတစ်ယောက်တည်းသာ ကြိုးစားရတော့မှာပါ..။

‘ကောင်းကောင်း အနားယူလိုက်ပါ သူတော်စင်.. မင်းက ဒါနဲ့ ထိုက်တန်ပါတယ်..’

သူမ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူမရဲ့ စွမ်းအားတွေက သံသယဝင်စရာမလိုလောက်အောင် ပိုမို ကြီးမားလာပါလိမ့်မယ်..။ ဆန်နီ အနေနဲ့ အန္တာတိက စစ်ဆင်ရေးရဲ့ ကျန်ရှိနေတဲ့ အပိုင်းတွေကို အသက်ရှင်လျက် ဖြတ်သန်း ဖို့အတွက် အဲဒီစွမ်းအားတွေ အားလုံးကို လိုအပ်မှာ ဖြစ်ပေမယ့် အခုလောလောဆယ်တော့…

အခုလောလောဆယ်တော့ သူက သူ့ရဲ့ သစ္စာရှိအရိပ် မရှိဘဲနဲ့ အီရီဘတ် ကွင်းပြင် ဆီ သွားမယ့် ယာဉ်တန်းကို ဆက်လက် ဦးဆောင်သွားရတော့မှာ ဖြစ်ပါတယ်..။

‘ငါ အလုပ်ကြိုးစားတာ ပိုကောင်းလိမ့်မယ်..။သူတော်စင် ပြန်ရောက်လာတာတောင် ငါတို့က တောင်တန်းတွေထဲမှာ ပိတ်မိနေတုန်းပဲဆိုတာက သိပ်တော့ မဟုတ်သေးဘူး..။ လုံးဝ မဖြစ်နိုင်တာ..။ ငါတို့ နှစ်ယောက်လုံးက တက်ရောက်သူ နတ်ဆိုးတွေ ဖြစ်လာကြတော့မှာဆိုတော့ ငါ့ကိုယ်ပိုင်အရိပ်ရဲ့ လွှမ်းမိုးတာကို မခံရဖို့အတွက် ငါ ပိုပြီး ကြိုးစားရတော့မှာပေါ့…’

သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး ခါးသက်စွာနဲ့ သက်ပြင်းချလိုက်မိတယ်..။

‘နောက်တစ်ကြိမ်ပေါ့…’

အပိုင်း ( ၉၄၄ ) ပြီး၏။

အပိုင်း ( ၉၄၅ ) ရှေ့ဆက်ရမယ့် လမ်းကြောင်း

ယာဉ်တန်းထဲက လူအားလုံးနီးပါးဟာ တစ်နည်းနည်းနဲ့ အသက်ရှင်လျက် ရှိနေကြပါသေးတယ်..။ဆန်နီ ရိုင်နို ရဲ့ ခေါင်မိုးပေါ်ကနေ ငုံ့ကြည့်ရင်း တာဝန်ကြီးလှတယ်လို့ ခံစားရသလို အံ့လည်း အံ့ဩနေမိပါတယ်..။ သူက တောင်တန်းတွေထဲကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ရောက်လာတာတောင် အထိအခိုက် အကျအဆုံး ပြင်းပြင်းထန်ထန် မရှိပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး..။

သူက ကိုယ့်ကိုကို ဂုဏ်ယူသင့်တာလား..။

‘…ဒီတိုင်း.. ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားရမှာပေါ့…’

အခုအချိန်မှာတော့ သူ့ရဲ့ အရိပ်တွေက အနီးဆုံး တောင်ထိပ်တွေပေါ်ကို တက်ရောက်သွားခဲ့ကြပြီ ဖြစ်လို့ ပတ်ဝန်းကျင်ကို စောင့်ကြည့်ခွင့် ရနေခဲ့ပြီ ဖြစ်ပါတယ်..။ သူတို့ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဥမင်လိုဏ်ခေါင်းက အဆုံးမရှိတာမျိုး မဟုတ်ပေမယ့် အတော်လေးကို ရှည်လျားနေခဲ့တာပါ..။ထပ်ပြောရရင် အဲဒါက ချောက်ကမ်းပါးတွေနဲ့ လျှိုမြောင်တွေကို ကွေ့ကောက် ပတ်မောင်းစရာမလိုပဲ တောင်တန်းတွေကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့တာ ဖြစ်ပါတယ်..။ ရလဒ်အနေနဲ့ ပြီးခဲ့တဲ့ ရက်တွေအတွင်း ခရီးနှင်ခဲ့တာကြောင့် ယာဉ်တန်းက အတော်လေး ခရီး တွင်ခဲ့ပြီး အီရီဘတ် ကွင်းပြင် ဆီ သွားမယ့် လမ်းကြောင်းရဲ့ သုံးပုံတစ်ပုံကျော်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်..။

စိတ်မကောင်းစရာကတော့ သတင်းကောင်းက

ဒီနားမှာတင် ပြီးဆုံးသွားခဲ့တာပါပဲ..။

‘အဲဒါက… ပြဿနာပဲ…’

ဆန်နီ သူ့ရဲ့ ဆက်သွယ်ရေးကိရိယာ မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီးမှ သံချပ်ကာယာဉ်ရဲ့ အတွင်းထဲကို ပြန်ဝင်ကာ ကွပ်ကဲမှုအခန်းထဲမှာ အန္တာတိကအလယ်ပိုင်းဒေသရဲ့ မြေပုံကို ပရိုဂျက်တာနဲ့ ဖွင့်လိုက်တယ်..။

သူတို့က သူ မှတ်သားထားခဲ့တဲ့ နယ်မြေတွေရဲ့ အစွန်းပိုင်းက ဘန်ကာတစ်ခုဆီမှာ ရောက်ရှိနေခဲ့ကြတာပါ..။ အခုကစပြီး ဆန်နီ သုံးနိုင်မယ့်အရာက အသေးစိတ်မကျပဲ ခေတ်နောက်ကျနေတဲ့ မူရင်းမြေပုံပဲ ရှိပါတော့တယ်..။ သူတော်စင်တွေနဲ့ တိုက်တန်တွေရဲ့ တိုက်ပွဲက ဒီဒေသတစ်ခုလုံးရဲ့ မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပစ်ခဲ့သလို အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားရပါဦးမယ်..။

ဒါပေါ့ ..ဒီလုပ်ငန်းစဉ်ကို ပြန်လုပ်ပြီး သူ့ရဲ့ အရိပ်တွေအကူအညီနဲ့ မြေပုံကို ထပ်ပြီး အဆင့်မြှင့်လို့ တော့ ရပါတယ်..။ ဒါက သူ လုပ်ဖို့ ပြင်ဆင်နေတဲ့အရာ အတိအကျပဲ ဖြစ်ပြီး… အဲဒါကြောင့်လည်း သူ့ရဲ့ စိတ်ခံစားချက်က အခုလို သုန်မုန်နေရတာပါ..။

ဆန်နီ သက်ပြင်းတစ်ချက်ချကာ ပရိုဂျက်တာပေါ်မှာ အမှတ်အသား အသစ်တွေ စတင် ရေးဆွဲလိုက်တယ်..။ မကြာခင်မှာပဲ ယာဉ်တန်းရဲ့ တည်နေရာဟာ မြောက်ဘက် အဝေးကြီးအထိ ဆန့်တန်းနေတဲ့ အနီရောင်မျဉ်းတွေ နဲ့ ပင်လယ်ပြင်ကြီးရဲ့ ဝန်းရံခြင်း ခံလိုက်ရပြီး ကြားထဲမှာ အစိမ်းရောင်ကတော့ မရှိသလောက် ဖြစ်သွားခဲ့တယ်..။

‘ချီးတဲ့မှပဲ…’

ရှေ့ဆက်ရမယ့် လမ်းကြောင်းက… အနည်းဆုံးတော့ အတော်လေး ကြမ်းတမ်းတော့မှာပါ..။ သူတို့အနေနဲ့ ပထမ ရွှေ့ပြောင်းကယ်ဆယ်ရေး စစ်တပ်က သူတော်စင် သုံးယောက်နဲ့ ဆည်းဆာချိန်သားရဲ ,ဂိုလီယတ် ၊ ပြီးတော့ ဝစ်ပါးရင်း စစ်တပ် တို့ တိုက်ခိုက်ခဲ့ပြီး တိုက်တန်ကို ရှင်းလင်းခဲ့တဲ့ နေရာနဲ့ အတော်လေး နီးကပ်နေတာ ဖြစ်နိုင်ပါတယ်..။ ရလဒ်အနေနဲ့ ဖြစ်ပေါ်လာတဲ့ ငလျင်က တောင်တန်းတွေရဲ့ အစိတ်အပိုင်းအတော်များများကို ဖျက်ဆီးပစ်ခဲ့ပြီး ပတ်ဝန်းကျင်ဒေသကိုလည်း ရှုပ်ထွေးသွားစေခဲ့တာပါ..။

ဆန်နီကတော့ ယာဉ်တန်းကို အဲဒီရှုပ်ထွေးနေတဲ့နေရာကနေ ဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ ကြိုးစားနေပေမယ့် လုံးဝ မဖြစ်နိုင်သလိုပဲ မြင်နေရပါတယ်..။

လမ်းအများစုက ပျက်စီးနေခဲ့ပြီး ကျန်ရှိနေတဲ့ လမ်းတွေကလည်း ပြိုကျနေတဲ့ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေခဲ့ကြတာပါ..။ ဆီးနှင်းပြိုတာတွေ ၊ မြေပြိုတာတွေ နဲ့ ကျောက်ခဲ ပြိုကျတာတွေက နေရာအနှံ့မှာ ရှိနေပြီး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲသွားစေခဲ့တယ်..။ ဒီက ပျက်စီးမှုတွေက ဆန်နီ ထင်ထားတာထက် အများကြီး ပိုပြီး ဆိုးရွားနေခဲ့ပါတယ်..။

ပြီးတော့ အိပ်မက်ဆိုး သတ္တဝါတွေလည်း ရှိနေပါသေးတယ်..။ ဒီဒေသတစ်ခုလုံးမှာ အဲဒီကောင်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဆန်နီဟာ လှုပ်ရှားနေတဲ့ ထွက်ပေါက် အနည်းဆုံး နှစ်ဆယ်ကျော်လောက်ကို သတိပြုမိခဲ့တယ်။ မြေမျက်နှာသွင်ပြင်က ပျက်စီးနေတာကြောင့် အမြင်ကွယ်နေတဲ့ ထွက်ပေါက်တွေလည်း ပိုပြီး ရှိနေနိုင်ပါသေးတယ်..။

ဆန်နီ အနေနဲ့ အရပ်သား မော်တော်ယာဉ်တွေ ဖြတ်သန်းဖို့ နေနေသာသာ ရိုင်နို တောင် ဖြတ်သွားနိုင်ပါ့မလား မသေချာပါဘူး..။ သူ ဘယ်လောက်ပဲ ဘေးကင်းတဲ့ လမ်းကြောင်းကို ရှာဖွေဖို့ ကြိုးစားပါစေ.. ဘာမှ ရှိမနေသလိုပဲ ဖြစ်နေခဲ့တယ်..။

သူ့ရဲ့ စိတ်အခြေအနေက သုန်မုန် သွားခဲ့ရပါတယ်..။

ခနလောက် ကြာပြီးနောက်မှာတော့ ဆန်နီ မြေပုံကို ကြည့်ပေးဖို့အတွက် တခြား အမြင်အသစ်တွေ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်ပြီး လူ အနည်းငယ် ရှိရင် ပိုကောင်းလိမ့်မယ်လို့ တွေးလိုက်မိတယ်..။ သူက အထူးတပ်ဖွဲ့ ဝင်တွေကို သံချပ်ကာယာဉ်ထဲမှာ စုဝေးဖို့ အမိန့်ပေးလိုက်သလို ဆာဂျင် ဂီရီ ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်..။ ပရော်ဖက်ဆာ အိုဘယ် ကတော့ ဒီမှာ ရှိနေပြီးသား ဖြစ်တာကြောင့် ဆန်နီ က အဘိုးအိုကို ကွပ်ကဲမှုအခန်းထဲမှာ လာပူးပေါင်းဖို့ပဲ ပြောလိုက်ရုံပါပဲ..။

မကြာခင်မှာပဲ လူတိုင်း ရောက်ရှိလာကြပြီး အရေးပေါ် စစ်ဗျူဟာ အစည်းအဝေးတစ်ခု စတင်ခဲ့တယ်..။ ရလဒ်ကတော့ ဆန်နီ မျှော်လင့်ထားတဲ့အတိုင်းပဲ စိတ်ပျက်စရာ ကောင်းနေခဲ့တာပါ..။ ဘယ်သူ့မှာမှ ရှေ့ဆက်ဖို့အတွက် ကောင်းမွန်တဲ့ အကြံဉာဏ် ရှိမနေကြပါဘူး..။

ဒွန်း က မြေပုံပေါ်က အမှတ်တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်..။

“… တကယ်လို့ ကျွန်တော်တို့ရဲ့ ထပ်တူညီမူတွေ ကို သုံးပြီး အိပ်မက်ဆိုး သတ္တဝါတွေကို လျှိုမြောင်ထဲ ပိုနက်နက်ထဲ ဆွဲခေါ်သွားနိုင်ရင်.. ဒီထွက်ပေါက် နားကနေ ရန်သူတွေရဲ့ ဝိုင်းအုံခြင်း မခံရပဲ ဖြတ်မောင်းသွားနိုင်လိမ့်မယ်..။ အဲဒီကနေမှတစ်ဆင့် တောင်ကြားလမ်းဆီ သွားတဲ့ ဘေးလမ်းအတိုင်း လိုက်သွားရင် အသက်ရှူချောင်မယ့် နေရာတစ်ခု ရနိုင်လိမ့်မယ်..”

ဆမ်မာရာ က ခေါင်းခါယမ်းလိုက်တယ်..။

“ကျွန်မတို့ အိပ်မက်ဆိုး သတ္တဝါတွေကို ရှောင်ကွင်းသွားနိုင်ခဲ့ရင်တောင်မှ ရှင့်အနေနဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အထင်ကြီးလွန်းနေပြီ..။ အဲဒီယာဉ်အများစုက ဒီလောက် ကြမ်းတမ်းတဲ့ မြေပြင်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး..။ အခုတောင် အဲဒီယာဉ်တွေ ပြိုကွဲမသွားအောင် အနိုင်နိုင် ထိန်းထားရတာ.. ပြီးတော့ ဒီတောင်တန်းတစ်ခုလုံးရဲ့ အခြေအနေက အတားအဆီးတွေ ပြည့်နှက်နေတဲ့ လေ့ကျင့်ရေးကွင်းလို ဖြစ်နေတာလေ..”

သူမ သက်ပြင်းချလိုက်ပြီးမှ ဆန်နီ ကို လေးနက်တဲ့ အမူအရာ နဲ့ ကြည့်လိုက်တယ်..။

“နောက်ပြီး လူတိုင်း မေ့နေတဲ့ အရာတစ်ခုလည်း ရှိသေးတယ်..။ လောင်စာ ဆဲလ်တွေလေ..။ အဲဒါတွေက အခုထိတော့ မကုန်သေးဘူး.. ဒါပေမယ့် အခုလို စိန်ခေါ်မှု များတဲ့ လမ်းကို ဖြတ်သန်းရရင်..လောင်စာကို အများကြီး ဝန်ပိစေလိမ့်မယ်.. ။အဲဒါကို ကျွန်မတို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး..။ တောင်တန်းတွေကို ဖြတ်မောင်းတာက တစ်မျိုး… ဒီလို ပျက်စီးနေတဲ့ ဇုန်ကို ဖြတ်မောင်းတာက တစ်မျိုး..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီးမှ ဆာဂျင် ဂီရီ ကို လှမ်းကြည့်လိုက်တယ်..။

“သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အားသွင်းဖို့အတွက် တစ်ခုခု တီထွင်လို့ မရဘူးလား..”

စစ်သားက ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ နောက်ဆုံးမှာ သက်ပြင်းချလိုက်တယ်..။

“လိုအပ်ရင် စစ်ဘက်ဆိုင်ရာ ယာဉ်တွေကို ဖျက်ပြီး သုံးလို့ရပါတယ်..။ ပါဝါစနစ်တွေက အတိအကျကြီး ကိုက်ညီမနေပေမယ့် နိုးထသူ ကင်မ် နဲ့ ဆမ်မာရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအင်ပြောင်းလဲပေးမယ့် ကိရိယာတစ်ခုခုကို တီထွင်လို့ ရနိုင်တယ်လေ..။ စစ်သားတွေကတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေထဲက ဒုက္ခသည်တွေနဲ့ သွားပူးပေါင်းလို့ ရပေမယ့်… ကာကွယ်ရေးစွမ်းရည် သိသိသာသာ လျော့နည်းသွားမယ့်အပြင် ဒီအဖြေကို ဆန့်ကျင်နေတဲ့ တခြားအချက်တွေလည်း ရှိသေးတယ်..။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စွမ်းအင်အရင်းအမြစ် အများကြီး မရှိတော့ဘူး..။ပြီးတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက စွမ်းအင် ပိုစားကြတယ်..။ ဒါ့ကြောင့် အဲဒါက သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး.. ။ဒီဖြေရှင်းမူက အခုလို အေးစက်တဲ့ ရာသီဥတုမှာ ကီလိုမီတာ တစ်ရာလောက်ပဲ ပိုပြီး ခရီးဆန့်နိုင်လိမ့်မယ်..”

ဆန်နီ တခြား အဖြေတွေကို စဉ်းစားရင်း သက်ပြင်းအကြီးကြီး တစ်ချက် ချလိုက်မိတယ်..။

သူ့ခေါင်းထဲမှာ ရူးသွပ်စရာ အကြံဉာဏ်မျိုးစုံ ပေါ်လာခဲ့ပါတယ်..။ ဥပမာ သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီးကို အိပ်မက်ဆိုး မြင်း မှာ ချည်နှောင်ပြီး အနက်ရောင်မြင်းရိုင်းကြီးကို သာမန် ဝန်တင်တိရစ္ဆာန်လိုမျိုး ဆွဲခိုင်းတာမျိုးပါ..။ ရိုင်နို ကလည်း ယာဥ် တစ်စီးလက်ကို ဆွဲနိုင်တာပဲ..။

…ချီးပဲ.. သင့်တော်တဲ့ ဇက်ကြိုးတစ်ချောင်းသာ ရှိရင် ဆန်နီ ကိုယ်တိုင်လည်း သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီးကို ဆွဲနိုင်ပါသေးတယ်..။ အဲဒါကတော့ တကယ်ကို မြင်ရခဲတဲ့ မြင်ကွင်းတစ်ခုဖြစ်လာမှာပါ..။

သူ မျက်နှာ ပျက်သွားခဲ့ရတယ်..။

‘စစ်တပ်ထဲ ဖို့ သူမ ပြောခဲ့တာ.. ။ထောက်ပံ့ရေးရမှတ်တွေ အများကြီး ရလိမ့်မယ်လို့ သူမ ပြောခဲ့တယ်..။ချီးတဲ့မှပဲ…’

သူက အရာရှိတစ်ယောက် ဖြစ်လာတာ ဒါတွေလုပ်ဖို့ အတွက်လား..။သူက ဇက်ပေါ်ကို ထမ်းပိုးတစ်ခုတင်ပြီး ..နွားတစ်ကောင်လိုမျိုး လှည်းကို ဆွဲနေရဦးမှာလား။

ဘာပဲဖြစ်ဖြစ် ဒီအကြံဉာဏ်က ရယ်စရာကောင်းနေခဲ့တယ်..။ သီအိုရီအရတော့ ပါဝါကုန်သွားတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ဆွဲသွားဖို့ ဖြစ်နိုင်ပေမယ့် အပူပေးစနစ်ကကော ဘယ်လိုလုပ်မလဲ..။ မီးတွေကရော ဘယ်လိုလုပ်မလဲ..။ အရပ်သားတွေက အဲဒီအရာတွေ မရှိပဲနဲ့ ဝင်ရိုးစွန်းညရဲ့ အလယ်ခေါင်မှာ..တောင်တန်းတွေကို ဖြတ်ပြီး ကီလိုမီတာ ရာနဲ့ချီတဲ့ ခရီးကို ဘယ်လိုလုပ် အသက်ရှင်လျက် သွားနိုင်မှာလဲ..။

အဲ့အချိန်မှာပဲ လူစတာ က ရုတ်တရက် စကားပြောလာခဲ့တယ်..။

“ကျွန်တော်တို့အားလုံး သတိမထားမိတဲ့ ရွေးချယ်စရာတစ်ခု ရှိနေသေးတယ် မဟုတ်ဘူးလား..။ အဲဒါက မြေပြင်အနေအထားအရ ဖြစ်နိုင်ခြေ ရှိရုံတင်မကဘူး.. ကျွန်တော်တို့ကို တစ်ရက်အတွင်း အီရီဘတ် ကွင်းပြင် ဆီ ရောက်အောင် ပို့ပေးနိုင်လိမ့်မယ်..”

တခြားလူတွေက သူ့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်ကြတယ်။ ဆန်နီ ရဲ့ မျက်နှာကတော့ မှောင်မိုက်သွားခဲ့ပါတယ်..။

လူငယ်လေးက ရှက်ရွံ့စွာ ပြုံးလိုက်ပြီးမှ ထပ်ပြောလာခဲ့တယ်..။

“ကျွန်တော် ဆိုလိုတာက…ဒါက စွန့်စားရမယ်မှန်း သိပါတယ်.. ဒါပေမယ့် အဲဒါက ကျွန်တော်တို့ အနားလေးမှာပဲ ရှိနေတာလေ..”

ဒီလိုပြောပြီးတာနဲ့ သူက မြေပုံကို လက်ညှိုးထိုးပြလိုက်တယ်..။ အဲ့နေရာမှာတော့ တောင်တန်းတွေရဲ့ အစွန်းဆုံး နေရာမှာ ထူထဲတဲ့ အနီရောင်မျဉ်းတစ်ကြောင်းက မြောက်ဘက်ဆီကို အဝေးကြီး ဆန့်တန်းနေခဲ့တာပါ..။

ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီး..။

အပိုင်း ( ၉၄၅ ) ပြီး၏။

All Chapters