ညှိုးငယ်မှု
Vol. 005 Ch. 241
ဝမ်လင်း၏ မျက်လုံးများက အလေးအနက် ဖြစ်လာသည်။
“အကြီးအကဲလီ ... ဟိုဖန်နိုင်ငံ လျို့ဟီကလန်ရဲ့ တပည့် ... ” သည်ဝါကျ နှစ်ကြောင်းက သူ့ခေါင်းထဲ၌ ထပ်တလဲလဲ ဖြစ်သွားပြီး ရုတ်တရက်သူက သူ့စိတ်ထဲရှိ နာမည်တစ်ခု ပေါ်လာခဲ့သည်။
“မဖြစ်နိုင်ပါဘူးလေ ...” ဝမ်လင်းက ကျိတ်တွေးလိုက်သည်။ သည်ကမ္ဘာမှာ အခုလို တိုက်ဆိုင်မှုမျိုး မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ သည်မိန်းကလေးက တိမ်ကောင်းကင်ကလန်၏ အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
ဝမ်လင်းက သူအတွေးလွန် နေသည်ကို တွေးမိလိုက်ပြီး ပြုံးလိုက်မိသည်။
ချန်စီယွမ်က ဆက်ပြော လိုက်ပြန်သည်။
“အကြီးအကဲလီက သူ့မျိုးဆက်မှာ ပါရမီရှင် တစ်ယောက်ပဲ။ သူက ဟိုဖန်နိုင်ငံမှာတည်းက ကျော်ကြားခဲ့တယ်။ ဟိုဖန်နိုင်ငံက ကျူးကျော်ခံ လိုက်ရပြီး လျို့ဟီကလန်က ပြိုကွဲသွားတဲ့ အတွက်ကြောင့်သာ သူမက ဒီမှာ ရှိနေတာဖြစ်တယ် ...”
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်၏။ သို့သော် သူက မည်သို့မျှ မပြောဘဲ ရှေ့ဆက် သွားလိုက်သည်။
ချန်စီယန်က ခဏတာ တုံ့ဆိုင်းသွားပြီး ဝမ်လင်းနောက်သို့ လျင်မြန်စွာ လိုက်လာသည်။
“အစ်ကို ... မင်းဘယ်အချိန် အနောက်ဘက် ခြံဝင်းကို သွားမှာလဲ ...”
ဝမ်လင်းက ကောင်းကင်ကို ကြည့်၍ ပြောလိုက်သည်။ ငါဆရာ့ကို တွေ့ပြီးမှပဲ မင်းကို အနောက်ဘက်ခြံ လိုက်ပို့မယ် ...။ ဒါပေမဲ့ ငါအစက ပြောခဲ့သလိုပဲ ငါ အဲဒီ မိန်းကလေးကို မသိဘူး ...။ ငါသူ့နာမည်တောင် မသိဘူး ...”
ချန်စီယန်က မှင်တက် သွားလေသည်။ သူက အဝေးသို့ကြည့်၍ ပြောလိုက်၏။
“ပြဿနာ မရှိဘူး ... ငါသူ့နာမည်ကို သိပါတယ် ... အစ်ကို လုပ်ပေးရမှာက သူ့ကိုတွေ့ဖို့ ပြောပေးရမှာပဲ ...။ ငါက ငါ့အလိုလို အသိစိတ်ကို ယုံတယ် ...။ ဒီမိန်းကလေးက မင်းနဲ့တွေ့ဖို့ လာဦးမှာပဲ ...”
ဝမ်လင်းက ဆက်လက် ပြောဆိုခြင်း မရှိတော့ဘဲ တောင်ဘက်ခြံသို့ ဆက်လျှောက် လာခဲ့လိုက်သည်။
သို့သော် ချန်စီယန်ကတော့ စကား အဆက်မပြတ် ပြောနေသည်သာ ဖြစ်သည်။ သူက စကားပြော ကောင်းသောလူ တစ်ယောက် ဖြစ်နေကြောင်း ရှင်းလို့နေသည်။ သူက တိမ်ကောင်းကင်ကလန်၏ သတင်း၊ အတင်းနှင့် ကောလာဟလများကို ပြောပြလို့ နေလေသည်။
သည်လိုနှင့် သူတို့နှစ်ယောက် တောင်ဘက်ခြံသို့ ရောက်လာခဲ့တော့သည်။
အကြီးအကဲလီက ဒီကလန်ကို ရောက်တာ မကြာသေးဘူး ...။ နှစ်တစ်ရာလောက်ပဲ ရှိသေးတယ် ...။ ငါကြားတာ ကတော့ သူမက ကလန်ရဲ့ အဆင့်ငါး ဆေးဝါးပညာရှင် နှစ်ယောက်နဲ့ ယှဉ်နိုင်တယ်တဲ့ ...။ သူမက ငါတို့ကလန်ရဲ့ ရတနာဖြစ်တဲ့ အဆင့်ငါးဆေးလုံး နတ်ဆိုး ကျင့်ကြံခြင်းကို သန့်စင်ရာမှာ သူတို့ နှစ်ယောက်အောက် မကျခဲ့ဘူး ...” ဝမ်လင်းက သည်ဆေးလုံး အကြောင်းပြောရင်း သူ့မျက်နှာပေါ်၌ လေးစားဟန် ပုံစံများ ဖြစ်ပေါ်လာခဲ့သည်။
“နတ်ဆိုး ကျင့်ကြံခြင်း ဆေးလုံး ...” ဝမ်လင်းက မှင်တက်မိ သွားသည်။ သည်နာမည်က အလွန် ထူးဆန်းလို့ နေ၏။
“ဒီဆေးလုံးကို ဝါးမျိုလိုက်ရင် နတ်ဆိုးအဖြစ် ပြောင်းသွားနိုင်လို့လား ...”
ချန်စီယန်က ဝမ်လင်း၏ ပုံစံကို တွေ့လိုက်သောအခါ သူက ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။ ဟီးဟီး ... ဒီဆေးလုံး နာမည်က ထူးဆန်း ထိတ်လန့်ဖွယ် ကောင်းတယ် ...။ ဒီဆေးကို ဖန်တီးတဲ့ အချိန်မှာ ဘိုးဘေးက အကြီးအကဲလီကို နာမည် ပေးခိုင်းခဲ့တယ် ...။ အကြီးအကဲလီက ဒီနာမည်ကို ပေးခဲ့တာပဲ။ ဒီဆေးနာမည်က နတ်ဆိုး ကျင့်ကြံခြင်း ဖြစ်ပေမဲ့ နတ်ဆိုး ဖြစ်သွားတဲ့ ကျင့်ကြံခြင်းနဲ့ ဘာမှ မဆိုင်ဘူး ...”
“ဒီဆေးရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ ...” ဝမ်လင်းက သည်အရာက အလွန် ထူးဆန်းနေကြောင်း တွေ့လိုက်သည်။ သည်ဆေးက နတ်ဆိုး ကျင့်ကြံခြင်းလို့ ခေါ်တွင်သည်။ အကြီအကဲ လီကလည်း ဟိုဖန်နိုင်ငံ လျို့ဟီကလန်က လာခဲ့၏။ သည်နှစ်ခုကြား ဆက်စပ်မှု တစ်ခု ရှိနေနိုင်လေသည်။
သည်ဆေးရဲ့ အကျိုး သက်ရောက်မှုက ကြီးမားတယ် ...။ ဒါပေမဲ့ ငါတိတိကျကျတော့မသိဘူး ...” ချန်စီယွမ်က ပခုံး တွန့်ကာ ပြောလိုက်သည်။ ငါ့အဆင့်နဲ့ ဒီဆေးရဲ့ သက်ရောက်မှုကို တိတိကျကျ မသိနိုင်ဘူး ...။ ဒီဆေးက ငါတို့ကလန်ရဲ့ ရတနာ သုံးခုထဲက တစ်ခုပဲ ...”
ဝမ်လင်းက ထိုအတွက် စိတ်ထဲမထားပေ။ သူက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်က တောင်ဘက်ခြံ အပြင်ဘက်သို့ ရောက်လာခဲ့တော့သည်။ သည်အခါ သူတို့ရှေ့၌ တံတားတစ်ခု တွေ့လိုက်ရပြီး တံတားအောက်ရှိ ရေများက စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်လျက် ရှိနေသည်။
ရေထဲ၌ မရေမတွက်နိုင်သော အရောင်(၇)ခုရှိသော ငါးကြင်းများကို တွေ့လိုက်ရ၏။ ၎င်းတို့က ရေထဲ၌ ဇိမ်ရှိရှိ ကူးခပ်လို့ နေသည်။
ချန်စီယန်က တံတားရှေ့၌ ရပ်ကာ ပြုံး၍ ပြောလိုက်သည်။ နတ်ဆိုးကျင့်ကြံခြင်း ဆေးလုံးနဲ့ ပတ်သက်လို့ ကောလာဟလ တစ်ခုလည်း ရှိသေးတယ် ...။ အကို ဒီကောလာဟလကို ကြားချင်လား ...”
“ငါ သိချင်တယ် ...” ဝမ်လင်း၏ မျက်လုံးများက တံတားပေါ်သို့ ကြည့်လိုက်သည်။ သို့ရာတွင် အတားအဆီး တစ်ခုက သူ့အကြည့်ကို ကန့်သတ် ထားလေ၏။
သူက အထဲရှိ သပ်ရပ်သော ပတ်ဝန်းကျင်ကို မသဲမကွဲ တွေ့လိုက်သည်။ သည်အထဲ၌ ဧဒင်ဥယျာဉ် တစ်ခုအလား ရှိနေသည်။
ချန်စီယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။ ကောလာဟလ ပြောတာကတော့ အကြီးအကဲလီက နတ်ဆိုးပင်လယ်မှာ အချိန်အတော်ကြာ နေခဲ့တယ်တဲ့။ ဒီဆေးလုံးရဲ့ နာမည်က သူ့အဲဒီမှာ နေခဲ့တာနဲ့ ဆိုင်တယ်လို့လည်း ပြောကြတယ် ...။ တကယ်တော့ ဒါက ကောလာဟလပါ ...။ ပြောရမယ် ဆိုရင် အကြီးအကဲ လီနဲ့ ပတ်သက်လို့ တိမ်ကောင်းကင် ကလန်မှာ ကောလာဟလတွေ အများကြီး ရှိတယ် ... ဒီအကြောင်းတွေ နောက်ကျ ငါတို့ ပြောကြတာပေါ့ ...”
ဝမ်လင်းက သည်အကြောင်းတွေ ကြားလိုက်သော်လည်း သူ့ပုံစံက တည်ငြိမ်ဆဲ ရှိသည်။ သည်နောက် သူက ချန်စီယန်ကို နှုတ်ဆက်၍ တံတားဆီသို့ ဆက်သွားလိုက်သည်။
“ချန်စီယန်က အမြန် လှမ်းအော်လိုက်သည်။ အကို ဝမ်လင်း ...။ ငါဒီက စောင့်နေမယ်နော်။ ငါတို့လုပ်စရာ ရှိသေးတာကို မမေ့ပါနဲ့ ...”
ဝမ်လင်းက တုံ့ပြန်ခြင်း မရှိဘဲ လှေကားပေါ်သို့ ဆက်သွားလိုက်သည်။
တောင်ဘက်ခြံဝင်းထဲ ရောက်လာသည်နှင့် မြူများက ထူထဲလာသည်။ သူက သူ့ရှေ့ရှိ (၃)ပေထက်ပို၍ မမြင်ရပေ။ ဝမ်လင်း၏ မူရင်းကိုယ်သာ ရှိနေရင်တော့ သည်မြူများက သူ့ကို အနှောင့်အယှက် ပေးနိုင်မည် မဟုတ်ပေ။ သူ့နတ်ဘုရား အာရုံ အသုံးပြု၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေလိမ့်မည် ။
သို့သော် အခုချိန်မှာတော့ ဝမ်လင်း၏ ကိုယ်ပွားက အဆင့်(၈)သာ ရှိသေးသဖြင့် သူက ရှေ့သို့ ခပ်ဖြည်းဖြည်းသာ သွားနိုင်သည်။
သူက အထဲသို့ ပိုဝင်သွားလေလေ မြူများက ပို၍ ထူလာလေ ဖြစ်၏။ သူ့ မြင်နိုင်စွမ်းကလည်း (၃) ပေမှ (၁) ပေသို့ လျော့ကျ လာခဲ့သည်။
မြူများကြားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တောင်ဘက်ခြံက တားမြစ်နေရာ ဖြစ်တယ် ...။ အပြင် တပည့်တွေက ဝင်ခွင့်လက်မှတ် မရှိရင် ဝင်လို့ရမှာ မဟုတ်ဘူး ...”
ဝမ်လင်းက ရပ်တန့်ကာ ပြန်ဖြေလိုက်သည်။
“တပည့် ဝမ်လင်းက ဆရာရဲ့ဆရာ အကြီးအကဲလီကို နှုတ်ဆက်ပါတယ် ...”
အသံက ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် ဝမ်လင်းရှေ့ရှိ မြူများက ကြီးမားသော လက်တစ်စုံကြောင့် လွင့်ပြယ်သွားပြီး တောင်ဘက်ခြံ အတွင်းသို့ ဝင်ရောက်သော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။
“ဒီလမ်းကြောင်း အတိုင်း ဆက်သွားလိုက် အကြီးအကဲလီ နေတဲ့နေရာကို ရောက်သွားလိမ့်မယ် ...။ အခုသွားတော့ ...”
ဝမ်လင်းက လမ်းကြောင်းအတိုင်း ဆက်သွားလိုက်သည်။ သူက အကွာအဝေး တစ်ခုမှ တူရိယာအသံ တစ်ခုကို ကြားလိုက်ရသည်။ သိပ်မကြာခင်မှာပဲ ဝမ်လင်းက လမ်းကြောင်း အဆုံးကို ရောက်လာခဲ့ပြီး အဆောက်အဦ တစ်ခုကို တွေ့လိုက်ရ၏။
ပြတင်းပေါက် မြင်ကွင်း၌ အမျိုးသမီး တစ်ယောက်၏ ပုံရိပ်တစ်ခု ရှိလို့နေ၏။ သူမရှေ့၌ ဒုံမင်တူရိယာ တစ်ခုလည်း ရှိနေသည်။ သို့ရာတွင် လိုက်ကာစ ခပ်ပါးပါး တစ်ခုကြောင့် ဝမ်လင်းက သူမပုံစံကို တွေ့မြင်ရခြင်း မရှိပေ။
ဝမ်လင်းထွက်ပေါ်လာ အချိန်၌ သီချင်းသံတစ်ခုက အဆောက်အဦထဲမှ ထွက်လာကာ ဝမ်လင်း၏ နှလုံးသားထဲသို့ ပန်းပွင့်မြစ် တစ်စင်းအလား တိုးဝင်လာခဲ့သည်။
ဝမ်လင်းက စကားတစ်ခွန်းမှ ပြောခြင်းမရှိ။ သူက ထိုနေရာ၌ မတ်တတ်ရပ်၍သာ သီချင်းကို နားထောင် နေလိုက်သည်။ သံစဉ်က ပြီးဆုံးသွားသည်နှင့် ကြည်လင် ချိုသာသော အသံလေး တစ်ခုက အဆောက်အဦထဲမှ ထွက်ပေါ်လာခဲ့သည်။
“မင်းက ဝမ်လင်းလား ...”
ထွက်ပေါ်လာသော အသံလေးကို ကြားလိုက် ရသည်နှင့် သူက ကြက်သေ သေမိသွားသည်။ သူ့မျက်နှာကလည်း မယုံကြည်နိုင်ဟန် ပုံစံ ဖြစ်ပေါ်လို့ သွား၏။ သို့သော် သူက အလျင်အမြန် ပြန်ထိန်းချုပ် လိုက်သည်။ သူက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ် ... ကျွန်တော်ပါ ...”
ဝမ်လင်း၏ ပြန်ဖြေသံ ထွက်ပေါ်လာသည်နှင့် အခန်းထဲမှ ကြိုးပြတ်သံ တစ်သံ ထွက်လာခဲ့သည်။ အကြောင်းမှာ အမျိုးသမီးက ဒုံမင်ကြိုး တစ်ချောင်းကို ပြတ်တောက်သွားအောင် ပြုလုပ်လိုက် မိသောကြောင့်ပင်။ သည်နောက် ပြတင်းတံခါးက ပွင့်လာခဲ့သည်။ သူမ အသွင်လေးက လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်ဆန်စေ၏။
သူမ မျက်နှာလေးက ပန်းတစ်ပွင့် အလား။ အသားအရေကလည်း ကျောက်စိမ်း တစ်ခုလို ချောမွတ်လျက်။ သူမ အသွင်လေးကို ပန်းတစ်ပွင့်လို တင်စားနိုင်သည်။ အသံလေးကလည်း တေးဆိုငှက် တစ်ကောင်ကဲ့သို့ ရှိနေ၏။ သူမ စိတ်ဝိညာဉ်က လတစ်စင်း။ သူမ အသားအရေက ကျောက်စိမ်းတစ်ခု ဖြစ်နေတော့၏။
သည်အမျိုးသမီး၏ အကြည့်က ဝမ်လင်းပေါ်သို့ ရောက်လာခဲ့သည်။ သူမက ဝမ်လင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေရင်း သူမက လွမ်းဆွတ်ခြင်း၊ ညှိုးငယ်ခြင်း တို့ကို ခံစားနေရသော အသွင်ဖြစ်လာခဲ့၏။ သူက လိုက်ကာကို ပြန်ချလိုက်ပြီး သူမ၏ ကြည်လင် ရှင်းသန့်သော အေးဆေး တည်ငြိမ်သူ တစ်ယောက် အသွင်ကို ပြန်လည်ရ ရှိသွား၏။
ဝမ်လင်းကတော့ ရေအလား တည်ငြိမ်ဆဲ ရှိနေသည်။ အမျိုးသမီးက စကားပြော လိုက်သောအခါ သူက သူမမည်သူမည်ဝါ ဖြစ်သိကို သိလိုက်၏။ တကယ်တော့ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ မိန်းကလေး တစ်ယောက်က အခုလို တိမ်ကောင်းကင် ကလန်၌ အကြီးအကဲ တစ်ယောက် လာဖြစ်နေ လိမ့်မည်လို့ လုံးဝ မမျှော်လင့် ထားခဲ့မိချေ။
ဝမ်လင်းကိုယ်ပွား၏ ကျင့်စဉ်က သိပ်မြင့်မားခြင်း မရှိသေးသော်လည်း စူးရှသော အမြင်အာရုံတော့ ရှိနေပါသေးသည်။ သူက သည်အမျိုးသမီး၏ ကျင့်ကြံမှု အဆင့်က အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ဖြစ်ကြောင်း သိလိုက်၏။ အခြား ကလန်များမှာ ဆိုလျှင်တော့ ဆရာနှင့်တပည့် ကျင့်ကြံမှု အဆင့်တူ နေသည်မှာ ထူးဆန်းစရာ ဖြစ်နေသော်လည်း တိမ်ကောင်းကင် ကလန် အတွက်တော့ ထူးဆန်းသောကိစ္စ မဟုတ်ပေ။ တိမ်ကောင်းကင် ကလန်၌ တစ်စုံတစ်ယောက်၏ တန်ဖိုးကို သူတို့၏ ဆေးဝါး ပညာနှင့်သာ တိုင်းတာသောကြောင့် ဖြစ်ပြီး ကျင့်ကြံမှု အဆင့်ဖြင့် မတိုင်းတာသောကြောင့် ဖြစ်၏။ ထို့ကြောင့် တိမ်ကောင်းကင် ကလန်၏ အတွင်း ခြံဝင်းများ၌ တပည့်ထက် ကျင့်ကြံမှု အဆင့်နိမ့်သော ဆရာများ ရှိနေပေသည်။
တကယ်တော့ အချို့ဆေးများသည် ကျင့်ကြံမှု အဆင့်ကို အသားကျအောင် လုပ်ရာ၌ လိုအပ်သည်။ တချို့ ဆေးလုံးများကတော့ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် ကူညီပေးသည်။
သည်ကမ္ဘာ၌ လီမုဝမ်လို စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်သာ လုပ်နိုင်စွမ်း ရှိသော အဆင်ငါး ဆေးလုံးကို အမြုတေ အဆင့်နှင့် လုပ်နိုင်သော လူအချို့ ရှိကြသည်။
ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချ လိုက်သည်။ အချိန်က လူတစ်ယောက်ကို ပြောင်းလဲပေး နိုင်ပေသည်။ နှစ်ပေါင်းနှစ်ရာက အလွန် မကြာရှည်သော်လည်း သိပ်တော့လည်း မတိုတောင်းလွန်းချေ။ နှစ်ပေါင်း နှစ်ရာက မနေ့ တစ်နေ့ကလို ခံစားလိုက်ရ၏။ သို့ရာတွင် လူနှစ်ယောက်အကြား ကြီးမားသော ကွာဟမှုတစ်ခုကို ဖြစ်စေသည်။
ဝမ်လင်းက သူ့ကိုယ်သူ ဖော်ထုတ်ရန် အစီအစဉ် မရှိချေ။ သူ့အသွင်က လီမူဝမ်နှင့် တွေ့ဆုံခဲ့သော အချိန်နှင့်လည်း မတူတော့ချေ။ ထို့ကြောင့် သူမက သူ့ကို သေချာ သိလိမ့်မည် မဟုတ်တော့ချေ။
“ဒါကဘာလဲ ...” လီမူဝမ်အသံက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်သည်။ ထို့နောက်သူက ပြောလိုက်၏။
“တ ... တ ... တပည့် ...” သူငယ်ချင်းဟောင်း တစ်ယောက်ကို မျက်နှာချင်းဆိုင် နေရသလို ခံစားမိပြီး ဝမ်လင်းက တပည့်ဆိုသော စကားလုံးကို ပြောမထွက်နိုင ဖြစ်ရသည်။
လီမူဝမ်က ဝမ်လင်း၏အသံကို ထပ်ကြား လိုက်သည်နှင့် သူမ ကိုယ်လုံးလေးက တုန်ခါလို့ သွားပြန်သည်။ သူမက လက်ဝှေ့ယမ်း လိုက်ရာ ခရမ်းရောင် ဇာပဝါတစ်ခုက သူမမျက်နှာကို ဖုံးကာသွားသည်။ သည့်နောက်မှာ သူမက အဆောက်အဦထဲက ထွက်လာပြီး ဝမ်လင်းကို ကြည့်လိုက်၏။
ဝမ်လင်း၏ အမူအရာက တည်ငြိမ်ဆဲပင်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“တပည့်ရဲ့ ဆေးမီးဖိုက ပျက်စီး သွားလို့ပါ ...။
လီမူဝမ်က ဝမ်လင်းကို ကြည့်လိုက်သည်။ သူမက စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်၏။
“မင်းက ချူနိုင်ငံက လာခဲ့တာလား ...”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
လီမူဝမ်က သက်ပြင်း ချလိုက်မိသည်။ သူမပုံစံက ပုံမှန်ပြန်ဖြစ် သွားသည်။
“ဆေးမီးဖို ပျက်စီး သွားရတာက မင်းကျင့်ကြံမှု အဆင့်က ခပ်မြန်မြန် တိုးလာလို့ပဲ ...။ ဒါကြောင့် မင်းကိုယ်ထဲက မီးပြင်းအားကို လမ်းညွှန်ဖို့ စိတ်ဝိညာဉ် စွမ်းအင်တွေကို မထိန်းချုပ် နိုင်တော့တာဘဲ ...။ ဒါက အဖြစ်များ ပါတယ် ...။ ပြီးတော့ မင်းက ဆက်လေ့ကျင့် နေပြီး ကိုယ့်ဟာကိုယ် အဖြေ ရှာသင့်တယ် ...”
“မင်းက ကျောက်လင်းရဲ့ တပည့်ဖြစ်နေတဲ့ အတွက် ငါမင်းကို ဆေးမီးဖိုတစ်ခု လက်ဆောင် ပေးလိုက်မယ် ...။ ဒီဟာက အကြိမ်တစ်ရာ ပျက်စီးတာကို ကာကွယ်နိုင်တယ် ... အကြိမ်တစ်ရာလောက် ကြိုးစားပြီး တာတောင် မီးကို မထိန်းချုပ်နိုင်ဘူး ဆိုရင် မင်းက ဆေးပညာမှာ ပါရမီ မရှိဘူး ...။ မင်းလက်လျှော့ပြီး ကလန်က ထွက်သွားသင့်တယ် ...”
လီမူဝမ်က ထိုသို့ ပြောပြီးနောက် ဆေးမီးဖိုကို ဝမ်လင်းထံသို့ ပေးလိုက်၏။
ဝမ်လင်းက ချက်ချင်း ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူ့ပုံစံက တည်ငြိမ်ဆဲ ဖြစ်သော်လည်း စိတ်ထဲမှာတော့ လှိုင်းထနေပြီ ဖြစ်၏။ သူက သည်နေရာမှာ ရှိနေသည့် အချိန်တိုင်း အသက်ရှူ ကျပ်သလို ခံစားနေရသည်။ သူက လက်နှစ်ဖက်ဖြင့် အရိုအသေပြုကာ ထွက်ခွာရန် လှည့်လိုက်၏။
လီမူဝမ်က ရုတ်တရက် ပြောလိုက်သည်။
“မိုင်လန် ...”
ဝမ်လင်းက ရုတ်တရက် ထိတ်လန့် သွားမိသည်။ သူက လီမူဝမ်ကို စိတ်ရှုပ်ထွေးသည့် ဟန်ဖြင့် ပြန်လှည့်ကြည့် လိုက်၏။
လီမူဝမ်က တိတ်တဆိတ် သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းသွားလို့ ရပါပြီ ...။ မင်းမှာ မေးစရာ တစ်ခုခုရှိရင် လာမေးနိုင်တယ် ...”
ထိုသို့ ပြောပြီးနောက် သူမက သူနေသော နေရာသို့ ပြန်လှည့် သွားတော့သည်။ ထို့နောက် အဆောက်အဦထဲမှ ဒုံးမင်သံကလည်း ပျံ့နှံလာခဲ့ တော့သည်။
ဒုံးမင်သံစဉ်ထဲ၌ ဝမ်းနည်းမှု၊ ညှိုးငယ်မှုနှင့် အထီးကျန်မှုများက လှစ်ဟပြလျက် ...။
ဝမ်လင်းက အလွန် စိတ်ရှုပ်ထွေး သွားမိသည်။ သူက အဆောက်အဦထဲက လူကို ကြည့်၍ သက်ပြင်းချကာ ထွက်ခွာ သွားတော့၏။
အဆောက်အဦထဲ၌ လီမူဝမ်က တူရိယာကို ပြန်ချထား လိုက်သည်။ သူက အနည်းငယ် တွေးကာ ပြတင်းပေါက်ကို ဖြတ်၍ အကွာအဝေး တစ်ခုသို့ ငေးမောနေသည်။ သူက အချိန်အတော်ကြာ မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ ပြောလိုက်၏။ တစ်ခုခုတော့ မှားနေပြီ ...။ လူနှစ်ယောက် ဘယ်လိုလုပ် ခုလိုတူနိုင်ပါ့ မလဲ ...။ သူတို့ အပြုအမူတွေက အတိအကျ တူနေစရာ အကြောင်းမှ မရှိတာ ... ။ ဝမ်လင်းအသွင်က တည်ငြိမ်လွန်းတယ်။ သာမန်လူ တစ်ယောက်က ခုလို လုပ်နိုင်ပါ့မလား ...”
လီမူဝမ်၏ မျက်လုံးက ဖျတ်ခနဲ တောက်ပသွားကာ မျက်ခုံး နှစ်ခုကြား လက်ညှိုးဖြင့် ထိလိုက်သည်။ ထိုအခါ သူမ နဖူးပေါ်မှ သွေးတစ်စက် ကျလာလေသည်။ ထိုသွေးက နီရဲကာ ဖျက်ဆီးနိုင်သော အရှိန်အဝါများ ထုတ်လွှတ်လို့ နေသည်။
သည်သွေးတစ်စက်က ဝမ်လင်းမထွက်ခွာ သွားခင် သူမကို ပေးခဲ့သော လက်ဆောင်ဖြစ်၏။ သည်သွေးထဲ၌ ဂျိနယ်ပယ် ငွေရောင်အမျှင်တန်း တစ်ခု ပါဝင်နေ၏။ ဝမ်လင်းက ၎င်းကို သူမအသက်ကို ကာကွယ်ရန် အတွက် ပေးခဲ့ခြင်း ဖြစ်သည်။ သည်သွေး တစ်စက်ကြောင့်သာ မဟုတ်ရင် လီမူဝမ်က ဟိုဖန်နိုင်ငံမှ လွတ်မြောက်လာနိုင်မည် မဟုတ်ချေ။
“အခုဝမ်လင်းနဲ့ သူမသိခဲ့သော ဝမ်လင်းက လူတစ်ယောက်တည်း ဖြစ်ခဲ့ရင် ဒီသွေးက ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ ...” လီမူဝမ်က နှုတ်ခမ်းကိုက်၍ သက်ပြင်း ချလိုက်မိသည်။
ထိုခဏ၌ အဆောက်အဦ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဂျူနီယာညီမ ... ငါခဏ ဝင်လာလို့ ရမလား ...”
လီမူဝမ်က အနည်းငယ် မျက်မှောင်ကြုတ် သွားမိသော်လည်း တံခါးဖွင့်ပေး လိုက်သည်။ သူမက ကြည့်ကောင်းသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို တွေ့လိုက်၏။
သည်လူက လီမူဝမ်က တွေ့လိုက်သည်နှင့် နူးညံ့စွာ ပြောလိုက်သည်။
“ဂျူနီယာ ...။ ပြီးခဲ့တဲ့လ အနည်းငယ်က နင် လင်ယန်ချီ တစ်ခုလိုနေတယ် ပြောတာ ငါကြားခဲ့တယ် ...။ ငါ အဲဒါကို ချူနိုင်ငံ တစ်ခုလုံး ပတ်ရှာခဲ့တာ ... နောက်ဆုံးတော့ တစ်ခု တွေ့ခဲ့တယ် ...” ထိုသို့ ပြောပြီးနောက် သူက ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူလိုက်၏။ သေတ္တာအထဲ၌ လက်မောင်းလုံးလောက် ရှိသော ခရမ်းရောင် လင်ယန်ချီ တစ်ခု ရှိနေလေသည်။
လီမူဝမ် မျက်နှာက အလိုမကျ ဖြစ်သွားသည်။ သူမက ကျောက်စိမ်း သေတ္တာကို မကြည့်ဘဲ ပြောလိုက်၏။
“စီနီယာအစ်ကို စွန်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ...။ ဒါပေမဲ့ ငါက အစားထိုးစရာ တစ်ခု ရှာတွေ့ခဲ့ပြီး ဆေးလုံးလည်း လုပ်ပြီးပါပြီ။ အစ်ကိုစွန်ပဲ ဒါကို ပြန်သိမ်းထား လိုက်ပါတော့ ...”
သက်လတ်ပိုင်း လူကြီးက နွေးထွေးစွာ ပြောလိုက်၏။ သူက ကျောက်စိမ်း သေတ္တာကို ဘေးချထား လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ဂျူနီယာညီမ ... ဘိုးဘေးတွေက ကောင်းကောင်း လုပ်ခဲ့တာပဲ ...။ တကယ်တော့ ညီမက တိမ်ကောင်းကင်ကလန်ရဲ့ တိုက်ရိုက်တပည့် တစ်ယောက် မဟုတ်ခဲ့ဘူး ...။ ညီမက ပိုကောင်းတဲ့ ဆေးပညာ နည်းလမ်းတွေကို ရဖို့ဆန္ဒ ရှိမယ်ဆိုရင် ညီမက ကျင့်ကြံမှု လက်တွဲဖော် အတွက် တိုက်ရိုက်တပည့် တစ်ယောက်ကို ရွေးသင့်တယ် ...။ ညီမနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် သိလာတာလည်း ကြာပြီ ...။ ဂျူနီယာ ညီမက အခု မင်းနဲ့ပတ်သက်ပြီး ငါဘယ်လို ခံစားနေရတာကို နားလည်မယ်လို့ ထင်ပါတယ် ...”
လီမူဝမ်၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြတ်ပြေးသွား၏။ သူမက သက်လတ်ပိုင်း လူကြီးကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။
“ဒီလိုမျိုး ဘယ်တော့မှ ထပ်မလုပ်ပါနဲ့ ...”
သက်လတ်ပိုင်း လူကြီးက လီမူဝမ်ကို တိတ်တဆိတ် ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဂျူနီယာညီမ ... ငါက မင်းကို ဟိုဖန်နိုင်ငံ အတိုက်ခိုက် ခံရတုန်းကသာ မကယ်တင်ခဲ့ဘူး ဆိုရင် မင်းသေနေလောက်ပြီ ...။ ပြီးခဲ့တဲ့ နှစ်တွေတုန်း ကလည်း ငါမင်းအပေါ် ဘယ်လို ပြုမူခဲ့လဲ ...။ မင်းဘာလို့ငါ့ကို ငြင်းဆို နေတာလည်း ငါတကယ် မသိဘူး ...”
လီမူဝမ်က အနည်းငယ် စဉ်းစားလိုက်သည်။ ထိုအခါ ပုံရိပ်တစ်ခုက သူမစိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက ထိုအတွေးကို ရန်တန့်ပြီး ပြန်ဖြေလိုက်သည်။
“အကြောင်းပြချက် မရှိဘူး ...”
သက်လတ်ပိုင်း လူကြီးက သက်ပြင်း ချလိုက်သည်။ သူ့အသံကတော့ ညင်သာနေဆဲ။
“ဂျူနီယာညီမ ... ဘိုးဘေးက ငါ့ကို ဒီကိစ္စနဲ့ ပတ်သက်လို့ အမိန့်ပေးခဲ့တယ် ...။ အားလုံး အထိုင်ကျရင် ကျေးဇူးပြ၍ ထပ်စဉ်းစားပေးပါ ...” ထိုသို့ ပြောပြီးနောက် သူက လီမူဝမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်၏။ ထို့နောက်သူက သူမကို ပြုံးပြ၍ ပြန်ထွက်ခွာ သွားတော့သည်။
လီမူဝမ်က အပြင်ဘက် တံခါးမှာ တိတ်ဆိတ်စွာ အကြာကြီး ရပ်နေခဲ့၏။ ထို့နောက်သူမက အထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမနောက်ကျော၌ အလွန် ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့က ထင်ဟပ်လို့ နေပေသည်။
ဝမ်လင်းက တောင်ဘက် ခြံဝင်းထဲမှ ပြန်ထွက်လာ ခဲ့ပြီးနောက် သူ့နှလုံးသားထဲ၌ ရှုပ်ထွေးစွာ ခံစားနေရသည်။ သူက တံတားကို ပြန်ဖြတ်လာချိန်မှာပဲ ချန်စီယန်က သူ့ကို စောင့်နေ သေးသည်အား တွေ့လိုက်ရ၏။ ချန်စီယန်က မြန်ဆန်စွာ ပြေးလာ၍ မေးလိုက်သည်။
“အစ်ကိုဝမ် ... အခြေအနေ ဘယ်လိုလဲ ...”
ဝမ်လင်းက သူ့ကို ကြည့်၍ ပြောလိုက်၏။
“သွားကြစို့ ...”
ချန်စီယန်က ထိုစကားကို စောင့်နေခြင်း ဖြစ်သည်။ သည့်နောက် သူက ပြုံး၍ ခပ်မြန်မြန ်ပြောလိုက်သည်။ စီနီယာ ... ဒီနေ့အတွက် အချိန် သိပ်မရှိတော့ဘူး ...။ ငါတို့မြန်မြန် သွားမှ ရမယ် ...။ ခဏလေးစောင့် ငါ စီးနင်စရာ အကောင်နှစ်ကောင် ခေါ်လိုက်ဦးမယ် ...” ထိုသို့ ပြောပြီးနောက် ချန်စီယန်က အဝေးမှ ကြားရလောက်အောင် လေချွန်လိုက်၏။
သိပ်မကြာခင်မှာ သားရဲအော်သံ အချို့ကို အကွာအဝေး တစ်ခုမှ ကြားလိုက်ရသည်။ ဝမ်လင်းက လှမ်းကြည့် လိုက်သောအခါ အရိပ်သေး တစ်ခုနှင့် အရိပ်ကြီး တစ်ခုက သူတို့ရှိရာသို့ လာနေသည်ကို တွေ့လိုက်၏။
အရိပ်နှစ်ခုက သူတို့နှင့် ပိုနီးကပ် လာခဲ့သည်။ သူတို့က ချန်စီယန်နှင့် ဆယ်ပေအကွာသို့ ရောက်သောအခါ ဝမ်လင်းက လူဝံနှစ်ကောင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ အကြီးတစ်ကောင်က တစ်ပေခွဲခန့် ရှည်ပြီး အငယ်ကောင်က တစ်ပေခန့် ရှည်သည်။ လူဝံနှစ်ကောင်လုံး၏ မျက်လုံးများက နီရဲလို့နေ၏။
ချန်စီယန်က ချောင်းဟန့်၍ ပြောလိုက်သည်။
“ငါမင်းတို့ရှိက ငှားစရာ တစ်ခုရှိတယ် ...။ ငါတို့သိလာတာလည်း ဆယ့်နှစ်နှစ်လောက် ရှိပြီ ...။ ကောင်းပြီ ... ငါတို့ နှစ်ယောက်ကို အနောက်ဘက် ခြံဝင်းဆီ သယ်သွားပေးပါ ...။ ငါမင်တို့ကို တစ်ခုခု ပြန်ပေးမှာပါ ...”
လူဝံနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ကြည့်၍ အော်လိုက်သည်။ ထို့နောက် တစ်ကောင်က ချန်စီယန်ကို ဖမ်းကိုင်လိုက်၏။ ချန်စီယန်က ခုခံခြင်းမပြုပဲ သူ့လက်ကို ကမ်းပေးလိုက်သည်။ လူဝံအကြီးကောင်က ချန်စီယန်ကို သူ့ကျော်ပေါ်သို့ တင်လိုက်လေသည်။ လူဝံအသေး ကောင်ကလည်း ဝမ်လင်းကို သူ့ကျောပေါ်သို့ တင်လိုက်၏။ သည့်နောက် သူတို့နှစ်ကောင်က လျင်မြန်စွာ ခုန်ပေါက် ပြေးလေတော့သည်။
လူဝံနှစ်ကောင်က အလွန်မြန်၏။ ချန်စီယန်က စီးနေကျ ဖြစ်ပုံရသည်။ သူက အော်ဟစ်လိုက်ပြီး ဘူးသီးခြောက်ထဲမှ အရက်တစ်ငုံ သောက်လိုက်၏။ သည့်နောက် သူက ကျယ်လောင်စွာ ရယ်မော ပြောဆိုလိုက်သည်။
“စိတ်ဝိညာဉ် လူဝံတွေကို စီးပြီး အနောက်ဘက်ခြံကို သွားတာ တိမ်ကောင်းကင် ကလန်မှာ ငါတို့နှစ်ယောက်ပဲ ရှိတယ်ကွ ... ဟားဟား ...”
ဝမ်လင်းက ပြုံးလိုက်မိသည်။ ချန်စီယန်က အလွန် နောက်တီးနောက်တောက် နိုင်သော်လည်း သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။ သူက ဝမ်လင်း၏ အချိန်များကို ဖြုန်းတီးနေသော်လည်း ဝမ်လင်းက အများကြီး ဂရုစိုက်မနေပါ။ တကယ်တော့ ချန်စီယန်က ဝမ်လင်းလူတွေနှင့် ဆက်ဆံရတာ မနှစ်သက်ခြင်းကိုပင် အနည်းငယ် လျော့ကျစေခဲ့၏။
ချန်စီယန်က ဘူးသီးခြောက်ကို ဝမ်လင်းထံသို့ လှမ်းပစ်လိုက်၏။ ဝမ်လင်းက ဘူးသီးခြောက်ကို ဖမ်းလိုက်ပြီး ခဏတာ ကြည့်လိုက်သေးသည်။ သူ့အတွေးထဲတွင် လီမူဝမ်၏ အသွင်လေး ပေါ်လာခဲ့ကာ သူက အရက်ကို အားပါးတရ မော့ချ လိုက်တော့သည်။
***