← Chapters

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း ၁၃၉၇: ချင်းလင်ဓာတ်ခွဲခန်းကို တရုတ်သိပ္ပံအကယ်ဒမီလို့နာမည်ပြောင်းသင့်!

ပေကျင်း_

ဝန်ကြီးလုက မီးသတ်ဌာနသို့ရေခဲနှင်းစက်ပို့ပြီး သတင်းစောင့်နေသည်။

မကြာမီ သူ့အတွင်းရေးမှူးကအပြေးဝင်လာပြီး ဗီဒီယိုတစ်ပုဒ်ပြသည်။ မီးသတ်ဌာနက ရေခဲနှင်းစက်ကိုစမ်းသပ်ထားသောဗီဒီယိုပို့ပေးလာ၏။

ဝန်ကြီးလုက ချက်ချင်းယူကြည့်လိုက်သည်။

နောက်ဆုံးပေါ်ပူဖောင်းမီးသတ်ဝတ်စုံဝတ်ထားသောမီးသတ်သမားများက စက်ကိုတပ်ဆင်နေကြသည်။

ဗီဒီယိုထဲတွင် ထိုစက်များကို လေ့ကျင့်ရေးကွင်းပြင်ထဲပို့လိုက်သည်။

ထို့နောက် အံ့ဩစရာဖြစ်သွား၏။

နှင်းဖြူဖြူတစ်လွှာက မီးတောက်ပေါ်ကျပြီး မီးတောက်ဟုပ်ခနဲငြိမ်းသွားသည်။

ထိုမြင်ကွင်းကြောင့် ဝန်ကြီးလုအံ့ဩသွား၏။

ရှေ့လျှောက် ပြည်တွင်းမှာ မီးသတ်ရတာ ဘယ်လောက်လွယ်လိုက်မလဲ?

နောက်ပြီး အိမ်ဆောက်ရင် မီးသတ်ဆေးသာမက ရေခဲနှင်းစက်လည်းထားဖို့လိုမည်။

တချို့မီးလောင်နေရာမှာ မီးသတ်ကားတောင်လာစရာမလို။ ရေခဲနှင်းစက်ဖွင့်ရန်မီးသတ်သမားတစ်ဦးသာလိုမည်။

"ရေခဲနှင်းစက်ထုတ်လုပ်ရေးကိုအရှိန်မြှင့်တင်ဖို့ပြောလိုက်ပါ''

ဝန်ကြီးလုက သူ့အတွင်းရေးမှူးကိုညွှန်ကြားပြီး အစီရင်ခံစာစရေးသည်။

ချင်းလင်ဓာတ်ခွဲခန်းမှရလာသောနည်းပညာအကြောင်း အထက်ကိုအစီရင်ခံစာတောင်မတင်ရသေး။

နောက်တစ်နေ့_

ဝန်ကြီးလု အစီရင်ခံစာရေးပြီးဖြစ်သည်။ ဒီအတောအတွင်း သူအကြိမ်ကြိမ်ပြင်ဆင်ပြီး အချောသတ်ထား၏။ ထို့နောက် မိတ္တူထုတ်ကာ ခေါင်းဆောင်ရုံးခန်းထဲသွားသည်။

"ရှောင်လု.. မင်းကအချက်အလက်တွေယူလာတယ်ဆိုတော့ နည်းပညာအသစ်ရထားပြီထင်တယ်''

ခေါင်းဆောင်က ဝန်ကြီးလုကိုကြည့်ပြီး ပြုံးပြုံးနှင့်ပြောသည်။

တရုတ်သိပ္ပံအကယ်ဒမီ၏လုပ်ငန်းများအကြောင်း သူသိသည်။ ခေါင်းဆောင်များကိုအနှောင့်အယှက်မပေးတတ်။ အထူးသဖြင့် သူ့ကိုပင်။ ပေးပြီဆိုရင်လည်း အံ့ဩစရာဖြစ်မည်။

"ခေါင်းဆောင်.. အချက်အလက်ကိုအရင်ကြည့်လိုက်ပါဦး''

ဝန်ကြီးလုကပြုံးပြီး အချက်အလက်များပေးလိုက်သည်။

ခေါင်းဆောင်က စာဖိုင်များကိုတစ်ချက်ကြည့်လိုက်ရာ သုံးခုဖြစ်နေသည်။

ပထမတစ်ခုက ရေခဲနည်းပညာ။ ထိုနည်းပညာကိုဖွံ့ဖြိုးအောင်လုပ်ပြီး မီးသတ်လုပ်ငန်းတွင်အသုံးချနိုင်သည်ဟုဆိုထားသည်။

"ရေခဲနည်းပညာဗီဒီယိုပါတာလား?''

ခေါင်းဆောင်က မေးသည်။

ဝန်ကြီးလုကခေါင်းညိမ့်ပြီးဖုန်းထုတ်ကာ ခေါင်းဆောင်ကိုဗီဒီယိုနှစ်ပုဒ်ပြသည်။ နတ်သမီးပုံပြင်တောင်ကိုနှင်းဖုံးသောဗီဒီယိုနှင့် မီးသတ်ဌာနတွင်မီးငြိမ်းသောဗီဒီယိုပင်။

ခေါင်းဆောင်က ဗီဒီယိုနှစ်ပုဒ်ကြည့်ပြီး အံ့ဩသွားသည်။ ထို့နောက် သူကတန်းမေးသည်_

"ဒီနည်းပညာက တကယ်အံ့ဩစရာကောင်းတယ်... ဒါပေမဲ့ ဒီနည်းပညာကို လက်*နက်အဖြစ်ပြောင်းနိုင်မယ့်သုတေသနမရှိဘူးလား?''

ဘယ်သူမဆို ဒီလိုတွေးကြသည်။ တစ်ခါတလေ အအေးဓာတ်က စ*စ်မြေပြင်မှာအဆိုးဆုံးရန်သူဖြစ်သည်။ သူတို့ကိုအေးအောင်လုပ်ရင် ဒါမှမဟုတ် ရေခဲရိုက်နိုင်ရင် မယုံနိုင်စရာပင်။

"ခေါင်းဆောင်.. နောက်ကအချက်အလက်ကိုကြည့်လိုက်ပါဦး''

ဝန်ကြီးလုက ခေါင်းဆောင်ကိုပြောသည်။

ခေါင်းဆောင်မာရှန်က နောက်ကအချက်အလက်ကိုလှန်ကြည့်သည်။ ရေခဲနည်းပညာကိုအခြေခံပြီး လက်*နက်သုတေသနလုပ်မည့်အကြောင်းပင်။

အချက်အလက်နှင့်သုတေသနအစီအစဉ်ကိုကြည့်ပြီးနောက် ခေါင်းဆောင်ကချက်ချင်းပင်_

"ဒီသုတေသနမှာ ပိုအားစိုက်ထုတ်ပါ!''

“ကောင်းပါပြီ!''

ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။

ထို့နောက် ခေါင်းဆောင်က နောက်ဆုံးအချက်အလက်ကိုကြည့်သည်။ အထူးစ*စ်ဝတ်စုံအတွက်သုတေသနအစီအစဉ်ဖြစ်သည်။ သူအံ့ဩရပြန်သည်_

"လက်ရှိအကောင်းဆုံးစ*စ်ယူနီဖောင်းထက် ၅ ဆပိုကောင်းတယ်?''

ခေါင်းဆောင်မှာအံ့ဩလွန်း၍ မတ်တပ်ထရပ်လိုက်သည်။

ဒီအဓိပ္ပါယ်ကိုသူနားလည်သောကြောင့်ပင်_

"ရှောင်လု.. တရုတ်သိပ္ပံအကယ်ဒမီကတော့ တစ်ခုခုပဲ... ဒီလိုနည်းပညာတွေတစ်ခုပြီးတစ်ခုထွက်လာတယ်... ဒီရေခဲလက်*နက်နဲ့စ*စ်ယူနီဖောင်းထွက်လာရင် ဒီနှစ်တွေအတွင်း တစ်ယောက်ချင်းသုံးလက်*နက်တွေထဲမှာ အကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ်''

"ခေါင်းဆောင်''

ဝန်ကြီးလုက တန်းရှင်းပြသည်_

"တကယ်တော့ ဒီနည်းပညာက ချင်းလင်ဓာတ်ခွဲခန်းကပါ... သူဌေးချင်ဆီကနည်းပညာယူလာခဲ့တာ''

"ဘယ်လို?''

ခေါင်းဆောင်အံ့ဩရပြန်သည်။ ဒီနည်းပညာတွေသာ တရုတ်သိပ္ပံအကယ်ဒမီကဆိုရင် သူအံ့ဩမည်မဟုတ်။

ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံအကယ်ဒမီက သူတို့ရဲ့အစွမ်းအထက်ဆုံးသုတေသနစင်တာတစ်ခုဖြစ်သည်။

ဒါပေမဲ့ အခုဒီနည်းပညာနှစ်ခုက ချင်းလင်ဓာတ်ခွဲခန်းကတဲ့လား?

ဒီအတောအတွင်း ချင်းလင်ဓာတ်ခွဲခန်းကနည်းပညာဘယ်လောက်များထွက်ခဲ့မှန်းသိကြလိမ့်မည်။

အရင်က အပင်သုတေသနသာထွက်ခဲ့သော်လည်း အခုတခြားသိပ္ပံသုတေသနရလဒ်များပါထွက်လာပြီ။

ဒီနှုန်းက ဆောင်ကြာမြိုင်ထက်တောင်မြန်သေး။

ခေါင်းဆောင်က အမှတ်တမဲ့မေးသည်_

"ဒါ သူဌေးချင်နဲ့တော်ဝင်ပညာရှင်လီခိုင်ရဲ့သုတေသနရလဒ်လား?''

ဒီနှစ်ယောက်ကလည်း နာမည်ရှိသည်။ ဒီလိုအစွမ်းထက်သုတေသီမျိုးက ဘယ်နိုင်ငံမှာမဆို နိုင်ငံ့ရတနာ၊ ကြီးကြီးမားမားရတနာများဖြစ်သည်။

ဒီအထူးတော်ဝင်ပညာရှင်နှစ်ဦးကို တခြားခေါင်းဆောင်တစ်ဦးကထောက်ခံပေးထားသည်။

ဝန်ကြီးလုက ချက်ချင်းခေါင်းယမ်းပြီး_

"ဒါသူဌေးချင်နဲ့တော်ဝင်ပညာရှင်လီခိုင်လုပ်တာမဟုတ်ပါဘူး... ပါမောက္ခဝမ်ပါ... အဲဒီပါမောက္ခဝမ်က ကျွန်တော်တို့အကယ်ဒမီရဲ့တော်ဝင်ပညာရှင်အများစုထက်ပိုပြီးလုပ်နိုင်စွမ်းရှိလိမ့်မယ်''

"နောက်ထပ်ပါမောက္ခဝမ်?''

ခေါင်းဆောင် ငြိမ်ငြိမ်မထိုင်နိုင်တော့။

ချင်းလင်ဓာတ်ခွဲခန်းမှာ ဘာလို့လူတွေဒီလောက်များတာလဲ?

ဒီလိုပုဂ္ဂလိကဓာတ်ခွဲခန်းမှာ တော်ဝင်ပညာရှင်လီခိုင်လိုလူမျိုးရှိတာရှားသည်။ ပြီးတော့ သူဌေးချင်။

အခုနောက်တစ်ယောက် ပါမောက္ခဝမ်။

ပါမောက္ခလီနဲ့ပါမောက္ခကျန်းနှစ်ယောက်သာထပ်ပေါင်းလိုက်ရင် ချင်းလင်ဓာတ်ခွဲခန်းက တချို့အပိုင်းမှာ တရုတ်သိပ္ပံအကယ်ဒမီထက်ပိုသာသွားနိုင်သည်။

ဒါပေမဲ့ ဒါမျိုးက အရမ်းရှားတယ်မလား?

အရည်အချင်းရှိသူတွေဆိုရင် ချင်းလင်ဓာတ်ခွဲခန်းကိုမသွားဘဲနေမလား?

အချိန်ကုန်လွန်သွားသည်။

နတ်သမီးပုံပြင်တောင်မှာရေပန်းစားနေဆဲ၊ ခရီးသည်များပြည့်နေဆဲပင်။

ဆောင်းတွင်းမဟုတ်သောကြောင့် နတ်သမီးပုံပြင်တောင်ပေါ်မှနှင်းများပျောက်ပြယ်သွားသည်။ ထို့ကြောင့် ဒီအတောအတွင်း စက်နှင့်နှစ်ကြိမ်ထပ်ထုတ်ရသည်။ အနည်းဆုံးတော့ အပူချိန်မြင့်ပြီးလူအများဆုံးအချိန်တွင် အကြိမ်ကြိမ်ထုတ်ရလိမ့်မည်။

သို့သော် ရုံချန်းယာဉ်ထိန်းရဲများအတွက်မူ အခက်အခဲဖြစ်နေသည်။ ပတ်လမ်း ၅ ပိတ်နိုင်သေးသည်။ တစ်ကြိမ်၊နှစ်ကြိမ်မကပိတ်နိုင်ပြီး အချိန်လည်းကြာတတ်သည်။

သူတို့ ဘယ်သူ့ကိုအပြစ်တင်ရမလဲ?

ရုံချန်း_

အစည်းအဝေးခန်းထဲ၌_

စွန်းရှန်ကမတတ်သာပုံနှင့် လူတစ်စုအား_

"အားလုံးသိတဲ့အတိုင်းပဲ... ပတ်လမ်း ၅ ပြီးတာ မကြာသေးဘူး... ဒါပေမဲ့ အခုထပ်ပိတ်ပြန်ပြီ... အဲဒါကြောင့် ဒီနေ့အစည်းအဝေးလုပ်ရတဲ့ရည်ရွယ်ချက်က ဒီလမ်းပြဿနာဖြေရှင်းဖို့ပဲ''

"ငါ လက်ထောက်ချန်တို့နဲ့ဆွေးနွေးပြီးပြီ... နောက်ထပ်ပတ်လမ်းနှစ်ခုထပ်ဆောက်မယ်... ဒီတော့ ဘယ်လိုဆောက်မလဲဆွေးနွေးကြတာပေါ့''

အစည်းအဝေးခန်းထဲမှလူအားလုံး ငြိမ်ကျသွားသည်။

သူတို့က စီရင်စုလေးတစ်ခုသာ။

ပတ်လမ်း ၅ ခုရှိတဲ့စီရင်စုကို တွေ့ဖူးပါသလား? ပတ်လမ်း ၅ လမ်းဖောက်ပြီးတာတောင် လမ်းပိတ်နေတာကိုရော?

သို့သော် မြို့တစ်မြို့အတွက် ဒါဂုဏ်ယူစရာပင်။

"ဒီတစ်ခါ ကွမ်းလင်ရွာကနေတိုက်ရိုက်သွားတဲ့ပတ်လမ်းဖောက်ရင်မကောင်းဘူးလား?''

တစ်ယောက်က အကြံပြုသည်_

"ကွမ်းလင်ရွာက ရုံချန်းနဲ့အနီးဆုံးပဲ''

"အဲဒါဖြစ်နိုင်တယ်''

နောက်တစ်ယောက်ကပြောသည်_

"ကွမ်းလင်ရွာက နောက်နှစ်မှာဆောက်မယ့်ခရိုင်အသစ်ရဲ့ဖျက်သိမ်းမယ့်နယ်ထဲပါတယ်... အဲဒါကောင်းတယ်... အသစ်ဖောက်မယ့်ပတ်လမ်းနှစ်ခုကလည်း ခရိုင်သစ်ဘေးရောက်သွားနိုင်တယ်''

တခြားတစ်ယောက်ကလည်း_

"ဒါပေမဲ့ အဲလိုဆိုရင် ပတ်လမ်းက ချင်းလင်ရှုမျှော်ခင်းနဲ့ဝေးသွားလိမ့်မယ်... အခုလမ်းပိတ်ရတဲ့အဓိကအကြောင်းအရင်းက ချင်းလင်ရှုမျှော်ခင်းကိုသွားတဲ့ခရီးသည်တွေကြောင့်လေ... ဒီတော့ ချင်းလင်ရှုမျှော်ခင်းနဲ့နီးအောင် ပတ်လမ်းကိုညှိဖို့ပိုအားစိုက်ထုတ်ရလိမ့်မယ်''

အချိန်တစ်ခုအထိ အစည်းအဝေးခန်းမှာ ဆွေးနွေးသံများနှင့်အသက်ဝင်နေသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ရုံးခန်းထဲနောက်တစ်ယောက်ရောက်လာသည်။ ဝန်ကြီးလုပင်။

လဖက်ရည်ဖျော်နေစဉ် ဝန်ကြီးလုက_

"သူဌေးချင်.. မင်းရဲ့ဓာတ်ခွဲခန်းက ရေခဲနှင်းစက်နည်းပညာနဲ့အမြောက်အမြားထုတ်ရမယ်... အဲဒါကိုအရင်ဆုံး မီးဘေးကာကွယ်ရေးအတွက်အသုံးချမယ်... ရေခဲနှင်းစက်က မီးဘေးအတွက်ဘယ်လောက်အစွမ်းထက်လဲ မင်းမသိဘူးနော်... လုံးဝနတ်လက်*နက်ပဲ''

"ဒါနဲ့ဆိုရင် ငါတို့နိုင်ငံရဲ့မီးသတ်နိုင်စွမ်းက အဆင့်ပိုမြင့်သွားမယ်လို့ ငါယုံတယ်... ရှေ့လျှောက် အသက်စွန့်ရတဲ့မီးသတ်သမားတွေနည်းသွားမှာပါ''

"ပြီးတော့ ရေခဲနှင်းနည်းပညာကို လက်*နက်ပိုင်းအတွက်ထဲထဲဝင်ဝင်သုတေသနလုပ်နေတယ်... အထူးချည်မျှင်နဲ့စ*စ်ယူနီဖောင်းချုပ်ဖို့လည်းကြိုးစားနေပြီ''

ဝန်ကြီးလုလေသံက အစီရင်ခံနေသည်နှင့်တူသော်လည်း အစီရင်ခံခြင်းမဟုတ်။ ဒီနည်းပညာကို သူဌေးချင်ဆီကရထားသောကြောင့် နည်းပညာတိုးတက်မှုကိုမျှဝေခြင်းပင်။

ဒီလိုသတင်းမျိုး အပြင်လူတွေကိုပေးသိလို့မရ။ အတွင်းရေးအဖြစ်တင်းတင်းကြပ်ကြပ်သတ်မှတ်ထားသည်။

သို့သော် တဖက်လူက သူဌေးချင်ဖြစ်နေသောကြောင့် ကိစ္စမရှိပေ။

"ဒါဆို အားလုံးအဆင်ပြေဖို့ဆန္ဒပြုပါတယ်''

ချင်လင်ကပြုံးပြုံးနှင့်ပြောပြီး ဝန်ကြီးလုအတွက်တစ်ခွက်ထပ်ငှဲ့ပေးလိုက်သည်။

ဝန်ကြီးလုက လဖက်ရည်တစ်ငုံသောက်ပြီး ရုတ်တရက်ထမေးသည်_

"သူဌေးချင်.. တကယ်တော့ သုတေသနအတွက် သုတေသနနဲ့ဖွံ့ဖြိုးရေးအသင်းပါရင် အကောင်းဆုံးပဲ... ဒီပရောဂျက်တွေအတွက် ငါတို့တရုတ်သိပ္ပံအကယ်ဒမီကို ပါမောက္ခဝမ်ခဏလာကူပေးနိုင်မလားလို့?''

ချင်လင် ကြောင်သွားသည်။

ဒါ သူ့ဆီကလူကိုဆွဲခေါ်နေတာ။

ဒါပေမဲ့ ပါမောက္ခဝမ်ကို သူစိတ်ထဲမထား။

ပါမောက္ခဝမ်မရှိရင်တောင် ပါမောက္ခလီ၊ ပါမောက္ခဝူနဲ့ပါမောက္ခလင်းတို့ရှိသေးသည်။

အနည်းဆုံးတော့ တရုတ်သိပ္ပံအကယ်ဒမီကိုသွားတာ ပါမောက္ခဝမ်အတွက်ကောင်းသည်။ သူ့ရှေ့ရေးပိုဖြောင့်မည်။

Optimus Prime နဲ့ Megatron အတွက် တခြားပါမောက္ခတစ်ဦးကိုတာဝန်ယူခိုင်းလိုက်ရုံသာ။

ထို့ကြောင့် ဝန်ကြီးလုရှေ့တင် ပါမောက္ခဝမ်ကိုဖုန်းဆက်လိုက်သည်။

ဖုန်းဝင်သောအခါ ပါမောက္ခဝမ်၏တလေးတစားအသံထွက်လာသည်_

"ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိပါသလဲ?''

"ပါမောက္ခဝမ်''

ချင်လင်က ဖုန်းထဲ​ပြောလိုက်သည်_

"ကျွန်တော်အခု ဝန်ကြီးလုနဲ့အတူတူရှိနေတာ... သူကခင်ဗျားကို ဟွားယွမ်မှာလာကူပေးစေချင်တယ်တဲ့''

"ကျုပ်မသွားဘူး.. ချင်းလင်ဓာတ်ခွဲခန်းမှာပဲနေမယ်!''

ပါမောက္ခဝမ်က ချင်လင်စကားဆုံးအောင်မစောင့်ဘဲ ဖြတ်ပြောလိုက်သည်။

သူငြင်းပုံက အတော်ပြတ်သား၏။

ဝန်ကြီးလုတောင် ကြောင်သွားသည်။

ပါမောက္ခဝမ်က ဟွားယွမ်ကိုရွံ့နေသလိုတောင်ထင်မိသည်။

သူဘာမှမတတ်နိုင်တော့သလိုပင်။ ပါမောက္ခဝမ်က ချင်းလင်ဓာတ်ခွဲခန်းမှာ စိတ်အားကိုယ်အားမြှုပ်နှံထားပြီ။ ကြည့်ရတာ ချင်းလင်ဓာတ်ခွဲခန်းရဲ့သုတေသနအငွေ့အသက်က အပြင်လူတွေပြောကြသလို တကယ်ကောင်းပုံရသည်။

ဒါကြောင့် တကယ်လုပ်နိုင်စွမ်းရှိတဲ့ပါမောက္ခဝမ်လိုလူမျိုးက ချင်းလင်ဓာတ်ခွဲခန်းမှာပဲနေပြီး သုတေသနလုပ်လိုခြင်းဖြစ်မည်။

ချင်းလင်ဓာတ်ခွဲခန်းထဲတွင် ပါမောက္ခဝမ်မှာဖုန်းချပြီး ချက်ချင်းသက်ပြင်းမှုတ်ထုတ်လိုက်သည်။

နောက်နေတာလား?

သူ့လုပ်နိုင်စွမ်း သူသိတာပေါ့။

ဟွားယွမ်ကိုသွားရင် ပေါ်ကုန်မှာမလား?

သူ့သုတေသနက ဥက္ကဌချင်ပေးထားတဲ့ဟာ။ သူ့အရည်အချင်းစစ်စစ်မဟုတ်။

ဒါပေမဲ့ သူပိုသိချင်သွားသည်။ ဥက္ကဌချင်ပေးတဲ့ဟာက ဟွားယွမ်နဲ့ဘာမှဆိုင်ပုံမပေါ်။ မဟုတ်ရင် သူ့ကိုဒီလိုဖိတ်ခေါ်မှာမဟုတ်ချေ။

ချင်လင်က ဖုန်းချရုံရှိသေး၊ ရုတ်တရက်ဖုန်းမြည်လာပြန်သည်။ ရှန်လီပင်။

ချင်လင်က ဖုန်းပြန်ဖြေပြီး ဝန်ကြီးလုအား_

"ဝန်ကြီးလု.. ဥက္ကဌရှန်က စီစဉ်ပြီးပြီတဲ့... အခုသွားလို့ရပြီ''

"အင်း.. သွားတာပေါ့!''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

သူဒီကိုရောက်လာရတဲ့အကြောင်းရင်းရှိသည်။

All Chapters