အခန်း ၁၃၉၈
Vol. 94 Ch. 1398
အခန်း ၁၃၉၈: Optimus Prime vs Megatron
ချင်လင်နှင့်ဝန်ကြီးလုက ချင်းလင်အပန်းဖြေစံအိမ်မှထွက်ပြီး ကားထဲဝင်ကာ ချင်းလင်ဓာတ်ခွဲခန်း၏စမ်းသပ်စိုက်ခင်းတစ်ခုဆီတန်းမောင်းလာသည်။
ဒိနေ့ဝန်ကြီးလုရောက်လာရခြင်းမှာ ချင်းလင်စပါးပထမအသုတ်မှည့်တော့မည်ဖြစ်သောကြောင့်ပင်။ ဒီတစ်သုတ်မျိုးစေ့သိမ်းပြီးရင် ချင်းလင်ဆန်ကိုဖြန့်ချိနိုင်မည်။
ထို့ကြောင့် ဟယ်ရှားအိပ်မက်ကို တစ်နိုင်ငံလုံးသိရတော့မည်။
ကောက်နှံရိပ်အောက် အေးမြစွာအနားယူရသည့် အိပ်မက်သည် သူတို့နိုင်ငံ၏ဆန်စပါးဆိုင်ရာအန္တိမအိမ်မက်ဖြစ်ကြောင်းသိကြသည်။ ချင်းလင်ဆန်နှင့်ဆက်စပ်နေမှတော့ သူအာရုံစိုက်ရမည်။
ကားပါကင်တစ်ခုသို့ ကားတစ်စီးလျင်မြန်စွာရောက်လာသည်။ ချင်းလင်ဓာတ်ခွဲခန်းမှလုံခြုံရေးအစောင့်များက အသင့်စောင့်နေကြ၏။
ကားပါကင်တွင် ကားများစွာထိုးထားသည်။ လူအများကြီးရောက်နေသောကြောင့်ပင်။
"ဥက္ကဌချင်!''
လုံခြုံရေးအစောင့်တာဝန်ခံက ချင်လင်ကိုမြင်မြင်ချင်း လာနှုတ်ဆက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလုနှင့်အတူလျှောက်လာသည်။ လမ်းထောင့်ချိုးတစ်နေရာအရောက်တွင် အံ့ဩစရာမြင်ကွင်းပေါ်လာ၏။
သူတို့မျက်စိရှေ့တွင် သစ်ပင်များဟိုဟိုဒီဒီယှက်သန်းနေသော ထူးဆန်းသည့်တောကြီးတစ်တောကိုမြင်ရသည်။
ချင်းလင်စပါးတောကြီးပင်။ တစ်ပင်တစ်ပင်ကို လူ့အရပ်ထက်အတော်လေးမြင့်သည်။
ရှန်လီကစူးစမ်းလေ့လာရန် ချင်းလင်ဓာတ်ခွဲခန်းမှလူများကိုခေါ်ထားသည်။
လူတစ်ယောက်ဝင်သွားရင် လုံးဝမမြင်ရနိုင်။
ဘေးတွင်ဗီဒီယိုရိုက်နေသောလူများလည်းရှိသည်။ မှတ်တမ်းတင်စက်ပေါ်ရှိအမှတ်အသားအရ တရားဝင်သတင်းချန်နယ်တစ်ခုဖြစ်သည်။
ဒါကလည်း ဝန်ကြီးလုစီစဉ်ထားခြင်းပင်။
'ဟယ်ရှားအိပ်မက်'က သူတို့နိုင်ငံအတွက် ကြီးမားသောအောင်မြင်မှုနှင့်ဂုဏ်ယူစရာဖြစ်ရုံသာမက စိတ်ခွန်အားတစ်ရပ်လည်းဖြစ်သည်။
ထို့ကြောင့် သတင်းမှတ်တမ်းတင်ထားခြင်းက တစ်နိုင်ငံလုံးအတွက်ကြီးမားသောတွန်းအားတစ်ခုဖြစ်သည်။
သတင်းထောက်ကင်မရာများက တစ်နေရာကိုချိန်ထားပြီး လီခိုင်ပူးပေါင်းဆောင်ရွက်ပေးနေသည့်ပုံစံကိုမြင်တွေ့ရသည်။
သူမတတ်နိုင်။ ဒီလို TV ရှိုးမျိုးမှာ သူလုံးဝမပါချင်။
သို့သော် ဒါတရားဝင်သတင်းချန်နယ်ဖြစ်နေသည်။ အထက်လူများက သူ့ကိုအထူးညွှန်ကြားချက်ပေးထားသောကြောင့် မဖြစ်မနေပူးပေါင်းပေးရသည်။
လီခိုင်နေရာကျသောအခါ သတင်းထုတ်လွှင့်သူတစ်ဦးပြောသံကိုကြားရသည်_
"ပါမောက္ခလီခိုင်.. စပါးနှံတွေကိုနေ့စဉ်စစ်ဆေးတဲ့မှတ်တမ်းဓာတ်ပုံထပ်လုပ်ပေးလို့ရမလား?''
လီခိုင်ကနားထောင်ရင်း သက်ပြင်းချလိုက်သော်လည်း မတတ်သာဘဲပူးပေါင်းပေးရသည်။
ချင်လင်နှင့်ဝန်ကြီးလုက စပါးတောထဲလျှောက်သွားသည်။ အမှန်အတိုင်းပြောရရင် သူတို့ရှေ့ကကွင်းကို လယ်ကွင်းလို့ခေါ်မရချေ။ မြင့်မားသောစပါးပင်များကိုအနီးကပ်ဖြတ်သန်းရသောအခါ အံ့ဩစရာကောင်းသည်။ အထူးသဖြင့် စပါးတောများကဆက်နေသောကြောင့် မြင်ကွင်းကအဆုံးမရှိတော့။
ချင်လင်က ဝန်ကြီးလုကိုအဖော်ပြု၍အချိန်ယူစစ်ဆေးပြီးမှ အပန်းဖြေစံအိမ်ပြန်လာသည်။ ဆရာလင်းကို ဝန်ကြီးလုအတွက်တော်ဝင်ဆေးစွပ်ပြုတ်ချက်ခိုင်းသည်။
ထို့နောက် ဝန်ကြီးလုလည်း တရားဝင်သတင်းချန်နယ်အဖွဲ့သားများနှင့်အတူ မြို့တော်ပြန်သွားသည်။
သိပ်မကြာခင် တရားဝင်သတင်းချန်နယ်မှ ချင်းလင်ဆန်အကြောင်းသတင်းတက်လာသည်။
သတင်းထွက်လာသောအခါ အားလုံးအံ့ဩသွားသည်။ အထူးသဖြင့် ကောင်းကင်မှဒရုန်းနှင့်ရိုက်ထားသောပုံများပင်။ လုံးဝအံ့ဩစရာကောင်းသည်။ 'စပါးတောကြီးထဲမှလူသေးသေးလေးများ'ဖြစ်နေသည်။
စိတ်လှုပ်ရှားကြည်နူးကြသလို အတိတ်ကိုပြန်လည်သတိရကာ ဝမ်းနည်းသူလည်းရှိသည်။
'ဟယ်ရှားအိပ်မက်'က အတော်များများကြားဖူးသောပြောနေကျအကြောင်းအရာတစ်ခုပင်။ လူကြီးတစ်ယောက်တစ်ဘဝလုံးစွဲလမ်းခဲ့သောအိပ်မက်ဟုတောင်သိထားကြသည်။
ထိုလူကြီးက စပါးကိုလေ့လာခဲ့သောကြောင့် ပြည်တွင်းမှာလူတိုင်းထမင်းစားနိုင်သည်။ သို့သော် လူကြီး၏တစ်ခုတည်းသောနောင်တမှာ 'ကောက်နှံရိပ်အောက် အေးမြစွာအနားယူရသည်' ဆိုသောသူ့အိပ်မက်မပြည့်ဝခြင်းပင်။
အခုထိုအိပ်မက်ကိုအကောင်အထည်ဖော်နိုင်သူရှိလာပြီဖြစ်၍ ထိုလူကြီးသေချာပေါက်ဝမ်းသာလိမ့်မည်။ လီခိုင်ကိုလည်း ပြည်သူများကကျေးဇူးတင်ကြသည်။
"ကျေးဇူးတင်ပါတယ် တော်ဝင်ပညာရှင်လီခိုင်... လူကြီးနဲ့အားလုံးအတွက် ဒီအိပ်မက်ကိုရအောင်လုပ်ပေးခဲ့တာ!''
"အခုကစပြီး တော်ဝင်ပညာရှင်လီခိုင်က ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ!''
ထိုသတင်းက ရေပန်းစားပြီး တစ်နေ့တာရေပန်းအစားဆုံးတောင်ဖြစ်သွားသည်။ ဘယ်ဆယ်လီ၊ အင်တာနက်ဆယ်လီမှမကျော်နိုင်။
တကယ်တော့ ဂီတပလက်ဖောင်းတစ်ခုမှာ ချင်းလင်ကုမ္ပဏီသတင်းကိုရှောင်ဖို့သုံးသပ်ပြထားဖူးသည်။ ချင်းလင်ကုမ္ပဏီသတင်းတက်သည်နှင့် လူတိုင်းနာမည်ကျသွားမည်။
ဒီတစ်ခါ ချင်းလင်ကုမ္ပဏီသတင်းရေပန်းစားနေချိန်ဖြစ်၍ ချင်းလင်ကုမ္ပဏီသတင်းသာတက်လာနိုင်သည်။
နောက်ပြီး 'ချင်းလင်အရိုးအားဖြည့်ဝိုင်'သတင်းကလည်း ရေပန်းစားနေသည်။
စျေး _ ၉၉၉၉!
ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းကို ဒီလောက်ပေးရရင် အတော်များများစိတ်မကူးဝံ့။ စျေးကခေါင်ခိုက်နေသည်။
တကယ်တော့ အများစုက စျေးကွက်ထဲပေါ်လာသောဆေးဖက်ဝင်ဝိုင်များကိုလှည့်တောင်မကြည့်ကြ။
ဒါပေမဲ့ ဒီဝိုင်နာမည်က အရိုးအားဖြည့်ဝိုင်၊ ချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်။ ဒီတော့ မတူ။
ချင်းလင်ကုမ္ပဏီထုတ်ကုန်က ပေးရသောငွေနှင့်တန်သောကြောင့်ပင်။ တန်ဖိုးအရ အရည်အသွေးကိုဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် ချင်းလင်အရိုးအားဖြည့်ဝိုင်က အသည်းအသန်ရောင်းရသည်။ အထူးသဖြင့် ဝိုင်ကအရိုးအားကောင်းစေပြီး အရိုးပွသက်သာစေမှန်းသိပြီးနောက် ပိုရောင်းလာရသည်။
အသက်ကြီးသူများက အရိုးပွရောဂါနှင့်အရိုးဆိုင်ရာပြဿနာများဖြစ်မှာအကြောက်ဆုံးပင်။
ဒီအပိုင်းမှာပြဿနာရှိရင် ယွမ် ၉၉၉၉ က ဘာမှမဟုတ်တော့။ ရေရှည်စွဲသောက်ရသောဖြည့်စွက်စာများက ဒီထက်ပိုကုန်ကျနိုင်သည်။
လူကြီးတွေတစ်ခုခုဖြစ်ရင်၊ ထိခိုက်ရင် ကုန်ကျစရိတ်ပိုများပြီး အထိနာလိမ့်မည်။
အခုချင်းလင်ဓာတ်ခွဲခန်းက ဝိုင်မှာဒီလိုအာနိသင်မျိုးရှိတယ်ပြောရင် တကယ်ရှိလိမ့်မည်။ မဖြစ်မနေဝယ်ရမည်။
နောက်ပြီး ချင်းလင်ကုမ္ပဏီက စိတ်မပျက်ရ။ ချင်းလင်အရိုးအားဖြည့်ဝိုင်ကိုဝယ်သူတိုင်း ဝိုင်အာနိသင်ကိုခံစားရသည်။
ဝိုင်သောက်သူတိုင်း အာနိသင်ပြသည်။ တချို့က ဆေးရုံသွားစစ်ပြီးတောင် အာနိသင်ကိုအတည်ပြုကြသည်။
ထို့ကြောင့် ချင်းလင်အရိုးအားဖြည့်ဝိုင်အာနိသင်က လိုင်းပေါ်လျင်မြန်စွာပြန့်သွားတော့သည်။