← Chapters

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အခန်း ၁၃၉၉: Optimus Prime vs Megatron ၂

လိုင်းသုံးသူများက ဗီဒီယိုမြင်သောအခါ နည်းနည်းပိုသည်ဟုထင်ကြသည်။

အရိုးပွရောဂါက ဒီဆေးဖက်ဝင်ဝိုင်သောက်ပြီး တစ်ညတည်းနဲ့တိုးတက်လာမလား?

နည်းနည်းပဉ္စလက်ဆန်နေသည်။

ဒါပေမဲ့ ချင်းလင်ကုမ္ပဏီကထုတ်တာဆိုရင် မဖြစ်နိုင်စရာမရှိ။

အချိန်တိုအတွင်း အင်တာနက်တစ်ခုလုံး ချင်းလင်အရိုးအားဖြည့်ဝိုင်အာနိသင်ကိုသိသွားကြသည်။

မင်မြို့တော်ပထမဆေးရုံ၊အရိုးရောဂါဌာနတွင် ဌာနမှူးချူမှာ ထိုသတင်းတွေ့ပြီး ရုတ်တရက်သဘောပေါက်သွားသည်။

သခင်ကြီးလီကိုစစ်ဆေးစဉ်က ချောင်နေသောဒူးများညတွင်းချင်းကောင်းလာသောကြောင့် သခင်ကြီးလီသောက်တာဘယ်လိုဆေးဖက်ဝင်ဝိုင်မျိုးပါလိမ့်ဟု သူသိချင်ခဲ့သည်။

အခုတော့ ချင်းလင်အရိုးအားဖြည့်ဝိုင်မှန်းသိလိုက်ရပြီ။

နောက်ပြီး သူအစကတည်းကတွေးမိသင့်သည်ဟုထင်သည်။ ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်လီခိုင်က ရုံချန်းမှာ။ ချင်းလင်ဝိုင်လုပ်ငန်းရဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က အရမ်းနာမည်ကြီးသည်။ သခင်ကြီးလီသောက်တဲ့ဆေးဖက်ဝင်ဝိုင်က ချင်းလင်ကုမ္ပဏီကလွဲပြီး ဘာဖြစ်နိုင်ဦးမလဲ?

မင်မြို့တော်_

ရုံချန်းစီရင်စုတွင်ရှိပြီး ရုံချန်းနှင့်အနီးဆုံးမြို့ကြီးဖြစ်သောမင်မြို့တော်မှာ ရုံချန်းပြီးလျှင် ချင်းလင်ကုမ္ပဏီထုတ်ကုန်များကိုအရင်ဆုံးသုံးစွဲရသည်။

အရိုးအားဖြည့်ဝိုင်လည်း ဒီအတိုင်းပင်။ ဖြန့်ချိသူများကြောင့် စျေးကွက်ထဲလျင်မြန်စွာရောက်လာသည်။ သို့သော် ဆေးဖက်ဝင်ဝိုင်မှာအကန့်အသတ်ရှိသောကြောင့် ဝယ်ရခက်သည်။

ချီချန်နှင့်သူ့ကောင်မလေးကျူးမင်မှာ စျေးပေါင်းစုံလျှောက်သွားပြီး နောက်ဆုံး ချင်းလင်အရိုးအားဖြည့်ဝိုင်နှစ်ပုလင်းဝယ်ရခဲ့သည်။

ဝိုင်နှစ်ပုလင်းဝယ်ပြီးနောက် နှစ်ယောက်သားစိတ်အေးသွား၏။

"နောက်ဆုံးတော့ ဝယ်ရခဲ့ပြီ... ဒီတစ်ခါမင်းအိမ်အလည်သွားရင် လက်ဆောင်ပေးလို့ရပြီ''

ချီချန်က အံ့ဩနေပုံနှင့်ပြောသည်။

သူ့ကောင်မလေးက ဝမ်းသာအားရခေါင်းညိမ့်ပြီး_

"ဟုတ်ပြီ.. တို့ပြန်ပြီးစီစဉ်ရအောင်... ပြီးရင် သွားမယ်!''

သူမအဖေက ဒီကောင်လေးကိုသဘောမကျ။ အထူးသဖြင့် ကောင်လေးက ဆင်းရဲသောမိသားစုမှဖြစ်ပြီး ဘွဲ့ရခါစဖြစ်သောကြောင့် အနာဂတ်မရှိပေ။

သူ့အဖေမှာ ထိခိုက်ဒဏ်ရာရဖူးသောကြောင့် အရိုးအတော်များများနှင့်အဆစ်အမြစ်နာဝေဒနာကိုခံစားနေရသည်။ အရိုးကျီးပေါင်းများရှိပြီး မကြာခဏရောဂါထတတ်သည်။

မကြာခဏ အရိုးနဲ့အဆစ်အမြစ်နာတာ ဘယ်လိုမျိုးလဲ? ပူတဲ့နေ့တောင် အကြောင်းအရင်းမရှိရောဂါထတတ်ပြီး အလွန်နာကျင်ရသည်။

ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်က သူမအဖေအတွက်အရမ်းအကျိုးရှိမည်။ အဖေ့မိတ်ဆွေ၏အဖေက ဒီဝိုင်သောက်ပြီး အပြင်းအထန်ခံစားနေရသောအရိုးပွရောဂါသက်သာလာသည်။

ချီချန်နှင့်သူ့ကောင်မလေးက အိမ်ပြန်ပြင်ဆင်ပြီး ကောင်မလေးမိဘအိမ်သွားကြသည်။

တံခါးဖွင့်ပေးသူက သူ့ယောက္ခမလောင်းပင်။ သမီးဖြစ်သူ၏ကောင်လေးကိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံသောလူကောင်းဖြစ်သည်။

သူ့ယောက္ခမလောင်းကပြောဖူးသည်။ အခု​အိမ်မပိုင်သေးရင်တောင် သူ့သမီးအပေါ်ကောင်းရင် သူတို့မိသားစုက အိမ်ဖိုးကူချေပေးမည်။

သူ့ကောင်မလေးအိမ်ကပိုက်ဆံချမ်းသာမှန်းသိသော်လည်း ယောက္ခထီးလောင်းကမူ သူ့ကိုအမြဲအထင်သေးနေသည်။ ထို့ကြောင့် သူလုံးဝခံစားချက်မကောင်း။

သူဝင်ဝင်ချင်း ယောက္ခထီးလောင်းက ဒေါသထွက်နေသည်။

ချီချန်မှာ အောင့်သီးအောင့်သက်နှင့်သာထိုင်လိုက်ရ၏။

သို့ရာတွင် သူထိုင်ထိုင်ချင်း ယောက္ခထီးလောင်းက_

"ငါပြောမယ် ချီချန်.. မင်းအရမ်းအတယ်''

ထိုအချိန်တွင်ပင် သူ့ကောင်မလေးက ဘူးထဲမှချင်းလင်အရိုးအားဖြည့်ဝိုင်နှစ်ပုလင်းထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

ရုတ်တရက်ဝိုင်ကိုမြင်သည်နှင့် ယောက္ခထီးစကားပြောရပ်သွားသည်ကို ချန်ချီတွေ့ရသည်။ သူ့မျက်လုံးက ချင်းလင်အရိုးအားဖြည့်ဝိုင်အပေါ်သာရောက်နေ၏။

ဒီနှစ်ရက်လုံး သူဒီဝိုင်အကြောင်းသာတွေးနေသောကြောင့်ပင်။

အရင်တစ်ခါ သူ့မိတ်ဆွေဆီမှာတစ်ခွက်သောက်ဖူးသည်။ အဖေဖြစ်သူ၏အရိုးပွရောဂါအတွက်ဝယ်ထားခြင်းပင်။

သူမကြာခဏခံစားနေရသောအရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါကြောင့် ထိုတစ်ခွက်နှင့်တင် ဝိုင်အာနိသင်ကိုသိလိုက်သည်။

ထို့ကြောင့် ဝိုင်ကိုပိုဝယ်ချင်လာသည်။ ဖြစ်ချင်တော့ သူသိသမျှဆေးဖက်ဝင်ဝိုင်စျေးကွက်တိုင်းမှာ တစ်ပုလင်းမှဝယ်မရ။

သူ့သမီးက နှစ်ပုလင်းဝယ်နိုင်မည်ဟုမထင်မိပေ။

ထိုအချိန်တွင် ကောင်မလေးကမျက်နှာရိပ်ပြသောကြောင့် ချီချန်လည်းလုပ်ကြံပြောလိုက်သည်_

"ဦးလေး.. ကျွန်တော်မင်မြို့တော်တစ်ခုလုံးပတ်ပြီး ဒီဝိုင်ကိုရှာခဲ့တာ... ဒီဝိုင်က ဦးလေးရဲ့အရိုးနဲ့အဆစ်နာအတွက်ကောင်းမှန်း ကျွန်တော်သိတယ်လေ''

ထိုစကားကြောင့် ယောက္ခထီးလောင်းမျက်မှောင်ကြုတ်သွားသည်။ သူ့စိတ်ကလွန်ဆွဲနေ၏။

ဒီဝိုင်ကိုတကယ်လိုချင်သော်လည်း သူ့သားမက်လောင်းကိုလုံးဝမကျေနပ်။

ဘာကောင်းလဲ?

နောက်ဆုံး သူကသက်ပြင်းချလိုက်ပြီး_

"ဝိုင်တစ်ခွက်လောက်ငှဲ့ပေး''

ထိုစကားကြောင့် ချီချန်မျက်နှာဝင်းထိန်သွားသည်။ သူကချက်ချင်း အရိုးအားဖြည့်ဝိုင်ပုလင်းဖွင့်ပြီး သူ့ယောက္ခထီးအတွက်ငှဲ့ပေးလိုက်သည်။

နောက်ရက်များတွင် အင်တာနက်တစ်ခုလုံး၌ ချင်းလင်ဆန်နှင့်လီခိုင်အ​ကြောင်း၊ မိသားစုတိုင်းက လူကြီးများအတွက်အရိုးအားဖြည့်ဝိုင်ဝယ်ကြသည့်အကြောင်း၊ ဆေးဖက်ဝင်ဝိုင်အာနိသင်က အလွန်ထက်ကြောင်း သတင်းများပြည့်နေသည်။

ထို့ကြောင့် လူကြီးများကိုယ်တိုင်က ချင်းလင်အရိုးအားဖြည့်ဝိုင်ဝယ်ပေးရန် သူတို့ကလေးများကိုပူဆာကြသည်။

ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်း_

'ကျလိကျလိ'အသံများထွက်နေသည်။

ရှောင်ဝူက ဂရုတစိုက်လမ်းလျှောက်နေပြီး ရှောင်ပေါင်ကဘေးမှစောင့်ကြပ်နေသည်။ ရှောင်ဝူခြေထောက်နားတွင် ကြက်တူရွေးလေးနှစ်ကောင်က တုန်တုန်ချည့်ချည့်နှင့်လမ်းလျှောက်နေ၏။

ကြက်တူရွေးလေးနှစ်ကောင်က သားဖောက်စက်ထဲမှထွက်လာကြပြီ။ သူတို့ကတောင်ပံသေးသေးလေးများကိုတဖျတ်ဖျတ်ခတ်ရင်း ပျော်မြူးနေ၏။

ချင်လင်က ဘေးမှသာကြည့်နေသည်။

ရှောင်ဝူနှင့်ရှောင်ပေါင်ဘာဖြစ်နေမှန်းသူမသိသော်လည်း ပုံမှန်အတိုင်းဆို ကြက်တူရွေးနှစ်ကောင်က သူတို့ကလေးအပေါ်ဒီလိုမဟုတ်။

သို့သော်လည်း ဒီကြက်တူရွေးနှစ်ကောင်က လက်တွေ့ဘဝကမဟုတ်ပေ။ ဒီလိုဉာဏ်ရည်မျိုးရှိပြီး သာမန်ကြက်တူရွေးနှင့်တူရင် ထူးဆန်းနေမည်။

ဘာပဲဖြစ်ဖြစ် ခံစားချက်က အသိဉာဏ်ကိုအခြေခံပြီးလာသည်။

ခဏကစားပြီးနောက် ကြက်တူရွေးလေးနှစ်ကောင်မောဟိုက်သွား၏။ ချင်လင်ကချက်ချင်းရှေ့တိုးပြီး ကြက်တူရွေးလေးနှစ်ကောင်ကိုကောက်ကိုင်ကာ သားဖောက်စက်ထဲထည့်လိုက်သည်။

ဘေစင်တွင်လက်ဆေးပြီးနောက် ချင်လင်ကကားပါကင်သွားပြီး သူ့ကားနှင့်ချင်းလင်ဓာတ်ခွဲခန်းဘက်မောင်းထွက်လာသည်။

ဓာတ်ခွဲခန်းအသစ်ထဲချင်လင်ရောက်ရောက်ချင်း ပါမောက္ခဝမ်ထွက်ကြိုသည်။ သူဒီနေ့ရောက်လာခြင်းမှာ Optimus Prime နှင့် Megatron တိုးတက်မှုရှိသောကြောင့်ပင်။

ချင်လင်က ပါမောက္ခဝမ်နောက်လိုက်ရင်း မှန်အကြည်နှင့်ပြတင်းပေါက်တစ်ချပ်နားရောက်လာသည်။

မှန်ပြတင်းမှတဆင့် နေရာကျယ်ကျယ်တစ်ခုကိုလှမ်းမြင်ရသည်။

ပါမောက္ခဝမ်က ခလုတ်တစ်ခုကိုနှိပ်လိုက်ရာ ထိုနေရာလင်းလာသည်။

ကြမ်းပြင်ပေါ်မှပိန်ပိန်ပါးပါးသံမဏိအရိုးစုနှစ်ခုမတ်တပ်ထရပ်လာ၏!

သံမဏိအရိုးစုမှာ ခြေလက်လေးဖက်ပါသည်။ Optimus Prime နှင့် Megatron ပင်။ သို့သော်အရိုးစုအပြင်ပိုင်းကို သာမန်ပလတ်စတစ်နှင့်အုပ်ထားသောကြောင့် ပိန်နေပုံပေါက်သည်။

ပါမောက္ခဝမ်က အာရုံခံစက်နှစ်စုံထုတ်လိုက်သည်။

ချင်လင်က စက်တစ်ခုယူပြီး အသာအယာလှုပ်ရှားကြည့်သည်။ Optimus Prime က သူနှင့်အတူလိုက်လှုပ်ရှားသည်။

သူက လက်ယမ်းသည်၊ ကန်သည်၊ ငုတ်တုပ်ထိုင်သည်၊ လမ်းလျှောက်သည်။

အထဲမှ Optimus Prime ကလည်း တထပ်တည်းလိုလိုလိုက်လုပ်သည်။

ပါမောက္ခဝမ်ဖန်တီးထားသောအာရုံစက်က အလွန်ပြီးပြည့်စုံနေသည်။

ချင်လင်က Optimus Prime ကိုပြန်ထိန်းရင်း ဂိမ်းသစ်တောထဲတွင် Elba နှင့်မှင်စာမလေး ကစားနေပုံကိုသတိရသွားသည်။

"ပါမောက္ခဝမ်.. ခင်ဗျားလည်း အာရုံခံစက်ကိုင်ပါလား''

သူက ပါမောက္ခဝမ်ကိုပြောလိုက်သည်။

ပါမောက္ခဝမ်က ချင်လင်စကားကိုနားထောင်ရင်းခေါင်းညိမ့်ပြီး အာရုံခံစက်နောက်တစ်ခုကိုချက်ချင်းကိုင်လိုက်သည်။

သူလည်း သူ့ခြေသူ့လက်များကိုလှုပ်ရှားကြည့်ရာ Megatron စလှုပ်လာသည်။

သူကလည်း တုံ့ပြန်မှု ၁၀၀%!

ပါမောက္ခဝမ်အတော်ကျေနပ်သွားသည်။ ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်ပေးတဲ့တာဝန်ကို သူအပြီးသတ်လိုက်နိုင်ပြီ။

"ပါမောက္ခဝမ်.. Megatron ကိုထိန်းပြီး Optimus Prime ကိုတိုက်!''

ချင်လင်ကဆက်ပြောသည်။

ပါမောက္ခဝမ်ကဇဝေဇဝါဖြစ်သွားသော်လည်း ခေါင်းညိမ့်ပြီး သူနှင့်ချင်လင်ကြားခပ်ခွာခွာဖြစ်အောင် နောက်ပြန်ဆုတ်လိုက်သည်။

ထို့နောက် သူကလက်ယမ်းလိုက်၏။

Megatron ကိုထိန်းပြီး Optimus Prime ကိုတိုက်ခိုက်သည်။

ထို့ကြောင့် ချင်လင်ကချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။ Optimus Prime ကလည်း နောက်ပြန်ဆုတ်ပြီး Megatron ကိုရှောင်သည်။

တဖက်တွင် ပါမောက္ခဝမ်ကြောင်သွားသည်။ သူက တိုက်ခိုက်နေကျမဟုတ်။ အထူးသဖြင့် စက်ရုပ်နှင့်တိုက်ခြင်းဖြစ်၍ တိုက်ချက်ကလွဲသွားသည်။

"ဆက်လုပ်မယ်!''

ချင်လင်အော်လိုက်သည်။

ထိုစကားကြောင့် ပါမောက္ခဝမ်မှာ Optimus Prime ကိုဆက်တိုက်ရသည်။ ချင်လင်က နောက်ပြန်ဆုတ်ပြီး လျင်လျင်မြန်မြန်ရှောင်လိုက်သည်။

ရုတ်တရက် ချင်လင်စလှုပ်ရှားသည်။ သူကရှေ့တိုးပြီး လှမ်းဆွဲလိုက်၏။

အထဲတွင် Optimus Prime ကလည်း Megatron လက်မောင်းကိုလှမ်းဆုပ်ကိုင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ပါမောက္ခဝမ်ကြောင်သွားသည်။

သို့ရာတွင် ချင်လင်က Megatron ကိုဆွဲဆောင့်လိုက်သော​ကြောင့် Megatron ယိမ်းယိုင်သွားသည်။

ချင်လင်ထပ်လှမ်းပြီးဖက်မည့်ပုံလုပ်လိုက်ရာ Optimus prime ကလည်း Meagtron ခေါင်းကိုလှမ်းကိုင်လိုက်သည်။

ချင်လင်က မာဟုန်ဆီမှသင်ထားသောကိုယ်ခံပညာသုံးလိုက်သည်။ သူကကိုယ်ကိုညွတ်ပြီး ဒူးနှင့်တိုက်လိုက်၏။

တချိန်တည်းမှာ Optimus Prime ကလည်းလိုက်လုပ်သည်။ သူက Megatron ခေါင်းကိုကိုင်လှည့်ကာ သူ့ဒူးနှင့်အားရပါးရတိုက်ချလိုက်သည်။

ထိုခဏတွင် Optimus Prime ဒူးနှင့် Megatron ခေါင်းကိုဆောင့်တိုက်လိုက်သောကြောင့် Megatron ခေါင်းကွဲသွား၏။

တချိန်တည်းမှာ ပါမောက္ခဝမ်လန့်သွားပြီး အမှတ်တမဲ့သူ့ခေါင်းသူပြန်ကိုင်လိုက်သည်။ အတိုက်ခံရတာ သူလိုလို။

ချင်လင်ကရပ်ပြီး ပုံပျက်သွားသော Megatron ခေါင်းကိုကြည့်ကာ အတွေးများသွားသည်။

ရှေ့လျှောက် ဒီနည်းပညာက အတော်စိတ်ဝင်စားစရာကောင်းလိမ့်မည်။

All Chapters