အခန်း ၁၄၀၀
Vol. 94 Ch. 1400
အခန်း ၁၄၀၀: ချင်းလင်ကုမ္ပဏီမှာ လူတွေအများကြီး?
အချိန်က တားမရဆုံးအရာပင်။
မကြာမီ နှစ်ကုန်ရောက်လာပြန်သည်။
ဒီနှစ် ရုံချန်းသားတွေအတွက်တမူထူးခြားသည်။ အရင်က ဆောင်းတွင်းမှာ ကုတ်အင်္ကျီထူထူထဲထဲဝတ်ရသော်လည်း ဒီနှစ်ရုံချန်းရာသီဥတုကပြောင်းလဲသွားပြီ။ ဆောင်းတွင်းလိုဘယ်သူမှမခံစားရသောကြောင့် မျက်စိတမှိတ်အတွင်း တစ်နှစ်ကုန်သွား၏။
ဒီအချိန် ပြည်တွင်းကုမ္ပဏီအားလုံးမှာ တစ်နှစ်တာလုပ်ငန်းအခြေအနေကိုတွက်ချက်ပြီး ကုမ္ပဏီနှစ်ကုန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ကြသည်။
ချင်းလင်ကုမ္ပဏီလည်း အတူတူပင်။ အထူးသဖြင့် နှစ်ကုန်အစည်းအဝေးအတွက်ပြင်ဆင်နေသည်။
ပုံမှန်အားဖြင့် ကုမ္ပဏီကြီးများ အထူးသဖြင့် ဦးဆောင်ရသောကုမ္ပဏီများက စီးပွားဖက်ကုမ္ပဏီများ၊ထုတ်ကုန်ရောင်းချသူများကိုဆက်သွယ်ပြီး ကုမ္ပဏီနှစ်ကုန်အစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားသည်။
ဖိတ်ကြားခံရသောကုမ္ပဏီများကသေးလျှင် သို့မဟုတ် ဦးဆောင်ကုမ္ပဏီကိုမှီခိုရသောသာမန်သူဌေးများဖြစ်လျှင် လူကိုယ်တိုင်တက်ရောက်သည်။ ကုမ္ပဏီကြီးလျှင်မူ နှစ်ကုန်အစည်းအဝေးတက်ရန် ကုမ္ပဏီ၏စီနီယာမန်နေဂျာကိုလွှတ်ပြီး မဲနှိုက်အစီအစဉ်အတွက်ဟုန်ပေါင်းပေးလိုက်သည်။
ဒီနှစ်ချင်းလင်ကုမ္ပဏီ၏ဟုန်ပေါင်းစာရင်းအရ ဘဏ္ဍာရေးဌာနအချိန်ပိုဆင်းရလိမ့်မည်။
ကုမ္ပဏီအသီးသီးမှဟုန်ပေါင်းများကို ကျောက်မိုချင်းစားပွဲပေါ်တင်ထားရာ ဟုန်ပေါင်းအရေအတွက်ကြောင့် သူမရောချင်လင်ပါအံ့ဩရသည်။
နောက်ဆုံးတည်ထောင်ထားသောချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီက ယွမ် ၂၀၀၀၀ ဟုန်ပေါင်း ၁၀ အိတ်၊ ယွမ် ၁၀၀၀၀ ဟုန်ပေါင်းအိတ် ၃၀၊ ယွမ် ၅၀၀၀ ဟုန်ပေါင်းအိတ် ၇၀၊ ယွမ် ၃၀၀၀ ဟုန်ပေါင်းအိတ် ၁၂၀... တွေ့ရသည်။
ပြည်တွင်းအနှံ့အပြားမှကိုယ်စားလှယ်များပေးပို့လာခြင်းပင်။
ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကိုပြည်တွင်းအနှံ့ဖြန့်ချိထားပြီး ဖြန့်ဝေသူများက ထိုထုတ်ကုန်ကိုအားထားပြီး အသက်မွေးရသည်။
အစပိုင်း ချင်းလင်နှစ်ကုန်အစည်းအဝေးကို ဒေသဆိုင်ရာကိုယ်စားလှယ်များနှင့်အထက်လူများသာဖိတ်သည်၊ ကိုယ်စားလှယ်အသေးများမပါ။ သို့သော် ထိုကိုယ်စားလှယ်များကပွဲထွက်ချင်သောကြောင့် ဖိတ်ကြားခံရသောကိုယ်စားလှယ်ကြီးများနှင့်ဟုန်ပေါင်းပါးလိုက်ကြသည်။
ဖိတ်ကြားခံရသောကိုယ်စားလှယ်များက မျက်နှာရသောကြောင့် မယူလာပေးစရာအကြောင်းမရှိ။
ချင်းလင်ဆေးဝါးကုမ္ပဏီ၊ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းတို့မှာ ထုတ်ကုန်ပိုများသည်။ ဘာပဲဖြစ်ဖြစ် ထိုကုမ္ပဏီများက ထုတ်ကုန်တစ်မျိုးတည်းထက်စာရင် ထုတ်ကုန်ပိုများ၍ ကိုယ်စားလှယ်ပိုများသည်။
နောက်ပြီး ထုတ်ကုန်အများစုက စျေးပိုကြီးသောကြောင့် ကိုယ်စားလှယ်များက ပိုချမ်းသာသည်။ အထူးသဖြင့် ချင်းလင်ထုတ်ကုန်များကနာမည်ရှိသောကြောင့် သူတို့အကုန်အကျခံပြီးကြော်ငြာစရာမလို။
ဒီနှစ်ပိုက်ဆံအတော်စုမိသောကြောင့် မဲနှိုက်အစီအစဉ်အတွက်ဟုန်ပေါင်းကိုရက်ရက်ရောရောပေးကြသည်။
အထူးသဖြင့် မျက်မှန်ကုမ္ပဏီနှင့်လေအေးပေးစက်ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ထားသောစေတနာကိုပြကြသည်။
နောက်ဆုံး တွက်ချက်ပြီးနောက် အမြင့်ဆုံးဟုန်ပေါင်း ၁၀၀၀၀၀ က အိတ် ၄၀၊ ၅၀၀၀၀ က အိတ် ၈၀၊ ၃၀၀၀၀ က အိတ် ၁၂၀ နှင့် ၁၀၀၀၀ က အိတ် ၂၄၀ ဖြစ်သည်။
ဟုန်ပေါင်းသက်သက်တင် ၁၄ သန်းကျော်သည်။
နည်းနည်းနောနောပမာဏမဟုတ်။
ဟုန်ပေါင်းအသေးများမှာ မရေမတွက်နိုင်အောင်ပင်။ အရင်လိုသာမဲနှိုက်ရရင် မနက်မှည၊ ညမှမနက် အချိန်တွေကုန်သွားမည်။
ထို့ကြောင့် ကျောက်မိုချင်းမှာ အစီအစဉ်ဆွဲရတော့သည်။
ယွမ် ၁၀၀၀ ဟုန်ပေါင်းက ကုမ္ပဏီနှစ်ကုန်ပါတီအများစုအတွက် ပထမဆုဖြစ်နိုင်သည်။ ချင်းလင်နှစ်ကုန်ပါတီပွဲတွင်မူ နှစ်သိမ့်ဆုသာဖြစ်လိမ့်မည်။ အချိန်မကုန်စေရန် တပြိုင်တည်း ဟုန်ပေါင်း ၁၀ အိတ်ခန့်နှိုက်ရလိမ့်မည်။
စီးပွားဖက်ကုမ္ပဏီများ၊ ကိုယ်စားလှယ်များမှယူလာသောဟုန်ပေါင်းအပြင် ဒီနှစ်ကုမ္ပဏီချင်းကလည်းပြိုင်ဆိုင်ကြသည်။
ဥပမာ ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီက မဲနှိုက်ရန်အတွက် ယွမ် ၁၅၀၀၀၀ တန်ကား ၁၀ စီးနှင့် ဆုကြီးဆုသေးများစွာပါသည်။
ထိုတစ်ချက်နှင့်တင် ချင်းလင်အစားအသောက်ကုမ္ပဏီမှတန့်ကွမ်းက ကား အစီး ၃၀ ပေးမည်ဟုဆုံးဖြတ်လိုက်သည်။
အဲဒီနောက် ချင်းလင်ဆေးဝါးကုမ္ပဏီက အိမ်ရာနှစ်ခုနှင့်ကားအစီး ၃၀ တန်းပေးသည်။
ရှန်လီကလည်း အားကျမခံ တိုက်ခန်း ၄ ခန်းနှင့်ကားအစီး ၅၀ ချက်ချင်းဝယ်သည်။
ရုတ်ချည်းဆိုသလို ကားအစီး ၁၂၀၊ တိုက်ခန်း ၆ ခန်းနှင့် ဆုမဲများပိတ်လိုက်သည်။
ဒါတွေနှင့်ယှဉ်ရင် တခြားဆုတွေကဘာမှမဟုတ်တော့။
အကုန်အကျခံသောငွေမှာ ကုမ္ပဏီတစ်ခုချင်း၏အထူးရံပုံငွေမှသုံးခြင်းဖြစ်သည်။ ကုမ္ပဏီဖွံ့ဖြိုးမှုပိုကြီးပြီးပိုကောင်းလေလေ အထူးရံပုံငွေပိုများလေလေဟုဆိုရမည်။
အထူးရံပုံငွေများသောကုမ္ပဏီမှာ အလွန်ကြီးသောကုမ္ပဏီဖြစ်ရမည်။
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က ဥက္ကဌထိုင်ခုံတွင်ထိုင်ပြီး ဟုန်ပေါင်းစာရင်းများကိုကြည့်နေသည်။ ကျောက်မိုချင်းနှင့်လင်းလန်ဇီက သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည်။
ကျောက်မိုချင်းမှာ ဘဏ္ဍာရေးဌာနတာဝန်ခံဖြစ်သောကြောင့် နောက်ဆုံးဟုန်ပေါင်းများကို သူမတာဝန်ခံရသည်။ လင်းလန်ဇီက နှစ်ကုန်အစည်းအဝေးပွဲစီစဉ်ရန်အတွက်တာဝန်ယူသည်။
ချင်လင်က ဟုန်ပေါင်းစာရင်းကို ကျောက်မိုချင်းဆီပြန်ပေးပြီး တခြားအချက်အလက်များကိုကြည့်သည်။ သူအာရုံစိုက်မိသောတစ်ခုမှာ နှစ်ကုန်အစည်းအဝေးပွဲတက်မည့်ဝန်ထမ်းအရေအတွက်ပင်။
ကုမ္ပဏီတစ်ခုချင်း၏ဝင်ငွေကို သူဘယ်တော့မှအာရုံမစိုက်ခဲ့။ သူသိသည်က ကုမ္ပဏီတစ်ခုချင်း၏ဖွံ့ဖြိုးတိုးတက်မှု၊ စက်ရုံများချဲ့ထွင်မှုနှင့် ဝန်ထမ်းအသစ်ဦးရေများလာခြင်းကိုသာ။
နောက်ဆုံးစာရင်းအရ နှစ်ကုန်ပွဲတက်မည့်ဝန်ထမ်းဦးရေ ၇၈၀၀၀ ကျော်ရှိသည်။
ဒီလောက်ပမာဏရှိမည်ဟု သူမျှော်လင့်မထား။
ရုံချန်း၏နောက်ဆုံးအချက်အလက်အရ အမြဲတမ်းနေထိုင်သူဦးရေမှာ အနည်းငယ်သာရှိသည်။ လူဦးရေ ၆၀၀၀၀၀ ဝန်းကျင်ရှိမည်။
ချင်းလင်ကုမ္ပဏီဝန်ထမ်းက ဆယ်ပုံတစ်ပုံကျော်သည်။ အထူးသဖြင့် ချင်းလင်ကုမ္ပဏီအသီးသီးမှာ အရှိန်အဟုန်နှင့်ဖွံ့ဖြိုးနေဆဲဖြစ်၍ စက်ရုံများဆက်လက်တိုးချဲ့နေဆဲပင်။
ထုတ်ကုန်အများစုက အလွန်နာမည်ကြီးသော်လည်း တစ်နိုင်ငံလုံးအနှံ့မရောက်သေး။ နောက်နောင်ကာလများတွင် ချင်းလင်ကုမ္ပဏီခွဲအသီးသီးမှာ ကြီးကြီးမားမားတိုးတက်ဖွံ့ဖြိုးလာဦးမည်။
ချင်းလင်ကုမ္ပဏီမှတိုက်ရိုက်ပံ့ပိုးသည်ဖြစ်စေ၊ တိုက်ရိုက်မဟုတ်လျှင် သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက်မှုရှိသည်။
ဥပမာ ရုံချန်းခရီးသွားလုပ်ငန်းမှလူများ သို့မဟုတ် ရုံချန်းလယ်ယာလုပ်ငန်းလုပ်ကိုင်သူများပင်။
ဒါကြောင့်လည်း လုပ်ငန်းက နယ်မြေထက်ပိုပြီးတန်ဖိုးရှိခြင်းဖြစ်မည်။ လုပ်ငန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုဖန်တီးနိုင်ပြီး လူထုကိုပိုအကျိုးပြုနိုင်သည်။
ဥပမာ Penguin စျေးကွက်တန်ဖိုးက Huawei ထက် ၄ ဆများသော်လည်း Huawei က Penguin ထက် အလုပ်အကိုင် ၅ ဆဖန်တီးပေးနိုင်သည်။ ထို့ကြောင့် အထက်လူများက Penguin ထက် Huawei ကိုပိုအာရုံစိုက်ရသည်။