အခန်း ၁၄၀၂
Vol. 94 Ch. 1402
အခန်း ၁၄၀၂: နှင်းကျပြီ!
နှင်းကြည့်ချင်ရင် လွယ်သည်။ ပိုက်ဆံအကုန်အကျခံနိုင်ရင် မြောက်ပိုင်းမြို့တစ်မြို့သွားလိုက်ရုံပင်။ နှင်းကျချိန်နှင့်ကြုံရင် အဆင်ပြေသည်။
အချိန်ပေးနိုင်မပေးနိုင်၊ ငွေသုံးနိုင်မသုံးနိုင်အပေါ်သာမူတည်၏။
မြောက်ပိုင်းမြို့တွေတောင် နေ့တိုင်းနှင်းကျမည်မဟုတ်ပေ။
ထို့ကြောင့် ဝန်ထမ်း ၈၀၀၀၀ နီးပါးက နှင်းကြည့်ချင်သည်ဆိုသောဆန္ဒကိုဖြည့်ဆည်းရန်ခက်သည်။
ဘာပဲဖြစ်ဖြစ် လူတွေဒီလောက်အများကြီး၊ ကုမ္ပဏီမှာအလုပ်လုပ်ဖို့ လူလိုသည်။ အသုတ်လိုက်ခွဲသွားရင်တောင် မြောက်ပိုင်းနှင်းကျချိန်က အဲလောက်မကြာ။ တစ်နှစ်ပတ်လုံး အားလုံးကိုစီစဉ်နိုင်မည်မဟုတ်ပေ။
နှစ်ကုန်ပွဲတစ်ခုကို ဒီလောက်အကြာကြီးအချိန်ဆွဲရရင် အဓိပ္ပါယ်မရှိတော့။
သို့သော် လင်းလန်ဇီကိုစီစဉ်ခိုင်းထားသည့်အတိုင်း ကျေနပ်စရာမရှိရင် နည်းနည်းရှက်စရာကောင်းမည်။
ရုတ်တရက် သူကဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ပြီး ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမစမ်းချောင်းဆီသွားစေသည်။ ဟိုလုပ်ဒီလုပ်လုပ်ပြီးနောက် အသိပေးစာတက်လာ၏:
(မိုးတိမ်ကျောက်ကောက်လိုက်ပါပြီ။ မိုးရွာနိုင်သောအာနိသင်ပြန်ဖြည့်ပြီးပါပြီ!)
ချင်လင်က အသိပေးစာကြည့်ပြီး စဉ်းစားလိုက်သည်။
ရုံချန်းခရိုင်အသစ်အားကစားရုံက အရမ်းမြင့်သည်။ ရေခဲနှင်းစက်ကိုအမြင့်မှာထားပြီး တချိန်တည်းဖွင့်လိုက်ရင် ထိုနေရာအေးသွားမည်။
အဲဒီအချိန် ရုတ်တရက်မိုးဖွဲကျလိုက်ရင် ခဲမသွားဘူးလား? နောက်ဆုံး နှင်းပွင့်များအဖြစ်ကျလာမည်။
ဒါဆို နှင်းကျတာမလား? ဒါ ဝန်ထမ်းတွေရဲ့နှင်းကြည့်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးရာရောက်လား?
ချင်လင် စမ်းကြည့်ချင်လာသည်။
ပြီးတော့ ဒီမြင်ကွင်းက အရမ်းအံ့ဩစရာကောင်းမယ်မလား?
သူကချက်ချင်းဖုန်းကိုင်ပြီး ပါမောက္ခဝမ်ကိုဆက်ကာ ညွှန်ကြားလိုက်သည်။
ဒီရလဒ်ထွက်အောင် သေချာတွက်ဆရမည်။
အချိန်ကုန်လွန်သွား၏။
နှစ်ကုန်ပိုင်းရောက်ရှိလာသည်နှင့် ကုမ္ပဏီအသီးသီးက နှစ်ပတ်လည်ပွဲကို စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းစတင်ကျင်းပကြသည်။
ချင်းလင်ကုမ္ပဏီလည်း အတူတူပင်။
ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲကို ရုံချန်းမှာအလွန်စိတ်ဝင်စားနေကြသည်။
နောက်ပြီး ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲအတွက် စီရင်စုက ရုံချန်းတွင်လုပ်ငန်းပံ့ပိုးကူညီမှုအများဆုံးလက်မှတ်နှင့်စာတမ်းပေးပို့ဂုဏ်ပြုမည်ဖြစ်သည်။
စွန်းရှန်က နေ့လယ်စာစားပြီးချိန်တွင် ချန်လီကိုသူ့ရုံးခန်းထဲခေါ်သည်။
နှစ်ကုန်တွင် စီရင်စုထဲမှကိစ္စကြီးများအားလုံးပြီးသွားသည်။ နားရမည့်ကိစ္စများကိုရပ်နားပြီး စီစဉ်စရာရှိတာ စီစဉ်ရသည်။ သူတို့ရက်ပိုင်းလောက် အနားယူနိုင်သည်။
အာရုံစိုက်စရာလိုသောကိစ္စများကိုမူ တချိန်လုံးအာရုံစိုက်ထားရသည်။ ဥပမာ ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲမှာ လက်ရှိရုံချန်းတွင်အရေးကြီးဆုံးဖြစ်လိမ့်မည်။
"ချင်းလင်ကုမ္ပဏီကလူတွေအကုန် ခရိုင်အသစ်အားကစားရုံကိုသွားပြီလား?''
စွန်းရှန်ကမေးသည်။
ချန်လီကခေါင်းညိမ့်ပြီး_
"နေ့လယ်စာစားပြီးထွက်သွားကြတယ်... သူတို့တတိယပတ်လမ်းကနေသွားနိုင်အောင် ယာဉ်ထိန်းရဲကိုစီစဉ်ခိုင်းထားတယ်... တတိယပတ်လမ်းကို ယာဉ်မဖြတ်အောင်လည်းတားထားတယ်''
စွန်းရှန်ခေါင်းညိမ့်လိုက်သည်_
"ဒီအချိန် အားလုံးကနှစ်သစ်အတွက်ပြင်ဆင်နေကြတာဆိုတော့ ခရီးသည်များမှာပဲ... ရုံချန်းကဖောက်ထားတဲ့ပတ်လမ်း ၅ တော့လွတ်မယ်ထင်တယ်... တစ်လမ်းနှစ်လမ်းပိတ်ရင်တောင် ပြဿနာလုံးဝမရှိဘူး''
သို့ရာတွင် ချင်းလင်ဝန်ထမ်းများနှစ်ကုန်ပွဲတက်သည့်မြင်ကွင်းက ရုံချန်းသားများအဖို့ နည်းနည်းလန့်စရာကောင်းသည်။
လူ ၈၀၀၀၀ နီးပါးအတွက် လတ်တလောကားစီစဉ်ပေးရန်မဖြစ်နိုင်သောကြောင့် ဝန်ထမ်းများစုပြီးတန်းစီကာ ခရိုင်သစ်အားကစားရုံသို့လမ်းလျှောက်ခိုင်းရသည်။
စီရင်စုဖြစ်ပြီး သိပ်မဝေး၍သာတော်တော့သည်။
ဒါပေမဲ့ စဉ်းစားကြည့်မှ လူ ၈၀၀၀၀ နီးပါး ခရိုင်အသစ်ထဲဝင်ပြီး အားကစားရုံကိုသွားတာ ဘယ်လောက်လန့်စရာကောင်းလိုက်မလဲ?
ရှေးက စစ်သည် ၁၀၀၀၀၀ မြင်ကွင်းမှာ လန့်စရာကောင်းသည်ဟုပြောလေ့ရှိကြသည်။ အခုချင်းလင်ကုမ္ပဏီဝန်ထမ်း ၈၀၀၀၀ နီးပါးက အတူတူလောက်ကျမယ်မလား?
နောက်ပြီး ထိုဝန်ထမ်းများက အလံကိုင်ထားကြသည်။ အားလုံး ထုတ်လုပ်ရေးလိုင်းပေါ်အခြေခံထားသည်။ ကုမ္ပဏီတစ်ခု၊ အလုပ်ရုံတစ်ခုနှင့် ထုတ်လုပ်ရေးလိုင်းတစ်ခုတိုင်း စ*စ်တပ်သုံးအလံကဲ့သို့ အလံအများကြီးရှိသည်။
ရုံချန်းမှာရှားရှားပါးပါးမြင်ကွင်းပင်။
အရင်ကရုံချန်းမှာ ဒီလောက်ကြီးတဲ့ကုမ္ပဏီရှိဖူးလို့လား?
ရုံချန်းခရိုင်အသစ်အားကစားရုံမှာ ပြီးခါစဖြစ်သောကြောင့် အလွန်သစ်လွင်နေသည်။ ထိပ်ပိုင်းတွင် ချင်းလင်ဓာတ်ခွဲခန်းမှလူများ ရေခဲနှင်းစက်တပ်ဆင်နေကြသည်။
တပ်ဆင်ပြီးမှသာ ခေါင်းမိုးပေါ်ကဆင်းလာကြ၏။
မဟုတ်ရင် စက်ဖွင့်တဲ့အခါ အေးခဲပြီးသေနိုင်တယ်မလား?
အားကစားရုံအပြင်ဘက်တွင် ကွင်းပြင်အကျယ်ကြီးရှိသည်။
ချန်တပေက ချင်းလင်စံအိမ်လုံခြုံရေးအစောင့်များနှင့်အသင့်စောင့်နေ၏။ ကုမ္ပဏီအသီးသီးမှလူများရောက်လာသောအခါ ကွင်းပြင်နေရာအသီးသီးတွင်နေရာယူခိုင်းသည်။
လင်ဖုန်းမှာ ချင်းလင်ကုမ္ပဏီထုတ်လုပ်ရေးလိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဒီနေ့သူ့တာဝန်က သူ့ထုတ်လုပ်ရေးလိုင်းမှဝန်ထမ်းများကို အားကစားရုံခေါ်လာပြီး နေရာချကာ နှစ်ကုန်ပါတီပွဲပြီးလျှင်ပြန်ခေါ်သွားရမည်။ မနက်ဖြန် သူနားနိုင်သည်။
လင်ဖုန်းတို့ရောက်လာသောအခါ လုံခြုံရေးအစောင့်တစ်ဦးရောက်လာပြီး အသံချဲ့စက်နှင့်အော်သည်_
"အားလုံး ကွင်းပြင်မှာနေရာယူပြီး ခဏစောင့်ပေးပါ... နှစ်ကုန်ပွဲမစခင် သူဌေးက အားလုံးအတွက်အံ့ဩစရာတစ်ခုပြင်ဆင်ထားတယ်''
ထို့ကြောင့် လင်ဖုန်းတို့ထုတ်လုပ်ရေးလိုင်းဝန်ထမ်းများသိချင်သွားသည်။
တကယ်တော့ သူတို့အဖွဲ့က သူဌေးဘယ်သူမှန်းမသိ။ လိုင်းပြောမှာပြောသလို သူဌေးက အသက် ၄၀ အရွယ်လူတစ်ယောက်ဟုသာထင်ထားသည်။
အစားအသောက်ကုမ္ပဏီမှအထက်ပိုင်းလူအများစုက သူဌေးကိုမမြင်ဖူးကြ။ ဥက္ကဌတန့်နှင့်အထက်ပိုင်းလူတချို့သာမြင်ဖူးသည်။
အခုသူဌေးကလက်ဆောင်ပြင်ထားသည်ဆိုသောကြောင့် အလွန်စိတ်လှုပ်ရှားမိကြသည်။
အားကစားရုံအပြင်ဘက်ကွင်းပြင်တွင်ရောက်နေသောဝန်ထမ်းအားလုံးကို လုံခြုံရေးအစောင့်များက ထိုသတင်းပေးထားသည်။
အားလုံးလည်း သိချင်နေကြပြီ။
အချိန်လွန်သည်နှင့် အားကစားရုံရှေ့ကွင်းပြင်မှာ ဆူဆူညံညံနှင့်အသက်ဝင်လာသည်။ ကွင်းပြင်တစ်ခုလုံး ချင်းလင်ဝန်ထမ်းများပြည့်နေ၏။
ထိုအခိုက်_
ရှန်လီ၊ တန့်ကွမ်းနှင့် လင်းလန်ဇီတို့ လူစုလိုက်ကြသည်။