← Chapters

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အခန်း ၁၄၀၃: နှင်းကျပြီ! ၂

သုံးယောက်သား စီမံရေးအဆင့်ချင်းတူသည်။ ရှေးက ဘုရင့်အပါးတော်များလိုဖြစ်မည်။

တန့်ကွမ်းက လူအုပ်ကြီးကိုကြည့်ပြီးမေးသည်_

"ဥက္ကဌချင်က ဘာလို့အပြင်မှာစောင့်ခိုင်းမှန်းမသိဘူး''

လင်းလန်ဇီကခေါင်းခါလိုက်ပြီး_

"ဘာသတင်းမှမရဘူး... ဥက္ကဌချင်ညွှန်ကြားတဲ့အတိုင်းလုပ်တာပဲ... သူပြောသလိုပဲလုပ်ရတာ''

ရှန်လီက_

"ကျုပ်ဒီအကြောင်းနည်းနည်းတော့သိတယ်... တလောက ကျုပ်တို့ဓာတ်ခွဲခန်းကပါမောက္ခဝမ်ကို ဥက္ကဌချင်ခိုင်းထားတာရှိတယ်... ရေခဲနှင်းစက်ပဲ... ဥက္ကဌချင်ရည်ရွယ်ချက်က အဲဒါနဲ့ဆိုင်လိမ့်မယ်''

"ရေခဲနှင်းစက်နဲ့ ဝန်ထမ်းတွေအကုန်လုံးအပေါ်နှင်းကျအောင်လုပ်မှာတော့ မဟုတ်ပါဘူးနော်?''

တန့်ကွမ်းကနောက်လိုက်သည်။

ဟာသက ဟာသမမြောက်။ ရှန်လီနှင့်လင်းလန်ဇီက သူ့ကိုတအံ့တဩကြည့်လာသောကြောင့်_

"နောက်တာနော်.. နောက်တာ.. ဥက္ကဌချင်ကို ဒီအကြောင်းပြန်မပြောနဲ့!''

လင်းလန်ဇီက_

"ဥက္ကဌချင်ဒီလိုလုပ်တာ ဝန်ထမ်းတွေပူဆာလို့လား?''

ထိုစကားကြောင့် နှစ်ယောက်သားကြောင်သွားသည်။ သူတို့လည်း ဒီအကြောင်းသိသည်။ ဝန်ထမ်းတွေမဲပေးအများဆုံးက နှင်းကြည့်ချင်သည်ဆိုသောဆန္ဒပင်။

"မဟုတ်သေးဘူး.. ရေခဲနှင်းစက်က နှင်းကျနိုင်မယ့်အခြေအနေမရှိသေးဘူး.. အိုး?''

ရှန်လီနည်းနည်းဇဝေဇဝါဖြစ်သွားပြီး_

"ပါမောက္ခဝမ်က နည်းပညာတိုးတက်သွားပြန်ပြီလား?''

ဒါပေမဲ့ တွေးကြည့်မှ ဒီလိုမဖြစ်နိုင်။

ရှန်လီ အဖြေရှာမရပေ။ နှင်းလုပ်သောနည်းပညာကကောင်းသော်လည်း နှင်းကျနိုင်မည့်အခြေအနေမရှိသေး။

နှင်းကျတာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ လေထဲငွေ့ရည်ဖွဲ့ပြီး မြေပြင်ပေါ်ပြန်ကျသောဖြစ်စဉ်ပင်။ ငွေ့ရည်ဖွဲ့ပြီး လေအေးနှင့်တိုးသောအခါ ရေခဲပြီးနှင်းအဖြစ်ကျခြင်းဖြစ်သည်။

ဒီတော့ နှင်းကျအောင် အထူးပြုလုပ်ထားသောနှင်းလုံးများကိုပစ်လွှတ်ရမည်။ သို့သော် အချိန်ယူရမည်ဖြစ်သောကြောင့် အချိန်တိုအတွင်းမထိရောက်နိုင်။

ရေခဲနှင်းစက်မှာ ဒီလိုအစွမ်းမျိုးမရှိ။ နည်းပညာဘယ်လောက်တိုးတက်ပါစေ၊ လမ်းလျှောက်တတ်ခါစက အပျံသင်လို့မဖြစ်နိုင်ဘူးမလား?

သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းမှာလုပ်သက်ရင့်နေပြီဖြစ်သောကြောင့် ဓာတ်ခွဲခန်းမှာအံ့ဩစရာတွေရှိတတ်မှန်းသိသည်။ ပါမောက္ခဝမ်က မတီထွင်နိုင်ဘူးလို့ပြောလို့ရမလား?

ရှန်လီစကားကြောင့် တန့်ကွမ်းနှင့်လင်းလန်ဇီမျှော်လင့်စောင့်စားမိကြသည်။

တကယ်နှင်းကျအောင်လုပ်နိုင်မယ်ဆိုရင် အရမ်းထူးဆန်းမှာပေါ့?

ထိုအချိန်တွင် ချင်လင်က အားကစားရုံထောင့်ရှိကားပါကင်သို့ရောက်လာသည်ကို သူတို့သုံးယောက်သားမသိလိုက်ကြ။ သူက ဂိမ်းထဲမှယူလာသောမိုးတိမ်ကျောက်ကိုထုတ်လိုက်သည်။

ဝန်ထမ်းအားလုံးရောက်ပြီမှန်းသိပြီးနောက် ပါမောက္ခဝမ်ကိုဖုန်းဆက်ကာ ရေခဲနှင်းစက်ဖွင့်ရန်ညွှန်ကြားလိုက်သည်။

တချိန်တည်းမှာ 'မိုးတိမ်ကျောက်အသုံးပြုမည်' ကိုရွေးလိုက်သည်။

တဖက်တွင် ပါမောက္ခဝမ်က နည်းနည်းဇဝေဇဝါဖြစ်နေသည်။

ဥက္ကဌချင်က ဘာလို့အားကစားရုံခေါင်မိုးမှာရေခဲနှင်းစက်တပ်ခိုင်းမှန်း၊ ဦးတည်ချက်တဖက်တည်းကိုချိန်ညှိခိုင်းထားမှန်း၊ အဆက်မပြတ်ရေခဲနှင်းလွှတ်ခိုင်းမှန်း သူနားမလည်နိုင်။

သို့သော် ဥက္ကဌချင်ကညွှန်ကြားမှတော့ သူပြောသလိုလုပ်ရမည်။ သူကချက်ချင်း ရေခဲနှင်းစက်ခလုတ်ကိုနှိပ်ခိုင်းလိုက်သည်။ ရေခဲနှင်းစက်ဖွင့်သည်နှင့်တချိန်တည်းလိုလို မိုးဖွဲဖွဲကျလာ၏။ နှင်းဖြူဖြူလိုမြူအလွှာများ အဘက်ဘက်သို့ပြန့်သွားပြီး မိုးဖွဲကိုကာဆီးလိုက်သည်။

မိုးဖွဲက အအေးဓာတ်နှင့်တွေ့သည့်ခဏတွင် နှင်းမှုန်များအဖြစ်ငွေ့ရည်ဖွဲ့ပြီးကျလာသည်။

နှင်းမှမဖြစ်ရင် ဘာဖြစ်ဦးမလဲ?

ဒီတစ်ကြိမ်တွင် အားကစားရုံအပြင်မှဝန်ထမ်းများ တအံ့တဩမော့ကြည့်လိုက်ကြသည်။

ရေခဲနှင်းစက်ဖွင့်စဉ်က သူတို့သတိထားမိသည်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ လေထုအပူချိန်က သိသိသာသာလျော့ကျသွားသည်။

အားလုံးခေါင်းထောင်ပြီး နှင်းပြန့်လာသည်ကိုကြည့်လိုက်ကြသည်။ ဒီမြင်ကွင်းကို အရမ်းရင်းနှီးနေသလိုလို။

နတ်သမီးပုံပြင်တောင်ပေါ်ရေခဲနှင်းလွှတ်စဉ်က ဒီလိုနှင်းဖြူဖြူတွေပြန့်လာဖူးသည်။

သို့ရာတွင် နှင်းပြန့်ပြီး နှင်းပွင့်များတကယ်ကျလာသောကြောင့် အားလုံးအံ့ဩသွားသည်။

ထို့အပြင် နှင်းတစ်လွှာကျပြီး နောက်တစ်လွှာက တန်းလိုက်လာ၏။ နှင်းပွင့်များဆက်တိုက်ကျနေပြီး သည်းသည်းမည်းမည်းနှင်းကျမည့်ပုံရှိနေသည်။

ထိုမြင်ကွင်းကြောင့် အားလုံးအံ့အားသင့်နေကြသည်။ လုံခြုံရေးအစောင့်တွေပြောတာ သူတို့သဘောပေါက်ပြီ။

မကြာမီ အားလုံးကိုယ်ပေါ်နှင်းများတဖွဲဖွဲကျပြီး မြေပြင်တွင်နှင်းပါးပါးတလွှာဖုံးလွှမ်းသွားသည်။

ချင်းလင်ဝန်ထမ်းများကဖုန်းထုတ်ပြီး ထိုမြင်ကွင်းကိုဗီဒီယိုများရိုက်ကြသည်။

အားကစားရုံထဲတွင် အသင့်ရောက်နေသူတချို့လည်းရှိသည်။ စီစဉ်တင်ဆက်ရာတွင်ပါဝင်မည့်ဝန်ထမ်းများနှင့်ဖိတ်ကြားခံရသောဆယ်လီများပင်။

လီကျန်းလည်း ဒီအတိုင်းဖြစ်သည်။ လုပ်ငန်းတူတွေလုပ်သလို လိုက်လုပ်ရသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ချင်းလင်ကုမ္ပဏီထဲဝင်ခွင့်ရချင်ကြသည်။ ဘယ်သူမှ နောက်ကျမကျန်ချင်။ ထို့ကြောင့် သူလည်း ကံစမ်းမဲအစီအစဉ်အတွက် ဟုန်ပေါင်းနှင့်အဖိုးတန်လက်ဆောင်များပြင်ဆင်လာခဲ့သည်။

သူက ပြတင်းပေါက်အပြင်လှမ်းကြည့်လိုက်ရာ ရေခဲနှင်းမြင်ကွင်းကိုတွေ့ရသည်။

မယုံနိုင်စရာ။ မထူးဆန်းလွန်းဘူးလား? နှင်းအတုကျနေတာမဟုတ်။ တကယ် ကောင်းကင်မှကျနေခြင်းပင်။

ဒါ...

လာရောက်ကူညီအားဖြည့်သောဆယ်လီများလည်း ထိုမြင်ကွင်းကိုသတိထားမိသည်။ လူတိုင်းမျက်နှာမှာ မယုံနိုင်သောအကြည့်များနှင့်။

ချင်လင်လည်း တိတ်တိတ်လေးကြည့်နေသည်။

သူထင်တားတဲ့အတိုင်း ဖြစ်လာသည်။

နောက်ပြီး အကျိုးရလဒ်က ထူးထူးခြားခြားကောင်းသည်။

ရှန်လီ၊တန့်ကွမ်းနှင့်လင်းလန်ဇီက ထိုကိစ္စကိုတချိန်လုံးအာရုံစိုက်နေကြ၏။ နှင်းတကယ်ကျလာသောကြောင့် သူတို့မယုံနိုင်အောင်ဖြစ်နေသည်။

"ကြည့်ရတာ ပါမောက္ခဝမ်က တကယ်အံ့ဩစရာကောင်းတာပဲ... သူလုပ်နိုင်ခဲ့ပြီ!''

လင်းလန်ဇီ ရေရွတ်လိုက်သည်။

တန့်ကွမ်းက သဘောတူခေါင်းညိမ့်ပြီး_

"ချင်းလင်ဓာတ်ခွဲခန်းကလို့မပြောရဘူး... ဒီလောက်အချိန်တိုအတွင်းမှာ နတ်သမီးပုံပြင်တောင်ကိုနှင်းဖုံးဖို့ ပါမောက္ခဝမ်လုပ်နိုင်တာ မအံ့ဩတော့ဘူး''

ရှန်လီသက်ပြင်းချလိုက်သည်_

"ကြည့်ရတာ ကျုပ်က ချင်းလင်ဓာတ်ခွဲခန်းတာဝန်ခံဆိုပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကသုတေသီတွေရဲ့အရည်အချင်းကိုသေချာသိပုံမရဘူး... ဒီလိုလုပ်နိုင်တဲ့ပါမောက္ခဝမ်က တကယ်အံ့ဩစရာကောင်းတာပဲ''

ချင်းလင်ဓာတ်ခွဲခန်းအစောင့်အကြပ်ယာဉ်တန်းဘေးတွင် ပါမောက္ခဝမ်ကလည်း ရေခဲနှင်းစက်ကိုရပ်ကြည့်နေသည်။

ဒါကို ဥက္ကဌချင်ညွှန်ကြားသည့်အတိုင်း သူကိုယ်တိုင်လုပ်ခဲ့ခြင်းပင်။ သို့သော် ရေခဲနှင်းစက်ဖွင့်လိုက်သောအခါ မြင်ရသောမြင်ကွင်းက သူပါအံ့ဩရသည်။

သူက ရေခဲနှင်းစက်ပဲဖွင့်တာ။ ဘာလို့ဒီလိုဖြစ်တာလဲ? ရုတ်တရက်ကြီးဘာလို့နှင်းကျလာတာလဲ?

ပါမောက္ခဝမ်ကြောင်သွားသည်။ သူကချက်ချင်း ဥက္ကဌချင်ကိုဖုန်းဆက်ပြီး မေးမြန်းစူးစမ်းသည်။

ဖုန်းဝင်သွားသောအခါ သူစကားပြောမည်အပြုတွင် ချင်လင်အသံထွက်လာ၏_

"ပါမောက္ခဝမ်.. ဘယ်လိုဖြစ်တာလဲ? ကျွန်တော်က ရေခဲနှင်းစက်ဖွင့်ခိုင်းတာ... ဘာလို့နှင်းကျလာတာလဲ? ဘယ်လိုလုပ်လိုက်တာလဲ?''

ထိုစကားကြောင့် ပါမောက္ခဝမ်ကြောင်သွားသည်။

ဘာအဓိပ္ပါယ်လဲ? ဒါ သူလုပ်တာလား?

ဒါသူ့ကြောင့် လုံးဝမဟုတ်ဘူးနော်?

"ပါမောက္ခဝမ်''

ချင်လင်အသံထွက်လာပြန်သည်_

"ဘယ်လိုလုပ်လိုက်တာလဲ? ဒီပွဲပြီးရင် အသေးစိတ်ပြောပြလို့ရမလား?''

ပါမောက္ခဝမ်က တစ်ခုခုပြောချင်သော်လည်း စကားဖြတ်ခံလိုက်ရသည်။

ထိုခဏအတွင်း သူကြောင်နေသည်။ သူ့ကျောပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခုရောက်လာသလိုပင်။ သူဘာဖြစ်ချင်မှန်းမသိသော်လည်း နည်းနည်းလေးလံသလိုခံစားရသည်။

ထိုအခြေအနေတွင် ရုတ်တရက်အကြံတစ်ခုရသည်။ ရေခဲနှင်းစက်ကိုနေရာမြင့်မြင့်မှာထားရင် ဒါမှမဟုတ် ရဟတ်ယာဉ်ပေါ်ကဖွင့်ချရင် နှင်းပွင့်တွေကျလာမလား?

ထိုအကြောင်းတွေးရင်း ပါမောက္ခဝမ်က တစ်​ယောက်ယောက်ကိုတာဝန်ပေးခဲ့သည်။ ထို့နောက် သူကကားထဲဝင်ပြီး သူ့ရုံးခန်းထဲအပြေးပြန်လာသည်။ ဒီအကြံကို သူချက်ချင်းစမ်းကြည့်ချင်သည်။

ရေခဲနှင်းစက်နည်းပညာနဲ့ဖြန်းတဲ့ကိရိယာပေါင်းစပ်ဖို့က သိပ်မခက်။ ဘာပဲဖြစ်ဖြစ် ဖြန်းတဲ့ကိရိယာက ရေခဲနှင်းစက်နည်းပညာနဲ့ယှဉ်ရင် ဘာမှမဟုတ်ချေ။

မကြာမီ ချင်းလင်ကုမ္ပဏီနှစ်ကုန်ပါတီပွဲကို စတင်ကျင်းပသည်။ သို့သော် နှစ်ကုန်ပါတီပွဲတင်ဆက်မှုက နှင်းကျသည်နှင့်ယှဉ်လျှင် ချင်းလင်ဝန်ထမ်းများအတွက်စိတ်ဝင်စားစရာနည်းနေသည်။

မဲနှိုက်အစီအစဉ်ရောက်မှသာ ဝန်ထမ်းများစိတ်လှုပ်ရှားလာကြသည်။

အားကစားရုံတွင်နှင်းကျသောသတင်းက လိုင်းပေါ်လျင်မြန်စွာပြန့်သွား၏။ ချင်းလင်ကုမ္ပဏီဝန်ထမ်းများတင်ခြင်းဖြစ်ပြီး စိတ်ဝင်တစားပြောဆိုကြသည်။

"သော*က်.. ချင်းလင်ကုမ္ပဏီက ပိုပိုပြီးအံ့ဩစရာကောင်းလာတယ်... တောင်ပေါ်မှာနှင်းဖုံးထားတာမကြာသေးဘူး... အခုနှင်းကျအောင်လုပ်ပြပြန်ပြီ''

"တကယ်ကြီးလား? နှင်းကျနေတယ်... ဖန်တီးထားတဲ့ရှိုးပွဲမဟုတ်ဘူးနော်!''

"ချင်းလင်ကုမ္ပဏီက တစ်မြို့လုံးနှင်းဖုံးအောင်လုပ်နိုင်မလား သိချင်လိုက်တာ''

လိုင်းပေါ်အံ့ဩနေကြစဉ် နှစ်ကုန်ပါတီလုပ်နေသည့်အတောအတွင်း ချင်းလင်ရှုမျှော်ခင်း၊နတ်သမီးပုံပြင်တောင်ပေါ်သို့ လူတစ်စုခိုးဝင်လာသည်ကို ဘယ်သူမှမသိကြ။

ထိုတစ်စုမှာ ပစ္စည်းကိရိယာများတောင်ပါလာသည်။ သူတို့ကတောင်ပေါ်ရောက်သည်နှင့် စတူးကြတော့သည်။

All Chapters