← Chapters

အခန်း ၁၄၀၅

Vol. 94 Ch. 1405

အခန်း ၁၄၀၅

Vol. 94 Ch. 1405

အခန်း ၁၄၀၅: ချင်းလင်ရှုမျှော်ခင်းကပစ္စည်းကို လူမခိုးနိုင်!

အနည်းဆုံးတော့ ဒီလိုအကြံရှိတဲ့သူ တန်ရာတန်ကြေးပြန်ပေးရမည်။

နောက်ပြီး မာဟုန်ကိုသူယုံသည်။ ဘာပဲဖြစ်ဖြစ် သူကသာမန်လူမဟုတ်။ ဒီလိုသူခိုးမျိုးကိုမမိရင် သူတို့သိက္ခာကျမည်။

မာဟုန်က အချိန်ဖြုန်းမနေဘဲ သူ့လူများကိုစုကာ ပတ်ဝန်းကျင်မှာ စူးစမ်းရှာဖွေသည်။

ဒီကအခြေအနေကို သူသဘောပေါက်သည်။ အခုသူခိုးတွေကိုခြေရာလိုက်ခံရမည်။ ဒီလိုလုပ်သွားကတည်းက ခြေရာလက်ရာကျန်မည်ဟုသူယုံကြည်ထားသည်။

နောက်ပြီး ပုံမမှန်တာသတိထားမိဖို့မကြာလိုက်။ တဖက်ကတော်တာအသိအမှတ်ပြုသော်လည်း သူတို့လိုလူရှေ့မှာတော့ အတွေ့အကြုံနည်းသေးသည်။

ထိုမြင်ကွင်းကြောင့် ချင်လင်နှင့်တာဝန်ခံချန်တပေက အပန်းဖြေစံအိမ်ပြန်လာကြသည်။

သူခိုးကကြေးစားဆိုမှတော့ သူ့ထက်ဆရာကျတဲ့မာဟုန်တောင်မကိုင်တွယ်နိုင်ရင် သူစိတ်ပူနေလည်းအသုံးမဝင်။

ဒီတော့ စောင့်ကြည့်ရုံသာ။

ရှင်းမြို့မှာ နာမည်ကြီးခရီးသွားမြို့တစ်မြို့ဖြစ်ပြီး ရှင်းတောင်တန်းသည် 5A အဆင့်ရှိသောနာမည်ကြီးရှုမျှော်ခင်းနေရာဖြစ်သည်။

မူလက ရှင်းတောင်မှာ ပရမ်းပတာနိုင်သောနေရာဖြစ်သည်။ သို့ရာတွင် ရှန်ကျန်းမှစီးပွားရေးသမားတစ်ယောက်က ဒီတောင်ကိုမျက်စိကျပြီး 5A အဆင့်ရှုမျှော်ခင်းနေရာဖြစ်အောင် တဖြည်းဖြည်းပုံသွင်းခဲ့သည်။

ရှင်းတောင်ပိုင်ရှင်က ရွမ်ဟွေ့မင်ဖြစ်သည်။ သူ့အဖေက ပြည်မထဲအရင်ဆုံးရောက်လာသောရှန်ကျန်းလုပ်ငန်းရှင်များထဲမှတစ်ဦးဖြစ်သည်။ နောက်ပိုင်း သူကအမွေဆက်ခံပြီး ရှင်းတောင်ကို 5A အဆင့်ရှုမျှော်ခင်းဖြစ်အောင်လုပ်ခဲ့သည်။

နောက်ပြီး သူ့မှာအန္တိမပန်းတိုင်တစ်ခုရှိသည်။ ရှင်းတောင်ရှုမျှော်ခင်းနေရာကို ရှန်ကျန်းမှာစာရင်းဝင်ဖြစ်အောင်လုပ်မည်ဆိုသောပန်းတိုင်ပင်။ ရှန်ကျန်းက သူ့အဆက်အသွယ်များနှင့်ဆိုဖြစ်နိုင်သည်။

နောက်ပြီး ရှုမျှော်ခင်းနေရာတွေကို စျေးကွက်စာရင်းတင်သွင်းတာ ရှားပါးသည်တော့မဟုတ်။

မူလအစီအစဉ်အတိုင်းအဆင်ချောရင် သူတို့ရှင်းတောင်လည်း အဆုံးစွန်ထိဖွံ့ဖြိုးလာမည်။ သို့ရာတွင် သူတို့ရှင်းတောင်ခရီးသည်ဦးရေမှာ ဘယ်အချိန်ကမှန်းမသိဘဲ ကျဆင်းသွားခဲ့သည်။

အကြောင်းမှာ ချင်းလင်ရှုမျှော်ခင်းနာမည်ကြီးလာသောကြောင့်ပင်။ သူတို့လုပ်ငန်းက ချင်းလင်ရှုမျှော်ခင်းနှင့်ဆင်တူသည်။ အထူးသဖြင့် တောတောင်ရှုခင်းများက ချင်းလင်ရှုမျှော်ခင်းမှနတ်သမီးပုံပြင်တောင်နှင့်တဆင်တည်းဖြစ်သည်။

နတ်သမီးပုံပြင်တောင်ပေါ်လာပြီးနောက် ရှင်းတောင်ရှုမျှော်ခင်းခရီးသည်ဦးရေ သိသိသာသာကျဆင်းလာသည်။

ဒါကြောင့်လည်း စျေးကွက်စာရင်းဝင်အောင်လုပ်မည်ဆိုသောသူ့အစီအစဉ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာသည်။

ထို့​ကြောင့် မဖြစ်မနေအပြောင်းအလဲလုပ်ရန်စဉ်းစားကြည့်သောအခါ နတ်သမီးပုံပြင်တောင်ပေါ်မှအရောင်ထွက်သောနွယ်ပင်များနှင့်ညဘုရင်မပင်ကိုပစ်မှတ်ထားရန်ဖြစ်လာသည်။

အဲဒီအပင်တွေရအောင်ယူပြီး ရှန်ကျန်းမှဓာတ်ခွဲခန်းတချို့နှင့်ဆက်သွယ်မည်။ နည်းနည်းပါးပါးပြုပြင်ပြီး အပင်နာမည်ပြောင်းမည်။

အဲဒီနောက် ရှန်ကျန်းမှာပျိုးထောင်ပြီး သူ့ကိုယ်ပိုင်ရှုမျှော်ခင်းမှာစိုက်မည်။

ရှန်ကျန်းမြို့ကိစ္စအတော်များများမှာ အထက်လူတွေက ဝင်မပါတတ်။

ရွမ်ဟွေ့မင်တွေးတောနေစဉ် ဖုန်းမြည်လာသည်။ သူကနံပါတ်ကိုကြည့်ပြီး ချက်ချင်းဖုန်းကိုင်ကာမေးလိုက်သည်_

"ဘယ်လိုလဲ?''

"မပူပါနဲ့ လူကြီးမင်းရွမ်... ကျွန်တော်တို့ရခဲ့ပြီ... အမြန်ပြန်လာခဲ့မယ်''

ထိုစကားကြောင့် ရွမ်ဟွေ့မင်မျက်နှာဝင်းထိန်သွားသည်။

ကြေးစားများကို သူခေါ်ထားခြင်းပင်။

ရှန်ကျန်းတွင် အထူးသမိုင်းကြောင်းရှိသောကြောင့် အထူးပုဂ္ဂိုလ်များသည်။ ပြည်မကြီးလိုတင်းကြပ်ထားခြင်းမရှိ။

အထူးသဖြင့် မနှစ်ကဖြစ်ခဲ့သောပရမ်းပတာဖြစ်ရပ်နောက်ပိုင်း ဒီနေရာမှာခိုဝင်ပုန်းအောင်းသူများလာပြီး ရာဇဝတ်ကောင်များဘေးကင်းရာခိုလှုံရာစခန်းတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြသည်။

ထို့ကြောင့် ဒီလိုလူမျိုးရှာဖို့မခက်။

တဖက်လူကြောင့် သူစိတ်မပျက်ရ။ ကြေးများများပေးရသော်လည်း တန်သည်။

အချိန်လွန်သည်နှင့် မကြာမီ နှစ်သစ်ကူးပွဲရောက်လာသည်။

ဒီအချိန် နှစ်သစ်ပွဲအတွက် အားလုံးအိမ်ပြန်ကြသောကြောင့် လမ်းများမှာလူသူနည်းသွားသည်။

ရှင်းတောင်ရှုမျှော်ခင်းလည်း ဒီအတိုင်းပင်။ ရွမ်ဟွေ့မင်က နှစ်သစ်အတွက်အိမ်ပြန်ရန်ပြင်ဆင်သည်။ သို့သော် မပြန်ခင် နတ်သမီးပုံပြင်တောင်ပေါ်မှနွယ်နှင့်ညဘုရင်မပင်ကိုယူသွားရမည်။

နောက်ပြီး လူသိခံလို့မရ။ မှောင်ခိုသာလုပ်ကမည်။ အထူးပြုတစ်ယောက်ကိုလည်း သူချိတ်ဆက်ထားပြီးဖြစ်သည်။

ပစ္စည်းရောက်လာမည့်အချိန်စောင့်ရုံသာ။

နောက်ပြီး မကြာမီ သူ့ရှင်းတောင်ရှု​မျှော်ခင်းက နတ်သမီးပုံပြင်တောင်လိုနာမည်ကြီးလာမည်ဟုလည်း ယုံကြည်ထားသည်။

ချင်းလင်ရှုမျှော်ခင်းလို နတ်သမီးပုံပြင်တောင်တစ်တောင်တည်းကပ်ကပ်သပ်သပ်စိုက်ထားမည်မဟုတ်။ ဒီနှစ်ပင်ကို ရှင်းတောင်တန်းအနှံ့စိုက်ပစ်မည်။

သူ့ရှင်းတောင်က နတ်သမီးပုံပြင်တောင်ထက်အများကြီးပိုမြင့်သည်။ အရွယ်အစားချင်းတောင် နတ်သမီးပုံပြင်တောင်ကမယှဉ်နိုင်။

အရေးအကြီးဆုံးက အားလုံးသိသွားဖို့ပင်။ အဲဒီကျရင် ပိုက်ဆံတသဲသဲဝင်လာလိမ့်မည်။

မကြာမီ ရှင်းတောင်ရှုမျှော်ခင်းသို့ကားတစ်စီးမောင်းဝင်လာပြီး ကားပေါ်မှလူသုံးလေးယောက်ဆင်းလာသည်။

အားလုံးကိုယ်ကြပ်အင်္ကျီများဝတ်ထားကြ၏။ နာမည်ကြီးတောပုန်းကြီးများပင်။ နိုင်ငံတကာမှာတောင်နာမည်ကြီးသည်။

အဖွဲ့ခေါင်းဆောင်မှာ ကြွက်ကြီးဖြစ်ပြီး အလွန်နာမည်ကြီးသည်။ ယန်ဇီမြစ်တွင် ကောလာဟလရှိသည်ဟုပြောရမည်။

သင်သာငွေကြေးတတ်နိုင်ပါက ကြွက်ကြီးမရနိုင်တာမရှိပါတဲ့။

"ကြွက်ကြီး.. ပစ္စည်းရော?''

ရွမ်ဟွေ့မင်က အလောတကြီးရောက်လာသည်။

ကြွက်ကြီးက ကားနောက်ဖုံးဖွင့်လိုက်သည်။ အထဲတွင် အပင်သေတ္တာနှစ်ပုံးပါသည်။ ထိုသေတ္တာများထဲတွင် နွယ်ပင်နှင့်ညဘုရင်မပင်ကိုတွေ့ရသည်။

ညမှောင်ချိန်ဖြစ်သော​ကြောင့် အပင်မှအလင်းလည်းထွက်နေပြီ။

ဒါပဲ။

ရွမ်ဟွေ့မင်ဝမ်းသာသွားပြီး_

"ကောင်းပြီ ကြွက်ကြီး.. အခုငါ့ကိုရှန်ကျန်းလိုက်ပို့... ငါဒီအပင်ကို ရှန်ကျန်းမှာပျိုးထောင်ချင်တာ... မင်းကိုကျန်တဲ့ပိုက်ဆံပေးမယ်''

"လူကြီးမင်းရွမ် အဲလောက်မလောပါနဲ့... ကျုပ်တို့က အလုပ်ပင်ပန်းလာတာ... မနက်ဖြန်မှသွားလို့ရပါတယ်... ကျုပ်တို့လက်ချက်ဆိုတာ သူတို့သိတောင်မသိဘူး!''

ကြွက်ကြီးကခေါင်းညိမ့်ပြီး ရွမ်ဟွေ့မင်ကိုကားထဲခေါ်လိုက်သည်။

သူလုံးဝစိတ်ပူစရာမလိုသောကြောင့်ပင်။

ဘာပဲဖြစ်ဖြစ် သူတို့နည်းလမ်းအရ ချင်းလင်ရှုမျှော်ခင်းကလူတွေမသိနိုင်သောကြောင့် သဲလွန်စရဖို့မဖြစ်နိုင်၊ သူတို့ကိုခြေရာခံဖို့မဖြစ်နိုင်။

ဒါသူတို့ယုံကြည်ချက်ပင်။ ဘယ်လောက်နာမည်ကြီးတဲ့ရှုမျှော်ခင်းနေရာဖြစ်ဖြစ် ရှုမျှော်ခင်းနေရာတစ်ခုသာ။

လုံခြုံရေးအစောင့်တွေ၊ ပတ္တရောင်လှည့်ရဲတွေဆိုတာ ကြက်တွေ၊ ခွေးတွေနဲ့မခြား။

ရွမ်ဟွေ့မင်မှာ ကြွက်ကြီးစကားကြောင့် ခေါင်းသာညိမ့်လိုက်ရသည်။ တဖက်လူအရည်အချင်းကို သူသိသည်။ မဟုတ်ရင် သက်လတ်ပိုင်းလူတစ်ယောက်က သူ့ကိုတဖက်လူနှင့်မိတ်ဆက်ပေးမည်မဟုတ်။

တကယ်တော့ တဖက်က ပစ္စည်းလက်ရယူပြီး လုံလုံခြုံခြုံပြန်လာနိုင်ကတည်းက သူတို့အင်အားကိုသက်သေပြနေပြီ။

နိုင်ငံတကာရဲများ ကြွက်ကြီးတို့အဖွဲ့ကိုမျက်စိဒေါက်ထောက်ကြည့်နေသည့်ကြားကတောင် နောက်ဆုံးလွတ်မြောက်ခဲ့သေးသည်။

ရှုမျှော်ခင်းနေရာမှာလုံခြုံရေးဘယ်လောက်များများ၊ စီရင်စုငယ်လေးကရဲတွေ ဘယ်လောက်စုံစမ်းစုံစမ်း၊ သူ့ကိုရှာနိုင်မည်မဟုတ်။

ရုံချန်းကရဲတွေ ရုံချန်းမှာများရှာနေလိမ့်မလား?

ချင်းလင်ရှုမျှော်ခင်းက ရဲကိုမခေါ်မှန်းသူမသိ။ မာဟုန်တို့က ရဲခေါ်နေမလား? နောက်နေတယ်ဟုတ်?

ကမ္ဘာ့နံပါတ်တစ်သူခိုးနဲ့ဂျပန်ရဲ့နံပါတ်တစ်လုပ်ကြံရေးသမားတောင် မာဟုန်တို့လက်မှာ အလွယ်တကူမိသွားခဲ့သည်။ အခုထိ ရုံချန်းထောင်ထဲကအပ်ချုပ်စက်မှာ အလုပ်လုပ်နေကြတုန်း။

ဒီအကြောင်းကို ရွမ်ဟွေ့မင်နဲ့ကြွက်ကြီးတို့မသိကြ။

ရွမ်ဟွေ့မင်က ကြွက်ကြီးကိုကောင်းကောင်းဧည့်ခံနေသည်။

ညပိုင်းကုန်လွန်ပြီးနောက်တစ်နေ့ရောက်သောအခါ သေတ္တာထဲမှနတ်သမီးပုံပြင်နွယ်နှင့်ညဘုရင်မကိုရေလောင်းပြုစုချင်သောကြောင့်သွားကြည့်သည်။

သို့ရာတွင် သေတ္တာရှေ့ရောက်ပြီး အထဲတွင်မြင်ရသောမြင်ကွင်းကြောင့် သူချက်ချင်းမျက်နှာပျက်သွားသည်။

All Chapters