← Chapters

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အခန်း ၁၄၀၇: ချင်းလင်ရှုမျှော်ခင်းကလုံခြုံရေးအရမ်းကောင်း? ၂

မာဟုန်ကကြွက်ကြီးကိုလက်ညိုးထိုးပြီး_

"ဒီလူကတော်ရုံမဟုတ်ဘူး... နှစ်သစ်မှာ ဟိုနှစ်​ယောက်နဲ့အတူခတ်ထားရင် အကောင်းဆုံးပဲ... မဟုတ်ရင် အချိန်ကုန် လူပန်းလိမ့်မယ်''

မာဟုန်ပြောတဲ့နှစ်ယောက်ကို ခေါင်းဆောင်ဟုန်သိသည်။

ကမ္ဘာ့နံပါတ်တစ်သူခိုး Mike နှင့် ဂျပန်မှနံပါတ်တစ်လုပ်ကြံသ*တ်ဖြတ်ရေးသမား Yamamoto ဖြစ်သည်။

ဒီတော့ ခေါင်းဆောင်မာက ဒီလူကိုဟိုနှစ်​ယောက်နဲ့အတူတူပဲလို့ပြောတာလား?

နောက်ထပ်နိုင်ငံ့ဂုဏ်ဆောင်ကြီးတစ်ခု သူ့တံခါးဝရောက်လာပြီလား?

သူကတုံ့ဆိုင်းမနေဘဲ ချက်ချင်းကြွက်ကြီးကိုလက်ထိပ်ခတ်ခိုင်းကာ ရုံချန်းထောင်ပို့လိုက်သည်။

ခေါင်းဆောင်မာက အဆင့်မြင့်၊ အထူးရာထူးရှိသူမှန်း သူသိသည်။ သူ့စကားအရ ကြွက်ကြီးကအန္တရာယ်ရှိသူဖြစ်ကြောင်းပြနေပြီး သူအစီအစဉ်ဆွဲထားပြီးဖြစ်ရမည်။

မြန်မြန်ဆန်ဆန်ပင် ကြွက်ကြီးကိုရုံချန်းထောင်ပို့လိုက်သည်။

ကမ္ဘာ့အဆင့်ရာဇဝတ်ကောင်နှစ်ကောင် Mike နှင့် Yamamoto ကိုထိန်းသိမ်းရန် ရုံချန်းထောင်မှာ သီးသန့်အခန်းဆောက်ရသည်။

သူတို့နှစ်ဦးကိုစောင့်ကြပ်ရန် တစ်နေ့နှစ်ကြိမ်တောင်အစောင့်လဲရသည်။

အခု ဒီအထူးထောင်က တတိယမြောက်ပုဂ္ဂိုလ်ကိုကြိုဆိုလိုက်ပြီ။ တခြားလူမဟုတ်၊ ကြွက်ကြီးပင်။

ကြွက်ကြီးမှာထိန်းသိမ်းခံရပြီး မျက်နှာမှုန်ကုန်နေသည်။ သူဒီလောက်ကံဆိုးမည်မှန်းမသိခဲ့။ နိုင်ငံတကာရဲများတောင် သူ့ကိုမဖမ်းနိုင်။

ထောင်ထဲမှနှစ်ယောက်ကိုကြည့်ပြီး ကြွက်ကြီးမျက်နှာပိုမှုန်ကုပ်သွားသည်။ ဒီနှစ်​ယောက်က သူ့ကိုလျစ်လျူရှုထားသလိုပင်။ သူဝင်လာတာ ကြည့်တောင်မကြည့်။

သို့သော် ထိုအချိန်တွင် သူတို့နှစ်ယောက်ကစကားစပြောကြသည်။

"နောက်တစ်ယောက်''

"ဟုတ်တယ်... ဒီလောက်ကြာမှ တစ်ယောက်ပဲရောက်လာတယ်... သူ့ကိုဘယ်သူထည့်လိုက်လဲသိချင်တာ''

သူတို့နှစ်ယောက်စကားဝိုင်းမှာ ကြွက်ကြီးကိုလျှော့တွက်ထားပြီး လှည့်တောင်မကြည့်ကြချေ။

ထို့ကြောင့် ကြွက်ကြီးစိတ်ဆင်းရဲသွားသည်။

သူစိတ်ထွက်ပေါက်လိုချင်သည့်အချိန်တွင် သူ့ရှေ့မှနှစ်ယောက်က ပစ်မှတ်ကောင်း​ဖြစ်နေသည်။

ထောင်ထဲမှာစိတ်ထွက်ပေါက်ရမည့်လူရှာကြတာ သဘာဝပင်။

သူများကိုပြဿနာရှာပြီးရိုက်ချင်တာထက်မပို။

ဒီနှစ်ယောက်က သူ့ကိုအထင်သေးနေသည်။

ကြွက်ကြီးက Yamamoto ဆီတန်းလျှောက်သွားပြီး အေးစက်စက်အသံနှင့်_

"မင်းအိပ်ရာကို ငါမျက်စိကျနေတယ်!''

Yamamoto ကိုဖယ်ပေးစေချင်သည့်သဘော။

Yamamoto ရယ်လိုက်သည်။ ဂျပန်နိုင်ငံ၏နံပါတ်တစ်လုပ်ကြံရေးသမားဖြစ်သောကြောင့် နောက်ဆုံးတစ်ခေါက်ကအပြတ်အသတ်ရှုံးနိမ့်ခဲ့သော်လည်း သူ့အင်အားက သူများရန်စစရာမဟုတ်။

သူကပြုံးပြီး မတ်တပ်ထရပ်လိုက်သည်။

ထိုမြင်ကွင်းကိုကြွက်ကြီးမြင်သောအခါ တဖက်လူကြောက်နေပြီဟုတောင်ထင်လိုက်သည်။ သူကထိုင်ချမည်အပြုတွင် လေထဲမှလက်သီးလှုပ်ရှားမှုကိုခံစားမိလိုက်သည်။ တဖက်က စလှုပ်ရှားပြီ။

သူကအမှတ်တမဲ့လက်မောင်းနှင့်ကာလိုက်သော်လည်း လက်မောင်းတွင်ပြင်းပြင်းထန်ထန်နာကျင်မှုကိုခံစားရသောကြောင့် အံ့ဩပြီးနောက်ပြန်ဆုတ်လိုက်သည်။ သူ့လက်မောင်းထုံထိုင်းနေပြီ။

တဖက်လူအင်အားကို သူလန့်သွားသည်။

စီရင်စုငယ်လေးကထောင်ထဲမှာ ဒီလိုပညာရှင်မျိုးရှိနေမည်ဟု ကြွက်ကြီးမထင်မိ။ သူမလှုပ်ရှားနိုင်ခင် တဖက်လူက သူ့ရင်ဝကိုဒူးနှင့်ဝင်တိုက်သောကြောင့် သူလွှင့်ထွက်သွား၏။

ထိုအချိန်တွင် Yamamoto ကို ကြောက်ကြောက်လန့်လန့်နှင့်သူကြည့်လိုက်သည်။

ထို့နောက် Mike ကိုကြည့်သည်။

ဒီနိုင်ငံခြားသားက...

Mike က သူ့ဆီလျှောက်လာပြီး ပြုံးပြုံးနှင့်_

"သူကငါ့ကိုကြည့်နေတယ်... ကြည့်ရတာ ငါနဲ့ချချင်လို့ထင်တယ်!''

Yamamoto က ကြွက်ကြီးကိုမျှော်လင့်စောင့်စားပုံနှင့်ကြည့်လိုက်သည်။ Mike ၏အရည်အချင်း၊ Mike ဘယ်သူဘယ်ဝါမှန်း သူသိသည်။ ကမ္ဘာ့နံပါတ်တစ်သူခိုးဟုတောင်ကြားဖူးသည်။ သူ့ထက်ပိုနာမည်ကြီးသည်။

Mike ကြောင့်လည်း သူရှုံးနိမ့်ပြီးစိတ်ပျက်နေရာမှ စိတ်ခံစားချက်ကောင်းလာသည်။

ကြွက်ကြီး မပျော်တော့။

သူအပြတ်အသတ်ရှုံးနေပြီ။ ဒီထောင်ထဲကအကျဉ်းသားကိုသင်ခန်းစာပေးချင်ပေမဲ့ သင်ခန်းစာအပေးခံရတာ သူဖြစ်နေမယ်လို့ဘယ်ထင်မလဲ? လုံးဝစိတ်ထိခိုက်စရာ။

ထို့ကြောင့် Mike အနားကပ်လာသောအခါ သူက ခုန်တိုက်ရန်ပြင်လိုက်သည်။ သို့သော် Mike က ရင်ဝကိုကန်လိုက်သောကြောင့် သူလေထဲနောက်ပြန်လွင့်သွား၏။

ရင်ဝမှနာကျင်မှုကြောင့်လန့်ပြီး သူ့မျက်နှာမှာအံ့ဩမှုကအတိုင်းသား။ သူက Mike ကိုမယုံနိုင်ပုံနှင့်ကြည့်လိုက်သည်။ မယုံနိုင်သည်ထက် လုံးဝကြောင်နေသည်။

ဒီအခြေအနေကို သူလုံးဝနားမလည်နိုင်။ သူ့အရည်အချင်းကို သူအရမ်းယုံကြည်ခဲ့သည်။ သူကကြွက်ကြီး၊ သူလည်းနာမည်ကြီး။

ဒါပေမဲ့ ဒီစီရင်စုငယ်လေးကထောင်ထဲမှာ ဒီလူနှစ်​ယောက်ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ?

"ပြောစမ်း.. မင်းဘယ်သူလဲ? ဘယ်လိုလုပ်ရောက်လာတာလဲ?''

Mike က ကြွက်ကြီးကို လှောင်ပြုံးနှင့်ကြည့်နေသည်။

ထိုအမေးကို ကြွက်ကြီးပြန်မဖြေဘဲမနေရဲ။ သူကဒီလောကသားဖြစ်၍ ဘယ်အချိန်အရှုံးပေးရမလဲသူသိသည်။ ဒီထောင်ထဲမှာ သူကညီလေးတစ်ယောက်သာ။

သူကချက်ချင်းရှင်းပြသည်_

"ကျွန်တော်က ကြွက်ကြီးပါ... ပစ္စည်းခိုးရင်းနဲ့ ချင်းလင်စံအိမ်လုံခြုံရေးအစောင့်တွေလက်မှာမိသွားတယ်... အဲဒါပါပဲ''

"သော*က်.. ဒီလုံခြုံရေးတွေပဲ!''

ထိုစကားကြောင့် Mike အတိတ်ဆိုးကိုမြင်ယောင်သွားသည်။

သူလည်း သော*က်လုံခြုံရေးတွေဖမ်းတာခံခဲ့ရသည်။

ရှုမျှော်ခင်းလုံခြုံရေးအစောင့်က ဘာလို့ဒီလောက်စွမ်းမှန်း သူမသိ။ လုံးဝမယုံနိုင်စရာ။

Mike လည်း ကြွက်ကြီးကိုစာနာမိပြီး_

"မင်းက အသစ်ရောက်လာတာဆိုတော့ အိပ်ရာကောင်းကောင်းရွေးလိုက်ဦး... ဒါနဲ့ ငါ့နာမည်က Mike... နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ပဲ... သူက Yamamoto.. ဂျပန်နိုင်ငံရဲ့နံပါတ်တစ်လုပ်ကြံရေးသမား''

“???”

သူတို့နှစ်ယောက်နာမည်ကြားပြီး ကြွက်ကြီးမှာအံ့ဩလွန်း၍မျက်လုံးပြူးသွားသည်။

အဲဒီနောက် သူစိတ်သက်သာရာရပြန်သည်။

ဒီနှစ်ယောက်က ဒီလိုလူတွေဆိုရင် သူခံရမှာပင်။ ပြီးတော့ ဒီလိုလူတွေတောင်အဖမ်းခံရတာ၊ သူဒီလောက်စိတ်မညစ်တော့။

အချိန်ကုန်လွန်သွားသည်။

မကြာမီ နှစ်သစ်ကူးပွဲပြီးသွား၏။

နှစ်သစ်အားလပ်ရက်ပြီးသောအခါ တစ်နိုင်ငံလုံးမှကုမ္ပဏီအားလုံး အလုပ်ပြန်စသည်။

တဖက်တွင် ချင်းလင်ကုမ္ပဏီဝန်ထမ်းများက နှစ်ရက်ပိုနားရသည်။ တခြားနေရာသွားစရာမလိုဘဲ ကိုယ့်ဒေသမှာလုပ်ရသောကြောင့်ပင်။ ထို့ကြောင့် ချင်းလင်ကုမ္ပဏီကို သတ်မှတ်ထားသောအချိန်မတိုင်မီပြန်လာပြီးအလုပ်ဝင်စရာမလိုပေ။

ချင်လင်လည်း သူ့ရွာမှာကြာကြာနေရသည်။ ဘာပဲဖြစ်ဖြစ် သူ့အိမ်ဟောင်းကိုပြန်ရောက်ခဲသည်။

သူချင်းလင်အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ချင်းလင်ရှုမျှော်ခင်းလုပ်ငန်းက အဆင်သင့်ဖြစ်နေပြီ။

ရုံးခန်းထဲ၌_

ချင်လင်လည်း ခါတိုင်းလို အဝါရောင်သစ်မွှေးထိုင်ခုံတွင်ထိုင်နေသည်။ သူ့စိတ်ထဲတွင် ဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား အဆင့်မတက်ခင်ကဖွင့်ထားသောမျိုးပြောင်းမြေကိုအဆင့်မြှင့်ခိုင်းကြည့်သည်။

နည်းလမ်းမျိုးစုံလုပ်ကြည့်သော်လည်း နောက်ဆုံး ဘာမှမရဘဲရှိနေ၏။ တက်လာသောအသိပေးစာတိုင်းမှာ 'အဆင့်မြှင့်ရန်ပစ္စည်းမရှိပါ' ချည်း။

ဒီတစ်ခါ အာကာသမြေထက်တောင်အဆင့်မြှင့်ရန်ခက်နေသည်။

အရင်တစ်ခါအာကာသမြေက အဆင့်မြှင့်ဖို့မကြာလိုက်။

အဲဒီနောက် ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေပြီး ဇာတ်ကွက်ရှိမရှိရှာစေသည်။

ဖြစ်ချင်တော့ ဘာမှမရဘဲ နောက်တစ်ရက်ကုန်သွားသည်။

ထို့နောက် သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားစေသည်။

ဒီရက်ပိုင်း သူနေ့တိုင်းတစ်လွှာတူးသော်လည်း နေ့တိုင်းဘာမှမရ။ ထို့ကြောင့် ကံဆိုးသည့်အချိန် အလွှာအားလုံးတူးမိမည်စိုးသောကြောင့် နေ့တိုင်းအမြန်ရပ်လိုက်ရသည်။

သို့သော် ဒီနေ့ သူကံကောင်းနေပုံရသည်။ ထိုအလွှာစတူးပြီးမကြာမီ စနစ်အသိပေးစာရသည်။

(ဂုဏ်ယူပါတယ်... အထူးမျိုးစေ့ကျောက်တူးဖော်ရရှိပါတယ်!)

အသိပေးစာကြောင့် ချင်လင်မျက်လုံးကျယ်သွားသည်။ နောက်ဆုံးတော့ ဒီလောက်ကြာမှ ပစ္စည်းကောင်းတစ်ခုတွေ့ပြီ။

မျိုးစေ့ကျောက်ရတယ်ဆိုတော့ မျိုးစေ့နောက်တစ်မျိုးရမယ့်သဘော!

ဘာမျိုးစေ့နဲ့လဲရလဲရ ရတာပဲ!

ချင်လင်က ထိုအလွှာပြီးအောင်ဆက်တူးလိုက်သည်။ သူဘာမှမတွေ့သောအခါ ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေသည်။

(ဒီအံ့ဩစရာကျောက်တုံးကိုရခဲ့တယ်ပေါ့! တကယ်မယုံနိုင်စရာပဲ... ကြည့်ခွင့်ပေးမလား?)

(မျိုးစေ့အသစ်သုတေသနလုပ်နိုင်သည်!)

အသိပေးစာကြောင့် ချင်လင်ကချက်ချင်းအတည်ပြုပေးလိုက်သည်။

ဂိမ်ဇာတ်ကောင်ကိုလာခိုင်းတာလည်း မျိုးစေ့လိုချင်လို့မလား?

(ခဏစောင့်ပါ... ဒီထူးဆန်းတဲ့ကျောက်တုံးကို အခုချက်ချင်းလေ့လာပေးပါမယ်!)

သိပ်မကြာမီ ဂိမ်းထဲတွင်စာနောက်တစ်စောင်တက်လာသည်ကို ချင်လင်တွေ့ရသည်:

(အရမ်းအံ့ဩစရာကောင်းတာပဲ... ဒီထူးဆန်းတဲ့ကျောက်တုံးနဲ့ ဆန်းကြယ်တဲ့မျိုးစေ့တစ်မျိုးကိုလေ့လာတွေ့ရှိရတယ်!)

စကားပြောပြီးသောအခါ မျိုးစေ့ဆိုင်ပိုင်ရှင်က စကားပြောရပ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

ချင်လင်ကချက်ချင်း ဆိုင်ပိုင်ရှင်ပေါ်နှိပ်လိုက်ရာ မျိုးစေ့စာရင်းထွက်လာသည်။

မျိုးစေ့စာရင်းကိုအမြန်ဆွဲကြည့်ရာ မျိုးစေ့အသစ်တစ်မျိုးကိုတွေ့ရပြီး ချင်လင်အံ့ဩသွားသည်။

(အထူးမျိုးပြောင်းလရောင်သစ်ပင်မျိုးစေ့: အာကာသ!)

All Chapters