အခန်း ၁၄၀၈
Vol. 94 Ch. 1408
အခန်း ၁၄၀၈: အဆင့်မြှင့်နိုင်တဲ့သစ်ပင်!
(အထူးမျိုးပြောင်းလရောင်သစ်ပင်မျိုးစေ့: အာကာသ)
အထူးမျိုးပြောင်းအာကာသမျိုးစေ့ဖြစ်သည်။ မျိုးစေ့ရှင်သန်လျှင် အထူးအာနိသင်ရှိမည်!
ချင်လင်က မျိုးစေ့ကိုမြင်ပြီး မျိုးပြောင်းအာကာသနွယ်၊ညဘုရင်မနှင့်အတူတူဖြစ်ရမည်ဟု သဘောပေါက်လိုက်သည်။
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား အထူးမျိုးပြောင်းလရောင်သစ်ပင်မျိုးစေ့ကိုဝယ်ခိုင်းလိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး မျိုးပြောင်းလရောင်သစ်ပင်ကိုတန်းစိုက်စေသည်။
သူ့ဂိမ်းဇာတ်ကောင်အားဆက်ခိုင်းမည်အပြုတွင် ရုံးခန်းတံခါးခေါက်သံကြားရ၏။
ရန်သုံ့က လီယွဲ့ချုံနှင့်အတူဝင်လာသည်။
"ဥက္ကဌချင်!''
"ဥက္ကဌချင်!''
ရန်သုံ့နှင့်လီယွဲ့ချုံက သူ့ကိုအမြန်နှုတ်ဆက်သည်။
"ဒီနေ့ဘယ်လိုဖြစ်ပြီးရောက်လာလဲ?''
ချင်လင်က သူတို့နှစ်ဦးကိုထိုင်ခိုင်းပြီး မေးလိုက်သည်။
"ဥက္ကဌချင်''
ရန်သုံ့က အစီရင်ခံသည်_
"ဟိုင်ကွားမွေးမြူရေးကိစ္စပါ... မန်နေဂျာလီက အစီရင်ခံဖို့ပြောတယ်''
"ဥက္ကဌချင်''
လီယွဲ့ချုံက ချက်ချင်းပင်_
"ဟိုင်ကွားတွေရတော့မယ်... တစ်လနှစ်လလောက်ဆိုရပါလိမ့်မယ်''
"မြန်လှချည်လား?''
ချင်လင် နည်းနည်းအံ့ဩသွားသည်။
ဟိုင်ကွားက ကြီးထွားချိန်မြန်သည်ဆိုသော်လည်း ဒီလောက်မဟုတ်။
"ဥက္ကဌချင်''
လီယွဲ့ချုံက_
"အဲဒါ ဥက္ကဌပျိုးထောင်ထားလို့ဖြစ်မယ်... ဒီဟိုင်ကွားတွေကြီးတာအရမ်းမြန်တယ်... ကြီးထွားပုံကလည်း သာမန်ဟိုင်ကွားတွေနဲ့မတူဘူး''
"သွားကြည့်ရအောင်!''
ချင်လင်ကပြောသည်။
ဟိုင်ကွားကို သူပျိုးထောင်ထားခြင်းမဟုတ်။ ဂိမ်း TV ရှိုးအစီအစဉ်မှဝယ်လာခြင်းပင်။
နောက်ပြီး ဟိုင်ကွားအာနိသင်အရမ်းကောင်းမှန်း သူသိသည်။
ချင်လင်၊ရန်သုံ့နှင့်လီယွဲ့ချုံက ခရီးသည်ကားနှင့် ဟိုင်ကွားမွေးမြူရေးကန်သွားသည်။
ကမ်းနားရောက်သောအခါ အထူးမွေးမြူရေးလှောင်ကန်ထဲတွင်လှုပ်ရှားနေသောဟိုင်ကွားအုပ်စုကိုတွေ့ရသည်။
ချင်လင်က ဟိုင်ကွားကိုကြည့်လိုက်သည်။ ဂိမ်းထဲမှအကောင်နှင့် အရောင်နည်းနည်းကွဲသည်မှလွဲ၍ တထပ်တည်းနီးနီးတူသည်။ အကောင်လုံးလုံးမကြီးသေးသောကြောင့်ပင်။
ချင်လင်ကတစ်ချက်ကြည့်ပြီး ဟိုင်ကွားမွေးမြူရေးကို လီယွဲ့ချုံကောင်းကောင်းလုပ်ထားမှန်းသိလိုက်သည်။
ဟိုင်ကွားကို သူမျှော်လင့်စောင့်စားနေဆဲပင်။
ဟိုင်ကွားမှာအထူးအရည်အသွေးရှိသောကြောင့် အပြင်းအထန်လေ့ကျင့်ရေးနှင့်ရေရှည်ပူးပေါင်းလုပ်ဆောင်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးလာနိုင်သည်။
အမှန်အတိုင်းပြောရရင် ဒီအရည်အသွေးနှင့် အမျိုးသားဘောလုံးအသင်းချွေးပိုထွက်ရလိမ့်မည်။ အမျိုးသားဘောလုံးအသင်းကိုတောင် ကယ်ကောင်းကယ်နိုင်သည်။
မွေးမြူရေးခြံတွင်စစ်ဆေးပြီးနောက် ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
နောက်တစ်နေ့_
အထူးလရောင်သစ်ပင်ကြီးလာပြီဖြစ်ကြောင်းအသိပေးစာတက်လာသည်။
လူပုလေးများက လရောင်သစ်ပင်ကိုရိတ်သိမ်းပြီးစီနေကြသည်။
ချင်လင်ကချက်ချင်း သု့ရုံးခန်းထဲဝင်ပြီး တံခါးလော့ချကာ ဂိမ်းထဲဝင်သည်။
သူဝင်လိုက်သည့်အချိန်အတွင်း လူပုလေးများက အထူးလရောင်သစ်ပင်ကိုရိတ်သိမ်းကာ အပင်များထားသောခြံဝင်းထဲထည့်လိုက်ပြီဖြစ်သည်။
သူက အထူးလရောင်သစ်ပင်တစ်ပင်ကိုထိပြီး မှတ်ချက်ကြည့်လိုက်သည်:
(မျိုးပြောင်းလရောင်သစ်ပင်: အာကာသ!)
(အာကာသထဲအထူးမျိုးပြောင်းထားသောသစ်ပင်ဖြစ်သည်။ နေ့အချိန်အလင်းရောင်ကိုစုပ်ယူပြီး အပင်ဆဲလ်များတွင်အထူးအာနိသင်ရှိလာသည်။ ညပိုင်းတွင် အလင်းဖျော့ဖျော့လည်းထုတ်လွှတ်ပေးနိုင်သည်။ အချိန်အချိုးအစားမှာ:
နေရောင်တစ်နာရီစုပ်ယူပြီး အလင်းဖျော့ဖျော့ ၁၀ နာရီထုတ်လွှတ်ပေးနိုင်သည်။ အန္တရာယ်မရှိ၊ အချိန်ရာသီကန့်သတ်ချက်မရှိ။
နူးညံ့သိမ်မွေ့မှု +၁၊ တည်ငြိမ်မှု +၁၊ တောက်ပမှု +၁၊ ဓာတ်ပုံစားခြင်း၊ တန်ဖိုး +၁၊ ကြီးထွားမှုအမြန်နှုန်း +၂! )
(ကန့်သတ်ချက်များ: အာကာသမျိုးပြောင်းပင်ဖြစ်သောကြောင့် ပတ်ဝန်းကျင်လိုအပ်ချက်မြင့်မားသည်။ ပတ်ဝန်းကျင်နှင့်တစ်ကြိမ်သာလိုက်လျောညီထွေဖြစ်နိုင်ပြီး ပတ်ဝန်းကျင်နည်းနည်းပြောင်းသည်နှင့် ရှင်သန်ရန်ခက်ခဲသည်!)
(မှတ်ချက်များ: အထူးအဆင့်မြင့်အရည်အသွေးရှိသည်။ အာနိသင်အသစ်ပေါ်ရန် မျိုးပြောင်းမြေတွင်အဆင့်မြှင့်တင်ဖို့လိုသည်!)
ချင်လင်က မှတ်ချက်ကိုကြည့်လိုက်သည်။ မျိုးပြောင်းအာကာသနွယ်၊ညဘုရင်မပင်နှင့် အကြမ်းဖျင်းတူသည်။ ကွာခြားသည်က ကြီးထွားနှုန်းပင်။ ကြီးထွားနှုန်း +၂ ရှိသည်။
အားလုံး ဒီအရည်အသွေးပင်။
တနည်းပြောရရင် ဒီမျိုးပြောင်းလရောင်သစ်ပင်က နတ်သမီးပုံပြင်တောင်ကိုပိုခမ်းနားအောင်လုပ်နိုင်သည်။ ချင်းလင်မွေးမြူရေးခြံနှင့်ချင်းလင်တောင်တန်းစံအိမ်မှာတောင်စိုက်နိုင်သည်။ ဒါရှုခင်းအသစ်ဖြစ်လာမည်။
အဲဒီကျရင် ချင်းလင်ရှုမျှော်ခင်းတစ်နေရာလုံး နတ်သမီးကမ္ဘာလိုဖြစ်လာမည်။
သို့ရာတွင် နောက်ဆုံးမှတ်ချက်ကြောင့် သူအံ့ဩမိသည်။ မျိုးပြောင်းလရောင်သစ်ပင်ကိုအဆင့်မြှင့်ရင် အာနိသင်အသစ်ပေါ်နိုင်သည်တဲ့။
သို့သော် မျိုးပြောင်းမြေမှာသာအဆင့်မြှင့်နိုင်သည်။
အဓိကက အထူးမျိုးပြောင်းမြေကိုဘယ်လိုအဆင့်မြှင့်ရမလဲ သူမသိသေး။
အရည်အသွေးမှတ်ချက်ကြောင့် ချင်လင်စမ်းကြည့်ချင်သွားသည်။ သူကဂိမ်းထဲမှထွက်ပြီးနောက် ဂိမ်းဇာတ်ကောင်အား ဂိမ်းထဲတွင်စမ်းကြည့်စေသည်။ ဒီမြေကိုဘယ်လိုအဆင့်မြှင့်ရလဲ သူကြည့်ချင်သည်။
သို့သော် သူဘယ်လောက်ကြိုးစားကြိုးစား အဖြေထွက်မလာ။
ဒီမြေမှာဘာပစ္စည်းလိုနေမှန်း အခုထိမသိရသေး။
လရောင်သစ်ပင်မျိုးစေ့ရနိုင်မည့်နည်းမရှိသောကြောင့် ချင်လင်မှာဂိမ်းထဲပြန်ဝင်ပြီး ဂိမ်းဇာတ်ကောင်အား မျိုးပြောင်းလရောင်သစ်ပင်မျိုးစေ့ဝယ်ခိုင်းလိုက်သည်။ ထို့နောက် အာကာသမြေတွင်စိုက်ပျိုးသည်။
မျိုးစေ့ပေါ်လာမှတော့ နည်းလမ်းရှာပြီး လက်တွေ့ဘဝထဲရောက်အောင်သယ်ရမည်။
လရောင်သစ်ပင်ထပ်စိုက်ပြီးနောက် ချင်လင်က ယွီရွှေ့အား အပင်စိုက်ရန်ပန်းအိုးတချို့ဝယ်ခိုင်းသည်။
ကြီးထွားနှုန်း +၂ အရည်အသွေးကြောင့် ဂိမ်းထဲမှလရောင်သစ်ပင်မှာ သူဖုန်းဆက်ပြီးချိန်တွင် အညှောက်ထွက်လာပြီဖြစ်သည်။
နာရီပိုင်းစောင့်ပြီးနောက် ချင်လင်က အပန်းဖြေစံအိမ်အပြင်မောင်းထွက်လာပြီး လူသူမရှိသောနေရာတစ်ခုတွင်ဂိမ်းထဲဝင်လိုက်သည်။
ထိုအချိန်တွင် လရောင်သစ်ပင်မှာ အတော်အတန်ရှည်လာပြီး အပင်ငယ်လေးဖြစ်နေပြီ။
ဒီလိုအပင်ငယ်လေးကို ချင်လင်လိုချင်သည်။
အပြင်မှာစိုက်ရင် အချိန်ကုန်သက်သာသောကြောင့်ပင်။ အထူးသဖြင့် ဒီလိုအပင်ငယ်လေးက ဘာအရည်အသွေးမှပြဦးမှာမဟုတ်။