← Chapters

အခန်း ၁၄၀၉

Vol. 94 Ch. 1409

အခန်း ၁၄၀၉

Vol. 94 Ch. 1409

အခန်း ၁၄၀၉: အဆင့်မြှင့်နိုင်တဲ့သစ်ပင်! ၂

ချင်းလင်အပန်းဖြေစံအိမ်မှာ သူခဏစိုက်ထားမည်။ အရည်အသွေးပြပြီးအလင်းရောင်ထွက်လာရင် သူပြောချင်တာပြောလို့ရပြီ။

အခုသူက တော်ဝင်ပညာရှင်ရှောင်ချင်ဖြစ်နေပြီဟုတ်။

အချိန်ကျရင် မျိုးပြောင်းအာကာသနွယ်ကိုပျိုးထောင်လေ့လာထားတာဟုပြောမည်။

ဘယ်သူက မေးခွန်းလာထုတ်ရဲမလဲ?

ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များက မျိုးပြောင်းအာကာသနွယ်ကို ဥက္ကာခဲကြောင့်ဟုသက်သေပြထားသည်။

အားလုံးက ကျိုးကြောင်းမသင့်ဘူးလား?

ချင်လင်ကတွေးတောပြီး ကိရိယာတချို့ထုတ်ကာ လရောင်သစ်ပင်ကိုစတူးသည်။ ၁၀ ပင်ကျော်ကျော်တူးပြီးနောက် တစ်ပင်ချင်း ဂိမ်းထဲမှထုတ်သည်။

ထို့နောက် အပင်များကိုထရပ်ကားပေါ်တင်ပြီး ချင်းလင်အပန်းဖြေစံအိမ်သို့မောင်းလာသည်။

စံအိမ်ပြန်ရောက်သောအခါ ယွီရွှေ့ဖုန်းဝင်လာသည်။ ပန်းအိုးတွေရောက်လာပြီ။

သူလည်း ပန်းအိုးလာပို့ခိုင်းလိုက်သည်။

လုံခြုံရေးအစောင့်များကိုမူ ထရပ်ကားပေါ်မှသစ်ပင်များသယ်ပြီး အနောက်ဘက်ကွင်းပြင်ပို့ခိုင်းသည်။

ယွီရွှေ့က လူတချို့နှင့်အတူ ပန်းအိုးများလာပို့သည်။ လရောင်သစ်ပင်ကိုမြင်သောအခါ သူကမေးသည်_

"ဥက္ကဌချင်.. ဒီအပင်တွေစိုက်မှာလား?''

ချင်လင်ကခေါင်းညိမ့်ပြီး_

"အင်း.. ဒီမှာပျိုးထောင်ပြီးခါစ အပင်အသစ်တချို့ရှိတယ်... ဒါနဲ့ ကျွန်တော်နဲ့ပစ္စည်းလိုက်သယ်ပေးပါဦး''

ယွီရွှေ့ကချက်ချင်း အလေးအနက်ဖြစ်သွားသည်။

သာမန်အပင်စိုက်ရင်တောင် သူတို့နည်းပညာအရ ကောင်းကောင်းပျိုးထောင်နိုင်သည်။

သူကြွားဝါခြင်းမဟုတ်။ ချင်းလင်ရှုမျှော်ခင်းမှအပင်စိုက်နည်းက ပြည်တွင်းမှာအကောင်းဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာစိုက်ပျိုးရေးပညာရှင်တွေအများကြီးရှိသည်။

ချင်လင်က ယွီရွှေ့အား အပန်းဖြေစံအိမ်အတွင်းဘက်ဂိုလှောင်တစ်ခုဆီခေါ်သွားသည်။

ဂိုဒေါင်ဖွင့်လိုက်သောအခါ သဲအိတ်များထပ်ထားသည်ကိုတွေ့ရသည်။

အထူးမြေကြီးအိတ်များပင်။

ဂိမ်းထဲမှာအထူးမြေကြီးအိတ်များရသောကြောင့် လက်တွေ့ဘဝကိုယူထားရမည်။ အနှေးနှင့်အမြန်အသုံးတည့်လာမည်ဖြစ်သောကြောင့် သူအားလပ်ချိန်တိုင်း အထူးမြေကြီးအိတ်များထုတ်ပြီး ဒီအခန်းထဲပို့ထားသည်။

ချင်းလင်စံအိမ်တွင် တခြားသူများကို သူလုပ်ထားသောအထူးမြေကြီးဟုပြောလေ့ရှိသည်။

အမှန်ပင်။ သူကအပင်မျိုးစိတ်တော်ဝင်ပညာရှင်ရှောင်ချင်ဖြစ်သည်။

ပျင်းပျင်းနဲ့အထူးမြေကြီးလုပ်ထားတာလို့ပြောရင် ဘာဖြစ်လဲ? ဘာတတ်နိုင်လဲ?

"ဒီမြေတွေ ကျွန်တော်သေချာပြင်ဆင်ထားတာ... နှစ်အိတ်ထုတ်လိုက်ပါ!''

ချင်လင်ကညွှန်ကြားသည်။

သူဌေးအပေါ် ယွီရွှေ့သံသယမရှိ။ ချင်လင်ကတစ်အိတ်သယ်နေသောကြောင့် သူလည်းတစ်အိတ်သယ်လိုက်သည်။

အပြင်ပြန်ရောက်သောအခါ ချင်လင်က ယွီရွှေ့တို့အား တောင်ပေါ်မြေသွားတူးခိုင်းသည်။

တကယ်တော့ အထူးမြေကြီးနှင့်လရောင်သစ်ပင်စိုက်နိုင်သော်လည်း ဆင်ခြေပေးဖို့ဟန်လုပ်ရဦးမည်။

အနည်းဆုံး ယွီရွှေ့တို့အထင်ကြီးတာပေါ့ ဟုတ်ဘူးလား?

ထင်တဲ့အတိုင်း ယွီရွှေ့ကသိပ်တွေးမနေဘဲ သူ့လူများကိုချက်ချင်းတောင်ပေါ်ခေါ်သွားသည်။ ဒီထဲမှာအားတက်သရောပါဝင်ဖို့သာ သူတွေးသည်။

မကြာမီ ယွီရွှေ့က မြေကြီးတူးပြီးပြန်လာသည်။

ချင်လင်က ယွီရွှေ့အား အထူးမြေကြီးနှင့်အချိုးအစားတစ်ခုအတိုင်းရောခိုင်းပြီး ပန်းအိုးများကိုဖြည့်ခိုင်းသည်။

အချိန်တစ်ခုအကြာတွင် ချင်လင်ညွှန်ကြားသလို လရောင်သစ်ပင်အားလုံး ယွီရွှေ့တို့စိုက်ပြီးသွားသည်။

ထို့ကြောင့် ချင်လင်လည်း ယွီရွှေ့တို့ကို သစ်ပင်များကြည့်ကောင်းအောင်စီခိုင်းလိုက်သည်။

ဒီလိုဆိုရင် လရောင်သစ်ပင်သဘာဝအတိုင်းကြီးလာပြီး အရည်အသွေးပြမည့်အချိန်စောင့်ရုံပင်။

ကြီးထွားနှုန်း +၂ အရည်အသွေးရှိသောကြောင့် သိပ်မကြာနိုင်။

အဲဒီနောက် ယွီရွှေ့တို့ပြန်သွားကြသည်။

အချိန်ကုန်လွန်သွား၏။

ချင်းလင်ရှုမျှော်ခင်းလည်း ပြန်လည်အသက်ဝင်လာသည်။ ညမိုးချုပ်သည်အထိ ချင်းလင်ရှုမျှော်ခင်းမှာစည်ကားနေဆဲပင်။

ချင်းလင်ရှုမျှော်ခင်းက ကြော်ငြာစရာမလို၊ ခရီးသည်များက ချင်းလင်ရှုမျှော်ခင်းကိုလာလည်ရန်စီစဉ်ကြပြီးဖြစ်သည်။

အရင်က ချင်းလင်ရှုမျှော်ခင်းမှာ တစ်နေ့ခရီးသည် ၄၀၀၀၀ သာလက်ခံနိုင်သည်။

သို့သော် နတ်သမီးပုံပြင်တောင်ဖွင့်ပြီးနောက် တစ်နေ့ခရီးသည် ၆၀၀၀၀ လက်ခံနိုင်လာသည်။ အခု ညပိုင်းထွက်သောပိုးစုန်းကြူးများကြောင့် ညပိုင်းခရီးသည်ပိုများလာ၏။

ညပိုင်း_

ချင်းလင်ရှု​မျှော်ခင်းမှာ ပိုးစုန်းကြူးများပြည့်နေသည်ကိုမြင်နိုင်သည်။

နောက်ပြီး အံ့ဩစရာကောင်းသည်က ထိုပိုးစုန်းကြူးများမှာ ချင်းလင်ရှုမျှော်ခင်းမှာသာနေပြီး ရုံချန်းတခြားနေရာများသို့မသွားကြချေ။

ချန်လီလည်း ထိုပိုးစုန်းကြူးများကိုရယူဖို့ကြိုးစားဖူးသည်။ ရှုမျှော်ခင်းနှင့်ဆွေးနွေးပြီး ပိုးစုန်းကြူးတချို့ကိုဖမ်းကာ တခြားနေရာယူသွားသည်။ နေ့တိုင်းစောင့်ကြည့်သည်။

သို့သော် ရက်ပိုင်းအကြာ ထိုပိုးစုန်းကြူးအားလုံးပျောက်ကွယ်သွားသည်ကို စီရင်စုတွေ့ရသည်။

ချင်းလင်စံအိမ်တွင် ပိုးစုန်းကြူးများပတ်ပတ်လည်ပျံသန်းနေသည်။

ကောင်းယောင်ယောင်လည်း စားပွဲထိုးတချို့နှင့် ပိုးစုန်းကြူးများလိုက်ဖမ်းနေသည်။

ပိုးစုန်းကြူးများမှာ အပူချိန်ခံနိုင်ရည်အကန့်အသတ်ရှိသောကြောင့် အသက်မရှည်ကြ။

သို့သော် ရုံချန်းရာသီဥတုပြောင်းလဲပြီး နွေမှာအေး၊ဆောင်းမှာနွေးဖြစ်သွားသောအခါ ပိုးစုန်းကြူးများအသက်ပိုရှည်လာသည်။ အထူးသဖြင့် အပူချိန်ထိန်းမြက်ကို ချင်းလင်ရှုမျှော်ခင်းအနှံ့ချထားသောကြောင့် သက်တမ်းပိုဆွဲဆန့်နိုင်သည်။

တစ်နိုင်ငံလုံးကရှုမျှော်ခင်းနေရာအားလုံး၊ တစ်ကမ္ဘာလုံးက ရှုမျှော်ခင်းနေရာအားလုံးပေါင်းရင်တောင် ပိုးစုန်းကြူးရှုခင်းနှင့်ပတ်သက်လျှင် ချင်းလင်ရှုမျှော်ခင်းကိုမမီနိုင်။

ကောင်းယောင်ယောင်တို့က ပိုးစုန်းကြူးလိုက်ဖမ်းနေစဉ် ချင်းလင်အပန်းဖြေစံအိမ်ခေါင်မိုးထပ်ပေါ်မှပိုးစုန်းကြူးတစ်အုပ်ပျံလာပြီး ချင်းလင်စံအိမ်ထဲပြန့်သွားသည်ကိုမသိလိုက်ကြ။

ခေါင်မိုးပေါ်၌_

ချင်လင်လည်း ပိုးစုန်းကြူးအိမ်ကို သေတ္တာထဲပြန်ထည့်လိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

သူဂိမ်းထဲမှထွက်လာသောအခါ စံအိမ်ခေါင်မိုးထပ်မှာရပ်ပြီး ရှုမျှော်ခင်းကိုတအံ့တဩကြည့်လိုက်သည်။

သူကဂိမ်းထဲမှပိုးစုန်းကြူးများထုတ်ပြီး ရှုမျှော်ခင်းဆီနေ့စဉ်လွှတ်နေရာ အခုရှုမျှော်ခင်းနေရာတစ်ခုလုံးမှာ ဂလက်စီတန်းကြီးနှင့်တူနေသည်။

ဂလက်စီတန်းမှာ ကြည်နူးစရာ၊ အံ့ဩစရာ၊ မယုံနိုင်စရာ၊ ထူးဆန်းထွေလာ...

ချင်လင်ကခဏငေးမောပြီးနောက် အောက်ထပ်ဆင်းကာ အတွင်းဘက်ပြန်လာသည်။

ဧည့်ခန်းထဲတွင် ချင်ဖုန်းလေးက ရှောင်ရန်နှင့်ကစားနေသည်။

ရှောင်ရန်ခန္ဓာကိုယ်ကကြီးကြီးလာပြီး ရှောင်ရွှယ်ကိုတစ်ကိုက်တည်းစားနိုင်လောက်သည်အထိဖြစ်လာ၏။

သာမန်မိသားစုတစ်ခုသာဆိုရင် သူ့ခန္ဓာကိုယ်ဆံ့လောက်မည့်ဧည့်ခန်းမျိုးရှိမှာမဟုတ်။

ကြီးပင်ကြီးသော်လည်း သေးသည်ကရှိသေးသည်။ မွေးနီကတကျွိကျွိအော်ပြီး ရှောင်ရန်ရှေ့မှာအင်အားပြသည်နှင့် ရှောင်ရန်ကအမှတ်တမဲ့ ချင်ဖုန်းလေးနောက်ရောက်သွားသည်။

ချင်ဖုန်းလေးက ယိုင်တိုင်တိုင်နှင့်သူ့ဘာသာလမ်းလျှောက်နေပြီဖြစ်သည်။ လင်းဖန်ကဘေးမှကြည့်ပြီး သူ့မြေးကိုအချိန်မရွေးထိန်းပေးရန်အသင့်စောင့်နေ၏။

ချင်လင်ကအလုပ်ခန်းထဲသွားပြီး ခွက်နှစ်ခွက်ထုတ်လိုက်သည်။ ခွက်ထဲမှမျိုးစေ့များကို သူစလေ့လာသည်။

သူသေချာပျိုးထောင်ထားသောမျိုးစေ့နှစ်မျိုးဖြစ်သည်။

အမှန်ပင်။ သူပျိုးထောင်ထားသည်။ ဂိမ်းထဲမှထုတ်လာခြင်းမဟုတ်။

အံ့ဖွယ်ကျောက်စာကြောင့် သူသိထားသောအပင်မျိုးစိတ်အသိပညာက ထိပ်တန်းသုတေသီများထက်မလျော့ချေ။

သို့သော် အကွက်ရွှေ့နေသောကြောင့် သူကိုယ်တိုင်ဘယ်တော့မှမပျိုးထောင်ခဲ့။

နှစ်သစ်ရောက်အပြီးတွင် သူဘယ်လောက်ရလဲကြည့်ချင်သောကြောင့် ဒီနှစ်မျိုးသာပျိုးထောင်ကြည့်သည်။

ခဏလေ့လာပြီးနောက် သူလည်းအိပ်ခန်းထဲပြန်လာခဲ့သည်။

အိမ်သူသက်ထားနဲ့စာရင် မျိုးစေ့ပျိုးထောင်တာက ဘာမှတ်လို့?

ညကတိတ်ဆိတ်နေပြီး နောင်ဂျိမ်သံများသာ...!

နောက်တစ်နေ့_

ပါမောက္ခဝမ်က လူတချို့နှင့်အတူ ကိရိယာများသယ်ပြီး ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသည်။ ထို့နောက် ချင်လင်ကိုဖုန်းဆက်သည်။

ချင်လင်က ပါမောက္ခဝမ်နှင့်တွေ့ပြီးနောက် ချင်းလင်အပန်းဖြေစံအိမ်တွင်ပြင်ဆင်ထားသောရုံးခန်းထဲခေါ်လာသည်။ သူ့အခန်းဘေးပင်။

ပါမောက္ခဝမ်တို့က ရုံးခန်းထဲဝင်ပြီး နံရံပေါ်တွင် ကိရိယာများစတင်တပ်ဆင်သည်။

ပါမောက္ခဝမ်အထူးပြင်ဆင်ထားသောစက်ပင်။ LCD ဖန်သားပြင်နှင့်ခပ်ဆင်ဆင်ဖြစ်သည်။

သို့သော် LCD ထက်အတော်ကြီးပြီး နံရံတဝက်ကျော်ကျော်ဖုံးလွှမ်းထားသည်။

ဓာတ်ခွဲခန်းကလူများတပ်ဆင်နေကြစဉ် ပါမောက္ခဝမ်က ချင်လင်အား_

"ဥက္ကဌချင်.. ဒီဖန်သားပြင်နဲ့ ဓာတ်ခွဲခန်းကမြင်ကွင်းကိုကြည့်နိုင်တယ်... ဓာတ်ခွဲခန်းလုံခြုံရေးအဖွဲ့က အရည်အချင်းရှိတဲ့အစောင့်တစ်ဦးကိုလည်းရွေးထားတယ်... အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်ပဲ''

ချင်လင်ကခေါင်းညိမ့်ပြီး_

"အင်း.. ဒါအပန်းဖြေပရောဂျက်တစ်ခုပဲ... ပါမောက္ခဝမ် ဒီအတိုင်းသုတေသနကိုဆက်လုပ်ပါ''

"ကောင်းပါပြီ ဥက္ကဌချင်''

ချင်လင်စကားကို ပါမောက္ခဝမ်ကရင်ထဲသိမ်းထားလိုက်သည်။ သူကတော့ သူဌေးကိုကိုးကွယ်မည်၊ သူဌေးစကားကိုမြေဝယ်မကျနားထောင်မည်။

မြန်မြန်ဆန်ဆန်ပင်၊ ကိရိယာတပ်ဆင်ပြီးသွားသည်။ စက်စဖွင့်သည်နှင့် ဖန်သားပြင်လင်းလာပြီး သတ္တုရုပ်အကြီးကြီးနှစ်ခုပေါ်လာသည်။

All Chapters