← Chapters

အခန်း (၁၁၉၅-၁၁၉၆)

Vol. 103 Ch. 1195-1196

အခန်း (၁၁၉၅-၁၁၉၆)

Vol. 103 Ch. 1195-1196

အခန်း ၁၁၉၅

ရှောင်းယီသည် စစ်တပ်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တက်ကာ ကမ်းရိုးတန်းတစ်လျှောက် မောင်းနှင်သွားသည်ကို မြင်လျှင် အနီးနားတွင် နားနေသည့် ဟူကျဲတစ်ယောက် ချက်ချင်း ခုန်ထလိုက်၏။

“ခေါင်းဆောင်... ကျွန်းပိုင်ရှင်က တခြားလမ်းကြောင်းတွေကို သွားစစ်မလို့ ထင်တယ်။ ကျုပ်လည်း သူနဲ့အတူ လိုက်သွားပါရစေ။ အရင်က မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ခဲ့တာက ကျုပ်ဆိုတော့ ကျုပ်ပါရင် ပိုပြီး အဆင်ပြေတာပေါ့။”

“အင်း... မင်း သူနဲ့အတူ လိုက်သွားလိုက်။”

ကျားကျန့်က ခေါင်းညိတ်လိုက်သည်။ ထိုအခါ ဟူကျဲသည် ရှောင်းယီနှင့် ကျန်ယွင်ထျန်းတို့ တက်သွားသည့် စစ်တပ်သယ်ယူပို့ဆောင်ရေးယာဉ်ဆီသို့ ချက်ချင်း ပြေးသွားလိုက်တော့သည်။

အပြင်ဘက်မှ ဧရာမဘီလူးကြီးတစ်ကောင် ပြေးလာသည့် အသံကို ကြားရသဖြင့် ရှောင်းယီက ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ လှမ်းပြောလိုက်သည်။

“ဟူကျဲ... မင်း ဘာလုပ်မလို့လဲ။ ငါတို့ ကားက သေးသေးလေး။ မင်းနဲ့ ဆံ့မှာ မဟုတ်ဘူး။”

ဟူကျဲက ပြုံးလိုက်သည်။

“ကျုပ်က ပြေးလိုက်ရုံပါပဲ။ အရင်က မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ခဲ့တာက ကျုပ်ဆိုတော့ ကျုပ်ရှိနေရင် ပိုပြီး အဆင်ပြေလို့ပါ။”

“ကောင်းပြီလေ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး ယာဉ်မောင်းကို ရှေ့သို့ ဆက်မောင်းခိုင်းလိုက်သည်။

အချင်းဝက် ကီလိုမီတာ ငါးဆယ်ရှိသော စက်ဝိုင်းတစ်ခု၏ ပတ်လည်အကွာအဝေးမှာ ကီလိုမီတာ သုံးရာကျော် ရှိသော်လည်း ယာဉ်၏ အရှိန်ဖြင့်ဆိုလျှင် ထိုအကွာအဝေးကို နှစ်နာရီမပြည့်မီအတွင်း မောင်းနှင်နိုင်သည်။

လမ်းကြောင်းတစ်ခုချင်းစီတွင် အချိန်ပေးခဲ့သည်ကိုပါ ထည့်တွက်လျှင် နှစ်နာရီခွဲခန့် ကြာပြီးနောက် ရှောင်းယီသည် အနောက်ဘက်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

တစ်ပတ်ပတ်ပြီးနောက် ရှောင်းယီသည် လမ်းကြောင်းတစ်ခုချင်းစီတွင် ဆက်သွယ်ရေးအတွက် တာဝန်ယူရမည့် ဝန်ထမ်းများကို အတည်ပြုပေးခဲ့ပြီး ၎င်းတို့ကို ကျွန်း၏ အတွင်းပိုင်းအခြေအနေအား စူးစမ်းရန် ကင်းထောက်ဒရုန်းများကို အသုံးပြုခိုင်းခဲ့သည်။

“ကျွန်းပိုင်ရှင်နဲ့ နည်းပြကို သတင်းပို့ပါတယ်...။ ကျုပ်တို့ ကျွန်းထဲကို အသေးစား ကင်းထောက်ဒရုန်း အစီး နှစ်ဆယ် လွှတ်တင်ခဲ့ရာမှာ တစ်ဆယ့်ရှစ်စီး ပြန်ရောက်လာပါတယ်။ ကျုပ်တို့ရဲ့ ကင်းထောက်မှုအရ ရှေ့ဘက် ဆယ်ကီလိုမီတာအထိ မသေမျိုး မျိုးနွယ်စုတွေကို မတွေ့ရပါဘူး။ အဲ့ဒီအကွာအဝေး ကျော်လွန်သွားတဲ့အခါ မသေမျိုး မျိုးနွယ်စုအချို့ကို ဟိုတစ်စဒီတစ်စ စတင်တွေ့ရှိရပါတယ်။ ပျက်စီးသွားတဲ့ အသေးစား ကင်းထောက်ဒရုန်းတွေကတော့ ကီလိုမီတာ နှစ်ဆယ်အထိ ထိုးဖောက်ဝင်ရောက်ပြီးတော့ အပစ်ချခံလိုက်ရတာပါ။”

ကင်းထောက်စစ်သားတစ်ဦးက သတင်းပို့လာခဲ့သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ငါတို့ ဆယ်ကီလိုမီတာ ရှေ့တိုးပြီး မြို့ရိုးတံတိုင်းတွေ တည်ဆောက်မယ်။ အစ်ကိုကျန်း... မင်းကော ဘယ်လိုထင်လဲ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“အင်း... ဒီဆယ်ကီလိုမီတာ ရှိနေရင် ငါတို့အတွက် ကြားခံဇုန်တစ်ခုရသွားတာပေါ့။ ပင်လယ်နားမှာ ကပ်ပြီး တံတိုင်းဆောက်တာထက် အများကြီး ပိုကောင်းတယ်။”

“အင်း... အဲ့ဒီလိုဆိုရင်တော့ ချက်ချင်း စလုပ်ကြတာပေါ့။ မင်း အဖွဲ့ကို စုစည်းပြီး ရှေ့ကို ချီတက်လိုက်။ သတိတော့ ထားကြ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက အမိန့်ကို ခံယူပြီး ထွက်ခွာသွားခဲ့သည်။ ရှောင်းယီကမူ အန်းယွဲ့ကို ဆက်သွယ်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်သွားလိုက်သည်။

“ဦးလေးအန်း... အခုချက်ချင်း လူအင်အား စုစည်းပေးပါ။ ကျုပ်တို့ ကီလိုမီတာ သုံးရာနီးပါးရှည်တဲ့ တံတိုင်းကြီးတစ်ခုကို အမြန်ဆုံး တည်ဆောက်ရမယ်။”

ရှောင်းယီက သူ၏ လိုအပ်ချက်ကို ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်းပိုင်ရှင်... ဒါက ဟင်းလင်းပြင်အက်ကွဲကြောင်းကို ပိတ်ဆို့ဖို့အတွက်လား။”

“အင်း။ ဒီလိုမျိုး သီးသန့်ခွဲထုတ်ပြီး သွားရင် သူတို့ကို အတိုင်းအတာတစ်ခုအထိ အရင်ဆုံး ကန့်သတ်ထားနိုင်လိမ့်မယ်။ အဲ့ဒါဆိုရင် ကိုင်တွယ်ရတာ ပိုလွယ်သွားလိမ့်မယ်။”

“နားလည်ပါပြီ။”

မကြာမီမှာပင် ယိရန်ပင်း မဟာမိတ်အဖွဲ့သည် တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်သားအင်အား အမြောက်အမြားကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

ထိုအတောအတွင်း ကျန်းယွင်ထျန်းတို့အဖွဲ့သည် ဆယ်ကီလိုမီတာအကွာအဝေးသို့ လွယ်ကူချောမွေ့စွာ ရှေ့တိုးနိုင်ခဲ့ကြ၏။ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် ဆယ်ကီလိုမီတာအကွာအဝေးသို့ ရွှေ့ပြောင်းနေရာယူခဲ့ကြခြင်း ဖြစ်သည်။ ထိုဆယ်ကီလိုမီတာအတွင်းတွင် မသေမျိုး မျိုးနွယ်စုများ အမှန်တကယ်ပင် မရှိကြသဖြင့် ၎င်းတို့သည် မည်သည့်ခုခံမှုမျှ မကြုံတွေ့ခဲ့ချေ။ သေနတ်တစ်ချက်ပင် မပစ်လိုက်ရဘဲ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားခဲ့ကြသည်။

ဘေးကင်းလုံခြုံမှုကို အတည်ပြုပြီးနောက် အနောက်မှ မြေတူးစက်များ၊ လူအင်အားများနှင့် ဆောက်လုပ်ရေးပစ္စည်းများအားလုံးကို ရှေ့သို့ စတင်သယ်ယူပို့ဆောင်လိုက်တော့သည်။

ရှောင်းယီသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ရှိရာသို့ ရောက်ရှိလာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အခြားအရပ်မျက်နှာများ၏ ကင်းထောက်မှု ရလဒ်များကို စုံစမ်းမေးမြန်းလိုက်၏။

“အားလုံးရဲ့ ကင်းထောက်မှု ရလဒ်တွေ ဘယ်လိုရှိလဲ။”

“သူဌေးကို သတင်းပို့ပါတယ်...။ ကျုပ်တို့ ဒီဘက်မှာ ဆယ်ကီလိုမီတာအထိ ကင်းထောက်ပြီးပါပြီ။ မသေမျိုး မျိုးနွယ်စုတွေကို မတွေ့ရပါဘူး။”

“ဒီဘက်လည်း အတူတူပဲ။ ကျုပ်တို့ တစ်ဆယ့်ငါးကီလိုမီတာအထိ ကင်းထောက်ပြီးပြီ။ မသေမျိုး မျိုးနွယ်စုအချို့ ဟိုတစ်စဒီတစ်စ ရှိနေပါတယ်။”

“ဒီဘက်လည်း ဆယ်ကီလိုမီတာအတွင်းမှာ မသမျိုးမျိုးနွယ်စုတွေ မရှိပါဘူး။”

...

အားလုံး၏ တုံ့ပြန်ချက်များမှာ အကြမ်းဖျင်းအားဖြင့် တူညီနေသည်ကို မြင်သောအခါ ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ဆက်ပြောလိုက်သည်။

“ကောင်းပြီ... မကြာခင်မှာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အင်ဂျင်နီယာအဖွဲ့က ဆယ်ကီလိုမီတာ အမှတ်အသားနေရာမှာ တံတိုင်းတစ်ခု တည်ဆောက်ပေးလိမ့်မယ်။ အားလုံးပဲ ရှေ့တန်းစစ်မျက်နှာကို ရှေ့တိုးပြီး အဲ့ဒီ ဆယ်ကီလိုမီတာ အမှတ်အသားနေရာမှာပဲ တပ်စွဲထားကြဖို့ မျှော်လင့်ပါတယ်။”

“ကောင်းလိုက်တာ။ တံတိုင်းတစ်ခု ရှိသွားရင် ငါတို့ရဲ့ ခံစစ်က အများကြီး ပိုပြီး အဆင်ပြေသွားမှာပဲ။”

“ဟုတ်တယ်... သူဌေး ယီရန်ပင်းရဲ့ လက်နက်တွေအပြင် တံတိုင်းပါ ရှိနေပြီဆိုတော့ ငါတို့ရဲ့ ဘေးကင်းလုံခြုံမှုက စိတ်ချရပြီ။ အဲ့ဒါဆို သောကရောက်ပြီး ရင်တထိတ်ထိတ် ဖြစ်နေစရာ မလိုတော့ဘူး။”

“မင်းတို့ ဘာတွေတွေးနေတာလဲ။ တံတိုင်းရှိနေရင်တောင် ငါတို့ အထဲဝင်ပြီး အဲ့ဒီ မသေမျိုးမျိုးနွယ်စုတွေကို သုတ်သင်ရဦးမှာပဲ။ မဟုတ်ရင် လက်မည်းကြီး ပေးထားတဲ့ မစ်ရှင်ကို ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲ။”

“မှန်လိုက်လေ...ဟင်း...ငါက တံတိုင်းဆောက်ပြီးရင် အေးအေးဆေးဆေး လှဲနေလို့ရပြီ အောက်မေ့တာ။ ကြည့်ရတာ ကျားဂူထဲကို ဆက်ဝင်ရဦးမယ့်ပုံပဲ။”

“အချိန်ကို တွက်ကြည့်ရင် ငါတို့မှာ နှစ်ရက်ပဲ ကျန်တော့တယ်။ ဒီအပတ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသလိုပဲ။”

“အဲလောက်တောင် မြန်တာလား။ နှစ်ရက်အတွင်းမှာ ဒီမသေမျိုး မျိုးနွယ်စုတွေကို ငါတို့ ရှင်းထုတ်နိုင်ပါ့မလား။”

“မသေချာဘူး။ ဒါက သူဌေးမှာ အဖြေရှိ၊ မရှိအပေါ်မှာပဲ မူတည်လိမ့်မယ်။”

ထိုအခြေအနေကို မြင်သောအခါ ရှောင်းယီကလည်း ဝင်ပြောလိုက်သည်။

“ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားပြီး ကျန်တာကိုတော့ ကံတရားအတိုင်းပဲ ထားလိုက်ကြရအောင်။ အားလုံးပဲ ဒီညအတွက် ဂျူတီတွေကို သေချာစီစဉ်ပြီး ကျန်တဲ့သူတွေကတော့ အနားယူလိုက်ကြပါ။ ဒီနောက်ဆုံးနှစ်ရက်မှာ ကျုပ်တို့ အစွမ်းကုန် ကြိုးစားကြည့်ရမယ်။ ကံကောင်းပြီး အောင်မြင်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။”

“အဲဒါလည်း ဟုတ်တာပဲ... ကျုပ်လည်း အများကြီး မပြောတော့ဘူး။ အရင်သွားနားလိုက်ဦးမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နားမှာ လူတစ်ယောက် တာဝန်ချထားပါတယ်။ သူဌေး... တစ်ခုခုလိုအပ်ရင် အမိန့်သာ ပေးလိုက်ပါ။”

အားလုံးက ပြန်လည်အနားယူရန် ရွေးချယ်ခဲ့ကြသည်။

ထိုအချိန်တွင် ညကိုးနာရီ ရှိနေပြီဖြစ်သော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အင်ဂျင်နီယာအဖွဲ့သည်ကား နားမည့်အရိပ်အယောင် လုံးဝမပြဘဲ မြို့ရိုးတံတိုင်း တည်ဆောက်ရန်အတွက် အားသွန်ခွန်စိုက်နှင့် စနစ်တကျ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြဆဲပင်။

မြေတူးစက် ဆယ်စီးသည်လည်း ရှောင်းယီ ဝိုင်းပတ်ဆွဲသားထားသည့် စက်ဝိုင်းအတိုင်း အပြင်ဘက်သို့ လျင်မြန်စွာ စတင်တူးဖော်နေကြပြီ ဖြစ်သည်။

“ဟေး... အဲ့ဒါ ဘာကြီးလဲ။”

နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် မိမိထံသို့ လျင်မြန်စွာ ဦးတည်မောင်းနှင်လာသော မြေတူးစက်တစ်စီးကို မြင်တွေ့လိုက်ရ၏။

“ဘုရားသခင်... အဲ့ဒါ မြေတူးစက်ပဲ။ တူးတာ မြန်လှချည်လား။”

“ယီရန်ပင်း မဟာမိတ်အဖွဲ့က တကယ်ကြီး မြေတူးစက် ပုံစံခွက်ကို ရှာတွေ့ထားတာပဲ။ အံ့ဩစရာပဲ။”

“ကမ္ဘာဟောင်းတုန်းက ရှားနိုင်ငံက ‘အခြေခံအဆောက်အဦး မွမ်းမံရေးရူးသွပ်သူ’ လို့ အခေါ်ခံခဲ့ရတယ်။ ဒီကမ္ဘာကို ရောက်လာတာတောင် သူတို့ရဲ့ ဗီဇက မပြောင်းလဲသေးဘူးပဲ။”

ထိုလူများ အံ့ဩတကြီး စောင့်ကြည့်နေကြစဉ်မှာပင် မြေတူးစက်များသည် ထိုအပိုင်းအတွက် ဖောင်ဒေးရှင်းအုတ်မြစ်ကို လျင်မြန်စွာ တူးဖော်ပြီးစီးသွားပြီး ရှေ့သို့ ဆက်လက်တူးဖော်သွားခဲ့ကြသည်။

အန်းယွဲ့သည် ရှေ့တန်းစစ်မျက်နှာတွင် စွမ်းဆောင်ရည်မြင့်မားသော မြေတူးစက်များ ရှိနေကြောင်း သိလိုက်ရသောအခါ တံတိုင်းတည်ဆောက်ရေးအတွက် နောက်ထပ် အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ကို ထိုနေရာသို့ ချက်ချင်း ထပ်မံစေလွှတ်ခဲ့သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိရာနေရာတွင်မူ မသေမျိုး မျိုးနွယ်စု၏ အကြီးအကဲသည်လည်း ရှောင်းယီ တံတိုင်းများ ဆောက်လုပ်နေသည်ဟူသော သတင်းကို ရရှိထားပြီး ဖြစ်သည်။

“ဒီရှောင်းယီက တကယ်ပဲ ငါတို့ကို ပိတ်ဆို့ထားဖို့ ရည်ရွယ်နေတာလား။”

“ဒါဆိုရင် သူတို့ရဲ့ အင်ဂျင်နီယာအဖွဲ့ကို ချုံခိုတိုက်ခိုက်ဖို့ ငါတို့ရဲ့ လက်အောက်ခံတွေကို စေလွှတ်လိုက်ရမလား။”

“အကြံကောင်းပဲ... အနည်းဆုံးတော့ သူတို့ တံတိုင်းကို ကောင်းကောင်းမွန်မွန် မဆောက်နိုင်အောင် တားဆီးနိုင်တာပေါ့။”

ထိုစဉ် မဟာအကြီးအကဲ၏ အသံက မြူခိုးနက်ကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။

“အင်း... တစ္ဆေလုပ်ကြံသူအချို့ကို စေလွှတ်လိုက်လိုက်။”

“ဟုတ်ကဲ့။”

ရှောင်းယီနှင့် ကျန်ယွင်ထျန်းတို့ နှစ်ဦးစလုံးသည် ရှေ့တန်းစစ်မျက်နှာ၌ပင် ညစာစားသုံးပြီးနောက် အင်ဂျင်နီယာအဖွဲ့နောက်သို့ လိုက်ပါသွားခဲ့ကြသည်။ သူတို့သည်လည်း မသေမျိုး မျိုးနွယ်စုများက ၎င်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းကို လာရောက်နှောင့်ယှက်မည်ကို စိုးရိမ်နေကြသည်။

ကျန်ယွင်ထျန်းက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ကျွန်းပိုင်ရှင်... မင်းလည်း ပြန်ပြီး နားလိုက်ပါလား။ မသမျိုး မျိုးနွယ်စုတွေကို ကြည့်ရတာ ဒီဘက်ကို လာမယ့်ပုံ မပေါ်ပါဘူး။”

ရှောင်းယီက ခေါင်းခါပြလိုက်ပြီးနောက် ရုတ်တရက် အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် သူ၏ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ထိုနေရာသို့ တဟုန်ထိုး ထိုးဖောက်ဝင်ရောက်သွား၏။

ကျန်းယွင်ထျန်းတစ်ယောက် ထိတ်လန့်သွား၏။ သူကိုယ်တိုင် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း ရှောင်းယီကိုယ်တိုင် လှုပ်ရှားရလောက်အောင် ဖြစ်စေသည့်အရာမှာ ရိုးရှင်းသော ရန်သူတော့ ဖြစ်နိုင်မည်မဟုတ်ပေ။ သူသည်လည်း သူ၏ဓားမြှောင်ကို ဆွဲထုတ်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

“ထွက်ခဲ့စမ်း။”

ရှောင်းယီက ဆောက်လုပ်ရေးလုပ်သားတစ်ဦး၏ အနီးသို့ သူ၏ရွှမ်းယွမ်ဓားကို တိုက်ရိုက် ဝှေ့ယမ်းခုတ်ပိုင်းလိုက်၏။

ထိုလုပ်သားမှာ လုံးဝကို မှင်တက်သွားခဲ့ရသည်။

ကျွန်းပိုင်ရှင်က ဘာဖြစ်လို့ ရုတ်တရက် ရူးသွပ်သွားပြီး သူ့ကို လာရောက်ခုတ်ပိုင်းရသလဲဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့တော့သည်။

အခန်း ၁၁၉၆

“ချလွင်....”

မီးပွားများ လွင့်စင်သွားခြင်းနှင့်အတူ သတ္တုချင်း ရိုက်ခတ်မိသည့် အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ရွှမ်းယွမ်ဓားသည် ဆောက်လုပ်ရေးအလုပ်သမား၏ ဘေးနားသို့ ကပ်လျက် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ထိုအလုပ်သမားမှာ ကြောက်လန့်လွန်းသဖြင့် ဆီးများပင် ထွက်ကျမတတ် ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း ရှောင်းယီ၏ ရွှမ်းယွမ်ဓားက သူ့အတွက် တစ်စုံတစ်ခုအား ကာကွယ်ပေးလိုက်သည်ကို မြင်လိုက်ရသည့်အခါမှသာ ကျွန်းပိုင်ရှင်က သူ့အသက်ကို ကယ်တင်လိုက်ခြင်းဖြစ်မှန်း သူ သဘောပေါက်သွားတော့သည်။

ရှောင်းယီသည် ထိုဓားချက်ဖြင့် ရန်သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီးနောက် ရွှမ်းယွမ်ဓားကို ချက်ချင်း အလျားလိုက်လှည့်ကာ ဘေးဘက်သို့ ဝှေ့ယမ်းလိုက်သည်။

“ချလွင်....”

အခြားသူများ၏ အမြင်တွင်မူ ကျွန်းပိုင်ရှင်သည် လေဟာနယ်ထဲရှိ တစ်စုံတစ်ခုကို အင်တိုက်အားတိုက် ခုတ်ပိုင်းလိုက်သကဲ့သို့ဖြစ်နေ၏။

ကျန်းယွင်ထျန်းက ချက်ချင်းပင် အော်ဟစ် အမိန့်ပေးလိုက်သည်။

“မီးမောင်းတွေ အကုန်ဖွင့်ကြစမ်း...။”

အနီးနားရှိ မီးမောင်းများအားလုံးသည် ချက်ချင်းပင် ထိုနေရာသို့ အလင်းတန်းများ ပစ်လွှတ်လိုက်ကြ၏။

ထိုစဉ် မြေပြင်ပေါ်၌ အရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ လူတိုင်း မျက်လုံးများကို ပွတ်သပ်ပြီး သေချာကြည့်လိုက်မှသာ ရှောင်းယီ ရင်ဆိုင်နေရသည့် နေရာတွင် ညဉ့်မှောင်ထုနှင့် တစ်သားတည်း ဖြစ်လုနီးပါး ဖြစ်နေသော ဝေဝါးလွန်းသည့် လူရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

မီးမောင်းများဖြင့် လင်းထိန်နေအောင် ထိုးထားသည့်တိုင်အောင် ထိုအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မြေပြင်ပေါ်ရှိ အရိပ်ကြောင့်သာ ယင်း၏ တည်ရှိမှုကို ရိပ်မိနိုင်ခြင်း ဖြစ်သည်။

“ဒါ... ဒါက ဘာကောင်ကြီးလဲ။”

“ညအမှောင်ထဲမှာ လုံးဝ ကိုယ်ယောင်ဖျောက်ထားနိုင်တာပဲ။”

“ကျွန်းပိုင်ရှင် အချိန်မီ သတိထားမိလို့ တော်သေးတယ်။ မဟုတ်ရင် ငါတော့ ယမမင်းဆီ သတင်းပို့ရတော့မှာပဲ။”

လူတိုင်း ဝေဖန်ပြောဆိုနေကြစဉ်မှာပင် အဝေးတစ်နေရာမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အား...”

သို့သော် နောက်တစ်စက္ကန့်တွင်ပင် ထိုအော်သံမှာ ရုတ်ချည်း ပြတ်တောက်သွားခဲ့သည်။

ရှောင်းယီ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်သွားပြီး လေသံအကျယ်ကြီးဖြင့် အော်ပြောလိုက်၏။

“အစ်ကိုကျန်း ဝမ်ချိုင်တို့တစ်သိုက်ကို ချက်ချင်း ဆင့်ခေါ်လိုက်။ တိရစ္ဆာန်တွေရဲ့ သတိရှိမှုက လူတွေထက် ပိုမြင့်တယ်။ သူတို့ဆိုရင် ဒီတစ္ဆေလုပ်ကြံသူတွေကို ရှာတွေ့နိုင်လိမ့်မယ်။”

ယခုလေးတင်မှ စနစ်ထံမှ အကြောင်းကြားစာက ပေါ်လာခဲ့ခြင်း ဖြစ်သည်။

[တစ္ဆေလုပ်ကြံသူ (SSS အဆင့်) - ကိုယ်ယောင်ဖျောက် အသွင်ယူခြင်း၌ အလွန်အမင်း ကျွမ်းကျင်သော မသေမျိုး မျိုးနွယ်စု လူသတ်သမား...]

“ကောင်းပြီ”

ကျန်းယွင်ထျန်းသည် ဘေးနားရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ချက်ချင်း ပြေးသွားပြီး အခြေအနေကို အမြန် ရှင်းပြလိုက်သည်။

“အခုချက်ချင်း ပို့ပေးလိုက်မယ်။”

အန်းရန်က ပြန်ပြောလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် ဝမ်ချိုင်၊ တာ့ပိုင်နှင့် ရှောင်လင်တို့အားလုံး ရောက်ရှိလာကြသည်။

“ဝမ်ချိုင် ဆောက်လုပ်ရေးအဖွဲ့ဝင်တွေကို ချက်ချင်း သွားကာကွယ်ပေး။ တစ္ဆေလုပ်ကြံသူတွေကို သတိထား။”

ရှောင်းယီက ၎င်းတို့ကို မြင်မြင်ချင်း အမိန့်ပေးလိုက်သည်။

“ဝုတ် ဝုတ်”

“ဝေါင်း...”

အိမ်မွေးတိရစ္ဆာန်အုပ်စုက တစ်ကောင်ပြီးတစ်ကောင် တုံ့ပြန်လိုက်ကြသည်။

၎င်းတို့သည် မဟာမိတ်ကျွန်းပေါ်တွင် ပေါ်လာလေ့ရှိသည့် အဆင့်မြင့် သားရဲတိရစ္ဆာန်များကို နှိမ်နင်းရာ၌ ကူညီပေးနေခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့က ပေါ်လာသမျှ အဆင့်မြင့်တိရစ္ဆာန်များကို အကုန် သတ်ပစ်ကြသည်မဟုတ်ဘဲ အချို့ကို ၎င်းတို့၏ လက်အောက်ငယ်သားများအဖြစ် သိမ်းသွင်းခဲ့ကြသည်။

ထို့ကြောင့် ယခုတစ်ကြိမ် ရှေ့တန်းစစ်မျက်နှာသို့ လာရောက်ရာတွင် ၎င်းတို့၏ လက်အောက်ခံ သားရဲအများအပြားကိုပါ ခေါ်ဆောင်လာခဲ့ကြလေသည်။

ရှောင်းယီ၏ ကျွန်းအရွယ်အစားအရ ပေါ်လာသည့် သားရဲအများစုမှာ SSS အဆင့်များ ဖြစ်ကြသဖြင့် တာ့ပိုင်၏ လက်အောက်ခံများမှာလည်း တစ်ပြေးညီ SSS အဆင့်များ ဖြစ်ကြသည်။

ဝမ်ချိုင်နှင့် အခြားသားရဲများသည် ဆောက်လုပ်ရေးအဖွဲ့ကို အလယ်ဗဟိုတွင်ထားကာ ဝိုင်းပတ်ကာကွယ်ရင်း လူစုခွဲလိုက်ကြသည်။

“ဝုတ်”

ဝမ်ချိုင်က အာရုံရသည့် အရပ်မျက်နှာတစ်ခုသို့ ဟောင်လိုက်ပြီးနောက် အားကုန် ရှေ့သို့ လွှားကနဲ ခုန်အုပ်လိုက်သည်။

“ချလွင်...”

ဝမ်ချိုင်၏ လက်သည်းများသည် ရန်သူ၏ အရိုးဖြင့်လုပ်ထားသော ဓားမြှောင်နှင့် ရိုက်ခတ်မိသွား၏။ ရန်သူ၏ ဓားမြှောင်သည် ဝမ်ချိုင်၏ လက်သည်းများကိုပင် အစင်းကြောင်းထင်အောင် မလုပ်နိုင်ခဲ့ပေ။

ထိုအရိုးဓားမြှောင်သည် လွန်ခဲ့သည့် မိနစ်ပိုင်းက ဆောက်လုပ်ရေးသမားတစ်ဦး၏ ခေါင်းအား အလွယ်တကူ ဖြတ်တောက်သွားသည်ကို လူအများ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ရန်သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီးနောက် ဝမ်ချိုင်သည် နောက်တစ်ကြိမ် ထပ်မံ ခုန်အုပ်ကာ ၎င်း၏ ပါးစပ်ကို ဟလိုက်သည်။

“ဂျွတ်...”

လုံးဝိုင်းသော ဦးခေါင်းခွံတစ်ခု မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။

“ကျွန်းပိုင်ရှင်ရဲ့ ဝမ်ချိုင်က ဒီလောက်တောင် ကြောက်စရာကောင်းတာလား။”

“ဟုတ်ပါ့။ အရင်က သူ့ကို ကျွန်းပိုင်ရှင်နောက်မှာ အမြီးတနံ့နံ့နဲ့ လိုက်နေတာပဲ မြင်ဖူးခဲ့တာ။ ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်လိမ့်မယ်လို့ မထင်ထားမိဘူး။”

“ခုနက ကျွန်းပိုင်ရှင်တောင်မှ တစ္ဆလုပ်ကြံသူတစ်ကောင်ကို နှိမ်နင်းဖို့ ဓားသုံးချက်လောက် သုံးလိုက်ရသလိုပဲ။ ဒါပေမဲ့ ဝမ်ချိုင်ကတော့ နှစ်ကွက်တည်းနဲ့ အပြတ်ရှင်းလိုက်နိုင်တယ်။”

ဝမ်ချိုင် တစ်ကောင်တည်းတင် မဟုတ်ဘဲ အခြားအိမ်မွေးတိရစ္ဆာန်များကလည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ်ကောင်းလှပြီး တစ္ဆေလုပ်ကြံသူတစ်ကောင်ကို အခြေခံအားဖြင့် နှစ်ကွက်၊ သုံးကွက်အတွင်း အလဲထိုးနိုင်ခဲ့ကြသည်။

သို့သော်လည်း အိမ်မွေးတိရစ္ဆာန်များ၏ လက်အောက်ခံ သားရဲများမှာမူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည်လည်း SSS အဆင့်များ ဖြစ်ကြသော်လည်း တစ္ဆေလုပ်ကြံသူများကို ရင်ဆိုင်ရာ၌ အနည်းငယ် ရုန်းကန်နေကြရသည်။

သို့သော် ဤလက်အောက်ခံများသည် အနည်းဆုံးတော့ တစ္ဆေလုပ်ကြံသူများကို မလှုပ်နိုင်အောင် ဝိုင်းပတ်နှောက်ယှက်ထားပေးနိုင်ပြီး ၎င်းတို့၏ ခေါင်းဆောင်များ အလုပ်အား၍ လာရောက်အပြတ်မရှင်းမချင်း အချိန်ဆွဲထားပေးနိုင်၏။

ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန်တပ်ဖွဲ့ ဝင်ရောက်လာခြင်းကြောင့် တစ္ဆေလုပ်ကြံသူများ ပေါ်လာ၍ ခေတ္တရပ်တန့်သွားခဲ့ရသော ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြန်လည်လည်ပတ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်းယီလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး နောက်သို့ ပြန်လျှောက်လာခဲ့လိုက်သည်။

“ကျွန်းပိုင်ရှင် တော်သေးတာပေါ့ မင်း အချိန်မီ သတိထားမိလို့။ မဟုတ်ရင် ငါတို့ဘက်က အကျအဆုံး တော်တော်များသွားလိမ့်မယ်။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ရှောင်းယီက ခေါင်းကို အသာအယာညိတ်ပြပြီးနောက် ကျန်းယွင်ထျန်းကို တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကျန်း... ငါ ဘာလို့ အဲ့ဒီကောင်တွေကို အချိန်မီ ရိပ်မိလဲဆိုတာ မင်းသိလား။”

ကျန်းယွင်ထျန်း အနည်းငယ် ကြောင်အသွားခဲ့သည်။

“သေချာ အကဲခတ်လို့နေလို့လား။”

“မဟုတ်ဘူး။ ငါက တာအိုကျမ်းစာထဲက ပညာရပ်တွေကို လေ့လာထားလို့ပဲ။”

ရှောင်းယီက တည်တံ့လေးနက်စွာ ပြောလိုက်သည်။

“သူတို့ဆီက ထွက်နေတဲ့ သေခြင်းတရားအငွေ့အသက်ကို ငါ အာရုံခံမိလိုက်လို့ပဲ။”

သဘာဝတရား တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေသော ရှောင်းယီ၏ အာရုံခံနိုင်စွမ်းအတွက်မူ ဤသဘာဝလွန်အရာများဖြစ်သည့် သေခြင်းတရားစွမ်းအင်က အမှောင်ထုထဲမှ ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ အလွန်ပင် ထင်ရှားလွန်းလှသည်။

ကျန်းယွင်ထျန်း စိတ်ထဲ အနည်းငယ် တုန်လှုပ်သွား၏။

“နားလည်ပါပြီ။ နောက်ဆိုရင် ငါလည်း တာအိုကျမ်းစာကို ကြိုးကြိုးစားစား လေ့လာပါ့မယ်။”

“ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေတောင်မှ ငါ မနက်ခင်း လေ့ကျင့်ခန်းလုပ်ရင် ငါ့ဘေးနားလာပြီး ခစားကြတယ်။”

ရှောင်းယီက ဝမ်ချိုင်နှင့် အခြားသားရဲများကို ကြည့်ရင်း ပြောလိုက်သည်။

“ဒါကြောင့်လည်း သူတို့က အခြား SSS အဆင့် လက်အောက်ခံတွေထက် ပိုပြီး သန်မာနေကြတာပဲ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် ဝမ်ချိုင်နှင့် အခြားသားရဲများသည် ဆောက်လုပ်ရေးအဖွဲ့ထံ ချဉ်းကပ်လာသော တစ္ဆေလုပ်ကြံသူ အားလုံးကို အကုန်အစင် သုတ်သင်ရှင်းလင်းလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကင်းပတ်ရန် ပြင်ဆင်လိုက်ကြသည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းဆီမှ နက်မှောင်သော မြူခိုးများသည် အလွန်ပင် ထူထပ်လှသဖြင့် အမြင်အာရုံကို လုံးဝ ပိတ်ဆို့ထား၏။

ထိုအမှောင်မြူခိုးများထဲမှ မသေမျိုး မျိုးနွယ်စု အကြီးအကဲများ၏ စကားပြောသံများ ခပ်သဲ့သဲ့ လွင့်ပျံထွက်ပေါ်လာခဲ့သည်။

“တစ္ဆေလုပ်ကြံသူတွေက သူတို့ မြို့ရိုးတည်ဆောက်တာကို တားဆီးနိုင်ပါ့မလား။”

“မလွယ်လောက်ဘူး ထင်တယ်။ ရှောင်းယီရဲ့ ပစ်ခတ်တိုက်ခိုက်မှု စွမ်းအားက အရမ်းပြင်းထန်လွန်းတယ်။”

“ပြင်းထန်တဲ့ ပစ်ခတ်အားက အုပ်စုလိုက်တိုက်ပွဲတွေမှာပဲ အသုံးဝင်တာပါ။ ဒီလို ရန်သူ့နောက်ကျောဘက်ကို ဝင်မွှေတဲ့ လုပ်ကြံရေးတပ်ဖွဲ့အတွက်တော့ ပစ်ခတ်အားက အလုပ်မဖြစ်ဘူး။”

“ဟူး... သူတို့ကို ခြောက်လှန့်ရုံ ရည်ရွယ်ထားတာပဲ။ ဘယ်ကမှန်းမသိ ပေါ်ပေါ်လာတတ်တဲ့ တစ္ဆေလုပ်ကြံသူတွေက သူတို့ကို ဦးတည်ရာမရအောင် သေချာပေါက် လုပ်နိုင်မှာပါ။”

“သူတို့က မြို့ရိုး တည်ဆောက်ချင်သေးတယ်လား။ ဟမ့် တကယ့်ကို စိတ်ကူးယဉ်နေလွန်းတာပဲ။”

အတိအကျပင် ထိုအချိန်၌ စိတ်ဝိညာဉ်လှိုင်းတစ်ခု ရောက်ရှိလာခဲ့သည်။

မသေမျိုးအကြီးအကဲများ ထိုစိတ်ဝိညာဉ်လှိုင်းကို လက်ခံရရှိပြီးနောက် အားလုံး ဆွံ့အမှင်တက်သွားကြတော့သည်။

“အဲ့ဒီ ရှောင်းယီရဲ့ အာရုံခံနိုင်စွမ်းက ဒီလောက်တောင် ထက်မြက်တာလား။”

“ဟုတ်တယ်။ ညအမှောင်ထဲမှာ တစ္ဆေလုပ်ကြံသူတွေကို သာမန်မျက်စိနဲ့ ရှာဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒီရှောင်းယီကတော့ တစ္ဆေလုပ်ကြံသူတွေရဲ့ လှုပ်ရှားမှုကို ပထမဆုံးစက္ကန့်မှာတင် သိသွားခဲ့တယ်။”

“ပြီးတော့ နောက်မှ ရောက်လာတဲ့ တိရစ္ဆာန်တွေကလည်း ဘာလို့ အကုန် SSS အဆင့်တွေ ဖြစ်နေရတာလဲ။ တချို့ကောင်တွေဆို အာရုံခံနိုင်စွမ်းကပါ အရမ်းထက်မြက်နေသေးတယ်။”

“ဒီအပြင်လူက ငါတို့ကို နှိမ်နင်းဖို့ သေမင်းက စေလွှတ်လိုက်တာများလား။”

မဟာအကြီးအကဲသည် လူတိုင်း၏ ဆွေးနွေးငြင်းခုံသံများကို တစ်ခွန်းမှ ဝင်မပြောဘဲ နားထောင်နေ၏။

လူတိုင်းက တဖြည်းဖြည်းနှင့် စကားစဖြတ်လိုက်ကြပြီး မဟာအကြီးအကဲ၏ သဘောထားအမြင်ကို စောင့်ဆိုင်းနေကြပုံရသည်။

“တစ္ဆေလုပ်ကြံသူတွေရဲ့ တစ်ဝက်ကို ထပ်လွှတ်ပြီး သူတို့ကို ဆက်ပြီးနှောက်ယှက်ခိုင်းလိုက်။ အားလုံးပဲ... ဆက်ပြီး ဆင့်ခေါ်ကြရအောင်။ အခု မသေမျိုးမြူခိုးတွေက လုံလောက်အောင် ကျယ်ပြန့်နေပြီ။ စလုပ်ကြတော့။”

မဟာအကြီးအကဲ၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့။”

မသေမျိုး မျိုးနွယ်စုမှ စီစဉ်လိုက်သော တစ္ဆေလုပ်ကြံသူများသည် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာသော်လည်း ဆောက်လုပ်ရေးအဖွဲ့၏ အနီးနားသို့ပင် မချဉ်းကပ်နိုင်ဘဲ ဝမ်ချိုင်နှင့် အိမ်မွေးတိရစ္ဆာန်အုပ်စု၏ အပြင်စည်း၌ တားဆီးခြင်းကို ခံလိုက်ကြရ၏။

တစ္ဆေလုပ်ကြံသူများ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် ဆောက်လုပ်ရေးအဖွဲ့၏ လုပ်ငန်းတိုးတက်မှုနှုန်းမှာ အလွန်ပင် မြန်ဆန်လာခဲ့သည်။

လုံလောက်သော လူအင်အားရှိခြင်းကြောင့် ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ခံတပ်တည်ဆောက်ခြင်းကို ရှစ်နာရီအတွင်းမှာပင် အပြီးသတ်နိုင်ခဲ့ပြီး ပိတ်ဆို့နိုင်ခဲ့သည်။

လမ်းကြောင်းများပေါ်ရှိ ခံစစ်အင်အားအားလုံးကို ခံတပ်ပေါ်သို့ ပြောင်းရွှေ့နေရာချထားလိုက်၏။

ရှောင်းယီက မြင့်မားပြီး ခိုင်ခံ့လှသော ခံတပ်မြို့ရိုးကြီးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“မြို့ရိုးပေါ်မှာ ငါးမီတာခြားတစ်ခါ ဂတ်တလင်စက်သေနတ်တစ်လက်စီ တပ်ဆင်လိုက်။”

“ဟုတ်ကဲ့။ ဒီဘက်မှာ စီစဉ်ထားပြီးပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မင်း တစ်ညလုံး မအိပ်ရသေးဘူးလေ။ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သွားပြီး ခဏလောက် တစ်ရေးတမော အိပ်လိုက်ပါဦးလား။”

All Chapters