← Chapters

အခန်း (၁၁၉၇-၁၁၉၈)

Vol. 103 Ch. 1197-1198

အခန်း (၁၁၉၇-၁၁၉၈)

Vol. 103 Ch. 1197-1198

အခန်း ၁၁၉၇

ရှောင်းယီအချိန်ကို ကြည့်လိုက်ရာ မနက် ၅ နာရီကျော်နေပြီဖြစ်သည်။

“အင်း...မင်း ဒီဘက်ကို သေချာစောင့်ကြည့်ထားလိုက်ဦး။ ငါ ခဏလောက် သွားအိပ်လိုက်ဦးမယ်။”

“အင်း...။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ ရှောင်းယီသည်လည်း အကြီးစားကုန်တင်လေယာဉ်ဆီသို့ ပြန်သွားပြီး နားနေဆောင်ထဲတွင် လှဲချလိုက်၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ခွန်းဖန် တိုက်ခိုက်ရေးဟယ်လီကော်ပတာ ပုံစံကွက် (SSS အဆင့်) ၁]

ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် ဆွံ့အသွားမိသည်။ လက်ရှိအချိန်တွင် သူ အမှန်တကယ် လိုအပ်နေသည်မှာ အကြီးစား ပစ်ခတ်မှုစွမ်းအား ဖြစ်သည်။

ဟယ်လီကော်ပတာများသည် အသုံးဝင်ဆဲဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအတွက် တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက်ကြီး သိသိသာသာ မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။

ရှောင်းယီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အနားယူလိုက်တော့သည်။

အနားယူရန် ပြန်သွားကြသော အသက်ရှင်ကျန်ရစ်သူများသည် မနက် ၆ နာရီခွဲခန့်တွင် ရှေ့တန်းစစ်မျက်နှာသို့ ပြန်ရောက်လာကြပြီး မြင့်မားလှသော တံတိုင်းကြီးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြသည်။

“သူဌေးကတော့ သူဌေးပါပဲ။ ဆောက်လုပ်ရေးအရှိန်က တကယ်ကို မြန်လွန်းတယ်။”

“ဟုတ်ပါ့။ မနေ့ညက ငါပြန်တော့ ငါတို့ဘက်တောင် မရောက်သေးဘူး ထင်တယ်။”

“သူဌေးက ငါတို့ ရှားနိုင်ငံရဲ့ ‘အခြေခံအဆောက်အဦး ရူးသွပ်သူ’ ဆိုတဲ့ ပင်ကိုယ်အရည်အချင်းတွေကို တကယ် အမွေဆက်ခံထားတာပဲ။”

သူတို့သည် ထိုအကြောင်းကို ပြောဆိုရင်း တံတိုင်းပေါ်သို့ တက်သွားကြရာ ပုံမှန်အကွာအဝေးတစ်ခုစီတွင် တပ်ဆင်ထားသော သူတို့တစ်ခါမှမမြင်ဖူးသည့် စက်သေနတ်များကို မြင်လိုက်ရသဖြင့် နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်သွားကြပြန်သည်။

“ဒါ ဘာစက်သေနတ်လဲဟ။ သူဌေးဆီကနေ ငါတို့ဝယ်ထားတဲ့ စက်သေနတ်တွေထက် ပိုပြီး အဆင့်မြင့်တဲ့ပုံပဲ။”

“သေချာတာပေါ့။ ကြည့်စမ်း...ပြောင်းဝက အကြီးကြီးပဲ။ သူ့ရဲ့ စွမ်းအားက ငါတို့ရဲ့ သေနတ်သေးသေးလေးတွေ၊ အမြောက်တွေထက် အများကြီး ပိုပြင်းမှာ သေချာတယ်။”

“ငါ မင်းတို့ကို ဗဟုသုတပေးရရင်... ဒါကို ဂတ်တလင် အကြီးစားစက်သေနတ်လို့ ခေါ်တယ်။ အပေါ့စား စက်သေနတ်တွေထက် အများကြီး ပိုအစွမ်းထက်တယ်။”

“ဒါက ဒဏ္ဍာရီလာ ဂတ်တလင်လား။”

လူတိုင်းက အံ့ဩတုန်လှုပ်စွာ မေးလိုက်၏။

“ဟုတ်တယ်။ ဒီလိုလက်နက်မျိုးနဲ့ဆိုရင် မသေမျိုးမျိုးနွယ်စုတွေ ဒီတံတိုင်းကို ဖြတ်ကျော်ဖို့က တော်တော်လေး ခက်ခဲသွားပြီ။”

“ကောင်းလိုက်တာ။ ဒါဆိုရင် မသေမျိုးမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို တားဆီးနိုင်ခဲ့ပြီလို့ သတ်မှတ်လို့ရပြီ မဟုတ်လား။”

“ဟုတ်တယ်။ ဒါပေမဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လမ်းညွှန်ချက်မှာ ပါတဲ့ မသေမျိုးမျိုးနွယ်စုတွေကို ရှင်းလင်းအပြတ်ဖြတ်ခြင်းထဲမှာ ရော အကျုံးဝင်ရဲ့လား မသိဘူး။”

“သေချာပေါက် မဝင်သေးဘူးပေါ့။ ငါတို့က သူတို့ကို လောလောဆယ် ဝိုင်းရံထားရုံပဲ ရှိသေးတယ်။ ဒါက သူတို့ကို အပြတ်ရှင်းပစ်လိုက်ပြီလို့ မဆိုလိုဘူး။”

“ဒီနေ့ သူဌေးက မသေမျိုးမျိုးနွယ်စုတွေကို အပြတ်ရှင်းနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ။ ဒါမှ ငါတို့ တနင်္ဂနွေနေ့မှာ ကောင်းကောင်း အနားယူနိုင်မှာ။”

“မင်း ခုမှနိုးပြီး အိမ်မက်မက်နေတာလား။ အဲ့ဒီလက်မည်းကြီးသာ ငါတို့ကို သက်တောင့်သက်သာ နေခွင့်ပေးမယ်ဆိုရင် နေက အနောက်ဘက်က ထွက်လာလိမ့်မယ်။”

“ဘဝက ခက်ခဲပါတယ်ဆိုမှ... အမှန်တရားကို လာဖော်ကောင်မလုပ်စမ်းပါနဲ့။”

“ဟူး... ဒီနေ့ သူဌေး ဘယ်လိုစီစဉ်မလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် တံတိုင်းအတွင်းထဲမှာက အချင်းဝက် ကီလိုမီတာ ၄၀ ရှိတဲ့ စက်ဝိုင်းကြီးတစ်ခုလေ။ ဧရိယာက သေးတာမဟုတ်ဘူး။ အဲ့ဒါကို အကုန်လိုက်ရှင်းဖို့ဆိုတာ တော်တော်လေး ပင်ပန်းမှာပဲ။”

“ဟုတ်တယ်။ စောင့်ပဲ စောင့်ကြည့်ကြတာပေါ့။”

လူတိုင်းသည် တံတိုင်းပေါ်တွင် နားနားနေနေ ထိုင်စရာနေရာတစ်ခုစီ ရှာဖွေရင်း ရှောင်းယီတို့ဘက်မှ အမိန့်ပေးလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြတော့သည်။

ရှောင်းယီသည်လည်း နှစ်နာရီကျော်ခန့် အိပ်ပျော်သွားပြီးနောက် ပြန်နိုးလာခဲ့သည်။

ရှောင်းယီ လမ်းလျှောက်ထွက်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ဒီနေ့ လက်နက်အသစ်တွေ ထပ်ရသေးလား။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်၏။

“မရဘူး။”

“ဟင်...တစ်ခုမှမရှိဘူးလား။”

ကျန်းယွင်ထျန်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့လေသည်။

“ဒါဆို တခြား တိုက်ခိုက်ရေးသုံး ပစ္စည်းကိရိယာတွေပဲဖြစ်ဖြစ်၊ ဥပမာ မြေတူးစက်လိုမျိုး အရပ်ဘက်သုံး စက်ယန္တရားတွေရော မရဘူးလား။”

“တကယ်တော့ တစ်ခုတော့ ရှိတယ်...။ ခွန်းဖန် တိုက်ခိုက်ရေးဟယ်လီကော်ပတာတဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“တိုက်ခိုက်ရေးဟယ်လီကော်ပတာ ဟုတ်လား။”

ကျန်းယွင်ထျန်းတစ်ယောက် မျက်လုံးများ ပြူးကျယ်သွား၏။

“ပစ္စည်းကောင်းပဲ။ ဒါက လေကြောင်းတိုက်ပွဲမှာ ငါတို့ရဲ့ လေထဲပျံသန်းနိုင်တဲ့ အချိန်တိုတောင်းတဲ့ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် ရန်သူ့ဆီ သွားပြီး ကင်းထောက်ဖို့အတွက်တောင် သုံးလို့ရတယ်။”

ရှောင်းယီ အနည်းငယ် တန့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ မိုက်ခရိုမောင်းသူမဲ့ ကင်းထောက်ဒရုန်းက ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ဗဟိုချက်ဧရိယာနားကို ကပ်တာနဲ့ အပစ်ချခံလိုက်ရတယ်။ တိုက်ခိုက်ရေးဟယ်လီကော်ပတာနဲ့ကျတော့ရော သေချာပေါက် အဆင်ပြေပါ့မလား။”

“ဒါပေါ့။ ငါတို့ရဲ့ မိုက်ခရိုမောင်းသူမဲ့ ကင်းထောက်ဒရုန်းက တိုက်ခိုက်ရေးစွမ်းရည်ရော ကာကွယ်ရေးစွမ်းရည်ပါ မရှိသလောက်ပဲ။ ဒါကြောင့် မသေမျိုးမျိုးနွယ်စုတွေ သတိထားမိတာနဲ့ ချက်ချင်း ဖျက်ဆီးခံလိုက်ရတာ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ တိုက်ခိုက်ရေးဟယ်လီကော်ပတာကတော့ မတူဘူး။ အနည်းဆုံးတော့ သူက ကာကွယ်နိုင်သလို ပြန်လည်း တိုက်ခိုက်နိုင်တယ်။ ပြီးတော့ အခြေအနေပေါ်မူတည်ပြီး ရှေ့တိုးမလား၊ နောက်ဆုတ်မလားဆိုတာလည်း ပြောင်းပြီးအသုံးပြုလို့ရတယ်။”

ရှောင်းယီက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဒါပေမဲ့ မင်းစိုးရိမ်တာကလည်း တကယ်ကို အကြောင်းရှိပါတယ်။ ငါတို့ တိုက်ခိုက်ရေးဟယ်လီကော်ပတာကို သုံးပြီး စမ်းကြည့်လို့ရတယ်။ တစ်ခုခု ထူးခြားလာနိုင်တယ်လို့ပဲ ငါပြောနိုင်တယ်။”

“အဲ့ဒါဆိုရင်လည်း ငါ အရင်ဆုံး တိုက်ခိုက်ရေးဟယ်လီကော်ပတာ နှစ်စီး အရင်ထုတ်လုပ်လိုက်မယ်။”

ထို့နောက် ရှောင်းယီသည် နောက်သို့လှည့်ထွက်ကာ ကုန်တင်လေယာဉ်ဆီသို့ ပြန်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ ခွန်းဖန် တိုက်ခိုက်ရေးဟယ်လီကော်ပတာ ပုံစံကွက်ကို အသုံးပြုလိုက်သည်။ ထို့နောက် အန်းရန်ကို နှစ်စီးထုတ်လုပ်ခိုင်းပြီး လွှဲပြောင်းပေးခိုင်းလိုက်သည်။

ထို့နောက် အကြီးစားကုန်တင်လေယာဉ်၏ အပြင်ဘက်တွင် ဟယ်လီကော်ပတာ နှစ်စီး ပေါ်လာခဲ့သည်။ ဟယ်လီကော်ပတာများကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းက ချက်ချင်းပင် အမိန့်ပေးလိုက်၏။

“ဒါတွေပေါ်မှာ အပေါ့စား စက်သေနတ်တွေနဲ့ အကြီးစားစက်သေနတ်တွေ အကုန်လုံး အမြန်ဆုံး တပ်ဆင်လိုက်။”

“ဟုတ်ကဲ့။”

အနီးနားရှိ စစ်သားတစ်ဦးသည် အပေါ့စား စက်သေနတ်တစ်လက်နှင့် ဂတ်တလင် တစ်လက်ကို ပခုံးပေါ်ထမ်းကာ ချက်ချင်း လျှောက်သွားတော့သည်။ ၎င်းတို့ကို ဟယ်လီကော်ပတာ၏ လက်နက်ချိတ်စင်များပေါ်တွင် တပ်ဆင်လိုက်ကြသည်။

ရှောင်းယီ ထွက်လာသောအခါ ကျန်းယွင်ထျန်းက စစ်သားများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“စက်သေနတ်တွေက တိုက်ခိုက်ရေးဟယ်လီကော်ပတာတွေနဲ့ပဲ အဆင်ပြေတယ်။ တိုက်လေယာဉ်တွေနဲ့ကျ လုံးဝ အဆင်မပြေဘူး။”

ရှောင်းယီ ခေါင်းညိတ်လိုက်၏။ လက်ရှိ တိုက်လေယာဉ်များ၏ လက်နက်တပ်ဆင်ပုံက မှန်ကန်နေပြီဖြစ်သည်။ ၎င်းတို့တွင် လေကြောင်း ဒုံးကျည်များနှင့် စက်အမြောက်များ တပ်ဆင်ထားသည်။

တိုက်လေယာဉ်များသည် မြန်လွန်းသဖြင့် ၎င်းတို့ပေါ်တွင် အသုံးပြုသည့် စက်သေနတ်များသည် ခန့်မှန်းခြေ ဦးတည်ချက်အတိုင်းသာ ပစ်ခတ်နိုင်၏။ သို့သော် ဟယ်လီကော်ပတာများကတော့ မတူပေ။ ၎င်းတို့သည် လေထဲတွင် ဝဲပျံနေနိုင်သဖြင့် လေကြောင်းပစ်မှတ်တစ်ခုအဖြစ် အပြည့်အဝ ပုံဖော်ပေးနိုင်သည်။

စစ်သားများက စက်သေနတ်များကို လျင်မြန်စွာ တပ်ဆင်လိုက်ကြပြီး ကျန်းယွင်ထျန်းသည် ဟယ်လီကော်ပတာတစ်စီးပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ ပြောလိုက်သည်။

“ငါ အဲ့ဒီဗဟိုချက်ဧရိယာကို သွားပြီး ကင်းထောက်လိုက်ဦးမယ်။”

“ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ချက်ချင်း ပြောလိုက်သည်။

“မဖြစ်ဘူး။ အန္တရာယ်များလွန်းတယ်။”

ကျန်းယွင်ထျန်းက ကန့်ကွက်လိုက်၏။ ရှောင်းယီက ခေါင်းခါလိုက်သည်။

“ငါတို့မှာ အချိန် နှစ်ရက်ပဲ ကျန်တော့တယ်။ ငါ နောက်တန်းမှာပဲ ပုန်းနေမယ်ဆိုရင် ဒီမသေမျိုးမျိုးနွယ်စုတွေကို အချိန်မီ အပြတ်ရှင်းနိုင်ပါ့မလားဆိုတာ တကယ်ကို မသေချာဘူး။”

ကျန်းယွင်ထျန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း ရှောင်းယီ ပြောသည်မှာလည်း မှန်ကန်ကြောင်း သိထားသဖြင့် ဆက်လက် မတားဆီးတော့ပေ။

ရှောင်းယီက ကိုယ်ကျပ်ဝတ်စုံနှစ်စုံ ထုတ်လိုက်ပြီး တစ်စုံကို ကျန်းယွင်ထျန်းဆီသို့ ပစ်ပေးလိုက်သည်။

“ဒါကို ဝတ်ထားလိုက်။ အဆိုးဆုံးအခြေအနေအတွက်ပေါ့။”

“အင်း။”

၎င်းတို့နှစ်ဦး ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ပြီးနောက် ကျန်းယွင်ထျန်းက ဟယ်လီကော်ပတာကို စတင်မောင်းနှင်လိုက်တော့သည်။

“ဝူး... ဝူး... ဝူး...”

ဟယ်လီကော်ပတာ အပေါ်ရှိ ပန်ကာဒလက်များသည် တဖြည်းဖြည်း ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး မကြာမီမှာပင် လေယာဉ်ကိုယ်ထည်ကြီးတစ်ခုလုံး မြေပြင်မှ ကြွတက်ကာ လေထဲသို့ ပျံတက်သွားတော့သည်။

“ဒါက ဘာကြီးလဲ။”

ဟူကျဲ ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့နောက်တွင် ယခင်က ကုန်တင်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် လုံးဝမတူသော အရာတစ်ခု ပျံတက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။ ကျားကျန့်ကလည်း ခေါင်းခါလိုက်သည်။

“ဒါက နောက်ထပ် ပျံသန်းရေးယာဉ်တစ်မျိုးပဲ ဖြစ်ရမယ်။ ကြည့်ရတာ တိုက်လေယာဉ်ထက် အများကြီး ပိုနှေးတဲ့ပုံပဲ။ ဒီလိုအရာမျိုးက တကယ်ရော အသုံးဝင်ပါ့မလား။”

သူ့စကားပင် မဆုံးသေးမီ ဟယ်လီကော်ပတာသည် ကျွန်း၏ ဗဟိုချက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

“အဟမ်း... အရှိန်က သိပ်တော့လည်း မနှေးလှပါဘူးလေ။”

ကျားကျန့်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ ဟူကျဲက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ တိုက်လေယာဉ်လောက်တော့ ဘယ်မြန်ပါ့မလဲ။”

ဟယ်လီကော်ပတာသည် မကြာမီ ကျွန်း၏ ဗဟိုချက်မှ ကီလိုမီတာ ၃၀ ခန့်အကွာရှိ နေရာတစ်ခုသို့ ရောက်ရှိလာ၏။

ဤအခိုက်အတန့်တွင် မြေပြင်ပေါ်ရှိ မသေမျိုးမျိုးနွယ်စုများသည်လည်း ကောင်းကင်ပေါ်ရှိ ဟယ်လီကော်ပတာကို သတိပြုမိသွားကြပြီ ဖြစ်သည်။ ဟယ်လီကော်ပတာ၏ အသံမှာ တကယ်ကို ကျယ်လောင်လွန်းလှသဖြင့် မသေမျိုးမျိုးနွယ်စုများသည် သူတို့လက်ထဲရှိ လက်နက်များကို ကောင်းကင်ပေါ်သို့ ချက်ချင်း ဝိုင်းပစ်ကြတော့သည်။

သို့သော် ဟယ်လီကော်ပတာ၏ ပျံသန်းမှုအမြင့်မှာ မီတာ ၅၀၀ ကျော်တွင် ရှိနေသဖြင့် သူတို့ ပစ်ပေါက်လိုက်သော အမြင့်က ထိုအမြင့်သို့ လုံးဝ မမီနိုင်ပေ။

မကြာမီမှာပင် အရွယ်အစား သိပ်မကြီးသော ငှက်ကဲ့သို့သော မသေမျိုး သတ္တဝါအများအပြား အောက်ခြေမှ ပျံတက်လာကြပြီး ဟယ်လီကော်ပတာဆီသို့ လျင်မြန်စွာ ပြေးဝင်လာကြတော့သည်။

အခန်း ၁၁၉၈

“ဒီမသေမျိုးတွေက တော်တော်မြန်တာပဲ။”

ကျန်းယွင်ထျန်းက ထိုမသေမျိုးများကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒီမသေမျိုးတွေက မူလက ပင်လယ်လင်းယုန်တွေပဲ။ သူတို့ရဲ့ အရှိန်က အရမ်းမြန်တယ်။”

ဤအချက်အလက်မှာ စနစ်၏ သတိပေးချက်ကြောင့် သိထားခြင်း ဖြစ်သည်။

[မသေမျိုး ပင်လယ်လင်းယုန် (SSS အဆင့်) - မူလက ပင်လယ်လင်းယုန်များ ဖြစ်ကြပြီး ၎င်းတို့၏ အရှိန်နှင့် တိုက်ခိုက်နိုင်စွမ်းမှာ မနိမ့်လှသော်လည်း ကာကွယ်ရေးစွမ်းအားမှာ အကန့်အသတ်ရှိသည်...]

“ကျွန်းပိုင်ရှင် သူတို့ကို အရင်ဆုံး မောင်းထုတ်ပစ်လိုက်ရမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။

“မလိုဘူး။ တိုက်ခိုက်ရေးဟယ်လီကော်ပတာရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်ရအောင်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ရှောင်းယီ ထိန်းချုပ်နေသော အပေါ့စား စက်သေနတ်အား ထိုမသေမျိုး ပင်လယ်လင်းယုန်များကို တိုက်ရိုက်မျက်နှာမူနိုင်ရန် ဟယ်လီကော်ပတာ၏ အနေအထားကို ချက်ချင်း ချိန်ညှိပေးလိုက်သည်။

ထိုပင်လယ်လင်းယုန်များသည် သူတို့ဆီသို့ လျင်မြန်စွာ ပြေးဝင်လာကြရာ ရှောင်းယီသည်လည်း တွန့်ဆုတ်မနေဘဲ ၎င်းတို့ကို စစ်ကြောင်းဖြန့်ကာ တရစပ် ပစ်ခတ်လိုက်တော့သည်။

“ဒပ် ဒပ် ဒပ်...”

“ဖြောင်း... ဖြောင်း... ဖြောင်း”

ထိုမသေမျိုး ပင်လယ်လင်းယုန်များက တကယ်ကို ကြွပ်ဆတ်လွန်းလှသည်။ အပေါ့စား စက်သေနတ်ကျည်ဆန်များ ထိမှန်ရုံမျှဖြင့် ၎င်းတို့သည် ဝုန်းကနဲ ကြေမွပျက်စီးသွားကြ၏။

“ဒါ... ဒါဆို သူတို့က စက္ကူကျားတွေပေါ့။ သူတို့ ဒီလောက်ပြင်းပြင်းထန်ထန် ပြေးဝင်လာတာ မြင်တော့ ငါက ရင်ဆိုင်ရခက်မယ်ထင်နေတာ။”

ကျန်းယွင်ထျန်းက မျက်လုံးအဝိုင်းသားဖြင့် ပြောလိုက်သည်။

“အင်း... ဒီမသေမျိုး ပင်လယ်လင်းယုန်တွေက အရှိန်နဲ့ တိုက်ခိုက်နိုင်စွမ်းတော့ အတော်အသင့်ရှိပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက တော်တော်လေး ကြွပ်ဆတ်တယ်။”

ရှောင်းယီက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“ဒါဆို ငါတို့ ရှေ့ကို ဆက်သွားမလား။ ဒါမှမဟုတ် ဒီမှာပဲနေပြီး အောက်က ပင်လယ်လင်းယုန်တွေ တက်လာပြီး အသေခံမယ့်အချိန်ကို စောင့်နေမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ရှေ့ဆက်သွားကြမယ်။ ဒီက အခြေအနေကို အရင်ကြည့်ပြီးမှ နောက်ထပ် ဘယ်လိုတိုက်ရမလဲဆိုတာ ဆုံးဖြတ်မယ်။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ဟယ်လီကော်ပတာကို ရှေ့သို့ ဆက်လက် မောင်းနှင်လိုက်သည်။

နောက်ထပ် ၁၀ ကီလိုမီတာခန့် ခရီးနှင်ပြီးနောက် ကျွန်းပေါ်တွင် ခပ်ဖျော့ဖျော့ အမည်းရောင်မြူခိုးမည်းများ အမှန်တကယ် ထွက်ပေါ်လာတော့သည်။

“အမ်... ကျွန်းပိုင်ရှင် ရှေ့က အခြေအနေကို ကြည့်လိုက်။”

ကျန်းယွင်ထျန်းက ရုတ်တရက် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်၏။

ရှောင်းယီ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ကျွန်းပေါ်တွင် လွင့်မျောနေသော အမည်းရောင်မြူခိုးများကို မြင်လိုက်ရသည်။

[မသေမျိုး မြူခိုး - အမျိုးမျိုးသော အဆိပ်ငွေ့များနှင့် အဆိပ်အတောက်များ ပါဝင်သည်။ ၎င်းကို မသေမျိုးမျိုးနွယ်စု၏ အကြီးအကဲ ကိုးဦးက ဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် ဤနေရာသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။ မသေမျိုးမျိုးနွယ်စု၏ အရည်အချင်းများသည် မတူညီသော မသေမျိုးမြူခိုး သိပ်သည်းဆများအတွင်း လိုက်လျောညီထွေစွာ တိုးမြင့်လာမည်ဖြစ်ပြီး အမြင့်ဆုံးအတိုင်းအတာမှာ ၎င်းတို့၏ လက်ရှိအရည်အချင်းများကို နှစ်ဆအထိ ဖြစ်စေနိုင်သည်။]

စနစ်၏ ဤသတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် ဆွံ့အသွားမိသည်။

“အရည်အချင်းတွေကို နှစ်ဆ တိုးမယ် ဟုတ်လား။ ဒါကို ငါတို့က ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ။”

လက်ရှိတွင် ရှောင်းယီတို့အဖွဲ့သည် အဆင့်မြင့်လက်နက်များကို အားကိုးပြီး အသာစီးရထားရုံမျှသာ ရှိသေးသည်။ အကယ်၍ မသေမျိုးမျိုးနွယ်စု၏ အရည်အချင်းများသာ နှစ်ဆ တိုးသွားပါက အသက်ရှင်ကျန်ရစ်သူများနှင့် အခြားမျိုးနွယ်စုများ ပူးပေါင်းထားသော မဟာမိတ်တပ်ဖွဲ့သည် ပြန်သွားပြီး အိပ်နေလိုက်တာကမှ ပိုကောင်းပေလိမ့်မည်။ ဤတိုက်ပွဲက ဘယ်လိုမှ တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

ကျန်းယွင်ထျန်းသည်လည်း ဇဝေဇဝါဖြစ်သွားခဲ့သည်။

“ဘာအရည်အချင်းတွေ နှစ်ဆတိုးတာလဲ။”

“မင်း မြင်နေရတဲ့ ဒီဟာက မသေမျိုးမြူခိုးပဲ။ မသေမျိုးမျိုးနွယ်စုတွေရဲ့ အရည်အချင်းတွေက အဲ့ဒီထဲမှာ နှစ်ဆအထိ တိုးလာလိမ့်မယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။ ကျန်းယွင်ထျန်းသည်လည်း ထိုသတင်းကို ကြားလိုက်ရသောအခါ လုံးဝ ဆွံ့အမှင်တက်သွားတော့သည်။

“ကျွန်းပိုင်ရှင်... ငါတို့ စစ်တပ်ကို ပြန်ရုပ်သိမ်းလိုက်ရင် မကောင်းဘူးလား။ ဒီမသေမျိုး သတ္တဝါတွေက မတရား ညစ်နေကြတာပဲ။ ငါတို့မှာ လုံးဝ အခွင့်အရေး မရှိဘူး။”

ရှောင်းယီသည် ထိုအမည်းရောင်မြူခိုးများကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စိတ်ထဲ၌ ဖြေရှင်းနည်းတစ်ခုကို စဉ်းစားနေမိသည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့အနေဖြင့် မသေမျိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းရန် လူအင်အားနှင့် ရင်းမြစ်မြောက်မြားစွာကို အသုံးပြုခဲ့ပြီးပြီ ဖြစ်ရာ သူ ဤအတိုင်း အလွယ်တကူ လက်မလျှော့ချင်ပေ။

ရှောင်းယီ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းသည်လည်း နောက်ဆုတ်ရန် ပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး အတူတူ စတင်တွေးတောလိုက်တော့သည်။

“ကျွန်းပိုင်ရှင်... ငါတို့ အခု မသေမျိုးမျိုးနွယ်စုကို ကဏ္ဍနှစ်ခုကနေပဲ ကိုင်တွယ်လို့ရတော့မယ်။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ပထမတစ်ခုက ခေါင်းဆောင်ကို အရင် ဖမ်းရမယ်။ ဒီမသေမျိုး သတ္တဝါတွေကို မသေမျိုးမျိုးနွယ်စုရဲ့ မှော်ဆရာ တစ်ယောက်ယောက်က သေချာပေါက် ဆင့်ခေါ်ထားတာလို့ ငါယုံကြည်တယ်။ အဲ့ဒီ ဟင်းလင်းပြင်အက်ကွဲကြောင်းက ဒီအတိုင်း အလွယ်တကူ ဖြတ်ကျော်လာနိုင်တာမျိုး မဟုတ်လောက်ဘူး။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ငါရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် ဒီမသေမျိုးသတ္တဝါတွေအားလုံးကို အကြီးအကဲကိုးဦးက ဆင့်ခေါ်ထားတာပဲ။”

“အကြီးအကဲကိုးဦး ဟုတ်လား။”

ကျန်းယွင်ထျန်း အနည်းငယ် ဆွံ့အသွား၏။

“အဲ့ဒီလိုဆိုရင်တော့ ငါတို့ရဲ့ ပစ်မှတ်ကို အဲ့ဒီမသေမျိုးမျိုးနွယ်စုရဲ့ အကြီးအကဲကိုးဦးဆီမှာပဲ ထားရတော့မယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“သူတို့ ဟင်းလင်းပြင်အက်ကွဲကြောင်းနားမှာပဲ ရှိနေမှာ သေချာတယ်။ ခဏနေရင် သူတို့ရှိတဲ့နေရာကို ရှာတွေ့နိုင်မလားဆိုတာ ကင်းသွားထောက်ကြည့်ကြတာပေါ့။”

“အင်း။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ဆက်လက်သုံးသပ်ပြလိုက်သည်။

“နောက်တစ်ချက်က ငါတို့မှာ ဒီအနည်းရောင်မြူခိုးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှိရမယ်။ အကယ်၍ ဒီအမည်းရောင်မြူခိုးတွေကို မရှင်းနိုင်ရင် ငါတို့မှာ တကယ် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။”

“အင်း... အဲ့ဒါကတော့ အမှန်ပဲ။”

ရှောင်းယီ၏ မျက်မှောင်များမှာ ပိုမိုတွန့်ချိုးလာခဲ့သည်။

“လေဆင်နှာမောင်းတစ်ခုခုလာပြီး မြူတွေကို တိုက်ထုတ်သွားရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် လေထုသန့်စင်စက် တစ်လုံးလောက် ဝယ်လိုက်ရင် ဖြစ်ဖြစ် လုပ်နိုင်ရင် တော်တော်ကောင်းလိမ့်မယ်။”

ကျန်းယွင်ထျန်းက စိတ်ကူးပေါက်ရာ လျှောက်တွေးရင်း ပြောလိုက်သည်။

“လေထုသန့်စင်စက်လား။”

ရှောငယီ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွား၏။

ပြီးခဲ့သည့် အပတ်ကုန်က သူ လက်မှတ်ထိုးဝင်ခဲ့စဉ်က ရရှိခဲ့သော ဆုလာဘ်မှာ လေထုသန့်စင် မျှခြေထိန်းညှိခြင်းစက်ကိရိယာတစ်ခု ဖြစ်ပေသည်။

ထိုစဉ်က စနစ်က သူ့ကို ဘာကြောင့် ဤကဲ့သို့သောအရာမျိုး ပေးရသနည်းဟု သူ ညည်းညူမိခဲ့သော်လည်း ယခုကြည့်ရသည်မှာ စနစ်သည် တကယ်ကို အမြော်အမြင်ကြီးမားခဲ့ခြင်း ဖြစ်သည်။

ရှောင်းယီ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းယွင်ထျန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

“ငါက ဒီအတိုင်း လျှောက်ပြောလိုက်တာပါ။ ငါတို့ မဟာမိတ်အဖွဲ့မှာ လေထုသန့်စင်စက် မရှိဘူးလေ။ ရှိရင်တောင် သုတေသနအသစ်လုပ်ဖို့ အချိန်အများကြီး ပေးရဦးမှာပဲ။”

ထိုအခါ ရှောင်းယီက သူ့တွင် ထိုစက်ရှိကြောင်း အရိပ်အမြွက် ပြောပြလိုက်၏။ ကျန်းယွင်ထျန်းသည် ၎င်းကို ကြားလိုက်ရသည်နှင့် ချက်ချင်း သဘောတူလိုက်ပြီး ဟယ်လီကော်ပတာကို ကျွန်း၏ ဗဟိုချက်ဆီသို့ ဆက်လက်ပျံသန်းရန် မောင်းနှင်လိုက်တော့သည်။

ကျွန်း၏ ဗဟိုချက်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ မသေမျိုးမြူခိုးများသည်လည်း တဖြည်းဖြည်း ပိုမိုသိပ်သည်းလာပြီး နောက်ပိုင်းတွင် မြူခိုးများအတွင်း၌ ဘာကိုမျှ မမြင်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားသည်ကို သူတို့ အံ့ဩစွာ တွေ့ရှိလိုက်ရသည်။

“ကျွန်းပိုင်ရှင်... အခု ကိရိယာတွေ အကုန်လုံး အလုပ်မလုပ်တော့ဘူး။ ဟင်းလင်းပြင် အက်ကွဲကြောင်းရဲ့ သက်ရောက်မှုကြောင့်လို့ ငါသံသယရှိတယ်။ ငါတို့ ချက်ချင်း ပြန်လှည့်တာ ပိုကောင်းမယ်။”

ကမောက်ကမ ဖြစ်ကာ စတင်ခုန်ပျံနေသော တိုင်းတာရေးကိရိယာများကို ကြည့်ရင်း ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။

“ချက်ချင်း ပြန်လှည့်မယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည် ဦးတည်ချက်ကို ချက်ချင်းပြောင်းကာ နောက်ကြောင်းပြန်၍ ပျံသန်းခဲ့လိုက်သည်။

ဤအခိုက်အတန့်တွင် ဧရာမ အရိုးနဂါးကြီးတစ်ကောင်သည် အောက်ခြေရှိ မြူထူများထဲမှ ရုတ်တရက် ဗြုန်းကနဲ ထွက်လာပြီး ဟယ်လီကော်ပတာဆီသို့ လျင်မြန်စွာ ပျံသန်းတက်လာတော့သည်။

[မသေမျိုး ပတဲရိုဆော (Pterosaur) (SSS အဆင့်) - မူလက ပတဲရိုဆော (အတောင်ပံပါသော ဒိုင်နိုဆော) တစ်ကောင် ဖြစ်သည်။ ၎င်း၏ အရှိန်၊ တိုက်ခိုက်မှုနှင့် ကာကွယ်ရေးတို့မှာ အလွန်မျှတသည်။ ရင်ဆိုင်ရပါက သတိထားပါ...]

“သတိထား... မသေမျိုး ပတဲရိုဆောတစ်ကောင် လာနေတယ်။”

ရှောင်းယီက သတိပေးလိုက်၏။ ကျန်းယွင်ထျန်းက စကားပြန်မပြောဘဲ ဟယ်လီကော်ပတာကို ဘေးတစ်ဖက်သို့ စောင်းကာ တိုက်ရိုက် မောင်းနှင်လိုက်သည်။

“ကလန်....”

မသေမျိုး ပတဲရိုဆောသည် ဟယ်လီကော်ပတာ၏ ဆင်းသက်ဂီယာကို ဝင်တိုက်မိသွားပြီး ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းယွင်ထျန်းသည် ဟယ်လီကော်ပတာ၏ ဟန်ချက်ကို မနည်းထိန်းညှိလိုက်ရပြီးနောက် နောက်ပြန်ဆုတ်ကာ ဆက်လက် ပျံသန်းခဲ့လိုက်သည်။

ရှောင်းယီသည် ဂတ်တလင်၏ ဦးတည်ချက်ကို ချိန်ညှိကာ သူတို့နောက်မှ လိုက်လာသော မသေမျိုး ပတဲရိုဆောဆီသို့ ပစ်ခတ်လိုက်တော့သည်။

“ဒပ် ဒပ် ဒပ်”

၎င်းတို့နှစ်ဦးကြား အကွာအဝေးမှာ အတော်လေး နီးကပ်နေပြီး မသေမျိုး ပတဲရိုဆောသည် ဟယ်လီကော်ပတာဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာနေခြင်း ဖြစ်သည်။

ဂတ်တလင်မှ ပစ်ခတ်လိုက်သော ကျည်ဆန်များကို ထိပ်တိုက်ရင်ဆိုင်ရသဖြင့် အရာဝတ္ထုနှစ်ခုလုံး၏ နှိုင်းရအရှိန် ကွာခြားချက်မှာ အလွန်ကြီးမားသွားပြီး ၎င်းက ဂတ်တလင်၏ ဖျက်ဆီးအားကို အလိုအလျောက် ပိုမိုပြင်းထန်သွားစေခဲ့သည်။

“ချလွင်... ချလွင်... ချလွင်”

ဂတ်တလင်ကျည်ဆန်များ မသေမျိုး ပတဲရိုဆောကို ထိမှန်သံမှာ သံပြားကို သွားပစ်နေရသကဲ့သို့ တချွင်ချွင် မြည်ဟည်းနေသဖြင့် ရှောင်းယီပင် သွားကျိန်းသလို ခံစားလိုက်ရသည်။

ဂတ်တလင်ကြောင့် မသေမျိုး ပတဲရိုဆောအပေါ် ရရှိသည့် ထိခိုက်ဒဏ်ရာမှာ အကန့်အသတ်ရှိသော်လည်း ၎င်းကို အနည်းငယ် နောက်ဆုတ်သွားစေရန် တွန်းပို့နိုင်ခဲ့သဖြင့် ဟယ်လီကော်ပတာသည် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာနိုင်မည့် အခွင့်အရေးကို ချက်ချင်း ရယူလိုက်နိုင်ခဲ့သည်။

ဂတ်တလင်သည် မသေမျိုး ပတဲရိုဆော အနားမကပ်နိုင်အောင် ထိရောက်စွာ တားဆီးနိုင်သည်ကို မြင်သောအခါ ကျန်းယွင်ထျန်းသည် ဟယ်လီကော်ပတာကို ရှေ့သို့ ပျံသန်းနေစဉ် ဘေးသို့ စောင်းထားသည့် အနေအထားကို ဆက်ထိန်းထားလိုက်သည်။

ဤနည်းဖြင့် ရှောင်းယီသည် ဂတ်တလင်ကို ထိန်းချုပ်ကာ မသေမျိုး ပတဲရိုဆောဆီအား တရစပ် ဆက်လက် ပစ်ခတ်နိုင်မည် ဖြစ်သည်။

မသေမျိုး ပတဲရိုဆောသည် မကျေမနပ်ဖြင့် အကွာအဝေးတစ်ခုအထိ ရှေ့သို့ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့ကာ ထူထပ်လှသော မြူခိုးများထဲသို့ ပြန်လည်ပျံသန်း ဝင်ရောက်သွားတော့သည်။

All Chapters