အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁)
" ဝေကျန့်နဲ့ ကုန်းစွန်းကွမ်တို့က ဘာလုပ်နေတာလဲ။ မြို့ထဲမှာ စစ်သည်နှစ်သိတ်းတောင်ရှိနေတာ သူတို့က ဘာလုပ်နေကြတာလဲ။ မင်း ငါ့ကို လာလိမ်နေတာလား။ မင်းက သေချင်နေတာလား။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
" အရှင်မင်းကြီး မြို့ထဲရ စစ်သည်တွေက အရှင်မင်းကြီးတိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတာကို သိသွားကြပြီ။ ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းက သူတို့ကို လာစည်းရုံးပြီး သယတို့နှစ်ယောက်လုံး လက်နက်ချသွားကြပါပြီ။ " အစောင့်က တုန်ရီစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ယန်ဘုရင်က နောက်သို့ ယိမ်းယိုင်သွားပြီး မတ်တပ်မရပ်နိုင်တောဘဲ ကြမ်းပြင်သို့ လဲကျသွားသည်။
" ငါ သူတို့ကို ဒီလောက်တောင် ကြင်နာခဲ့တာကို သူတို့က ဘယ်လိုလုပ် ငါ့ကို သစ္စာဖောက်ရတာလဲ။ ဘာလို့လဲ။ " ယန်ဘုရင်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
သူတွင် စစ်သည်နှစ်သိန်းရှိသော်လည်း သူတို့က တစ်ချက်တောင် မတိုက်ဘဲ လက်နက်ချသွားခဲ့ကြသည်။ အစတွင် သူက စစ်သည်နှစ်သိန်းကို သုံးကာ ချင်စစ်တပ်ကို ခုခံပြီး တုန်ဟူဆီမှ စစ်ကူကို စောင့်မည်ဟုတွေးခဲ့သည်။ သို့သော် ယခု အားလုံးက အဓိပ္ပါယ်မရှိတော့ပေ။
ထိုခဏတွင် နန်းတော်၏ အပြင်ဘက်မှ သံချပ်ကာနှင့် လက်နက်မျိုးစုံများ၏ အသံများ ထွက်ပေါ်လာသည်။
" မင်းက လူသားဆန်မှုလည်းမရှိ၊ တရားမျှတမှုလည်း မရှိ၊ သစ္စာလည်း မရှိ၊ ကျေးဇူးတရားလည်း မရှိဘူး။ " ကျယ်လောင်သော အသံက နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
လူတိုင်းက တံခါးပေါက်သို့ လှည့်ကြည့်လိုက်သည်။ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများကို ထုတ်လွှတ်နေသော ချင်စစ်သေနာပတိချုပ်တစ်ယောက်က အနက်ရောင်သံချပ်ကာနှင့် ချင်စစ်သည်များကို ဦးဆောင်ပြီး နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
သူတို့က ခန်းမထဲသို့ ဝင်လာသည်နှင့် ထိုနေရာတွင် ရှိနေသူအားလုံးကို ထိန်းချုပ်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ နန်းတွင်းကိုယ်ရံတော်များက လက်နက်များကို ချလိုက်သည်။
" ကျောက်ဖုန်း " ယန်ဘုရင်က ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။
" ဟုတ်တယ်။ " ကျောက်ဖုန်းက ခန်းမထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
" မင်း... မင်း..." ယန်ဘုရင်က ကျောက်ဖုန်းကို လက်ညှိုးထိုးပြီး အလွန်ထိတ်လန့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သို့သော် သူက ကျောက်ဖုန်း၏ ဘေးမှ ကုန်းစွန်းကွမ်နှင့် ဝေကျန့်တို့ကို မြင်သောအခါ သူက ဒေါသပေါက်ကွဲသွားသည်။
" သစ္စာဖောက်တွေ ငါမင်းတို့အပေါ် ဒီလောက်ကြင်နာတာကို မင်းတို့က ဘယ်လို့လုပ် ငါ့အပေါ် သစ္စာဖောက်ရတာလဲ။ "
ယန်ဘုရင်၏ ကြိမ်းမောင်းမှုကို ရင်ဆိုင်ရသောအခါ ဝေကျန့်က ခေါင်းငုံ့ထားပြီး ပြန်မပြောရဲပေ။ သို့သော် ကုန်းစွန်းကွမ်က ရှေ့တိုးလာပြီး ယန်ဘုရင်ကို စိုက်ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို မေးပါရစေ။ အရှင်မင်းကြီး တုန်ဟူတွေနဲ့ ပူးပေါင်းခဲ့တာလား။ "
" ဒီကိစ္စလေးအတွက်နဲ့ မင်းတို့က ငါ့ကို သစ္စာဖောက်ကြတာလား။ ချင်စစ်တပ်က ငါတို့ ယန်နိုင်ငံကို ဖျက်ဆီးတော့မယ်။ ချီနဲ့ ချူက စစ်ကူမပို့ကြဘူး။ ငါ့မှာ အခြားရွေးချယ်စရာမရှိဘူး။ ယန်နိုင်ငံအတွက်ဆို ဘာမဆိုထိုက်တန်တယ်။ " ယန်ဘုရင်က ရူးသွပ်စွာ ပြောလိုက်သည်။
"ဒါပေမယ့် အရှင်မင်းကြီးက ဘိုးဘေးတွေကို သစ္စာဖောက်နေတာကို သိရဲ့လား။ အရှင်မင်းကြီးရဲ့ အတ္တကြောင့် မြောက်ဘက်နယ်စပ်က လူပေါင်းများစွာ အသက်ဘေးနဲ့ ကြုံတွေ့ရတော့မှာကို သိရဲ့လား။ ဒါတွေအားလုံးက အရှင်မင်းကြီးကြောင့်ပဲ။ အရှင်မင်းကြီးရဲ့ လုပ်ရပ်က အရမ်းရွံစရာကောင်းတယ။ ဘယ်လိုလုပ်ဘုရင်ဖြစ်ထိုက်တော့မှာလဲ။ ဘယ်လိုလုပ်ပြီး ကျွန်တော်မျိုးတို့ရဲ့ သစ္စာစောင့်သိမှုကို ခံယူထိုက်မှာလဲ။ အရှင်မင်းကြီး သေသင့်တယ်။ " ကုန်းစွန်းကွမ်က ယန်ဘုရင်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်သည်။
" ယန်နိုင်ငံတစ်ခုလုံးက ငါ့ဟာပဲ။ ယန်ကို ကယ်တင်ဖို့ လူအချို့သေရမယ်ဆိုရင်တောင် ထိုက်တန်တယ်။ " ယန်ဘုရင်က ရူးသွပ်သော အမူအရာနှင့် ပြောလိုက်သည်။ အာဏာရှင်ဘုရင်များအတွက် လူအသက်များက တိရိစ္ဆာန်များထက်ပင် တန်ဖိုးနည်းလှသည်။
" မင်းက ရူးနေတာပဲ။ မင်းအောက်မှာ အမှုထမ်းခဲ့မိတဲ့အတွက် ငါ နောင်တရမိတယ်။ " ကုန်းစွန်းကွမ်းက ပြောလိုက်သည်။
" ခန်းမထဲမှာ ဝန်ကြီးတွေ ဘာလို့ဒီလောက်တောင် နည်းနေတာလဲ။ ကျန်တဲ့သူတွေအားလုံး ထွက်ပြေးသွားကြပြီလား။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းလို့ ဝန်ကြီးတွေက ဘုရင်ကို ဆန့်ကျင်ကြတဲ့အတွက် သူတို့ကို အကျဉ်းထောင်ထဲ ပို့လိုက်ပါတယ်။ "အစောင့်က တုန်ယင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ဝန်ကြီးများကို ကြည့်လိုက်သည်။ လူခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ကျန်သေးသည်။
" အခြားသူတွေတောင် မိုက်မဲတဲ့ ဘုရင်ကို ဆန့်ကျင်ကြသေးတာကို မင်းတို့က ဘာလို့ ဒီလောက်တောင်သစ္စာမဲ့ရတာလဲ။ ဒီလိုဆိုမှတော့ မင်းတို့လည်း အသက်ရှင်ဖို့ အကြောင်းပြချက်မရှိဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကိုယ်ရံတော်များက ဓားများကို ဆွဲထုတ်ပြီး ဝန်ကြီးများဆီသို့ လျှောက်သွားကြသည်။ ခဏအတွင်း ခန်းမထဲရှိ ဝန်ကြီးများအားလုံး သတ်ခံလိုက်ရသည်။ အလောင်းများက ကြမ်းပြင်တွင် ပြည့်နှက်သွားပြီး သွေးများ နီရဲသွားသည်။
ထိုသတ်ဖြတ်မှုကို မြင်သောအခါ ယန်ဘုရင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ဘုရင်တစ်ပါးဖြစ်သော်လည်း ထိုသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
" မင်းလည်း သေသင့်တယ်။ " ကျောက်ဖုန်းက ယန်ဘုရင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
" မင်းဘာလုပ်မလို့လဲ။ စစ်ရှုံးသွားရင်တောင် ငါက ဘုရင်ပဲ။ ရင်ကျန့်တစ်ယောက်ပဲ ငါ့ကို စီရင်ပိုင်ခွင့်ရှိတယ်။ မင်း ငါ့ကို သတ်ရဲလို့လား။ " ယန်ဘုရင်က ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားသည်။
ကျောက်ဖုန်းက ဂရုမစိုက်ဘဲ ယန်ဘုရင်ဆီသို့ လျှောက်သွားပြီး သူ့ကို လက်တစ်ဖက်နှင့် မလိုက်သည်။
" တကယ်တော့ ငါ ဘုရင်တစ်ပါးကို မသတ်ဖူးသေးဘူး။ ဒါပေမယ့် ဒီနေ့တော့ ကြုံတွေ့ရတော့မယ်။ ငါမင်းကို ယန်နိုင်ငံရဲ့ စစ်တပ်တစ်ခုလုံးရှေ့မှာ သတ်ပြမယ်။ မင်းရဲ့ ပြစ်မှုတွေကို တစ်လောကလုံး သိအောင်ငါလုပ်မယ်။ မင်းက နာမည်ဆိုးနဲ့ ထာဝရ နေသွားရလိမ့်မယ်။ " ကျောက်ဖုန်းက ယန်ဘုရင်၏ ရင်ဘတ်ကို ကိုင်ပြီး ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။
နန်းတော်ထဲတွင် ချင်စစ်တပ်အပြင် နန်းတွင်းကိုယ်ရံတော်များနှင့် နယ်ခြားစောင့်တပ်များ ရှိနေသည်။ ထိုအချိန်တွင် ကျောက်ဖုန်းက ယန်ဘုရင်ကို ဆုပ်ကိုင်ကာ လှေကားဆီသို့ လျှောက်လာသည်။ လူတိုင်းက ကျောက်ဖုန်းနှင့် ယန်ဘုရင်ကို ကြည့်နေကြသည်။
" ငါ့ကို လွှတ်ပေးစမ်း။ ငါက ဘုရင်တစ်ပါးပဲ။ မင်းငါ့ကို စီရင်ပိုင်ခွင့်မရှိဘူး။ " ယန်ဘုရင်က ရူးသွပ်စွာ ရုန်းကန်နေသည်။
" ယန်ဘုရင်ကျိရှီက တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းပြီး ဟွာရှလူမျိုးတွေကို သစ္စာဖောက်ခဲ့တယ်။ သူက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ဒီနေ့ ငါ ကျောက်ဖုန်းက ဟွာရှလူမျိုးကို သစ္စာဖောက်တဲ့ လူတွေရဲ့ ကံကြမ္မာကို လောကကြီးကို ပြဖို့ သူ့ကို ခေါင်းဖြတ်ကွပ်မျက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ယနေ့ သူက ယန်ဘုရင်၏ အသက်ကို သုံးပြီး လောကကြီးကို သတိပေးမည်ဖြစ်သည်။ ဟွာရှလူမျိုးကို သစ္စာဖောက်သရွေ့ မည်သူဖြစ်ဖြစ် မည်သို့အဆင့်အတန်းရှိရှိ ကိုယ့်လူမျိုးကို သစ္စာဖောက်လျှင် သေရမည်ဖြစ်သည်။
ကျောက်ဖုန်းက ယန်ဘုရင်ကို ကြမ်းပြင်ပေါ်သို့ လွှတ်ချလိုက်သည်။ ကိုယ်ရံတော်နှစ်ယောက်က ပြေးလာပြီး ယန်ဘုရင်ကို ဖိထားလိုက်ကြသည်။ ကျောက်ဖုန်းက လုံချွမ်ဓားကို ဆွဲထုတ်လိုက်သည်။
" မင်းဘာလုပ်မလို့လဲ။ မင်း ငါ့ကို သတ်လို့မရဘူး။ ငါက ဘုရင်တစ်ပါးပဲ။ မင်းက ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်ဖြစ်နေရင်တောင် မင်းမှာ ငါ့ကို သတ်ပိုင်ခွင့်မရှိဘူး။ "ယန်ဘုရင်က အလွန်ကြောက်လန့်သွားပြီး ကျောက်ဖုန်းက သူ့ကို တကယ်သတ်ရန် ရည်ရွယ်ထားသည်ကို သိလိုက်သည်။
" ငါ ကျောက်ဖုန်း မင်းကို သတ်တာက ချင်နိုင်ငံကိုယ်စားမဟုတ်ဘူး။ မင်းရဲ့ ယန်နိုင်ငံ မြောက်ဘက်နယ်စပ်က ပြည်သူတွေနဲ့ ဟွာရှလူမျိုးတွေရဲ့ ကိုယ်စား မင်းကို သတ်တာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး လုံချွမ်ဓားကျဆင်းလာသည်။
ဓားခုတ်သံတစ်ချက် ထွက်ပေါ်လာပြီး ယန်ဘုရင်က တစ်ချက်ပင် မအော်နိုင်ဘဲ သူ၏ ခေါင်းက ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရင်ပြင်မှ စစ်သည်များအားလုံးက အံ့အားသင့်သွားကြသည်။ နိုင်ငံတစ်ခု၏ ဘုရင့ကို ခေါင်းဖြတ်သတ်ခဲ့သည်။
" ယန်ဘုရင်ကို သတ်လိုက်တဲ့အတွက် စွမ်းရည်အားလုံး အမှတ် ၅၀၀ နဲ့ အဆင့်သုံး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
ယန်ဘုရင်ကို သတ်ဖြတ်ပြီးနောက် ကျောက်ဖုန်းက စိတ်သက်သာရာရသွားသည်။
" ကိုယ့်လူမျိုးကို သစ္စာဖောက်တဲ့သူ ဘယ်သူဖြစ်ဖြစ် သေရမယ်။ " ကျောက်ဖုန်းက ယန်ဘုရင်၏ ခေါင်းကို ကိုင်မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
စစ်သည်အားလုံးက မှင်သက်နေကြပြီး အချိန်အတော်ကြာထိ တိတ်ဆိတ်နေကြသည်။
" ကောင်းတယ်။ ဟွာရှလူမျိုးတွေရဲ့ သစ္စာဖောက်က သေသင့်တယ်။ " ကုန်းစွန်းကွမ်က အော်ဟစ်လိုက်သည်။
" ကောင်းတယ်။ သစ္စာဖောက်က သေသင့်တယ်။ " စစ်သည်များက သူတို့၏ လက်နက်များကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် ယန်နိုင်ငံ၏ နယ်ခြားစောင့်စစ်သည်များက တိုင်းတစ်ပါးလူမျိုးနှင့် ပူးပေါင်းသော ဘုရင်ကို ခေါင်းဖြတ်သတ်ခြင်းအား ကြည့်ပြီး ကျေနပ်သွားကြသည်။
တုန်ဟူလူမျိုးများက မြောက်ဘက်နယ်စပ်မှ တောင်ဘက်သို့ ဦးတည်လာကြသည်။ သူတို့၏ ဆွေးမျိုးများက တုန်ဟူလူမျိုးများ၏ လက်ထဲတွင် ဒုက္ခရောက်နေပြီကို စိတ်ကူးကြည့်နိုင်သည်။
" စစ်သေနာပတိချုပ် ယန်ဘုရင်က ရုန်းရင်းဆန်ခတ်ကြားမှာ သေသွားတယ်လို့ အစီရင်ခံလိုက်ရမလား။ " ခွိုက်ဖုက ရှေ့တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။
" ကျိမြို့က အခြေအနေနဲ့ ယန်ဘုရင် သေဆုံးတဲ့အကြောင်းကို အမှန်အတိုင်း အစီရင်ခံလိုက်။ ကျဆုံးသွားတဲ့ နိုင်ငံတစ်ခုရဲ့ ဘုရင်၊ တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတဲ့ ဘုရင်ကို သတ်တာ ငါ မမှားဘူး။ အရှင်မင်းကြီးလည်း နားလည်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ပြီးတော့ ငါက ယန်နိုင်ငံရဲ့ နယ်စပ်က အခြေအနေတွေကိုလည်း အစီရင်ခံပြီးပြီ။ ငါ့ရဲ့ ရည်ရွယ်ချက်ကိုလည်း ဖော်ပြထားပြီးပြီ။ " ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၇၂)
ဤခေတ်တွင် မွေးဖွားလာပြီး ဟွာရှလူမျိုးတစ်ယောက်အနေဖြင့် ကျောက်ဖုန်းက ဟွာရှ၏ သစ္စာဖောက်များကို ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်ပေ။ ထို့အပြင် နောက်ထပ် အကျိုးသက်ရောက်မှုလည်း ရှိသေးသည်။
ယန်ဘုရင်ကို သတ်လိုက်ခြင်းက လူမျိုးစုကို သစ္စာဖောက်သူ၏ အဆုံးသတ်ကို ပြသခြင်းဖြစ်ပြီး လက်နက်ချလာသော ယန်စစ်သည်နှစ်သိန်းကို ကြောက်ရွံ့သွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။ နောက်ထပ်တစ်ခုကလည်း ဘုရင်ကို သတ်၍ရသော ဆုလာဘ်ဖြစ်သည်။ ကျောက်ဖုန်းက ပထမဆုံးအကြိမ် အဆင့်သုံး ရတနာသေတ္တာကို ရရှိခဲ့သည်။
" ကျွန်တော်နားလည်ပါပြီ။ " ခွိုက်ဖုက ရိုသေစွာ ပြောလိုက်သည်။
" တုဆွေ " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်ရှိပါတယ်။ " တုဆွေက အမြန်ရောက်လာသည်။
" ကျိမြို့ကို မင်းဆီ အပ်လိုက်မယ်။ ယန်နိုင်ငံရဲ့ ညီလာခံက ဝန်ကြီးတွေရဲ့ မိသားစုတွေကို ကျွန်တော်အဖြစ် ရာထူးချလိုက်။ ယန်ဘုရင်ကို ဆန့်ကျင်ပြီး အကျဉ်းချခံလိုက်ရတဲ့သူတွေကို အခွင့်အရေးပေးပြီး ကျိမြို့ကို အုပ်ချုပ်ရာမှာ ကူညီခိုင်းလိုက်။ ယန်နိုင်ငံ အေးချမ်းသွားရင် သူတို့ရဲ့ အောင်မြင်မှုတွေကို ငါ အစီရင်ခံပေးမယ်။ " ကျောက်ဖုန်းက တုဆွေကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။
" တပ်မှူးဝေကျန့် " ကျောက်ဖုန်းက ဝေကျန့်ဘက်သို့ ကြည့်လိုက်သည်။
" ကျွန်တော်ရှိပါတယ်။ " ဝေကျန့်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
" ကျိမြို့က အခြေအနေကို တည်ငြိမ်အောင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့တွေကို ဦးဆောင်ပေးစေချင်တယ်။ မင်း ချင်နိုင်ငံအတွက် ကြိုးကြိုးစားစား အမှုထမ်းသရွေ့ ငါ မင်းကို မတရားဆက်ဆံမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဝေကျန့်ကို ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါပြီ။ " ဝေကျန့်က ခေါင်းညိမ့်လိုက်သည်။ သစ္စာစောင့်သိမည်ဟူသော စကားများက အလကားသာဖြစ်ပြီး သူ၏ စွမ်းဆောင်မှုများကသာ အဓိကဖြစ်သည်ကို သူနားလည်သည်။
" ကုန်းစွမ်းကွမ် မင်းတို့က နယ်ခြားစောင့်တပ်ဆိုတော့ မြင်းတပ်ဖြစ်မှာပေါ့။ စစ်မြင်းတွေဘယ်မှာလဲ။ " ကျောက်ဖုန်းက ကုန်းစွန်းကွမ်ကို မေးလိုက်သည်။
" စစ်သေနာပတိချုပ် စစ်မြင်းတွေ မွေးမြူရေးခြံမှာရှိပါတယ်။ " ကုန်းစွန်းကွမ်က ပြန်ဖြေလိုက်သည်။
" မင်းတို့အားလုံး တုန်ဟူလူမျိုးတွေကို ရင်ဆိုင်ဖို့ ငါနဲ့အတူ မြောက်ဘက်နယ်စပ်ကို လိုက်ရဲလား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။
" လိုက်ပါဖို့ အဆင်သင့်ပါပဲ။ " ကုန်းစွန်းကွမ်က ဒူးထောက်ပြီး ပြောလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ကုန်းစွန်းကွမ်ကို ထူပေးလိုက်သည်။ " ဒိနေ့ ငါ ချင်မြင်းစီးစစ်သည်တစ်သိန်းနဲ့ မင်းတို့ နယ်ခြားစောင့်စစ်သည်ခုနှစ်သောင်းက်ု ဦးဆောင်ပြီး မြောက်ဘက်နယ်စပ်ကို သွားမယ်။ ကျူးကျော်လာတဲ့ တုန်ဟူတွေကို ချေမှုန်းပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက စစ်တပ်ကို ချက်ချင်း လှုပ်ရှားမည်ဟု ကြားသောအခါ ကုန်းစွန်းကွမ်နှင့် နယ်ခြားစောင့်စစ်သည်များက ဝမ်းသာသွားကြသည်။ တုန်ဟူများက တောင်ဘက်သို့ ချီတက်လာကြပြီဖြစ်သည်။ ခဏစောပြီး ရောက်သွားခြင်းက လူများ ပို၍ ကယ်နိုင်ပေလိမ့်မည်။ မကြာမီ ကျိမြို့၏ မြောက်ဘက်တွင် မြင်းစီးစစ်သည်တစ်သိန်းကျော်က မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြသည်။
မြို့ရိုးပေါ်တွင် ထွက်ခွာသွားသော စစ်တပ်ကို ကြည့်ပြီး ခွိုက်ဖု၏ မျက်နှာတွင် မတတ်သာသည့် အရိပ်အယောင်များ ပေါ်လာသည်။
" စစ်သူကြီးတုဆွေ ဒီတစ်ခါ စစ်ရေးအစီရင်ခံစာကို စစ်သေနာပတိချုပ်ပြောတဲ့အတိုင်း တကယ် တင်ပြလိုက်ရမှာလား။ စစ်သေနာပတိချုပ် ယန်ဘုရင်ကို သတ်လိုက်တာက သေးငယ်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ " ခွိုက်ဖုက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ပြောတဲ့အတိုင်း လုပ်ရမှာပေါ့။ အရှင်မင်းကြီးက အရည်အချင်းရှိတဲ့သူပဲ။ အခြားလူမျိုးတွေရဲ့ ရက်စက်မှုကို သူနားလည်မှာပါ။ ဒီတစ်ခါ စစ်သေနာပတိချုပ်က ဟွာရှလူမျိုးတွေရဲ့ တရားမျှတမှုအတွက် လောကကြီးကို သတိပေးဖို့ ယန်ဘုရင်ကို သတ်လိုက်တာပဲ။ " တုဆွေက တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
" ဒါပေမယ့် စစ်သေနာပတိချုပ်က နည်းနည်းစိတ်မြန်သွားတယ်လို့ ကျုပ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက ဘုရင်ပဲလေ။ " ခွိုက်ဖုက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။ " နိုင်ငံပျက်စီးသွားရင်တောင် သူက ဘုရင်တစ်ပါးပဲလေ။ ဘုရင်တွေကို စီရင်ဖို့ အခွင့်အာဏာရှိတာက ဘုရင်တစ်ပါးပဲ ရှိတယ်။ ဒီတစ်ခါ နန်းတော်က စစ်သေနာပတိချုပ်ရဲ့ ပြိုင်ဘက်တွေက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ "
" အဲ့ဒီတော့ ဘာဖြစ်လဲ။ ကျုပ်တို့ ဝူအန်းစခန်းက ယန်မှာ သွေးစွန်းတိုက်ပွဲတွေ တိုက်ခိုက်နေတာ သူများတွေ အတင်းအဖျင်းပြောတာ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ အရှင်မင်းကြီးက ပညာရှိရှိ ဆုံးဖြတ်ပါလိမ့်မယ်။ " တုဆွေက စိုးရိမ်ခြင်းမရှိပေ။
သူ အရှင်၏ ကြောက်စရာကောင်းသော ခွန်အားကို သူကောင်းကောင်းသိသည်။ ယနေ့ ယန်ဘုရင်ကို သတ်လိုက်သော လုပ်ရပ်က စစ်တပ်၏ စိတ်ဓာတ်ကို အကြီးအကျယ် မြှင့်တင်ပေးခဲ့သည်။ သူ၏ အမြင်တွင် ကျောက်ဖုန်း၏ လုပ်ရပ်က မှန်ကန်လေသည်။
" စစ်သူကြီးတုဆွေ ယန်အိမ်ရှေ့စံမင်းသား ယန်တန်ကို ဖမ်းမိထားပါတယ်။ " ကိုယ်ရံတော်တစ်ယောက်က သတင်းပို့လိုက်သည်။
" သူ့ကို ဖမ်းမိတာကောင်းတယ်။ ဒီယန်တန်က အရှင်မင်းကြီးကို လုပ်ကြံဖို့ စီစဉ်ခဲ့တဲ့သူပဲ။ သူ့ကို ရှန်းယန်ကို ပို့ပြီး အရှင်မင်းကြီးကို အပ်လိုက်ပါ။ " တုဆွေက အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ကိုယ်ရံတော်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ကျိမြို့ရဲ့ ပတ်ဝန်းကျင်က မြို့တွေကိုလည်း တိုက်ခိုက်ဖို့ လိုသေးတယ်။ အစီရင်ခံဖို့ ကိစ္စကိုတော့ စစ်တရားသူကြီး ခွိုက်ဖုကိုပဲ အပ်လိုက်မယ်။ ကျိမြို့ တည်ငြိမ်သွားတာနဲ့ စစ်တပ်ကို ဆက်လက်တိုက်ခိုက်ရမယ်။ " တုဆွေက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ခွိုက်ဖုက ခေါင်းညိမ့်လိုက်သည်။
ရှန်းယန်မြို့၊ ညီလာခံခန်းမ။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိမြို့ကျသွားပြီး ကျောက်ဖုန်း ယန်ဘုရင်ကို သတ်လိုက်သော သတင်းက ရှန်းယန်သို့ ရောက်လာသောအခါ ညီလာခံတစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။
" ကျိမြို့က ယန်စစ်သည်တွေ လက်နက်ချပြီး ယန်ဘုရင်ကို ဖမ်းမိလိုက်တာက ကြီးမားတဲ့ အောင်မြင်မှုပဲ။ ဒါပေမယ့် ကျောက်ဖုန်းက ဘုရင်တစ်ပါးကို သတ်ရဲတဲ့အထိ ရဲတင်းလွန်းတယ်။ ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ အရှင်မင်းကြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။ " ဝမ်ဝမ်က သစ္စာရှိဝန်ကြီးတစ်ယောက်ကဲ့သို့ အော်ဟစ်စွပ်စွဲလိုက်သည်။
" ယန်ဘုရင်က ဘာပဲဖြစ်ဖြစ် ဘုရင်တစ်ပါးပါ။ သူ့ကို စီရင်ဖို့က အရှင်မင်းကြီးပဲ ဆုံးဖြတ်ရမှာ။ ကျောက်ဖုန်းရဲ့ လုပ်ရပ်က မောက်မာပြီး တော်ဝင်အာဏာကို စော်ကားတာပဲ။ " ဟွိုင်ကျွမ်းကလည်း ဝင်ပြောလိုက်သည်။
" ဒါက ကြီးမားတဲ့ ပြစ်မှုပဲ။ အရှင်မင်းကြီး အပြစ်ပေးပါ။ "
" ကျွန်တော်မျိုးလည်း ထောင်ခံပါတယ်။ အမိန့်မရှိဘဲ ဘုရင်တစ်ပါးကို သတ်တာက ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲ။ အရှင်မင်းကြီး အပြစ်ပေးပါ။ "
ဝမ်ဝမ်၏ အဖွဲ့ဝင်များက စွပ်စွဲပြောဆိုလိုက်ကြသည်။ ဝမ်ဝမ်ကလည်း စိတ်ထဲမှ ဝမ်းသာနေသည်။
" ကျောက်ဖုန်း ကျောက်ဖုန်း နောက်ဆုံးမှာ မင်းက ငယ်ရွယ်ပြီး မောက်မာလွန်းတယ်။ ဘုရင်တစ်ပါးကို သတ်တယ်။ မင်း ဘယ်လိုလုပ် ဒီလောက်တောင် ရဲတင်းရတာလဲ။ သမိုင်းတစ်လျှောက်မှာ ဘယ်သူမှ ဘုရင်ကို လွယ်လွယ်နဲ့ မသတ်ကြဘူး။ ဒီတစ်ခါတော့ မင်းကို စွပ်စွဲဖို့ အခွင့်အရေးရသွားပြီ။ " ဝမ်ဝမ်က စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်။
ရင်ကျန့်၏ အမူအရာက တည်ငြိမ်နေပြီး အပြစ်တင်စွပ်စွဲနေသူများကို ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ဟန်ဖေးက ရှေ့တိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် ကျောက်ဖုန်း ယန်ဘုရင်ကို သတ်လိုက်တာက မှန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ "
ထိုစကားများကြောင့် ဝမ်ဝမ်၏ အမူအရာက ပြောင်းလဲသွားသည်။
" ဝန်ကြီးဟန် ဘာလို့ ဒီလိုပြောတာလဲ။ ဘုရင်တစ်ပါးကို သတ်တာက မှန်တာလား။ ယန်ဘုရင်ကို ဖမ်းမိထားတယ်ဆိုရင်တောင် အရှင်မင်းကြီးကို စီရင်ဖို့ အပ်ရမှာပဲ။ ကျောက်ဖုန်းရဲ့ လုပ်ရပ်တွေက သူ့ရဲ့ အာဏာကို ကျော်လွန်နေတာပဲ။ " ဝမ်ဝမ်က ဟန်ဖေးကို အေးစက်စွာ ကြည့်လိုက်သည်။
" ဝန်ကြီးဟန်ဖေး ပြောတာ မှန်ပါတယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်း သတ်လိုက်တာ မှန်ပါတယ်။ "လီစီကလည်း ရှေ့ထွက်ပြီး ပြောလိုက်သည်။ " ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတယ်။ သူက ကျွန်တော်မျို့တို့ ဟွာရှလူမျိုးတွေရဲ့ သစ္စာဖောက်ပဲ။ ဟွာရှလူမျိုးတိုင်း သူ့ကို ကွပ်မျက်ပိုင်ခွင့်ရှိတယ်။ ယန်ဘုရင်ကို သတ်လိုက်တာက စစ်တပ်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး လက်နက်ချတဲ့ ယန်စစ်သည်တွေကို ကြောက်လန့်သွားအောင် လုပ်လိုက်တာပဲ။ ဒါက လောကကြီးတစ်ခုလုံးကို အသိပေးလိုက်တာပဲ။ ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတဲ့အတွက် တကယ် သေသင့်တယ်။ "
" ဝန်ကြီးနှစ်ယောက်က ဘယ်လိုပဲပြောပြော ကျောက်ဖုန်း ယန်ဘုရင်ကို သတ်လိုက်တာက သူ့ရဲ့ အာဏာကို ကျော်လွန်နေတာပဲ။ အရှင်မင်းကြီးရဲ့ အာဏာကို မလေးစားတာပဲ။ " ဟွိုက်ကျွမ်းက ပြန်လည်ချေပလိုက်သည်။ " ဒီလိုကိစ္စမျိုးကို အရှင်မင်းကြီး ဆုံးဖြတ်ရမှာပါ။ လက်အောက်ငယ်သားတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ အရှင်မင်းကြီး ကျောက်ဖုန်းကို အပြစ်ပေးသင့်ပါတယ်။ "
ထိုအချိန်တွင် မထင်မှတ်ထားသော လူတစ်ယောက်က ထရပ်လိုက်သည်။ ယွီလျောင်က ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။ သူ့ကို မြင်သောအခါ အပြစ်တင်စွပ်စွဲနေသော ဝန်ကြီးများအားလုံးက တိတ်ဆိတ်သွားကြသည်။
" ဝန်ကြီးတို့ စစ်သေနာပတိချုပ် ကျောက်ဖုန်း ယန်ဘုရင်ကို သတ်လိုက်တာက အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ပဲ။ " ယွီလျောင်က ဝန်ကြီးများဘက်သို့လှည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ဝန်ကြီးယွီ ဒါအမှန်ပဲလား။ " ဝမ်ဝမ်က လုံးဝ အံ့အားသင့်သွားသည်။
" ယန်နိုင်ငံနယ်ခြားစောင့်တပ်တွေ လှုပ်ရှားလာတဲ့အချိန်မှာ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ယန်ဘုရင်ဟာ တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းနိုင်တယ်လို့ အစီရင်ခံပြီးသားပါ။ တကယ်လို့ ပူးပေါင်းခဲ့ရင် ဟွာရှလူမျိုးထဲက သစ္စာဖောက်တွေကို ခြိမ်းခြောက်ဖို့ ယန်ဘုရင်ကို တိုက်ရိုက်စီရင်ခွင့်ပေးဖို့ စစ်သေနာပတိချုပ်က တောင်းဆိုခဲ့တယ်။ အရှင်မင်းကြီးကလည်း ဒါကို ခွင့်ပြုခဲ့တယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
ယွီလျောင်၏ အမူအရာကို ကြည့်ပြီး လူတိုင်း၏ အကြည့်က ပလ္လင်ပေါ်မှ ရင်ကျန့်ဆီသို့ ရောက်သွားကြသည်။ အခြားသူပြောလျှင် သူတို့က မယုံနိုင်သော်လည်း ယွီလျောင်က မတူပေ။ သူက နန်းတွင်းတွင် မည်သည့်ဘက်မှမလိုက်သောကြောင့် သူပြောသည်ကို ယုံကြည်၍ ရလေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့