← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃)

လူတိုင်း၏ အကြည့်အောက်တွင် ရင်ကျန့်က စကားနှစ်လုံးသာ ပြောလိုက်သည်။ " ဟုတ်တယ် "

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဘာလို့မသိရတာလဲ။ " ဝမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ငါ စစ်တပ်ကို ပို့လိုက်တဲ့ လျို့ဝှက်အမိန့်တွေကို မင်းတို့ဆီမှာ ခွင့်ပြုချက်ယူရဦးမှာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး စိတ်လျော့ပါ။ " ဝမ်ဝမ်က မျက်နှာပျက်သွားပြီး ဦးညွှတ်လိုက်သည်။

" အရင် ယန်နိုင်ငံက နယ်ခြားစောင့်တပ်တွေ ဆုတ်ခွာသွားတယ်လို့ ကျောက်ဖုန်း အစီရင်ခံတုန်းက ယန်ဘုရင်က တုန်ဟူတွေနဲ့ ပူးပေါင်းနေမလားလို့ ငါ သံသယဝင်ခဲ့တယ်။ ဒါကြောင့် ကျောက်ဖုန်းကို သူ့သဘောအတိုင်း ဆောင်ရွက်ခွင့်ပေးခဲ့တာပဲ။ ယန်ဘုရင်သာ တုန်ဟူတွေနဲ့ ပူးပေါင်းရင် သူ့ကို သင့်တော်သလို စီရင်ဖို့ ပြောခဲ့တယ်။ အခု အဲ့ဒီလိုဖြစ်သွားတာပဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ထိုစကားက တစ်ဝက်အမှန် တစ်ဝက်လိမ်ခြင်းဖြစ်သည်။ ယန်နိုင်ငံ၏ နယ်ခြားစောင့်တပ်များ၏ လှုပ်ရှားမှုနှင့် ဟွာရှ၏ သစ္စာဖောက်ကို အသက်ရှင်ခွင့်မပေးရဘူးဟုသာ အစီရင်ခံခဲ့သည်။ ရင်ကျန့်က အစပိုင်းတွင် ၎င်းကို နားမလည်ဘဲ ယခုမှ နားလည်သွားခြင်းဖြစ်သည်။

" ဒီကောင်လေး တကယ်ကို သတ္တရှိတာပဲ။ ပြီးတော့ ဝမ်ဝမ်တို့လို လူအိုကြီးတွေက ငါ့သားကို ပစ်မှတ်ထားနေတာပဲ။ ကောင်းတယ်။ ဖုန်းအာရဲ့ အဆင့်အတန်းကို ကြေညာတဲ့အခါ မင်းတို့ကို အရင်ဆုံး ငါစီရင်မယ်။ " ရင်ကျန့်က စိတ်ထဲမှ အေးစက်စွာ တွေးလိုက်သည်။

" ကျွန်တော်မျိုးတို့ အတွေးလွန်သွားပါတယ်။ " ဝမ်ဝမ်နှင့် အခြားဝန်ကြီးများက ရှက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြသည်။

" စစ်ရေးအစီရင်ခံစာမှာ ဘာတွေထပ်ပါသေးလဲ။ " ရင်ကျန့်က ကျောက်ကောင်းကို ကြည့်ပြီး မေးလိုက်သည်။

စစ်ရေးအစီရင်ခံစာကို ဖတ်ချိန်တွင် ကျောက်ဖုန်းက ယန်ဘုရင်အား သတ်လိုက်သည်ကို ကြားသောအခါ ဝမ်ဝမ်တို့အုပ်စုက ခုန်ထလာသောကြောင့် အစီရင်ခံစာ အပြည့်အစုံကို မဖတ်ရသေးပေ။

" စစ်သေနာပတိချုပ်က စစ်သူကြီးတုဆွေကို ကျိမြို့ကို ကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်က မြို့အားလုံးကို သိမ်းပိုက်ဖို့ အမိန့်ပေးထားပါတယ်။ စစ်သေနာပတိချုပ်က မြင်းတပ်နဲ့ လက်နက်ချ ယန်နယ်ခြားစောင့်တပ်ကို ဦးဆောင်ပြီး နယ်စပ်ကို ချီတက်သွားပါတယ်။ ယန်နယ်မြေက ချင်နယ်မြေဖြစ်သွားတဲ့အတွက် ကျူးကျော်လာတဲ့ တိုင်းတစ်ပါးလူမျိုးတွေကို ချေမှုန်းဖို့ပါပဲ။ ဒါ့အပြင် ယန်အိမ်ရှေ့စံကျိတန်ကို ရှန်းယန်ကို ပို့လိုက်ပါပြီ။ " ကျောက်ကောင်းက ဖတ်ပြလိုက်သည်။

" တိုင်းတစ်ပါးလူမျိုးတွေက ငါတို့ ဟွာရှလူမျိုးတွေရဲ့ သဘာဝရန်သူတွေပဲ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ကျောက်ဖုန်းကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ရန်သူကို ရင်ဆိုင်မှာဆိုတော့ မြောက်ဘက်နယ်စပ်အတွက် ငါစိုးရိမ်စရာမလိုတော့ဘူး။ "

" ယန်နိုင်ငံရဲ့ မြောက်ဘက်နယ်စပ်က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ တုန်ဟူနိုင်ငံက စစ်သည်နှစ်သိန်းနဲ့ ယန်နယ်မြေကို ကျူးကျော်နေပါတယ်။ တစ်လအတွင်းမှာ သူတို့က မြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်ပြီး မီးရှို့၊ လူသတ်တာနဲ့ လုယက်မှုတွေကို ကျူးလွန်နေကြပါတယ်။ ရှန်ပင်းမြို့ဆိုရင် တစ်မြို့လုံးနီးပါး အသတ်ခံလိုက်ရပါတယ်။ " သတင်းပို့သူက လေးနက်စွာဖြင့် အစီရင်ခံလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားပြီး ဝန်ကြီးများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

" တုန်ဟူလူမျိုးတွေ " ရင်ကျန့်က အလွန်ဒေါသထွက်နေသည်။

မြို့များကို သတ်ဖြတ်ခြင်းက ချင်နယ်မြေထဲတွင် မကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခု တုန်ဟူလူမျိုးများက ဟွာရှလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြသည်။

" ကျောက်ဖုန်းဆီကို အမိန့်ပို့လိုက်။ ကျူးကျော်လာတဲ့ တုန်ဟူတွေကို တစ်ယောက်မှ အသက်ရှင်မကျန်စေရဘူး။ " ရင်ကျန့်က သတ်ဖြတ်လိုစိတ်များဖြင့် အေးစက်စွာ ပြောလိုက်သည်။

ယန်နိုင်ငံ မြောက်ဘက်နယ်စပ်။

တစ်ချိန်က အလွန်ချမ်းသာကြွယ်ဝခဲ့သော နေရာတစ်ခု ဖြစ်သည်။ ယခု နေရာတိုင်းက ဒုက္ခသည်များဖြင့် ပြည့်နှက်နေသည်။ လမ်းမပေါ်တွင် လူများထွက်ပြေးနေကြပြီး လူကြီးလူငယ် ကျားမအစုံဖြစ်သည်။ သူတို့က ပစ္စည်းဥစ္စာများပင် သယ်ရန် အချိန်မရတော့ဘဲ တောင်ဘက်ကို ထွက်ပြေးရန်သာ အာရုံစိုက်နေကြသည်။

တစ်လအတွင်း ယန်နိုင်ငံ၏ မြောက်ဘက်နယ်စပ်က မြို့ဆယ်မြို့ကျော်ကို တုန်ဟူလူမျိုးများက သိမ်းပိုက်ခဲ့ပြီး သူတို့က တွေ့သမျှ လူတိုင်းကို သတ်ဖြတ်ကာ အမျိုးသမီးများကို တိရိစ္ဆာန်များကဲ့သို့ ကျူးလွန်ခဲ့ကြသည်။

" အမြန်ပြေးကြ။ တုန်ဟူလူမျိုးတွေက နောက်က လိုက်လာပြီ။ သူတို့ဖမ်းမိသွားရင် ငါတို့ သေပြီပဲ။ "

" ပြေး ပြေးကြ။ "

ယန်ပြည်သူများက ထွက်ပြေးနေကြစဉ် အရှေ့ဘက်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ လူများက အလွန်ကြောက်လန့်သွားကြပြီး အဆုံးမရှိသော ကြောက်စိတ်များ ဝင်လာကြသည်။

" မကောင်းတော့ဘူး။ အရှေ့မှာလည်း တုန်ဟူစစ်တပ်တစ်ခု ရှိနေတယ်။ "

" ငါတို့ ဝိုင်းခံလိုက်ရပြီ။ "

ယန်ပြည်သူများက အလွန်ကြောက်လန့်သွားကြပြီး ဆက်မပြေးရဲတော့ဘဲ ရပ်တန့်သွားကြသည်။

သို့သော် သူတို့က တောင်ဘက်မှ စစ်တပ်နှင့် ပိုမိုနီးကပ်လာသောအခါ သူတို့၏ မြင်ကွင်းထဲသို့ အနက်ရောင်အလံများက ဝင်ရောက်လာကြပြီး အလံများတွင် ချင် ဟူသော စာလုံးများကို တွေ့လိုက်ရသည်။

" ရှေ့က တုန်ဟူစစ်တပ်မဟုတ်ဘူး၊ ချင်စစ်တပ်ပဲ။ ငါတို့ ဘာလုပ်ကြမလဲ။ "

" ချင်နိုင်ငံက ငါတို့ ယန်နိုင်ငံကို တိုက်ခိုက်နေတာ သူတို့က ငါတို့ကို သတ်မှာလား။ "

" ရှေ့မှာက ချင်စစ်တပ် နောက်မှာက တုန်ဟူစစ်တပ် ငါတို့တော့ အဆုံးသတ်ပြီ။ "

ယန်နိုင်ငံ အစိုးရ၏ ဝါဒဖြန့်မှုအောက်တွင် ချင်စစ်တပ်၏ နာမည်ဆိုးက တိုင်းတစ်ပါးလူမျိုးအောက် မကျပေ။ တစ်နိုင်ငံလုံး ချင်စစ်တပ်ကို တိုက်ခိုက်ရန်အတွက် ယန်ဘုရင်က ချင်စစ်တပ်ကို ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ပြောပြထားသည်။

သို့သော် ချင်စစ်တပ်က သူတို့ဆီသို့ ချဉ်းကပ်လာချိန်တွင် လူအားလုံးက အံ့အားသင့်သွားကြသည်။ ချင်စစ်သည်များက သူတို့ကို တိုက်ခိုက်ခြင်းမရှိပေ။

" ငါက ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ ကိုယ်ရံတော်တပ်မှူး ကျန်းမင်ပဲ။ တိုင်းတစ်ပါးလူမျိုးတွေက နောက်ကလိုက်လာပြီ။ ပြည်သူအားလုံး နားထောင်ကြ။ ငါတို့ တပ်ဖွဲ့ဆီ မြန်မြန်လာပြီး ဒီနေရာက ထွက်သွားကြ။ မင်းတို့ ဆုတ်ခွာလို့ရအောင် ငါတို့ ကာကွယ်ပေးထားမယ်။ " ကျန်းမင်က ကျယ်လောင်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ယန်ပြည်သူများအားလုံးက အံ့အားသင့်သွားကြပြီး ကျန်းမင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ချင်စစ်တပ်က သူတို့ကို ကာကွယ်ပေးမည်ဟု ပြောနေသည်။

" ယန်နိုင်ငံက ကျဆုံးသွားပြီ။ မင်းတို့အားလုံးက အခု ငါတို့ ချင်နိုင်ငံရဲ့ ပြည်သူတွေပဲ။ ငါတို့ ချင်စစ်တပ်က မင်းတို့ကို ကာကွယ်ပေးမယ်။ အမြန်ထွက်သွားတော့။ " ကျန်းမင်က ထပ်အော်လိုက်သည်။

နောက်မှ တုန်ဟူစစ်တပ်ကလည်း လိုက်လာသောကြောင့် လူတိုင်းက မနှောင့်နှေးရဲတော့ဘဲ ချင်စစ်တပ်ဆီသို့ ပြေးလာကြသည်။

" တပ်ဖွဲ့ကို ခွဲလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

စစ်တပ်က ပြန့်ကျဲသွားပြီး တောင်ဘက်သို့ သွားရန် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

" ချင်စစ်တပ်က ငါတို့ကို တကယ်ကာကွယ်ပေးဖို့ လာတာပဲ။ "

ထိုမြင်ကွင်းကို မြင်သောအခါ ယန်ပြည်သူများက ဝမ်းသာသွားကြပြီး လမ်းကြောင်းအတိုင်း ပြေးသွားကြသည်။ ချင်စစ်တပ်က သူတို့ကို ဘာမှမလုပ်ဘဲ ထွက်ပြေးနေသည်ကို ကြည့်နေကြသည်။ မကြာမီ ပြည်သူသောင်းချီက ချင်စစ်တပ်ကို ဖြတ်ကျော်သွားကြသည်။

မြောက်ဘက်တွင် တုန်ဟူမြင်းစီးစစ်သည်များက လိုက်လံတိုက်ခိုက်နေကြပြီး အချိန်မီမပြေးနိုင်သူများက သူတို့၏ မြားများနှင့် ဓားများအောက်တွင် အသတ်ခံလိုက်ရသည်။

" တုန်ဟူလူမျိုးတွေ " ကျောက်ဖုန်း၏ မျက်လုံးများက အေးစက်သွားသည်။

" သတ်ကြ။ ယန်လူတွေကို အကုန်သတ်ကြ။ ယောကျာ်းတွေ အကုန်သတ် မိန်းမတွေကို ဖမ်းထား။ ဒီယန်အမျိုးသမီးတွေကို ငါတို့ လူမျိုးအတွက် ကလေးမွေးခိုင်းရမယ်။ "

" ဒီကလေးတွေကို ဘယ်လိုလုပ်မလဲ။ "

" ခွေးပေါက်လေးတွေ အကုန်သတ်ပစ်။ "

တုန်ဟူလူမျိုးများက အော်ဟစ်ကာ ရှေ့တွင် တွေ့သမျှ ယန်ပြည်သူများကို သတ်ဖြတ်နေသည်။

" တပ်မှူး ရှေ့မှာ စစ်တပ်တစ်ခု ရှိနေတယ်။ ချင်စစ်တပ်ဖြစ်တဲ့ပုံပဲ။ " တုန်ဟူစစ်သည်တစ်ယာက်က ပြောလိုက်သည်။

တုန်ဟူတပ်မှူးက မော့ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ " ချင်စစ်တပ်လေးပါပဲ။ သူတို့ကလည်း ငါတို့လို ယန်နိုင်ငံကို တိုက်ဖို့ လာတာပဲ။ အရှင်မင်းကြီး ညွှန်ကြားထားတဲ့အတိုင်း သူတို့ကို လွှတ်ထားလိုက်။ "

" လူတစ်ယောက်လွှတ်ပြီးပြောလိုက်။ ငါတို့ လူမျိုးစုက မြောက်ဘက်က မြို့ငါးဆယ်နဲ့ ပြည်သူတွေကို လိုချင်တယ်။ ယန်နိုင်ငံရဲ့ တောင်ပိုင်းနဲ့ ပက်သက်ပြီး ငါတို့ စိတ်မဝင်စားဘူး။ " တပ်မှူးက မောက်မာစွာ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " တုန်ဟူးစစ်သည်တစ်ယောက်က အလောင်းများကို ဖြတ်ကျော်ပြီး ချင်စစ်တပ်ဆီသို့ မြင်းကို မောင်းနှင်သွားသည်။ ခဏအတွင်း သူက ကျန်းမင်၏ ရှေ့သို့ ရောက်သွားသည်။

" မင်းက ချင်စစ်တပ်ရဲ့ စစ်သူကြီးလား။ " တုန်ဟူစစ်သည်က ကျန်းမင်ကို ကြည့်ပြီး မောက်မာစွာ ပြောလိုက်သည်။

ကျန်းမင်က ဘာမှမပြောဘဲ သူ၏ လက်ထဲမှ လှံကို မြှောက်လိုက်သည်။

" ငါတို့ ဘုရင်ရဲ့ အမိန့်အရ ယန်နိုင်ငံရဲ့ မြောက်ဘက်နယ်စပ်က တုန်ဟူနိုင်ငံပိုင်ဖြစ်သွားပြီ။ ချင်စစ်တပ်က ချက်ချင်း ဆုတ်ခွာရမယ်။ မဟုတ်ရင် ငါတို့ကို ရက်စက်တယ်လို့ မပြောနဲ့။ " တုန်ဟူစစ်သည်က ပြောလိုက်သည်။

" ဟုတ်လား။ " ကျန်းမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူက မြင်းကို အရှိန်ဖြင့် မောင်းနှင်လိုက်ပြီး လှံဖြင့် ထိုးစိုက်လိုက်သည်။ လှံက တုန်ဟူစစ်သည်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

" မင်း မင်း ငါ့ကို ဘယ်လိုလုပ် သတ်ရဲတာလဲ။ " တုန်ဟူစစ်သည်က မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။

" တိုင်းတစ်ပါးသားသူခိုးတွေက ငါတို့ နယ်မြေမှာ ပြဿနာလာရှာရဲတယ်ပေါ့။ " ကျန်းမင်က လှံကို ခါလိုက်ရာ တုန်ဟူစစ်သည်က လွင့်ထွက်သွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၇၄)

" ချင်စစ်သည်တို့ " ကျောက်ဖုန်းက သူ၏ လက်ထဲမှ လှံကို မြှောက်ပြီး ရှေ့မှ တုန်ဟူစစ်တပ်ကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်လိုက်သည်။

" ဟေ့ ဟေ့ ဟေ့ " ချင်စစ်သည်များက သူတို့၏ လက်နက်များကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။

" တိုင်းတစ်ပါးသား ကျူးကျော်သူတွေကို တစ်‌ယောက်မှ အရှင်မထားနဲ့။ လာသမျှ အကုန်သတ်ကြ။ " ကျောက်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ မြင်းစီးထွက်သွားသည်။

" တိုင်းတစ်ပါးသားတွေက သတ်ကြ။ " ချင်မြင်းစီးစစ်သည်တစ်သိန်းနှင့် နယ်ခြားစောင့်စစ်သည်ခုနှစ်သောင်းတို့က ချီတက်သွားကြသည်။

ချင်စစ်တပ်ကို အရေးမစိုက်ခဲ့သော တုန်ဟူစစ်သည်များက အံ့ဩသွားကြသည်။

" ချင်စစ်တပ်က ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေတဲ့ပုံပဲ။ သူတို့က ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ "

တုန်ဟူစစ်သည်များက ချင်စစ်တပ်၏ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကို ရင်ဆိုင်ရသောအခါ သူတို့က ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

" ဆုတ် ဆုတ်ကြ။ ချင်စစ်သည်တွေက အရမ်းများတယ်။ ငါတို့ သူတို့နဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ " တပ်မှူးက ကျယ်လောင်စွာ အော်ဟစ်ပြီး မြင်းကို ချက်ချင်း လှည့်လိုက်သည်။

" သတ်ကြ။ " ချင်စစ်တပ်၏ ဟိန်‌ဟောက်သံက ကောင်းကင်ကို ပဲ့တင်ထပ်သွားသည်။ ရှေ့ဆုံးမှ ချင်စစ်သည်များက လေးများကို ထုတ်ပြီး တုန်ဟူစစ်တပ်ဆီသို့ မြှားမိုးများ ရွာချလိုက်သည်။ မြှားမိုးအောက်တွင် တုန်ဟူစစ်သည်များက တုန့်ပြန်ချိန်မရလိုက်ဘဲ မြှားထိမှန်ပြီး သေဆုံးသွားကြသည်။

" အား... အား... " အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

ဟွာရှလူမျိုးများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော တုန်ဟူလူမျိုးများက ယခုအခါ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။ သူတို့က မည်သို့ ထွက်ပြေးသည်ဖြစ်စေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ မြားမိုးအောက်တွင် တုန်ဟူလူမျိုးများက သနားစရာကောင်းစွာပင် သေဆုံးသွားကြသည်။

" အကုန်သတ်၊ တစ်ယောက်မှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက တုန်ဟူစစ်တပ်ထဲသို့ မြင်းစီး၍ ဝင်ရောက်သွားပြီး သူ၏ လက်ထဲမှ အာဏာရှင်လှံက အေးစက်စွာ ကခုန်လာသည်။

ရှေ့မှ တုန်ဟူလူမျိုးဆယ်ယောက်ကျော်က အာဏာရှင်လှံကြောင့် အသက်ပျောက်သွားကြပြီး အသားစများအဖြစ် ပြောင်းလဲသွားသည်။ ကျင့်သုံးနိုင်ငံကို တိုက်ခိုက်ချိန်တွင်ဖြစ်စေ ယန်နိုင်ငံကို တိုက်ခိုက်ချိန်တွင်ဖြစ်စေ ကျောက်ဖုန်းက အမြဲတမ်း သက်ညှာလေ့ရှိပြီး ရန်သူများကို သတ်လျှင်တောင် သူတို့၏ ခန္ဓာကိုယ်များကို မပျက်စီးစေခဲ့ပေ။

သို့သော် တိုင်းတစ်ပါးလူမျိုးများနှင့် ရင်ဆိုင်ရသောအခါ ကျောက်ဖုန်းက သက်ညှာခြင်းမရှိတော့ပေ။ ချီစွမ်းအားဖြင့် ဝှေ့ရမ်းလိုက်သော အာဏာရှင်လှံက တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း တုန်ဟူလူမျိုးများ၏ ခန္ဓာကိုယ်များကို ပျက်စီးသွားစေခဲ့သည်။

" တုန်ဟူစစ်သည်တစ်ယောက်ကို သတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "

" တုန်ဟူစစ်သည်တစ်ယောက်ကို သတ်ပြီး သက်တမ်း ၁ ရက် ရရှိပါတယ်။ "

စွမ်းရည်များ ရရှိကြောင်း အသိပေးချက်များ ထွက်ပေါ်လာသော်လည်း ကျောက်ဖုန်း၏ သတ်ဖြတ်မှုများက မရပ်တန့်ပေ။

" သတ်ကြ..." ချင်စစ်သည်များက အော်ဟစ်ပြီး ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ ပြည်သူများအပေါ် အလွန်ရက်စက်သော တုန်ဟူစစ်သည်များက ချင်စစ်သည်များရှေ့တွင် သတ်ဖြတ်ခံရမည့် သိုးငယ်လေးများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ မောက်မာမှုများက ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့သာ ပေါ်လာသည်။

ချင်မြင်းစီးစစ်သည်များက သူတို့ကို ဝိုင်းပြီး မြားများဖြင့် ပစ်ခတ်ကြသည်။ တုန်ဟူစစ်သည်တစ်သောင်းထဲတွင် လွတ်မြောက်သွားသူ မရှိသလောက်ဖြစ်ပြီး ချင်စစ်သည်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ အစကတည်းက ချင်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားက မြင့်မားပြီး သုံးဆတိုးလာသောအခါ ပို၍ ကြောက်စရာကောင်းသွားခဲ့သည်။

နောက်တွင် လက်နက်ချခဲ့သော ယန်နယ်ခြားစောင့်တပ်များက ထိုသတ်ဖြတ်ပွဲကို ကြည့်နေကြသည်။ ချင်စစ်သည်များက တုန်ဟူစစ်သည်များကို အလွယ်တကူ သတ်ဖြတ်နေသည်ကို မြင်သောအခါ သူတို့က အံ့အားသင့်သွားကြသည်။

" စစ်သူကြီးကုန်းစွန်း ဒီချင်စစ်သားတွေက တကယ် လူတွေမှ ဟုတ်ရဲ့လား။ တုန်ဟူတွေက သူတို့ရှေ့မှာ ဘာလို့ဒီလောက်တောင် အားနည်းနေရတာလဲ။ " ယန်စစ်သည်တစ်ယောက်က တုန်လှုပ်စွာ မေးလိုက်သည်။

" ဒါက ချင်စစ်တပ်ရဲ့ အင်အားပဲ။ ငါတို့ကြားက တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်က အရမ်းကြီးမားတယ်။ ချင်မြင်းတပ်ရဲ့ မြင်းစီးမြားပစ်ပညာက အရင်က ကျောက်မြင်းတပ်ထက်တောင် သာလွန်တယ်။ ငါတို့သာ သူတို့နဲ့ ရင်ဆိုင်ရင် သူတို့ကို အကုန်ဖို့ ခက်ခဲမှာပဲ။အထိအခိုက်လည်း များလိမ့်မယ်။ ဒါပေမယ့် သူတို့က အလွယ်တကူ သတ်ဖြတ်ပြီး သူတို့ဘက်မှာ အထိအခိုက်လည်း မရှိသလောက်ပဲ။ " ကုန်းစွန်းကွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူတို့ မြောက်ဘက်နယ်စပ်သို့ သွားရန် အမိန့်ပေးခံရသောအခါ ကျောက်ဖုန်းက သူတို့နယ်ခြားစောင့်တပ်ကို ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းမည်ဟု သူက ထင်ခဲ့သည်။ သို့သော် သူမှားသွားခဲ့သည်။ သူတို့က နောက်မှ ရပ်ကြည့်နေပြီး တိုက်ခိုက်ရန်ပင် အခွင့်အရေး မရလိုက်ပေ။

" လက်နက်ချလိုက်တာ တော်သေးတာပေါ့။ မဟုတ်ရင် သူတို့နဲ့တိုက်ခိုက်တာက သေမင်းကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ။ " ယန်စစ်သည်များက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

မကြာမီ တုန်ဟူစစ်သည်များ အားလုံးနီးပါး သတ်ခံလိုက်ရပြီး သူတို့၏ တပ်မှူးနှင့် လူအနည်းငယ်သာ ကျန်တော့သည်။

" ငါက တုန်ဟူနိုင်ငံရဲ့ တပ်မှူးပဲ။ ငါတို့က မင်းတို့ချင်နိုင်ငံနဲ့ ဘာရန်ငြိုးမှမရှိဘူး။ မင်းတို့ ဘာလို့ငါတို့ကို တိုက်ခိုက်နေတာလဲ။ " တပ်မှူးက ဝိုင်းထားသော ချင်စစ်သည်များကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

" မင်းတို့က ရှန်းကျိုးနယ်မြေကို ကျူးကျော်ပြီး ဟွာရှလူမျိုးတွေကို သတ်တယ်။ ပြီးတော့ မင့းတို့က ငါတို့ ဘာလို့တိုက်ခိုက်တာလဲ မေးနေသေးတယ်။ ဒီနေ့ ငါတို့ ရှန်းကျိုးကို ကျူးကျော်လာတဲ့ တိုင်းတစ်ပါးလူမျိုးတွေကို အကုန်သတ်ပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။

" သတ်ကြ။ " ချင်စစ်သည်များက အော်ဟစ်ပြီး မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။ ကျန်ရှိသော တုန်ဟူစစ်သည်များအားလုံးက မြားထိမှန်ပြီး သေဆုံးသွားကြသည်။

" ကုန်းစွန်းကွမ် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " ကုန်းစွန်းကွမ်က ချက်ချင်း ရောက်လာသည်။

" ဒီစစ်မြေပြင်မှာရှိတဲ့ စစ်မြင်းအားလုံးကို ရေတွက်ပြီး ပြန်ယူသွားဖို့ သိမ်းဆည်းထားပါ။ သူတို့ စစ်မြင်းတွေက အရည်အသွေးမြင့်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကုန်းစွန်းကွမ်က ပြောလိုက်သည်။ " ဒါပေမယ့် စစ်သေနာပတိချုပ် ဒီစစ်မြင်းတွေကို ရှင်းဖို့ စစ်သည်တစ်ထောင်လောက်ပဲလိုတာပါ။ ကျွန်တော် စစ်သေနာပတိချုပ်နဲ့ အတူ တိုက်ခိုက်ချင်ပါတယ်။ " ကုန်းစွန်းကွမ်က ကျောက်ဖုန်းကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

" အင်း။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး သူ၏ လက်ထဲမှ အာဏာရှင်လှံကို မြှောက်လိုက်သည်။ " စစ်သည်တို့ ရှေ့ဆက်တက်ကြမယ်။ ငါတို့ မြန်မြန်သွားနိုင်လေ ငါတို့လူမျိုးတွေကို ကယ်တင်နိုင်လေပဲ။ "

ကျောက်ဖုန်းက အော်ဟစ်ပြီး မြင်းကို မောင်းနှင်ကာ မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားသည်။ ချင်မြင်းတပ်ကလည်း မြောက်ဘက်သို့ ဆက်လက်ချီတက်သွားကြသည်။

ယန်နိုင်ငံ၏ မြောက်ဘက်နယ်မြေ၊ ဝူလင်းမြို့။

မြို့ရိုးပေါ်တွင် ကင်းလှည့်မည့်သူတောင် မရှိဘဲ မြို့တစ်ခုလုံးက အလောင်းများနှင့် ပြည့်နှက်နေသည်။ တုန်ဟူစစ်သည်များက နေရာတိုင်းတွင် ရက်စက်စွာ သတ်ဖြတ်နေကြပြီး မိန်းမများက လမ်းမများပေါ်မှာပင် စော်ကားနေကြသည်။ လူများစွာ၏ အော်ဟစ်သံများ၊ တုန်ဟူစစ်သည်များ၏ ရယ်မောသံများက ဆူညံနေခဲ့သည်။ ထွက်ပြေးရန် ကြိုးစားသူများကလည်း တုန်ဟူစစ်သည်များ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

" စစ်သေနာပတိချုပ် ရှေ့မှာ ဝူလင်းမြို့ရှိတယ်။ ဒီမြို့ကိုလည်း တုန်ဟူလူမျိုးတွေ သိမ်းပိုက်သွားပြီထင်တယ်။ ဒါပေမယ့် သူတို့က မြို့ကို ကာကွယ်ထားပုံမရဘူး။ " ကုန်းစွန်းကွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မြို့ထဲဝင်မယ်။ " ကျောက်ဖုန်းက တွေဝေခြင်းမရှိဘဲ မြို့ဆီသို့ အမြန်ချဉ်းကပ်သွားသည်။ မြို့တံခါးများကို ပြည်သူများ ထွက်မပြေးအောင် ပိတ်ထားခဲ့သည်။

" ပျက်ဆီးစမ်း။ " ကျောက်ဖုန်းက မြို့တံခါးကို သူ၏လှံနှင့် ရိုက်ချလိုက်သည်။ မြို့တံခါးက ချက်ချင်း အပိုင်းပိုင်းကွဲထွက်သွားသည်။

ကျောက်ဖုန်းက မြို့ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ သူက တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ဖူးပြီး လူများစွာကို သတ်ဖြတ်ဖူးသော်လည်း မြို့ထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ နီရဲသွားသည်။ လမ်းပေါ်တွင် အလောင်းများက နေရာအနှံ့တွင် ရှိနေသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီးနှင့် လူငယ် အားလုံးရှိနေသည်။ အမျိုးသမီးအချို့ဆိုလျှင်း အဝတ်အစားများ မရှိတော့ဘဲ သွေးများနှင့် ဖုံးလွှမ်းနေသည်။ အမျိုးသားအချို့က ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသည်။

ချင်စစ်တပ်က နိုင်ငံများကို တိုက်ခိုက်ပြီး မြို့ပေါင်းများစွာကို သိမ်းပိုက်ခဲ့သော်လည်း ချင်စစ်တပ်၏ တင်းကျပ်သော စည်းကမ်းနှင့် ချင်ဘုရင်၏ ကြင်နာစိတ်ကြောင့် သာမန်ပြည်သူများကို တိုက်ခိုက်ခြင်းမရှိပေ။ သို့သော် တိုင်းတစ်ပါးလူမျိုးများက တိရိစ္ဆာန်များထက်ပင် ရက်စက်ကြမ်းကြုတ်သည်။

" ချင်စစ်သည်တို့ တိုင်းတစ်ပါးလူမျိုးတွေကို သနားညှာတာမှုမရှိ သတ်ပစ်ကြ။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" သတ်ကြ။ " မြင်းစီးစစ်သည်များက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။

" ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ "

" ကျွန်တော်တို့ကို မသတ်ပါနဲ့။ "

" အဲ့ဒါကျွန်တော်သမီးပါ မလုပ်ကြပါနဲ့။ "

တုန်ဟူစစ်သည်များ၏ အမဲလိုက်ခြင်းကို ခံနေရသော ပြည်သူများက ကြောက်ရွံ့စွာဖြင့် တောင်းပန်နေကြသည်။ သို့သော် သူတို့ကို စောင့်ကြိုနေသည်မှာ သတ်ဖြတ်မှု၊ မုဒိမ်မှုနှင့် လုယက်မှုများ ဖြစ်သည်။ တုန်ဟူစစ်သည်များက သူတို့ကို သနားညှာတာမှုမရှိဘဲ တိရိစ္ဆာန်များကဲ့သို့ သဘောထားကြသည်။ သို့သော် ချင်စစ်တပ်က မြို့ထဲသို့ ဝင်ရောက်လာသောအခါ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters