← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅)

" တိုက်ခိုက်သံတွေ ဘယ်က ထွက်လာတာလဲ။ "

" မင်းနားကြားမှားတာ နေမှာပါ။ ဒီနေရာကို ကာကွယ်မယ့်စစ်တပ်မှမရှိတာ။ သူတို့အားလုံးက ချင်စစ်တပ်နဲ့ တိုက်ခိုက်နေတာ။ "

" ဟားဟား နားကြားမှားတာနေလိမ့်မယ်။ ဆက်သတ်ကြ။ "

" ဒီယန်အမျိုးသမီးတွေက အတော်လှတယ်။ အိမ်က ငါ့မိန်းမထက်တောင် ပိုကောင်းသေးတယ်။ "

" ဟုတ်တယ်။ ဒီတစ်ခါ ယန်အမျိုးသမီးတွေကို ပိုဖမ်းရမယ်။ "

မြို့ထဲမှ တုန်ဟူစစ်သည်များက အန္တရာယ်ကို မသိဘဲ ဆက်လက်သတ်ဖြတ်နေကြသည်။

" ရန်သူ တိုက်ခိုက်နေပြီ။ ချင်စစ်တပ်ပဲ။ ငါတို့ ညီအကိုတွေက ချင်စစ်တပ်သတ်တာ ခံလိုက်ရပြီ။ တပ်မှူးဆီ မြန်မြန် အစီရင်ခံကြ။ "

ထိုအချိန်တွင် တုန်ဟူစသ်သည်အချို့က မြို့ထဲတွင် ပျော်ပါးနေသော သူတို့လူများကို အော်ဟစ်ပြောဆိုလိုက်ကြသည်။ သူတို့၏ အခြေအနေကို မြင်သောအခါ တုန်ဟူစစ်သည်များက စိတ်ရှုပ်ထွေးသွားကြသည်။

" ဘိုဟူ မင်းနောက်နေတာလား။ ချင်စစ်တပ်က ယန်စစ်တပ်နဲ့ တိုက်နေတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာမှာလဲ။ "

" သူတို့ လာရင်တောင် ချင်စစ်တပ်က ငါတို့ တုန်ဟူတွေကို မထိရဲဘူးမဟုတ်လား။ နောက်မနေနဲ့။ " တုန်ဟူစစ်သည်များက မယုံကြည်ကြပေ။

သို့သော် ထိုအချိန်တွင် မြင်းခွာသံများ ထွက်ပေါ်လာပြီး မြားမိုးများက ကျဆင်းလာသည်။ တုန်ဟူစစ်သည်များက ဘာဖြစ်မှန်းပင် မသိလိုက်ဘဲ မြားများက သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။ အချို့ဆိုလျှင် အမျိုးသမီးများကို ဖမ်းဆီးနေရင်း မြားက သူတို့၏ လည်ပင်းကို ထိုးဖောက်သွားသည်။ သာမန်ပြည်သူများက ဘာလုပ်ရမှန်းမသိဘဲ ကြောင်ပြီး ရပ်နေကြသည်။

" တစ်ယောက်မှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ပြီး မြင်းစီကာ သူ၏ လှံကို ဝှေ့ရမ်းလိုက်သည်။

" သတ်ကြ။ " ချင်စစ်သည်များက ဝင်ရောက်လာပြီး တုန်ဟူစစ်သည်များကို စတင်သတ်ဖြတ်လိုက်ကြသည်။

ရုတ်တရက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ တုန်ဟူစစ်သည်များက အံ့အားသင့်သွားကြသည်။ အချို့ဆိုလျှင် ထွက်ပြေးရန်ပင် အချိန်မရဘဲ သတ်ခံလိုက်ရသည်။

" အနက်ရောင်ချပ်ဝတ် ချင်စစ်တပ် ငါတို့ကို ကယ်ဖို့ ချင်စစ်တပ် ရောက်လာပြီ။ "

" ငါတို့ လွတ်ပြီ။ "

ချင်စစ်တပ်က မြို့ထဲသို့ ဝင်ရောက်လာပြီး တုန်ဟူစစ်သည်များကို သတ်ဖြတ်သည်ကို မြင်သောအခါ မြို့ထဲမှ ပြည်သူများက အလွန်ဝမ်းသာသွားကြသည်။

ချင်စစ်တပ်က မြို့ထဲမှ တုန်ဟူစစ်သည်များကို လျင်မြန်စွာ သတ်ဖြတ်ပြီး မြို့ကို ရှင်းလင်းလိုက်ကြသည်။ မြို့ထဲမှ တုန်ဟူစစ်သည်များက ကြာရှည်မခံဘဲ အေးစက်သော အလောင်းများအဖြစ် ပြောင်းလဲသွားကြသည်။

" စစ်သေနာပတိချုပ် မြို့ထဲက တုန်ဟူစစ်သည်တွေကို ရှင်းလင်းပြီးပါပြီ။ ဒီတိုက်ပွဲမှာ တုန်ဟူစစ်သည်ငါးထောင်ကို သတ်ဖြတ်လိုက်ပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး မြို့သူမြို့သားများကို ကြည့်လိုက်သည်။

အပြစ်မဲ့သော မိန်းကလေးများ အဓမ္မကျင့်ခံခဲ့ရသည်။ မိဘများသတ်ခံရသည်၊ ကလေးငယ်များ သတ်ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများက စော်ကားခံရပြီး သူတို့ချစ်ရသူများကို ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့က ချင်မြင်းတပ်ကိုလည်း စိုးရိမ်တကြီးနှင့် ကြည့်နေကြသည်။

ကျောက်ဖုန်းက စိတ်ထဲမှ သက်ပြင်းချပြီး မြင်းပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်သည်။

" ကျုပ်တောင်းပန်ပါတယ်။ ကျုပ်ရောက်တာ နောက်ကျသွားတယ်။ " ကျောက်ဖုန်းက အားမလိုအားမရဖြစ်မှု၊ ရှက်ရွံ့မှုတို့ဖြင့် ပြည်သူအားလုံးကို ဦးညွှတ်လိုက်ကြသည်။

ထိုမြင်ကွင်းက ရှေ့မှ ပြည်သူများကိုသာမက ယန်နယ်ခြားစောင့်တပ်များကိုပါ အံ့အားသင့်သွားစေခဲ့သည်။

" ဂုဏ်သိက္ခါရှိတဲ့ စစ်သေနာပတိချုပ်က ပြည်သူတွေကို တောင်းပန်နေတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ယန်နိုင်ငံက ကျဆုံးသွားပြီ။ အခုကစပြီး ယန်ပြည်သူအားလုံးက ချင်ပြည်သူတွေ ဖြစ်နေပြီ။ ချင်ပြည်သူတိုင်းကို ချင်စစ်သည်တွေက ကာကွယ်ပေးသွားမယ်။ အဲ့ဒီတိုင်းတစ်ပါးသားတွေကို ကျုပ်ကျောက်ဖုန်းက သွေးနဲ့ပြန်ဆပ်မယ်လို့ ကျိန်ဆိုတယ်။ " ကျောက်ဖုန်းက ပြည်သူများဆီမှ အကြည့်လွှဲလိုက်သည်။

" ကျန်းဟန် " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။

" ငါတို့ မြင်းတပ်က တစ်မြို့ချင်းစီ ပြန်သိမ်းနေတာ နှေးလွန်းတယ်။ ဒီအချိန်အတွင်းမှာ အပြစ်မဲ့ ပြည်သူတွေ အများကြီး သေဆုံးသွားနိုင်တယ်။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ငါတို့ရဲ့ မြင်းစီးစစ်သည်တစ်သိန်းကို စစ်သည်တစ်သောင်းစီ လမ်းကြောင်းဆယ်ခု ခွဲသွားမယ်။ ရှန်ပင်းမြို့မှာ တပ်ပြန်စုမယ်။ မင်းတို့ ဘယ်လိုနည်းလမ်းပဲ သုံးသုံး တိုင်းတစ်ပါးသားတွေကို သတ်နိုင်သရွေ့ ငါခွင့်ပြုတယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ "

" စစ်သေနာပတိချုပ် ကျွန်တော်ကိုလည်း တာဝန်ပေးပါ။ " ကုန်းစွန်းကွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မင်းရဲ့ တာဝန်က ပြည်သူတွေကို နှစ်သိမ့်ဖို့ပဲ။ စစ်တပ်ကို ပြည်သူတွေအတွက် ရိက္ခါတွေ ခွဲပေးဖို့ ပြောလိုက်ပါ။ ပြီးတော့ တိုင်းတစ်ပါးသားတွေ မြို့ထဲဝင်လာတဲ့အတွက် သစ္စာဖောက်တွေရှိရမယ်။ သူတို့အားလုံးကို ရှာဖွေပြီး ဖမ်းဆီးပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကုန်းစွန်းကွမ်က ပြန်ဖြေလိုက်သည်။

ရှန်ပင်းမြို့။

ထိုမြို့က တုန်ဟူများ အရင်ဆုံး ထိုးဖောက်ခဲ့သော နေရာတစ်ခုဖြစ်သောကြောင့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ မြို့ထဲတွင် အလောင်းများက တောင်လိုပုံနေပြီး သွေးများက စမ်းချောင်းများသဖွယ် စီးဆင်းနေသည်။ မြို့တစ်ခုလုံးက တိတ်ဆိတ်နေပြီး ကင်းလှည့်နေသော တုန်ဟူစစ်သည်အနည်းငယ်မှလွဲ၍ မြို့ထဲတွင် အသက်ရှင်ကျန်ရစ်သူ မရှိပေ။

မြို့ဝန်ရုံးထဲတွင် သံစုံတီးဝိုင်းသံများနှင့်အတူ အမျိုးသမီးများက ကပြနေကြသည်။ တုန်ဟူတပ်မှူးများက ပျော်ရွှင်စွာဖြင့် ကြည့်နေကြသည်။

" ဟားဟား ဒီယန်နိုင်ငံသားတွေက တကယ်ပျော်တတ်တာပဲ။ ယန်အမျိုးသမီးတွေ ကရင် အတော်ဆွဲဆောင်မှုရှိတာပဲ။ "

" ဟုတ်တယ်။ ဒီယန်အမျိုးသမီးတွေက ငါတို့မျိုးနွယ်က အမျိုးသမီးတွေထက် ပိုလှတယ်။ "

တပ်မှူးများက ဝိုင်သောက်ရင်း ပျော်ရွှင်စွာ ရယ်မောနေကြသည်။ ခန်းမထဲမှ အမျိုးသမီးများက ထိတ်လန့်စွာဖြင့် ကပြနေကြသည်။

" ငါတို့နိုင်ငံဆီ ပြန်ရောက်ရင် အရှင်မင်းကြီးကို ဆက်ပဖို့ မိန်းကလေးအချို့ ရွေးချယ်ထား။ ယန်နိုင်ငံရဲ့ မင်းသမီးအချို့ ဖမ်းမိရင်တော့ အရမ်းကောင်းမှာပဲ။ " တပ်မှူးတစ်ယောက်က ရယ်မောလိုက်သည်။

" စစ်သူကြီးဝူဝူ ကျွန်တော်တို့ အရေးပေါ်သတင်းရထားပါတယ်။ ချင်စစ်တပ်က ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့ စစ်သည်တွေ သေဆုံးသွားပါပြီ။ "

တုန်ဟူစစ်သည်တစ်ယောက်က အလျင်အမြန် ပြေးလာပြီး တုန်လှုပ်စွာ အစီရင်ခံလိုက်သည်။

" ဘာ ချင်စစ်တပ်လား။ " ဝူဝူက ဝိုင်သောက်နေရင်း ထိတ်လန့်သွားသည်။

" ဟုတ်ပါတယ် စစ်သူကြီး။ ချင်စစ်တပ်ပါ။ ကျွန်တော်တို့ စစ်သည်ငါးသောင်းနီးပါးကို ချင်စစ်တပ်လက်ထဲမှာ သေဆုံးသွားပါပြီ။ ပြီးတော့ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ ယန်မြို့ဆယ်ခုကျော်ကိုလည်း ချင်စစ်တပ်က ပြန်သိမ်းသွားပါပြီ။ အခု ရှန်ပင်းအနီးက မြို့တစ်မြို့ပဲ ကျန်ပါတော့တယ်။ ချင်စစ်တပ်က တပ်ဖွဲ့တွေ အများကြီး ခွဲပြီး ကျွန်တော်တို့ စစ်သည်တွေက မခုခံနိုင်ဘဲ ဆုတ်ခွာနေရပါတယ်။ "တုန်ဟူစစ်သည်က ပြောလိုက်သည်။

" တရှုံဘယ်မှာလဲ။ " ဝူဝူ၏ အမူအရာက ပြောင်းလဲသွားပြီး မေးလိုက်သည်။

" စစ်သူကြီးတရှုံက ဆုတ်ခွာဖို့ ဦးဆောင်နေပါတယ်။ " စစ်သည်က ပြန်ဖြေလိုက်သည်။ ၎င်းက တိုင်းတစ်ပါးလူမျိုးများ နားမလည်နိုင်သော အချက်ဖြစ်သည်။

" ချင်တွေက ငါတို့ကို ဘယ်လိုလုပ်တိုက်ရဲတာလဲ။ ငါတို့က သူတို့နဲ့ ရန်သူမဟုတ်ဘူး။ သူနို့က ယန်နိုင်ငံကို တိုက်ခိုက်နေတာပဲ။ ယန်နိုင်ငံက ပြည်သူတွေနဲ့ သူတို့က ဘာဆိုင်လို့လဲ။ အဆုံးမှာ ငါတို့က သူတို့ကို ကူညီခဲ့တာပဲ။ " ဝူဝူက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

ခန်းမထဲမှ တပ်မှူးများကလည်း အံ့အားသင့်နေကြသည်။

" စစ်သူကြီးဝူဝူ စစ်သူကြီးတရှုံက အကူအညီတောင်းနေပါတယ်။ စစ်သူကြီးတရှုံကို ချင်စစ်တပ်က လိုက်မီတော့မှာပါ။ စစ်သူကြီး အမြန်ဆုံး စစ်ကူလွှတ်ပေးပါ။ " သတင်းပို့သူတစ်ယောက်က ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။

" ချင်စစ်သည်ဘယ်လောက်များလဲ။ တရှုံမှာ စစ်သည်ငါးသောင်းခြောက်သောင်းလောက် ရှိတာမဟုတ်လား။ ချင်စစ်တပ်က တုန်ဟူစစ်သည်တွေကို ယှဉ်နိုင်လို့လား။ " ဝူဝူက နားမလည်နိုင်သေးပေ။

" စစ်သူကြီး ချင်စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းပါတယ်။ ကျွန်တော်တို့စစ်သည်တွေ မယှဉ်နိုင်ပါဘူး။ " သတင်းပို့သူက တုန်လှုပ်စွာ ပြောလိုက်သည်။

" စစ်သူကြီးဝူဝူ ကျွန်တော်တို့ စဉ်းစားချိန်မရှဘူး။ ကျွန်တော်တို့ စစ်တပ်ကို ခေါ်ပြီး အရင်သွားကူရမယ်။ ချင်စစ်တပ်က ကျွန်တော်တို့ လူမျိုးကို တိုက်ခိုက်ရဲတယ်။ ဒီချင်စစ်တပ်ကို ဖျက်ဆီးပြီး သူတို့ကို သင်ခန်းစာပေးရမယ်။ " တုန်ဟူတပ်မှူးတစ်ယောက်က မောက်မာစွာ ပြောလိုက်သည်။

" ဟုတ်တယ်။ ချင်စစ်တပ် ငါတို့က သူတို့ကို ဘာလို့ကြောက်ရမှာလဲ။ သူတို့က ရန်စမှာတော့ သူတို့ကို ဆုံးမရမှာပေါ့။ ချင်စစ်တပ်ကို ဖျက်ဆီးပစ်မယ်။ "

" ဟုတ်တယ် စစ်သူကြီး။ ချင်စစ်တပ်ကို သုတ်သင်ပစ်မယ်။ " တပ်မှူးများက မောက်မာစွာ ပြောလိုက်ကြသည်။

" စစ်တပ်ကို စုစည်းကြ။ စစ်သူကြီးတရှုံကို သွားကူကြမယ်။ ပြီးတော့ တောင်ဘက်ကို တက်သွားပြီး မြို့တွေ ထပ်သိမ်းမယ်။ " ဝူဝူက အမိန့်ပေးလိုက်သည်။

တုန်ဟူမြင်းစီးစစ်သည်သောင်းချီက ရှန်ပင်းမြို့ဆီသို့ ထိတ်လန့်စွာဖြင့် ထွက်ပြေးနေကြသည်။ သူတို့ ထွက်ပြေးနေစဉ် ချင်စစ်သည်နှစ်သောင်းကျော်က လိုက်လံတိုက်ခိုက်နေကြသည်။ အပေါ်မှ မြားမိုးများ ရွာချနေပြီး တုန်ဟူစစ်သည်များက မြားထိမှန်ကာ သေဆုံးသွားကြသည်။

" စစ်သူကြီး ချင်စစ်တပ်က ဆက်တိုက်လိုက်နေတယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " တပ်မှူးတစ်ယောက်က တရှုံကို ကြည့်ပြီး မေးလိုက်သည်။

" ငါတို့က ရှန်ပင်းမြို့နဲ့ မဝေးတော့ဘူး။ စစ်သူကြီးဝူဝူက မကြာခင် စစ်ကူခေါ်လာလိမ့်မယ်။ တိုက်ခိုက်ဖို့ ပြင်ထားကြ။ ဒီချင်အမှိုက်တွေကို အကုန်သတ်ပစ်။ " တရှုံက အော်ဟစ်ပြီး မြင်းကို လှည့်လိုက်သည်။

" သတ်ကြ။ ချင်အမှိုက်တွေကို သတ်ပစ်ကြ။ "

" သူတို့ကို အကုန်သတ်ပစ်။ "

တုန်ဟူစစ်သည်များက အော်ဟစ်ပြီး ထွက်ပြေးခြင်းကို ရပ်လိုက်ကြသည်။ သူတို့က ချင်စစ်တပ်နှင့် အဆုံးအဖြတ်တိုက်ပွဲ တိုက်ခိုက်ရန် ပြင်ဆင်နေကြပုံရသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၇၆)

ချင်နိုင်ငံ၊ ညီလာခံခန်းမ။

" ယန်နယ်မြေက စစ်ရေးအစီရင်ခံစာကို အခုပဲ ရရှိလိုက်ပါတယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းက သူ့ရဲ့ မြင်းတပ်နဲ့ ယန်နယ်ခြားစောင့်စစ်သည် ခုနှစ်သောင်းကို ဦးဆောင်ပြီး မြောက်ဘက်ကို ချီတက်သွားပါတယ်။ သူတို့က အခု တုန်ဟူတွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။ တုန်ဟူတွေ သိမ်းပိုက်ထားတဲ့ မြို့ဆယ်မြို့ကျော်ကို စစ်သေနာပတိချုပ်က ပြန်သိမ်းလိုက်ပါပြီ။ ဒီတိုက်ပွဲမှာ တုန်ဟူစစ်သည် ငါးသောင်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ " သတင်းပို့သူက အစီရင်ခံစာကို ကိုင်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"တုန်ဟူလူမျိုးတွေ ကျောက်ဖုန်းက ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိပါတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီး တုန်ဟူလူမျိုးတွေက ယန်နယ်မြေကို ဖျက်ဆီးပြီး ပြည်သူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်က သူတို့ကို သုတ်သင်နေတဲ့အချိန်မှာ ယန်နယ်မြေကို တည်ငြိမ်စေဖို့ အရည်အချင်းရှိတဲ့ ဝန်ကြီးတွေ စေလွှတ်သင့်ပါတယ်။ " ဟန်ဖေးက အဆိုပြုလိုက်သည်။

" ယန်နယ်မြေကို အုပ်ချုပ်ဖို့အတွက် ဝန်ကြီးဟန်မှာ အကြံပြုချင်တဲ့သူရှိလား။ " ရင်ကျန့်က ဟန်ဖေးကို ကြည့်ပြီး မေးလိုက်သည်။

ဟန်ဖေးက ကျောက်ဖုန်းအတွက် အမြဲတမ်းရှေ့ထွက်လာသောကြောင့် ဟန်ဖေးကို သူသား၏ လူအဖြစ် သတ်မှတ်ထားသည်။

" ကျွန်တော်မျိုး လက်အောက်မှာ ထူးချွန်တဲ့ ဝန်ကြီးတစ်ယောက်ရှိပါတယ်။ သူနာမည်က ချိုင်စီပါ။ ယန်နယ်မြေကို အုပ်ချုပ်ဖို့ သူ့ကို အကြံပြုလိုပါတယ်။ ဒါက သေချာပေါက် ရလဒ်ကောင်းတွေ ထွက်လာမှာပါ။ " ဟန်ဖေးက သူ့လူကို အကြံပြုလိုက်သည်။

ဟန်ဖေးက ဝန်ကြီးကိုးယောက်ထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူ၏ လက်အောက်တွင် အရာရှိများ ရှိနေသည်။

ရင်ကျန့်က တွေဝေခြင်းမရှိဘဲ ဝန်ကြီးများ၏ အကြံပြုချက်များကိုလည်း မတောင်းတော့ဘဲ ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

" ဝန်ကြီးဟန်ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။ ချိုင်စီကို ယန်နယ်မြေရဲ့ အုပ်ချုပ်ရေးကို ကြီးကြပ်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်။ ချက်ချင်း ထွက်ခွာခိုင်းလိုက်ပါ။ "

" အမိန့်အတိုင်းပါ။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဝူအန်းစခန်းကို ရိက္ခာထောက်ပံ့မှု မပြတ်တောက်စေနဲ့။ " ရင်ကျန့်က ထပ်မံသတိပေးလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ဖေးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကျောက်ဖုန်း ယန်နယ်မြေက တုန်ဟူလူမျိုးတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရတာပေါ့။ ကျောက်ဖုန်းက တုန်ဟူစစ်သည်နှစ်သိန်းကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ငါကြည့်ချင်တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

သူက သူ၏ သားကို ယုံကြည်ပြီး တုန်ဟူလူမျိုးများက ဤတစ်ခါ အခက်အခဲကြီးနှင့် ရင်ဆိုင်ရတော့မည်ကို သူသိသည်။ သူအနေဖြင့် စစ်ပွဲရလဒ်များကို စောင့်ဆိုင်းနေရန်သာ လိုအပ်သည်။

ယန်နယ်မြေ၊ ရှန်ပင်းမြို့။

ချင်မြင်းစီးစစ်သည်နှစ်သောင်းကျော်က အဆက်မပြတ် လိုက်လံတိုက်ခိုက်နေပြီး တုန်ဟူစစ်သည်များကို မြားများဖြင့် ပစ်ခတ်နေကြသည်။

" စစ်သေနာပတိချုပ် သူတို့ ရပ်သွားပြီ။ ကျွန်တော်တို့ကို ပြန်တိုက်ဖို့ထင်တယ်။ " ကျန်းဟန်က မြင်းစီးရင်း အော်ပြောလိုက်သည်။

" ဒီနေရာက ရှန်ပင်းမြို့နဲ့ မဝေးတော့ဘူး။ သူတို့စစ်ကူရောက်လာမယ်ဆိုတာ သိလို့ ပြန်တိုက်တာနေမယ်။ သူတို့ စစ်ကူတွေရောက်လာရင် ချင်စစ်တပ်ကလည်း စုစည်းမိသွားလိမ့်မယ်။ ဒါက သူတို့အားလုံးကို သုတ်သင်ဖို့ အခွင့်ကောင်းပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။ ဤတိုက်ပွဲတွင် သူက တုန်ဟူလူမျိုးအားလုံးကိက သတ်ပစ်ရန် ရည်ရွယ်ထားသည်။

" တုန်ဟူစစ်သည်တို့ ဒီချင်တွေက ငါတို့လူတွေကို သတ်ထားတယ်။ သူတို့ကို အကုန်သတ်ပစ်။ " ရရှုံက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" သတ်ကြ။ " တုန်ဟူစစ်သည်များက အော်ဟစ်ပြီး ချင်စစ်တပ်ကို မြားများဖြင့် ပြန်လည်ပစ်ခတ်ကြသည်။

မြင်းစီးမြားပစ်ပညာက ကျောက်နိုင်ငံမတိုင်ခင်ကတည်းက တိုင်းတစ်ပါးလူမျိုးများတွင် ၎င်းက ရှိနေခဲ့သည်။ သူတို့၏ မြင်းတပ်က အမှန်တကယ် သန်မာလေသည်။

" ချင်စစ်သည်တို့ သတ်ကြ..." ကျောက်ဖုန်းက အာဏာရှင်လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

" သတ်ကြ။ " ချင်မြင်းစီးစစ်သည်များက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။

ကျောက်ဖုန်းက ရှေ့ဆုံးမှ ဦးဆောင်ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအားများက လှည့်ပတ်လာပြီး လှံကို ဝေ့ရမ်းလိုက်သည်။ ကြောက်စရာကောင်းသော လှံအလင်းတန်းက ထွက်ပေါ်လာသည်။ တုန်ဟူစစ်သည်ဆယ်ယောက်ကျော်က မတုန့်ပြန်နိုင်ခင် လှံအလင်းတန်းအောက်တွင် သေဆုံးသွားကြသည်။

နောက်မှ ချင်မြင်းတပ်ကလည်း ဝင်ရောက်တိုက်ခိုက်ကြသည်။ ခဏအတွင်း တုန်ဟူစစ်သည်များက လှံများဖြင့် ထိုးသတ်ခံလိုက်ရသည်။ တုန်ဟူမြင်းတပ်က သန်မာသော်လည်း ချင်မြင်းတပ်က ပို၍ သန်မာသည်။ သူတို့က သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး တုန်ဟူနိုင်ငံက ရှန်းကျိုးနယ်မြေနှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျလေသည်။ သူတို့က သံချပ်ကာမရှိကြဘဲ ခေတ်နောက်ကျသော သားရေဝတ်စုံများသာ ရှိကြသည်။

ကျောက်ဖုန်းက တုန်ဟူစစ်သည်များကြားသို့ ဝင်ရောက်ပြီး သူ၏ သိုင်းပညာများကို ထုတ်သုံးလိုက်သည်။ သူက ချီစွမ်းအားများ ကုန်ခမ်းသွားလျှင်တောင် သူ၏ ခွန်အားနှင့် ရန်သူများစွာကို သတ်ဖြတ်နိုင်သေးသည်။ ချီစွမ်းအားများက ထွက်ပေါ်လာပြီး လှံအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ဆယ်မီတာအတွင်းမှ တုန်ဟူစစ်သည်များက လူရောမြင်းပါ လှံအလင်းတန်း၏ ထိုးဖောက်ခြင်းခံလိုက်ရသည်။

" စွမ်းရည်အားလုံး နှစ်သောင်းကျော်သွားသည့်အတွက် အဆင့်နှစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းသွားပြီး စွမ်းအားတိုးတက်မှုကို ခံစားလိုက်ရသည်။ သူက ယန်နိုင်ငံကို သိမ်းပိုက်ပြီး ယခု တုန်ဟူစစ်သည်များကို သတ်ဖြတ်ပြီးနောက် သူ၏ စွမ်းရည်များအားလုံး နှစ်သောင်းကျော်သွားခဲ့သည်။

" သတ်ကြ..." ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ သတ်ဖြင်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်သောအခါ သူက သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားပြီး ဘယ်သူမှမတားဆီးနိုင်တော့ပေ။

ချင်စစ်သည်များကလည်း ကျောက်ဖုန်း၏ ဦးဆောင်မှုအောက်တွင် ရူးသွပ်စွာဖြင့် ဆက်လက်သတ်ဖြတ်နေကြသည်။ ကောင်းကင်ထက်ရှိ ဘယ်သူမှမမြင်နိုင်သော နေရာတွင် နဂါးတစ်ကောင်းက စစ်မြေပြင်မှ သတ်ဖြတ်ခြင်းစွမ်းအားများကို ဝါးမြိုနေသည်။

"တိုက်ကြ။ နောက်ဆုတ်တဲ့သူမှန်သမျှသတ်ပစ်။ ငါတို့က လူအင်အား ပိုသာနေတယ်။ ဘာလို့နောက်ဆုတ်နေတာလဲ။ ဒီချင်တွေကို အကုန်သတ်ပစ်ကြ။ "

နှစ်ဖက်လုံးက တစ်နာရီကြာအောင် အပြင်းအထန် တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် တုန်ဟူစစ်တပ်၏ နောက်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ တုန်ဟူစစ်သည်တစ်သိန်းနီးပါးက စစ်မြေပြင်ဆီသို့ ဦးတည်လာနေကြသည်။

" ညီအကိုတို့ စစ်ကူတွေ ရောက်လာပြီ။ " တရှုံက ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" ဒီချင်စစ်သည်တွေ သေရတော့မယ်။ "

" ဟားဟား ချင်စစ်သည်တွေအကုန်သတ်ပစ်။ "

စစ်ကူများရောက်လာသည်ကို မြင်သောအခါ တုန်ဟူစစ်သည်များက စိတ်ဓာတ်တက်ကြွလာကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ စစ်ကူများ ရောက်လာသောကြောင့် ထိုချင်စစ်သည်များ သေရတော့မည်ဖြစ်သည်။

ဝူဝူက စစ်တပ်ကို ဦးဆောင်ပြီး စစ်မြေပြင်သို့ ဝင်ရောက်လာသည်။ သူ၏ နောက်တွင် မြင်းစီးစစ်သည်ငါးသောင်းရှိပြီး အခြားသူများက ခြေလျင်စစ်သည်များ ဖြစ်ကြသည်။

" ချင်စစ်သည်တို့ တုန်ဟူတွေကို အမြစ်ပြတ်ချေမှုန်းကြ။ "ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ဟိန်းဟောက်လိုက်သည်။

" စစ်သေနာပတိချုပ်နောက်လိုက်ပြီး သတ်ကြ။ " ချင်စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ တုန်ဟူစစ်သည်များက စစ်ကူများရောက်လာပြီး သူတို့ထက် အရေအတွက် များနေသော်လည်း သူတို့က ကြောက်ရွံ့ခြင်းမရှိပေ။ အကြောင်းမှာ သူတို့၏ စစ်သေနာပတိချုပ်က ရှေ့ဆုံးမှ ဦးဆောင်နေသောကြောင့်ဖြစ်သည်။ တစ်ယောက်သတ်လျှင် အရင်း၊ နှစ်ယောက်သတ်လျှင် အမြတ်ဖြစ်သည်။

" ချင်စစ်တပ် မင်းတို့က ငါတို့ ဝိုင်းတာ ခံရတော့မယ်။ မင်းတို့တော့ သေပြီသာမှတ်။ "

ချင်စစ်သည်များက ဆက်လက်တိုက်ခိုက်နေကြသော်လည်း တုန်ဟူစစ်သည်များ၏ အမြင်တွင် သူတို့အတွက် နိုင်ပွဲက သေချာနေပြီဖြစ်သည်။ ချင်မြင်းစီးစစ်သည်များကလည်း သူတို့၏ အော်ဟစ်သံများကို ဂရုမစိုက်ဘဲ ရူးသွပ်စွာဖြင့် ဆက်လက်တိုက်ခိုက်နေကြသည်။

" သတ်ကြ တုန်ဟူလူမျိုးတွေအကုန်သတ်ကြ။ " စစ်မြေပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ချင်မြင်းစီးစစ်သည်ခုနှစ်သောင်းကျော်က ရူးသွပ်စွာဖြင့် ချီတက်လာကြသည်။ ၎င်းက ဝူအန်းစခန်း၏ အဓိကမြင်းတပ်ဖြစ်သည်။

ရှန်ပင်းမြို့မှလွဲ၍ တုန်ဟူများသိမ်းထားသော မြို့အားလုံးက ပြန်လည်သိမ်းပိုက်ခြင်း ခံလိုက်ရပြီး တုန်ဟူစစ်သည်အားလုံးကလည်း တစ်ယောက်မကျန် သတ်ဖြတ်ခံလိုက်ရသည်။ ယခုအချိန်တွင် တုန်ဟူစစ်တပ်က အရေအတွက် သိပ်မများတော့ဘဲ ချင်စစ်တပ်ထက် တစ်သောင်း နှစ်သောင်းသာ ပိုများသည်။

" မကောင်းတော့ဘူး။ချင်မြင်းတပ်မှာလည်း စစ်ကူရှိနေတယ်။ငါတို့က ချင်စစ်တပ် ဝိုင်းတာ ခံလိုက်ပြီ။ " ဝူဝူက မျက်နှာပျက်သွားသည်။

" ဒါက ချင်စစ်တပ်ရဲ့ လှည့်ကွက်ပဲ။ သူတို့က ငါတို့ကို တမင်မျှားပြီး သူတို့စစ်ကူတွေ ရောက်လာတာနဲ့ ဝိုင်းဖို့ စောင့်နေတာပဲ။ တုန်ဟူတို့ ချင်စစ်တပ်ကို အသက်ပေးပြီးတိုက်ခိုက်ကြ။ " တရှုံက ကျယ်လောင်စွာ အမိန့်ပေလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters