← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇)

" စစ်ကူတွေ ရောက်လာပြီ။ တိုင်းတစ်ပါးသားတွေကို သတ်ကြ။ "

" ချင်စစ်သည်တို့ သူတို့အားလုံးကို သတ်ကြ။ "

ယခင် လမ်းကြောင်းခွဲပြီး တုက်ခိုက်ခြင်းက တုန်ဟူလူမျိုးများ သိမ်းပိုက်ထားသော မြို့များကို အမြန်ဆုံး ပြန်သိမ်းရန်သာမက အင်အားနည်းနေသည်ကို ပြပြီး တုန်ဟူလူမျိုးများကို မျှားခေါ်ရန်လည်း ဖြစ်သည်။ ယခု မျှော်လင့်ထားသည့်အတိုင်း တုန်ဟူစစ်တပ်က ဝန်းရံခြင်းခံလိုက်ရသည်။

ကျောက်ဖုန်း၏ ဦးဆောင်မှုအောက်တွင် ချင်စစ်သည်များက တိုက်ခိုက်စွမ်းအား သုံးဆ၊ စိတ်ဓာတ်သုံးဆ မြင့်တက်နေကြပြီး ရန်သူများကို ရူးသွပ်စွာဖြင့် သတ်ဖြတ်နေကြသည်။ ချင်စစ်သည်များက အကျအဆုံးရှိသော်လည်း တစ်ယောက်ကျသွားတိုင်း တုန်ဟူစစ်သည် သုံးလေးယောက်ကို သတ်ဖြတ်သွားခဲ့သည်။

မြေပြင်တွင် အလောင်းများ ပြည့်နှက်နေပြီး သွေးများက မြေပြင်ကို အနီရောင်ပြောင်းသွားစေခဲ့သည်။ တိုက်ပွဲက ညဘက်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

" ဆုတ်ကြ ဆုတ်ကြ။ " တုန်ဟူစစ်သည်များက မြောက်ဘက်သို့ ထိတ်လန့်တကြား ထွက်ပြေးကြသည်။ သူတို့၏ နောက်တွင် ချင်စစ်သည်များက လိုက်လံတိုက်ခိုက်နေကြသည်။

" မကောင်းဆိုးဝါးတွေ သူတို့က မကောင်းဆိုးဝါးတွေပဲ။ "

" ပြေးကြ။ ဒီချင်တွေက ရူးနေပြီ။ သူတို့က ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ "

ညအချိန်တွင် တုန်ဟူစစ်သည်များ၏ ကြောက်ရွံ့စွာ အော်ဟစ်သံများက ပဲတင်ထပ်နေသည်။ ချင်စစ်တပ်က သူတို့ကို အနားမပေးဘဲ လိုက်လံတိုက်ခိုက်နေခဲ့သည်။ မနက်အချိန်တွင် သူတို့က နယ်စပ်ကို ဖြတ်ကျော်သွားကြသည်။

နေထွက်လာသောအခါ ချင်မြင်းတပ်က ပို၍ပင် အလောတကြီး လိုက်လံတိုက်ခိုက်နေကြသည်။ ရှန်ပင်းမှ လမ်းတစ်လျှောက် တုန်ဟူစစ်သည်များ၏ အလောင်းများ ပြန့်ကျဲနေသည်။

" ချင်လူတွေ ငါတို့က မင်းတို့အပေါ် ဘာရန်ငြိုးမှ မထားဘူး။ ဘာလို့ငါတို့ကို ဒီလောက်ထိ တိုက်ခိုက်နေတာလဲ။ ငါတို့က မင်းတို့ကို ကူညီပြီး ယန်ကိုတိုက်ခိုက်ခဲ့တာပဲ။ " ဝူဝူက နောက်ကလိုက်လာသော ကျောက်ဖုန်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချင်စစ်တပ်က သူတို့အပေါ် အသည်းအသန် တိုက်ခိုက်နေရသည့်အကြောင်းရင်းကို သူ ယခုထိ နားမလည်သေးပေ။ တုန်ဟူစစ်သည်နှစ်သိန်းက မြောက်ဘက်သို့ ထွက်ပြေးလာချိန်တွင် နှစ်သောင်းလောက်သာ ကျန်တော့သည်။

ဝူဝူ၏ စကားကို ကြားသောအခါ ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။

" ချင်နိုင်ငံက တိုင်းတစ်ပါး လူမျိုးတွေရဲ့ အကူအညီကို ဘာလို့လိုအပ်မှာလဲ။ ရှန်းကျိုးနယ်မြေမှာ နိုင်ငံအသီးသီးယှဉ်ပြိုင်နေကြတာ မင်းတို့ တိုင်းတစ်ပါးလူမျိုးတွေ ဝင်ပါစရာ ဘာအကြောင်းရင်းရှိလဲ။ ငါတို့ ရှန်းကျိုးနယ်မြေမှာ မင်းတို့ တိုင်းတစ်ပါးလူမျိုးတွေ စိတ်ကြိုက်ရမ်းကားခွင့်ရှိလား။ မင်းတို့ ဒီနယ်မြေထဲဝင်လာပြီဆိုတော့ သေဖို့ ပြင်ဆင်ထားကြတော့။ "

ကျောက်ဖုန်းက သူ၏ မြင်းကို အရှိန်မြှင့်ပြီး တုန်ဟူစစ်သည်များနောက်သို့ ဆက်လိုက်သွားသည်။ ဝူဝူ၏ နောက်မှ မြင်းစီးစစ်သည်များက မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းဖြစ်သွားကြသည်။

"ငါမင်းနဲ့ သူသေကိုယ်သေတိုက်မယ်။ " ဝူဝူက သူ၏ မြင်ကို လှည့်ပြီး ဓားဖြင့် ကျောက်ဖုန်းကို ခုတ်ပိုင်းလိုက်သည်။

ကျောက်ဖုန်းက လှံကို မြှောက်ပြီး ဝူဝူ၏ ဓားကို တားဆီးလိုက်သည်။

" ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ " ကျောက်ဖုန်းက အာဏာရှင်လှံဖြင့် ဝူဝူ၏ ဓားကို ရိုက်ဖယ်ပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။ လှံက ဝူဝူ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။

" တုန်ဟူစစ်သူကြီးကို သတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်းက တွေဝေခြင်းမရှိဘဲ လိုက်လံတိုက်ခိုက်နေသည်။ ချင်စစ်သည်များကလည်း ရန်သူများကို ဆက်လက်သတ်ဖြတ်နေကြသည်။ နယ်စပ်ကို ကျော်လာပြီး မြင်းခင်းပြင်တွင် အလောင်းများက ထပ်မံပြည့်နှက်သွားသည်။

ကျယ်ပြောလှသော ကောင်းကင်အောက်တွင် ချင်မြင်းစီးစစ်သည်ခုနှစ်သောင်းကျော်က ဂုဏ်ယူစွာဖြင့် ရပ်နေကြသည်။ သူတို့၏ လှံများနှင့် ချပ်ဝတ်များပေါ်တွင် သွေးများ စီးကျနေသည်။ သူတို့၏ ခန္ဓာကိုယ်များမှလည်း သွေးများစီးကျနေပြီး အချို့က တုန်ဟူစစ်သည်များ၏ မြားဖြင့် ထိုးဖောက်ခံထားရသည်။

" ချင်စစ်သည်တို့ " ကျောက်ဖုန်းက သူ၏ လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

စစ်သည်အားလုံးက ကျောက်ဖုန်းကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှု၊ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

" တုန်ဟူလူမျိုးတွေ ငါတို့လက်ချက်နဲ့ အကုန်နီးပါး သတ်ခံလိုက်ရပြီ။ မင်းတို့က ချင်ရဲ့ အသန်မာဆုံး စစ်သည်တွေဖြစ်ပြီး ဟွာရှရဲ့ ဂုဏ်ယူရဆုံးသာတွေပဲ။ ငါကျောက်ဖုန်းက မင်းတို့အတွက် ဂုဏ်ယူတယ်။ ကမ္ဘာကြီးကလည်း မင်းတို့အတွက် ဂုဏ်ယူလိမ့်မယ်။ ဟွာရှရဲ့ အာဏာကို စိန်ခေါ်တဲ့သူမှန်သမျှ အမြစ်ပြတ် သုတ်သင်ခြင်းခံရမယ်။ " ကျောက်ဖုန်းက သူ၏ လှံရှည်ကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

" ထာဝရချင်၊ ထာဝရဟွာရှ " ချင်စစ်သည်များက သူတို့၏ လှံများကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။

" ဒီတိုက်ပွဲပြီးရင် ချင်မြင်းတပ်မှာ အပြစ်သားစစ်သည်တွေ ရှိတော့မှာမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အပြစ်သားစစ်သည်အားလုံးကို ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်ပေးမယ်။ ချင်စစ်သည်တွေကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ တိုင်းတစ်ပါးလူမျိုးတွေကို တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ စစ်သည်တွေကို လျောကြေးအဖြစ် တစ်ဆင့်ပိုမြင့်တဲ့ နှစ်စဉ်လစာကို ပေးအပ်မယ်။ " ကျောက်ဖုန်းက အော်ပြောလိုက်သည်။

" ကျန်းဟန် "

" ကျွန်တော်ရှိပါတယ်။ " ကျန်းဟန်က မြင်းစီး၍ ထွက်လာသည်။ သူက ရှန်ထျန်းအဆင့်တွင် ရှိနေသော်လည်း သူ၏ ချပ်ဝတ်ပေါ်တွင် ဒဏ်ရာများရှိနေသည်။ ထိုအခြေအနေကို ကြည့်ပြီး တိုက်ပွဲ၏ ပြင်းထန်မှုကို သိရှိနိုင်သည်။

ယခင် ကျောက်ဖုန်း၏ ကိုယ်ရံတော် ၂၅၀၀ ရှိခဲ့သော်လည်း လူပေါင်းရာချီသေဆုံးခဲ့ပြီး ကျန်သူများကလည်း ဒဏ်ရာရရှိခဲ့ကြသည်။

" ဒီနေရာမှာရှိတဲ့ တုန်ဟူလူမျိုးတွေရဲ့ ခေါင်းတွေကို ဖြတ်လိုက်။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် သူတို့ကို မီးရှို့လိုက်ရင် ရတာပဲ။ ဘာလို့ခေါင်းဖြတ်မှာလဲ။ " ကျန်းဟန်က နားမလည်ဘဲ မေးလိုက်သည်။

" တိုင်းတစ်ပါးလူမျိုးတွေက ရှေးခေတ်ကတည်းက ငါတို့ဟွာရှကို ကျူးကျော်ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ငါတို့စစ်တပ်က တုန်ဟူလူမျိုးနှစ်သိန်းနီးပါးကို သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် ငါက ဒီခေါင်းတွေကို သုံးပြီး သတိပေးချက်အနေနဲ့ ကျင်းကွမ်တစ်ခု တည်ဆောက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ကျန်းဟန်က ချက်ချင်း နားလည်သွားသည်။ ၎င်းက ရှေးခေတ်များကတည်းက တည်ရှိခဲ့သည်။ သို့သော် ပညာရှင်များနှင့် ကွန်ဖြူရှပ်ဝါဒ ပေါ်ပေါက်လာပြီးနောက် ၎င်းက အလွန်ရက်စက်သည်ဟု ယူဆပြီး ကျင်းကွမ်တည်ဆောက်ခြင်းကို မပြုလုပ်ကြတော့ပေ။

သို့သော် ယခုအချိန်တွင် ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိပေ။ ကျူးကျော်လာသော တိုင်းတစ်ပါးလူမျိုးများ၏ ခေါင်းအားလုံးကို အသုံးပြု၍ ကျင်းကွမ်တည်ဆောက်ခြင်းက ရှန်းကျိုးနယ်မြေကို ကျူးကျော်ခြင်း၏ တန်ဖိုးကို ကမ္ဘာကို သိစေရန်ဖြစ်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။

" စစ်တပ်ကို အနားယူခိုင်းလိုက်။ ပြီးရင် စစ်မြေပြင်မှာ ဒဏ်ရာရနေတဲ့ တုန်ဟူစစ်သည်တွေကို သတ်ဖြတ်ခိုင်းလိုက်။ ပြီးတော့ ရှန်းပင်းက ထောက်ပို့တပ်ကို လူတစ်သောင်းအတွက် ဆယ်ရက်စာ ရိက္ခါကို ပြင်ဆင်ခိုင်းလိုက်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားများ ကြားသောအခါ ကျန်းဟန်က သူအရှင်၏ အတွေးကို ဘယ်လိုလုပ်နားမလည်ဘဲ နေမည်နည်း။

" အရှင် ကျွန်တော်လည်း လိုက်ချင်တယ်။ " ကျန်းဟန်က တောင်းဆိုလိုက်သည်။

" အရင်ဆုံး အရေးကြီးတဲ့ ကိစ္စတွေ လုပ်ဦး။ ဒဏ်ရာရသူတွေကို ကုသဖို့အတွက် ချက်ချင်း ပြန်ပို့လိုက်။ ကုန်ကျစရိတ်ကို စိတ်မပူနဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကျန်းဟန်က ထွက်ခွာသွားသည်။

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းပြီး မြေပြင်တွင် ထိုင်လိုက်သည်။ သူ၏ စစ်မြင်းကို ကြည့်ပြီး သူ၏ သိုလှောင်နေရာမှ ကောက်ရိုးတစ်ပုံကို ထုတ်ကာ မြင်းရှေ့သို့ ပစ်ချပေးလိုက်သည်။

" ရန်သူတွေသတ်တာကနေ ရတဲ့ စွမ်းရည်အမှတ်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ပိုင်ရှင်ရဲ့ စစ်တပ်က ရန်သူ ၁၇၇၄၈၅ ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည် ၄၄၃၇၁ မှတ်ကို ရရှိပါတယ်။ "

အစစ်အမှန်ချီ - ၆၇၅၈ မှတ်

ခွန်အား - ၇၂၆၅ မှတ်

အမြန်နှုန်း - ၇၃၄၇ မှတ်

ရုပ်ခန္ဓာ - ၆၅၂၇ မှတ်

စိတ်ဝိညာဉ် - ၅၆၃၄ မှတ်

သက်တမ်း - ၁၀၈၄၉ ရက်

" စွမ်းရည်အားလုံး သုံးသောင်းကျော်သွားတဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာကို ရရှိပါတယ်။ "

" စွမ်းရည်အားလုံး သုံးသောင်းကျော်သွားပြီ။ ဝမ်းသာစရာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၂၁ နှစ်

အစစ်အမှန်ချီ - ၃၀၀၁၂ မှတ်

ခွန်အား - ၃၁၄၅ မှတ်

အမြန်နှုန်း - ၃၀၂၃၀ မှတ်

ရုပ်ခန္ဓာ - ၃၀၀၉၃ မှတ်

စိတ်ဝိညာဉ် - ၃၀၉၄၇ မှတ်

သက်တမ်း - ၂၂၃ နှစ် ( ၆၅နှစ် ၁၉၈ရက် )

စွမ်းရည်အမှတ် - ၁၁၂၅ မှတ်

သိုလှောင်နေရာ - ၃၀၉၉ ကုဗမီတာ

ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ စစ်တပ်တစ်ခုလုံး ဝိုင်းခံထားရရင်တောင် ငါ ထိခိုက်မှုမရှိဘဲ အားလုံးကို သုတ်သင်နိုင်တယ်။ ငါက ချီစွမ်းအား ကုန်သွားရင်တောင် ခွန်အားနဲ့ တိုက်ခိုက်နိုင်သေးတယ်။ ဘယ်သိုင်းပညာရှင်မှ အရည်အချင်းအားလုံးမှာ ငါနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ "

" ယန်ဘုရင်ကို သတ်ပြီးတဲ့နောက်မှာ အဆင့်သုံး ရတနာသေတ္တာတစ်လုံးရခဲ့တယ်။ စွမ်းရည်အားလုံး တိုးတက်မှုက အဆင့်နှစ်ရတနာသေတ္တာနှစ်လုံး ရခဲ့တယ်။ အဆင့်သုံးရတနာသေတ္တာက ကောင်းတာတွေ ရဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

"ရတနာသေတ္တာတွေကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်နှစ်ရတနာသေတ္တာနှစ်လုံး ဖွင့်နေပါတယ်။ "

" စိတ်ဝိညာဉ်သံမဏိ သန့်စင်ခြင်းနည်းလမ်းကို ရရှိပါတယ်။ "

" အနက်ရောင်အဆင့် အဆင့်မြင့် အဆင့်ချိုးဖျက်ခြင်းဆေးဖော်စပ်နည်းကို ရရှိပါတယ်။ "

" တတိယအဆင့် ရတနာသေတ္တာကို ဖွင့်နေပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်နိမ့် မရဏလောကမီးတောက်ကို ရရှပါတယ်။ "

" ဒါက.... ထုတ်ယူမယ်။ " ကျောက်ဖုန်းက ပထမဆုံးနှစ်ခုကို ထုတ်ယူလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၇၈)

" စိတ်ဝိညာဉ်သံမဏိက အနက်ရောင်အဆင့် အထက် လက်နက်တွေအတွက် လိုအပ်တဲ့ ပစ္စည်းပဲ။ အဆင့်ချိုးဖျက်ခြင်းဆေး ငါ့အတွက်တော့ အသုံးမဝင်ပေမယ့် ရှန်ထျန်းအဆင့်အထွတ်အထိပ်ကနေ ဆရာသခင်အဆင့်ရောက်ဖို့ ၇၀ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" မရဏလောကမီးတောက် ထုတ်ယူမယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ ရှေ့တွင် သာမန်မီးတောက်များကဲ့သို့ အရောင်မတောက်ဘဲ အနက်ရောင်မီးတောင်တစ်ခု ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးမှ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ကျောက်ဖုန်းက ၎င်းကို လက်နှင့် တိုက်ရိုက်ထိလိုက်သည်။ မရဏလောကမီးတောက်က စိတ်ဝိညာဉ်ရှိနေသကဲ့သို့ ကျောက်ဖုန်း၏ လက်ချောင်းအတိုင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မရဏလောကမီးတောက်၏ စွမ်းအားက ကျောက်ဖုန်း၏ ရှေ့တွင် ပေါ်လာသည်။

မရဏလောကမီးတောက်ကို သန့်စင်ပြီးလျှင် ဝိညာဉ်များကို မြင်နိုင်သည်၊ ဝိညာဉ်များကို လောင်ကျွမ်းစေနိုင်သည်၊ ထိုမီးတောက်ကို သုံးပြီး ဝိညာဉ်များကို ဝါးမြိုကာ ခွန်အားကို တိုးတက်စေနိုင်သည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။

" ဒီမီးတောက်ကို သန့်စင်လိုက်ရင် ဝိညာဉ်တွေကို မြင်နိုင်တာလား။ " ကျောက်ဖုန်းက ချက်ချင်း ခေါင်းမော့ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။

ကောင်းကင်တွင် မြင်လိုက်ရသည်မှာ တုန်ဟူစစ်သည်များ၏ ဝိညာဉ်များနှင့် ချင်စစ်သည်များ၏ ဝိညာဉ်များ ရှိနေသည်။ သို့သော် ကောင်းကင်ထက်တွင် အလင်းများ ပေါ်လာပြီး ဝိညာဉ်များကို ဝါးမြိုနေသည်။ ဝိညာဉ်များစွာက ပျောက်ကွယ်သွားပြီး ကမ္ဘာမှ ထွက်ခွာသွားပုံရသည်။

တုန်ဟူစစ်သည်များက သူ့အား မုန်းတီးစွာ ကြည့်နေသည်ကိုလည်း ကျောက်ဖုန်းက ခံစားမိသည်။ သို့သော် သူတို့က ကြည့်နေရုံမှလွဲ၍ ဘာမှမလုပ်နိုင်ဘဲ မမြင်ရသော စွမ်းအားတစ်ခုက ချည်နှောင်ထားပုံရသည်။

" သေတာတောင် ငါ့ကို စိုက်ကြည့်ရဲသေးတယ်ပေါ့။ ဒါဆိုရင် မင်းတို့ သေခြင်းတရားကို ထပ်ပြီး ခံစားသွားစေရမယ်။ " ကျောက်ဖုန်းက အသစ်ရရှိထားသော မရဏလောကမီးတောက်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျောက်ဖုန်းက ထရပ်လိုက်ပြီး သူ၏ လက်ထဲတွင် အနက်ရောင်မီးတောက်တစ်ခု ပေါ်လာသည်။ သူက လက်ဝှေ့ရမ်းလိုက်ပြီး မရဏလောကမီးတောက်ကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မရဏလောကမီးတောက်က ကျောက်ဖုန်းကို စိုက်ကြည့်နေသော စစ်သူကြီးဝူဝူပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ မရဏလောကမီးတောက်က ဝိညာဉ်ပေါ်သို့ ကျရောက်သည်နှင့် ဝိညာဉ်က စတင်လောင်ကျွမ်းသွားသည်။

" အား...." ဝူဝူ၏ ဝိညာဉ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော် ၎င်းက ဝိညာဉ်၏ အသံဖြစ်သောကြောင့် ထိုအသံကို သူနှင့်နီးကပ်နေသော ဝိညာဉ်များသာ ကြားနိုင်ပြီး အသက်ရှင်သူများ မကြားနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း မရဏလောကမီးတောက်က ဝူဝူ၏ ဝိညာဉ်ကို ဝါးမြိုသွားသည်။

" တကယ်အလုပ်ဖြစ်တာပဲ။ ဝိညာဉ်တွေကို တိုက်ခိုက်နိုင်တယ်။ ဆက်လုပ်တာပေါ့။ " ကျောက်ဖုန်းက စိတ်ဝိညာဉ်စွမ်းအားက မိုင်ပေါင်းများစွာအထိ ဝင်းလင်းပြင်ကို ဖုံးလွှမ်းသွားသည်။ မရဏလောကမီးတောက်၏ စွမ်းအားမှတစ်ဆင့် သူက ဝိညာဉ်များကို မြင်နိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် ဆက်သွယ်နိုင်လာသည်။

" မင်းတို့ တိုင်းတစ်ပါးလူမျိုးစုတွေ ဒီနေ့တော့ မင်းတို့ကို ပြန်မဝင်စားနိုင်အောင် လုပ်ပစ်မယ်။ " ကျောက်ဖုန်း၏ အသံက ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဟင်းလင်းပြင်ထဲရှိ တုန်ဟူစစ်သည်များ၏ ဝိညာဉ်များက ထိတ်လန့်သွားကြပြီး အသည်းအသန် ရုန်းကန်နေကြသည်။ အကြောင်းမှာ သူတို့၏ စစ်သူကြီးက ကြောက်စရာကောင်းသော အနက်ရောင်မီးတောက်ဖြင့် လောင်ကျွမ်းခံလိုက်ရသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ထိုအရာအားလုံးကို ကျောက်ဖုန်း ပြုလုပ်ခဲ့သည်ဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။

" ပြိုကွဲစမ်း " ကျောက်ဖုန်းက သူ၏ ချီစွမ်းအားများကို အသက်သွင်းလိုက်သည်နှင့် မရဏလောကမီးတောက်က ဟင်းလင်းပြင်ရှိ တုန်ဟူစစ်သည်များ၏ ဝိညာဉ်များဆီသို့ ပျံ့နှံ့သွားသည်။ မီးတောက်များက သူတို့၏ ဝိညာဉ်ပေါ်ကျရောက်လာသည်နှင့် ချက်ချင်း လောင်ကျွမ်းသွားကြသည်။

" စစ်သေနာပတိချုပ် သူက ငါတို့ကို မြင်နေရတယ်။ စစ်သေနာပတိချုပ်က နတ်ဘုရားတစ်ပါးလား။ သူထုတ်လွှတ်လိုက်တဲ့ မီးတောက်က တုန်ဟူလူမျိုးတွေကို လောင်ကျွမ်းနိုင်တယ်။ "

" စစ်သေနာပတိချုပ်က တကယ် နတ်ဘုရားတစ်ပါးပဲ။ " ကျောက်ဖုန်း၏ လက်အောက်မှ ချင်စစ်သည်များ၏ ဝိညာဉ်များက ကျောက်ဖုန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။ သူတို့၏ စစ်သေနာပတိချုပ်က ဝိညာဉ်များကို မြင်နိုင်ပြီး ဝိညာဉ်များကို တိုက်ခိုက်နိုင်သည်။

မရဏလောကမီးတောက်က တုန်ဟူစစ်သည်များ၏ ဝိညာဉ်များကို အဆက်မပြတ် ဝါးမြိုနေသည်။

ကျောက်ဖုန်း၏ အကြည့်က ဟင်းလင်းပြင်မှ ချင်စစ်သည်များ၏ စိတ်ဝိညာဉ်များပေါ်သို့ ကျရောက်သွားသည်။ သူတို့က အသက်ရှင်တုန်းကအတိုင်း ချင်သံချပ်ကာများကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သို့သော် သူတို့တွင် လက်နက်များ မရှိတော့ပေ။

" ချင်စစ်သည်တို့ ငါတောင်းပန်ပါတယ်။ ငါ မင်းတို့ကို အသက်ရှင်ရက် ပြန်မခေါ်လာနိုင်ခဲ့ဘူး။ " ကျောက်ဖုန်း၏ အသံက နောင်တရသော ခံစားချက်များ ပါဝင်နေသည်။ သူတို့အားလုံးက တိုင်းတစ်ပါးလူမျိုးများကို သုတ်သင်ရန် သူနောက်သို့ လိုက်ပါလာသော စစ်သည်များဖြစ်သည်။

ချင်စစ်သည်များ၏ ဝိညာဉ်များက ကျောက်ဖုန်း၏ အသံကို ကြားလိုက်ရပြီး စိတ်လှုပ်ရှားသွားကြသည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့က ချင်စစ်သည်တွေမလို့ စစ်မြေပြင်မှာ သေဆုံးခြင်းက ကျွန်တော်တို့ တာဝန်ပါ။ "

" ဟုတ်ပါတယ်။ ပြီးတော့ ဒီတစ်ခါ ဟွာရှကို ကာကွယ်ဖို့ တိုင်းတစ်ပါးလူမျိုးစုတွေကို တိုက်ခဲ့တာပါ။ ဒါက တန်ဖိုးရှိတဲ့ သေဆုံးခြင်းပါပဲ။ "

" စစ်သေနာပတိချုပ် ကျွန်တော်က တုန်ဟူလူမျိုး ခုနှစ်ယောက်ကို သတ်ခဲ့တာ။ ခုနှစ်ယောက်အတွက် တစ်ယောက် တန်ပါတယ်။ "

" စစ်သေနာပတိချုပ် ကျွန်တော်လည်း ရှစ်ယောက်သတ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာပါ။ "

" စစ်သေနာပတိချုပ် ဒီဘဝမှာ စစ်သေနာပတိချုပ်နောက်ကို လိုက်ပြီး စစ်တိုက်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း စစ်သေနာပတိချုပ်နောက်ကိုပဲ လိုက်ပြီး တိုက်ခိုက်ချင်ပါသေးတယ်။ "

" စစ်သေနာပတိချုပ် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ "

ချင်စစ်သည်များ၏ ဝိညာဉ်များက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည်။ စိတ်ဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် ကျောက်ဖုန်းက သူတို့ ပြောသမျှကို ကြားနိုင်လေသည်။ သူတို့က မကျေနပ်ချက်များမရှိဘဲ နောင်ဘဝတွင်လည်း သူနှင့်အတူ လိုက်ပါမည်ဟု ပြောဆိုနေကြသည်။

" ညီအကိုတို့ စိတ်ချလက်ချ သွားကြပါ။ ငါကတိပေးတယ်။ မင်းတို့ မိသားစုတွေကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးမယ်။ သူတို့ကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး။ " ကျောက်ဖုန်းက ချင်စစ်သည်များ၏ ဝိညာဉ်များကို ပြောလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်မှ အလင်းများက ချင်စစ်သည်များ၏ ဝိညာဉ်များကို ဝါးမြိုသွားပြီး သူတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

" နောင်ဘဝမှာလည်း စစ်သေနာပတိချုပ်နောက်ကို လိုက်ချင်ပါတယ်။ " စစ်သည်များ၏ ဝိညာဉ်များက အော်ဟစ်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ ဝိညာဉ်များက ပျောက်ကွယ်သွားကြသည်။

ကောင်းကင်တွင် ချင်စစ်သည်များ၏ ဝိညာဉ်များ ပျောက်ကွယ်သွားသည်ကို ကျောက်ဖုန်းက ကြည့်နေရုံမှတပါး ဘာမျှမတတ်နိုင်ခဲ့ပေ။

" ညီအကိုတို့ လမ်းခရီး ချောမွေ့ပါစေ။ မင်းတို့ ပြန်လည်ဝင်စားတဲ့အချိန်မှာ စစ်မက်ကင်းပြီး စည်းလုံးညီညွှတ်တဲ့ ကမ္ဘာမှာ မွေးဖွားပါစေလို့ ငါဆုတောင်းပေးပါတယ်။ " ကျောက်ဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူက ဝိညာဉ်များကို မြင်နိုင်ပြီး ၎င်းတို့ကို တိုက်ခိုက်နိုင်ခြင်းမှတစ်ဆင့် ဤကမ္ဘာက သာမန်ကမ္ဘာတစ်ခုမဟုတ်ဘဲ ဝိညာဉ်လောက ပြန်လည်ဝင်စားခြင်ရှိနေသည့် အဆင့်မြင့် ကမ္ဘာတစ်ခုဖြစ်ကြောင်း သေချာသွားသည်။ ထို့ကြောင့် အင်မော်တယ်များနှင့် နတ်ဘုရားများ ရှိကိုရှိရမည်ဖြစ်သည်။

" ဒီကမ္ဘာမှာ လျို့ဝှက်ချက်တွေ ရှိနေတယ်။ ငါရဲ့ လက်ရှိအဆင့်နဲ့ အဲ့ဒါတွေကို မစူးစမ်းနိုင်သေးဘူး။ အင်မော်တယ်တွေ မင်းတို့ ဘယ်မှာ ပုန်းနေကြတာလဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

မရဏလောကမီးတောက်က ဝိညာဉ်များကို ဆက်လက်လောင်ကျွမ်းနေစဉ် ပိုမိုအားကောင်းလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ကောင်းကင်တွင် ဝိညာဉ်များမရှိတော့ပေ။

ကျောက်ဖုန်းက မရဏလောကမီးတောက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ မရဏလောကမီးတောက်က သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် ကျောက်ဖုန်းက အံ့ဩစရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။

" ဝိညာဉ်များကို လောင်ကျွမ်းပြီး ဝိညာဉ်စွမ်းအား ၂၉၇၆ မှတ်ကို ရရှိပါတယ်။ စွမ်းရည်အသစ်တစ်ခုကို ကျွမ်းကျင်သွားတဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာကို ရရှပါတယ်။ " စနစ်မှ ရုတ်တရက် အသိပေးချက်တစ်ခု ပေါ်လာသည်။

" ဝိညာဉ်စွမ်းအားလား။ အဲ့ဒါက ဘာလုပ်လို့ရလဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။

ဝိညာဉ်စွမ်းအား - ၂၉၇၆ မှတ် ဝိညာဉ်စွမ်းအား ပိုမြင့်လေ ဝိညာဉ်က ပိုသန်မာလေဖြစ်ပြီး ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်။ ဝိညာဉ်ခန္ဓာ အဆင့်တစ်ခုကို ရောက်ရင် ရုပ်ခန္ဓာပျက်စီးသွားရင်တောင် ဝိညာဉ်က ကျန်ရှိနေနိုင်ပါတယ်။

၎င်းကို မြင်လိုက်ရသောအခါ ကျောက်ဖုန်းက ဝမ်းသာသွားသည်။

" မရဏလောကမီးတောက်က တကယ်မယုံနိုင်စရာပဲ။ ငါ့အတွက် ထူးခြားတဲ့ စွမ်းရည်တစ်ခုကိုပါ ပေးလိုက်တယ်။ ဒီစွမ်းရည်က ဝိညာဉ်ကို အားကောင်းစေတာပဲ။ " ကျောက်ဖုန်းက ပျော်ရွှင်စွာ တွေးလိုက်သည်။

မရဏလောကမီးတောက်က ဝိညာဉ်များကို လောင်ကျွမ်းခြင်းဖြင့် ဝိညာဉ်စွမ်းအားကို ရရှိစေနိုင်သည်။ ရန်သူများကို သတ်ဖြတ်ခြင်းမှ ရရှိသော စွမ်းရည်များနှင့် မတူဘဲ ဝိညာဉ်စွမ်းအားက ဝိညာဉ်များကို သတ်ဖြတ်မှ ရရှိစေနိုင်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters