အခန်း ၆၆၁
Vol. 45 Ch. 661
အပိုင်း ၆၆၁ : ပိုမိုနက်ရှိုင်းလာသော ခံစားချက်များ
ယဲ့ချန်းက စုဝမ်ယိကို ပွေ့ချီထားပြီး လမ်းသွယ်လေးများအကြား အဆက်မပြတ် တိုးဝှေ့ပြေးလွှားနေလေသည်။
သူတို့နောက်ရှိ လူတစ်စုကလည်း အနောက်က အသည်းအသန် လိုက်လာကြသည်။
ထိုလူစုဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုဟန် အငွေ့အသက်များကို ယဲ့ချန်း ခံစားမိသည်။
သူတို့ဘက်က အကျိုးအမြတ်ခပ်ကြီးကြီး ရထားသည်မှာ သေချာပေသည်။ သို့မဟုတ်ပါက နေ့ခင်းကြောင်တောင်ကြီး ယခုလိုသတ်ရဲဖြတ်ရဲမည်လော။
ယဲ့ချန်းက လူစည်ကားသော နေရာများကို မပြေးခဲ့ပေ။
အကြောင်းမှာ လူများလေလေ အတားအဆီးများလေလေ ဖြစ်နိုင်သောကြောင့်ပင်။
သူ့ပေါ့ဆမှုကြောင့် စုဝမ်ယိ၏လုံခြုံရေးကိုတော့ လုံးဝ အထိအခိုက်မခံနိုင်ချေ။
နောက်ဆုံးတွင်မူ ယဲ့ချန်းက စုဝမ်ယိကို လမ်းပိတ်နေသည့် လမ်းသွယ်လေးတစ်ခုဆီသို့ ခေါ်လာခဲ့သည်။
လမ်းပိတ်နေသည်ကို မြင်လိုက်ရသောါခါ စုဝမ်ယိ၏ အမူအရာကား ပြောင်းလဲသွားသည်။
သို့သော် ယဲ့ချန်း၏ မျက်နှာထက်တွင်မူ အပြုံးတစ်ပွင့် ပေါ်လာလေသည်။ နောက်ဆုံးတော့ သူ သင့်တော်သည့် နေရာတစ်ခုကို ရှာတွေ့ခဲ့လေပြီ။
စုဝမ်ယိကတော့ လမ်းပိတ်နေသည်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားလေသည်။
လမ်းသွယ်ထဲမှ အပြင်ကို ထွက်ပြေးလို့ရပါလျက်နှင့် ဘာကြောင့်များ လမ်းပိတ်နေသော နေရာကိုမှ ရွေးပြီး ခေါ်လာရသလဲဆိုသည်ကို သူ(မ) နားမလည်နိုင်ဖြစ်နေပေသည်။
သူတို့အနောက်တွင် လက်နက်ကိုင်ဆောင်ထားသော လူသတ်သမား အယောက်နှစ်ဆယ်ကျော်ခန့် ပါလာလေသည်။
စုဝမ်ယိက အံတင်းတင်းကြိတ်၍ ရုတ်တရက် ပြောလာချေသည်။
"ယဲ့ချန်း... ရှင်သေသွားမယ်ဆိုရင် ကျွန်မလည်း အသက်မရှင်ချင်ဘူး"
စုဝမ်ယိ၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း အစပိုင်းတော့ အံ့ဩသွားသော်ငြား ချက်ချင်းပင် သူ့မျက်နှာထက်ဝယ် အပြုံးတစ်ပွင့် ပေါ်လာလေသည်။
"အရူးမလေး... ကိုယ်က မင်းကို ဘယ်လိုလုပ်ပြီး အသေခံခိုင်းရက်မှာလဲ။ ကိုယ်တို့တွေ လက်တောင်မထပ်ရသေးဘူးလေ"
အတူတူသေရဲသည်အထိ အမျိုးသားတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားလိမ့်မည်ဟု စုဝမ်ယိ ထင်မထားပေ။
ယဲ့ချန်းလည်း စုဝမ်ယိကို သူ့အနောက်မှာ ထားလိုက်ပြီး သူတို့ကို ကြည့်နေသည့် လူမိုက်တစ်အုပ်ဘက်သို့ လှည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"စိတ်ချ။ ကိုယ်ရှိနေသရွေ့ ဘယ်သူမှ မင်းကို အန္တရာယ်မပေးနိုင်စေရဘူး"
သူတို့နောက်ရှိ လက်နက်ကိုယ်စီနှင့် လူသန်ကြီးတစ်သိုက်ကို စိုက်ကြည့်ရင်း ယဲ့ချန်းက အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"မင်းတို့က ငါတို့ကို သတ်ဖို့လာတာလား။ လာခဲ့လေ"
ယဲ့ချန်း ဤနေရာကို ရွေးချယ်ရသည့် အကြောင်းအရင်းရှိ၏။ ဤနေရာက ကျဉ်းမြောင်းသည့်အတွက် သူ့တစ်ယောက်တည်းအားဖြင့် ခုခံနိုင်ပြီး စုဝမ်ယိကို ဘာအန္တရာယ်မှ မကျရောက်နိုင်အောင် ကာကွယ်ပေးနိုင်သည်။
အရှေ့က မားမားမတ်မတ်ရပ်ပြီး သူ(မ)ကို ကာကွယ်ပေးနေသော ယဲ့ချန်းကို အနောက်ကကြည့်ရင်း စုဝမ်ယိ၏ မျက်ဝန်းထဲက မျက်ရည်များ ကျဆင်းလာသည်။
"ယဲ့ချန်း... သတိထားနော်"
သူ့အရှေ့တွင် ရပ်နေသော ယဲ့ချန်းက အန္တရာယ်အားလုံးကို တားဆီးပေးနေခြင်းဖြစ်ကြောင်း စုဝမ်ယိ ကောင်းကောင်းနားလည်သည်။
ခပ်ပိန်ပိန်ကျောပြင်လေးက စုဝမ်ယိ၏ ရင်ထဲတွင် ယုံကြည်အားထားရလောက်အောင် အလွန်လုံခြုံလှသည်။
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် လှည့်ကြည့်လာသည်။
"ဝမ်ယိ... စိတ်မပူနဲ့။ ဒီကောင်တွေကို ရှင်းပြီးသွားရင် ကိုယ် မင်းအတွက် ဂဏန်းစပ်စပ်လေး ချက်ကျွေးမယ်"
"သတ်စမ်း"
"ဒီကောင့်ကို အပြတ်ရှင်းပစ်လိုက်"
"ဒီကောင့်ကိုသတ်နိုင်ရင် ဆုကြေးယွမ်ဆယ်သန်းရမယ်"
ယွမ်ဆယ်သန်း ဟုတ်လား။
ဤလူတစ်သိုက် ဘာကြောင့်များ အသက်စွန့်ပြီး လုပ်နေကြသလဲဆိုသည်ကို ယခုမှသာ ယဲ့ချန်း နားလည်တော့သည်။
တစ်ယောက်ယောက်က ဈေးနှုန်းအမြင့်ကြီး ပေးထားတာကိုး။
ရွှမ်း ရွှမ်း ရွှမ်း!
လူသန်ကြီးတစ်သိုက်က လက်နက်များကို ဝှေ့ယမ်းပြီး ယဲ့ချန်းဆီသို့ ပြေးဝင်လာကြသည်။
ယဲ့ချန်းက ဆောင့်ကြောင့်ထိုင်ချ၍ မြေကြီးပေါ်ရှိ အုတ်ခဲတစ်လုံးကို ကောက်ကိုင်ပြီး ထိုလူသန်ကြီးများထံ ပြေးဝင်သွားချေသည်။
ယဲ့ချန်း၏လက်နက်က အုတ်ခဲတစ်လုံးသာ ဖြစ်၏။
ဝှစ်!
ယဲ့ချန်း ပစ်ပေါက်လိုက်သည့် အုတ်ခဲကြောင့် ရှေ့ဆုံးရှိ လူသန်ကြီး လဲကျသွားသည်။
ထို့နောက် ယဲ့ချန်းက သူ့လက်ထဲရှိ သံတုတ်ကို ဆွဲယူလိုက်သည်။
လမ်းသွယ်လေးက အလွန်ကျဉ်းမြောင်းနေခြင်းမှာ ယဲ့ချန်းအတွက် အားသာချက်ဖြစ်သွားသည်။
ယဲ့ချန်းက လက်ထဲရှိ သံတုတ်ကို လျင်မြန်စွာ ဝေ့ယမ်းလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် အရိုက်ခံရသဖြင့် လဲကျကုန်ကြသည်။
ယဲ့ချန်းအတွက်မူ ပြိုင်ဘက်များကို အလဲထိုးဖို့လိုရုံသာမက စုဝမ်ယိကို အန္တရာယ်ပြုမည့် လူမှန်သမျှကိုပါ ကျော်မသွားနိုင်အောင် တားဆီးရဦးမည်ဖြစ်၏။
ယနေ့တော့ ယဲ့ချန်း လုံးဝ သက်ညှာမနေတော့ပေ။ ရန်သူ့ဆီကို ကျရောက်သွားသည့် တုတ်ချက်တိုင်းက ဒဏ်ရာအပြင်းအထန်ရစေသည်။
တစ်ဖက်လူက သူ့အသက်ကို လိုချင်နေမှတော့ ယဲ့ချန်းဘက်ကလည်း သနားညှာတာနေစရာ အကြောင်းမရှိချေ။
ယဲ့ချန်းက သူတို့ကို အသေမသတ်ခဲ့သော်လည်း မထိုင်နိုင်တော့သည်အထိ လုပ်ပစ်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်းက လုပ်ကြံသူအယောက်နှစ်ဆယ်ကို အလဲထိုးလိုက်နိုင်သည်။
သို့သော် ယဲ့ချန်း၏ ခန္ဓာကိုယ်လည်း ဓားရှရာများကြောင့် သွေးထွက်နေပေသည်။
စုဝမ်ယိမှာမူ အနားသို့ ပြေးလာပြီးနောက် ယဲ့ချန်း၏ ဒဏ်ရာကို မြင်လိုက်ရချိန်ဝယ် မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
"ယဲ့ချန်း... ရှင် ဒီလို ဒဏ်ရာရသွားတာ ရှင့်ကို ဒီကိစ္စတွေထဲဆွဲသွင်းမိတဲ့ ကျွန်မရဲ့အပြစ်တွေပါ"
မည်သူမှ သူ(မ)အနားကို ရောက်မလာနိုင်အောင် တားဆီးရင်း ယဲ့ချန်း ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း စုဝမ်ယိ သိသည်။
မျက်ရည်အရွှဲသားဖြစ်နေသော စုဝမ်ယိကို ကြည့်ရင်း ယဲ့ချန်း ညင်သာစွာ ပြုံးလိုက်မိသည်။
"အရူးမလေး... ကိုယ် ဘာမှမဖြစ်ပါဘူး။ မငိုနဲ့တော့။ ငိုရင် မလှဘဲနေလိမ့်မယ်"
စုဝမ်ယိက မျက်ရည်သုတ်လိုက်လေသည်။
"ကျွန်မ ရှင့်ကို ဆေးရုံပို့ပေးမယ်"
"ဆေးရုံသွားစရာ မလိုပါဘူး။ အိမ်ပဲပြန်ရအောင်"
ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။
ထိုစဉ် အမည်းရောင်ဝတ်ထားသည့် လူတစ်စုက လမ်းသွယ်လေးထဲသို့ ပြေးဝင်လာကြသည်။
ထိုအမည်းရောင်ဝတ်လူစုကို မြင်သော် စုဝမ်ယိ၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
သို့သော် ယဲ့ချန်းက ခေါင်းယမ်းလိုက်၏။
"စိတ်မပူပါနဲ့။ သူတို့က ကိုယ်တို့ဘက်ကလူတွေပါ"
ယဲ့ချန်း၏ နံဘေးသို့ လုံခြုံရေးတာဝန်ယူထားသော နဂါးသံချပ်ကာအဖွဲ့ဝင်များ ရောက်လာလေသည်။
ယဲ့ချန်း လမ်းသွယ်ထဲသို့ ဝင်လာပြီး အထဲကို အတော်ရောက်အောင် ပြေးသွားချိန်မှာ နဂါးသံချပ်ကာအဖွဲ့ဝင်များက အမီမလိုက်နိုင်ခဲ့သောကြောင့် ယဲ့ချန်းတစ်ယောက်တည်း လူသတ်သမား အယောက်နှစ်ဆယ်နှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်၏။
သို့သော် မြေပြင်ပေါ်မှာ ဟိုတစ်ယောက် သည်တစ်ယောက် လဲကျနေသည့် လူသတ်သမားများကို မြင်လိုက်ရသော် လုယုံး မှင်တက်သွားသည်။
သူက ယဲ့ချန်းကို သတိထားနေလေယန် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ဥက္ကဋ္ဌယဲ့... ဘာဖြစ်သွားသေးလဲ"
ယဲ့ချန်း ခေါင်းခါလိုက်မိသည်။
"ဒီလူတွေကို နဂါးသံချပ်ကာအဖွဲ့ဆီကို ပြန်ခေါ်သွားပြီး စစ်ဆေးပေးပါ။ ငါ့ကိုသတ်ဖို့ ဘယ်သူခိုင်းတာလဲဆိုတာ ငါသိဖို့လိုတယ်"
သူ့အသံက အနည်းငယ် အေးစက်နေချေသည်။ ဤလူတစ်သိုက်က အသုံးချခံများသာ ဖြစ်ပြီး သူတို့အနောက်ရှိ ကြိုးကိုင်သူကသာ အမှန်တကယ် အန္တရာယ်ပေးမည့်သူဖြစ်ကြောင်း ယဲ့ချန်း သိထားသည်။
"ဥက္ကဋ္ဌယဲ့... စိတ်ချပါ"
စုဝမ်ယိက ယဲ့ချန်း၏ ဗီလာဆီသို့ ကားမောင်းလာသည်။
ကားရပ်ပြီးနောက် စုဝမ်ယိက ယဲ့ချန်းကို ဗီလာထဲသို့ တွဲခေါ်ကာ ဆေးသေတ္တာနှင့် ပတ်တီးများရှာပြီး ယဲ့ချန်း၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။
ယဲ့ချန်း၏ ဒဏ်ရာများကို ကြည့်ရင်း စုဝမ်ယိခမျာ မျက်ရည်မကျဘဲ မနေနိုင်တော့ပေ။
ယဲ့ချန်းက ညင်သာစွာ ပြုံးပြလိုက်၏။
"ကိုယ် တကယ် ဘာမှမဖြစ်ပါဘူးကွာ"
စုဝမ်ယိကတော့ ဆက်ငိုနေဆဲပင်။
ယဲ့ချန်းက သူ(မ)အတွက် အရာအားလုံးကို စွန့်စားခဲ့ကြောင်း သူ(မ) နားလည်သည်။
စုဝမ်ယိက ဂုဏ်သတင်းကြီးမားသော မိသားစုတွင် မွေးဖွားလာသော်ငြား မည်သူကမှ သူ(မ)ကို ဂရုမစိုက်ခဲ့ကြပေ။
သို့သော် ယဲ့ချန်းနှင့် တွေ့ဆုံပြီးကတည်းက ဂရုစိုက်ခံရခြင်းနှင့် အချစ်ခံရခြင်းမှာ ဘယ်လိုအရာမျိုးဖြစ်ကြောင်း သူ(မ) ခံစားလာမိသည်။
ယနေ့ ယဲ့ချန်းက သူ(မ)အတွက် အရာအားလုံးကို စွန့်စားပေးခဲ့သည့်အတွက် စုဝမ်ယိ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားခဲ့ရသည်။
အတိတ်ကို ပြန်တွေးကြည့်မည်ဆိုလျှင်လည်း ယဲ့ချန်းက သူ(မ)ကို အမြဲကာကွယ်ပေးခဲ့သည်။
အထူးသဖြင့် ယနေ့တွင် ဒဏ်ရာရနေသည့်တိုင် ဘယ်လူသတ်သမားမှ သူ(မ)အနားသို့ ရောက်မလာနိုင်အောင် ကာကွယ်ပေးခဲ့သေးသည်။
ဤသည်ကို စုဝမ်ယိက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"ဝမ်ယိ... လိမ္မာတယ်နော်။ မငိုနဲ့တော့"
စုဝမ်ယိ ပတ်တီးစည်းပေးပြီးသည်နှင့် ယဲ့ချန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက်တိုးဝင်လိုက်သည်။
သွယ်လျလှသော သူ(မ)၏ ခန္ဓာကိုယ်လေးက ယဲ့ချန်းကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး ရုတ်ခြည်းပင် ယဲ့ချန်း၏ နှုတ်ခမ်းများ စိုစွတ်သွားသည်ကို ခံစားလိုက်ရသည်။
သင်းပျံ့လှသော ရနံ့လေးတစ်ခုက သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။
ဤခံစားချက်က စင်စစ်လှပလွန်းလှသည်။
ယဲ့ချန်းလည်း သူ့ကိုယ်သူ လုံးဝ ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး သူတို့နှစ်ယောက်သား ရမ္မက်ဒီရေထဲ နစ်မျောသွားကြတော့သည်။
နောက်တစ်နေ့မနက်ခင်း၌ မနက်စာစားပြီးနောက် စုဝမ်ယိ အလုပ်သွားခဲ့သည်။
ယဲ့ချန်းမှာမူ အပေါ်ယံဒဏ်ရာလေးသာရှိပြီး ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ပါချေ။
ထွက်ခွာသွားသော စုဝမ်ယိ၏ ကျောပြင်လေးကို ငေးကြည့်ရင်း ယဲ့ချန်း၏ နှုတ်ခမ်းအစုံကား အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
တကယ်တမ်းတွင် သူ ထိုလူယုတ်မာကိုပင် ကျေးဇူးတင်ရပေဦးမည်။ သို့မဟုတ်ပါက ယခုလိုရိုမန်တစ်ဆန်သည့် ညမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာပြီး တစ်ဖက်မှ လုယုံး၏အသံ ထွက်ပေါ်လာသည်။
"ဘော့စ်... ကျွန်တော်တို့ စစ်ဆေးပြီးသွားပြီ။ ဒီလူသတ်သမားတွေက ရှောင်ရှန်းရဲ့ လူတွေဖြစ်နေတယ်"
"ရှောင်ရှန်းလား"
ယဲ့ချန်း အံ့သြသွားသည်။
ဘယ်လိုလုပ် သူ ဖြစ်နေနိုင်မှာလဲ။
အကယ်၍ ရှောင်ရှန်းသာ သူ့ကို သတ်ချင်သည်ဆိုပါက ထိုညက အခွင့်အရေးအများကြီး ရှိနေသည်သာ။ ယခုမှ ဘာကြောင့် လူသတ်သမားများ စေလွှတ်ရသလဲ။
သို့တည်းမဟုတ် ရှောင်ရှန်း၏ အဖွဲ့အစည်းက အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်းများလား။
အမိန့်ပေးခိုင်းစေသူက ဘယ်သူလဲဟု ယဲ့ချန်း မေးလိုက်သည်။
လုယုံးက ဆက်ပြောလာလေသည်။
"အမာရွတ်ပါ"
သူလား။
ယဲ့ချန်း၏ စိတ်ထဲတွင် အမာရွတ်၏မျက်နှာကို ပြေးမြင်မိသည်။
ဤသည်မှာ ရှောင်ရှန်း၏ အမိန့်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်း အနည်းငယ် စိတ်အေးသွားသည်။
အမာရွတ်က ရှောင်ရှန်း၏ ကွယ်ရာမှာ အမိန့်ပေးခဲ့ဟန်တူသည်။
အမာရွတ်က ရှောင်ရှန်း၏ အမိန့်ကို ဖီဆန်ရဲခြင်းမှာ သူသည် ရှောင်ရှန်းကို သစ္စာဖောက်ပြီးပြီဟု ဆိုလိုခြင်းဖြစ်နိုင်လေရာ ယခု ရှောင်ရှန်း အန္တရာယ်ကြီးကြီးမားမားနှင့် ကြုံတွေ့နေရပြီဟူသော အဓိပ္ပာယ်လေလား။
ထိုအချိန်မှာပင် ဖုန်းပြန်ဝင်လာပြီး ရှောင်ရှန်း၏အသံ ထွက်ပေါ်လာသည်။
"ယဲ့ချန်း... ရှင်လား။ ကျွန်မ ရှင့်ကိုလွမ်းနေတာ"
••••••••••••••••••••••••••••