← Chapters

အခန်း ၆၆၆

Vol. 45 Ch. 666

အခန်း ၆၆၆

Vol. 45 Ch. 666

အပိုင်း ၆၆၆ : အဆက်အသွယ်

နှင်းဝံပုလွေအဖွဲ့အစည်းမှာ အလွန်ရဲတင်းလွန်းပြီး လုပ်ကြံသတ်ဖြတ်မှုများတွင် မကြာခဏ ပါဝင်ပတ်သက်လေ့ရှိသည်။

သို့သော်လည်း သူတို့၏ အင်အားစုများသည် ဟွားနိုင်ငံနယ်နိမိတ်အတွင်း၌ မရှိသောကြောင့် ရဲတပ်ဖွဲ့အတွက် လုံးဝအခက်တွေ့နေရသည်။

ဤအဖွဲ့အစည်း၏ ယုတ်မာမှုများမှာ အလွန်များပြားလွန်းလှသဖြင့် ဖော်ပြရန်ပင် ခက်ခဲသည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဟွားလုံက ဤတာဝန်ကို ယဲ့ချန်းနှင့် ရှောင်ရှန်းတို့ထံ အပ်နှင်းခဲ့ခြင်းပင်။

နှင်းဝံပုလွေအဖွဲ့၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ယဲ့ချန်း၏ အကြည့်များမှာ အနည်းငယ် အေးစက်သွားသည်။

ဤအဖွဲ့အစည်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် အမြစ်ပြတ်ချေမှုန်းသင့်ပေသည်။

ရှောင်ရှန်းက ဤကိစ္စကို အလွန်အလေးအနက်ထားပြီး အခွင့်အရေးရသည်နှင့် လူများကိုခေါ်ကာ တောင်တန်းမြို့သို့ လာခဲ့သည်။

ယဲ့ချန်းမှာမူ နှစ်ရက်နောက်ကျမှ ရောက်လာခဲ့ပြီး လေယာဉ်ပေါ်က ဆင်းဆင်းချင်းပင် ရှောင်ရှန်းတို့တည်းခိုနေသည့် ဟိုတယ်သို့ တက္ကစီငှား၍ သွားလိုက်သည်။

"ရှောင်ရှန်း... ငါ အရမ်းဝမ်းနည်းတာပဲ။ မင်းကို ကူညီဖို့ ဒီလောက်အဝေးကြီးအထိ လာခဲ့တာတောင် လေဆိပ်ကိုလာကြိုဖို့ ကားတစ်စီးလေးတောင် မလွှတ်ပေးဘူး"

ဟိုတယ်ထဲသို့ လမ်းလျှောက်ဝင်လာရင်း ယဲ့ချန်းက ဖုန်းပြောနေချေသည်။

"သွားစမ်းပါ... ရှင် ဟိုတယ်ကို ရောက်နေပြီမဟုတ်ဘူးလား"

ရှောင်ရှန်း၏ အခန်းတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသဖြင့် ယဲ့ချန်း ဝင်လာသည်ကို သူ(မ) ချက်ချင်းသိလိုက်သည်။

ယဲ့ချန်းလည်း ရှောင်ရှန်း၏ အခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ရှောင်ရှန်းမှာ သူ(မ)၏ကွန်ပျူတာထဲရှိ မြေပုံတစ်ခုကို ငေးကြည့်နေပေသည်။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဘာဖြစ်လို့လဲ။ ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ"

ရှောင်ရှန်းက ပြောလာလေသည်။

"ကြည့်... ဒါတွေက အာဏာပိုင်တွေပေးထားတဲ့ အချက်အလက်တွေပဲ။ အနီစက်လေးတွေက အဲဒီအဖွဲ့အစည်း ပုန်းခိုနေနိုင်တဲ့ နေရာတွေပေါ့။ ထောက်လှမ်းရေးသတင်းတွေအရဆိုရင်... သူတို့က အရမ်းကောက်ကျစ်တယ်။ ကျွန်မတို့လူတွေက ဖောက်သည်ယောင်ဆောင်ပြီး သူတို့ကို ဆက်သွယ်ထားပေမဲ့ ဒီကောင်က ကျွန်မတို့ကို အကဲစမ်းနေတာ။ လူချင်းတွေ့ဖို့ လုံးဝလက်မခံဘူး"

"ဪ.. အခုလို အခြေအနေတွေ တင်းမာနေချိန်မှာ သူတို့ဘက်က သတိထားတာလည်း သဘာဝကျပါတယ်"

"ဟုတ်တယ်။ အဲဒီအဆက်အသွယ်က အရမ်းကောက်ကျစ်တယ်။ မြို့ထဲမှာ အိပ်တာကလွဲပြီး ဘာမှမလုပ်ဘဲ လျှောက်သွားနေတာ။ ဘားတွေ၊ ဒစ္စကိုကလပ်တွေ၊ နိုက်ကလပ်တွေနဲ့ အခွံသက်သက်ဖြစ်နေတဲ့ ကုမ္ပဏီတစ်ခုအပြင် နေရာတော်တော်များများကို ခဏခဏသွားလေ့ရှိတယ်"

ရှောင်ရှန်းက ပြောပြောဆိုဆိုဖြင့် မြေပုံပေါ်ရှိ နေရာတချို့ကို ဝိုင်းပြလိုက်သည်။

ရှောင်ရှန်း၏ စွမ်းဆောင်ရည်ကို ယဲ့ချန်း အသိအမှတ်ပြုလိုက်ရသည်။ အချိန်တိုအတွင်း ယခုလောက်အထိ လုပ်နိုင်စွမ်းရှိခြင်းမှာ အလွန် အထင်ကြီးစရာကောင်းလှသည်။

အရေးအကြီးဆုံးအချက်မှာ ဤသတင်းအချက်အလက်များသည် ရှောင်ရှန်း၏ လက်အောက်ငယ်သားများ၏ အထူးခြေရာခံနိုင်စွမ်းကို မှီခိုထားရခြင်းပင်။

သို့မဟုတ်ပါက တစ်ဖက်လူ ရိပ်မိပြီး ဆုတ်ခွာသွားပါက ထိုလူယုတ်မာများကို အချိန်တိုအတွင်း ပြန်ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

ရှောင်ရှန်းက ဆို၏။

"ဒီနေရာတွေထဲက တစ်ခုခုက သူတို့ရဲ့ဆက်သွယ်ရေးစခန်း ဖြစ်လောက်တယ်"

ယဲ့ချန်းက မြေပုံကိုကြည့်၍ ​ပြောလိုက်၏။

"ဘားတွေနဲ့ ဒစ္စကိုကလပ်တွေမှာ စောင့်ကြည့်ကင်မရာတွေ ရှိသလို ရဲတွေလည်း ခဏခဏလာတတ်တယ်။ သူတို့ အဲဒီနေရာတွေမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ သူတို့ရဲ့ ဆက်သွယ်ရေးစခန်း ဒါမှမဟုတ် အဆက်အသွယ်လုပ်တဲ့နေရာက အခွံသက်သက်ကုမ္ပဏီ ဖြစ်ဖို့များတယ်"

ရှောင်ရှန်း ခေါင်းညိတ်လိုက်၏။

"ဒီနှင်းဝံပုလွေအဖွဲ့ထဲက ကောင်တွေက ဒီမှာ ပုန်းအောင်းနေတာ တော်တော်ကြာနေပြီဆိုတော့ နယ်မြေကို ကောင်းကောင်းသိကြတယ်။ သူတို့ရဲ့ အခြေစိုက်စခန်းက မြို့လယ်ခေါင်မှာမဟုတ်ဘဲ မြို့စွန်တစ်နေရာရာမှာ ဖြစ်နိုင်တယ်လို့ ကျွန်မထင်တယ်"

ယဲ့ချန်းကလည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာရှိ သစ်တောများမှာ အလွန်ထူထပ်သဖြင့် လူအယောက်တစ်ရာခန့် ပုန်းအောင်းရန်မှာ အလွန်လွယ်ကူပေသည်။

ရှောင်ရှန်းက ဆို၏။

"အခုမှ ရောက်တာဆိုတော့ ပင်ပန်းနေပြီလား။ ခဏ နားချင်သေးလား"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"အစ်မရှောင်ရှန်းကို ကူညီဖို့ဆိုရင် နားဖို့မလိုပါဘူးဗျာ... ဟားဟား"

ရှောင်ရှန်း မျက်စောင်းထိုးလိုက်လေသည်။

"ကောင်းပြီလေ... စစ်ဆင်ရေးမစခင် ကျွန်မတို့မှာ အချိန်နည်းနည်းရသေးတယ်။ တောင်ပေါ်မြို့တစ်ဝိုက်ကို လိုက်ပြပေးမယ်"

ယဲ့ချန်းက ထိုစကားကို ကြားသည်နှင့် ပြန်ပြောလိုက်၏။

"ကောင်းသားပဲ။ တောင်ပေါ်မြို့က သရေစာတွေ တော်တော်ကောင်းတယ်လို့ ကြားဖူးတယ်"

သူတို့နှစ်ယောက်သား တောင်ပေါ်မြို့တစ်ဝိုက် လမ်းလျှောက်ရင်း ဒေသခံအစားအစာများကို မြည်းစမ်းကြလေရာ အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညနေခင်းသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် နှင်းဝံပုလွေအဖွဲ့ဝင်များ ဘားတစ်ခုသို့ သွားကြကြောင်း ဖီးနစ်ထံမှ သတင်းရောက်လာခဲ့သည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"သွားရအောင်... နှင်းဝံပုလွေအဖွဲ့က လူတွေနဲ့ သွားတွေ့ကြတာပေါ့"

ညစာစားနေစဉ်ကတည်းက ယဲ့ချန်းနှင့် ရှောင်ရှန်းတို့ အစီအစဉ်များ ကြိုဆွဲထားပြီးဖြစ်၏။

တစ်ဖက်လူက မလောဘူးလား။ သို့ဆိုပါက သူတို့ လှုပ်ရှားလာအောင် ယဲ့ချန်းဘက်က ဆွပေးရမည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက အချိန်အကန့်အသတ်မရှိ ပုန်းအောင်းနေနိုင်သော်လည်း ယဲ့ချန်းတို့မှာ အချိန်ဆွဲနေ၍ မဖြစ်ပေ။ သူတို့ကို အချိန်တစ်လပေးထားလေရ​ာ ယခု သုံးရက်ကြာသည်အထိ ဘာတိုးတက်မှုမှ မရှိသေးချေ။

ရှောင်ရှန်းက ပြောလိုက်သည်။

"ဒီခွေးကောင်တွေ တကယ်ရွံစရာကောင်းတယ်။ ဖီးနစ်ကို သူတို့ ဂျင်းထည့်ပြီး ကစားနေတာ ရက်တော်တော်ကြာနေပြီ။ အခုထိလည်း အရိပ်အယောင်တောင် မပြကြသေးဘူး"

ယဲ့ချန်းနှင့် ရှောင်ရှန်းတို့ ဗော့စ်ဝါဂွန်ကားလေးဖြင့် ဘားဝင်ပေါက်သို့ မောင်းလာခဲ့ကြသည်။

သူတို့နှစ်ယောက်မှာ ချစ်သူစုံတွဲနှင့် တူနေပေသည်။

ထိုအချိန်တွင် ရှောင်ရှန်း၏ လက်အောက်ငယ်သားများက ဘားအနီးတစ်ဝိုက် နေရာအနှံ့၌ ပုန်းကွယ်ကာ အချိန်မရွေးလှုပ်ရှားရန် အသင့်အနေအထားဖြင့် စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။

ဤလူများမှာ ရှောင်ရှန်း၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် စေလွှတ်ထားသူအချို့လည်း ပါဝင်သည်။

ယဲ့ချန်းလည်း ကားပေါ်က အရင်ဆင်း၍ ဘားထဲသို့ တစ်ယောက်တည်း ဝင်သွားသည်။

ခပ်မှိန်မှိန် ဘားအတွင်း၌ မီးရောင်များက တလက်လက် တောက်ပနေသည်။

မျက်စိကျိန်းမတတ် မီးရောင်များနှင့် ကခုန်နေကြသော လူငယ်များကြောင့် ကပွဲကြမ်းပြင်တွင် တက်ကြွလန်းဆန်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားသည့်နှယ် ဖြစ်နေချေသည်။

ဘားကောင်တာတွင် အတန်အသင့် လှပသော ကောင်မလေးတစ်ယောက်က သောက်စရာအမျိုးမျိုးကို ကျွမ်းကျင်စွာ ဖျော်စပ်ပေးနေပေသည်။

ယဲ့ချန်းက ဘားကောင်တာသို့ ချဉ်းကပ်သွားပြီး ခပ်ဖွဖွပြုံးလိုက်သည်။

"မိန်းကလေး... ကျွန်တော့်ကို ဘရန်ဒီတစ်ခွက်လောက် ပေးပါ"

ပြောရင်းဆိုရင်းပင် ယဲ့ချန်းက စီးကရက်တစ်လိပ်ကို မီးညှိကာ ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်သို့ အကြည့်ရောက်သွားသည်။

သူ့ပုံစံမှာ ဘားထဲတွင် မိန်းကလေးရှာနေသည့် ငွေကြေးတတ်နိုင်သော လူငယ်တစ်ယောက်နှင့် တစ်ပုံစံတည်းပင်။

စားပွဲထိုးများမှာ ဤကဲ့သို့သော ဖောက်သည်မျိုးနှင့် ရင်းနှီးပြီးဖြစ်လေရာ ထိုကောင်မလေးက ရွှတ်နောက်နောက်အကြည့်ဖြင့် တစ်ချက်ကြည့်ပြီး သူ(မ)၏ ဂါဝန်ကို အောက်သို့ တမင်တကာ နည်းနည်းဆွဲချလိုက်သည်။

တကယ်တော့ ယဲ့ချန်း၏ပတ်ပတ်လည်တွင် မိန်းမလှလေးများ ဝိုင်းနေသဖြင့် ရုပ်ရည်ရမှတ်ရှစ်ဆယ်ခန့်သာရှိသော ဤကောင်မလေး၏ ရုပ်ရည်က သူ့ကို မဆွဲဆောင်နိုင်ပေ။ သူသည် သရုပ်ဆောင်နေခြင်းသာ။

ယဲ့ချန်းက ကောင်မလေး ကမ်းပေးလာသော ဖန်ခွက်ကို လှမ်းယူ၍ သူ(မ)ကို စိုက်ကြည့်လိုက်၏။

"မိန်းကလေး... မင်း အရက်ဖျော်တာ တော်တော်ကျွမ်းတာပဲ။ တခြားကိစ္စတွေမှာရော ဘယ်လိုနေမလဲ"

အရိပ်အမြွက်ပြနေသော ယဲ့ချန်း၏စကားများကြောင့် ကောင်မလေးက သူ့ကို မျက်စောင်းထိုးလိုက်သည်။

"စိတ်ရှုပ်စရာကောင်းလိုက်တာ... ကိုယ့်အလုပ် ကိုယ်သာလုပ်စမ်းပါ"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"အလှလေး... အလုပ်ဆင်းရင် အပြင်သွားလည်ကြမလား"

ထိုကောင်မလေးခမျာ ဆွံ့အသွားရလေသည်။ သူ(မ)ကို လာပိုးပန်းသူများစွာကို တွေ့ဖူးသော်လည်း ဤမျှမျက်နှာပြောင်တိုက်သော လူစားမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

အခုမှ တွေ့တာကို အပြင်သွားဖို့ ခေါ်နေပြီလား။

"ဟေး... လူချောလေး။ ကောင်မလေးကို ပိုးနေတာလား။ ငါဆိုရင်ရော ဘယ်လိုလဲ"

ထိုစဉ် ရင်ဟိုက်ဂါဝန်ကို ဝတ်ဆင်ထားပြီး နှင်းဆီပန်းတစ်ပွင့်အလား ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က ယဲ့ချန်းရှေ့တွင် ဝင်ထိုင်လိုက်သည်။

ထိုအမျိုးသမီးကို မြင်သောအခါ ယဲ့ချန်း အနည်းငယ် နေရခက်သွားသည်။

ဤအမျိုးသမီးက ထိုနေ့က သူ့ကို ဒူးလေးဖြင့် လိုက်ပစ်ခဲ့သော ဖီးနစ်ပင်။

ထိုရင်ဟိုက်ဂါဝန်နှင့် သူ(မ)က တကယ်ဆွဲဆောင်မှုရှိနေသည်မှာ ငြင်းရက်စရာမရှိပေ။

အစောက လူများနေသဖြင့် ယဲ့ချန်း သူ(မ)ကို မမြင်လိုက်ချေ။ ထို့ကြောင့် သူ(မ)၏ အာရုံစိုက်မှုကို ရရှိစေရန် သူသည် တမင်တကာ ထင်ရှားသော ဘားကောင်တာဧရိယာတွင် နေရာယူခဲ့ခြင်းဖြစ်၏။

ယဲ့ချန်းက ဖီးနစ်ကို ကလူကျီစယ်လေဟန်ဖြင့် ကြည့်လိုက်သည်။

"အလှလေးက ကိုယ်လုံးကိုယ်ပေါက်လည်း လှသလို တကယ်ချစ်စရာကောင်းတာပဲ။ ကိုယ်တို့ တစ်ခွက်လောက် အတူတူသောက်ကြမလား"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ထိုင်ခုံပေါ်က ဆင်းကာ ဖီးနစ်၏ခါးကို ဖက်လိုက်လေသည်။

"လာ... အလှလေး သွားကြရအောင်"

ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကိုကြည့်ကာ စားပွဲထိုးကောင်မလေးမှာ ဆွံ့အနေတော့သည်။

ဒီကောင်က တကယ့်လူရှုပ်ပဲ။

သူ့ရုပ်ရည်လေးက ချောနေ၍သာ သူ(မ) သဘောတူချင်စိတ် ပေါက်ခဲ့ခြင်းပင်။

မထင်မှတ်ထားပါဘဲ ဤလူရမ်းကားက အခြားအမျိုးသမီးတစ်ယောက်နှင့် ထွက်သွားလေပြီ။

တစ်ချိန်တည်းမှာပင် ဘား၏ အခြားတစ်ဖက်၌ အရက်သောက်နေသည့် အမျိုးသားတစ်ယောက်ရှိ၏။ သူသည် အခြားသူမဟုတ်ဘဲ နှင်းဝံပုလွေအဖွဲ့၏ အဆက်အသွယ်ပင်။

သူသည် သေချာဟန်ဆောင်၍ ဖုံးကွယ်ထားသော်လည်း နတ်ဘုရားအဆင့် စုံထောက်စွမ်းရည်ရှိသော ယဲ့ချန်းက သူ့ကို ချက်ချင်း သတိထားမိလိုက်သည်။

အေးအေးဆေးဆေး အရက်သောက်နေဟန်ဆောင်နေသော်လည်း ထိုလူ၏ မျက်လုံးများက ဘေးပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် စူးစမ်းနေခဲ့သည်။

ဘေးနားတွင် ထိုင်နေသော ဖီးနစ်မှာမူ ဒေါသကို ဆက်မထိန်းချုပ်နိုင်တော့ပေ။

"အခွင့်အရေးယူလို့ ဝပြီလား"

••••••••••••••••••••••••••

All Chapters