အခန်း ၆၆၇
Vol. 45 Ch. 667
အပိုင်း ၆၆၇ : ထိပ်တိုက်ရင်ဆိုင်ခြင်း
ယဲ့ချန်းလည်း နေရခက်စွာ ပြုံးလိုက်ပြီးနောက် မလှမ်းမကမ်းရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
"အလုပ်ဆက်လုပ်ရအောင်"
ထိုအချိန်တွင် ထိုလူမှာ အမျိုးသမီးတစ်ယောက်နှင့်အတူ အရက်သောက်နေခဲ့သည်။
ထိုလူမှာ အရက်အတော်များများ သောက်ထားဟန်တူပြီး ထိုအမျိုးသမီးကလည်း သူ့ကို မူးအောင်တိုက်ရန် ရည်ရွယ်ထားပုံရသည်။ သို့သော်လည်း ဤလူ၏ အရက်ခံနိုင်ရည်မှာ အံ့ဩစရာကောင်းလှသဖြင့် မကြာခင်မှာပင် အမျိုးသမီးကသာ အရင်ဆုံးလဲသွားလေတော့သည်။
"အလှလေး... ဒီည နောက်ထပ်နှစ်ခွက်သုံးခွက်လောက် ထပ်သောက်ကြရအောင်။ ကိုယ် မင်းကိုအဖော်လုပ်ပေးမယ်လေ"
ကောင်မလေးက စားပွဲပေါ်တွင် မှောက်နေပြီဖြစ်သော်လည်း ထိုလူကတော့ သူ(မ)ကို လွှတ်ပေးရန် စိတ်ကူးမရှိပါဘဲ ပါးစပ်ထဲသို့ အရက်များ ဆက်တိုက် လောင်းထည့်နေသည်။
ယဲ့ချန်းနှင့် ဖီးနစ်တို့မှာ ထိုလူနှင့် မလှမ်းမကမ်းတွင် ထိုင်နေကြပြီး သူတို့၏ နားပါးမှုကြောင့် ထိုလူ၏စကားလုံးများကို အတိုင်းသား ကြားနေရသည်။
သို့သော် ထိုလူက အကြီးအကျယ် မူးနေဟန်ဆောင်နေခြင်းသာဖြစ်ပြီး အမှန်တကယ်တွင်မူ သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း သိထားသည်။
ယဲ့ချန်းက ဖီးနစ်နှင့်အတူ ဇာတ်လမ်းကို ဆက်ကပြနေပြီး ရံဖန်ရံခါ အခွင့်အရေးယူရင်း နားမခံသာစရာ ချစ်စကားအချို့ပင် ပြောဆိုနေသည်။
ဖီးနစ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေသော်လည်း ဝါရင့်လုပ်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ယခုလိုဟန်ဆောင်သရုပ်ဆောင်ရသည့် အလုပ်မျိုးကို လုပ်လေ့လုပ်ထရှိပေသည်။
သူ(မ)သည် စိတ်ထဲတွင်ပင် ကြိုတွေးထားလိုက်သေးသည်။
ဒီလူယုတ်မာ... အခုတော့ အခွင့်အရေးရတုန်း ခံစားထားလိုက်ဦးပေါ့။ မမရှောင်ရှန်းဆီ ပြန်တိုင်တဲ့အခါကျရင်တော့ နင့်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရသေးတာပေါ့...
ဖီးနစ်က ခပ်တိုးတိုး ညည်းညူလိုက်သည်။
"ယဲ့ချန်း... လွန်မလာနဲ့နော်။ ရှင့်လက်ကို ငြိမ်ငြိမ်ထားစမ်း"
ယဲ့ချန်းကလည်း ကူကယ်ရာမဲ့လေဟန် လေသံဖြင့် ပြောလိုက်၏။
"ငါလည်း မတတ်နိုင်ဘူးလေ။ အဲဒီကောင်က ငါတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေတာ။ သဘာဝကျကျ သရုပ်ဆောင်မပြရင် သူက ဘယ်လိုလုပ်ယုံမှာလဲ"
ဖီးနစ်၏ အကဲခတ်နိုင်စွမ်းကလည်း ထူးချွန်လှသဖြင့် ထိုလူက သူတို့ဘက်သို့ ခဏခဏလှမ်းကြည့်နေကြောင်း သတိပြုမိသွားသည်။
ထိုအချိန်တွင် ယဲ့ချန်းက ဝိုင်ခွက်ကို မြှောက်လိုက်လေသည်။
"အလှလေး... လာ ဒီအစ်ကိုကြီးက တစ်ခွက်လောက်တိုက်ပါရစေ"
ဖီးနစ်က ယဲ့ချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ဇာတ်လမ်းအရ လိုက်ပါလုပ်ဆောင်ရပေမည်။
သူ(မ)က ယဲ့ချန်းကို လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
"သူ ရှင့်ကို သတိထားမိနေပြီလို့ ထင်လား"
ယဲ့ချန်းက ပြန်ဖြေလိုက်၏။
"ဘယ်သူသိမှာလဲ။ ဒီကောင်က တော်တော်ကိုင်တွယ်ရခက်တာ။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းက မယုံနိုင်စရာပဲ"
လုပ်ကြံသူအဖွဲ့အစည်းတစ်ခု၏ အဆက်အသွယ်ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် တာဝန်များကို ထမ်းဆောင်ရာတွင် အလွန်သတိကြီးကြီး ထားရမည် မဟုတ်ပါလော။
သို့သော်လည်း ဤလူမှာ မယုံနိုင်လောက်အောင် တည်ငြိမ်ပြီး ရဲတင်းရူးသွပ်လွန်းသည်ဟုပင် ဖော်ပြ၍ရသည်။
ဤသည်မှာ လုံးဝသဘာဝမကျလှပေ။
ဖီးနစ်က ပြောလိုက်၏။
"အစတုန်းက ဆက်သွယ်မိတော့ ဒီကောင်က ကျွန်မကို တစ်ချိန်လုံးသတိထားနေခဲ့တာ။ ဒါပေမဲ့ တလောတုန်းက သူ့နောက်ကို ကျွန်မလိုက်နေမှန်း သိသွားပုံရပြီး နည်းနည်း ရဲတင်းလာတယ်။ ကျွန်မ စောင့်ကြည့်နေတာကို လုံးဝဂရုမစိုက်တော့သလိုပဲ"
ယဲ့ချန်းက ခေါင်းခါလိုက်၏။
"သူ့နောက်ကို တစ်ယောက်ယောက်လိုက်နေမှန်း သူ သိပြီးသားပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ သေချာမသိသေးဘူး။ ဒါကြောင့် သူ့အပြုအမူတွေက သက်သက်ဟန်ဆောင်ပြနေတာ"
ဖီးနစ်က မေးခွန်းထုတ်လိုက်လေသည်။
"သူ သိသွားပြီဆိုရင် ထွက်ပြေးဖို့ မကြိုးစားသင့်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒါက ဟွားနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာလေ။ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ"
ယဲ့ချန်းလည်း တဟားဟားရယ်လိုက်သည်။
"သူ့နောက်ကို လူလိုက်နေတာသိပေမဲ့ ဘယ်သူလဲဆိုတာ မသေချာဘူး။ ပြီးတော့ မင်းတို့ဘက်က အပေးအယူအကြီးကြီးတစ်ခုအကြောင်း သတင်းပို့ထားတယ် မဟုတ်လား။ ဒီစီးပွားရေးအကြီးကြီးကို သူ လက်လွှတ်မခံချင်တာ ဖြစ်လိမ့်မယ်"
"ပြီးတော့ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ရဲတပ်ဖွဲ့ထဲမှာ သူတို့လူယုံ ရှိနေနိုင်တယ်။ ဒါကြောင့် သူ့နောက်ကို လိုက်နေတာက ရဲတွေမဟုတ်ဘူးလို့ သူ ယုံကြည်နေတာ။ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်။ အဲဒါက သူ့ကို အလုပ်အပ်တဲ့သူပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း သူက ဘာမှမကြောက်မရွံ့ဘဲ ငါတို့ကို သူ့အင်အားအကြောင်း ကြွားလုံးထုတ်ပြနေတာ"
ယဲ့ချန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ ဖီးနစ်တစ်ယောက် ရုတ်တရက် အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။
"အစ်ကိုချန်း... ရှင်က တော်လိုက်တာ။ ရှင့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ကွက်တိပဲ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"နှင်းဝံပုလွေအဖွဲ့ထဲက ဒီကောင်က သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေမှန်း သိနေတာတောင် မိန်းကလေးတွေနဲ့ ပရောပရည်လုပ်ရဲတယ်ဆိုကတည်းက သူ့ကိုယ်သူ တော်တော်ယုံကြည်မှုရှိနေတာကို ပြနေတာပဲ။ သူက လောလောဆယ် စောင့်နေတာ ဖြစ်ရမယ်။ ငါတို့ဘက်က အရင်လှုပ်ရှားလာအောင် စောင့်ပြီးတော့မှ..."
ယဲ့ချန်း၏ စကားကို ကြားသောအခါ ဖီးနစ် ခဏမျှ မှင်တက်သွားသည်။
"ဒါဆိုရင် ရှင်က ဒီရေကန်ကို မွှေနှောက်ပစ်ဖို့ ရည်ရွယ်ထားတယ်ပေါ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဒီမြွေက အရမ်းကောက်ကျစ်တယ်။ ငါတို့ဘက်က ရေမမွှေရင် သူ့ဘက်က သူ့အမြီးကို ထုတ်ပြမှာမဟုတ်ဘူး"
ထိုအချိန်တွင် ယဲ့ချန်းက မတ်တတ်ထရပ်လိုက်ပြီး ထိုလူ့ထံသို့ လျှောက်သွားသည်။
သူသည် ထိုလူ့ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး ပြုံးလိုက်လေသည်။ "
"ဟေး... ကိုယ့်လူ ပျော်နေတယ်ပေါ့ ဟုတ်လား"
ထိုလူက ယဲ့ချန်းကို သတိကြီးကြီးထား၍ ကြည့်လိုက်လေသည်။ သူ့မျက်နှာထက်တွင် ဘာခံစားချက်မှ မပြချေ။
"တစ်ခုခုလိုချင်လို့လား ဘော်ဒါ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မင်းနဲ့ စီးပွားရေးအကြောင်း ဆွေးနွေးစရာရှိလို့ပါ"
ထိုသို့ပြောရင်း ယဲ့ချန်းက အရက်မူးပြီး သတိလစ်လုနီးပါး ဖြစ်နေသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်၏။
"ဝပြီလား။ ဝရင် လစ်လိုက်တော့"
ထိုအမျိုးသမီးကလည်း အလွန်ဒုက္ခရောက်နေရှာသဖြင့် ယဲ့ချန်း၏ စကားများက သူ(မ)၏ အသက်ကို ကယ်တင်လိုက်သလို ဖြစ်သွားချေသည်။
ထိုလူက ယဲ့ချန်းကို ကြည့်ပြီး အေးစက်စက်ရယ်မောလိုက်သည်။
"ဘော်ဒါ... မင်းက ဒီဒေသက မဟုတ်ဘူးထင်တယ်။ အရင်ကလည်း မမြင်ဖူးပါဘူး။ ဘယ်လိုစီးပွားရေးမျိုး လုပ်ချင်လို့လဲ"
ယဲ့ချန်းကလည်း ပြန်ပြောလိုက်သည်။
"ငါက နှင်းဝံပုလွေအဖွဲ့နဲ့ စီးပွားရေးလုပ်ချင်တာ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ထိုလူမှာ မျက်နှာပျက်သွားလေသည်။
"ကိုယ့်လူ... မင်း ဘာတွေပြောနေလဲ ငါ မသိဘူး။ ပြီးတော့ ငါတို့ကုမ္ပဏီက တောရိုင်းတိရစ္ဆာန်တွေ အရောင်းအဝယ်လုပ်တဲ့ကုမ္ပဏီ မဟုတ်ဘူး။ မင်း လူမှားနေပြီ"
ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"တော်စမ်းပါ... စကားတွေ လှည့်ပတ်ပြောမနေနဲ့တော့။ ငါလည်း အလုပ်များတယ်။ ငါက ကျန်းစုနဲ့ ကျယ်ကျန်းဘက်က လာတာ။ ရှောင်ရှန်းရဲ့ လက်အောက်ကပဲ"
ရှောင်ရှန်းဟူသော နာမည်ကို ကြားလိုက်ရသောအခါ ထိုလူ ခဏမျှ ဆွံ့အသွားသည်။
"ရှောင်ရှန်းလား။ မင်းက သူတို့လူပေါ့။ မင်းတို့က ကျန်းစုနဲ့ ကျယ်ကျန်းမှာရှိတာ။ ငါတို့က မြောက်ပိုင်းမှာ။ ရေမြေချင်း မဆိုင်ကြပါဘူး"
ယဲ့ချန်းက ဆိုလေသည်။
"တလောတုန်းက ငါတို့ဆီမှာ ပြဿနာနည်းနည်းတက်လို့။ အမာရွတ်ဆိုတဲ့ကောင်က အဖွဲ့အစည်းကို သစ္စာဖောက်လို့ အစီအစဉ်ပျက်သွားတယ်။ ငါက သူ့လက်အောက်ငယ်သားတစ်ယောက်ပဲ။ အဲဒါကြောင့် ညီအစ်ကို နည်းနည်းခေါ်ပြီး ဒီဘက်ကို ထွက်လာခဲ့တာ"
ဤလူမှာ အလွန်ကောက်ကျစ်သူဖြစ်လေရာ ယဲ့ချန်းက တစ်ဖက်လူနှင့် စကားစစ်ထိုးနေစဉ်အတွင်း တုံ့ဆိုင်းမှုမရှိဘဲ ပြောဆိုလိုက်သည်။
တုံ့ဆိုင်းမှု တစ်စုံတစ်ရာ ရှိသွားပါက ထိုလူ၏ သံသယကို နှိုးဆွမိလိမ့်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ယဲ့ချန်း၏ စကားကို ကြားပြီးနောက် ထိုလူက ပြောလာလေသည်။
"အဲဒီကိစ္စကို ငါ ကြားပါတယ်။ ဒါနဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ငါ့ညီအစ်ကိုတွေကို ခေါ်ပြီး မင်းတို့အဖွဲ့ထဲ ဝင်ချင်လို့"
"ဆောရီးပဲ။ ငါတို့ဆီမှာ လူပိုတွေ မလိုဘူး"
ထိုလူက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ယဲ့ချန်းက ဆို၏။
"ပူးပေါင်းလို့ မရဘူးဆိုရင်လည်း ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ ငါတို့လည်း ဒီနယ်မြေကို သဘောကျလို့ ဒီမှာပဲအခြေချပြီး နယ်မြေချဲ့ထွင်ဖို့ စီစဉ်ရတော့မှာပေါ့"
ယဲ့ချန်း၏ စကားကြောင့် ထိုလူ၏ မျက်နှာအမူအရာမှာ အေးစက်သွားသည်။
"ကိုယ့်လူ... မင်း လာနောက်နေတာလား"
ယဲ့ချန်းက ဂရုမစိုက်လေဟန်ဖြင့် ပြုံးလိုက်သည်။
"ငါနဲ့ ငါ့ညီအစ်ကိုတွေမှာ ရွေးချယ်စရာမရှိလို့ပါ။ ငါတို့လည်း ရှာဖွေစားသောက်ရဦးမယ်မဟုတ်လား"
"ဟားဟား... ကိုယ့်လူရေ မင်း တော်တော်သတ္တိရှိတာပဲ။ မင်းတို့လူတွေနဲ့ ငါတို့နယ်မြေထဲမှာ လာပြိုင်ချင်တာလား။ အသက်သိပ်ရှည်မှာ ကြောက်နေတာလား"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ငါတို့လူတွေအားလုံးက အထူးချွန်ဆုံးတွေချည်းပဲ။ တကယ်တော့ ဒီတစ်ခေါက် ငါလာတာက ငါတို့ဘော့စ်ရဲ့ အမိန့်ကြောင့်ပဲ။ မင်းတို့ ငါတို့ဆီက နယ်မြေလုချင်တယ်ဆိုရင်တော့ အရည်အချင်း မမီသေးဘူး။ ငါတို့နောက်မှာ ကျောထောက်နောက်ခံသာ မရှိရင် ဒီလို လာရဲပါ့မလား"
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။
ဤမြင်ကွင်းကို ထိုလူ မြင်သွားသောအခါ အေးစက်စက် ရယ်မောလိုက်တော့သည်။
ယဲ့ချန်း၏ တုန်လှုပ်ချောက်ချားသွားသော အမူအရာကို မြင်လိုက်ရသဖြင့် သူလည်း အလွန်ကျေနပ်အားရသွားပြီး ဟိတ်ဟန်ထုတ်နိုင်သည့်အတွက် သူ့ကိုယ်သူ အမှတ်ပြည့် ပေးလိုက်မိသည်။
လက်ရှိတွင် ယဲ့ချန်း၏ အမူအရာမှာ သူတစ်ပါးကို မလွှမ်းမိုးနိုင်ဘဲ အရှက်ကွဲသွားရသည့် ပုံစံမျိုး ပေါက်နေလေသည်။
အမှန်စင်စစ်တွင်မူ ယဲ့ချန်းသည် တစ်ဖက်လူကို ကြွားလုံးထုတ်ရန် တမင်သက်သက် အခွင့်အရေးပေးနေခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် တစ်ဖက်လူအနေနှင့် သူ့အပေါ် သတိလက်လွတ်ဖြစ်သွားစေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်၏။
ယဲ့ချန်းက ပြောလိုက်လေသည်။
"ကောင်းပြီလေ... မင်းက မပူးပေါင်းချင်ဘူးဆိုမှတော့ ငါတို့လည်း ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့။ ရန်သူမဟုတ်ဘဲ မိတ်ဆွေတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ လမ်းလျှောက်ရင် သတိထားနော်"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ထိုလူ ရုတ်တရက် ရယ်ချင်သွားသည်။
ဒါက ခြိမ်းခြောက်တာလား။
မင်းတို့ဘက်က လူနည်းနည်းလေးနဲ့ ငါတို့နှင်းဝံပုလွေအဖွဲ့ကို လာပြိုင်ချင်တာလား။ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။
မင်းတို့က သေချင်နေမှတော့ ငါက မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။
••••••••••••••••••••••••••••