← Chapters

အခန်း ၆၆၈

Vol. 45 Ch. 668

အခန်း ၆၆၈

Vol. 45 Ch. 668

အပိုင်း ၆၆၈ : ထောင်ချောက်

နှင်းဝံပုလွေလုပ်ကြံသူများမှာ ယဲ့ချန်း ထွက်သွားသည့်အချိန်ကို စောင့်ဆိုင်းပြီးနောက် ဘားကောင်တာသို့သွား၍ ထိုနေရာရှိ မိန်းကလေးနှင့် စကားအနည်းငယ် ပြောဆိုလိုက်ကြသည်။

ထိုမိန်းကလေးက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းထုတ်၍ ဖုန်းခေါ်ဆိုလိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ဖီးနစ် ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။ အမှန်စင်စစ်တွင် ဤဘားမှာ နှင်းဝံပုလွေလုပ်ကြံသူနှင့် ပတ်သက်မှုရှိနေပေသည်။

ထို့ပြင် ဘားကောင်တာရှိ မိန်းက​လေးကလည်း နှင်းဝံပုလွေအဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်ခြေရှိ၏။

ယဲ့ချန်း၏ လုပ်ဆောင်ချက်က ရန်သူကို လန့်ဖျပ်သွားစေခဲ့သော်လည်း အမှုတစ်ခုလုံးကို ရှင်းလင်းသွားစေကာ နောက်ထပ်သဲလွန်စများစွာကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

ယဲ့ချန်းကမူ သက်သောင့်သက်သာနှင့် ယုံကြည်မှုအပြည့်ဖြင့် ထွက်ခွာသွားသည်။

ဘားထဲက ထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူ့နောက်သို့ လိုက်လာနေသည်ကို သူ သတိထားမိလိုက်သည်။

ထိုလူများသည် ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေကြခြင်းပင်။ သူတို့၏ပစ်မှတ်မှာမူ ယဲ့ချန်းပင်။

ယဲ့ချန်းလည်း မဲ့ပြုံးပြုံးလိုက်သည်။ ဤလူတစ်သိုက်သည် သူတို့၏ အပေါင်းအဖော်များ အနီးအနားတွင် ရှိနေသဖြင့် ဘာမှမကြောက်ဘဲ ရဲတင်းနေကြခြင်းဖြစ်ကြောင်း သူ အတပ်သိလိုက်သည်။

ထို့ပြင် မိမိနောက်ကို လိုက်နေသည့်လူများထံမှ တကယ့်လုပ်ကြံသူအစစ်များ၏ အငွေ့အသက်မျိုး မရပါဘဲ ဒေသခံလူမိုက်များသာ ဖြစ်ကြောင်း ယဲ့ချန်း အာရုံခံမိလိုက်သည်။

အခြေအနေတစ်ခုခု ဖြစ်ပွားလာပါက ဤလူမိုက်များ ပေါ်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ကာ လုပ်ကြံသူကို အလွယ်တကူ လွတ်မြောက်သွားစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။

ယခုအချိန်တွင် နှင်းဝံပုလွေလုပ်ကြံသူသည် ယဲ့ချန်း၏ သရုပ်မှန်ကို အတည်ပြုပြီးနောက်ပိုင်း ပို၍ပင် ရဲတင်းလာခဲ့သည်။

အစောပိုင်းကမူ ယဲ့ချန်းသည် အာဏာပိုင်အဖွဲ့အစည်းမှ လူတစ်ယောက်ဖြစ်နေမည်ကို စိုးရိမ်သဖြင့် သူတို့ အလွန်သတိထားခဲ့ကြသည်။

သို့သော် သူက ဘာကောင်မှမဟုတ်သည့်အပြင် သူတို့၏နယ်မြေကိုပင် လာလုချင်နေသေးကြောင်း သိလိုက်ရ၏။ တကယ်ရယ်ချင်စရာကောင်းလှပေသည်။

ယခုအခါတွင်မူ နှင်းဝံပုလွေအဖွဲ့သည် ယဲ့ချန်းကို ဖမ်းဆီးပြီး လုပ်ကြံသူများကို တစ်ပါတည်း အမြစ်ပြတ်ချေမှုန်းရန် အမိန့်ရထားပြီဖြစ်၏။

ယဲ့ချန်းမှာမူ လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။

အနီးအနားရှိ ထောင့်ပေါင်းစုံတွင် သန်မာသော အငွေ့အသက်တချို့ ပုန်းကွယ်နေကြောင်း သူ အာရုံခံမိလိုက်သည်။

ထိုလူများကမူ တကယ့်နှင်းဝံပုလွေလုပ်ကြံသူအစစ်များဖြစ်သည်မှာ သေချာပေသည်။

ယဲ့ချန်းတွင် ကြိုတင်သတိပေးစနစ်ပါရှိသော စနစ်ရှိထားသည့်အတွက် မည်သည့်အန္တရာယ်အငွေ့အသက်ကိုမဆို အာရုံခံလွယ်လှသည်။

ဤလုပ်ကြံသူများထဲတွင် အတန်အသင့် အရည်အချင်းရှိသူ လေးငါးယောက်ခန့် ပါဝင်ပြီး ကျန်လူများမှာ လူမိုက်များသာ။

ပုံမှန်ဆိုလျှင် လုပ်ကြံသူအဖွဲ့အစည်းများသည် ဒေသခံလူမိုက်များနှင့် ရောနှောခြင်းကို အထင်သေးတတ်ကြသော်လည်း နှင်းဝံပုလွေအဖွဲ့မှာမူ အမှောင်ထဲတွင် ပုန်းကွယ်ရင်း သူတို့ကို နယ်ရုပ်များသဖွယ် အသုံးချနေသောကြောင့် ယဲ့ချန်း အနည်းငယ် အံ့ဩမိသွားသည်။

လုပ်ကြံသူအဖွဲ့ဟူသည် အများအားဖြင့် အရိပ်အလား ပုန်းလျှိုးကွယ်လျှိုး နေတတ်ကြပြီး လူမိုက်အမြောက်အများကို အသုံးပြုခြင်းမှာ သူတို့၏ခြေရာကို အလွယ်တကူ ပေါ်သွားစေနိုင်သဖြင့် နှင်းဝံပုလွေအဖွဲ့သည် ဒေသခံဂိုဏ်းများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်မှုရှိနေကြောင်း ညွှန်ပြနေသည်။

ထိုလူမိုက်များမှာ အုပ်စုအသေးလေးများအဖြစ် လူစုခွဲထားပုံရသော်လည်း အမှန်တကယ်တွင်မူ ယဲ့ချန်းထံသို့ တဖြည်းဖြည်း ခ​ျဉ်းကပ်လာပြီး သူ့ကို ဝိုင်းဝန်းပိတ်ဆို့ရန် ပြင်ဆင်နေကြသည်။

ထို့ပြင် သူတို့၏အင်္ကျီအောက်တွင် ဖောင်းကြွနေသောအရာများ ပါရှိနေကြလေရာ လက်နက်များကို ဝှက်ယူလာကြခြင်းပင်။

မလှမ်းမကမ်းတွင် ရှောင်ရှန်းသည် ဤမြင်ကွင်းကို ကြည့်နေသော်လည်း စိုးရိမ်ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။

သူ(မ)၏ မျက်လုံးထဲတွင် အန္တရာယ်ရှိနေသူမှာ ယဲ့ချန်းမဟုတ်ပါဘဲ ထိုလူမိုက်များသာ ဖြစ်၏။

တစ်ချိန်တည်းမှာပင် နှင်းဝံပုလွေလုပ်ကြံသူသည် ဟိုတယ်၏ အနောက်တံခါးမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။

ရှောင်ရှန်း၏ မျက်လုံးများမှာ အေးစက်သွားပြီးနောက် အနောက်က ကပ်လျက် ထက်ကြပ်မကွာ လိုက်သွားတော့သည်။

ဤစစ်ဆင်ရေးမှာ ယဲ့ချန်း စီစဉ်ထားခြင်းဖြစ်ပြီး တာဝန်များကိုလည်း ရှင်းရှင်းလင်းလင်း ခွဲဝေထားသည်။

ဖီးနစ်က ဟိုတယ်အတွင်းပိုင်းကို တာဝန်ယူရသည်။

ရှောင်ရှန်းကမူ ထွက်ခွာသွားသော နှင်းဝံပုလွေလုပ်ကြံသူနောက်သို့ ခြေရာခံလိုက်ရန် အမြဲအသင့်ရှိနေရသည်။

ယဲ့ချန်းကမူ အလင်းထဲတွင် ရန်သူ့အာရုံကို လွှဲရန်အတွက် ရှိနေရသည်။

ရှောင်ရှန်း၏ ခြေရာခံနိုင်စွမ်းမှာ ယဲ့ချန်းထက်ပင် သာလွန်ပြီး အမှောင်ထုထဲတွင် တစ္ဆေတစ်ကောင်ကဲ့သို့ အသံတိတ်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်းက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားရင်း ကျဉ်းမြောင်းလှသော လမ်းကြားလေးတစ်ခုထဲတွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။

ရှောင်ရှန်း၏လူများအပြင် ယဲ့ချန်းကိုယ်တိုင်ခေါ်လာသော နဂါးသံချပ်ကာအဖွဲ့ဝင်များပါ အနီးအနားတွင် ပုန်းကွယ်နေကြသဖြင့် သူ ဘာမှစိုးရိမ်စရာမရှိပေ။

ဤလူများမှာ လက်ရှိရန်သူအုပ်စုကို ကိုင်တွယ်ရန် လုံလောက်ပေသည်။

ယဲ့ချန်းက လူမိုက်များနှင့် ဆယ်မီတာကျော်ခန့် အကွာတွင် ရပ်လိုက်ပြီး ကျောက်ခဲပုံတစ်ပုံကို တွေ့လိုက်သဖြင့် ထိုနေရာသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

နောက်ဆုံးတွင်မူ လူမိုက်ခေါင်းဆောင်က လှောင်ပြုံးပြုံးလိုက်လေသည်။

"သူ့ကို ဖမ်းကြ"

လူမိုက်များလည်း နောက်ဆုံးတွင် စတင်လှုပ်ရှားကြတော့သည်။

သူတို့က လက်နက်များကို ကိုင်စွဲ၍ ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများအလား ယဲ့ချန်းထံသို့ ပြေးဝင်လာကြသည်။

ယဲ့ချန်းက တည်ငြိမ်စွာဖြင့် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။

"ဝှစ်..."

ကျောက်ခဲတစ်လုံးက လေထဲတွင် ဝှစ်ခနဲ အသံမြည်လျက် ပျံသန်းသွားသည်။

ဖြောင်း...

ကျောက်ခဲသည် ရှေ့ဆုံးက ပြေးလာသော လူမိုက်၏ ခေါင်းတည့်တည့်ကို ထိမှန်သွားသည်။

ထိုလူမိုက်က နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

နောက်ထပ်ကျောက်ခဲများ ဆက်တိုက်ပျံသန်းသွားပြီး လူမိုက်များလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

လူမိုက်များအားလုံး မှင်တက်သွားကြသည်။

သူတို့က လူအင်အားဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ရန် စီစဉ်ထားသော်လည်း ယဲ့ချန်း၏ ရိုးရှင်းသော နည်းလမ်းလေးကပင် မယုံနိုင်စရာကောင်းလောက်အောင် လက်စွမ်းပြသွားခဲ့သည်။

ဤအခြေအနေတွင် ထောင့်နားတွင် ပုန်းနေသော လုပ်ကြံသူများမှာ မငြိမ်မသက်ဖြစ်လာပြီး ယဲ့ချန်းကို တိုက်ခိုက်ရန် ပြင်ဆင်လာကြသည်။

လုပ်ကြံသူတစ်ယောက်က ဒူးလေးတစ်လက်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

ထိုအချိန်မှာပင် ကျောက်ခဲတစ်လုံးက သူ့မျက်နှာတည့်တည့်သို့ ရုတ်တရက်လာမှန်လေသည်။

ချက်ချင်းပင် သူ့နှာခေါင်းရိုး ကျိုးသွားတော့သည်။

"ဒါ ဘယ်လိုလက်နက်လဲကွ"

"ဒါ လက်နက်မဟုတ်ဘူး။ ဟိုကောင် လှမ်းပစ်နေတဲ့ ကျောက်ခဲတွေ"

ယဲ့ချန်း၏ ကျောက်ခဲပစ်ချက်တိကျမှုမှာ လုံးဝကွက်တိပင်။

လူမိုက်များမှာ သနားစရာ ကောင်းလှပေသည်။ ယဲ့ချန်းနားသို့ မကပ်နိုင်ခင်မှာပင် သူတို့ထဲက ထက်ဝက်ကျော်မှာ လဲကျနေချေပြီ။ သူ့အနား ရောက်လာသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခံလိုက်ရသည်။

သောက်ကျိုးနည်း... ဒီကောင်က ကျောက်ခဲပစ်တာ တော်ရုံတင်မကဘူး။ လူချင်းယှဉ်ချတဲ့နေရာမှာလည်း တကယ်ကြောက်စရာကောင်းတာပဲ...

ထူးခြားသည်မှာ ယဲ့ချန်းသည် အားစိုက်ထုတ်ရဟန်ပင် မရှိဘဲ ဤလူမိုက်များကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့သည်။

ရှောင်ရှန်း၏ လူများလည်း အလားတူပင် ဆွံ့အသွားကြသည်။ သူတို့က ကူညီပေးရန်အတွက် အပြင်သို့ ပြေးထွက်ဖို့ ရည်ရွယ်ထားသော်လည်း ယဲ့ချန်းတစ်ယောက်တည်းနှင့်တင် အားလုံးပြီးနေကြောင်း တွေ့လိုက်ရသည်။

အရေးအကြီးဆုံးအချက်မှာ သူသည် တစ်ချက်မှဒဏ်ရာမရခဲ့သည့်အပြင် အားစိုက်ထုတ်စရာပင် မလိုခဲ့ပေ။

ကျန်လူမိုက်များမှာ အရှေ့သို့ မတိုးရဲကြတော့ဘဲ ပုန်းကွယ်နေကြတော့သည်။

သို့သော် သူတို့ လူလုံးထွက်ပြလိုက်တိုင်း ယဲ့ချန်း၏ ကျောက်ခဲများက သူတို့၏ခေါင်းကို တည့်တည့်လာမှန်လေသည်။

ဒီကောင်လေးက တော်တော်မတရားဘူး... သူတို့ ဘယ်လိုလုပ်ယှဉ်နိုင်တော့မှာလဲ...

တစ်ချိန်တည်းမှာပင် ကျန်လုပ်ကြံသူများလည်း ငြိမ်မနေနိုင်ကြတော့ပေ။

သူတို့၏တာဝန်မှာ ယဲ့ချန်းကို ချေမှုန်းရန်ဖြစ်သော်လည်း ယခု သူပြသလိုက်သောအစွမ်းမှာ သည်အတိုင်းလွှတ်ထားရန်လည်း အလွန်ကြောက်စရာကောင်းလွန်းလှသည်။

လုပ်ကြံသူများမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ယဲ့ချန်းကို သတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဤမျှအစွမ်းထက်သော ရန်သူမျိုးကို ရင်ဆိုင်ရသည်မှာ အလွန်စိတ်ဖိစီးစရာကောင်းလှသည်။

ဤလုပ်ကြံသူများမှာ အဖွဲ့အစည်းအတွင်းရှိ အထူးချွန်ဆုံး လူတော်များ ဖြစ်ကြသည်။

ယခုမူ လုပ်ကြံသူများသည် အရပ်လေးမျက်နှာမှ ယဲ့ချန်းထံသို့ တစ်ပြိုင်နက် ပြေးဝင်တိုက်ခိုက်ကြတော့သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့၏အနောက်မှ အခြားအုပ်စုတစ်စု ပေါ်ထွက်လာခဲ့သည်။

ထိုလူများမှာ နဂါးသံချပ်ကာအဖွဲ့မှ အထူးတိုက်ခိုက်ရေးသမားများနှင့် ရှောင်ရှန်း၏ လက်အောက်ငယ်သားများ ဖြစ်ပြီး လူအင်အားချင်းလည်း အပြတ်အသတ်သာလွန်နေပေသည်။

ထိုအခါမှသာ လုပ်ကြံသူများလည်း ထောင်ချောက်ထဲသို့ ကျရောက်သွားသူမှာ ယဲ့ချန်းမဟုတ်ပါဘဲ သူတို့ကိုယ်တိုင် ဖြစ်နေကြောင်း သဘောပေါက်သွားကြတော့သည်။

လုပ်ကြံသူများ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် ယဲ့ချန်း၏လက်ထဲရှိ ကျောက်ခဲများ ပျံသန်းလာသည်။

ဘုန်း... ဘုန်း...

ရှေ့ဆုံးရှိ လုပ်ကြံသူနှစ်ဦးမှာ ချက်ချင်းပင် လဲကျသွားတော့သည်။

ထို့နောက် နဂါးသံချပ်ကာနှင့် ရှောင်ရှန်း၏အဖွဲ့က အရှေ့သို့ အလုံးအရင်းဖြင့် ချီတက်၍ ကျန်ရှိနေသေးသော လုပ်ကြံသူများကို ဖမ်းဆီးလိုက်ကြသည်။

မူလအစီအစဉ်မှာ ယဲ့ချန်းအတွက် ကျင်းတူးရန်ဖြစ်သော်လည်း ထိုအစား သူတို့ကိုယ်တိုင်သာ သူ့ထောင်ချောက်ထဲသို့ သက်ဆင်းခဲ့ရသည်။

ဖမ်းဆီးရမိသူများကို ကားပေါ်သို့ တင်လိုက်ကြပြီး ညမှောင်မှောင်ထဲတွင် ကားများမှာ မောင်းထွက်၍ ပျောက်ကွယ်သွားကြသည်။

ရှောင်ရှန်း၏ လုပ်ကြံသူအဖွဲ့တွင် သတင်းအချက်အလက် နှိုက်ယူရန်အတွက် အလွန် ထူးခြားသော နည်းလမ်းတစ်ခုရှိသည်။

ဤလုပ်ကြံသူများကို ဖမ်းဆီးရမိပြီးနောက် ထွက်ပြေးသွားသော လုပ်ကြံသူထံသို့ သတင်းရောက်သွားတော့မည်ဖြစ်ကြောင်း ယဲ့ချန်း နားလည်ထားသည်။

ယဲ့ချန်းလည်း ဖမ်းမိထားသော လုပ်ကြံသူတစ်ယောက်၏ ပါးစပ်ထဲမှ ဖုန်းနံပါတ်ကို နှိုက်ယူလိုက်ပြီးနောက် နှင်းဝံပုလွေလုပ်ကြံသူထံသို့ ဖုန်းခေါ်လိုက်သည်။

"အစ်ကိုဝံပုလွေ... ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားတာ တော်တော်အထင်ကြီးချင်စရာကောင်းပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက မင်းရဲ့ညီအစ်ကိုတွေက ငါ့လက်ထဲကို ရောက်နေပြီ"

ယဲ့ချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝံပုလွေခမျာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။

••••••••••••••••••••••••••••

All Chapters