← Chapters

အခန်း ၆၇၂

Vol. 45 Ch. 672

အခန်း ၆၇၂

Vol. 45 Ch. 672

အပိုင်း ၆၇၂ : သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း

ကြီးကျယ်ခမ်းနားသော ဤအောင်ပွဲကြောင့် အထက်လူကြီးများပင် တအံ့တသြဖြစ်သွားလေသည်။

ရဲတပ်ဖွဲ့က နှင်းဝံပုလွေကို နှိမ်နင်းရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် ယဲ့ချန်းနှင့် ရှောင်ရှန်းတို့က သုံးရက်တည်းဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။

အကယ်၍ ဤသည်မှာ ရှောင်ရှန်းအတွက် စာမေးပွဲတစ်ခုဆိုလျှင် ဤအဖြေလွှာ၏အမှတ်က အပြည့်ရသည်ဟု ဆိုနိုင်ပေသည်။

ရှောင်ရှန်းက ယဲ့ချန်းကို အလွန်ကျေးဇူးတင်နေပြီး သူ(မ)နှင့်အတူ နဂါးတပ်ဖွဲ့သို့ ဝင်ရောက်ရန်ပင် ဖိတ်ခေါ်ခဲ့သေးသည်။

သို့သော် ယဲ့ချန်းကတော့ ငြင်းဆန်ခဲ့သည်။

ယဲ့ချန်း၏အမြင်တွင်မူ သူ့တွင် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေပေသည်။ ၎င်းမှာ တက္ကစီမောင်းရန်ပင်။

ထိုအချိန်တွင် မိုတုမြို့ရှိ အဝေးပြေးလမ်းမတစ်ခုပေါ်၌ ကားတစ်စီးက အရှိန်ပြင်းပြင်း မောင်းနှင်လာသည်။

ရုတ်တရက်ဆိုသလို လမ်းကြားထဲမှ ကုန်တင်ကားတစ်စီး ထွက်လာပြီး လမ်းကို ပိတ်ရပ်လိုက်သည်။

ထိုကားလည်း အရေးပေါ်ဘရိတ်အုပ်ပြီး နောက်ပြန်လှည့်ရန် ကြိုးစားလိုက်သည်။

သို့သော် အနောက်လမ်းကိုလည်း ဗင်ကားတစ်စီးက ပိတ်ထားပြန်သည်။

"သေစမ်း"

ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကား အနည်းငယ် ပျက်ယွင်းသွားသည်။

ကားထဲတွင်မူ မိန်းကလေးတစ်ယောက်၏ မျက်နှာက အလွန်မှုန်ကုပ်နေသည်။

"အစ်ကိုကြီးက ငါ့ကို အခုထိ အကွက်ဆင်တိုက်ခိုက်ဦးမယ်လို့ မထင်ထားဘူး"

"ကားပေါ်ကဆင်း။ သခင်မလေးကိုခေါ်ပြီး ဖောက်ထွက်ကြ"

တောင့်တင်းခိုင်မာသော လူသန်ကြီးတစ်ယောက်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

ထိုလူသန်ကြီးနှင့် မိန်းကလေးတို့ ကားပေါ်က ဆင်းလာပြီးနောက် တစ်ဖက်ရှိ မျက်လုံးတစ်ဖက်နှင့်လူက မိန်းကလေးကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက် အပြုံးတစ်ပွင့် ပေါ်လာ​လေသည်။

"သခင်မလေး တောင်းပန်ပါတယ်။ သခင်လေးက မင်းအသက်ကို နှုတ်ယူဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ။ မင်းကို သတ်မယ့်သူက မရဏလုပ်ကြံသတ်ဖြတ်သူမိစ္ဆာဓားပဲ"

စကားဆုံးသည်နှင့် မိစ္ဆာဓား၏ ခန္ဓာကိုယ်က မိန်းကလေးဆီသို့ လျှပ်စီးအလား တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

လူသန်ကြီးကမူ အော်ဟစ်လိုက်သည်။

"တိုက်ခိုက်ကြ"

သူ့အနောက်မှ သက်တော်စောင့်နှစ်ယောက်က အပြေးအလွှား ဝင်သွားကြသည်။

ရွှစ် ရွှစ်

သွေးများ ပန်းထွက်ပြီးနောက် ထိုသက်တော်စောင့်နှစ်ယောက်မှာ သွေးအိုင်ထဲသို့ လဲကျသွားချေသည်။

"သေစမ်း"

မြေပြင်ပေါ်ရှိ သက်တော်စောင့်နှစ်ယောက်ကို မြင်လိုက်ရသောအခါ လူသန်ကြီး၏ မျက်နှာက တင်းမာသွားသည်။

"သခင်မလေး... မြန်မြန်ပြေးတော့။ ကျွန်တော် သူ့ကို တားထားလိုက်မယ်"

လူသန်ကြီးက မိန်းကလေးကို တွန်းထုတ်ပြီး လက်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်ကာ လုပ်ကြံသတ်ဖြတ်သူထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်များမှာ အချင်းချင်းဖြတ်သန်းသွားပြီးနောက် လူသန်ကြီး၏ လက်မှ သွေးများ ယိုစီးလာပြီး မြေပြင်ပေါ်သို့ 'ဘိုင်း'ခနဲ လဲကျသွားတော့သည်။

တစ်ချက်တည်းဖြင့် အသေသတ်လိုက်ခြင်းပင်။

စုန့်ချန်ချန်ခမျာ မြေပြင်ပေါ်ရှိ လူသန်ကြီးကို ဖြူရော်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"ဦးလေးဝေ့"

မိစ္ဆာဓားက ထိုမိန်းကလေးကို အေးစက်ခက်ထန်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"အာ... ဒီလောက်လှတဲ့ ကောင်မလေးကို သတ်ပစ်ရမှာ နှမြောစရာပဲ..."

ထိုအချိန်မှာပင် စူးရှသော ကားမီးရောင်များနှင့်အတူ ကားတစ်စီး ချဉ်းကပ်လာသည်။

ကားရပ်သွားပြီးနောက် လူငယ်တစ်ယောက် ကားပေါ်က ဆင်းလာသည်။

ယဲ့ချန်းက အစပိုင်းတွင် ယာဉ်တိုက်မှုတစ်ခုဟု ထင်ခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်နှာမှာ တောင့်တင်းသွားရသည်။

သောက်ကျိုးနည်း... ဒါတော့ လွန်သွားပြီ။

ထိုအချိန်တွင် လူမိုက်တစ်ယောက်က ဓားကိုင်၍ တုန်ရီနေသော မိန်းကလေးတစ်​ယောက်ကို မျက်နှာမူထားသည်။

စုန့်ချန်ချန်လည်း ငေးကြောင်ပြီး ရပ်နေသော ယဲ့ချန်းကို မြင်လိုက်ရသဖြင့် လက်ကို အလျင်အမြန် ဝေ့ယမ်းပြလိုက်သည်။

"မြန်မြန်မောင်းပြေးတော့။ မဟုတ်ရင် ရှင်ပါ သေလိမ့်မယ်"

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက လမ်းသွားလမ်းလာ တစ်ယောက်သာ ဖြစ်၏။

လူတွေအများကြီး သေဆုံးခဲ့ပြီးပြီဖြစ်၍ ဤလူငယ်ကိုပါ မပတ်သက်စေချင်တော့ပေ။

သို့သော် မိစ္ဆာဓားက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"နောက်ကျသွားပြီ။ သူ ငါ့မျက်နှာကို မြင်သွားပြီမို့ သေကိုသေရမယ်"

ထိုသို့ပြောပြီးနောက် မိစ္ဆာဓားသည် သွေးစွန်းနေသော ဓားကိုကိုင်၍ ယဲ့ချန်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ရွှစ်!

ရန်သူ၏ဓားက ယဲ့ချန်းဆီသို့ ရုတ်တရက် တိုးဝင်လာသည်။

သို့သော် ယဲ့ချန်းကမူ ကြောက်လန့်ပြီး အရူးတစ်ယောက်လို ထိုနေရာမှာပင် ရပ်နေခဲ့သည်။

စုန့်ချန်ချန်လည်း ကူကယ်ရာမဲ့စွာ မျက်လုံးမှိတ်ထားလိုက်သည်။

ဤမြင်ကွင်းကြောင့် ယဲ့ချန်းမှာ ကြောက်လန့်နေသော လမ်းသွားလမ်းလာအရူးတစ်ယောက်နှင့် တူသွားလေသည်။ သူ့တုံ့ပြန်မှုကလည်း အလွန်သာမန်ဆန်လွန်းနေချေသည်။

သို့သော် သူ(မ)က အစကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးသတ်ကိုမူ မသိခဲ့ပေ။

ဒိုင်း!

ဗလုံးဗထွေးအသံတစ်သံနှင့်အတူ မိစ္ဆာဓား၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုအလား အနောက်သို့ လွင့်ထွက်သွားကြောင်း မြင်လိုက်ရသည်။

ယဲ့ချန်းကမူ အမိုက်စား ဘေးတိုက်ကန်ချက်ပုံစံဖြင့် ရပ်နေဆဲပင်။

"ဟွားနိုင်ငံက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းကွ။ မင်းလိုလူယုတ်မာကောင်က ဓားကိုင်ပြီး လူသတ်ဖို့ လုပ်နေတယ်ဆိုတော့ သေချင်နေတာပဲ"

စုန့်ချန်ချန် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယဲ့ချန်းမှာ အထိအခိုက်မရှိပါဘဲ မိစ္ဆာဓားမှာမူ ကန်ထုတ်ခံရသဖြင့် မြေပြင်ပေါ်တွင် သွေးအန်ကာ လဲကျနေသည်ကို မြင်လိုက်ရ၏။

ဒါက...

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုန့်ချန်ချန်ခမျာ အံ့ဩမှင်တက်သွားသည်။

မိစ္ဆာဓားက ဘယ်လိုလူစားမျိုးလဲဆိုသည်ကို သူ(မ) ကောင်းကောင်းသိသည်။ ဤလူက သာမန်လူမဟုတ်ပါဘဲ မရဏလုပ်ကြံသတ်ဖြတ်သူတစ်ဦးပင်။

အ​စောက သေဆုံးသွားသော လူနှစ်ယောက်မှာ သူ(မ)၏ဖခင် ငှားရမ်းပေးထားသည့် သက်တော်စောင့်များဖြစ်ပြီး သူတို့ပင် ဤလုပ်ကြံသတ်ဖြတ်သူ၏ တိုက်ကွက်တစ်ကွက်ကို မကာကွယ်နိုင်ခဲ့ပေ။

ဦးလေးဝေ့ဆိုလျှင် အထူးတပ်ဖွဲ့၏ စစ်ဧကရာဇ်တစ်ဦးပင် ဖြစ်ခဲ့ဖူးသည်။ စစ်တပ်ထဲက ထွက်ပြီးနောက် သူ(မ)အဖေ၏ ကိုယ်ပိုင်သက်တော်စောင့်အဖြစ် အမြဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သော်လည်း မိစ္ဆာဓား၏ တစ်ချက်တည်းသော တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည်။

သို့သော် ထိုမျှအစွမ်းထက်သောလူမှာ ယဲ့ချန်း၏ ကန်ချက်ကြောင့် လဲကျသွားသည်။

ယဲ့ချန်းက စုန့်ချန်ချန်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။

"အာ... ၁၁၀ကို ဖုန်းဆက်ပေးလို့ရမလား။ ငါ့ဖုန်းက အားကုန်နေလို့"

ထိုအခါမှသာ စုန့်ချန်ချန် သတိပြန်ဝင်လာခဲ့သည်။

"ဟုတ်ကဲ့"

မကြာခင်မှာပင် ကျိုးစုစုသည် ရဲတပ်ဖွဲ့နှင့်အတူ ရောက်လာခဲ့သည်။

မြေပြင်ပေါ်တွင် လဲကျနေသော မိစ္ဆာဓားကို မြင်သောအခါ ကျိုးစုစု အံ့အားသင့်သွားသည်။

"ယဲ့ချန်း... ရှင်ဖမ်းမိလိုက်တာ ဘယ်လိုလူစားမျိုးလဲဆိုတာ သိရဲ့လား။ သူက နိုင်ငံတကာကနေ အေအဆင့်နဲ့ အလိုရှိနေတဲ့ ရာဇဝတ်ကောင် မိစ္ဆာဓားပဲ။ ပြီးတော့ သူ့အတွက် ဆုငွေကလည်း အမေရိကန်ဒေါ်လာဆယ်သန်းအထိ ရှိနေပြီ"

"သေစမ်း... ဒီကောင်က အဲဒီလောက်တောင် တန်ဖိုးရှိတာလား"

ယဲ့ချန်းလည်း မှင်တက်သွားသည်။

အစက သူသည် မတရားမှုကို မခံနိုင်၍ ဝင်ရောက်ကူညီခဲ့ခြင်းသာဖြစ်ပြီး အမေရိကန်ဒေါ်လာဆယ်သန်းတန် ဆုငွေကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ထွက်ဆိုချက်ပေးပြီးနောက် ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ ရဲစခန်းမှ ထွက်လာခဲ့ကြသည်။

"မင်း ဘယ်သွားမှာလဲ။ ငါ လိုက်ပို့ပေးမယ်လေ"

စုန့်ချန်ချန် ခေါင်းညိတ်လိုက်သည်။

"ကျွန်မ တာ့စုန့်လုပ်ငန်းစုကို သွားချင်ပါတယ်"

"ကောင်းပြီလေ။ သေချာထိုင်"

ယဲ့ချန်းလည်း တာ့စုန့်လုပ်ငန်းစုဆီသို့ မောင်းသွားခဲ့သည်။

တာ့စုန့်လုပ်ငန်းစုသည် မိုတုမြို့ရှိ ထိပ်တန်းလုပ်ငန်းစုကြီးဆယ်ခုတွင် တစ်ခုအပါအဝင်ဖြစ်၏။

အိမ်ခြံမြေ၊ စားသောက်ကုန်လုပ်ငန်း၊ ဖျော်ဖြေရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သည်။

စုန့်ချန်ချန်က ကျေးဇူးတင်စကားဆိုလိုက်သည်။

"ဒီနေ့ကိစ္စအတွက် တကယ်ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ရပါတယ်။ ကိုယ်တိုင်လည်း ကြုံလိုက်ရပြီဆိုရင် ဒီလိုကောင်မျိုးတွေက တရားဥပဒေအရ အပြစ်ပေးခံရသင့်တာပေါ့"

ဤအမျိုးသမီးနှင့်ပတ်သက်၍ ကိုယ်ရေးအကျဉ်းစနစ်မှတစ်ဆင့် သူ(မ)၏ အခြေအနေကို ယဲ့ချန်း သိထားပြီးဖြစ်၏။

တကယ်တမ်းတွင် ဤသည်မှာ မိသားစုကြီးတစ်ခု၏ နောက်ထပ်အားပြိုင်မှုတစ်ခုပင်။

စုန့်မိသားစုမှာ ကျိုတိုမြို့ရှိ ထိပ်တန်းမိသားစုဆယ်ခုတွင်လည်း ပါဝင်သည်။

သို့သော် မကြာသေးခင်က ကြီးမားလှသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။

စုန့်မိသားစု၏ခေါင်းဆောင် စုန့်ယွီမှာ ရုတ်တရက် ဖျားနာသွားသည်။

အစကတော့ ဤသည်မှာ သာမန်ကိစ္စတစ်ခုဖြစ်သော်ငြား စုန့်ချန်ချန်ခမျာ လျှို့ဝှက်ချက်တစ်ခုကို မတော်တဆ ကြားသိခဲ့ရသည်။

သူ(မ)အဖေ၏ ဖျားနာမှုမှာ သူ(မ)၏အစ်ကိုကြီး စုန့်မင်ကြောင့်ဖြစ်၏။ သူသည် ဆရာဝန်တစ်ယောက်အား ဖခင်ဖြစ်သူ၏ အစားအသောက်ထဲသို့ ဖြည်းဖြည်းချင်း အာနိသင်ပြသည့် အဆိပ်တစ်ခုကို ထည့်ခိုင်းခဲ့သည်။

ထို့ပြင် စုန့်မင်သည် နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ တရားမဝင်စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေပေသည်။

စုန့်ချန်ချန်က ထိုစာရွက်စာတမ်းများကို ရုံးခန်းထဲက ခိုးယူလာခဲ့ပြီး သူ(မ၏ ဒုတိယအစ်ကိုဖြစ်သူနှင့် ဆွေးနွေးရန် မိုတုမြို့သို့ လာခဲ့ခြင်းပင်။

သူ(မ)၏ ဒုတိယအစ်ကိုမှာ ငယ်စဉ်ကတည်းက သူ(မ)ကို အလိုလိုက်ချစ်ခင်ခဲ့သဖြင့် သူ့အကူအညီဖြင့်သာဆိုလျှင် အစ်ကိုကြီးကို သေချာပေါက် ဖြုတ်ချနိုင်မည်ဖြစ်ပြီး စုန့်မိသားစုကိုလည်း လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိစေနိုင်လိမ့်မည်။

ဤကိစ္စကို သိထားသော်လည်း ဤသည်မှာ မိသားစုအတွင်း ပဋိပက္ခတစ်ခုဖြစ်သဖြင့် ယဲ့ချန်းအနေနှင့် ပါဝင်ပတ်သက်ရန် စိတ်မဝင်စားပေ။

စုန့်ချန်ချန်က ရုတ်တရက်ပြောလာလေသည်။

"ဆရာ... ကျွန်မ ရှင့်ကို သက်တော်စောင့်အဖြစ် ငှားလို့ရမလား"

ယဲ့ချန်း၏ အထင်ကြီးလောက်စရာ တိုက်ခိုက်ရေးစွမ်းရည်များကို မြင်တွေ့ခဲ့ရသဖြင့် စုန့်ချန်ချန် အံ့အားသင့်မိသည်။

အစ်ကိုကြီးက သူ(မ)ကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပါဘဲ နှုတ်ပိတ်ရန်အတွက် သေချာပေါက် သတ်ဖြတ်လိမ့်မည်ဖြစ်ကြောင်း စုန့်ချန်ချန် ကောင်းကောင်းသိသည်။ ထို့ကြောင့် ယဲ့ချန်းအား သူ(မ)၏ သက်တော်စောင့်အဖြစ် ငှားရမ်းရန် တွေးလိုက်ခြင်းပင်။

ယဲ့ချန်းကမူ ဤစကားကို ကြားပြီးနောက် ချက်ချင်း ခေါင်းယမ်းပြလိုက်သည်။

"ဆောရီး... ကျွန်တော်က အေးအေးချမ်းချမ်း ကားပဲမောင်းချင်လို့ပါ"

ထိုအချိန်တွင် ယဲ့ချန်းသည် တာ့စုန့်လုပ်ငန်းစုရှေ့တွင် ကားရပ်လိုက်သည်။

"မိန်းက​လေး... ကျွန်တော်တို့ ရောက်ပါပြီ။ ဖြစ်နိုင်ရင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေး ပေးသွားပါဦး"

စုန့်ချန်ချန်မှာ ခါးသက်သက် ရယ်မောလိုက်သည်။ သူ(မ)၏ သက်တော်စောင့်လုပ်ရခြင်းမှာ အလွန်အန္တရာယ်များလှသဖြင့် ယဲ့ချန်း၏ ရွေးချယ်မှုအပေါ် သူ(မ)လည်း ဘာမှမပြောသာပေ။

သူ(မ)မှာ ဖုန်းထုတ်၍ ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။

"တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးကြိမ်မြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စနစ်ရဲ့ ဆုလာဘ်အဖြစ် နတ်ဘုရားအဆင့်သက်တော်စောင့်စွမ်းရည်ကို ရရှိပါတယ်"

နတ်ဘုရားအဆင့် သက်တော်စောင့်စွမ်းရည်များမှာ အကြားအာရုံ +၁၀၊ အမြင်အာရုံ +၁၀၊ အန္တရာယ်အာရုံခံနိုင်စွမ်း +၁၀၊ တိုက်ခိုက်ရေးစွမ်းရည် +၁၀ တို့ပင်။

ယဲ့ချန်း အံ့အားသင့်သွားလေသည်။ ဤဆုလာဘ်က အလွန်ကောင်းမွန်လှပေသည်။

စုန့်ချန်ချန်က ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။

"ဆရာ... ကျွန်မ ရှင့်ကို လစာအများကြီး ပေးနိုင်ပါတယ်။ ပြန်မစဉ်းစားတော့ဘူးလား"

ယဲ့ချန်းမှာမူ ငြင်းဆန်ချင်ရုံသာ ရှိသေးသော်လည်း ထိုအချိန်တွင် သူ့စိတ်ထဲ၌ စနစ်၏အသံက ရုတ်တရက် ပေါ်ထွက်လာသည်။

[တင်! တက္ကစီရွေးချယ်မှုစနစ် စတင်ပါပြီ။ အပတ်စဉ် အထူးအရည်အသွေးရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ တွေ့ဆုံရပါမယ်။ ရွေးချယ်မှုတာဝန်ကို ပြီးမြောက်ပါက အမြင့်ဆုံးဆုလာဘ်ကို ရရှိပြီး ပိုင်ရှင့်ကို ကမ္ဘာကျော်သူဌေးကြီးတစ်ယောက် ဖြစ်လာစေဖို့ ကူညီပေးပါလိမ့်မယ်]

•••••••••••••••••••••••••••••

All Chapters