← Chapters

အခန်း ၆၇၃

Vol. 45 Ch. 673

အခန်း ၆၇၃

Vol. 45 Ch. 673

အပိုင်း ၆၇၃ : ရှင်သာ အပြင်ထွက်နေလိုက်

[တင်! တက္ကစီရွေးချယ်မှုစနစ် စတင်ပါပြီ။ အပတ်စဉ် အထူးအရည်အသွေးရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ တွေ့ဆုံရပါမယ်။ ရွေးချယ်မှုတာဝန်ကို ပြီးမြောက်ပါက အမြင့်ဆုံးဆုလာဘ်ကို ရရှိပြီး ပိုင်ရှင့်ကို ကမ္ဘာကျော်သူဌေးကြီးတစ်ယောက် ဖြစ်လာစေဖို့ ကူညီပေးပါလိမ့်မယ်]

[တင်! စုန့်ချန်ချန်ရဲ့ သက်တော်စောင့်အဖြစ် ခံယူပြီး သူမကို စုန့်မိသားစုရဲ့ အကြီးအကဲဖြစ်လာအောင် ကူညီပေးရပါမယ်။ တာဝန်အောင်မြင်ပါက ဆုလာဘ်ရရှိပါမယ်။ တာဝန်ရှုံးနိမ့်ပါက တစ်နှစ်တိတိ ဝမ်းလျှောခြင်းဝေဒနာကို ခံစားရပါမယ်]

ဤမက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ယဲ့ချန်း မှင်တက်သွားသည်။ ယခုတစ်ကြိမ်တွင်မူ ရွေးချယ်စရာတာဝန်မျိုးမဟုတ်ပါဘဲ အပြစ်ဒဏ်ပါရှိသည့် ပုံမှန်တာဝန်တစ်ခု ဖြစ်နေပေသည်။

သောက်ကျိုးနည်း... တစ်နှစ်လုံး ဝမ်းလျှောနေရမယ်ဆိုရင် လူသေသွားနိုင်တယ်လေ။

စုန့်ချန်ချန်ခမျာ စိတ်ပျက်လက်ပျက်ဖြင့် ကားပေါ်ကဆင်းရန် ပြင်နေစဉ်မှာပင် ယဲ့ချန်းက ဆိုလာလေသည်။

"ကောင်းပြီလေ... မင်းရဲ့တောင်းဆိုမှုကို ငါ သဘောတူတယ်"

ယဲ့ချန်း၏ စကားကို ကြားလိုက်ရချိန်ဝယ် စုန့်ချန်ချန်မှာ အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် မျက်နှာထက်၌ စိတ်လှုပ်ရှားဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ရှင် တကယ်ပြောနေတာလား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"တကယ်ပြောတာပေါ့။ ဒါပေမဲ့ ကြိုသတိပေးထားရမယ်။ ငါ့ရဲ့လုပ်အားခက တော်တော်များတယ်နော်"

စုန့်ချန်ချန်က ဆို၏။

"ရှင်က ကျွန်မရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။ ငွေရေးကြေးရေးက ပြဿနာမဟုတ်ပါဘူး"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။

သာမန်ဆိုလျှင် ဤစနစ်၏တာဝန်သာ မရှိပါက သူ့အနေနှင့် ဤကဲ့သို့သော အရှုပ်ထုပ်ကိစ္စများတွင် ပါဝင်ပတ်သက်ရန် စိတ်ကူးရှိမည်မဟုတ်ပေ။

သေစမ်း... စနစ်က ဗားရှင်း၂.၀အထိ မြှင့်တင်လိုက်ပြီလား။

တာဝန်ပေးအပ်တဲ့ ပုံစံပါ ပြောင်းသွားပြီပဲ...

သူတို့နှစ်ယောက်သား စုန့်လုပ်ငန်းစုသို့ ရောက်လာသောအခါ လုံခြုံရေးဝန်ထမ်းများက သူတို့ကို တားလိုက်ကြသည်။

စုန့်ချန်ချန်က အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ငါက စုန့်ဝေ့ရဲ့ ညီမပဲ"

စုန့်ချန်ချန်၏ စကားကို ကြားရသောအခါ လုံခြုံရေးဝန်ထမ်းက အတွင်းရေးမှူးရုံးခန်းသို့ ချက်ချင်းဖုန်းလှမ်းဆက်လိုက်သည်။

မကြာခင်မှာပင် ရုံးဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသည့် အတွင်းရေးမှူးမလေးတစ်ယောက်က အပြေးအလွှား ထွက်လာခဲ့သည်။

"မင်္ဂလာပါ မိန်းကလေးစုန့်ချန်ချန်... ကျွန်မက ဥက္ကဋ္ဌစုန့်ရဲ့ အတွင်းရေးမှူးပါ။ အခု ဥက္ကဋ္ဌစုန့်က အစည်းအဝေးလုပ်နေလို့ ဧည့်ခန်းမှာ ခဏလောက် စောင့်ပေးပါနော်"

စုန့်ချန်ချန် ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ရုတ်တရက် ကောက်မေးလိုက်၏။

"မင်းရဲ့ ဒုတိယအစ်ကိုက မင်းကို တကယ်ကူညီပေးမယ်လို့ ထင်လို့လား"

စုန့်ချန်ချန်က ခေါင်းညိတ်ပြလေသည်။

"ဒုတိယအစ်ကိုက ငယ်ငယ်ကတည်းက ကျွန်မကို အမြဲအလိုလိုက်ပြီးချစ်ခဲ့တာ။ အစ်ကိုကြီးလုပ်ထားတဲ့ ကိစ္စတွေကို သိရင် သူ သေချာပေါက်ကူညီမှာပါ"

ယဲ့ချန်းက မေးလိုက်ပြန်သည်။

"မင်းအစ်ကိုကြီးက တရားမဝင်လုပ်ငန်းတွေ လုပ်နေတယ်လို့ သံသယရှိတယ်ဆိုရင်လည်း ရဲကို ဘာလို့ မဖမ်းခိုင်းတာလဲ"

စုန့်ချန်ချန် သက်ပြင်းချလိုက်မိသည်။

"ဒါက မိသားစုကိစ္စ ဖြစ်နေလို့လေ။ ရဲကို အကြောင်းကြားလိုက်ရင် စုန့်မိသားစုပဲ သိက္ခာကျပြီး နစ်နာလိမ့်မယ်။ ပြီးတော့ ကျွန်မဆီမှာရှိတဲ့ သက်သေတွေကလည်း အစ်ကိုကြီးကို ထောင်ချဖို့အထိ မလုံလောက်သေးဘူး"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။

"ဪ... သဘောပေါက်ပြီ"

ခဏအကြာတွင် ဧည့်ခန်းတံခါး ပွင့်သွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဝင်လာလေသည်။

"ချန်ချန်... မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"

စုန့်ချန်ချန်ကို မြင်လိုက်ရသောအခါ စုန့်ဝေ့၏ မျက်နှာထက်တွင် ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်သွားသည်။

မိမိ၏ ဒုက္ခဆင်းရဲများကို တွေးမိသောအခါ စုန့်ချန်ချန်လည်း သူ(မ)အစ်ကို၏ ရင်ခွင်ထဲသို့ ပြေးဝင်ပြီး ငိုချလိုက်တော့သည်။

စုန့်ဝေ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ။ အစ်ကို့ကိုပြော

သူတို့ကို အသာလွှတ်မထားဘူး"

စုန့်ချန်ချန်က သက်ပြင်းချလိုက်လေသည်။

"အစ်ကိုကြီးလေ"

"အစ်ကိုကြီးလား... ဘာတွေဖြစ်လို့လဲ"

စုန့်ဝေ့က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

စုန့်ချန်ချန်ကလည်း အစ်ကိုကြီးသည် အဖေ့အား မည်သို့အဆိပ်ခတ်ခဲ့ကြောင်းနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း အစအဆုံး ပြန်ပြောပြလိုက်သည်။

ဒုန်း!

စုန့်ဝေ့က စားပွဲကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။

"အစ်ကိုကြီးကတော့ လွန်လွန်းနေပြီ။ ငါ သူ့ကို သေချာပေါက်တားမယ်။ ညီမလေး... မင်း ဒီမှာ စိတ်ချလက်ချနေ။ ဒီကိစ္စတွေကို အစ်ကိုပဲ အားလုံး ကိုင်တွယ်ဖြေရှင်းလိုက်မယ်"

သူ(မ)ဒုတိယအစ်ကို၏ သဘောထားကို မြင်လိုက်ရချိန်ဝယ် စုန့်ချန်ချန်တစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်သွားသည်။

သို့သော် ယဲ့ချန်းကတော့ တုံးအလှသော ဤမိန်းကလေးကို ကြည့်ပြီး စိတ်ထဲမှ တိတ်တဆိတ် ခေါင်းယမ်းနေမိသည်။

စုန့်ဝေ့က ပြုံးလိုက်၏။

"ချန်ချန်... ဒီည ရှောင်ဖေးနဲ့ သူငယ်ချင်းတွေက ပွဲလေးတစ်ပွဲ လုပ်ဖို့ရှိတယ်။ မင်းလည်း လိုက်ခဲ့ပါလား။ စိတ်ပြေလက်ပျောက် ဖြစ်သွားတာပေါ့"

စုန့်ချန်ချန်လည်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် စုန့်ဝေ့၏ အကြည့်က ယဲ့ချန်းဆီသို့ ကျရောက်လာပြီး မေးခွန်းထုတ်လေတော့သည်။

"ချန်ချန်... ဒီလူက ဘယ်သူလဲ"

စုန့်ချန်ချန်က ပြန်ဖြေလိုက်လေသည်။

"သူက ယဲ့ချန်းတဲ့။ ညီမလေးရဲ့ သက်တော်စောင့်လေ။ ညီမလေးကို သူပဲ ကယ်ခဲ့တာ"

စုန့်ဝေ့သည် ယဲ့ချန်းထံသို့ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်လိုက်၏။

"မစ္စတာယဲ့ချန်း... တကယ်ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် စုန့်ဝေ့သည် ယဲ့ချန်းကို တစ်သိန်းတန် ချက်လက်မှတ်တစ်ခုကို ရေးပေးလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတုံ့ပြန်မှုပါ""

ယဲ့ချန်းက ထိုချက်လက်မှတ်ကို ကြည့်ပြီး ခပ်ဖွဖွရယ်မောလိုက်သည်။

"မင်းရဲ့ညီမက မင်းအတွက် ငွေတစ်သိန်းပဲ တန်တာလား"

ယဲ့ချန်း၏ စကားကြောင့် စုန့်ဝေ့ ကြောင်အသွားပြီး အိုးတိုးအမ်းတမ်းဖြင့် ပြုံးလိုက်သည်။

"ဒါဆို အသစ်တစ်စောင် ပြန်ရေးပေးမယ်လေ"

ယခုတစ်ကြိမ်တွင်မူ ငွေတစ်သန်း ဖြစ်သွားသည်။

ထိုအခါမှသာ ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"အာ... တကယ်ကပ်စေးနှဲတာပဲ။ တာ့စုန့်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌညီမက တစ်သန်းပဲတန်တာလား"

ယဲ့ချန်း၏ စကားကြောင့် စုန့်ဝေ့၏မျက်နှာကား အလွန်ပျက်ယွင်းသွားသည်။

စုန့်ချန်ချန်က ယဲ့ချန်းကို အသာဆွဲလိုက်သည်။

"ယဲ့ချန်း... စိတ်မပူပါနဲ့။ ရှင့်ကို ကျွန်မကိုယ်တိုင် ပေးမှာပါ။ ဒုတိယအစ်ကိုကို စိတ်ညစ်အောင်မလုပ်ပါနဲ့တော့"

စုန့်ဝေ့သည် စိတ်ထဲတွင်မူ အလွန်ဒေါသထွက်နေသော်လည်း မျက်နှာထက်တွင် အပြုံးကို ဆက်ထိန်းထားသည်။

"ညီလေး... ငါ့ညီမလေးကို သေချာစောင့်ရှောက်ပေးပါ။ မင်းကို ထိုက်ထိုက်တန်တန် ဆုချမှာပါ"

စုန့်ဝေ့ ထွက်သွားပြီးနောက် ယဲ့ချန်းက မေးလိုက်လေသည်။

"မင်း မင်းရဲ့ဒုတိယအစ်ကိုကို အဲဒီလောက်တောင် ယုံကြည်တာလား"

စုန့်ချန်ချန်၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်သွားသည်။

"ဒါပေါ့... အစ်ကိုက ကျွန်မကို သိပ်ချစ်တာ"

ယဲ့ချန်းမှာမူ ခပ်တိုးတိုးရယ်မောလိုက်သော်လည်း ဘာမှဆက်မပြောတော့ပေ။

ညနေပိုင်းတွင် ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ ကျင်းဟိုင်ကလပ်သို့ ရောက်လာခဲ့ကြသည်။

သူတို့နှစ်ယောက် သီးသန့်ခန်းတစ်ခန်းထဲသို့ ဝင်လိုက်သောအခါ အခန်းထဲတွင် လူများဖြင့် ပြည့်နှက်နေချေပြီ။

ထိုအချိန်တွင် မိန်းကလေးတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"ချန်ချန်... နောက်ဆုံးတော့ ရောက်လာပြီပဲ"

စားပွဲတွင် ထိုင်နေသော ဟားမ်ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်က စုန့်ချန်ချန်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။

"မင်္ဂလာပါ ချန်ချန်... ငါ့ကို မှတ်မိသေးလား"

စုန့်ချန်ချန်က သူ့ကိုကြည့်ပြီး ခေါင်းယမ်းပြလိုက်၏။

"မမှတ်မိဘူး"

ထိုလူငယ်ခမျာ အိုးတိုးအမ်းတမ်း ဖြစ်သွားလေသည်။

"ကိုယ်က မာဟုန်ပါ။ ပြီးခဲ့တဲ့တစ်ခေါက် အဘိုးစုန့်ရဲ့ မွေးနေ့ပွဲတုန်းက မင်းနဲ့ ဝိုင်ခွက်ချင်းတိုက်ပြီး နှုတ်ဆက်ခဲ့သေးတယ်လေ"

စုန့်ဖေးက ရယ်မောလိုက်လေသည်။

"မာဟုန်... နင်ကလည်း စိတ်လောလှချည်လား။ ငါ နင့်ကို ပြောထားပြီးသားမဟုတ်လား။ ငါ့ညီမကိုလိုက်ဖို့ မလွယ်ဘူးလို့။ တစ်ခါလောက် ဝိုင်ခွက်ချင်း တိုက်ဖူးရုံနဲ့ သူ့ကို အပိုင်ကြံဖို့ တွေးနေတာလား။ ဘာတွေ စိတ်ကူးယဉ်နေတာလဲ"

စုန့်ချန်ချန်က မျက်မှောင်ကြုတ်လိုက်၏။

"ကျွန်မ အခုလောလောဆယ် ရည်းစားထားဖို့ စိတ်ကူးမရှိသေးဘူး။ ပြီးတော့ ရှင့်ကိုလည်း မကြိုက်ဘူး။ ဒါကြောင့် ကျွန်မကို လာမနှောင့်ယှက်ပါနဲ့"

ထိုစကားကြောင့် အခန်းထဲရှိ လူတစ်သိုက်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။ စုန့်ချန်ချန်က ဤမျှအထိ တဲ့တိုးပြောလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

မာဟုန်၏ မျက်နှာထားလည်း အနည်းငယ် ပျက်ယွင်းသွားသော်လည်း ယဉ်ကျေးသည့်အပြုံးကို ဆက်ထိန်းထားသည်။

"ချန်ချန်... ကိုယ် လောသွားလို့ပါ။ ဆောရီး ကဲ... အရင်ဆုံး ထမင်းစားကြရအောင်။ ဒီက ငါးပူတင်းဟင်းက ဒီဆိုင်ရဲ့ နာမည်ကြီးဟင်းလျာပဲ။ တကယ် အရသာရှိတယ်"

စုန့်ချန်ချန် ထိုင်ချလိုက်၏။ ယဲ့ချန်းကလည်း သူ(မ)၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

ထိုအခါမှသာ ထိုလူစုသည် စုန့်ချန်ချန်ဘေးရှိ လူငယ်ကို သတိပြုမိသွားကြသည်။

စုန့်ဖေးက စူးစမ်းလိုဟန်ဖြင့် မေးလိုက်၏။

"ညီမလေး... ဒီလူက ဘယ်သူလဲ"

စုန့်ချန်ချန်ကလည်း ပြန်ဖြေလိုက်၏။

"သူက ကျွန်မရဲ့သက်တော်စောင့် ယဲ့ချန်းပါ"

စုန့်ချန်ချန်က ယဲ့ချန်းကို သက်တော်စောင့်အဖြစ် မိတ်ဆက်ပေးနေကြောင်း ကြားလိုက်ရသောအခါ အချို့လူများ၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

သက်တော်စောင့်ဆိုသည်မှာ အခြေခံအားဖြင့် အစေခံတစ်ယောက်ပင်။

စားပွဲတွင် ထိုင်နေသော လူစုမှာ အတိုင်းအတာတစ်ခုအထိ ချမ်းသာကြွယ်ဝသော မိသားစုများမှ ဆင်းသက်လာကြသူများ ဖြစ်သဖြင့် သက်တော်စောင့်တစ်ယောက်ကို အဖက်လုပ်ရန် စိတ်ကူးမရှိကြပေ။

စုန့်ဖေး၏ မျက်နှာထက်တွင်လည်း စိတ်ပျက်သွားလေဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ယဲ့ချန်းက ရုပ်ချောလွန်းသဖြင့် သူ(မ)မှာ မျိုးရိုးမြင့်အသိုင်းအဝိုင်းမှ သခင်လေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

ရုပ်ချောရုံနဲ့ ဘာလုပ်လို့ရမှာလဲ။ ဒီလောကမှာ ငွေရှိဖို့က အဓိကပဲ။

ကျန်လူများလည်း ယဲ့ချန်းအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။

ထိုအချိန်တွင် လူအုပ်ကြီးသည် သူတို့၏အာရုံကို စုန့်ချန်ချန်ဆီသို့ ပြန်လှည့်လိုက်ကြသည်။

အထူးသဖြင့် မာဟုန်သည် ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ နီးနီးကပ်ကပ် ထိုင်နေသည်ကို မြင်သောအခါ မနာလိုဖြစ်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"သက်တော်စောင့် အစေခံတစ်ယောက်က သခင်တွေနဲ့အတူ တစ်စားပွဲတည်းထိုင်ပြီး စားသောက်ခွင့်ရှိလို့လား"

မာဟုန်၏ စကားကို ကြားသောအခါ ကျန်လူများက နှုတ်ဆိတ်နေကြသော်လည်း ယဲ့ချန်းကိုကြည့်သော အကြည့်များမှာ အထင်အမြင်သေးလေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်မှာ ထင်ရှားလှသည်။

အစေခံဆိုသည်မှာ မိမိနေရာ မိမိသိရပေမည်။ အိမ်ရှင်များ၏ရှေ့တွင် မည်သို့များ လာထိုင်ရဲရလေသလဲ။

အချို့ကမူ ယဲ့ချန်းနှင့် တစ်စားပွဲတည်း အတူတူ ထမင်းစားရခြင်းကိုပင် သိက္ခာကျစရာကိစ္စတစ်ခုဟု ထင်နေကြသည်။

စုန့်ချန်ချန်မှာမူ မျက်မှောင်ကြုတ်လိုက်သည်။

"ယဲ့ချန်းက ကျွန်မရဲ့ အသက်သခ​င်ကျေးဇူးရှင်ဖြစ်သလို ကျွန်မရဲ့သူငယ်ချင်းလည်း ဟုတ်တယ်။ ရှင်သာ အပြင်ထွက်နေလိုက်"

မာဟုန်ခမျာ ကြက်သေသေသွားချေသည်။

စုန့်ချန်ချန်က အစေခံတစ်ယောက်အတွက်နှင့် သူ့ကို ယခုလိုနှင်ထုတ်လိမ့်မည်ဟု ထင်မထားပေ။

•••••••••••••••••••••••••

All Chapters