← Chapters

အခန်း ၆၇၄

Vol. 45 Ch. 674

အခန်း ၆၇၄

Vol. 45 Ch. 674

အပိုင်း ၆၇၄ : ငါးပူတင်းတွေက အဆိပ်ရှိတယ်

ယဲ့ချန်းက သာမန်သက်တော်စောင့်တစ်ယောက်သာ ဖြစ်သော်လည်း မာဟုန်က ထျန်းဟုန်လုပ်ငန်းစု၏ သခင်လေးပင်။

သို့သော် ယဲ့ချန်းက စုန့်ချန်ချန်၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ အခြားလူများလည်း မလေးမစား မလုပ်ရဲကြတော့ပေ။

မာဟုန်ကတော့ စုန့်ချန်ချန်ထံမှ သနားစရာကောင်းလောက်အောင် နှင်ထုတ်ခံလိုက်ရသည်။

မာဟုန်၏ မိသားစုနောက်ခံက အတော်အသင့် ကောင်းမွန်သော်လည်း စုန့်မိသားစုနှင့်တော့ နှိုင်းယှဉ်၍မရနိုင်ပေ။

အခြားလူများ ယဲ့ချန်းကိုကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားသည်။

ယဲ့ချန်းက သက်တော်စောင့်တစ်ယောက်မျှသာ ဖြစ်သော်လည်း စုန့်မိသားစု၏ သမီးကြီးကို အသက်ကယ်ပေးခဲ့သူဖြစ်၍ သူ့အနာဂတ်က တောက်ပနေမည်မှာ သေချာလှသည်။

"ရှင်က ကျွန်မညီမရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။ ကျွန်မရှောင်ဖေး ရှင့်ကို ဝိုင်ခွက်ချင်းတိုက်ပြီး ဂုဏ်ပြုပါတယ်

အခြားသူများကလည်း ယဲ့ချန်းကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်ခွက်ချင်းတိုက်၍ ဂုဏ်ပြုခဲ့ကြသည်။

မာဟုန်ကမူ ယခင်က စုန့်ချန်ချန်ကို လိုက်ပိုးရန် စိတ်ကူးယဉ်ခဲ့သော်လည်း ယခုတော့ သူ့အတွက် အခွင့်အရေး မရှိတော့ပေ။

ယဲ့ချန်းက စာအုပ်လှန်သည်ထက်ပင် သဘောထားပြောင်းလွယ်တတ်သည့် ဤလူများကို စိတ်မဝင်စားပေ။

သူက ငါးပူတင်းတစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ရုံရှိသေး ပြန်ထွေးထုတ်လိုက်သည်။

"ဒီငါးပူတင်းက တစ်ခုခုလွဲနေသလိုပဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း မှင်တက်သွားကြသည်။

"ငါးပူတင်းက တစ်ခုခုဖြစ်နေတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စုန့်ဖေးက ဆိုချေသည်။

"ယဲ့ချန်း... အဲဒါ မဖြစ်နိုင်ပါဘူး။ ဒီက ငါးပူတင်းကို မီချယ်လင်းကြယ်ပွင့်ရထားတဲ့ ကျွန်မတို့ရဲ့ထိပ်တန်းစားဖိုမှူးကိုယ်တိုင် ချက်ထားတာ။ ဘယ်လိုလုပ်ပြီး ပြဿနာရှိနိုင်မှာလဲ"

အခြားလူများကလည်း ခေါင်းခါယမ်းလိုက်သည်။

"ဒီတောသားက အရင်က ငါးပူတင်းမစားဖူးလို့ ဒီလိုမျက်နှာပေးမျိုး လုပ်နေတာဖြစ်မယ်"

စုန့်ဖေးကမူ တစ်ဖတ်ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သေးသည်။

"အင်း... အရသာရှိသားပဲ။ ဒီအရသာလေးကို ငါ သိပ်ကြိုက်တာ"

ယဲ့ချန်း၏ စကားကို မည်သူကမှ မယုံကြည်ကြပေ။

ငါးပူတင်းက အဆိပ်ရှိသည်ဆိုသော်ငြား မီချယ်လင်းကြယ်သုံးပွင့်ရ စားဖိုမှူး၏ ဟင်းလျာတွင် အဘယ်မှာ ပြဿနာရှိနိုင်မည်နည်း။

ထိုလူများက ငါးပူတင်းစားရင်း ယဲ့ချန်းကိုပင် လှောင်ပြောင်လိုက်ကြသေးသည်။

"ယဲ့ချန်း.. မင်း အရင်က ငါးပူတင်းမစားဖူးဘူးထင်တယ်။ စိတ်မပူပါနဲ့။ ဒီက ငါးပူတင်းက အထူးစီမံထားတာမို့ အဆိပ်မရှိနိုင်ပါဘူး"

စုန့်ချန်ချန်က ယဲ့ချန်း၏စကားကို နားထောင်၍ ငါးပူတင်းကို မစားခဲ့သော်လည်း အခြားသူများကမူ အားရပါးရအရသာခံ၍ စားသုံးနေကြသည်။

စုန့်ဖေးက ရယ်မောလိုက်၏။

"ဒီလောက်အရသာရှိတဲ့ အစားအသောက်ကို မစားရင် မင်း နောင်တရလိမ့်မယ်နော်"

သို့သော် စကားအဆုံးတွင် သူ(မ)၏ ဗိုက်ထဲတွင် ပြင်းထန်လှသော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

"လယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခြားသူများ၏ မျက်နှာများလည်း မသက်မသာဖြစ်သွားကြပြီး ဗိုက်ကို ကိုင်ထားလိုက်ကြသည်။

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"အဆိပ်ရှိတယ်လို့ ပြောသားပဲ။ မင်းတို့မှ မယုံကြတာ"

ထိုအချိန်တွင် စုန့်ချန်ချန်လည်း အနည်းငယ်ဗိုက်နာလာသလို ခံစားလိုက်ရသည်။

ယဲ့ချန်း သတိပေးပြီးနောက် သူ(မ) ထပ်မစားခဲ့သော်လည်း မတိုင်ခင်က တစ်ကိုက်စားထားသေးသည်။

သူ(မ) ဗိုက်နာနေသော်လည်း အခြားသူများထက်စာလျှင် အများကြီးသက်သာနေသေးသည်။

ထို့နောက် ယဲ့ချန်းသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ စုန့်ချန်ချန်ထံသို့ ကမ်းပေးလိုက်သည်။

"ဒါ သောက်လိုက်။ မင်း သက်သာသွားလိမ့်မယ်"

စုန့်ချန်ချန်က ဆေးလုံးကိုယူ၍ သောက်လိုက်ပြီးနောက် တကယ်ပင် သက်သာသွားသည်။

ထိုအခြင်းအရာကို မြင်သောအခါ အခြားသူများလည်း အလျင်စလို ပြောလာကြသည်။

"မစ္စတာယဲ့... ကျွန်တော်တို့ကို ကယ်ပါဦး"

ယဲ့ချန်းက လူတိုင်းကို ကြည့်လိုက်သော်လည်း လျစ်လျူရှုလေဟန်ဖြင့် ပြောလိုက်သည်။

"ဆောရီးပဲ... ဒီဆေးက အရမ်းဈေးကြီးတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်းက အမြန်ပြောလိုက်လေသည်။

"ဘယ်လောက်လဲ။ ကုန်ကျစရိတ်ကို ငါတို့ ဂရုမစိုက်ဘူး။ ဝယ်မယ်"

ယဲ့ချန်းက ခေါင်းညိတ်လိုက်လေသည်။

"တစ်လုံးကို ဆယ်သန်း။ မင်းတို့ အရေးပေါ်လူနာတင်ယာဉ်ကို စောင့်ချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ငါးပူတင်းအဆိပ်ကို ငါးမိနစ်အတွင်း မဖြေနိုင်ရင် မင်းတို့ အသက်မသေရင်တောင် ဦးနှောက်သေသွားနိုင်တယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ အခြားလူများမှာ မျက်နှာပျက်သွားလေသည်။

"ငါ ဝယ်မယ်။ ဒါပေမဲ့ ငါ့မှာ အဲဒီလောက်အထိ ပိုက်ဆံမရှိဘူး"

"ငါလည်း ဝယ်ချင်တယ်။ မင်းကို အကြွေးစာချုပ် ရေးပေးနိုင်တယ်"

ထို့ကြောင့် သူတို့အားလုံး ယဲ့ချန်းအတွက် အကြွေးစာချုပ်များကို အလောတကြီး ရေးပေးလိုက်ကြသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ လူခြောက်ယောက်ထံမှ အကြွေးစာချုပ်များကို ရယူလိုက်သဖြင့် သန်​းခြောက်ဆယ် ရလိုက်လေသည်။

သူသည် စနစ်စတိုးဆိုင်တွင် တစ်သန်းသာ သုံးခဲ့ရပြီး ချက်ချင်းဆိုသလို သန်းငါးဆယ်ပြန်ရလိုက်သဖြင့် တကယ်တွက်ခြေကိုက်သော အလုပ်တစ်ခုပင်။

နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများအရ ထိုနေ့က စားဖိုမှူးသည် ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ခွင့်ယူထားသဖြင့် အလုပ်သင်အသစ်က အရေးကြီးသော အဆင့်တစ်ဆင့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သောကြောင့် ဤဖြစ်ရပ် ဖြစ်ပွားခဲ့ရကြောင်း သိလိုက်ရသည်။

သူတို့ခမျာ အကြွေးစာချုပ်များကို ရေးပေးပြီးဖြစ်သဖြင့် ငြင်းဆန်၍မရသောကြောင့် နောက်တစ်နေ့တွင် ငွေများအားလုံး ယဲ့ချန်း၏ အကောင့်ထဲသို့ လွှဲပေးခဲ့ကြသည်။

ထိုအချိန်တွင် မိုတုမြို့ရှိ မီးရောင်မှိန်မှိန် အိမ်တစ်လုံးထဲဝယ်....

အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က စားပွဲထိပ်တွင် ထိုင်နေပြီး သူ့ပတ်ပတ်လည်တွင်မူ အခြားသူများက ဝန်းရံထားသည်။

ဤနေရာမှာ ဒုစရိုက်လောက၏ ဌာနချုပ်ပင်တည်း။ စားပွဲထိပ်ရှိ အမျိုးသားမှာ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်း၏ခေါင်းဆောင် ဟာဆန်ဖြစ်သည်။

"မိစ္ဆာဓားက တကယ်ကျရှုံးသွားတာလား"

ဟာဆန် မျက်မှောင်ကြုတ်လိုက်လေသည်။

"ဟုတ်ပါတယ်။ မိစ္ဆာဓားက ရဲတွေဆီမှာ အဖမ်းခံလိုက်ရပြီး လမ်းမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက်ပြီး သတ်သေသွားပါတယ်"

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က ပြောလိုက်သည်။

"မင်းတို့ထဲက ဘယ်သူက စုန့်ချန်ချန်နဲ့ မိစ္ဆာဓားကို အနိုင်ယူခဲ့တဲ့လူကို သွားသတ်မှာလဲ"

ဟာဆန်က အခြားသူများကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှ စကားမပြောကြပေ။

မိစ္ဆာဓားကလည်း အားနည်းသူမဟုတ်ပေ။ သို့သော် သူ့ကို ယဲ့ချန်းက တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်လေရာ ရန်သူက မည်မျှအစွမ်းထက်ကြောင်း သိသာလှသည်။

ထို့ကြောင့် မည်သူကမှ ဤအန္တရာယ်ကို မစွန့်စားရဲကြပေ။

အဆုံးတွင်မူ မည်သူမှ မသေချင်ကြပါချေ။

ထိုအချိန်တွင် ရွှေကိုင်းမျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"ဘော့စ်.. ဒီတာဝန်ကို ကျွန်တော်တို့ လက်လျှော့လိုက်သင့်တယ်ထင်တယ်။ စုန့်ချန်ချန်ဘေးက လူငယ်က အရမ်းစွမ်းတယ်။ မိစ္ဆာဓားကို တစ်ကွက်တည်းနဲ့ ရှင်းပစ်နိုင်တာကိုပဲ ကြည့်လေ။ ဒီတာဝန်အတွက် ဒီလောက်စွမ်းတဲ့ ရန်သူနဲ့ ထိပ်တိုက်တွေ့ဖို့ မလိုအပ်ပါဘူး"

ဟာဆန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ငါတို့ရဲ့ ရာနှုန်းပြည့်အောင်မြင်မှုမှတ်တမ်းကို ဒီကောင့်ကြောင့် အပျက်ခံရမယ်ပေါ့လေ"

ထို့နောက် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"ဥက္ကဋ္ဌဟာဆန်... ဒီကိစ္စကို ကျွန်မတာဝန်သာ ထားလိုက်ပါ"

မတ်တတ်ထရပ်လိုက်သူကို မြင်သောအခါ ဟာဆန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

ဤပုဂ္ဂိုလ်မှာ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတွင် အဆင့်သုံးနေရာ၌ ရှိပြီး အဆိပ်အရိပ်ဟု အမည်ရသော အဆိပ်ပညာရှင်တစ်ဦးဖြစ်၏။

အဆိပ်အရိပ်က အလွန်ချောမောလှပချေသည်။ သူ(မ)၏ဆွဲဆောင်မှုကြောင့် အမျိုးသားပေါင်းများစွာမှာ သူ(မ)၏ မြှူဆွယ်မှုအောက်တွင် တိတ်တဆိတ်အသက်ပျောက်ခဲ့ရသည်။

"အဆိပ်အရိပ်... ဒီတာဝန်ကို မင်းဆီ လွှဲပေးလိုက်မယ်။ ဒါပေမဲ့ သတိထားနော်"

အဆိပ်အရိပ်က ယုံကြည်မှုအပြည့်ပင်။

"စိတ်မပူပါနဲ့။ ကျွန်မရဲ့ဆွဲဆောင်မှုကို ဘယ်ယောက်ျားမှ မခုခံနိုင်သလို ကျွန်မရဲ့အဆိပ်ကနေလည်း ဘယ်ယောက်ျားမှ မလွတ်မြောက်နိုင်ပါဘူး"

နောက်တစ်နေ့ မနက်စောစောတွင် စုန့်ဝေ့က စုန့်ချန်ချန်ကို သူ့ရုံးခန်းသို့ ခေါ်လိုက်သည်။

"ချန်ချန်... ဒီည စုန့်မိသားစုရဲ့ ပင်မရှယ်ယာရှင်တချို့ကို အစ်ကို ဖိတ်ထားတယ်။ အစ်ကိုကြီးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု လုပ်မလို့လေ"

စုန့်ဝေ့၏ စကားကို ကြားပြီးနောက် စုန့်ချန်ချန် အလွန်ဝမ်းသာသွားသည်။

"ဒုတိယအစ်ကို... ကျွန်မတို့စုန့်မိသားစုမှာ အစ်ကိုရှိနေတာ ကံကောင်းတာပဲ"

စုန့်ဝေ့က ခပ်ဖွဖွ ပြုံးလေသည်။

"အစ်ကိုကြီးက သိပ်လွန်လာပြီလေ။ ဒီတစ်ကြိမ်တော့ သူ့ကို ပညာပေးရမယ်။ ဖေဖေ့ကို ကာကွယ်ဖို့အတွက်လည်း လူတွေ လွှတ်ထားပြီးပါပြီ။ စိတ်မပူနဲ့နော်"

"ဒုတိယအစ်ကို.. အစ်ကိုက သိပ်ကောင်းတာပဲ"

စုန့်ချန်ချန်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ညနေပိုင်းတွင် စုန့်ချန်ချန်တစ်ယောက် အစည်းအဝေးတက်ရန် ပြင်ဆင်နေသည်။

ယဲ့ချန်းက အစပိုင်းတွင် သူ(မ)နှင့်အတူ လိုက်သွားချင်သော်ငြား စုန့်ချန်ချန်က ခေါင်းယမ်းလိုက်၏။

"ယဲ့ချန်း... ဒါက ကျွန်မတို့ မိသားစုတွင်း အစည်းအဝေးလေ။ ရှင့်ကိုခေါ်သွားဖို့ သိပ်မသင့်တော်လို့ ကျွန်မတစ်ယောက်တည်းသွားတာ ပိုကောင်းလိမ့်မယ်။ စိတ်မပူပါနဲ့။ ဒါက မိုတုမြို့လေ။ ဒီမှာ ဒုတိယအစ်ကိုရှိတော့ အစ်ကိုကြီးလည်း ရမ်းကားရဲမှာ မဟုတ်ပါဘူး"

"ကောင်းပြီလေ"

ယဲ့ချန်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။

စုန့်ချန်ချန် အစည်းအဝေးသို့ ထွက်သွားပြီးနောက် ယဲ့ချန်းမှာ ပျင်းရိနေပေသည်။

ငါ ဘယ်သွားရမလဲ....

ယဲ့ချန်းလည်း လမ်းမထက်တွင် ပျင်းတိပျင်းလျော့ လျှောက်သွားနေလိုက်သည်။

ရုတ်ခြည်းပင် လမ်းသွယ်လေးတစ်ခုထဲမှ အမျိုးသမီးတစ်ယောက်၏ အကူအညီတောင်းသံ ထွက်ပေါ်လာသည်။

မီးရောင်မှိန်မှိန်အောက်တွင် အမျိုးသမီးတစ်ယောက်က လမ်းသွယ်ထဲမှ ပြေးထွက်လာသည်။

ယဲ့ချန်းကို မြင်လိုက်ရသောအခါ သူ(မ)သည် အသက်ကယ်ကြိုးတစ်ချောင်းကို တွေ့လိုက်ရသည့်အလား ကြည့်လာချေသည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး။ လူဆိုးတွေက ကျွန်မကို လိုက်ဒုက္ခပေးနေလို့ပါ"

ထိုအချိန်ဝယ် သူ(မ)၏အနောက်မှ လူသန်ကြီးငါးယောက် ယိုင်တိုင်တိုင်ဖြင့် ရောက်လာလေသည်။

"ဟေ့ ကောင်မလေး... မပြေးပါနဲ့။ ကိုယ်တို့တွေ မင်းကို သေချာပြုစုစောင့်ရှောက်ပေးပါရစေ"

••••••••••••••••••••••••

All Chapters