← Chapters

အခန်း ၁၂၃၈

Vol. 124 Ch. 1238

အခန်း ၁၂၃၈

Vol. 124 Ch. 1238

အခန်း (၁၂၃၈) အစစ်အမှန် ကယ်တင်ရှင်မှာ မသေမျိုးများသာ ၂

"ဟီးဟီး။"

လင်းစုက လူအုပ်ကြီး၏ရိုသေကိုင်းရှိုင်းမှုများကို ကြည့်နေရင်း ဒူးထောက်နေသော ပုံရိပ်များ၏ရှည်လျားသော တန်းစီမှုကို ကျေနပ်အားရနေ၏။ သူမ၏လက်ချောင်းငါးချောင်းကို ဆုပ်ကိုင်လိုက်သောအခါ မှေးမှိန်သော အဝါရောင်မြူခိုးများ စုဝေးလာပြီး သူမ၏လက်ဖဝါးထဲတွင် ကပ်ဘေးတစ်ရာရွှေရောင်လုံးအဖြစ်သို့ ပေါင်းစပ်သွားသည်။

များပြားလှသော ရိတ်သိမ်းမှုက ဤအစစ်အမှန် အရှင်မ၏နှလုံးသားထဲရှိ မကျေနပ်မှုများကို ဆေးကြောသွားပုံရပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ကြဉ်းလာခဲ့၏။

သို့သော် သူမ၏နောက်ကျောဘက်ရှိ လူငယ်လေးကို မျက်လုံးထောင့်မှမြင်လိုက်ရသောအခါ လင်းစုက မျက်လုံးလှန်မပစ်ဘဲမနေနိုင်ခဲ့ပေ၊ အရသာရှိသော ဟင်းပွဲတစ်ခုထဲသို့ ယင်ကောင်တစ်ကောင် ဝင်ရောက်သွားသကဲ့သို့ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေသည်။

လင်းရွှီဂူ၏တပည့်များက နောက်ဆုံးတွင် ဆန်ရေရိက္ခာများကို စတင် ဝေငှကြသည်။ အိတ်ငယ်လေးထဲမှ ဆန်တစ်ဆုပ်ကို ဆွဲယူလိုက်တိုင်း မရေမတွက်နိုင်သော ပုံရိပ်များက ရှေ့သို့ တိုးထွက်လာကြပြီး ထိုနေရာကို လုံးဝ ပြည့်ကျပ်သွားစေသည်။

အချို့က သူတို့၏ ခက်ခက်ခဲခဲ ရထားသော ဝိညာဉ်ဆန် တစ်ဆုပ် အလုခံရမည်ကို စိုးရိမ်သဖြင့် မြေကြီးပေါ်တွင် လှဲချကာ ဖုန်တောထဲတွင် မြေကြီးများနှင့်အတူ ရော၍မြိုချလိုက်ကြ၏။ သီးသွားသည့်တိုင်အောင် အခြားတစ်ယောက် ဝင်စားသွားမည်ကို စိုးရိမ်၍ပြန်မထွေးထုတ်ဘဲ သူတို့၏လည်ပင်းများကို အတင်းအကျပ် ဆုပ်ကိုင်ထားရာ မျက်နှာများ ပြာနှမ်းသွားသည်အထိပင်။

မသေမျိုးဆရာသခင်က လူအုပ်ကြီးကို တိုးထွက်လာပြီး ထိုသူ၏ အနောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ကျောကိုညင်သာစွာ ပုတ်ပေးလိုက်ပြီး မည်သည့်လှောင်ပြောင်သည့် အရိပ်အယောင်မျှမပြခဲ့ပေ။ သူ၏မျက်လုံးများက ကရုဏာတရားများဖြင့် ပြည့်နှက်နေပြီး သန့်စင်သော ကျောက်စိမ်းပုလင်းကို ကမ်းပေးကာ ထိုသူကို ကိုယ်တိုင်ကိုယ်ကျ ရေတိုက်ပေးခဲ့သည်။

ထိုသူက နောက်ဆုံးတွင် အသက်ရှူဝသွားပြီး သူ၏ရှေ့ရှိ မသေမျိုးဆရာသခင်ကို ကြည့်လိုက်သည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ၏မျက်လုံးများ ရုတ်တရက် နီရဲလာပြီး သူ၏ အသံက ရှိုက်သံများဖြင့် ဆို့နင့်သွားခဲ့၏။

သူက ဘာစကားမှ မပြောဘဲ သူ၏နဖူးမှ သွေးထွက်လာသည်အထိ အတင်းအကျပ် ဦးချကန်တော့နေတော့သည်။

"လုနေစရာ မလိုပါဘူး။ အစစ်အမှန် အရှင်မ လင်းစုက ကြီးမားတဲ့အခက်အခဲတွေကို ဖြတ်သန်းပြီး ခင်ဗျားတို့ အားလုံးအတွက်လုံလောက်တဲ့ ရေနဲ့ ဆန်တွေ စုဆောင်းထားပါပြီ။"

မသေမျိုးဆရာသခင်က နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်၏။

ရှင်သန်လိုခြင်းက သက်ရှိအားလုံး၏ မွေးရာပါ အသိစိတ်ဖြစ်သည်။ အစားအစာနှင့် ရေ ပြတ်လပ်နေသော အခြေအနေများအောက်တွင် တိုက်ခိုက်လုယက်ခြင်းမှာ သဘာဝပင်။

သို့သော် ဤပေါ့ပေါ့ပါးပါး စကားလေးဖြင့် မည်သည့် ဝင်ရောက်စွက်ဖက်မှုမျှ မပါဘဲ ပရမ်းပတာ ဖြစ်နေသော လူအုပ်ကြီးက လျင်မြန်စွာစနစ်ကျသောတန်းစီမှု တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တိတ်ဆိတ်သွားကြသည်။

"နင် သူတို့ကို သေချာ လေ့ကျင့်ပေးထားတာပဲ။"

လင်းစုက ထိုတပည့်ကို သဘောတူချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အကယ်၍ အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်သွားပါက နောက်ထပ် နှစ်နှစ် သုံးနှစ်ခန့် ကယ်ဆယ်ရေး အထောက်အပံ့များ ပေးပြီး လောကကို သတိပေးရန် သွေးကို အသုံးပြုသည့် ခမ်းနားသော ပြဇာတ်တစ်ပုဒ်နှင့်ဆိုလျှင် ပြည်သူများ၏ နှလုံးသားများကို နှစ်ထောင်ပေါင်းများစွာတိုင်အောင် သိမ်းပိုက်ထားနိုင်ပါလိမ့်မည်။

သေချာတာပေါ့၊ အဲဒါက ဘာမှ မမှားယွင်းသွားခဲ့ရင်ပါ။

လင်းစု၏မျက်လုံးများထဲတွင် မည်သူမျှ သတိမထားမိဘဲ ကျောချမ်းဖွယ် အလင်းရောင်တစ်ခု လင်းလက်သွားသည်။

သူမ၏တာအိုနယ်မြေကို ပိုမို ကောင်းမွန်စွာ လေ့လာနိုင်ရန် သူမက ကောင်းကင်မျှော်စင်တောင်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ အလင်းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ဧရာမ ခန္ဓာကိုယ်ကြီး တစ်ခုက တောင်ပေါ်သို့ ကျဆင်းလာပါသည်။ ၎င်းက လတ်ဆတ်သောသွေးများဖြင့် ဖုံးလွှမ်းနေပြီး အကြေးခွံများဆုတ်ဖြဲခံထားရကာ အကြောများ ဆွဲထုတ်ခံထားရပြီး ၎င်း၏ခေါင်းပေါ်ရှိ ဦးချိုကြီးနှစ်ချောင်းမှာလည်း အရင်းမှနေ၍ အဖြတ်ခံထားရသည်။

ထင်ရှားသည်မှာ ၎င်းက နဂါးဖြူတစ်ကောင်ဖြစ်ပြီး ယခုအခါ အရုပ်ဆိုး အကျည်းတန်စွာ ပုံပျက်နေကာ သေလုမျောပါးဖြစ်နေပြီး နောက်ဆုံးထွက်သက်လေးသာ ကျန်ရှိတော့သည်။

၎င်း၏ခေါင်းကို တစ်စုံတစ်ယောက်က နင်းထားသေး၏။

လူငယ် ကျင့်ကြံသူက လင်းစုကို ပြုံးပြလိုက်သည်။ "ဂျူနီယာညီမလေး လင်းစု၊ ငါ ဘာဖမ်းမိလာလဲ ကြည့်စမ်း။"

သူက လက်လှမ်းကာ တိုကင်တစ်ခုကို ဝှေ့ယမ်းပြလိုက်ပြီး ၎င်းပေါ်တွင် မသေမျိုးဌာန မိုးခေါ်တမန် ဟူသော စာလုံးငယ်များ ရေးထွင်းထားသည်။

"ဒီမိစ္ဆာက မင်းရဲ့တာအိုနယ်မြေဆီကို တိတ်တဆိတ် ရေနဲ့ မိုးတွေ ယူလာပေးရဲတယ်။ ကံကောင်းလို့ ငါ ဖြတ်သွားရင်း ဖမ်းမိလိုက်တာ။"

ဤသေမျိုး သာမန်ပြည်သူများအတွက် ရေနှင့် ဆန်က အရေးအကြီးဆုံး ဖြစ်ပြီး ရေက အဓိက ဖြစ်သည်။

အကယ်၍ မိုးခေါင်ရေရှားမှု မရှိပါက သူတို့က စိုက်ပျိုးရေးလုပ်နိုင်ပြီး အစားအစာ စုဆောင်းနိုင်ကာ မသေမျိုးများ၏ သန်စင်သောကျောက်စိမ်းပုလင်းများနှင့် ဆန်များအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပါလိမ့်မည်။

လင်းစု၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားသည်။

သူမက နဂါးဖြူကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ထိုကျင့်ကြံသူကို လက်ယှက်လိုက်၏။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို မော်ဖုန်း။"

"..."

နဂါးဖြူ၏ပါးစပ်ထဲတွင် သွေးများအပြည့်ဖြစ်နေပြီး ၎င်း၏လည်ချောင်းတွင် ဝိညာဉ်တံဆိပ်ဖြင့် ပိတ်ဆို့ထားသော ဧရာမ ဒဏ်ရာကြီး တစ်ခု ရှိနေသည်။ ၎င်းက သေလုမျောပါး ဖြစ်နေရုံသာမက စကားလည်း မပြောနိုင်တော့ပေ။

၎င်းက သူ၏ရှေ့ရှိ လူသုံးယောက်ကို သွေးစွန်းနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူတို့ကို တစ်ကောင်လုံး ဝါးမျိုပစ်ချင်သော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ခိုင်ယွမ် စီရင်စု၏မိုးခေါ်တမန် များထဲမှ တစ်ဦးအနေဖြင့် ၎င်းက ကနဦး ကျူးကျော်မှုမှ လွတ်မြောက်ခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ထွက်ခွာရန်ငြင်းဆန်ခဲ့သည်။

သူ၏ဒဏ်ရာများကို ကုသပြီးနောက် လူများ၏ဆိုးရွားလှသော ဆင်းရဲဒုက္ခကို မြင်တွေ့ခဲ့ရသည်။

ရွှံ့ရေ အိုးသေးသေးလေး တစ်အိုးအတွက် သေသည်အထိ တိုက်ခိုက်နေကြသော လူများကို မျက်မြင်တွေ့ခဲ့ရပြီးနောက် သူမထိန်းနိုင်တော့ဘဲ မိုးဖွဲဖွဲလေး ရွာသွန်းစေခဲ့သည်။

ယခု ဖမ်းဆီးခံလိုက်ရပြီဖြစ်ရာ သူ၏ကံဆိုးမှုကိုသာ အပြစ်တင်နိုင်တော့ပြီး သေဆုံးခြင်းမှလွဲ၍ ဘာမျှ မရှိတော့ပေ။

"ငါတို့ ချီယွင်ဂူက မင်းတို့ လင်းရွှီဂူ နဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တာပါ၊ ယဉ်ကျေးနေစရာ မလိုပါဘူး။" မော်ဖုန်းက လက်ယမ်းပြလိုက်ပြီးနောက် အောက်ဘက်ရှိ ထိတ်လန့်နေသော သာမန်ပြည်သူများကို ကြည့်လိုက်၏။

သူက တည်ငြိမ်သော်လည်း ဩဇာပါသော အသံဖြင့် ပြောလိုက်သည်။ "ဒီသတ္တဝါက ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်၊ ကောင်းကင်ဘုံရဲ့ အလိုတော်ကိုဖျက်ဆီးပြီး ခိုင်ယွမ် စီရင်စုနဲ့ သက်ဆိုင်တဲ့ မိုးရေကို ခိုးယူသွားတာကြောင့် ဒီမိုးခေါင်ရေရှားမှုကို ဖြစ်စေခဲ့တာပဲ။ အခု အစစ်အမှန် အရှင်မ လင်းစု က သူ့ကို ဖမ်းမိပြီမလို့ အပြစ်ပေးရမယ်"

ဤစကားများနှင့်အတူ။

သေဆုံးရန် အသင့်ဖြစ်နေသော နဂါးဖြူက ရုတ်တရက် အနည်းငယ်တုန်လှုပ်သွားသည်။ ၎င်း၏ အကြောများ ဆွဲထုတ်ခံထားရသဖြင့် လောက်ကောင်တစ်ကောင်အလား လူးလွန့်နေရပြီး ဟိန်းဟောက်ရန်အတွက် သွားမရှိသော ပါးစပ်ကို ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ပေ။

သို့သော် ဤရူးသွပ်နေသော အသွင်အပြင်က ၎င်းကို ပို၍ပင်ရွံရှာဖွယ်ကောင်းအောင်သာ ပြုလုပ်ပေးလိုက်၏။

"..."

သာမန်ပြည်သူများက နဂါးဖြူကို မြင်သောအခါ ကြောက်ရွံ့မှု မခံစားရတော့ပေ။ သူတို့အားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏မျက်လုံးများက သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်လာကာ နတ်ဆိုးနဂါးကို တည့်တည့် စိုက်ကြည့်နေကြ၏။

နောက်တစ်ခဏတွင် သူတို့၏ဝမ်းနည်းမှုနှင့် ဒေါသ အော်ဟစ်သံများက လူသတ်လိုသော တောင်းဆိုမှု တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ "မသေမျိုးဆရာသခင်၊ ကျေးဇူးပြုပြီး ဒီအမှိုက်ကောင်ကို ကွပ်မျက်ပေးပါ"

"ရွှီး.."

မရေမတွက်နိုင်သော အကြည့်များအောက်တွင် နဂါးဖြူက နက်ရှိုင်းသော စွမ်းအားမဲ့မှု ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

၎င်းက လူးလွန့်ရုန်းကန်နေခြင်းကို တဖြည်းဖြည်း ရပ်တန့်လိုက်ပြီး ၎င်း၏ရှေ့ရှိ လူသုံးယောက်ကို အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြန်လည် စိုက်ကြည့်နေသည်။

ရှန်းယီက ၎င်း၏အကြည့်ကို တိတ်ဆိတ်စွာ ပြန်လည်ရင်ဆိုင်လိုက်၏။

သူ့တွင် ခရမ်းရောင်မုတ်ဆိတ်များ မရှိသော်လည်း ၎င်းက သူ့ကိုတောင်ပိုင်းတိုက်ကြီးရှိ မိုးခေါ်တမန် ကျစ်ယန် ကို ပြန်လည်သတိရသွားစေ၏။

ရှန်းယီက တစ်ခါတစ်ရံတွင် သိပ်နားမလည်နိုင်ခဲ့ပေ။

ဘာလို့များ ဒီလောက် အဓိပ္ပာယ်မဲ့တဲ့ အရာတစ်ခုအတွက် မင်းရဲ့အသက်ကို ဆုံးရှုံးခံရတာလဲ။

ဥပမာအားဖြင့် မိုးတိတ်သွားပြီးနောက် ခိုင်ယွမ် စီရင်စုက အတူတူပင် ဆက်ရှိနေမည်ဖြစ်ပြီး ဘာတစ်ခုမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

All Chapters